Friday, April 29, 2011

လူထု အခြေပြု သဘာဝဘေးဒဏ် စီမံခန့်ခွဲမှု တာလေမြို့နယ်မှာ ပြုလုပ်

2011-04-28

ပြီးခဲ့တဲ့ မတ်လက မြေငလျင်ဒဏ် ကြုံတွေခဲ့ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေဒေသ လူထု အခြေပြု သဘာဝ ဘေးဒဏ် စီမံခန့်ခွဲမှု ဆွေးနွေးပွဲတရပ်ကို မြို့နယ်အာဏာပိုင်တွေနဲ့ မြေငလျင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီတို့ ပူးပေါင်းပြီး ဧပြီလ ၂၅ ရက်နေ့က တာလေမြို့နယ်ခွဲ အထက်တန်းကျောင်း ကယ်ဆယ်ရေးစခန်းမှာ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲကို သူနာပြုဆရာမတွေ၊ကျောင်းဆရာ ဆရာမတွေနဲ့ ငလျင်ဒဏ် ကယ်ဆယ် ရေး ကော်မတီနဲ့ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့ဝင်တွေ ၂၀ ကျော် တက်ရောက် ခဲ့ ကြပါတယ်။

တက်ရောက်သူအားလုံးဟာ ဒေသခံ ဘာသာစကားကို ကောင်းကောင်း ပြောနိုင်သူတွေ ဖြစ်တဲ့အတွက် လာမဲ့ အနာဂတ်မှာ ကျေးရွာတွေကို ပုံမှန် လှည့်လည် သွားရောက်ပြီး ပညာပေး ဟောပြောပွဲတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြေငလျင်လှုပ်မှု၊ မြေပြိုမှု စတဲ့ သဘာဝ ဘေးဒဏ်တွေအတွက် ပြင်ဆင်မှုလုပ်ငန်းတွေ၊ ဘေးဒဏ် ကျရောက်လာချိန်မှာ ဒေသခံတွေအနေနဲ့ ပါဝင်နိုင်မှုနဲ့ ရသင့်တဲ့ အခွင့်အရေးတွေ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ချမှတ် လုပ်ဆောင်တဲ့အခါ လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

Ref;RFA

0 comments:

အပေါ်သို့