Monday, May 5, 2008

တိုက္ပဲြ၀င္မွာလား၊ လိုက္ပဲြျပင္မွာလား

“တိုက္ပဲြဝင္မွာလား၊ လိုက္ပျဲြပင္မွာလား”

ကျနော်မြင်ခဲ့ တွေ့ခဲ့တဲ့တာတွေနဲ့ မျက်မြင်ကိုယ်တိုင် ရင်ဆိုင်နေရသူတွေကတဆင့် သေသေချာချာကြားတာ ကြောင့် ပွင့်ပွင့်လင်းလင်း ရေးလိုက်တာပါ။ စကားထောက်၊ စကားကျန်၊ စာကျန်ရင် ပြင်ဖတ်ပေးဖို့နဲ့ မရည်ရွယ်ပဲ ထိခိုက်ရေးသားမိတာတွေပါရှိခဲ့ရင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။

အထူးသဖြင့်၊ ပြည်တွင်းက တိုင်းရင်းသား မြန်မာလူမျိုးအားလုံးကို မေးရမှာဖြစ်သလို၊ ပို၍ ထပ်ပြီးမေးသင့်သည် မှာ အားလုံးသော ဒီမိုကရေစီဘက်တော်သားတွေ၊ ခေါင်းဆောင်ကြီးတွေ၊ လေလှိုင်းပေါ်မှာ မိုးတလုံးလေတလုံး ပြောနေသူတွေ၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုသူတွေ၊ အရင်ကတော့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အခု တော့ ရသမျှ ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းလေးပဲယူပြီး နေရာဝင်ယူချင်သူတွေ၊ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းဆိုပြီး စကားလှလှလေးသုံးရင်း အနာမခံပဲ အသာချည်း သက်သက်စံချင်တဲ့ ပုဂ္ဂိုလ်ကြီးတွေကို ပြည်သူတစ်ယောက် အနေနဲ့ ပြတ်ပြတ်သားသား မေးရတော့မယ့် အချိန်ကိုရောက်ပါပြီ။


ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံတွင်းနေထိုင်တဲ့ တိုင်းရင်းသားတွေက လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေး၊ ဥပဒေစိုးမိုးရေးတို့ အခြေခံလို့ ပြည်သူက တင်မြှောက်သော ဖက်ဒရယ်ပြည်ထောင်စု အစိုးရ ပေါ်ပေါက်လာစေဘို့ ၁၉၉၀ ပြည့်နှစ်က မဲပေးရွေးချယ် တင်မြှောက်ပေးထားပြီးပါပြီ။ ပထမဦးဆုံးသော ပြည်သူ တွေ လုပ်ဆောင်ရန်အပိုင်း တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခြဲ့ ကပြီးပါပြီ။ တာဝန်ကျေခဲ့ ပြီးပါပြီ။

ဒီမိုကရေစီအစိုးရကို လိုချင်လွန်းလို့ ယနေ့ထိ စစ်တပ်ရဲ့ စနစ်တကျ ကျွန်ပြုဖိနှိပ်မှုအောက်မှာ အနှစ် ၂၀ တိုင် အောင် အံကြိတ်ခံလာပေးနေတာတောင်၊ ကျနော်တို့ရဲ့ လေးစားအပ်တဲ့ အရွေးချယ်ခံ ပြည်တွင်းပြည်ပက ကိုယ်စားလှယ်တွေ၊ တော်လှန်ရေးခေါင်းဆောင်တွေက ပြတ်သားသေချာတဲ့ တိုက်ပွဲအခင်းအကျင်းကို တညီ တညွတ်တည်း ဘာလို့မလုပ်နိုင်ကြတာလဲဆိုတာ အံ့သြစရာပါ။ ပြတ်ပြတ်သားသား ဘာပြီးရင် ဘာဆက်လုပ် မယ်၊ ဘာမဖြစ်ရင် ဘာလုပ်မယ် စသဖြင့် ရဲရဲဝံ့ဝံ့ ဦးဆောင်သူမရှိတဲ့နောက် ပြည်သူက ဘယ်သူ့စကားကို ယုံကြည်လို့ ဘယ်သူကို ခေါင်းဆောင်တင်ပြီး လိုက်လုပ်ရမှာလ။ဲ ပြောကြပါအုံး။ နောက်ဆက်တွဲမရှိတဲ့ ပျာယီး ပျာယာ ညွှန်ကြားလွှာတွေ တပုံတပင်နဲ့ ပြည်သူက ကန့်ကွက်မဲပေးပြီဆိုပါတော့၊ ကျွန်တော်တို့ တိုက်ပွဲက ပြီး သွားပြီလား။ ဘယ်နှစ်နှစ်အတွင်း ဒီမိုကရေစီရမှာလဲ၊ ပြောပါ။

ပြည်သူအများစုရဲ့ တကယ့်ရင်ထဲမှာ စစ်အစိုးရလုပ်တဲ့ ဆန္ဒခံယူပွဲကြီးကို လုံးဝ မဖြစ်မြောက်စေချင်သလို၊ အခြေခံ ဥပဒေကြီးကိုလဲ လုံးဝ သဘောမတူဘူးဆိုတာ သိထားပြီးကြရက်နဲ့ ဘာလို့ ဒီဆန္ဒခံယူပွဲကြီးကို အတင်း မဲထည့်ခိုင်းနေရတာလဲ။

အောင်မြင်ပြတ်သားတဲ့ ဦးဆောင်မှုတွေနဲ့ အများပြည်သူ သဘောမတူတဲ့ ဒီဆန္ဒခံယူပွဲကို မဖြစ်မနေ ဆန့်ကျင် ကြ၊ ပွဲပျက်အောင်ဖျက်ကြ၊ ကန့်ကွက်ကြ၊ တော်လှန်ကြ၊ သပိတ်မှောက်ကြ၊ အခုပြောတဲ့ အချိန်ကစပြီး ခင်ဗျားတို့ ပြည်သူတွေနဲ့အတူ ဟောဒီမှာ ကျနော်ကျမတို့ အားလုံးရှိတယ်၊ ကျနော်တို့ကျမတို့ ကိုယ်တိုင် ပြတ်ပြတ်သားသား တွန်းလှန်တယ်ဆိုတာမျိုး ရှေ့လူတွေ လုပ်ပြသွားသလို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရပ်တံ့သွားအောင် ပြည်သူ အများပါဝင်တဲ့ ဆန္ဒပြပွဲကြီးတစ်ရပ် မခေါ်ယူနိုင်တော့ဘူးလား။

မြန်မာနိုင်ငံက အနှစ်၆၀ကျော်ကြာ ရှည်လျားဆိုးဝါးလှတဲ့ ပြည်တွင်းစစ်များအလွန်၊ အကြမ်းဖက်ဝါဒများ ခေတ် စားလာနေတဲ့ ဒီကနေ့ကမ္ဘာမှာ ကျနော်တို့ဘက်က အကြမ်းမဖက် အနုနည်းသက်သက်နဲ့သာ စစ်အာဏာရှင် တွေကို တောက်လျှောက် ဆန့်ကျင်လာခဲ့တာပါ။

ဘယ်နှစ်ခါကများ စစ်တပ်ကတိတည်တာရှိခဲ့ဘူးလ၊။ ယောင်္ကျားကြီးတွေတန်မယ့် စစ်သားကြီးတွေတန်မယ့်နဲ့ ပြောရင်ပြောသလို ကတိက၀တ်ကျေတယ်ဆိုတာ ဘယ်မှာရှိသလဲ။ အဲဒီခွေးများက ချီးစားတာ အဆန်းမဟုတ် ပေမယ့် ဒီဖက်က ကိုယ့်ကိုယ်ကိုတွေလဲ ပြန်ကြည့်ကြပါဦး။

ရေရာသေချာမှု ဘာတခုမှမရှိတြဲ့ပင် ဘယ်တုန်းကမှလဲ ရမလာဘူးတဲ့ တောင်းဆိုမှုတွေနဲ့ တကယ်တမ်း ပြည်သူ ကို တပတ်ရိုက်နေတာက ဘယ်သူတွေလဲ။ အပြင်မှာ ဖြစ်လာနေတာတွေက တခြား လက်တွေ့မှာ လုပ်ဆောင် နေကြတာတွေကတလွဲ ပြည်သူကို မဟာနိုင်ငံရေး အဘိဓမ္မာတွေချချပြပြီး၊ ဘာလို့ မသေချာတဲ့ဒုက္ခ ခဏခဏ ပေးချင်ရတာလည်း ဆိုတာကိုလည်း သတိပြုကြပါဦး။

ပြည်သူကတခဲနက် ကန့်ကွက်မဲတွေ ထည့်ကြပါပြီတဲ့။ ဘာဆက်လုပ်မလဲပြော။ ကန့်ကွက်မဲတွေကြောင့် အခြေ ခံဥပဒေ အတည်ပြုမရတာကြောင့် အမျိုးသားညီလာခံ ပြန်စပါမယ်တဲ့။ ဘာဆက်လုပ်မလဲပြော။ တရားမဝင် အမျိုးသားညီလာခံ အလိုမရှိ၊ အလိုမရှိလို့ ပြည်တွင်းပြည်ပ တခဲနက် ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပြီး ဒီ ညီလာခံ က ချပြတဲ့ အခြေခံဥပဒေတော့ ဝိုင်းပြီး ကန့်ကွက်လိုက်ရုံပေါ့က အငိုလွယ် အရှိုက်ခက် အားလုံးဒုက္ခများမယ့် အရေးမို့ ဒီလောက် အမုန်းခံရေးနေရတာပါ။ ဆိုလိုချင်တာက ကန့်ကွက်တာ ထောက်ခံတာ အဓိကမဟုတ်၊ စစ်အစိုးရလှည့်ကွက် ပြည်သူကို တပတ်ရိုက်ထားတဲ့ ထောင်ချောက်ထဲ ကျဖို့ ရက်သတ္တသုံးပတ်သာ လိုတော့ တာမှာ စကတည်းက ဆန့်ကျင်ထားပြီးသားဟာက ဘာမှ ထောက်ခံ/ကန့်ကွက် စဉ်းစားစရာကို မလိုပါဗျာ။

အမျိုးသားညီလာခံ သပိတ်မှောက်ထားတဲ့ လက်ရှိအာဏာရပါတီ အင်အယ်ဒီကို လက်စတုံးမယ့်အကြံနဲ့ ထောင် ချောက်ထဲ ဆွဲသွင်းနေတာကြီးကို သိသိနဲ့ မဝင်ကြပါနဲ့။

ဒီပွဲကို ရအောင်ဖျက်ပါ။ ဆန္ဒခံယူပွဲကို ကျောင်းသား၊ တပ်မတော်များက လိုအပ်ရင် အင်အားသုံးဖြိုခွဲပါ။ အဲဒါ ပြည်သူတရပ်လုံးက ပေးနေတဲ့ အမိန့်ပါ။ တိုင်းရင်းသား အဖွဲ့အစည်းတွေကလဲ ပြည်သူတရပ်လုံးထဲမှာ လူမျိုး ပေါင်းစုံပါဝင်နေတယ်ဆိုတာ အမြင်ကျယ်ကျယ် သဘောထားကြီးကြီးနဲ့ ဘာသာလူမျိုးမခြွဲခားပဲ သစ္စာရှိစွာ အား နည်းတဲ့ဘက်က ရပ်တည် စာနာသင့်ပါတယ်။

ဒီလိုမှ မပြတ်သားရင်တော့ ကျနော်တို့ မပြီးနိုင်သော ပန်းချီကားကြီးကို ဆက်ရေးသွားကြရတော့မှာဖြစ်ပြီး ပြည် သူတွေကြားထဲ ယခုထက် ပိုဆိုးဝါးတဲ့ အထွေထွေ ကြပ်တည်းမှုတွေ၊ ဆုံးရှုံးမှုတွေ၊ အကျင့်ပျက် လုယက် တိုက် ခိုက်မှုတွေနဲ့ ဖြေရှင်းမနိုင်အောင် ဆက်လက်ပြီး ရင်ဆိုင် သွားကြရတော့မယ်ဆိုတာ မြေကြီးလက်ခက်မလွဲပါဘူး။

ဒီလာမယ့် ဆန္ဒမဲပေးပွဲဟာ ဘယ်လို ရလဒ်တွေပဲထွက်ထွက် အများပြည်သူအဆင့်ထိ ပြန့်နှံ့သွားပြီဖြစ်တဲ့ တရား လက်လွတ် ဓါးမိုးအုပ်ချုပ်မှုနဲ့ အနိုင်ကျင့်စော်ကားမှု အဓမ္မစရိုက်တွေက အကြမ်းဖက် တိုက်ခိုက်မှုတွေဆီ ဦး တည်နေပြီ ဖြစ်ပါတယ်။ မနင်းရင်တော့ အနင်းခံရမှာပဲ ဆိုတဲ့အသိနဲ့ အားထားလုံခြုံရာ ဥပဒေ အစောင့် အရှောက်ကင်းမဲ့မှုတွေက ပြည်သူကို ချောင်ပိတ် အရိုက်ခံနေရတဲ့ ခွေးတွေပမာ ခံစားလာစေရလိမ့်မှာဖြစ်သလို၊ ဘယ်ကမှ အကာအကွယ် မရနိုင်ရှာတဲ့ အဲဒီပြည်သူတွေရဲ့ဘဝက စစ်အာဏာရှင်တစုနဲ့ သူတို့ရဲ့ နောက်လိုက် တွေ ပြုသမျှ နုရတော့မယ့်အခြေကို လုံးလုံးလျားလျား ဆိုက်ရောက်သွားတော့မှာပါ။ လက်ရှိ အင်အယ်ဒီအဖွဲ့ဝင် တွေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို အနိုင်ကျင့် ရိုက်နှက်ပြပြီးတော့ ပေးနေတဲ့ သတိကိုက ပြည်သူတွေ နင်းမှာလား အနင်းခံမှာလား ဆိုတာပါ။

တကယ်တမ်းတော့ အများပြည်သူ မလိုလားတဲ့ နအဖဘက်က သူ့ဖွဲ့စည်းပုံအဆင့်ဆင့်နဲ့ စနစ်တကျ သူဖြစ်ချင် တာ သူလုပ်ယူဖန်တီးသွားနေခဲ့တာ အရာရာအောင်မြင် ပြီးမြောက်လုပြီဖြစ်ပါတယ်။ တရားတယ် မတရားဘူးဆို တာထက် အနိုင်အရှုံးအဖြေက ရလဒ်ကို ဦးဆောင်သွားတော့မယ့် အချိန်မှာ ဘယ်သူမှ ဘာမှ မတတ်နိုင်ကြ တော့တာဟာ အမြင်အားဖြင့်ကို ရှုံးနေပါပြီ။

အဲဒီအဖြေထွက်တဲ့အထိ စောင့်ကြည့်မနေသင့်တော့တဲ့ အချိန်မှာ နိုင်ငံရေး အခင်းအကျင်းတွေ၊ သုံးသပ်ချက် အလှည့်အပြောင်းတွေ၊ သံတမန်ရေးရာ နည်းလမ်းတွေ၊ ဒေသတွင်း ပါဝင်ပတ်သက်မှုတွေ၊ နိုင်ငံတကာ စာနာမှု တွေ အားလုံးကို ခေတ္တခဏ ဘေးဖယ်ထားပြီး ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဖို့ လိုပါ တယ်။

ကန့်ကွက်မဲ ဝင်ထည့်ပြန်ရင်လဲ နအဖရဲ့လုပ်ရပ်ကို အသိအမှတ်ပြုပြီးသားဖြစ်သွားမယ်။ မဲမပေးပဲ နေမယ်ဆို ရင်လဲ ရသမျှနဲ့ အနိုင်ပိုင်းသွားတာခံရမယ်။ ရှုံးရှုံးနိုင်နိုင် နအဖဘက်က အုပ်စုဗိုလ်အနေနဲ့ အသာစီးက ဆက် ကစားလို့ ရသွားတော့မယ့် အခြေအနေမှာ၊ ဒီပွဲက ကန့်ကွက်တာမဲများခဲ့ရင် အခြေခံဥပဒေ အတည်မဖြစ်နိုင် တော့တဲ့အတွက် အမျိုးသားညီလာခံကို ပျော်ပျော်ကြီးပဲ ပြန်လည်စတင် ကျင်းပသွားဦးမှာဖြစ်ပြီး မဲဝိုင်းထည့်တဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုတို့အရ အဲဒီညီလာခံကို သပိတ်မှောက်ထားတဲ့ အင်အယ်ဒီအနေနဲ့ နအဖ စိတ်ကြိုက် ခင်းကျင်းထားတဲ့ အမျိုးသားညီလာခံ အခြေပြု အနာဂတ် နိုင်ငံရေးလမ်းစဉ်မှာ လမ်းဘေးကို ရောက် သွားရပါလိမ့်မယ်။ ဒါက တချက်ခုတ် နှစ်ချက်ပြတ် အင်အယ်ဒီကို မြောင်းထဲပို့နေတာပါ။

ကလိမ်ကကျစ်ကျပြီး ထောက်ခံမဲတွေအရ လမ်းညွှန်မြေပုံခုနှစ်ဆင့်အတိုင်း နောက်နှစ်နှစ်အကြာမှာ ပါတီစုံဒီမို ကရေစီ ရွေးကောက်ပွဲကြီး ဝှဲချီးကျင်းပခွင့် ရသွားလိုက်ပြီဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကား နအဖများဘက်က လက်ခမောင်းခတ်ကြတော့ဖို့ပါပဲ။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က လုံးဝဥဿုံပျက်ပြယ်ပီး ကြံ့ဖွံ့က နအဖလိုလားတဲ့ ဦးဆောင်ပါတီကြီးတခု အဖြစ်နဲ့ အမျိုးသားညီလာခံကတဆင့် အဲဒီ အခြေခံဥပဒေ လူလားမြောက်အောင် နအဖနဲ့အတူ လက်တွဲ ဝိုင်းကူ ဆွဲပေးခဲ့တဲ့ တစည အပါအဝင် တိုင်းရင်းသားပါတီတွေ ခြံရံထွက်လာပြီးတော့ တကျော့ပြန် လက်ရှိချန်ပီယံ အင်အယ်ဒီနဲ့ အားစမ်းပွဲလုပ်မလား။

အဲဒီ လမ်းညွှန်မြေပုံခုနှစ်ချက်အရပဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ အခင်းအကျင်းက လှသွားလိုက်တော့ ရှေ့ဆက်တိုင်းပြည်ရဲ့ အနာဂတ်က အင်ဒိုနီးရှားနဲ့ မြောက်ကိုရီးယား အမွှာပူးကလေးဖြစ်လာမယ်။ လိင်ဖျော်ဖြေ ရေး အလုပ်သမတွေ အပါအဝင် လူသားအရင်းအမြစ်တွေ အမြောက်အမြား ထုတ်လုပ်ပေးလာမယ့် နိုင်ငံတခုကို အိမ်နီချင်းနိုင်ငံတွေက ဝမ်းသာအားရ လက်ကမ်းကြိုဆိုနေကြမှာပါ။

စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်လိုသူတိုင်းနဲ့ လွတ်မြောက်စေလိုသူတိုင်း ငါလုပ်မှ၊ ငါပြောမှ၊ ငါကြံမှ ဟုတ်မှန်အောင်မြင်ရမယ်ဆိုတဲ့ အထွေထွေအတ္တနွံတွေထဲက လွန်မြောက်နိုင်ဖို့ အရေးကြီးလိမ့်မယ် ထင် ပါတယ်။ နောက်ပြီး ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုပေမယ့် အခြားတဖက်မှာတော့ ဦးတည်ရာညွှန်ရပ်တွေ က တကွဲတပြားဖြစ်နေတာကို တွေ့ရလိမ့်မယ်။ ဘယ်ကိုတွန်းမှာလဲ၊ ဘယ်အထိရောက်အောင် တွန်းရမှာလဲဆို တာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မျိုး မဟုတ်တဲ့ အတွက်ကြောင့် ရွေ့ချင်ရွေ့ ရွေ့ချင်မှလဲရွေ့ ဘယ်တော့မှလဲမရွေ့နဲ့ပဲ တော်လှန်ရေးတိုက်ပွဲအစား ပရိုပိုဆယ်လိုက်ပွဲလေးနဲ့ ကျေနပ်သွားကြတော့မလား။

နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရမှုများစွာတွေက ဖေါ်ကျူးစာဖွဲ့ မကုန်နိုင်အောင်ပါပဲ။ အသိအမှတ် ပြုခံလိုခြင်း ဆိုတာ သာမန်လူသားတိုင်းရဲ့ကိုယ်စီအတ္တလို့ဆိုပေမယ့် အများအကျိုးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းရပ်တွေမှာတော့ လူလားမမြောက်သေးတဲ့ ကလေးကလားဆန်ဆန် ခံယူချက်မျိုးလို့လဲ စိတ်ပညာရှုထောင့်က အဓိပ္ပယ်တမျိုး ဖွင့် ဆိုပြန်တာမို့ ဘုရားရှင်နဲ့ အရိယာသူတော်စင်များမှလွဲရင် ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဇာနည်မျိုးတွေမှာသာ အဲဒီအတ္တက ကင်းလွတ်နိုင်ကြတာပါ။ အဲဒီပုဂ္ဂိုလ်မျိုးတွေဟာ ခေတ်သမိုင်းအဆက်ဆက် ဘယ်တော့မှလဲ သတ်၍မသေတဲ့ လူစွမ်းကောင်းများ ဖြစ်ကြပါတယ်။

ကျနော်တို့ တိုင်းရင်းသားပြည်သူတွေ ယုံကြည်တာကတော့ အကျယ်ချုပ်နေနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ထောင်ထဲရောက်နေသော ဦးဝင်းတင်တို့လို နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင် တွေသာလျှင် ပြည်သုကို ဘာလုပ်ရမယ်၊ ဘာလုပ်တော့ဆိုတာ ပြတ်သားသောစကား ပြောရဲလုပ်ရဲသူတွေဖြစ် ပြီး၊ ပြည်သူနဲ့ တသားတည်း ရှေ့တန်းက ဦးဆောင်သွားသူုတွေ ဖြစ်ပါတယ်။ သူတို့သာလျှင် အပြောနဲ့အလုပ်ကို တထပ်တည်းကျအောင် လုပ်ခဲ့သော၊ လုပ်သွားသော၊ လုပ်လဲလုပ်လိမ့်ဦးမယ့်သူတွေဆိုတာယုံကြည်ပါတယ်။

ဒါကြောင့်လည်း စစ်အစိုးရက သူတို့ကို ထိန်းသိမ်းထားတာက ပြန်ကိုမလွှတ်ရဲတာပါ၊ စစ်အစိုးရဟာ သူတို့ထက် ပြတ်သားတ့၊ဲ သူတို့ထက်ခေါင်းမာတ့၊ဲ သူတို့လို ခိုင်းလို့လုပ်တာမျိုးမဟုတ်တဲ့ သတ္တိရှင်တွေကို တကယ်ကြောက်ပါ တယ်။

သို့ပေမယ့် ကျနော်တို့ရဲ့ အထဲကိုရောက်သော၊ အထိန်းသိမ်းခံရသော၊ အကျယ်ချုပ်ကျခံရသောသူတွေ မသိခဲ့ တဲ့ တချက်က သူတို့လောက်တောင် ကျန်သုတွေက ပြည်တွင်းမှာရော၊ ပြည်ပမှာပါ မလုပ်ရဲမကိုင်ရဲ မပြတ်သား ရဲကြတာရယ်၊ ပြည်သူကို ဦးဆောင်မှု မပေးနိုင်ဘူးဆိုတာရယ်၊ ပြည်သူရဲ့ ယုံကြည်လိုက်နာမှုကို မရနိုင်ဘူးဆို တာရယ်တွေကို ကျွန်တော်တို့ ၀မ်းနည်းစွာ ယခုတွေ့ကြရတာပါ။

ယခုတော့ ပြည်တွင်းမှာရော၊ ပြည်ပတွေမှာပါ မြင်တွေခဲ့ရသမျှက တိုက်ပွဲဝင်မည်ဟုအော်ရင်း လိုက်ပွဲများ ၀ိုင်း ပြင်နေခြင်းမျှသာ ဖြစ်ကြောင်းပါခင်ဗျား။

အာဇာနည်မျိုး သေရိုးမရှိလို့ ဆိုပါတယ်။

တိုက်ပွဲကို ပြတ်ပြတ်သားသား ဝင်မှာလား။ ဒါမှမဟုတ် လိုက်ပွဲတွေကို ၀ိုင်းပြီးတော့ ပြင်မှာလား။ မေးပါ။

စိုင်းမွန်
ခေတ္တ- ရန်ကုန်။
၉ရက် ဧပြီလ ၂၀၀၈ခု။

“The less you bet, the more you lose, when you win.” (Bonetti Laws)



0 comments:

အပေါ်သို့