Friday, April 29, 2011

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အမျိုးသမီးအဖွဲ့ဂုဏ်ပြု

2011-04-28

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကမြန်မာတဝှမ်းက ထူးချွန် ပြောင်မြောက်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအတွက် အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဟောလီးဝုဒ်က Beverly Hills ဟိုတယ်မှာ ဧပြီ ၂၆ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိတ်ဆက်စကား ပေးပို့ ခဲ့တယ်လို့ ဆုချီးမြှင့်တဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Feminist Majority Foundation က Miss Susie Gilligan က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိတ်ဆက်စကားကြောင့် ဆုပေးပွဲအခန်းထဲမှာ ရှိ နေသူအားလုံးဟာ အထူးပဲ စိတ်အား တက်ကြွခဲ့ကြရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အယ်လီနာ ရုစဗဲ့ရဲ့ ဆောင်ရွက်ချက်တွေ အကြောင်း၊ ကျမတို့အားလုံးဆောင်ရွက်နေကြတဲ့ အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်ချက်တွေဟာ အင်မတန် အရေးကြီးကြောင်း၊ တကမြန်မာလုံး လိုက်ပါဆောင်ရွက်လာတဲ့အထိ ကြိုးပမ်းသွားဖို့ လိုအပ်ကြောင်း တိုက်တွန်း အားပေး ပြောဆိုခဲ့တယ်လို့ Miss Galligan ပြောသွားတာပါ။

အမျိုးသမီးတွေရဲ့ တန်းတူညီမျှရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ထင်ရှားတဲ့ ၃၂ ယောက်မြောက် အမေရိကန်သမတ ဖရန်ကလင် ဒီ ရုစဗဲ့ကတော် အယ်လီနာ ရုစဗဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အမျိုးသမီး အခွင့်အရေးဆိုင်ရာ အယ်လီနာရုစဗဲ့ဆုကို နှစ်စဉ် ချီးမြှင့်လာခဲ့တာ အခု ၇ ကြိမ်မြောက် ပေးအပ်တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆုရှင်တွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့် ခံခဲ့ရသူတွေကတော့ ဟေတီနိုင်ငံက အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် ယော်လတ်ယန်တီ (Yolette Jeanty) ၊ အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးတွေ အကြောင်း ပြောင်မြောက်စွာ ဖော်ထုတ်ရေးသားတင်ပြခဲ့သူ NPR သတင်းထောက် ရာနီး မွန်တိန်း (Ranee Montagne) နဲ့ အာဖဂန်အမျိုးသမီးများအတွက် အမျိုးသမီးများ အဖွဲ့ တည်ထောင်သူ စူနီတာ ဗစ်စ်ဝါနက် (Sunita Viswanath) တို့ ဖြစ်ပါတယ်။

Ref;RFA

0 comments:

အပေါ်သို့