Monday, April 25, 2011

အစိုးရသစ်နှင့် ကီးဘုတ်မပါသော ကွန်ပြူတာများ

မင်းသူ
ဧပြီ ၂၅ ရက် ၂၀၁၁

မြန်မာပြည်၏ အစိုးရသစ် လက်ထက်တွင် နောက်ဆုံးပေါ် ကီးဘုတ်မပါသော desktop computer များ အသုံးပြုနေကြောင်း သိရှိရပါသည်။ ထို desktop computer များအား အစိုးရသစ်၏ ထိပ်ပိုင်းခေါင်းဆောင် များသာ အသုံးပြုကြကြောင်းလည်း သိရှိရပါသည်။

ကီးဘုတ်မပါပဲ ဘယ်လိုသုံးပါသလဲဟု အစိုးရအဖွဲ့ ဝင် ဝန်ကြီးတဦးအား မေးမြန်းကြည့်ရာ “ဘယ်လိုမှ သုံးလို့ မတတ်ပါဘူး ဘောပင်နဲ့ စာအုပ်ကိုပဲ အသုံးပြုနေရတယ်” ဟု ဖြေကြားပါသည်။



နောက်ဆုံးပေါ် ကီးဘုတ်မပါသော desktop computer ရှေ့တွင် ဘောပင်နှင့် စာရွက်ကိုသာ
အသုံးပြုနေကြသော အစိုးရသစ် နေပြည်တော် ဝန်ကြီးများ

အစိုးရသစ်၏ ဒု-သမတဖြစ်တဲ့ ဦးသီဟသူရတင်အောင်မြင့်ဦးကတော့ “အေးဗျာ ကီးဘုတ်လည်း မပါဘူး၊ မောက်စ်လည်း မပါဘူး၊ အဲဒါ ဘယ်လိုသုံးရမှန်း မသိလို့ ကျုပ်တို့ကတော့ ကိုင်တောင် မကိုင်ကြည့်ပါဘူး။ အဲ… ဒါပေမယ့် ကောင်းတာကတော့ computer တွေက ပြောင်လတ်နေတော့ ကျနော်တို့ မှန်ကြည့်လို့ ရတာပေါ့ဗျာ” ဟု ရီသွမ်းသွေး၍ ဖြေသွားကြောင်း သိရှိရပါသည်။

ကြေးမုံသတင်းစာတိုက်မှ တာဝန်ရှိသူ တဦးကလည်း “တကယ်တော့ ဒီ computer တွေ ဝန်ကြီး ဆိုသူတွေက ရုပ်ပြတွေဗျ။ အစည်းအဝေးဆိုတာကလည်း ဟန်ပြပါပဲ.. ပြည်သူလူထုကို လှည့်စားနေတာပေါ့.. ဒါကြောင့် ကျနော်တို့ကလည်း အမြင်ကပ်ကပ်နဲ့ ဒီအတိုင်း တင်ပေးလိုက်တာပေါ့ဗျာ” ဟု ဆိုပါကြောင်း သတင်းရရှိပါသည်ခင်ဗျာ။


...........

0 comments:

အပေါ်သို့