Friday, May 23, 2008

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် တရုတ်လုပ်ရဲကားများနယ်စပ်ရောက်


မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် တရုတ်လုပ်ရဲကားများနယ်စပ်ရောက်

၂၀၀၈ ခုနှစ် မေလ ၂၀ ရက်

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသုံးပြုရန် တရုတ်နိုင်ငံလုပ် Dong Feng Motor Corporation တံဆိပ်ပါ အသေးစား အလုံပိတ်မော်တော်ယာဉ် (Mini Van) နှင့် အသေးစားကုန်တင် မော်တော်ယာဉ် (Pick-Up) ကားငယ်များ နယ်စပ် ကျယ်ဂေါင်သို့ ရောက်ရှိလာသည်ဟု မျက်မြင်ကုန်သည်များက ပြောသည်။

တနင်္ဂနွေနေ့ညတွင် တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့ နှစ်ထပ်ကုန်တင်ယာဉ်ဖြင့် အသေးစား မော်တော်ယာဉ်ငယ် (၈) စီးရောက်ရှိလာပြီး ကားရေဆေးခုံများတွင် သန့်ရှင်းရေးပြုလုပ်ခဲ့ သည်ဟု သိရသည်။ မော်တော်ယာဉ်ငယ် (၂) စီးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ POLICE စာတမ်း ဖြင့် အပြာရောင်ကားဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ရဲတပ်ဖွဲ့၏ တံဆိပ်များပါရှိသည်။


တရုတ်နိုင်ငံလုပ် စစ်သုံးမော်တော်ယာဉ် အများအပြား မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေခဲ့ သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသုံးပြုမည့် ရဲကားများပေးပို့ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။ လက်ဆောင်အဖြစ် ထောက်ပံ့ခြင်း (သို့မဟုတ်) ၀ယ်ယူခြင်းဆိုသည် ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း တရုတ်နိုင်ငံမှ လက်ဆောင်အဖြစ် ထောက်ပံ့ခြင်း ဖြစ်မည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ပြည်သူ့လုံခြုံရေးတက္ကသိုလ်နှင့် ရဲသိပ္ပံကောလိပ်များတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အရာရှိများကို လေ့ကျင့်ပေးလျက်ရှိသည်။



0 comments:

အပေါ်သို့