Wednesday, January 4, 2012

လွတ်ငြိမ်းခွင့်အမိန့်အရ ၈၈ မျိုးဆက်များ ပြန်လွတ်လာဖွယ်မရှိ

January 3, 2012
ရွှေအောင်

ဇန်န၀ါရီ ၂ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရဆိုရင် ၈၈ မျိုးဆက်ကျောင်းသားတွေ တဦးတယောက်မှ ပြန်လွတ်လာဖို့မရှိဘူးလို့ ၈၈ မျိုးဆက်တဦးဖြစ်တဲ့ စမ်းချောင်းကိုကိုကြီးက ပြောပါတယ်။

စမ်းချောင်းကိုကိုကြီးက သူတို့အလိမ်ခံနေရပြီလို့ ခံစားမိတဲ့အကြောင်း အခုလို ပြောပါတယ်။

“၈၈ မျိုးဆက်အနေနဲ့ ပြောချင်တာကတော့ စိတ်ပျက်တယ်ဆိုတဲ့ စကားထက် ပိုမယ်ဗျာ။ ဒီခရီးမှာ ဒီပုံစံမျိုးနဲ့ဆိုရင် ကျနော်တို့ နိုင်ငံ ရှေ့ဆက် ဘယ်လိုမှ သွားလို့ရတဲ့ အနေအထားမျိုးတောင် မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ကျနော်တို့ အညာခံရသလား၊ ဒါမှမဟုတ် ကျနော်တို့ ပြည်သူတွေ အညာခံရသလား၊


ကမ္ဘာကြီးတခုလုံးပဲ အညာခံရသလား မသိတော့ဘူး။ ဟီလာရီကလင်တန်လည်း အညာခံရတယ်လို့ ကျနော် တို့ထင်တယ်။ အဲ လောက် ကို ကျနော်တို့ စိတ်ထဲ မှာ ခံစားမိတယ်။ ၈၈ မိသားစုဝင်တွေကလည်း တော် တော်စိတ်မကောင်း ဖြစ်နေကြတယ်။ အများကြီး မျှော်လင့်ထားကြတယ်။ နိုင်ငံကို တကယ်ကောင်း အောင် လုပ်မယ်ဆိုရင် တကယ်လွှတ်လိမ့် မယ်လို့ မျှော် လင့် ထားကြ တယ်။ အခု အနေအထား ကတော့ ၉၂ တုန်းက တကြိမ်ကြုံခဲ့ဖူးတယ်။ ၈၈/၉၂ ကို ကြေညာချက်ထုတ်ပြီးတော့ လူတွေကို လျှော့ပေးတယ်။ ၁၀ အထက် ၁၀ နှစ်ဆိုပြီး၊ တယောက်မှ ထောင်ထဲကနေ ထောင်ပြင်ထွက်မလာဘူး။ အခုလည်း ယုံကြည်ချက် ကြောင့် ကျတဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ ထက်မပိုဘူးလို့ ကျနော်ထင်တယ်။ ၈၈ ကတော့ တယောက်မှာ မပါဘူး။”

အကျဉ်းထောင်တွေထဲမှာ ၈၈မျိုးဆက် စုစုပေါင်း ၂၇ ဦး ကျန်နေသေးတယ်လို့ ဆိုပါတယ်။

မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသူ မသက်သက်အောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်စုစုကြည် ကလည်း ဒါလွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူးလို့ ပြောပါတယ်။

“သူတို့တွေ ပြောတာက၊ ကမ္ဘာကြီးကိုရော၊ ကလင်တန်တို့ အကုန်လုံးကို ပြောတာက လွှတ်ပေးမှာပါ။ နိုင်ငံရေးအကျဉ်း သားဖြစ် ဖြစ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများပဲ ဖြစ်ဖြစ်၊ အကုန်လုံးနီးပါးကို လွှတ်ပေးမှာပါလို့ ပြောထားပြီးတော့ အခုကျ တော့ မပါဘူးဆိုတော့ သူတို့ပြောတဲ့ဟာက လွတ်ငြိမ်း ချမ်းသာခွင့်မှ မဟုတ်တာ။ နှစ်လျှော့တာပဲ ရှိတယ်။ ကျမအနေနဲ့ လွတ် ငြိမ်းချမ်းသာခွင့်ဆိုတာကို လက်မခံနိုင်ဘူး။ တကယ့် ဒီမိုက ရေစီလမ်းကြောင်း အတိုင်းသွားမယ်ဆိုရင် မဟုတ်က ဟုတ်ကတွေ မလုပ်ပါနဲ့၊ အမှန်အတိုင်း လုပ်ပါလို့ ကျမ ပြောချင်တယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့