Monday, March 18, 2013

စစ်တန်းလျားဆောက်ဖို့ သိမ်းခဲ့တဲ့မြေတွေ ကို ပြန်ရဖို့ ဒေသခံတွေ တောင်းဆို

2013-03-17

ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်က တပ်မတော် (ရေ) စစ်တန်းလျား ဆောက်လုပ်ဖို့အတွက် တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင် ရပ်ကွက်ကနေ ပြောင်းရွှေ့ပေးခဲ့ရတဲ့ ဒေသခံတွေဟာ မူလနေရာကို ပြန်ရရှိဖို့ အတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

မြန်မာ့ဂုဏ်ရောင် ရပ်ကွက်ကနေ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ပြောင်းရွှေ့ခဲ့ရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် မူလနေရာကို ပြန်ပေးစေချင်တယ်လို့ ပြောင်းရွှေ့ ခံခဲ့ရသူတစ်ဦးက ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

" ကျွန်တော်တို့ ရပ်ကွက်က ၇၆ ခုနှစ်က မီးလောင်လို့ ဝန်ကြီး ဦးမြတ်မင်းကိုယ်တိုင် ပြန်ချထားတဲ့ နေရာဖြစ်ပါတယ်၊ ကျူးကျော်နေထိုင်တာမဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ မြေမှာ ရှာလို့ ဖွေလို့လည်းကောင်းတယ်၊ ကျွန်တော်တို့နဲ့လည်း အဆင်ပြေတယ်၊ ကျွန်တော်တို့က ပွင့်ကောင်း ငံပိငန်ပြာရည် စက်ရုံကဆင်းရတဲ့အတွက် အဲ့စက်ရုံနဲ့ ကျွန်တော်တို့ရပ် ကွက်နဲ့က နီးနီးလေး၊ ဒီနေရာမှာ ကျွန်တော်တို့ ပြန်ရမှ ကျွန်တော်တို့ အဆင်ပြေမှာလေ လျှော်ကြေးယူချင်လို့ မတင်တကာ လုပ်တာမဟုတ်ပါဘူး၊ ယခုအချိန်ထိ နှစ်ပေါင်းနှစ်ဆယ်နီးပါး ဒုက္ခတွေ ပင်လယ်ဝေခဲ့ရတယ်"

ဒေသခံတွေကို ဝါဝါဝင်းကုမ္ပဏီက ပြောင်းရွှေ့ခိုင်းခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ပြည်သူ့ကွန်ရက်နဲ့ အမှန်တရား ဖော် ထုတ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမြတ်ကျော်က ဖြည့်စွက် ဆွေးနွေးခဲ့ပါသေးတယ်။

အဲဒီရပ်ကွက်တွေကို ဖျက်သိမ်းစဉ်က တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့ စနစ်ကို အကြောင်းပြပြီး သိမ်းယူခဲ့တာပါ။

ပြန်လည်နေရာ ချပေးခဲ့တဲ့အခါ ဒေသခံတွေ တိုက်ပေါ်မတင်ပေးဘဲ ဒဂုံဆိပ်ကမ်း၊ ၈၈ ရပ်ကွက်ကို ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကို ဖယ်ရှား ပြောင်းရွှေ့ခံခဲ့ရတဲ့ ဒေသခံ (၃၀၀) ကျော် တက်ရောက် ရှင်းလင်းခဲ့ကြပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့