Friday, January 18, 2008

မြန်မာနိုင်ငံကိုပို့မည့်တရုတ်လုပ်စစ်ကားများ နယ်စပ်သို့ထပ်မံရောက်ရှိ

မြန်မာနိုင်ငံကိုပို့မည့် တရုတ်လုပ်စစ်ကားများ နယ်စပ်သို့ထပ်မံရောက်ရှိ

၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်

မြန်မာနိုင်ငံကိုလွှဲပြောင်းပေးမည့် တရုတ်နိုင်ငံလုပ် ဖော (FAW) တံဆိပ်ပါခြောက်ဘီးတပ် စစ်သုံးအငယ်စား ကုန်တင်ထရပ်ကားများ တရုတ် - မြန်မာနယ်စပ်ရွှေလီနှင့် ကျယ်ဂေါင်တွင်ထပ်မံရောက်ရှိလာသည်။

ယမန်နေ့ ညနေပိုင်းမှစတင်၍ နယ်စပ်ရွှေလီမြို့ကို ခြောက်ဘီးတပ် စစ်သုံးအငယ်စား ကုန်တင်ယာဉ်များ ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့တွင် ရွှေလီမြို့တ၀ိုက်ရှိ ကားရေဆေးခုံများတွင် သန့်ရှင်းရေးများပြုလုပ်နေကြ သည်ဟုသိရသည်။ စုစုပေါင်း ကားအစီးရေ (၁၀၀) ရောက်ရှိနေသည်ဟု သိရသည်။
FAW Trucks in Ruili (Shwe Li)

ပြီးခဲ့သည့် ဒီဇင်ဘာလစောပိုင်းကလည်း အလားတူ ဖော (FAW) တံဆိပ်ပါ ခြောက်ဘီးတပ် စစ်သုံးအငယ် စား ကုန်တင်ထရပ်ကားအစီးရေ စုစုပေါင်း (၄၅၀) ကို မြန်မာစစ်တပ်အာဏာပိုင်းများထံ နယ်စပ် ကျယ်ဂေါင် - မူဆယ်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

LIFAN Trucks

၂၀၀၁ ခုနှစ်ကတည်းက FAFW,DONG, FENG,LJC, LIFAN တံဆိပ်ပါစစ်သုံးကားများနှင့် စစ်ဖက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများကို မြန်မာစစ်တပ်အာဏာပိုင်များထံ နယ်စပ်မှတဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့သည်။ တရုတ်အစိုးရမှ မြန်မာစစ်အစိုးရထံသို့လက်ဆောင်ပေးခြင်း၊ အကြွေးစနစ်ဖြင့်ရောင်းချခြင်း၊ ကျွန်းသစ်၊ ကျောက် စိမ်း၊ လယ်ယာထွက်ပစ္စည်းများဖြင့် လဲလှယ်ခဲ့ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်တပ်အနေဖြင့် တရုတ် နိုင်ငံလုပ် စစ်သုံးပစ္စည်းများကိုသာ အဓိကအားထားနေရသည်ဟု စစ်ဖက်လေ့လာသူများက သုံးသပ်သည်။



0 comments:

အပေါ်သို့