Tuesday, January 10, 2012

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​ စက်ရုံ ဖျက်သိမ်း

January 9, 2012
ရွှေအောင်

ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာ ပါဝင်တဲ့​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​ စီမံကိန်း​ကို အစိုး​ရက ဖျက်သိမ်း​လိုက်ပါပြီ။

မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ ဒီစီမံကိန်း​ကို ဖျက်သိမ်း​လိုက်တဲ့​အ​ကြောင်း​ တနင်္လာ​နေ့​ မနက်ပိုင်း​၊​ ရန်ကုန်မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အမှတ် ၂ လျှပ်စစ်ဝန်ကြီး​ ဦး​ခင်​မောင်စိုး​က ​ပြောကြား​လိုက်တာပါ။

ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာ ပါဝင်တဲ့​ ဒီ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံက ထုတ်လုပ်မယ့်​ ကာဗွန် ပမာဏ ဟာ ထိုင်း​တနိုင်ငံလုံး​ ထုတ်လုပ်တဲ့​ ကာဗွန်ပမာဏရဲ့​ ထက်ဝက်ရှိလို့​ အနီး​အနား​နေ ​ဒေသခံ​တွေ ကျန်း​မာ​ရေး​နဲ့​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​နိုင်တဲ့​အ​ကြောင်း​ မီဒီယာ​တွေက ဝိုင်း​ဝန်း​ထောက်ပြ ​ရေး​သား​ခဲ့​ကြပါတယ်။


ပြီး​ခဲ့​တဲ့​ ဇန်နဝါရီ ၄ ရက်​နေ့​ကလည်း​ ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​ရေး​အဖွဲ့​က အဲ့​ဒီ ​ကျောက်မီး​သွေး​စက်ရုံ တည်​ဆောက်ရင် ဖြစ်​ပေါ်လာ နိုင်တဲ့​ ဆိုး​ကျိုး​တွေအ​ကြောင်း​ ​ဒေသခံ​တွေကို အသိ​ပေး​ကန့်​ကွက်တဲ့​ လှုပ်ရှား​မှု ​မောင်း​မကန် ကမ်း​ခြေမှာ ပြုလုပ်ခဲ့​ပါ​သေး​တယ်။

မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ စက်ရုံမ​ဆောက်​တော့​တဲ့​အ​ပေါ် ထား​ဝယ်​ဒေသဖွံ့​ဖြိုး​ရေး​အဖွဲ့​က တာဝန်ရှိသူတဦး​က သူတို့​ကြား​တဲ့​သတင်း​နဲ့​ အခုလို သုံး​သပ်​ပြောပါတယ်။

“​ကျောက်မီး​ သွေး​စက်ရုံ​တော့​ လုပ်​တော့​ လုပ်မယ်​ပေါ့​နော် ၄၀၀။ ၄၀၀ ကို​တောင် သူတို့​က စဉ်း​စား​နေတုန်း​ပဲတဲ့​။ အဲဒါ လက်ခံ ရမလား​ လက်မခံရဘူး​လား​ ဆိုတာကို။ အခု ၄၀၀၀ နဲ့​ စာရင်​တော့​ ၄၀၀ က​တော့​ ဆယ်ဆ သက်သာ သွား​တာ​ပေါ့​နော်။ ဒါ​ပေမယ့်​ အခု အဲဒါကို ကျ​နော်တို့​က ဆက်ပြီး​ ​ဆွေး​နွေး​ဦး​မှာ ဒီအဖွဲ့​ဝင်​တွေက ဆက်ပြီး​တော့​ အဲ့​ဒီအ​ပေါ်မှာ ဘယ်လို သ​ဘောထား​သလဲဆိုတာ။ အခုမှ အဲဒါဟာ ကြား​ခါစပဲ ရှိ​သေး​တယ်။ အခု ကျ​နော် ကြား​သ​လောက်က အဲဒီ ၄၀၀ မဂ္ဂါဝပ်မှာ ထား​ဝယ် ၄ မြို့​နယ်ကိုလည်း​ သူက မီး​ပေး​မယ်လို့​ ​ပြောထား​တယ်။ ဆယ်ဆ သက်သာတာဆို​တော့​ အများ​ကြီး​ ဆယ်ပုံတပုံ​တော့​ ရင်ထဲက ခံစား​ချက်​တွေ ​ပေါ့​သွား​တာ​ပေါ့​ဗျာ။”

ပြီး​ခဲ့​တဲ့​ စ​နေ၊​ တနင်္ဂ​နွေ​နေ့​တုန်း​က ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ကို လာ​ရောက် ​လေ့​လာခဲ့​တဲ့​ ထိုင်း​အစိုး​ရ ဝန်ကြီး​တွေပါ အဖွဲ့​ထံ ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​ရေး​အဖွဲ့​က ​ဒေသခံ​တွေရဲ့​ ရင်ဖွင့်​စာကို ​ပေး​အပ်ခဲ့​ပါ​သေး​တယ်။ ဒီစာထဲမှာ ဒီဆိပ်ကမ်း​ စီမံကိန်း​ကြောင့်​ ​ဒေသခံ​တွေရဲ့​ စိုး​ရိမ်ပူပန်မှုနဲ့​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​ ဆုံး​ရှုံး​နိုင်တာ​တွေကို ​ဖော်ပြခဲ့​ပါတယ်။

ဒီ​နေ့​ထုတ် ဘန်​ကောက်ပို့​စ် သတင်း​စာထဲမှာ​တော့​ ထား​ဝယ်​ရေနက် ဆိပ်ကမ်း​နဲ့​ ပတ်သက်ပြီး​၊​ ​ဒေသခံ​တွေက ထိုင်း​အစိုး​ရထံ အိတ်ဖွင့်​ပေး​စာ ​ပေး​ပို့​ ​တောင်း​ဆိုခဲ့​ကြတယ်လို့​ ​ဖော်ပြထား​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့