Thursday, May 22, 2008

တိုင်းရင်းသားလူငယ်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာပြည်) ၏ တိုက်တွန်းချက်

မူရင်းအတိုင်းဖတ်ရှုလိုပါကဤနေရာကိုနှိပ်ပါ။

တိုင်းရင်းသားလူငယ်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာပြည်)

Ethnic Youths' Network Group (Myanmar)


E-mail: ;attack2007@gmail.com

ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်ဖွဲ့များသို့ တိုက်တွန်းချက်
ရက်စွဲ၊ ၂၀-၅-၂၀၀၈။
မေလ (၂) ရက်နေ့တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သော သဘာဝ မုန်တိုင်းဘေးဒဏ်ကြောင့် သိန်းချီ သေဆုံးခဲ့ပြီး ဖြစ်သော်လည်း မကြာခင် အချိန်အတွင်းမှာပင် လူလုပ်သော ပိတ်ဆို့ တားဆီးကန့်သတ်ဒဏ်ကြောင့် ဆက်လက်သေဆုံးရမည့်အရေးကိစ္စကို ကာကွယ်ဖြေရှင်း နိုင်ရန်အတွက် ပန်းကြားတိုက်တွန်းလိုက်ပါသည်။

(၁) မုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ ဆန်စပါးမှီခိုရာ ဒေသဖြစ်သည့်အားလျှော်စွာ ယခုထိခိုက်နစ်နာမှုကြောင့် မြန်မာနိုင်ငံဒေသ အားလုံးကိုပါ ထိခိုက်နစ်နာစေပါသည်။

(၂) (၁၉၉၀) ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ကရင်အမျိုးသားများကို စစ်အာဏာပိုင်တို့သည် ပြင်းထန်စွာ သတ်ဖြတ်ခဲ့သည်သာမက အညိုးအတေးထားကာ စောင့်ကြည့်နေဆဲဖြစ်သည်။ ယခုလည်း သဘာဝဘေးဒဏ်ကို ခံစားနေရရှာသော ကရင် အပါအ၀င် ဗမာတိုင်းရင်းသားများကိုပါ အစာရေစာ ဖြတ်တောက်သည့်နည်းဗျူဟာဖြင့် စနစ် တကျလုပ်ဆောင်နေသည်ကို မြန်မာသာမက ကမ္ဘာကပင် သိရှိရပြီ ဖြစ်သည်။

(၃) လူသားချင်းစာနာစိတ်ရှိကြသော ကမ္ဘာ့နိုင်ငံများ၏ အကူအညီပေးမှုကို ကျွန်ုပ်တို့ ၀မ်းမြောက်ကြိုဆိုသော်လည်း လက်တွေ့ဒုက္ခခံစားနေရသော ပြည်သူများ၏ လက်ဝယ် မရောက်ရှိဘဲ စစ်အာဏာပိုင်များ၏ လက်ဝေခံတပည့်များ အလွဲသုံးစားလုပ်နေမှု၊ ပေးကမ်း ကြသော အလှူရှင်များကို တားဆီးပိတ်ပင်နေမှု၊ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီ ပေးရေး ဆောင်ရွက်နေသူများကို ပြည်တွင်းသို့ ၀င်ရောက်ရေးတွင် ဟန့်တားမှု၊ စစ်ခေါင်းဆောင်များ၏ အမည်ခံလှူဒါန်းမှုဖြင့် ပြည်သူများကို လှည့်စားနေခြင်းတို့သည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ထိခိုက်နစ်နာစေပါသည်။

(၄) ယခုဖြစ်ပွားစပြုနေပြီဖြစ်သော ကူးစက်ရောဂါဆိုးများကို ကာကွယ်တားဆီးနိုင်မှု မရှိသောကြောင့် နောက်ထပ် သေဆုံးနိုင်ဖွယ်ရှိသော ဒုက္ခသည်များ၏ အနာဂတ်မှာ ရင်လေး ဖွယ်ဖြစ်နေပါသည်။

(၅) ဒုက္ခသည်များရှိရာနေရာနှင့် အနီးဆုံးရောက်ရှိနေပြီဖြစ်သော နိုင်ငံတကာ အကူအညီ ပစ္စည်းများနှင့် ကယ်ဆယ်ရေးဆိုင်ရာယာဉ်များသည် လက်ရှိအချိန်ကို ကြန့်ကြာစေမည့်အစား ချက်ချင်းလက်ငင်း ၀င်ရောက် ဖြေရှင်းပေးမည်ဆိုပါက ပေးလှူသူနှင့် လိုအပ်သူဒုက္ခသည်များ တိုက်ရိုက်ထိတွေ့၍ များစွာအကျိုးဖြစ်ထွန်းစေပါသည်။

ထို့ကြောင့် နောက်ထပ်လူသားပြုလုပ်ဖန်တီးသော ဘေးအန္တရယ်အကျိုးဆက်ကို ခံစားကြ ရမည့် ပြည်သူ (၅၇) သန်းအကျိုးကို ရှေ့ရှု၍ စစ်အာဏာပိုင်များ၏ အတားအဆီးကို အမြန်ဆုံး ဖြေရှင်းပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။

မိတ္တူကို
- ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊
- နိုင်ငံခြားသံရုံးများအားလုံး၊
- မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးများ၊
- နိုင်ငံခြားသတင်းထောက်အများအသင်း၊

0 comments:

အပေါ်သို့