Monday, March 10, 2008

ဆန္ဒခံယူပွဲဥပဒေနှိုင်းယှဉ်ချက်

နအဖ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ၌ ထည့်သွင်းရေးဆွဲမထားသည့် ပုဒ်မများ

ဆန္ဒခံယူပွဲဥပဒေ နှိုင်းယှဉ်ချက်























































စဉ် နအဖ (မြန်မာနိုင်ငံ) ၂၀၀၈ ဥပဒေ နိုင်ငံတကာဥပဒေ
၁။ နအဖ ကတော့ အခုထိ မဖြန့်သေပါဘူး။
နအဖ အနေနဲ့ အခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးခွင့် ရှိသူများအကြား အမြန်ဆုံးဖတ်ရှုလေ့လာခွင့်ရ ဖို့ လုံလုံလောက်လောက်ဖြန့်ချိပေးဖို့လိုပါ တယ်။
ကွန်ဂိုနိုင်ငံမှာ မဲပေးသူ ၂၅ သန်းအတွက် လူ ၅၀ ကို တအုပ်စီနဲ့ အခြေခံဥပဒေမူကြမ်း စာအုပ် ၅သိန်း ဖြန့် ဝေပါတယ်။
၂။ ဒီ ဥပဒေမူကြမ်းကို ပြည်သူတွေအကြား သိရှိနားလည်သဘောပေါက်စေဖို့ နိုင်ငံရေး ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတိုင်း ရှင်းလင်းပြောကြား စည်းရုံးလှုပ်ရှားခွင့်။
နအဖ ကတော့ ဒီအချက်ကို ခွင့်မပြုတဲ့အပြင် အခန်း (၁၀) တားမြစ်ချက်နှင့် ပြစ်ဒဏ်ဆိုပြီး ပုဒ်မ (၂၄ ၊ ခ) (အနည်းဆုံး ထောင် ဒဏ် ၃ နှစ်) နဲ့ တား မြစ်ထားပါတယ်။
နိုင်ငံတကာမှာတော့ မဲပေးမယ့်ရက် မတိုင်မီ ၂၄ နာရီ ထိ အများပြည်သူသိစေဖို့ ရှင်းလင်းပြောဆိုခြင်း (Public Propaganda) ကိုခွင့်ပြုထားပါတယ်။
၃။ နအဖ ကတော့ ဒီ အချက်ကို ထည့်မထားပါဘူး။ နောက်ပြီး နိုင်ငံတကာမှာ Way and Voting on a Referendum အခန်းမှာ ပုဒ်မတခုအနေနဲ့The citizen cannot be called for on responsibility for voting on a referendum. (ဆန္ဒခံယူပွဲတွင် မဲပေးရန် တာဝန်ရှိသည်ဟု နိုင်ငံသားများအား တောင်းဆိုခြင်း မပြုနိုင်။) ဆိုတာထည့်သွင်းထားပါတယ်။ မဲ မပေးရင် လည်း နေနိုင်တဲ့သဘောပါ။
၎။နအဖ ဥပဒေမှာ ဒီလိုလုပ်ထားဖို့ ပြဌာန်းမထား ဘူး။ မဲပြားတွေပေါ်မှာ မဲပေးပုံပေးနည်း ညွှန်ကြားချက်တွေ ကို ဖော်ပြထားဖို့ ပြဌာန်းထားပါတယ်။
၅။နအဖ ဥပဒေမှာ ဘာမှ ထည့်သွင်းရေးဆွဲ မထား ပါဘူး။ စာမတတ်သူများနဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူများ အနေနဲ့ မဲပေးနိုင်ဖို့ အကူတယောက်ခေါ်လာခွင့်ရှိ တယ်ဆိုတာနဲ့ ဒီလူတွေကို မဲရုံကြီးကြပ်ရေးအဖွဲ့က ကူညီရမယ်ဆိုတာတို့ကိုလည်း ပြဌာန်းပေးထားပါ တယ်။
၆။ နအဖ က ဒါကို လုံးဝ ရှောင်ထားပါတယ်။ ဘာ ဥပဒေ၊ ပြဌာန်းချက်မှ ထည့်မထားပါဘူး။ နအဖ procedure ကတော့ ဒီလို အချိန်သတ်မှတ် ချက်တွေ ဘာမှထည့်မထားပါဘူး။ ကျေးရွာက မြို့နယ်၊ မြို့နယ်က ခရိုင်၊ ခရိုင် က တိုင်း၊ တိုင်းကနေ ဗဟို စတဲ့ အဆင့်ဆင့် လိပ်တို့ထုံး နှလုံးမူထားပုံ ပေါ်ပါတယ်။ တချို့မဲရုံတွေမှာ ရွှေ့ဆိုင်းရက်ကျမှ မဲတွေကို တပေါင်းတည်း ရေတွက်ရမယ်ဆိုတော့ မဲပုံးလဲပစ်ဖို့ အခြေ အနေဖန်တီးဖို့ ကြံရွယ်ထားသလားပဲ။
ဆန္ဒခံယူပွဲရလဒ် ဆုံးဖြတ်ခြင်းအခန်းဆိုတာ ထည့်သွင်း ပြီး တပြည်လုံး ဆန္ဒမဲရလဒ်တွေ ကြေညာပေးမယ့် Time Frameကို အတိအကျ ပြဌာန်းထားပါတယ်။
မကြာသေးမီကမှ လွတ်လပ်ရေးရလာတဲ့ မက်ဆီဒိုးနီး ယားလိုနိုင်ငံမှာတောင်မှ မဲပေးပြီး ၅ နာရီအတွင်းမှာ မဲရုံကြီးကြပ်ရေးအဖွဲ့က ဆန္ဒခံယူပွဲနဲ့ ပတ်သက်တဲ့ မဲရလဒ် အသေးစိပ်မှတ်တမ်းကို သက်ဆိုင်ရာအဆင့် ဆင့် ရွေးကောက်ပွဲကော်မရှင်ထံကို အရောက်ပို့ဖို့၊ အောက်ခြေကော်မရှင်အဆင့်ဆင့်ကလည်း နိုင်ငံတော် ဗဟိုရွေးကောက်ပွဲကော်မရှင်ထံကို ၂၄နာရီအတွင်း အရောက်ပေးပို့ဖို့နဲ့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်လည်း တပြည်လုံး ဆန္ဒမဲရလဒ်ကို လက်ခံရရှိချိန် (၂၄နာရီ အတွင်း လက်ခံရရှိ) ကနေ ၄၈ နာရီအတွင်းမှာ ကြေညာ ပေးဖို့ ဥပဒေမှာ တိတိကျကျ အခိုင်အမာ ပြဌာန်းထား ပါတယ် ။
၇။ နအဖ က တော့ မကာကွယ်တဲ့အပြင် ထောင် ဒဏ် ၃ နှစ်ဆိုတာနဲ့ ခြိမ်းခြောက် ထားပါသေး တယ်။ မဲပေးခွင့်အား ကာကွယ်စောင့်ရှောက်ခြင်း ဆိုတဲ့ အခန်း ကို ထည့်သွင်းပြဌာန်းထာပါတယ်။ အဲဒီမှာ မဲရုံကြီးကြပ် သူတွေရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ တွေ့လို့ရှိရင် မဲပေးသူ တွေအနေနဲ့ ၇၂ နာရီအတောအတွင်းမှာ မိမိတို့ရဲ့ မကျေနပ်ချက်တွေကို ရွေးကောက်ပွဲကော်မရှင်ထံကို စောဒကတက် တင်ပြနိုင်ခွင့်ရှိတယ်။ ကော်မရှင်က လည်း တိုင်းတန်းချက်ရပြီး ၂၄ နာရီအတွင်း အဆုံး အဖြတ်ပေးရတယ်။ ဒါကိုမကျေနပ်သေးဘူးဆိုရင် ဒေသ ကော်မရှင်တရားရုံးမှာ အသနားခံစာ ထပ်တင်နိုင်ပြီး အဲဒီတရားရုံးက ၄၈ နာရီအတွင်း အဆုံးအဖြတ်ပေးရ မယ်။ ဆိုတဲ့ ပုဒ်မကို ထည့်သွင်းပြဌာန်းပြီး မဲရုံမှူးတွေ မညစ်နိုင်အောင် ဥပဒေနဲ့ အခိုင်အမာ အတိအကျ ပြဌာန်းကာကွယ်ပေးထားပါသေးတယ်။
၈။ ဒါမျိုး လုပ်တယ်ဆိုတာ မဆလ ခေတ်တုန်းက လည်း မတွေ့ရဘူး။ အခု နအဖ ကလည်း ဒါမျိုး လုပ်ပေးတယ်လို့ မကြားရပါဘူး။
တကယ်တော့ လူမျိုးပေါင်းစုံနေထိုင်တဲ့ ကျနော်တို့လို နိုင်ငံမှာ ပိုလို့တောင် ဂရုတစိုက် လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။
အခြေခံဥပဒေမူကြမ်းစာအုပ်ကို သက်ဆိုင်ရာနိုင်ငံရဲ့ ရုံး သုံးဘာသာစကားအပြင်၊ အခြားလူမျိုးကွဲရှိရင်လည်း အခြား ဘာသာစကားတွေနဲ့လည်း ရိုက်နှိပ်ဖြန့်ချိပါ တယ်။ ဥပမာ ကွန်ဂိုမှာ ရုံးသုံးဖြစ်တဲ့ ပြင်သစ် ဘာသာ စကားအပြင် အခြား အာဖရိက တိုင်းရင်းသား ဘာသာ စကား ၄ မျိုးနဲ့လည်း ပုံနှိပ်ဖြန့်ချိပါတယ်။
၉။ နအဖ ဆန္ဒခံယူပွဲမှာ အဓိကနဲ့အရေးကြီးဆုံး က အခြေခံဥပဒေမူကြမ်းကို ဘယ်လိုအတည်ပြုမှာ လဲဆိုတဲ့အချက် ထည့်သွင်းမထားတာပါ ပဲ။
ဆိုလိုတာက ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ထက်ဝက် ကျော်နဲ့ အတည်ပြုမှာလား၊ ဒါမှမဟုတ် မဲ လာ ပေးသူရဲ့ထက်ဝက်ကျော်နဲ့ အတည်ပြုမှာလား ဆိုတာကို တိတိကျကျ ရှင်းရှင်းလင်းလင်း ထည့် သွင်းရေးဆွဲမထားပါဘူး။
နိုင်ငံတကာမှာဆို တချို့က မဲပေးခွင့်ရှိသူရဲ့ ၆၀% ၊ တချို့ က ၅၀% နဲ့ အတည်ပြုမယ်ဆိုတာ တိတိကျကျ ထည့်သွင်း ရေးဆွဲထားပါတယ်။

0 comments:

အပေါ်သို့