Tuesday, June 26, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တွေ့ဆုံမည်

2012-06-25

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ခေတ္တရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန် စံတော်ချိန် တနင်္လာနေ့ ညနေပိုင်းမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂေါ်ဒန် ဘရောင်းနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ခရီးစဉ်တွေ စီစဉ်ဆောင်ရွက်နေတဲ့ ဦးခွန်သာမြင့်က RFA ကို အတည်ပြု ပြောဆိုပါတယ်။


မနက်ဖြန် အင်္ဂါနေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ဟာ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့ မှာ ပြင်သစ် နိုင်ငံကနေ မြန်မာပြည်ကို ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ (၂) ရက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဗြိတိန်နိုင်ငံက မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့