Friday, October 22, 2010

နေပြည်တော်ခရိုင်များတွင် တစည ပါတီ နှင့် ပြည်ခိုင်ဖြိုး ပါတီသာ အဓိက ယှဉ်ပြိုင်မည်

၂၀၁၀ ပြည့်နှစ် ၊ အောက်တိုဘာလ (၂၂) ရက

နေပြည်တော်ခရိုင် ရှစ်မြို့နယ် တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသာ အဓိက ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ချက်များ အရ သိရ ပါသည်။ နေပြည်တော် ခရိုင်ရှိ ရှစ်မြို့နယ်မှာ ဒက္ခိဏ သီရိ မြို့နယ်၊ ဇမ္ဗူ သီရိ မြို့နယ်၊ ဥတ္တရ သီရိ မြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဇေယျာ သီရိ မြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ လယ်ဝေး မြို့နယ်၊ တပ်ကုန်း မြို့နယ်တို့ ဖြစ်ကြ ပါသည်။

နေပြည်တော် ခရိုင်ရှိ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် များတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့မှ နေရာ အပြည့် ၀င်ရောက် ယှဉ်ပြိုင် ကြပြီး မဲဆန္ဒနယ် ရှစ်နေရာ အနက် ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် စသည့် မဲဆန္ဒနယ် ငါး နေရာတွင် အဆိုပါ ပါတီ များမှ လွှတ်တော် ကိုယ်စားလှယ်လောင်း များသာ ၀င်ရောက် ယှဉ်ပြိုင် သည်ကို တွေ့ရသည်။


ကျန်မဲ ဆန္ဒနယ် သုံးနေရာ ဖြစ်သည့် ပျဉ်းမနား မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ လယ်ဝေး မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ တပ်ကုန်း မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တို့တွင် အဆိုပါ ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း များအပြင် အမျိုးသားနိုင်ငံရေး 'မဟာမိတ်များ' အဖွဲ့ချုပ် ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း နှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်းတို့ ၀င်ရောက် ယှဉ်ပြိုင် ကြသည်ကို တွေ့ရှိရသည်။

(နေပြည်တော်) ပျဉ်းမနားမြို့နယ် နှင့် လယ်ဝေးမြို့နယ်တို့ ပါဝင်သည့် မန္တလေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီ တို့မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ (နေပြည်တော်) ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် နှင့် တပ်ကုန်း မြို့နယ်တို့ ပါဝင်သည့် မန္တလေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၀)တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ပါတီ တို့မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ၀င်ရောက် ယှဉ်ပြိုင်သည်ကို တွေ့ရသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးကျော်အေး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
ဦးသိန်းစိန် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးကြည်မြင့် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
ဦးကျော်စွာခိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်© Eleven Media
သီဟသူရ ဦးတင်အောင်မြင့်ဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ဦးလှရွှေ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဌေးဝင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ဦးတင်အေး (တစ်သီးပုဂ္ဂလ)
ဦးမြင့်ဦး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဉာဏ်ရွှေ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
ဦးလှမြင့်ဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ဦးသိန်းလွင် (အမျိုးသားနိုင်ငံရေး 'မဟာမိတ်များ' အဖွဲ့ချုပ်ပါတီ)

ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးမြဟန် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
ဦးမြင့်လှိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးမောင်ဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ဦးဝမ်းမောင် (တစ်သီးပုဂ္ဂလ)
ဦးသန်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၉)
ဦးစိုးတင့်အောင် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
ဦးမှတ်ကြီး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတ)ီ
ဦးရန်အောင်မင်း (ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ)

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၀)
ဦးခင်မောင်ဌေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ဦးမြင့်ဦး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
ဦးအောင်ဇော်ဦး (ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ)

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးချစ်စိန် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
သူရဦးရွှေမန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

Ref: ဟံသာဝတီ

0 comments:

အပေါ်သို့