Tuesday, May 11, 2010

ဂျီမေး တွေ မလုံခြုံတော့။ အဖောက်ခံနေရပြီ

မေလ ၁၀ ရက် ၂၀၁၀

မကြာသေးခင်က ကျနော့် ဂျီမေးကို ပြန်စစ်ကြည့်တော့ ကျနော့်အီးမေးကို တခြားတနေရာကနေ အကြိမ်ပေါင်းများစွာ ၀င်ကြည့်နေတာကို စစ်ဆေး တွေ့ရှိ ရနေပါတယ်။ လို့ ဂျီးမေးသုံးသူ တဦးက ပြောလာလို့ ကျနော်တို့လည်း ကိုယ့်ဂျီမေးကို ပြန်စစ်ကြည့်တော့ အလားတူ အဖောက်ခံ ၀င်ကြည့်ခံနေရတာကို တွေ့လိုက်ရပါတယ်။ ဒီတော့ ဗမာပြည်ထဲက ဂျီမေးသုံးနေတဲ့ မိတ်ဆွေတွေ အတွက် စိုးရိမ်သွားပြီး ဒီလို ဖြစ်နေတာ လှမ်းပြောတော့ သူတို့လည်း သူတို့ ဂျီမေးကို ပြန်စစ် ကြည့်ကြပါတော့တယ်။
အားပါးပါး, အဲဒီတော့မှ ဗမာပြည်တွင်းက ဂျီမေး သုံးသူတွေ အတော်တော်များများမှာ အဖောက်ခံနေကြရတယ် ဆိုတာကို သိလိုက် ရပါတော့တယ် ခင်ဗျား။

ကဲ
ဂျီမေးသုံးသူ မိတ်ဆွေများ။
ခင်ဗျားတို့ ဂျီမေးတွေလည်း အဖောက်ခံ နေကြရပြီလားဆိုတာ စစ်ကြည့်ကြပါအုံး လို့ပဲ ဒီနေရာကနေ တိုက်တွန်း လိုက်ပါရစေ။

သင့် ဂျီမေးကို တခြားသူတဦးဦးက ဟက်၊(Hack) နေ မနေ သိလိုပါသလား။

You are currently using 3373 MB (45%) of your 7453 MB.
Last account activity: 22 minutes ago at this IP (58.147.41.16). Details

အထက်က စာကြောင်းတွေကို ဂျီမေး စာမျက်နှာရဲ့ အောက်ဆုံးနားမှာ တွေ့နိုင်ပါတယ်။ အဲဒီမှာ ဒုတိယ စာကြောင်းက အနီရောင် ပြထားတဲ့ Details ဆိုတာကို နှိပ်ကြည့်ပါ။ ဂျီမေး ကုမ္ပဏီက ပို့ထားတဲ့ ဇယား တခု တွေ့ပါလိမ့်မယ်။

အဲဒီဇယားမှာ Location (IP Address) နဲ့ Date/Time ကို စစ်ကြည့်ပါ။

Location (IP Address) မှာ သင်ပုံမှန်လုပ်နေတဲ့ IP Address မဟုတ်ဘဲ တခြား IP Address တခု တွေ့ပီဆိုရင်။ ဒါမှမဟုတ် Date/Time မှာ သင်အီးမေးဖွင့်တဲ့ အချိန်တွေ မဟုတ်ဘဲ တခြား အချိန်တချိန်မှာ သင့်အီးမေးကို ဖွင့်ထားတာတွေ့ရင်။

သင့်ဂျီးမေးဟာ ကျိန်းသေပေါက် Hack ဟက်ခံနေရပီ ဆိုတာပါပဲ။

ရှောင်ရန်

ပတ်စ်ဝပ် (password) ချက်ချင်းပြောင်းပါ။
နောက် မြန်နိုင်သမျှ မြန်မြန် (asap) ဂျီမေး အကောင့်ကို ပြောင်းပါ။ Gmail သုံးသရွေ့ အမြဲတန်း Details ကို စစ်ကြည့်ဖို့ မမေ့ပါနဲ့။

ကိုယ်တိုင်ခံရသူတဦး



0 comments:

အပေါ်သို့