Wednesday, January 4, 2012

ဖျာပုံ အမျိုး​သား​ဒီမိုက​ရေစီ​ ဈေး​ဆိုင် ရောင်း​ချမှု အာဏာပိုင်များ​ ဟန့်​တား

January 3, 2012
ကို​ထွေး

ဧရာဝတီတိုင်း​ ဖျာပုံမြို့​နယ်နဲ့​ ခရိုင်အာဏာပိုင်​တွေက လွတ်လပ်​ရေး​နေ့​ ပွဲ​တော်မှာ ​ရောင်း​ချတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရန်ပုံ​ငွေ​ဈေး​ဆိုင်ကို ဆက်မ​ရောင်း​ဖို့​ တား​မြစ်ခဲ့​ပါတယ်။

ဖျာပုံမြို့​ နယ်နဲ့​ ခရိုင် အုပ်ချုပ်​ရေး​အာဏာပိုင်များ​က ဧရာဝတီတိုင်း​ ဝန်ကြီး​ချုပ်အမိန့်​နဲ့​ လွတ်လပ်​ရေး​နေ့​ ​ဈေး​ရောင်း​ပွဲ​တော်မှာ ​ရောင်း​ချ​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ဆိုင်ခန်း​တွေကို မ​ရောင်း​ချဖို့​ စာထုတ်ပြန် တား​မြစ်ခဲ့​ပါတယ်။


ဈေး​ဆိုင်ခန်း​တွေကို တာဝန်ယူ​ရောင်း​ချ​နေတဲ့​ အန်အယ်လ်ဒီအဖွဲ့​ဝင် ကိုသိန်း​ဆွေက “၂ ရက်​နေ့​ မနက်ကတည်း​က စ​ရောင်း​တယ်။ မြို့​နေလူထုက အုတ်အုတ်ကျက်ကျက်ကို လာပြီး​တော့​ အား​ပေး​တယ်။ ​နောက်တခါ ​ကျေး​ရွာအသီး​သီး​မှာ ​ရောက်​နေတဲ့​ အဆက်သွယ်ပြတ်​နေတဲ့​ လူ​တွေကလည်း​ ဒီမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ဈေး​ရောင်း​ပွဲလုပ်​နေတဲ့​အခါမှာ ပြန်ပြီး​တော့​ ဆက် သွယ် ကြတယ်။ ဆက်သွယ်​ရေး​လမ်း​ကြောင်း​ပြန်ဖွင့်​ကြတယ်။ အဲသလိုမျိုး​ အား​ပေး​ထောက်ခံမှု​တွေကို အင်နဲ့​အား​နဲ့​ အုန်း​အုန်း​ကျွက်ကျွက် လုပ်​နေတာကို ​တွေ့​တဲ့​အခါကျ​တော့​ တ​နေကုန် ဘာမှမ​ပြောဘဲ ည ၈ နာရီ ၁၅ ​လောက်ကျမှ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​က​နေ ဖုန်း​ဆက်ပြီး​ တိုင်း​ဝန်ကြီး​ချုပ်က စာ​ရောက်​နေပါတယ်​ပေါ့​။ ဒါ​ကြောင့်​ ၉ နာရီ​လောက်မှာ လာယူဖို့​ အ​ကြောင်း​ကြား​တယ်” လို့​ ​ပြောပါတယ်။

တား​မြစ်မှုနဲ့ ​ပတ်သက်လို့​ ကိုသိန်း​ဆွေက “ဘာ​ကြောင့်​ တား​တယ်လို့​ ထင်သလဲဆို​တော့​ ကျ​နော်တို့​မြို့​နယ်က ​တော်​တော်ကြီး​ကို ဆက်သွယ်​ရေး​ လမ်း​ကြောင်း​တွေက ပြတ်​တောက်ထား​တယ်။ အခုချိန်မှာ ပြန်ပြီး​ ဆင်း​ပြီး​အား​ယူတဲ့​အချိန်၊​ ​ရွေး​ကောက်ပွဲမှာ ဖျာပုံနဲ့​ ​ဒေး​ဒရဲမှာ အမျိုး​သား​လွှတ်​တော် တ​နေရာလည်း​ လွတ်တယ်​လေ။ အဲဒီ​နေရာမှာ လှုပ်ရှား​မှုကို အရှိန်မ​ကောင်း​အောင် ဟန့်​တား​တယ်လို့​ ကျ​နော်​တော့​ ဒီလိုပဲ သုံး​သပ်မိတယ်” လို့​ ​ပြောပါတယ်။

ဖျာပုံလွတ်လပ်​ရေး​နေ့​ အထိမ်း​အမှတ် ​ဈေး​ရောင်း​ပွဲကို ဇန်နဝါရီလ ၂ ရက်​နေ့​မှ ၅ ရက်​နေ့​အထိ ကျင်း​ပ​နေတာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီက ဆိုင်ခန်း​နေရာတခုကို ​ငွေ ၂ ​သောင်း​ခွဲနဲ့​ ဆိုင်ခန်း​ ၄ခန်း​စာ ရယူကာ ဗိုလ်ချုပ်​အောင်ဆန်း​ပုံ၊​ အန်အယ်လ်ဒီ အထိမ်း​အမှတ် အလံ၊​ ​ဒေါ်​အောင်ဆန်း​စုကြည်ပုံပါတဲ့​ တီရှပ်၊​ ပြက္ခဒိန်များ​နှင့်​ မုန့်​ဟင်း​ခါး​တို့​ကို ​ရောင်း​ချခဲ့​ပါတယ်။

ဒီ​ရောင်း​ ချမှုကို မ​နေ့​ည​နေမှာ ‘တိုင်း​ဝန်ကြီး​ချုပ်က ခွင့်​မပြုရန်ဆိုတဲ့​ မှတ်ချက်ပါစာကို ကိုသိန်း​ဆွေတို့​ကို​ပေး​ပြီး​ ဆိုင်ပိတ်ခိုင်း​ခဲ့​ပေမယ့်​ ဒီက​နေ့​ထိ ဆက်လက်​ရောင်း​ချ​နေပါတယ်။ သက်ဆိုင်ရာကလည်း​ ဆက်မတား​တော့​ဘဲ မ​နေ့​က တား​မြစ်တဲ့​စာကိုသာ လာပြန်​တောင်း​နေတယ်လို့​ ဆိုပါတယ်။

ဒေသခံ​တွေက အန်အယ်လ်ဒီ ​ရောင်း​ချတဲ့​ဆိုင်ကို အား​ပေး​ခဲ့​တဲ့​အတွက် တရက်ကို အနည်း​ဆုံး​ ၁၀ သိန်း​ကျော်​လောက် ​ရောင်း​ချရတယ်လို့​ ဆိုပါတယ်။

လွတ်လပ်​ရေး​ ပွဲ မစမီ ဆိုင်ခန်း​ဖွင့်​ဖို့​ ပြင်ဆင်​နေတုန်း​ကလည်း​ မြို့​နယ်နဲ့​ ခရိုင်အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေက ကိုသိန်း​ဆွေကို ကြိုတင်ပြီး​ မ​ရောင်း​ဖို့​ တား​မြစ်ခဲ့​ပါ​သေး​တယ်။ အဲဒီတုန်း​က တရား​ဝင်စာထုတ်​ပေး​ဖို့​ ​တောင်း​ဆိုခဲ့​ပေမယ့်​ စာထုတ်​ပေး​ဖို့​ ငြင်း​ဆိုတယ်လို့​ ကိုသိန်း​ဆွေက ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့