Friday, May 9, 2008

မြန်မာ့ရေတပ်မတော် စစ်သင်္ဘော ၇ စီး နစ်မြုပ်၊ အရာရှိ၊ စစ်သည် ၂၀၀ ကျော် ပျောက်ဆုံး

ရေတပ်မတော်နှင့် နီးစပ်သည့် နောက်ဆုံး သတင်းများအရ မြန်မာ့ ရေတပ်မတော် ပင်လယ်ပြင် အခြေစိုက် စခန်းများဖြစ်သည့် ပမ္မ၀တီ ရေတပ်စခန်း၊ ဧရာဝတီ ရေတပ်စခန်းများ အောက်ရှိ ဟိုင်းကြီးကျွန်း ရေတပ်စခန်းနှင့် အနီးတ၀ိုက် သံလျက်စွန်း စခန်းနှင့် စခန်းဝန်းကျင် တာဝန် ထမ်းဆောင်နေသည့် စစ်သင်္ဘော (၇)စင်း လုံးဝ နစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ (၇)စီးတွင် (၅)စီးမှာ တိုက်ခိုက်ရေး ရေယာဉ်များဖြစ်ပြီး (၂)စီးမှာ သယ်ယူပို့ဆောင်ရေး ရေယာဉ် များဖြစ်သည်။ တိုက်ခိုက်ရေးရေယာဉ် (၅)စီးတွင် (၃)စီးမှာ တန် (၈၀၀) မှ တန်(၂၀၀၀) ကြားထိ လေးသည့် သင်္ဘောများ ဖြစ်ပြီး တန်(၂၀၀၀) အလေးချိန်ရှိသည့် သင်္ဘောတစီးမှာ တရုတ်ပြည်မှ ၀ယ်ယူထားသော သင်္ဘောဖြစ်ကြောင်း သိရှိရသည်။ ၄င်းရေယာဉ်များတွင် လိုက်ပါ ဆောင်ရွက်နေသော အရာရှိ (၃၀)ကျော်နှင့် အခြားအဆင့် (၂၂၀)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိပါသည်။

0 comments:

အပေါ်သို့