Thursday, August 12, 2010

လူငယ်တွေ နိုင်ငံရေး လုပ်သင့်တဲ့အချိန်

မောင်ဝံသ


August, 12, 2010

လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုတယ်၊ လူငယ်တွေ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ် ရှိကြဖို့ လိုတယ် စသည်ဖြင့် ယနေ့ခေတ် နိုင်ငံရေး သမားတွေက ပြောနေ ကြတာဟာ အလကား အားအားယား ယားပြောနေတာ မဟုတ်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို တွေးပူမိလို့ ပြောနေ ကြတာပါ။ ဒီပြဿနာက တစ်နိုင်ငံ နှစ်နိုင်ငံ ပြဿနာ မဟုတ်ဘူး။ နိုင်ငံ အတော်များများမှာ ကြုံနေရတယ်လို့ သတင်းတွေထဲ ဖတ်လိုက်ရ ဖူးတယ်။

လူငယ်တွေ ရေသာခိုနေလျှင်

လူငယ်တွေ နိုင်ငံရေးစိတ်မ၀င်စားတဲ့ ပြဿနာဟာ ပေါ့သေးသေး မဟုတ်ဘူးဗျ။ ဒီ အတိုင်းသာ ဆက်သွားနေရင် တိုင်းပြည်ရဲ့ အနာဂတ် ကံဆိုး မိုးမှောင်ကျမယ့် ကိန်းပဲ။ နိုင်ငံရေး စိတ်မ၀င်စားဘူး ဆိုတာကို ဆန့်ကျင်ဘက် ယူလိုက်ရင် ကိုယ့်အရေး ကိုယ့်မိသားစု အရေး ကွက်ကွက် ကလေးပဲ စိတ်ဝင်စားတယ်လို့ အဓိပ္ပာယ် ပေါ်နေတာပေါ့ဗျာ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဘာတွေပဲ ဖြစ်နေနေ ကိုယ်နဲ့ ကိုယ့်မိ သားစုဘ၀ အဆင် ပြေနေရင် ပြီးရော ဆိုတဲ့စိတ် ဓာတ်တွေ လူငယ်တွေဆီမှာ ကိန်းအောင်း အမြစ် တွယ်နေရင် နိုင်ငံရေးကို စေတနာပါပါ အရည်အချင်း ရှိရှိနဲ့ လုပ်မယ့် လူကောင်း သူကောင်းတွေ ဘယ်လို ရနိုင်တော့မလဲ။

အရည်အချင်းရှိသူတွေက နိုင်ငံရေး၊ တိုင်းရေး ပြည်ရေးကို စိတ်မ၀င်စားဘဲ ကိုယ်နဲ့ မဆိုင် သလို နေကြရင် အရည်အချင်း မရှိသူတွေက အဲဒီ ကွက်လပ်ထဲ ၀င်နေရာ ယူကြတော့မှာပေါ့။ လူ့ အန္ဓ တွေရဲ့ အုပ်ချုပ်မှုကို နိုင်ငံရေး စိတ်မ၀င်စားဘူး ဆိုတဲ့ လူတွေ ကျေကျေနပ်နပ်ကြီး ခံကြပေါ့။ ဒါပေမဲ့ အဲသလို လည်းခံနိုင်ကြတာ မဟုတ်ဘူး။ စိတ်ဆင်းရဲစွာနဲ့ အတင်းအဖျင်း တွေပဲ ထိုင်ပြော နေကြမှာ မြင်ယောင် သေးတယ်ဗျာ။

Ref: ရန်ကုန်တိုင်းမ်

0 comments:

အပေါ်သို့