Wednesday, November 18, 2009

“မ” တလုံးကျန်၍ သတင်းစာ တာဝန်ရှိသူများ ဖမ်းဆီးခံရ

၁၇ နိုင်ဝင်ဘာ ၂၀၀၉

သတင်းစာ နောက်ကျောဖုံးမှာ ပုံမှန်ဖော်ပြလေ့ရှိတဲ့ ဝါဒဖြန့်ချီရေး ကြွေးကြော်သံတွေ ထဲက “ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင်” ဆိုတဲ့ ကြွေးကြော်သံမှာ “မ” တလုံးကျန်ခဲ့ပြီး “ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင်” ဆိုပြီး မန္တလေးထုတ် ရတနာပုံ သတင်းစာက ဖော်ပြလိုက်ပါတယ်။

ဒီလ ၁၃ ရက် သောကြာနေ့ထုတ် သတင်းစာမှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပြီး အဲဒီအတွက် ၁၄ ရက်နေ့မှာ တာဝန်ရှိသူတွေကို ဖမ်းဆီး စစ်ဆေးပြီး ၁၅ ရက်နေ့မှာ သတင်းစာ ထုတ်ဝေမှု တရက်တာ ရပ်ဆိုင်းသွားတယ်လို့ မန္တလေးရှိ စာနယ်ဇင်း သမားတွေက ပြောပါတယ်။

မန္တလေး ရတနာပုံသတင်းစာကို ပိုင်ဆိုင်သူက စစ်တပ် အရာရှိဖြစ်တယ်လို့ မန္တလေးသားတွေက ပြောပါတယ်။

Ref: DVB News

0 comments:

အပေါ်သို့