Thursday, May 27, 2010

၁၉၉၀ ရွေးကောက်ပွဲ နှစ်၂၀ ကြာ ဒီမိုကရေစီ ကင်းမဲ့ဆဲ HRW ဝေဖန်

ကျော်အောင်လွင် ဗုဒ္ဓဟူး, 26 မေ 2010

ဒီကနေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နဲ့ အနိုင်ရခဲ့တာ အနှစ် (၂၀) ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရကတော့ တိုင်းပြည်ရဲ့  အာဏာကို ဆုပ်ကိုင်ထားတာ နည်းနည်းပါးပါးမှ လျှော့မယ့်ပုံ မပြသေးဘူးလို့ Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ က မနေ့က ပြောလိုက်ပါတယ်။

ဒီနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာဟာ နှစ်ပေါင်း(၂၀) အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ လုပ်မှာဖြစ်ပြီး အရပ်ဝတ် အရပ်စားတွေ ပြောင်းပြီး စစ်တပ်ကပဲ အုပ်ချုပ်မယ့် ပုံပဲလို့လည်း Human Rights Watch အဖွဲ့က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက တိုင်းပြည်ရဲ့  အာဏာကို စစ်တပ်လက်ထဲမှာ မရှိစေချင်ဘူးဆိုတဲ့ မြန်မာပြည်သူတွေရဲ့  သဘောထားကို ရှင်းရှင်းလင်းလင်း ပြသခဲ့ကြပြီးပြီလို့ Human Rights Watch အဖွဲ့ရဲ့  အာရှရေးရာ လက်ထောက် ညွန်ကြားရေးမှုး (Elaine Pearson) က ပြောဆိုပါတယ်။

NLD ပါတီကတော့ စစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။ လက်ရှိ ဥပဒေတွေအရ NLD ဟာ နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားခဲ့ပါပြီ။

Ref: VOA News

0 comments:

အပေါ်သို့