Tuesday, April 26, 2011

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ကာချုပ် ဦးစီးမည်

26 April 2011

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIB) ဖွဲ့စည်းရန် ဆောင်ရွက်လျက် ရှိကြောင်း နေပြည်တော် အခြေစိုက် စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် ရာထူး တာဝန်ကို ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် ထံသို့ လွှဲပြောင်း မပေးခင် ကပင် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်း ရန် တရားဝင် ညွှန်ကြားခဲ့ ခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါ ညွှန်ကြား ချက် အတိုင်း ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်က အကောင်အထည် ဖော်လျက် ရှိကြောင်း သိရှိရသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ဖွဲ့စည်းရန် သမ္မတဦးသိန်းစိန် ဦးဆောင်သော အမျိုးသား လုံခြုံရေးကောင်စီက တရားဝင် ခွင့်ပြုထားကြောင်း၊ အဓိကအားဖြင့် ကာကွယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန စသည့် ဌာန ၃ ခုကို ပူးပေါင်းဖွဲ့စည်းမည်ဖြစ်ကြောင်း၊ လိုအပ်ချက် အရ တခြားသော အရပ်ဘက်ဆိုင်ရာ ၀န်ကြီးဌာန များသည်လည်း အမျိုးသားထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် ရမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“အဲဒီအဖွဲ့က အမျိုးသားလုံခြုံရေးကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာ ထားမယ်လို့ သိရပါ တယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့သည် ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ပြည်တွင်း အကြမ်းဖက် ဖောက်ခွဲမှုလုပ်ရပ်များ၊ တပ်မတော်တွင်း သွေးခွဲမည့်လုပ်ရပ်များ အပါအ၀င် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်သော အရေးကိစ္စအားလုံး ကို စုံစမ်းထောက်လှမ်း အရေးယူ သွားမည်ဟု သိရသည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ လျှို့ဝှက် အစီရင်ခံစာ ပေးပို့ခြင်း၊ လူကိုယ်တိုင် သွားရောက် သတင်းပို့ခြင်းများ လုပ်ဆောင်လျက် ရှိသည်ဟု နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး နိုင်ငံတော် အာဏာကို တရားဝင် ရယူခဲ့သည်။

Ref;Irrawaddy

0 comments:

အပေါ်သို့