Thursday, March 13, 2008

ဒေါ်အောင်ဆန်းစုကြည်၏၀တ်စားဆင်ယဉ်မှု၊အရောင်သင်္ကေတ ဖြင့် ညွှန်းဆိုမှုလေလား

ဒေါ်အောင်ဆန်းစုကြည်၏၀တ်စားဆင်ယဉ်မှု
အရောင်သင်္ကေတဖြင့် ညွှန်းဆိုမှုလေလား


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ၃ ခေါက်လာရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်

၁။၂၀၀၆ နိုဝင်ဘာ ၁၁ရက်နေ့ တွင် ၁ကြိမ်၊

၂။ ၂၀၀၇ စက်တင်ဘာ ၃၀ရက်နေ့တွင် ၁ကြိမ်၊

၃။ ၂၀၀၇ အောက်တိုဘာ ၂ ရက်နေ့တွင် ၁ကြိမ်၊

၎။ ၂၀၀၈ခုနှစ် မတ်လ ၈ရက်နေ့တွင် ၁ကြိမ်၊

၅။ ၂၀၀၈ မတ်လ ၁၀ ရက်နေ့တွင်၁ကြိမ်၊

စုစုပေါင်း ၅ကြိမ် တွေ့ဆုံဆွေး နွေးခဲ့ပါသည်။


ထိုတွေ့ဆုံဆွေးနွေးမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်သည်


၁။ ပထမအကြိမ် တွေ့ဆုံမှုတွင် အ၀ါရောင် ၀တ်ဆင်ထားသည်။


ဤသည်မှာ တွေ့ဆုံဆွေးနွေအဖြေရှာရေး (Dialogue) ဖြစ်နိုင်သည့်အလားအလာ “မျှော်လင့်ချက်“ ကို ဖော်ကျူးခြင်းလည်းဖြစ်သည်ဟု ကောက်ယူနိုင်ပြီး။

၂။ ၂၀၀၇ စက်တင်ဘာလ ၊ ရွှေဝါရောင်တော်လှန်ရေးအပြီး စက်တင်ဘာ ၃၀ရက်နေ့၊ ဒုတိအကြိမ် တွေ့ဆုံမှုတွင် အပြာရောင်ကို ဆင်မြန်းထားသဖြင့် ဤသည်မှာ “၀မ်းနည်းမှု” အထိမ်းအမှတ်ကို ပြဆို ခြင်းဟုလည်း ဆိုရနိုင်ပေသည်။

၃။တတိယအကြိမ်တွေ့ဆုံမှုတွင် ပင်နီအင်္ကျီကို ၀တ်ဆင်ထားရာ သံဃာတော်မထေရ်မြတ်များအတွက် “ပူဆွေးသောက” ရောက်နေရမှုနှင့် “ငြိမ်းအေးမှု” တရားကိုသာ လိုလားပါကြောင်း ထပ်လောင်းပြဆို ခြင်းဟုလည်း ကောက်ယူရပေမည်။


၎။ “အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးအတွက် ပြင်ဆင်” ဆိုသည့် သတင်းစကားပါးလိုက်အပြီး မကြာမီ၊စတုတ္ထနှင့်ပဉ္စမအကြိမ်တွေ့ဆုံမှုတွင်မူ ရဲရဲတောက်အနီရောင်ကို ဆင်မြန်းထားပါသဖြင့် ၁၉၄၇ ခုနှစ် အင်္ဂလိပ်လက်အောက်၊ ပထမအကြိမ် လွတ်လပ်ရေးတိုက်ပွဲကာလက ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ ဂန္ဓ၀င်မြောက်စကားလုံးဖြစ်သည့် “ရရင်ရ၊ မရရင်ချ” ဆိုတာမျိုးလိုပင် ကျွန်ုပ်တို့ခေတ် ဒုတိယ အကြိမ် လွတ်လပ်ရေးကာလ၏ “တိုက်ပွဲခေါ်သံ” ဟု ပင် မှတ်ယူကြရမည် ဖြစ်ပါကြောင်း။

0 comments:

အပေါ်သို့