Monday, April 7, 2008

သူငယ်ချင်းသို့

သူငယ်ချင်းသို့

သူငယ်ချင်းရေ-
အကယ်၍
မင်းရဲ့သားသမီးတွေ
စားစရာမရှိ
ဝတ်စရာမဲ့ဘ၀နဲ့
စစ်ကျွန်ဘဝ
ကျရောက်နေတာကို
မမြင်ချင်ဘူးဆိုရင်------။


အကယ်၍
မင်းရဲ့မိသားစုတွေ
ဆင်းရဲတွင်း
သံသရာမှာ
စုန်းစုန်းမြှုပ်ကာ
ယောက်ယက်ခတ်နေတာကို
မမြင်ချင်ဘူးဆိုရင်-----။

အကယ်၍
မင်းရဲ့အမိအဖတွေ
အိုကြီးအိုမဘ၀နဲ့
ဆေးဖိုးဝါးခမဲ့
ဒုက္ခပင်လယ်ဝေနေတာကို
မမြင်ချင်ဘူးဆိုရင်-----၊

အကယ်၍
မင်းရဲ့နှမငယ်တွေ
အသပြာအတွက်
ဘ၀တသက်ပေးရတာကို
မမြင်ချင်ဘူးဆိုရင်-------။

အကယ်၍
မင်းရဲ့ဆွေမျိုးသားချင်းတွေ
ကြုံရာကျပန်းဘ၀နဲ့
ညစာခက်နေရတာကို
မမြင်ချင်ဘူးဆိုရင်----၊

စစ်ဝါဒီတွေရဲ့
ဆန္ဒခံယူပွဲနဲ့
ရွေးကောက်ပွဲကို
ကန့်ကွက်မှ
ဖြစ်တော့မယ်
သူငယ်ချင်း။
ငါတို့ကလေးများရဲ့
အနာဂတ်အတွက်၊
ငါတို့မိသားစုတွေရဲ့
ရှေ့ခရီးအတွက်၊
ငါတို့နှမငယ်တွေရဲ့
ဘ၀ရေးအတွက်၊
ငါတို့မိဘတွေရဲ့
အိုဇာတာကောင်းဖို့အတွက်
ကန့်ကွက်ရေးလမ်းစဉ်ကို
ပြတ်ပြတ်သားသား
ရွေးလိုက်ကြစို့လား။

ခင်မမမျိုး (၅၊ ၄၊ ၂၀၀၈)

ခင်မမမျိုးဘလော့ဂ်မှ ကူးယူဖော်ပြသည်။

0 comments:

အပေါ်သို့