Wednesday, January 16, 2008

ဗိုလ်ချုပ်ကျော်ဇော



ဗိုလ်ချုပ်ကျော်ဇော

သုံးကျိပ်တဲ့ရဲဘော်
တော်လှန်တဲ့သမိုင်း။
စစ်ပညာ
ဂျပန်မှာ သူသင်လို့
ထိုင်းရောက်လျှင် စစ်တပ်ဖွဲ့
နယ်ချဲ့ကိုဝိုင်း။


ဗိုလ်ချုပ်ဆို ကျော်ဇောတဲ့
ကျော်စောတဲ့ ဗိုလ်ချုပ်ပါ။
အောင်ကျော်နဲ့ သူလဲပါ
အောင်ဆန်းမှာ သူလိုက်။
ကျောင်းသားနဲ့ သခင်
လှုပ်ရှားလျှင် သူပါခဲ့
စစ်ချီရာသူလိုက်
အောင်ဆန်းနဲ့အတူ တိုက်။

နယ်ချဲ့ ဖက်ဆစ်ပါ
တော်လှန်ရာရှေ့တန်း။
တရုတ်ဖြူမောင်းထုတ်ပွဲ
ရဲတဲ့မော်ကွန်း။

တိုင်းပြည်ရန် ဟူသမျှ
သူတိုက်ရ ရှေ့တန်းမှာ
စစ်ပွဲတွေပြီးတဲ့အခါ
ယမ်းငွေ့မှာ သူမအောင်း။

စစ်အာဏာ သူမမက်
စစ်မင်းဆက် သူမထောင်ဘု
ငြိမ်းချမ်းအောင် ချိုးဖြူလွှင့်ပါလို
မှိုင်းသခင့် ထံတော်ပါးမှာ
စစ်မုန်းသူ ပြည့်စစ်သားရယ်လို့
အားထုတ်ခဲ့ကြောင်း။

ဗမာပြည် စစ်ကျွန်သဘောက်
လွတ်မြောက်စေ စော။
လွတ်မြောက်တဲ့ ဗမာပြေ
ငြိမ်းချမ်းစေသော။

မောင်စွမ်းရည်
၂၀၀၇ မတ် ၂၇၊ တော်လှန်ရေးနေ့
(နောင်တခေတ် ကျောင်းဖတ်မှာသုံးဖို့)


0 comments:

အပေါ်သို့