Monday, May 10, 2010

အမေရိကန် သံတမန် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံ

မေလ ၁၀ရက် ၂၀၁၀

အမေရိကန်ထိပ်တန်းအရာရှိတဦးသည် ထိမ်းသိမ်းခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား တွေ့ဆုံပြီး စစ်အစိုးရက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတရားဝင်မှုနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်ကြောင်း ဖေါ်ပြပြောဆိုလိုက်သည်။

အရှေ့အာရှ နိုင်ငံခြားရေးရာ လက်ထောက်အတွင်းရေးမှုး ကာ့တ်ကမ်းဘဲလ်သည် ၎င်း၏ နှစ်ရက်ကြာခရီးစဉ်ကို စတင်ခဲ့အပြီး အနှစ်နှစ်ဆယ်အတွင်း မြန်မာစစ်အစိုးရက လုပ်ဆောင်မည့် ရွေးကောက်ပွဲနှင့်ပွဲနှင့် ပတ်သတ်သည့် နိုင်ငံရေး အခင်းအကျင်းပေါ် ဝါရှင်တန်အနေနှင့် အထူးပင်စိုးရိမ်ကြောင်း ပြောဆိုလိုက်ပါသည်။

၂၀၀၉ နိုဝင်ဘာလ ၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော ကာ့တ်ကမ်းဘဲလ်

အစိုးရဧည့်ဂေဟာ၌ ဒေါ်အောင်ဆန်းစုကြည် နှင့် မတွေ့ဆုံခင်တွင် ကမ်းဘဲလ်သည် ကန့်သတ်ခံထားရသည့် အဖွဲ့ချုပ်ီ ခေါင်းဆောင်များနှင့် တွေ့ဆုံ စကားပြောခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာအသိုင်းဝိုင်းတို့က စစ်အစိုးရအပေါ်တင်းကြပ်စွာ အရေးယူပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုခဲ့သည်ဟု အဖွဲ့ချုပ်ပါတီဝင် ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်က ပြောဆိုပါသည်။

ကမ်းဘဲလ်သည် တနင်္ဂနွေ နေပြည်တော်သို့ရောက်ရှိခဲ့ပြီး စစ်အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည် ၎င်းတွေ့ စစ်အစိုးရ အရာရှိများမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့ ဖြစ်ကြသည်။

“ကျနော်မြင်တွေ့နေရတာတွေကတော့ ပြဿနာအများကြီးရှိပါတယ်။ ရွေးကောက်ပွဲနဲ့ပဲဖြစ်ဖြစ် အခုဖြစ်နေတဲ့ နိုင်ငံရေး အခင်းကျင်းတွေနဲ့ ပတ်သတ်ပြီး တကယ့်ကို စိုးရိမ်စရာကောင်းတယ်” လို့ တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခတ္တရပ်နားစဉ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ်းဘဲလ်က ပြောဆိုခဲ့ပါတယ်။

0 comments:

အပေါ်သို့