Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Monday, April 25, 2011

အစိုးရသစ်နှင့် ကီးဘုတ်မပါသော ကွန်ပြူတာများ

မင်းသူ
ဧပြီ ၂၅ ရက် ၂၀၁၁

မြန်မာပြည်၏ အစိုးရသစ် လက်ထက်တွင် နောက်ဆုံးပေါ် ကီးဘုတ်မပါသော desktop computer များ အသုံးပြုနေကြောင်း သိရှိရပါသည်။ ထို desktop computer များအား အစိုးရသစ်၏ ထိပ်ပိုင်းခေါင်းဆောင် များသာ အသုံးပြုကြကြောင်းလည်း သိရှိရပါသည်။

ကီးဘုတ်မပါပဲ ဘယ်လိုသုံးပါသလဲဟု အစိုးရအဖွဲ့ ဝင် ဝန်ကြီးတဦးအား မေးမြန်းကြည့်ရာ “ဘယ်လိုမှ သုံးလို့ မတတ်ပါဘူး ဘောပင်နဲ့ စာအုပ်ကိုပဲ အသုံးပြုနေရတယ်” ဟု ဖြေကြားပါသည်။



နောက်ဆုံးပေါ် ကီးဘုတ်မပါသော desktop computer ရှေ့တွင် ဘောပင်နှင့် စာရွက်ကိုသာ
အသုံးပြုနေကြသော အစိုးရသစ် နေပြည်တော် ဝန်ကြီးများ

အစိုးရသစ်၏ ဒု-သမတဖြစ်တဲ့ ဦးသီဟသူရတင်အောင်မြင့်ဦးကတော့ “အေးဗျာ ကီးဘုတ်လည်း မပါဘူး၊ မောက်စ်လည်း မပါဘူး၊ အဲဒါ ဘယ်လိုသုံးရမှန်း မသိလို့ ကျုပ်တို့ကတော့ ကိုင်တောင် မကိုင်ကြည့်ပါဘူး။ အဲ… ဒါပေမယ့် ကောင်းတာကတော့ computer တွေက ပြောင်လတ်နေတော့ ကျနော်တို့ မှန်ကြည့်လို့ ရတာပေါ့ဗျာ” ဟု ရီသွမ်းသွေး၍ ဖြေသွားကြောင်း သိရှိရပါသည်။

ကြေးမုံသတင်းစာတိုက်မှ တာဝန်ရှိသူ တဦးကလည်း “တကယ်တော့ ဒီ computer တွေ ဝန်ကြီး ဆိုသူတွေက ရုပ်ပြတွေဗျ။ အစည်းအဝေးဆိုတာကလည်း ဟန်ပြပါပဲ.. ပြည်သူလူထုကို လှည့်စားနေတာပေါ့.. ဒါကြောင့် ကျနော်တို့ကလည်း အမြင်ကပ်ကပ်နဲ့ ဒီအတိုင်း တင်ပေးလိုက်တာပေါ့ဗျာ” ဟု ဆိုပါကြောင်း သတင်းရရှိပါသည်ခင်ဗျာ။


...........

Read More...

Thursday, March 10, 2011

မိန်းမဖြစ်သွားသော ယေင်္ကျားများနှင့် ယောင်္ကျားဖြစ်သွားသော မိန်းခလေး

ရဲသူ ၊
မတ်လ ၁၀ ရက် ၂၀၁၁

ဂင်းနစ်စံချိန် မဝင်ပေမယ့် မြန်မာနိုင်ငံမှာ ထူးထူးဆန်းဆန်း ဖြစ်စဉ်တွေ နေ့စဉ်ရက်ဆက် ဆိုသလို တွေ့နေရပါတယ်။

၂၀၀၅ ခုနှစ်က ဖြစ်ခဲ့တာဆိုပေမယ့် ဒီကနေ့မှာတော့ Youtube တို့ Facebook တို့မှာ တင်ထားတဲ့ ဗွီဒီယိုတခုမှာ မြန်မာနိုင်ငံက မိန်းမ စင်စစ်ကနေ ယောင်္ကျားဘဝကို ပြောင်းလဲသွားတဲ့ အကြောင်းကို တွေ့ရမှာပါ။ ထိုမိန်းခလေးသည် လှိုင်သာယာမြို့နယ် ၈ ရက်ကွက် ပဒေသာ ၆ လမ်းက ဦးကျော်ဌေး ဒေါ်ကြည်ကြည်ဝင်းတို့၏ သမီး ဖြစ်ပြီး မသင်းစန္ဒာကနေ မောင်သိန်းစိန် အဖြစ် အမည်ပြောင်းလဲ သတ်မှတ် ခဲ့ပါတယ်။ (အောက်ပါ ဗွီဒီယိုကိုကြည့်ပါ။ )



ဒီထက်ထူးဆန်းတဲ့ သတင်းတွေကတော့ အခုတလော အထူးအဆန်း ဖြစ်နေကြတဲ့ ယောင်္ကျားဘဝကနေ မိန်းခလေး ဘဝကို အုပ်စုလိုက် ပြောင်းလဲသွားတဲ့ သတင်းဖြစ်ပါတယ်။ ထိုသူများဟာ နဂိုကတည်းက မိန်းမစိတ် ရှိခဲ့ကြပြီး ယောင်္ကျားယောင် ဆောင်နေခဲ့ကြတာလို့ အများစုက ဆိုပါတယ်။ အခုခါမှာတော့ ဖုံးမနိုင် ဖိမရဖြစ်ပြီး အားလုံးစုံညီ တိုင်ပင်ပြီးနောက် မိန်းမလိုသာ ဝတ်ဆင်ကြတော့ရန် သဘော တူခဲ့ကြပါတယ်။

ထိုသူများအား မသန်းရွှေ၊ မအေး၊ မသိန်းစိန်၊ မတင်အောင်မြင့်ဦး၊ မရွှေမန်း နှင့် ၎င်းတို့၏ အပေါင်းပါ တစုတို့ ဖြစ်ကြောင်း သိရပါတယ်။

ဟိုတအုပ်မှာ ဒီတအုပ်မှာ မျက်နှဖုံးတွေနဲ့ စာမျက်နှာ
..... ကို့ရို့ကားယား... အိုး....(မျိုးကြီးသီချင်း)

ခေတ်မှီတဲ့ မိန်းမပေါ့ဗျာ

မိန်းမတို့ အိနြေ္ဒ

ယားနေတဲ့သူလည်းရှိသေး

ဖုံးမရ ဖိမရ ဒီလိုဖြစ်ခဲ့ကြရတယ်


....

Read More...

Tuesday, January 11, 2011

ဇိမ်ခံကားနှင့် ဥက္ကဌ

အမျိုးသမီးကြီးတစ်ယောက် ဟာ ဇိမ်ခံကားကြီး တစ်စီး ဈေးကြီးကြီး
ပေးဝယ်လိုက်တယ်..။

နှစ်ရက်လောက် အကြာမှာတော့ ရေဒီယို ကတ်ဆက် အလုပ် မလုပ်တော့ လို့ ကုမ္ပဏီ ကို
သွားပြီး တိုင်တယ်..။

အရောင်းမန်နေဂျာက...
"....ကျွန်တော်တို့ ကားရဲ့ ရေဒီယိုက အလိုအလျှောက် စနစ် တပ်ထားတဲ့စက်ပါ...
ခင်ဗျားနားထောင် ချင်တဲ့ သီချင်း ဒါမှ မဟုတ် အဆိုတော် ကို ပါးစပ်ကနေ ရွတ်လိုက်ရင်
အလိုအလျှောက် ဆိုပေးပါလိမ့်မယ်..........""

အမျိုးးသမီးကြီး ကားမောင်းထွက် သွားပြီး ပါးစပ်နေရေရွတ်လိုက်တယ်
" ... သိန်းတန်..."
ရေဒီယိုက အသံကြားလိုက်ရတယ်

"...မြန်မာပြည် ..လား....တံွေ တး ...လား... "

အမျိုးသမီးက တွံတေးသိန်းတန် လို့ ပြောလိုက်တာ့ တွန်တေးသိန်းတန်
သီချင်း ထွက်ပေါ်လာတယ်... သူမနှစ်ချိုက်သွားတယ်..။

ဒါနဲ့ ကား ကို အရှိန်မြှင့် မောင်းရင်း နားဆင်ရင်း စက်ကို စမ်းရင်းပေါ့
ကိုင်ဇာလို့ ပြောလိုက်တာ့ ကိုင်ဇာ သီချင်း ထွက်လာတယ်......

အဆိုတော် တော်တော် များများပြောကြည့်တယ် အကုန် ရတယ်
အပျော်လွန်ပြီး မီးပွိုင့်မှာ မီးနီ ဖြတ်လိုက်မိတယ်..

သိလိုက်တဲ့အချိန်မှာ မော်တော် ပီကယ် တစ်စီး သူ့မနောက် လိုက်တာတယ် သူမကားကို
ရပ်ပေးလိုက်ပြီး

ပါးစပ်ကနေရေရွတ်လိုက်မိတယ်....။
""....Shit! Stupid. !...."" (သေစမ်း..ငတုံး)

ရေဒီယိုက အသံထွက်လာတယ် ""..နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကာင်စီ ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊
ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည်

ဒီနေ့မနက်.....................................။"

Read More...

Wednesday, January 5, 2011

ငါးစီးရှင်ကျောက်ဆည်၏ ကာချင်း

January 05, 2011


(နိဒါန်း)
ကျွန်ုပ်ကို လူထုက ဘုရင်ရူး၊ မင်းတြားရူး၊ မယားကြောက်ရူး၊ အာဏာရူး၊ ယတြာရူး။ ပါဝါရူး၊ ဥစ္စရူး စသဖြင့် အရူးပဒေသာ ဘွဲ့ကို ပေးအပ် ထားရုံ သာမက ပေါတာကြီး၊ မြုံစိစိနဲ့ ထုံပေပေကြီး လူရမ်းကားကြီး စသဖြင့်လည်း ထောပနာ ပြုကြပေသည်။ ကျွန်ုပ်သည် စစ်တိုက်ဖို့နဲ့ လွှတ်မိုက်ဖို့ပဲ သိသူအဖြစ် ထင်ရှားလင့်ကစား ကျွန်ုပ်၏ ရင်တွင်းဝယ် အနုပညာ စိတ်လည်း ကိန်းအောင်း နေပေသည်တမုံ့။ အားလပ် ချိန်များတွင် ဂိမ်းကစားခြင်း၊ ကြွက်နှင့်ကြောင် ကာတွန်းကားကို တရှိုက်မက်မက် ကြည့်ရှု အားပေးခြင်း သာမက ရံဖန်ရံခါ တေးသီချင်း ရေးစပ် ခြင်း စာကဗျာ ရေးစပ်ခြင်းကိုလည်း ၀ါသနာ ထုံကြောင်းကိုကား သိသူ အလွန် နည်းပေသည်။

ကျွန်ုပ်သည် မကြာတော့သော အချိန်ကာလတွင် ဘ၀နေ၀င်ချိန်ရောက်ရှိတော့မည့် အဖြစ်ကို ကစင့်ကလျား သတိ ပြုမိခြင်းနှင့် အတူ မင်းတြားကြီး အဖြစ်မှ မကြာမီ သိုးဆောင်း စကားဖြင့် (ရီတိုင်းယာ) ခေါ် အနားယူ အနိုင် ပိုင်းတော့မည်ဟု ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ပေသည်။

အလျဉ်းသင့်၍ ဖေါ်ပြရလျှင် ကျွန်ုပ် ဤလောကမှ အနားယူသင့်ပြီ မှန်သော်လည်း ကျွန်ုပ်ဖြစ်ချင်သော အရာ တခုက ရှိနေပေသည်။ ယင်းမှာ ကျွန်ုပ်သည် ဆင်ဖြူငါးစီးကို ပိုင်ဆိုင် ထားလင့်ကစား ဆင်ဖြူခြောက်စီး သာ ပိုင်ဆိုင်ခဲ့သော် ရှေးရှေး မင်းတို့ ထက် သာလွန်အောင် ခြောက်စီးရှင် မင်းတြားကြီး ဟု သမုတ် ခေါ်ဝေါ် ခံလိုခြင်း ဖြစ်ပေသည်။ ပမာပြရသော် အကယ်ဒမီ ငါးဆု ရထားသူက ၆ ဆု ရယူလိုသည့် ဆန္ဒကဲ့သို့ သာတည်း။ ကျွန်ုပ်ကို အများ က “ခြောက်စီးရှင် မင်းတြားကြီး” “ခြောက်စီးရှင် မင်းတြားကြီး” ဟု ခေါ်ဝေါ်ခဲ့သော် မည်မျှ နားဝင် ချိုပေမည်နည်း။ မည်မျှ နားအရသာ ရှိပေမည်နည်းဟု “ခြောက်စီးရှင် မင်းတြားကြီး” ဘ၀ကို ဖြစ်လိုသည့် အာသီသ ရှိကြောင်းကို ၀န်ခံလိုပေသည်။ (စကားချပ်)

ရှိစေတော့..။ “ခြောက်စီးရှင် မင်းတြားကြီး” ဖြစ်မို့ ဆိုသည်မှာ မျှော်လင့်ချက် အလွန်နည်းပေသည်။ ရာဇ၀င်တွင် ငါးစီးရှင် မင်းတြားတို့သည် ငါးစီး ပိုင်ဆိုင်ပြီး မကြာမီ ထီးနန်း စွန့်ရသူချည်း ဖြစ်ပေရာ ကျွန်ုပ်လည်း ထီးနန်း စွန့်ရတော့မည့် အဖြစ်ကို သဘာဝ ကျကျ နားလည် လက်ခံထားပြီး ဖြစ်ပေသည်။

ထိုသို့ ထီးနန်းမစွန့်ခင် ကျွန်ုပ် အကြောင်းကို နောင်လာနောင်သားများ ပြောဆိုကြရာတွင် “ငါးစီးရှင်ကျော်စွာ” သည် ကာချင်း များကို ရေးသား ခဲ့သလို “ငါးစီးရှင် ကျောက်ဆည်” သည်လည်း ကာချင်းများ ရေးသား ခဲ့ပေသည် ဟု သမိုင်း တွင်ချင်သဖြင့် ကျွန်ုပ်သည် ကဗျာများကို လေ့လာ ဖတ်ရှုကာ ကာချင်းများ ရေးသား နိုင်အောင် အားထုတ် ခဲ့ ပေသည်။ ပင်းယခေတ်တွင် ကာချင်း ပေါ်ခဲ့သလို မင်းရွ ခေတ်တွင်လည်း ကာချင်း ပေါ်ခဲ့ချင်ပေသည်။ ထို့ကြောင့် ကျွန်ုပ်ကြိုးစား အားထုတ်ခဲ့ပါသည်။

မင်းရွခေတ် ငါးစီးရှင် ကျောက်ဆည်မင်း ရေးသားသော ကာချင်းကို အောက်ပါအတိုင်း မှတ်တမ်းတင် အပ်ပါသည်။ အယ်ဒီတာ မင်းတို့ ဖေါ်ပြကြ ပါကုန်။ (စာမူခလည်း ပေးကြပါကုန်။ ဤကား စကားချပ်-ဟီဟိ)

ကာချင်းကို ရွတ်ဆိုရာတွင် ဇာတိမာန် တက်ကြွအောင် ရှေးက လက်တဖက်က ကာကို ကိုင်၍ အခြားလက်တ ဖက်တွင် ဓါး၊ လှံကို ကိုင်ကာ သီဆိုခဲ့ပေရာ ရဲတော်တို့က သေနတ်ကိုင်၍ သီဆိုကြပါကုန်..။


မင်းရွေခေတ်-- ငါးစီးရှင် ကျောက်ဆည်၏ ကာချင်း


ချာဝတိံသာ နန့်ရွာလော ငရဲရွာလော ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး

ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး

ကြပ်ပြေးဟူသည် ပူသည်ပူသည်။

ကြပ်ပြေးနေပြည် ပူအိုက်နေ ကာရာအိုကေ အရက်ပေါကြွယ်

စစ်ဗိုလ်မူးမူး ခွေးကမြူး ဖုန်ထူဖာပေါတယ် ဖာပေါတယ်

ညချမ်းခါကို ပါတီဆို ခွက်ပုန်းမော့ကြမယ် မော့ကြမယ်

လျှပ်စစ်မီးဆို ထိန်ထိန်ပို တို့တွေ ပျော်ကြတယ် ပျော်ကြတယ်

တပ်မတော်နေ့ဆို ကညာပျို မော်ဒယ်မလေးရယ် မလေးရယ်

ကမြူးဟစ်ခုန် ကဲကြပုံ တော်သလင်းလသို့နှယ် လသို့နှယ်။

စုကြ၀ိုင်းအုံ ကတော်စုံ ပိုကာဆွဲကြတယ် ဆွဲကြတယ်။

သားနှင့်မြေးစုံ ပျော်ကြပုံ ရာဘဆေးချတယ် ဆေးချတယ်။

မကောင်းလော မသိလော မတွေ့လော..။

တိုင်းပြည်တွင်းမှာ ဆူသည် ဆူသည်။

မုန်းတိုင်းတိုက်လေ ရေကြီးလေ လူတွေသေကြတယ် သေကြတယ်။

မြို့ရွာအနှံ့စုံ မကြာမကြာကို အလွန် ဗုံးပေါက်တယ် ဗုံးပေါက်တယ်။

သွေးလွန်တုပ်ကွေး ကြက်တုပ်ကွေး လူနာတွေပေါကြွယ်

ဝမ်းလျှောဖျားနာပုံ ရောဂါစုံ အလွန်ထိတ်လန့်ဖွယ် ထိတ်လန့်ဖွယ်

သူခိုးဓါးပြစုံ ခါးပိုက်နှိုက် အစုံ လူလိမ်တွေပေါကြွယ် အလွန်ပေါကြွယ်

ဘုန်းကြီးဆွမ်းခံ မြင်ရပြန် လှူရန် ရှားလှတယ် ရှားလှတယ်

မြို့ရောတောမကျန် မီးကမမှန် မှောင်နဲ့မည်းမည်းရယ် မည်းမည်းရယ်

စားနေ၀တ်ဒဏ် အလူးအလဲခံ ထမင်းရည်သောက်ကြတယ် သောက်ကြတယ်

မကောင်းလော မသိလော မတွေ့လော..။

ရွေးကောက်ပွဲမှာ လိမ်သည် လိမ်သည်

ရွေးကောက်ပွဲသံ ဆူညံညံ လူတွေရယ်ကြတယ်။

ချော့ခြောက်ပေးဘုန်း မဲစည်းရုံး ကြံ့ဖွတ်လုပ်နေတယ် လုပ်နေတယ်

လမ်းတ၀က်ခင်းကာ မဲထည့်ပါ မဲရမှလမ်းခင်းပေးမယ် ခင်းပေးမယ်

မဲပေးကြလျှင် ဗလီပင် ယခုပင် ဆောက်ပေးမယ် ဆောက်ပေးမယ်

မဲမပေးလျှင် သိစေချင် အလုပ်တွေ ဖြုတ်ပစ်မယ် ဖြုတ်ပစ်မယ်

မဲမပေးကြရန် အတိုက်အခံ ပြောရင် ဖမ်းချုပ်မယ် ဖမ်းချုပ်မယ်

လမ်းခွဲထွက်သွား ဒီမိုသမား ညစ်သမျှ ခံရတယ် ခံရတယ်

ကြံ့ဖွတ်ဆိုလျှင် လူတိုင်းချဉ် မိုက်ရင်မဲပေးကွယ် မဲပေးကွယ်

မလိမ်လော မညာလော မညစ်လော

တို့တိုင်းပြည်ရွာ တို့မြန်မာတို့ စစ်ကျွန်ဖြစ်ကာ မစည်းရုံးပါ၍ ခံရသည်ချည်း ခံဖက်တည်း။


ငါးစီးရှင် ကျောက်ဆည်



Read More...

Monday, September 20, 2010

ဦးနှောက်ဟင်း

သတင်း ထောက် တယောက် ဆောင်းပါးရေးရန် လမ်းပြနှင့်အတူ လူသားစား လူရိုင်းများ နေထိုင်ရာ ဒေသကို ရောက်လာသည်၊၊ လမ်းပြက ပြောလိုက်သည်။

“ရှေ့မှာ ထမင်းဆိုင် ရှိတယ်။ ထူးထူးဆန်းဆန်း ဟင်းတွေ ရတတ်တယ်၊”

သတင်းထောက်ဆိုင်ထဲ ၀င်လိုက်သည်၊ ကောင်တာရှေ့တွင် ကြော်ငြာ သင်ပုန်းတစ်ချပ် ထောင်ထားသည်။

ယနေ့အထူးဟင်းလျာ ဦးနှောက်ဟင်းများ

ဆရာဝန် ဦးနှောက် ၅၀ သား - ၅၀၀၀ ကျပ်

ရှေ့နေ ဦးနှောက် ၅၀ သား - ၆၀၀၀ ကျပ်

ကျောင်းဆရာ ဦးနှောက် ၅၀ သား - ၇၀၀၀ ကျပ်

ကြံ့ဖွံ့ဦးနှောက် ၅၀ သား - ၄၀၀၀၀ ကျပ်

သတင်းထောက်က တအံ့တသြမေးမိသည်။ “ကြံ့ဖွံ့ ဦးနှောက်က တော်တော် စားကောင်းသလား။”

မြန်မာစကားတတ်သော ဆိုင်ရှင်က ၀င်ဖြေလိုက်သည်။

“မဟုတ်ပါဘူး၊ ၅၀ သား ပြည့်ဖို့ ကြံ့ဖွံ့တွေ အများကြီး သတ်ရလို့ပါ။”

Read More...

Friday, April 23, 2010

ဟန်တလုံးပန်တလုံးနဲ့ ခေတ်မီသယောင် ဟန်ဆောင်နေကြတဲ့ နအဖ လူကြီးမင်းများ၏ ဟာသ

၂၀၁၀ ဧပြီ ၂၃ သောကြာနေ့





ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးလုပ်နေကြတဲ့ ကော်မရှင်အဖွဲ့ဝင်လူကြီးမင်းတွေဟာ နောက်ဆုံးပေါ် ကွန်ပြူတာ မော်နီတာ LCD ဖလက်တွေ တယောက်တလုံးစီနဲ့ ရှေ့မှာရှိုးပြထားရုံသာ ပြထားပြီး သူတို့ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုး မှာကြားတဲ့ မှာကြားချက်တွေကိုတော့ မှတ်စုစာအုပ်တွေနဲ့သာ ခေါင်းငုံ့ပြီး လိုက်လံမှတ်သားနေတာကို ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ အထက်ပါပုံအတိုင်း အထင်အရှားတွေ့မြင်နိုင်ပါတယ်။

Read More...

Tuesday, September 22, 2009

ချီးတုံးကို ကိုယ်းကွယ်သူများ

September 21, 2009


ကိုရီးယားရုပ်ရှင်တွေနိပ်စက်ထားတဲ့အတွက် အအိပ်ပျက် အစားပျက် ဖြစ်နေတဲ့ ပေါတာကြီးဟာ ကျန်းမာရေး ထိခိုက် တော့တာပေါ့။ သူ့ကျန်းမာရေးကို သူစိုးရိမ်လာတယ်။ သူ့ဝမ်းကို သူနေ့တိုင်း စစ်နေတယ် ဆိုတာကို ဆရာဝန်က တဆင့် ကြားတော့ အောင်သောင်း မောင်သောင်း၊ မောင်အေး၊ ရွေမန်း၊ ကျော်ဆန်းနဲ့ ခင်ရီတို့ တသိုက်ဟာ သန်းရွှေအိမ် ကို မိုးလင်းတာနဲ့ မယောင်မလည်နဲ့ ရောက်နေကြတယ်။ ပေါတာကြီးဝမ်းကို အပြိုင်အဆိုင် စစ်ဆေးကြသတဲ့။ သူ့ထက်သူ သာသွားမှာလည်း စိုးကြပုံရတယ်။ အောင်သောင်းက.....

“တပ်ရှုပ်ကြီး ၀မ်းကို ဒီလို ရေအိမ်မှာ မသွားပါနဲ့ ဂန်ဖလားထဲမှာပဲ သွားပါ။ ဆရာဝန်တိုင်း မယုံရဘူး။ ကျနော်လည်း ဘိန္ဓောလေး ဘာလေး နားလည်ပါတယ်။ မနက်တိုင်း ကျနော် စစ်ပေးပါမယ်။ ”

ဒါနဲ့ ပေါတာကြီးလည်း ဂန်ဖလားထဲမှာပဲ ၀မ်းကို သွားလိုက်တယ်။ သန်းရွှေကြီး မစင်ပုံကို အောင်သောင်းက တုတ်တချောင်းနဲ့ ဟိုမွှေ ဒီမွှေ လုပ်နေတယ်။ ဒီအခါ မောင်အေးကလည်း အားကျမခံ- စုံထောက် ရှားလော့ဟုမ်း သဲလွန်စကို လိုက်သလိုမျိုး လေးဖက် ထောက်ပြီး ဂန်ဖလား နား အသေအချာ ကပ်ကြည့်လိုက်တယ်။ ခပ်ပြင်းပြင်း တချက် ရူလိုက်ပြီး -

“အင်း အနံ့ကတော့ မဆိုးဘူးလို့ မှတ်ချက်ချတယ်။” ဒီအခါ ရွှေမန်း ကလည်း ...

“မှန်း ကျနော် ကြည့်ပါရစေ”

ပြီးတော့မရွံ မရှာ ချီးတုံးကို လက်နဲ့ဇတ်ကနဲ ကောက်ကိုင်လိုက်တယ်။ လေးနက်တဲ့အသွင်နဲ့......

“၀မ်းက မဆိုးပါဘူး။ မာသားပဲလို့”

ပေါတာကြီးကို မျက်နာ လုပ်လိုက်တယ်။ သန်းရွှေကြီးလည်း သူတပည့်တွေ သူ့အတွက် ပူနေတာကို ကြည့်ပြီး အားရတော် မူသတဲ့။ သန်းရွှေကြီးက မောင်အေးနဲ့ ရွှေမန်းကို ကြည့်ပြီး ပြုံးတော်မူတော့ အောင်သောင်းဟာ အနေရ ကြပ်သလို ခံစားလာရတယ်။ သူက ငယ်စဉ်က အလွန် နုံချာတယ်ဆိုပဲ။

အိမ်ကြိုအိမ်ကြား ကြီးလာရတယ်။ လူတကာရဲ့ အနှိပ်စက် ခံလာရတဲ့ အတွက် သိမ်ငယ် စိတ်တွေက ရင်ထဲမှာ တသိမ့်သိမ့်နဲ့ လှုပ်ရှား လာသတဲ့။ ဒီကောင်တွေကို မနာလို စိတ်တွေ ဖြစ်လာတယ်။ တပ်ရှုပ်ကြီးကို ဂန်ဖလားမှာ အီးအီးပါဖို့ အကြံပေးခဲ့တာက ဒီကောင်၊ တပ်ရှုပ်ကြီးက ချီးကျူးတော့ သူတို့။ သူရဲ့  မနာလို ၀န်တိုမှုတွေကို မျိုချလိုက်ရင်း-

“ပြစမ်းပါဦး မသိပဲ ရမ်းမပြောကြပါနဲ့ ရွှေအကြောင်း ဖယောင်းသက်သေ မစင်အကြောင်း အောင်သောင်း သက်သေပါခင်ဗျ” လို့ ခနဲ့ တဲ့တဲ့ ရွဲ့ တဲ့တဲ့ ဆိုရင်း ဂန်ဖလားကြီး သူ့ဖက်ကို ဆွဲလိုက်တယ်။ မစင် တတုံးကို ဇတ်ကနဲ ကောက်ပြီး ပါးစပ်ထဲ သွင်းချ လိုက်တော့တယ်။ အားလုံးက “ဟာ” ကနဲ ဖြစ်သွားတယ်။

အဆုံးသို့

Read More...

Sunday, August 23, 2009

ကြိုက်တာဝယ်စား

အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သော အခါ လူကြီးလူကောင်း တစ်ဦး
ရောက်ရှိ လာပြီး စုံစမ်းလေသည်။

ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ..

"ကျွန်တော့်ဝက်တွေကို ထမင်းကျန် ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်
အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ်..

ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်က ကမ္ဘာ့တိရစ္ဆာန်များ ထိန်းသိမ်း
စောင့်ရှောက်ရေး အဖွဲ့ကအရာရှိပါ.. အခုလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ
ကျွေးမှုအတွက် ဒဏ်ငွေ ရိုက်ရပါလိမ့်မယ်.."

ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာ ပြန်သော် နောက်ထပ် လူကြီးလူကောင်း တစ်ယောက်
လာပြီးစုံစမ်းပြန်သည်။

ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ..

ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး.. ကြက်ပေါင်းနဲ့ ဗိုက်တာမင် အားဆေးတွေ
ရောစပ်ပြီး ကျွေးပါတယ်...

အားပါး..အံ့သြစရာပဲ.. ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က အရာရှိပါ.. ကမ္ဘာကြီးရဲ့
လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ် အငတ်ဘေး ကြုံနေတာတောင်ကိုမှ ခင်ဗျားက ခြိုးခြံမှု
မရှိဘဲ ဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက် ခင်ဗျားကို ဒေါ်လာတစ်ထောင် ဒဏ်ငွေရိုက်ပါတယ်..

ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။

ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျာ...

တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ်......

Read More...

A Priest, a Doctor & an Engineer Play Golf

A priest, a doctor, and an engineer were waiting one morning for a particularly slow group of golfers.

Engineer: What's with these guys? We must have been waiting for 15 minutes!

Doctor: I don't know but I've never seen such ineptitude!

Priest: Hey, here comes the greens keeper. Let's have a word with him.

Priest: Hi George. Say George, what's with that group ahead of us? They're rather slow aren't they?

George: Oh yes. That's a group of blind fire fighters. They lost their sight while saving our club house last year. So we let them play here anytime free of charge!

(silence)
Priest: That's so sad. I think I will say a special prayer for them tonight.

Doctor: Good idea. And I'm going to contact my ophthalmologist buddy and see if there's anything he can do for them.

Engineer: Why can't these guys play at night?

Read More...

Thursday, August 20, 2009

Cojones

အင်္ဂလိပ်ကြီး တစ်ယောက်ဟာ စပိန် နိုင်ငံကို အလည် အပတ် ရောက်နေခိုက်စပိန် နွားရိုင်းနဲ့ လူနဲ့ တိုက်ခိုက်တဲ့ ပွဲကို ကြုံကြိုက်တာနဲ့ သွားကြည့်လိုက်တယ်..။.......ညရောက်တော့ သူ့ရဲ့ ပထမဆုံးနေ့ ညနေစာကို အပြင်သွားစား လိုက်တယ်...။ စားသောက်ဆိုင်က စားပွဲထိုး ဆီမှာ ဒီနေ့ အတွက် အထူးဟင်းလျှာ ပေးပါလို့ မှာလိုက်တယ်..... အတော်ကြာမှာတော့ ပန်းကန်တစ်ချပ်နဲ့ စားစရာတွေ ရောက်လာတယ်.. စားစရာတွေကတော့.. အာလူးရယ် ပြောင်းဖူး ပေါက်ပေါက်ရယ်.. အသားလို့ ယူဆရတဲ့ အတုံး နှစ်တုံးပါတယ်...။ ..စားပွဲထိုးကို မေးလိုက်တယ်..။
""..ဒါဘာဟင်းလဲကွ..""
""..Cojones, လို့ခေါ်ပါတယ်..""
""..ဘာလဲကွာ..Cojones ဆိုတာ..""
""Cojones..ဆိုတာ နေ့လယ်က ကွင်းထဲမှာ တိုက်ခိုက်တုန်းက ရှုံးသွားတဲ့ နွားရဲ့ "ဝှေးစေ့" ကို ချက်ထားတာပါ ""
ပထမတော့ အင်္ဂလိပ်ကြီး စိတ်ပျက်သွားတယ်... နောက်တော့.. ဒေသဆိုင်ရာ အစားအသောက် သစ်တွေ မြည်းစမ်း ကြည့်ချင်တာကြောင့် စားဖို့ ဆုံးဖြတ်လိုက်တယ်။ အံ့သြ သွားလောက်အောင် အရသာ ရှိမှန်း သူသိလိုက်တယ်။ နောက်နေ့ညလဲ လာမှာစားဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်...။
...ဒီတစ်ညမှာတော့ စားပွဲထိုးက မနေ့ကနဲ့ မတူပဲ ပိုပြီးသေးတဲ့ အသားတွေ ထည့်ထားတဲ့ ပန်းကန်တစ်ချပ် လာချပေးလိုက်တယ်..။

အင်္ဂလိပ်ကြီး မကြေမနပ် ဖြစ်သွားတယ်...
''''ဒါဘာလဲကွ''''
''''ဒါ..Cojones ပါလူကြီးမင်း''''
''''မဟုတ်သေးဘူး ထင်တယ် ငါမနေ့က ဒီကို.. Cojones လာစားပြီးသွားပြီ ဒီထက်အများကြီး ကြီးတယ်ကွ''''
''''နွားက အမြဲတမ်း ရှုံးနေတယ်လို့ လူကြီးမင်းထင်လို့လား""

မှတ်ချက်။ ။ကိုယ်ပိုင်ရေးသားချင်းမဟုတ်ပါ....

Read More...

Tuesday, August 18, 2009

ME, TOO

In a restaurant, a man ordered soup but, as soon as it arrived,

he had to go to the bathroom.

To make sure that nobody touched his soup while he is away,

he wrote on a napkin:

"I SPIT IN THE SOUP".

When he returned, he found another message on napkin:

"ME, TOO".

Read More...

Saturday, August 15, 2009

Right Click

Tech Support: "I need you to right-click on the Desktop."

Customer: "Ok."

Tech Support: "Did you get a pop-up menu?"

Customer: "No."

Tech Support: "Ok. Right click again. Do you see a pop-up menu?"

Customer: "No."

Tech Support: "Ok, sir. Can you tell me what you have done up until this point?"

Customer: "Sure, you told me to write 'click' and I wrote click'."

Read More...

Thursday, August 13, 2009

Clinton Orders A Quickie

Bill Clinton and Al Gore go into a local diner for lunch.

As they read the menu the waitress comes over and asks Clinton, "Are you ready to order?"

Clinton replies, "Yes, I'd like a quickie."

"A quickie?!?" The waitress replies. "Sir, given the current situation of your personal life I don't think that is a good idea. I'll come back when you are ready to order from the menu." She walks away.

Gore leans over to Clinton and says, "Bill, it's pronounced 'Quiche.'"

Read More...

Monday, August 10, 2009

နိုင်ငံရေး

ဖေဖေ ၊ သားရဲ့ ကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "

မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။

ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ် ရှင်းပြမယ်၊

ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။ သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီး သုံးစွဲတယ်။

ဒါ့ကြောင့် သားမေမေကို အစိုးရလို့ ခေါ်နိုင်တယ်။ ဖေဖေတို့က သားကို ပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊

သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ "

အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည် ကလေးငိုသံ ကြားသဖြင့် သွားကြည့်ရာ သူ၏ ညီလေးမှာ အနှီးထဲတွင် အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။

အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့ တခါးဖွင့် ၀င်ကြည့်ရာ မိခင် တစ်ယောက်တည်း အိပ်မော ကျနေသည်ကို တွေ့လိုက်ရတယ်။

ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကို လှုပ်နိုးသော်လည်း မနိုးသဖြင့် အိမ်ဖော် မလေးရဲ့ အခန်းကို ၀င်ကြည့်ရာ အိမ်ဖော်နှင့် အတူ ဖက်လျက် အိပ်နေသော ဖခင်ကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး အိပ်ခန်းသို့ ပြန်သွားလေသည်။

နောက်တစ်နေ့ နံနက် ကျောင်းသို့ ရောက်သည့်အခါမှာ ….

" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "

" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ ကလေးလေးကွယ်၊ တစ်တန်းလုံး သိအောင် ရှင်းပြပါကွယ်"

ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်

သူငယ်ချင်း စာသင်သားတွေကို ပြောပြလိုက်တာက…။

" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ

တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "

Read More...

Wednesday, August 5, 2009

မစားချင်ဘူးလား

စိတ္တဇဆေးရုံတွင် ဆေးရုံအုပ်ကြီးက လူနာများအား ပြောကြားသည်မှာ...

" မနက်ဖြန်လူကြီး တစ်ယောက်ဆေးရုံမှာ လာဟောပြောမယ်

သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့ အားလုံး လုပ်ခုပ်တီးကြပါ။

ဒါဆို မင်းတို့ကို ကြက်သားဟင်းနဲ့ထမင်း ကျွေးမယ်။ "

ဟောပြောသောနေ့သို့ ရောက်သော အဆင်ပြေစွာ ဟောပြော ပြီးဆုံးသောကြောင့် လူကြီးက လွန်စွာကျေနပ်

လေ၏။ ထိုအခါဆေးရုံအုပ်ကြီးက ချောင်းဟန့်လိုက်၏ ထင်ထားသည့်အတိုင်း အားလုံးက ၀မ်းမြောက်စွာ

လက်ခုပ် တီးကြလေသည်။ သို့သော်မထင်မှတ်သော အဖြစ်တစ်ခုလည်း ဖြစ်သွားသည်။ ထိုသည်ကား

လူနာ တစ်ယောက်သည် ရုတ်တရက် လူကြီးဖြစ်သူအား ပါးချလိုက်ခြင်း ဖြစ်သည်။ အားလုံး မင်တတ်နေစဉ်

သူပြောလိုက်သော စကားသည်ကား

" အရူး..မင်းက လက်ခုပ်တီးရမယ် ဆိုတာ မသိဘူးလား ကြက်သားဟင်း မစားချင်ဘူးလား။ "

Read More...

အပေါ်သို့