Wednesday, August 12, 2009

နေ့စဉ်သတင်းများ (၁၁ - ၈ - ၀၉)

■ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် (၁) နှစ်ခွဲ ထိန်းသိမ်းဦးမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် တနှစ်ခွဲချမှတ်၊ လူ (၇၀) ထက်မနည်း ဖမ်းဆီးခံခဲ့ရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် (၁၈) လ အမိန့်ချချိန် မြင်ကွင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း အင်းစိန်ထောင်ပတ်ဝန်းကျင် အခြေအနေ သတင်း
■ နအဖ ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ညှာခွင့်ပြုရန် ညွှန်ကြား သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ချခံရခြင်းအပေါ် သူတို့အမြင် သတင်း
■ သြဂုတ်လ (၁၁)၊ ၂၀၀၉ - ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း မနက်ခင်း သတင်းရသမျှ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများစုရုံး သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အားပေးသူများကို ဖမ်းဆီး သတင်း
■ ရေနံချောင်းနှင့် ပဲခူးရှိ အဖွဲ့ချုပ်ဝင်များ ဖမ်းဆီးခံရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်နေ့နံနက် ငလျင်လှုပ် သတင်း
■ ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာများ ဒေါ်အောင်ဆန်းစုကြည်အတွက် စုဝေးကြ သတင်း
■ နအဖစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့အကြား နှစ်ဘက်ပစ်ခတ်လုနီးပါး အခြေအနေဖြစ် သတင်း
■ ဘုရားသုံးဆူမြို့နယ်ဒေသတွင် ဒီကေဘီအေမှ စခန်းအသစ်ဆောက် သတင်း
■ အာဏာရှင်စနစ် ဘယ်လိုနိဂုံးချုပ်မလဲ (သုံးသပ်ချက်ဆောင်းပါး)
■ ပဲခူးတိုင်းတွင် ရေကြီးမှုကြောင့် ဒေသခံများ ဒုက္ခရောက်ကြရ သတင်း
■ လှိုင်သာယာစက်မှုဇုန်လုပ်ငန်း လည်ပတ်မှုကျဆင်း ပြည့်တန်ဆာလုပ်ကိုင်သူ များပြားလာ သတင်း
■ မော်ဒယ်မလေး ၀တ်မှုန်ရွှေရည် မွေးနေ့ပွဲ ဗိုလ်ချုပ်မှူးကြီး၏ မြေး ဖိုးလပြည့် တက်ရောက် သတင်း

Read More...

Tuesday, August 11, 2009

နေ့စဉ်သတင်းများ (၁၀ - ၈ - ၀၉)

■ ဒီကေဘီအေနှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပွား၊ နအဖဘက်မှ (၃) ဦး သေဆုံး သတင်း
■ စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့ တင်းမာမှုကြောင့် တရုတ်ပြည်သို့ မြန်မာတသောင်းကျော် ထွက်ပြေး သတင်း
■ ကိုးကန့်အဖွဲ့နဲ့ နအဖတပ်ဖွဲ့အကြား ထိပ်တိုက်မှုဖြစ်ပွား သတင်း
■ ဒီနှစ်ကုန်လျှင် ကြားဖြတ်အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲကျင်းပမည်ဟု သတင်းထွက်နေ သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်သမိုင်း ရုပ်ရှင်ရိုက်မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ပြုပြင်မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မပြောရဟု ထုတ်ပြန်ထား သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၇၄ ဥပဒေနှင့် စီရင်ချက်ချလျှင် မှားမည်ဟု ရှေ့နေ ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုကို မျှမျှတတ စီရင်ဖို့ ၈၈ မျိုးဆက်ကျောင်းသားများ တိုက်တွန်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ မစ္စတာယက်တော ၀င်ခြင်းသည် အစိုးရစီစဉ်ခြင်းမဟုတ်ဟု ရဲချုပ်ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုကို ထင်မြင်ချက်အမျိုးမျိုး ပေးနေကြ သတင်း
■ ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံတကာခုံရုံးတင်ရန် အမျိုးသမီးအဖွဲ့များ တောင်းဆို သတင်း
■ ပြည်တွင်းပြည်ပ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပ သတင်း
■ ရှစ်လေးလုံး အောက်မေ့ဖွယ်လှုပ်ရှားမှုကို မသိလိုက်သည့် ရဲဝန်ထမ်းများ ဖမ်းဆီးခံရ သတင်း
■ ကချင်ပြည်နယ်အတွင်း ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဆုတောင်းပွဲများ ပြုလုပ် သတင်း
■ ရခိုင်ပြည်ရှိ မြို့နယ်တွင် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမေးမြန်းမှုများ ရှိခဲ့ သတင်း
■ မြေမြှုပ်မိုင်း အသုံးပြုဆဲ ကမ္ဘာ့နိုင်ငံ (၂) နိုင်ငံတွင် မြန်မာ ပါဝင် သတင်း
■ ဝါဒဖြန့်ဆောင်ပုဒ်များ အတင်းအကျပ် ထည့်ခိုင်း သတင်း
■ အွန်လိုင်းတွင် ပျံ့နေသည့်ဓာတ်ပုံကြောင့် အနုပညာကို ထိခိုက်ဟု မင်းမော်ကွန်း ပြောကြား သတင်း
■ စစ်ကိုင်းတိုင်းနှင့် အထက်ပိုင်းတွင် မိုးခေါင်၊ စိုက်ပျိုးရေမရရှိသဖြင့် စပါးမစိုက်နိုင် သတင်း
■ မူဆယ်-လားရှိုး မီးရထားလမ်းကြောင့် အိမ်ခြံမြေဈေးတက် သတင်း
■ ဈေးတက်နေသည့် ကြက်သွန်နီ တရုတ်သို့ တင်သွင်းခွင့် ပိတ်ပင် သတင်း
■ ငွေစက္ကူ အဟောင်းနှင့်အသစ် (၆) လအတွင်းသာ လဲပေးတော့မည်ဟုဆို သတင်း
■ မွန်ပြည်နယ်တောင်ပိုင်း သစ်အရောင်းဝယ်ကျ သတင်း
■ ထိုင်း-မြန်မာ ဘောလုံးကလပ်နှစ်သင်း ခြေစမ်းပွဲကစားမည် သတင်း
■ အီရန်အတိုက်အခံတွေကို ရုံးတင်ဖို့ တော်လှန်ရေးတပ် တောင်းဆို သတင်း
■ မြောက်ကိုရီးယားပိုင် သင်္ဘောတစင်း အိန္ဒိယရေတပ် ဖမ်းဆီးမိ သတင်း
■ နှလုံးသားအသိနဲ့ ကျေးဇူးဆပ်ကြည့်ပါ (ဆောင်းပါး)
■ စစ်ပြေးချိန် (ဆောင်းပါး)
■ စစ်အာဏာရှင်တွေက တောင်းဆိုလာတဲ့ ဖောင်ဖျက်တိုက်ပွဲ (ဆောင်းပါး)

Read More...

Monday, August 10, 2009

စစ်သည်တစ်ဦး၏ ရင်ဖွင့်စကား

ယနေ့ မြန်မာနိုင်ငံတော်ကြီးမှာ စစ်အာဏာရှင်တွေရဲ့ သွေးထိုး သပ်လျှိုမှုကြောင့် တပ်မတော်နဲ့ ပြည်သူ ဒို့ရန်သူ ဖြစ်နေကြရတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့ တပ်မတော် သားတွေဆိုတာ ပြည်သူလူထုက ပေါက်ဖွား လာခဲ့ရတာပါ။ ပြောရရင် ပြည်သူ့ ရင်သွေး စစ်စစ်တွေပါ။ ကျွန်တော်တို့ကို တပ်မတော်က မွေးကတည်းက ဖန်ဆင်းလိုက်တာ မဟုတ်ပါဘူး။ ဒီကနေ့ ကျွန်တော်တို့ တပ်ရင်း၊ တပ်ဖွဲ့ တွေမှာနောက်ပြောင် ပြောဆို နေကြတာရှိပါတယ်။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတော့ ငါတို့ရဲ့အဖေ၊ အမေတို့က အလိုလိုနေရင်း ပထွေးတွေ မိထွေးတွေ ဖြစ်ကုန်ပါပြီ ကွာတဲ့။ ပြီးတော့ ရှိပါသေးတယ်..။ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲပြေး တဲ့။ ရဲရဲတော့ မချေမှုန်း ချင်တော့ပါဘူးဗျာ။

ကျွန်တော်တို့ အနှစ် ၄၀ ကျော် ပြည်တွင်းစစ်ကြီးဟာ တကယ်ဆို အိမ်ကြက်ချင်း အိုးမဲသုတ်လို့ ခွပ်နေကြရတဲ့ အဖြစ်တွေမှန်း အောက်ခြေ ရဲဘော်ကအစ သဘောပေါက် လာကြပါပြီ။ ကျွန်တော်တို့ကိုတော့ အမျိုးမျိုး မိုက်စိတ်တွေ သွင်းပေးပြီး ကိုယ့်တိုင်းရင်းသား အချင်းချင်း သတ်ဖြတ် ခိုင်းနေတဲ့ ဗိုလ်ချူပ်ကြီးတွေကို အော့နှလုံး နာနေကြပါပြီ။ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရလို့ အထူးကြပ်မတ် ကုသ ပေးနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ မိုင်းနင်း မိလို့ ခြေပြတ်၊ လက်ပြတ် စစ်သည် အရာရှိတွေကို ကစထမှူး ဆိုတဲ့ကောင်တွေက Queen အချိုရည်လေး တစ်ပုလင်းလောက်ကို လူကြုံနဲ့ ပို့ပြီး ၀မ်းနည်းကြောင်း ဟန်ဆောင်စကားလေး တစ်ခွန်းလောက် နဲ့ပဲ နှစ်သိမ့် ပေးပါတယ်။ ကျန်တာ ဘာခံစားခွင့်မှ မရှိသလို ဆေးကုသမှု ခံယူရတဲ့ နေရာတွေမှာ ဆိုလည်း တပ်မတော် အရိုးကုက အရာရှိတွေရဲ့ သမားစိတ် မရှိလို့ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ခုတ်ပြီး အကု ခံရတာတွေလည်း အများကြီးပါ။ ကျွန်တော်ပြောတာ မယုံဘူးဆိုရင် ကိုယ်လက် အင်္ဂါ ချို့တဲ့နေတဲ့ စစ်သည်ဟောင်း၊ အရာရှိဟောင်းကို မေးကြည့်ပါ။ ခြေလက် မဖြတ်ချင်ဘဲ စပါယ်ရှယ် ကုသချင်ရင် စပါယ်ရှယ် လာဘ်ထိုးရပါတယ်။ ကျွန်တော်တို့လို မျက်နှာမွဲ စစ်သည်များ ဆိုရင်တော့ မိုင်းထိလား ဖြတ်ပလိုက် ဆိုတာမျိုး ဖြစ်နေပါတယ်။

စစ်ရုံးချူပ်လိုနေရာမျိုးမှာလည်း အရာရှိ၊ စစ်သည် တော်တော်များများဟာ ခွက်ပျောက် ဘ၀နဲ့ မျောက်မှိုင် မှိုင်နေ ရပါတယ်။ တနေကုန် ရုံးထဲမှာ အလုပ်မရှိတဲ့ အချိန်ဆို ချဲတွက်တဲ့ စစ်သည်ကတွက်၊ ချဲဒိုင်ကိုင်တဲ့ အရာရှိကကိုင် လို့ မိသားစု စားဝတ်နေရေး အတွက် ကြံဖန် ရှာရပါတယ်။ နေပြည်တော် စစ်ရုံးကြီးဆိုလို့ အထင်ကြီးစရာ တကွက်မှ မရှိပါဘူး။ ရွှေထီးပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေတယ်။ Staff အရာရှိက အမှုတွဲကိုင် စာရေးတွေကို " ဒီနေ့ဘာ ဂဏန်းကောင်းလဲဟေ့..။ ဟော့ဖြစ်တာရှိရင် ပြောစမ်းပါ..။ ဒီမှာ အကွက်ပိတ်မလို့ " ဆိုတဲ့ အသံတွေပဲ ကြားနေရ ပါတယ်။ ဒါက G3၊ A3၊ Q3 ဆိုတဲ့ စစ်ဦးစီး တတိယတန်းတွေ လောက်မှာပဲ ဖြစ်နေ ကြတာပါ။ စစ်ဦးစီး ဒုတိယတန်း၊ ပထမတန်းတို့လဲ သူ့အပူနဲ့သူ ရှိကြမှာပါ။ ကျွန်တော်က မနီးစပ်တော့ မသိပါဘူး။

နောက်တစ်ခု ရှိပါသေးတယ်။ နေပြည်တော်ဆိုတဲ့ တောမြို့ကြီးမှာ လျှိုမြောင်၊ တောတောင် တွေက အင်မတန် ပေါများလေတော့ သစ်တပင် အောက်၊ ၀ါးတပင်အောက် တွေမှာဆို ဖဲကျိတ်ဝိုင်း ကလေးတွေ အသီးသီး ရှိကြပါတယ်။ ဟိုဘက်ရုံး၊ ဒီဘက်ရုံးတွေ ချိန်းပြီး ထမင်းစားနားတဲ့ အချိန်မှာ ဖဲကျိတ်ဝိုင်းလေးတွေ လုပ်ကြပါတယ်။ ပြေလည်တဲ့ စစ်သည် တစ်ချို့လဲ ဆိုင်ရာဆိုင်ရာကို လာဘ်လာဘ လေးများ ပူဇော်ပသပြီး ဆိုင်ကယ် ကယ်ရီ ဆွဲကြပါတယ်။ သိပ်မပြေလည်တဲ့ လူတွေကျတော့ အမှုတွဲကိုင် စာရေးများ ရုံးခန်းထဲမှာ ဒိုင်လျှိုလေးနဲ့ လဘက်ရည် ဆိုင်လေးတွေ တနိုင် တပိုင်လုပ် ကြရပါတယ်။ လဘက်ရည်ဆိုင် ဆိုလို့ အထင် မကြီးလိုက်ပါနဲ့။ ရေနွေး ဓာတ်ဗူးလေး ၂ လုံး၊ ကော်ဖီမစ်ထုပ်ကြီး တထုပ်၊ နို့ဆီဗူးတဗူး ဆိုရင် မတ်တပ်ဆွဲ လဘက်ရည် ဆိုင်လေး ဖြစ်သွားပြီပေါ့ ခင်ဗျာ။ အရာရှိတွေကလည်း စစ်သည်တွေ သက်သာ ချောင်ချိရေး အတွက် တမင် ခွင့်ပြုထားပုံတော့ မဟုတ်ပါဘူး။ အနည်းအကျဉ်း လေးတော့ ရမှာပါ။ ဘာပဲဖြစ်ဖြစ်ပါ။ အားလုံးဟာ ရတဲ့လစာနဲ့ မလောက်ငှလို့ ကြံဖန်ပြီး အပိုဝင်ငွေ ရှာနေကြရတာပါ။

ကျွန်တော်တို့ရုံးနဲ့ မနီးမဝေးမှာတော့ ဧရာနန္တ ကြီးကျယ် ခမ်းနားတဲ့ အိမ်ကြီးတွေ ထဲမှာ စည်းစိမ် ယစ်မူးနေကြတဲ့ ဗိုလ်ချူပ်ကြီးများရဲ့ဆွေတော် မျိုးတော်တွေ ရှိကြပါတယ်။ သူတို့တစ်နေ့ အရက်သောက်တဲ့ ပုလင်းခွံတောင် ကျွန်တော်တို့ တစ်နေ့ စားစရိတ်လောက် ရှိပါတယ်။ အခမ်းအနားတွေမှာ အကြီးအကဲ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပြောလေ့ ရှိတဲ့ စကားတခွန်းကို အမြဲ မှတ်မိနေပါတယ်။ တပ်မတော်မှာ အောက်ခြေ ရဲဘော်ကစလို့ ကာကွယ်ရေး ဦးစီးချူပ်ထိ အားလုံးဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် အောက်မှာ နေကြရတာပါတဲ့။ ဟုတ်မဟုတ်ကို ကျွန်တော်တို့ အားလုံး သိပါတယ်ဗျာ။ ကျွန်တော်တို့တတွေမှာ ဖျာလိပ်ထဲ ၀င်မိတဲ့ ခွေးလို ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေကြ ပါပြီ။ ရှေ့တိုးရရင်လဲ ကိုယ့်ဘ၀ကိုယ် တတိတိ အလှီးခံရမယ်။ နောက်ဆုတ်မယ် ဆိုရင်လည်း တပ်မတော်က ထွက်ခွင့်မပေး။ ကိုင်း...ဘာ ဆက်လုပ်ရမလဲဗျာ။

နိုင်ငံတော် အကြီးအကဲ ဆိုသူများကို တောင်းပန်ချင်တာ ကတော့ အောက်ခြေက စစ်သည်များရဲ့ဘ၀ကို စာနာပြီး စားဝတ်နေရေး ပြေလည်အောင် ဖန်တီးပေး စေချင်ပါတယ်။ နောက်ပြီးတော့ ပြည်သူလူထုနဲ့ လှည့်ပတ် ရန်တိုက် ပေးနေတာတွေကိုလည်း မလုပ်ပါရ စေနဲ့တော့။ ကျွန်တော်တို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်တဲ့အခါ ရပ်ရွာက မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း များက အရင်လို မဆက်ဆံ ကြတော့ပါ။ ကျွန်တော်တို့ကို မြင်ရင် မသတီတဲ့ မျက်လုံးတွေ ကြည့်ကြလွန်းလို့ ခွင့်တောင် မပြန်ရဲ ဖြစ်နေကြရပါပြီ ခင်ဗျာ..။

Ref: Freedom Right

Read More...

နိုင်ငံရေး

ဖေဖေ ၊ သားရဲ့ ကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "

မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။

ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ် ရှင်းပြမယ်၊

ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။ သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီး သုံးစွဲတယ်။

ဒါ့ကြောင့် သားမေမေကို အစိုးရလို့ ခေါ်နိုင်တယ်။ ဖေဖေတို့က သားကို ပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊

သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ "

အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည် ကလေးငိုသံ ကြားသဖြင့် သွားကြည့်ရာ သူ၏ ညီလေးမှာ အနှီးထဲတွင် အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။

အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့ တခါးဖွင့် ၀င်ကြည့်ရာ မိခင် တစ်ယောက်တည်း အိပ်မော ကျနေသည်ကို တွေ့လိုက်ရတယ်။

ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကို လှုပ်နိုးသော်လည်း မနိုးသဖြင့် အိမ်ဖော် မလေးရဲ့ အခန်းကို ၀င်ကြည့်ရာ အိမ်ဖော်နှင့် အတူ ဖက်လျက် အိပ်နေသော ဖခင်ကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး အိပ်ခန်းသို့ ပြန်သွားလေသည်။

နောက်တစ်နေ့ နံနက် ကျောင်းသို့ ရောက်သည့်အခါမှာ ….

" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "

" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ ကလေးလေးကွယ်၊ တစ်တန်းလုံး သိအောင် ရှင်းပြပါကွယ်"

ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်

သူငယ်ချင်း စာသင်သားတွေကို ပြောပြလိုက်တာက…။

" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ

တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "

Read More...

PDC News Commentary - August 2009

Read More...

နေ့စဉ်သတင်းများ (၉ - ၈ - ၀၉)

■ ရှစ်လေးလုံးနှစ်ပတ်လည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်ထုတ်ပြန် သတင်း
■ ALD (ပြည်ပ-ဂျပန်)မှ ရှစ်လေးလုံးအထိမ်းအမှတ် လမ်းလျှောက်ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင် သတင်း
■ ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ် AASYC မှ ဒက္ကားတွင် ပြုလုပ် သတင်း
■ မြန်မာနျူကလီယားစက်ရုံကိစ္စ အာဆီယံ ပိုပြီးအလေးအနက်ထားသင့် သတင်း
■ မြန်မာ့တပ်မတော်နှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပန်းချီစိုးမိုး ရိုက်ကူးမည် သတင်း
■ ဂျွန်ယက်ထောကျန်းမာရေးကြောင့် အမှုစီရင်ရက် မသေချာသေး သတင်း
■ စားသုံးဆီအမျိုးမျိုး ဖမ်းဆီးထိန်းသိမ်း သတင်း
■ ရဲဝန်ထမ်း (၇) ဦးကို ဖမ်းဆီးထား သတင်း
■ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ စက်တင်ဘာလတွင် ပြန်လည်စတင်မည် သတင်း
■ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အင်ဂိုလာနိုင်ငံ ရောက်ရှိ သတင်း
■ မြောက်အမေရိကထိပ်သီးညီလာခံ မက်စီကိုနိုင်ငံမှာ ကျင်းပ သတင်း
■ သြဂုတ်လ ဒုတိယပတ် တီဗွီမဂ္ဂဇင်း အစီအစဉ် သတင်း
■ တရုတ်နဲ့ ထိုင်ဝမ်ကို ပြင်းပြင်းကြီး ၀င်မွှေသွားတဲ့ မုန်တိုင်းကြီး (ဗွီဒီယို)
■ သတင်းစာလွတ်လပ်မှုနှင့် တာဝန် (ဆောင်းပါး)
■ ဒေၞအောင်ဆန်းစုကြည်အမှု နောက်ဆုံးအခြေအနေ (တနင်္ဂနွေဆွေးနွေးပွဲ)
■ စစ်အစိုးရရဲ့ လက်နက်အင်အား (မျက်မှောက်ရေးရာ)
■ ၁၉၇၉ အောက်တိုဘာ ဗန်းမော်တင်အောင် ဈာပန (အသံလွှင့်ဆောင်းပါး)

Read More...

Sunday, August 9, 2009

ဒလက်တောပုံပြင်

ကမ္ဘာစိုးမင်း



ဒလက်တောရွာကို အလည်ရောက်လာတဲ့ လူတိုင်း သတိထားမိတာ တစ်ခုက ရွာသူရွာသားတွေ ဘယ်သွားသွား ဘောပင် ဒါမှမဟုတ် ခဲတံနဲ့ စာရွက် လေး၊ ငါးရွက်ကို အိတ်ထဲ ထည့်ထားကြတာပဲ။ သွားလေရာမှာလည်း စာရွက်ပေါ်မှာ တစုံတခုကို ခပ်မြန်မြန် ရေးနေကြတာကို တွေ့ရတတ်တယ်။ မသိတဲ့ လူတွေကတော့ နှစ်လုံး သုံးလုံးများ ထိုးကြသလား ထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဖြစ်ပုံက ဒီလို။


ဒလက်တောရွာဆိုတာက ပြည်ခရိုင်၊ ရွှေတောင်မြို့ကနေ နွားလှည်းနဲ့သွားရင် လေးနာရီလောက် နှင်မှ ရောက်တဲ့ ရွာငယ်လေး တစ်ခုပါပဲ။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ဘာမှ မပြောင်းလဲတဲ့ ရွာလေး တစ်ခုပေါ့။ ရွာဦးမှာ ထုံးစေတီ ရှိတယ်။ ဆရာတော် ရှိတယ်။ စာကျက်စာအံ ဘုန်းကြီး ကျောင်းသားတွေ ရှိတယ်။ တစ်ရွာလုံး သုံးတဲ့ ရေတွင်းကြီး ရှိတယ်။ စပါးခင်း၊ ငွေတိုး ချေးတဲ့လူ၊ အရက်ပုန်းဆိုင်၊ ဘဲခြံ၊ ဖုန်ထူတဲ့လမ်း စတဲ့ ရွာသင်္ကေတတွေ၊ ကာလသားခေါင်း၊ ကွမ်းတောင်ကိုင်၊ သူကြီးလို့ ပြောလို့ရတဲ့ ရွာလူကြီးတို့လည်း ရှိတယ်။ ဒီရွာသားတွေ ဂုဏ်ယူတာ တစ်ခုက အင်္ဂလိပ်၊ ဂျပန်တွေကို တိုက်တုန်းက နာမည်ကြီးတဲ့ ရွှေတောင်တိုက်ပွဲမှာ သူတို့ရွာက အရွယ်ရောက်တဲ့ ယောက်ျားတွေ အကုန်ဝင် တိုက်ဖူးတယ် ဆိုတာပါပဲ။ ဒါကြောင့် သူတို့ကိုယ် သူတို့ အာဇာနည်မျိုးရိုး၊ အာဇာနည်ရွာလို့ ထင်ကြတယ်။ အဲဒါက ကြာတော့ ကြာခဲ့ပြီ။ မြန်မာပြည်တောင် ကျွန်ဘဝကလွတ်လို့၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်၊ ဒီမိုကရေစီ ခေတ်ဦး၊ ဒါတွေဖြတ်လို့ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံး အာရှ နိုင်ငံရယ်လို့တောင် ခေါ်နေကြပါပြီ။ ဒါပေမယ့် မြို့နဲ့ အဆက်အသွယ် မရှိသလောက်နည်းတဲ့ ဒလက်တောရွာ ကတော့ ဒါတွေ မသိလှဘူး။ တခါတခါ မြို့က ဆရာတော့်တပည့် ကျောင်းဆရာလေး ပေါက်လာမှ နည်းနည်းပါးပါး သိရတာ။ ဇာတ်လမ်း အစကလည်း အဲဒီ ကျောင်းဆရာလေး ကိုထွန်းဝါပါပဲ။

တရက် ကိုထွန်းဝါ ဆရာတော်ကို လာဖူးတော့ လက်ထဲမှာ အဘိဓာန် တစ်အုပ်လောက် နီးနီးထူတဲ့ စာအုပ်ကြီး တစ်အုပ် ပါလာတယ်။ ဆရာတော်က ဘာတုန်းဟဲ့ ဆိုတော့ “နအဖ လက်ထက် ဒီမိုကရေစီ အရေး လှုပ်ရှားသူများ၏ ကြေညာချက်များ” ဆိုတဲ့ စာအုပ်ကြီး။ အဲဒီခေတ်တုန်းက ကြေညာချက် သိပ်ထုတ်ကြတော့ စုထားတဲ့လူက စာအုပ်တောင် ပြန်ရိုက်လို့ရတယ်။ အာဇာနည်စိတ် ရှိပြီး စစ်အစိုးရ ကိုမုန်းတဲ့ ဆရာတော်က ငါဖတ်ရအောင် တစ်ပတ်လောက် ထားခဲ့စမ်း ဆိုတော့ ကိုထွန်းဝါလည်း တင်ပါ့ပေါ့။ ထားခဲ့တယ်။ ဆရာတော်က မနက်လည်း ဒါဖတ်၊ ညလည်း ဒါဖတ်၊ ဆွမ်းစားပြီးလည်း ဖတ်နဲ့ နောက်ဆုံး ဘာတွေးမိလဲ ဆိုတော့ ကောင်းတယ်၊ ကြေညာချက်တွေဟာ ထိရောက်တယ်လို့ မြင်လာတယ်။ ငါလည်း ကြေညာချက် ထုတ်မယ်ဆိုပြီး အနားက ဘောပင်နဲ့ စာရွက် တစ်ရွက်ထဲ ချရေးလိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၁/၂၀၄၃
ငါ မနက်ဖြန် ကြည်တောရွာ တရားပွဲသွားရန် နွားလှည်းအလှူခံလိုသည်။
ကပ္ပိယကြီးမှ ရွာလူကြီး စိန်မောင်နှင့် စီစဉ်ရန် အထူးတိုက်တွန်းလိုက်သည်။
လှည်းမရ၍ ခြေလျင်ကြွရမှာကိုလည်း ငါစိုးရိမ်ကြောင်း အသိပေးတယ်။
ခြေလျင်ကြွ၍ မကျန်းမာလျင် သင်တို့ တာဝန်သာဖြစ်ကြောင်း ကြေညာလိုက်သည်။
ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်

ပြီးတော့ ကပ္ပိယကြီး ဦးတောက်ထွန်းကို ခေါ်ပေးလိုက်တယ်။ ကျောင်းဝ လူမြင်တဲ့နေရာမှာ ကပ်၊ မင်းလည်း ဖတ်တဲ့။ ဦးတောက်ထွန်းလည်း ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်။ စကားပြောသလိုလို၊ စာရေး သလိုလို အရေးအသားနဲ့ ဘာကို ဆိုလိုမှန်းလည်း သေသေချာချာမသိ။ သူ့နာမည်လည်း ပါတယ်။ ဦးစိန်မောင်နာမည်လည်း ပါတယ်။ သူနားလည်တာက မနက်ဖြန် ဟိုဘက် ၂ ရွာကျော်လောက်က တရားပွဲ တစ်ခုကိုသွားဖို့ နွားလှည်း အလှူခံခိုင်းတာ။ ဦးစိန်မောင်ကို စီစဉ်ခိုင်း။ ဒါပဲ။ အရင်ကလည်း သူ စီစဉ်ပေးနေကြပါ။ အရင်ကတော့ တောက်ထွန်း လှည်းရှာကွာ ဆိုတာလောက်ပဲ။ ခုကာမှ ဘာတွေ ရေးထားမှန်းမသိ။ တိုက်တွန်းလိုက်သည်၊ စိုးရိမ်ကြောင်း၊ ကြေညာချက်။ အဆိုးဆုံးက အောက်ဆုံးမှာ ခပ်ကြီးကြီး ရေးထားတဲ့ ဒလက်တော ရွာလုံးဆိုင်ရာ ဆရာတော် ဆိုတာပဲ။ ဒလက်တော တရွာလုံးမှ ဒီကျောင်းနဲ့ သံဃာ ၆ ပါးရှိတာ။ ဒလက်တောနဲ့ မဆိုင်လို့ ဘယ်သူနဲ့ ဆိုင်မှာတုန်း။ ဒါနဲ့ ဆရာတော်ကို ဝင်ဖူးပြီး လျှောက်တယ်။

“အရှင်ဘုရား - အရင်လိုပဲ လှည်းလိုလို့ ဦးစိန်မောင်ကို ပြောခိုင်းတာ မဟုတ်လား ဘုရား။ ဘာလို့ စာတတန်၊ ပေတတန် ဖွဲ့ရတာလဲ ဘုရား။ အကြောင်းထူးများ ရှိလို့လား ဘုရား”

ဆရာတော်က “အ” တတ်ရန်ကောဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး

“ဒါ စာတတန်၊ ပေတတန်မဟုတ်ဘူးကွ။ ကြေညာချက်လို့ ခေါ်တယ်။ တချိန်က စစ်အစိုးရကို တော်လှန်စဉ်က ဒီလိုပဲ ကြေညာချက်တွေ လှိုင်လှိုင် ထုတ်ခဲ့ရတယ်ဟ”

“အရှင်ဘုရားက ဦးစိန်မောင်ကို တော်လှန်နေလို့လားဘုရား”

“နင့်အမေလင်ကို ငါတော်လှန်စရာလား။ ကြေညာချက်ဆိုတာ အဖွဲ့အနွဲ့ မပါဘူး။ လိုရင်းကို ထိရောက်အောင် ပြောတဲ့ တောင်းဆိုချက်၊ အသိပေးချက်ကွ။ အချီအချ ပြောစရာ မလိုတော့ဘူးလေကွာ။ မင်းတို့လည်း ကြေညာချက် ထုတ်ကြဟ။ စကားနည်း ရန်စဲပေါ့ကွာ … ကဲ ကဲ … ခိုင်းထားတာ လုပ်ချည်။ ငါ မနက်ဖြန်အတွက် ကြေညာချက်တစ်စောင် ထပ်ထုတ်ဖို့ လုပ်လိုက်ဦးမယ်”

ကပ္ပိယကြီးလည်း ဝတ်ဖြည့်ပြီး ဆင်းလာတယ်။ ဆရာတော့် ကြေညာချက်ကို ကျောင်းအဝင်ဝ အနားက ခြံစည်းရိုး အစပ်မှာ ကပ်ပြီး ဦးစိန်မောင်အိမ်ဘက် ထွက်လာခဲ့တယ်။

“ဗျို့ ဦးစိန်မောင်။ ဆရာတော့် ကျောင်းဘက်လာဦးဗျ”

“ဘာလို့လဲကွ။ ဆရာတော်ခေါ်လို့လား”

ကပ္ပိယကြီးလည်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တော့ သူ့ကိုယ်သူ သူကြီးထင်နေတဲ့ ဦးစိန်မောင်လည်း ကြေညာချက် ဆိုတာကို သိပ်သဘောကျသွားတယ်။ ဆရာတော့်ကျောင်းကို နှစ်ယောက်သား ဒုန်းဆင်းချသွားတာ ညနေ နေအတော်စောင်းမှ ပြန်လာတယ်။ မကြာပါဘူး။ ကျောင်းဝက ဆရာတော့် ကြေညာချက်အောက်မှာ ကြေညာချက် အသစ်နှစ်ခု ထပ်တွေ့ရတော့ပါပဲ။ တစ်ခုက ဦးစိန်မောင်၊ တစ်ခုက ကပ္ပိယကြီး။

စိန်မောင်ရဲ့ကြေညာချက်
၁။ ဆရာတော်သည် တရွာလုံးနဲ့ ဆိုင်တယ်ဆိုတာကို ခြွင်းချက်မရှိ ထောက်ခံတယ်။
၂။ ဘာသာရေးခေါင်းဆောင် ဆရာတော်ကို နွားလှည်းကူညီခြင်းဖြင့် ဝိုင်းရံကြ။
၃။ ရွာသားတွေလည်း ဆရာတော့်ကျောင်းကို ကူညီစေလိုတယ်။
ပုံ - စိန်မောင်၊ ဆရာတော့်ကျောင်း ပင်မနွားလှည်း အလှူရှင်များ အဖွဲ့ဝင်။

သူ့ကြေညာချက်အောက်မှာက ကပ္ပိယကြီး ဦးတောက်ထွန်းရဲ့ ကြေညာချက်ကို ဗလာစာရွက် ပိုင်းလေးပေါ်မှာ ခဲတံ တုံးတုံးကြီးနဲ့ ရေးထားတာတွေ့ရတယ်။

ကပ္ပိယကြီးက ကြေညာသည်
ဆရာတော့် တောင်းဆိုချက်ကို ချက်ချင်းလိုက်လျောသော ဦးစိန်မောင်ရဲ့ လုပ်ရက်ကို ရွာသားများနဲ့ အတူ လုံးဝ ကြိုဆိုတယ်။ ဆရာတော့်ကျောင်း စည်ပင်သာယာရေး အတွက် အထောက်အကူ ကောင်းလို့ ယုံကြည်မျှော်လင့်၏။ ဆရာတော့် ကျောင်းအတွက် ရွာတွင်းရွာပ အတူပူးပေါင်းကြလော့။
တောက်ထွန်း၊ အကျိုးတော်ဆောင်ကြီး (ကပ္ပိယ)။

ဒီရွာကလေးမှာ ကြေညာချက်ထုတ်တဲ့ အလေ့အထက အဲဒီက စသွားတယ်။ ကြေညာချက် ထုတ်တာကို သိပ်သဘောကျနေတဲ့ ဆရာတော်နဲ့ ရွာလူကြီး ဦးစိန်မောင်တို့က တိုက်တွန်းတာနဲ့ တစ်ရွာလုံး စာရေးတတ်သူတိုင်း ကြေညာချက် ထုတ်ကြတော့တယ်။ စာရွက်ပေါ်မှာ ပြောချင်တာရေးပြီး ဆရာတော့်ကျောင်း ခြံစည်းရိုးမှာ သွားကပ်ကြတာပဲ။ ဖတ်မိတဲ့လူက သက်ဆိုင်တဲ့လူကို အကြောင်းကြား၊ သက်ဆိုင်တဲ့လူက သွားဖတ်၊ ကြေညာချက် ပြန်ထုတ်နဲ့ ပေါ့လေ။ ဘယ်လောက်တောင် ကြေညာချက် ထုတ်ကြသလဲဆို အောက်က ဥပမာတွေသာ ကြည့်တော့။

ဦးစိုးမောင်၊ ကြေညာချက်အမှတ် ၂.၂၃/၂၀၄၃
ရွာနောက်ဘက်က ငမြဲ င့ါသမီးကို ရည်းစား စကား လိုက်ပြောတာကို အပြင်းအထန် ကန့်ကွက်တယ်။ သူ့မှာ လူကြီးချင်း သဘောတူပြီးသား ရှိတယ်ဟေ့။ သူကလည်း ယူမယ်ပြောပြီးသား။ နောက်နောင် ငမြဲ ထပ်မံပြုလုပ်ပါက ကျုပ်အပြစ် မဟုတ်ကြောင်း ကြိုပြော ထားမည်။
စိုးမောင်၊ သမီးအဖေ။
………………………………………….

အရီးမြကလေး၏ ကြေညာချက်
ရွာထဲမှာ ကျွန်မ အတိုး ပေးစားနေသည်ဟု အတင်းများ ထွက်နေကြသည်။ ပေးသူ၊ ယူသူကြည်ဖြူတဲ့ အလုပ်ဖြစ်လို့ ဘာမှ ဝင်ပြောစရာ မလိုဘူးဟု ပြောချင်သည်။ ဆရာ့တော့်ကို လျှောက်ပြီးသား။ ဒါပဲ။ ဈေးသွားရင်း ဝင်ကပ်သည်။
အရီး။
………………………………………….

မူလလက်ဟောင်း “ဟောဒီကပဲပြုတ်” မှ အသိပေးခြင်း
တစ်ရွာလုံးက အားပေး ဝယ်ယူကြသော ကျွန်မ၏ ပဲပြုတ် ရောင်းဝယ်ခြင်းကို မနက်ဖြန် တစ်ရက် နားမည်။ ဘုရားကြီး သွားဖူးမလို့။ မနက်ဖြန်အတွက် ယနေ့ ကြိုရောင်းမည်။ လာဝယ်ကြနော်။ ဟောဒီက ပဲပြုတ်။ ဟဲဟဲ။
မိမိုး (ဥာဏ်ကြီးရေးပေးသည်)

အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ အချင်းချင်း စကား သိပ်မပြောတော့ဘူး။ ကြေညာချက် တစ်စောင်ပဲ ထုတ်လိုက်ကြတော့တယ်။ အကြွေးမရတာ၊ လင်မယား ရန်ဖြစ်တာ၊ သူ့ခွေးကို ခဲနဲ့ထုလို့ မကျေနပ်တာ အစုံပဲ။ အချင်းချင်း တွေ့ရင်လည်း ဟိုကြေညာချက် သိပြီးပြီလား၊ ငါကတော့ ဒီလို ပြန်ကြေညာမယ် နဲ့ပဲ နှုတ်ဆက်ကြတော့တယ်။

ကြေညာချက်တွေကိုလည်း ဆရာတော့် ကျောင်းဝ မှာတင် ကပ်လို့ အဆင်မပြေတော့ဘူး။ ရွာအလယ်က ရေချမ်းစဉ်မှာလည်း ခွဲကပ်ကြရတယ်။ တနေ့ တနေ့ ရွာသားတွေလည်း ဆရာတော့် ကျောင်းနဲ့ ရေချမ်းစင် ပြေးနေကြတာပဲ။ အဲဒီမှာ ဘာတွေ ပေါ်လာလဲဆိုတော့ ကြေညာချက်ကို လိုက်ဖက်ပြီး အကြောင်းကြား ပေးတဲ့ မိဝိုင်းတို့လို ကလေးတွေရယ်၊ အဆင့်မီ ကြေညာချက် ရေးပေးသည် ဆိုတဲ့ ကျော်ကျော်ထွန်းတို့လို မတောက်တခေါက် စာလေး၊ ကဗျာလေး ရေးတတ်တဲ့လူတွေ ပေါ်လာတယ်။ စာမရေးတတ်၊ မဖတ်တတ်တဲ့ လူတွေလည်း သူတို့အားကိုးနဲ့ ကြေညာချက်တွေ ထုတ်လာတော့တယ်။ စံချိန်တင် ကြေညာချက် ထုတ်ကြတဲ့ နေ့ကတော့ အတိုးပေးတဲ့ အရီးမြကလေးနဲ့ ကြက်သားသည် ဒေါ်ဆင့်တို့ ရန်ဖြစ်ကြတဲ့နေ့ပဲ။ နှစ်ယောက်ရန်ဖြစ်တာ စကားသံ တစ်လုံးမှ မထွက်ဘူး။ အရီးမြကလေးက အကြွေးတောင်းတဲ့ ကြေညာချက်ရေးပြီး ရေချမ်းစဉ်မှာ ကပ်တယ်။ ဒေါ်ဆင့် တွေ့တော့ စောတောင်းရပါ့မလား ဆိုပြီး ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ပြန်တယ်။ အဲဒါ အဘွားကြီးနှစ်ယောက် ရေချမ်းစဉ်ရှေ့မှာ ဗလာအုပ်ထဲက စာရွက်တွေ တဗျင်းဗျင်း ဆွဲဖြဲပြီး ကြေညာချက် အပြန်အလှန် ထုတ်ကြတာ။ စကားတော့ တစ်လုံးမှ မပြောဘူး။ နောက်ဆုံး ဆရာတော့်ဆီက “အခုရပ်” ဆိုတဲ့ ကြေညာချက်ကို ကပ္ပိယကြီး လာကပ်သွားမှ နှစ်ယောက်သား ပြန်သွားကြတယ်။ အဲဒီအချိန်မှာ တစ်ယောက်ကို ကြေညာချက် ၄၀ ထုတ်ပြီး သွားပြီတဲ့လေ။

တဖြည်းဖြည်းနဲ့ ကြေညာချက်တွေ ဖောင်းပွလာတော့ ဆရာတော်က ကြေညာချက်တစ်ရပ် ထုတ်လိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၈၅၂/၂၀၄၃
ငါနဲ့ စိန်မောင်ကလွဲပြီး ကျန်တဲ့လူတွေ တစ်ယောက်ချင်း ကြေညာချက် မထုတ်နဲ့လို့ တားမြစ်လိုက်သည်။
သဘောတူရာ တူရာ အချင်းချင်းစုပြီး အဖွဲ့လိုက်ထုတ်ကြတော့။
မလိုက်နာသူကို ကြေညာချက် ထုတ်ပိုင်ခွင့် ရုတ်သိမ်းမယ်။ နားလည်တယ်နော်။
ကြေညာချက်များ ထိန်းသိမ်းရေးအဖွဲ့ နာယက၊ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်။

ဆရာတော့်စကားဆိုတော့ မငြင်းရဲကြဘူး။ ကြေညာချက်တွေတော့ နည်းသွားတယ်။ အဖွဲ့တွေကတော့ နေရာတိုင်းမှာ ပေါ်လာတယ်။ ကြေညာချက် ထုတ်ရတာကို သဘောတွေ့နေတဲ့ လူတွေဆိုတော့ တစ်ဖွဲ့က တစ်ခု ထုတ်ပြန်လိုက်ရင် ထောက်ခံလိုက်ကြ၊ အမြင်မတူရင် ကန့်ကွက်လိုက်ကြ၊ စကားများလာရင် သတိပေးလိုက်ကြနဲ့။ ဖွဲ့ထားတဲ့ အဖွဲ့တွေကိုလည်း ကြည့်ပါဦး။ “ခြေတံရှည် အိမ်ရှင်များအဖွဲ့” ၊ “ဝက်မွေးသူများအဖွဲ့” ၊ “ကျောင်းတက်ဖူးသူများအဖွဲ့” ၊ “ရွာလမ်းမကြီး ဘေးဝဲယာ နေသူများအဖွဲ့” ၊ “ခဏခဏ ဖျားသူများအဖွဲ့” ၊ “အသံချဲ့စက်ငှားသူနှင့် နွားလှည်းပိုင်ရှင်များအဖွဲ့” ၊ “လူပျိုသိုးကြီးများအဖွဲ့” ၊ “ရွာဦးကျောင်း အပေါ်ထပ်နေ သံဃာ သုံးပါးအဖွဲ့” စသည်ဖြင့်ပေါ့။ ရေးပြရင်တော့ မကုန်နိုင်ဘူး။ “ထုပ်ဆီးထိုးသူများအဖွဲ့” ဆိုတာတောင် ပါသေးတာလေ။ နောက်ပိုင်းမှာ ဘာဖြစ်လာလဲ ဆိုတော့ အဖွဲ့တွေ အချင်းချင်း ရန်စောင် လာကြတယ်။ အဖွဲ့တစ်ဖွဲ့က ကြေညာချက်ထုတ်ရင် ထောက်ခံတဲ့လူက မိတ်ဆွေ၊ သဘောထား မတူလို့ ငြိမ်နေရင်၊ ဝေဖန်ရင်တော့ အဲဒီအဖွဲ့နဲ့ ကမ္ဘာရန်ပဲ။ အချင်းချင်း ကြေညာချက်တွေနဲ့ တိုက်ကြ၊ တောင်းပန်ကြ၊ ခွဲလိုက်ကြ၊ ပေါင်းလိုက်ကြ၊ ဆရာတော်က ဝင်ဖြေရှင်းရနဲ့ ရပ်ထဲရွာထဲလည်း အလုပ်မလုပ် ကြတော့ဘူး။ အလှူဖိတ်ရင်တောင်မှာ အဖွဲ့လိုက်ပဲ ဖိတ်တော့တာ။ ကြာလာတော့ ဆရာတော်လည်း စိုးရိမ်လာတယ်။ ဆရာတော့် ကျောင်းတောင် လာဘ် သိပ်မရွှင်တော့ဘူးလေ။

ဒီလိုနဲ့ မလာတာ ကြာသွားတဲ့ စာအုပ်ပိုင်ရှင် ကျောင်းဆရာလေး ကိုထွန်းဝါ တစ်ယောက် ဆရာတော့်ကို လာဖူးရင်း၊ စာအုပ်လည်း ပြန်ယူရင်း ရောက်ချလာတယ်။ ဆရာတော်လည်း ကိုထွန်းဝါကို တွေ့တယ်ဆိုရင်ပဲ ဝတ်ဖြည့်တာတောင် မစောင့်တော့ဘူး။

“မင်းနှယ့်ကွာ … ပျောက်သွားလိုက်တာ။ ငါ့မှာ မင်းကိုစောင့်နေတာ”

“တင်ပါ့ဘုရား။ တပည့်တော် ပြည်ကိုရောက်နေလို့ ဘုရား။ ဘာများ အကူအညီ လိုပါသလဲ ဘုရား”

“အေး… အဖြစ်ကတော့ ဒီလိုကွ” လို့ အစချီပြီး ဒလက်တောရဲ့ ကြေညာချက် ရာဇဝင်ကို ရှင်းပြလိုက်တော့တယ်။ (ရှင်းပြရင်းတောင် ကြေညာချက် နှစ်စောင်ရေးပြီး ကပ္ပိယကြီးကို သွားကပ် ခိုင်းသေးတာ) ကိုထွန်းဝါလည်း ဇာတ်လမ်းကို နားထောင်ပြီး ပြန်လျှောက်တယ်။

“အရှင်ဘုရားက ကြေညာချက် စာအုပ်ပဲ တွေ့တာကိုးဘုရား။ တပည့်တော်မှာ နောက်တစ်အုပ် ရှိပါသေးတယ်။ အဲဒီမှာ ကြေညာချက်တွေ အဲလို လှိုင်လှိုင်ထုတ်ခြင်းရဲ့ အကျိုးဆက်တွေ ရေးထားတယ်ဘုရား”

“ဟေ… ဘာတဲ့လဲကွ”

“အဖွဲ့ခွဲတွေ အမျိုးမျိုးနဲ့ လုပ်ကြတော့ အားရှိတန်သလောက် မရှိဘူးဆိုတဲ့ သဘောပေါ့ဘုရား။ အခုပဲ ရွာကို ထိခိုက်နေပြီ မဟုတ်လား ဘုရား”

“အေး.. ဒါဆိုလျှောက်စမ်းပါဦး။ ငါလုပ်ရမတုန်း”

“အရှင်ဘုရား ကြေညာချက်ထုတ်ရမယ်ဘုရား”

“မင်းပဲ ကြေညာချက်က ထုတ်တိုင်း မကောင်းဘူးဆိုကွ”

“ဒီတခါ ထုတ်ရမှာကို ဒီလိုပါဘုရား” ဆိုပြီး ကိုထွန်းဝါက ဆရာတော်ကို ဆက်လျှောက်လိုက်တယ်။ မကြာပါဘူး။ ဆရာတော့်ဆီက ဒီကြေညာချက် ထွက်လာပြီး ဒလက်တောမှာ ကြေညာချက်တွေ ရပ်သွားတော့တယ်။

တရွာလုံးကို အသိပေးလိုက်သည်။
နောက်ထပ် ငါ တခုခု မပြောမချင်း ဘာကြေညာချက်မှ မထုတ်ရဘူး။
အဖွဲ့တွေ အကုန်လုံးကိုလည်း ဖျက်သိမ်းကြပါ။
အရင်လို ပြန်နေကြ။
မဟုတ်ရင် ငါ့ကြိမ်က ကျောမရွေးဘူး။
ဆရာတော်

xxxxxxx

ကမ္ဘာစိုးမင်း


Ref: သံလွင်အိမ်မက်

Read More...

နေ့စဉ်သတင်းများ (၈ - ၈ - ၀၉)

■ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ရန်ကုန်ဆွမ်းဆက်ကပ်လှူဒါန်းမှုများ သတင်း
■ မဲဆောက်၊ နယူးဒေလီ ရှစ်လေးလုံး သတင်း
■ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ မန္တလေးလှုပ်ရှားမှု သတင်း
■ ရှစ်လေးလုံးနှစ်ပတ်လည်ပွဲတွေ ပြည်တွင်းပြည်ပမှာ ကျင်းပ သတင်း
■ ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည် ဆန္ဒပြပွဲတွေ သတင်း
■ မြန်မာနိုင်ငံက ရှစ်လေးလုံးမျိုးဆက်တွေအတွက် မပြီးဆုံးသေးတဲ့ လှုပ်ရှားမှု သတင်း
■ ဘာကလေ ဘားမားဒေးအခမ်းအနားနှင့် ဥက္ကလံမြို့ ရှစ်လေးလုံး (၂၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲများ သတင်း
■ ဘန်ကောက်တွင် (၂၁) နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ဆန္ဒပြ သတင်း
■ သူတို့တွေ့ကြုံခဲ့ရတဲ့ ၈၈ ရဲ့ ပုံရိပ်များ (အထူးကဏ္ဍ)
■ ရှစ်လေးလုံးနေ့ နိုင်ငံတကာမှ မြန်မာပြည်သားတို့၏ လှုပ်ရှားမှုများ (ဓာတ်ပုံသတင်း)
■ သံဃာ့တပ်ပေါင်းစုနဲ့ ဗကသများအဖွဲ့ချုပ် ပြည်သူလူထုသို့ တိုက်တွန်း သတင်း
■ (၈၈) မျိုးဆက်ကျောင်းသားအဖွဲ့ ကြေညာချက်ထုတ်ပြန် သတင်း
■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံတကာခုံရုံးတင်ဖို့ တောင်းဆို သတင်း
■ ယက်တောအမှု မဖန်တီးခဲ့ဟု စစ်အစိုးရ ငြင်းဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေးတာဝန်ကျ ရဲများအား အရေးယူဟု ရဲချုပ်ပြော သတင်း
■ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုရဲ့ သတင်းစာရှင်းလင်းပွဲ သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ် သတင်းစာရှင်းလင်းပွဲ သတင်း
■ ပြင်းထန်တဲ့မုန်တိုင်း တရုတ်ကို ဦးတည်နေ သတင်း
■ အာရှစီးပွားရေး နာလန်ထူမယ့် အရိပ်အယောင်မြင်နေရ သတင်း
■ ငလျင်ကို ကြိုတင်သိနိုင်ဖို့ သတင်း
■ ဒီမိုကရေစီစနစ်ကို ချမှတ်ပေးခဲ့သူ အာရှအမျိုးသမီးခေါင်းဆောင်တဦးရဲ့ နောက်ဆုံးခရီး သတင်း
■ မြန်မာ့ရေပိုင်နက်နားက မသင်္ကာဖွယ် မြောက်ကိုရီးယားသင်္ဘော သတင်း
■ ပါမောက္ခချူပ်မှ ဆရာ၊ ဆရာမများကို ကျောင်းသား/သူများအား စောင့်ကြည့်ရန် ညွှန်ကြား သတင်း
■ Wichien ကို ရဲချုပ်ခန့်တာ ဥပဒေနဲ့အညီဖြစ်ကြောင်း ၀န်ကြီးချုပ် ပြော သတင်း
■ UDD အဖွဲ့ အသနားခံမယ့် ရက် သတ်မှတ် သတင်း
■ ရဲရာထူး အပြောင်းအရွှေ့စာရင်း ပြန်သုံးသပ်နိုင် သတင်း
■ ထိပ်တန်း ရဲချုပ်ရာထူး အပြောင်းအလဲ သတင်း

Read More...

Saturday, August 8, 2009

စစ်သားတစ်ယောက်ရဲ့ ရှစ်လေးလုံး ဝေဒနာ

မမေ့နိုင်တဲ့ နှစ် (၂၀) ကျော်က ပုံရိပ်များ

မင်းသစ္စာ (ပြည်ပရောက် တပ်မတော်လေ စစ်သည်တော် တစ်ဦး)

ကျွန်တော်ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် အမှတ်(၅၀၁) လေတပ်စခန်း ဌာနချုပ်မှ ရဲဘော်ရဲဘက် သူငယ်ချင်း(၁၄) ဦးနှင့်အတူ နံနက် လင်းအားကြီး နှစ်နာရီခွဲတွင် ထွက်လာပြီး မှော်ဘီမြို့သို့ ချီတက် သွားခဲ့ပါတယ်။ မှော်ဘီ ကျောင်းသားများရဲ့ သပိတ်စခန်းက ကြိုဆိုပြီး ထိုနေ့ စက်တင်ဘာ (၁၁) ရက်နေ့တွင်ပင် ကျွန်တော်တို့ကို ကြည်းတပ်မှ အငြိမ်းစားယူထားတဲ့ ဗိုလ်မှူး ကျော်ဒွန်း အပါအ၀င် မှော်ဘီ ကျောင်းသားများနဲ့ လူငယ်များက ရန်ကုန်ရှိ သရက်တော ကျောင်းတိုက်ကို ကားနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

မှော်ဘီကနေ မင်္ဂလာဒုံကိုကျော်တဲ့အထိ ကားလမ်း တလျှောက်မှာတော့ ကျနော်တို့ တတွေ စစ် ယူနီဖေါ်င်းတွေ ဖွက်လာခဲ့ရပြီး ကျောင်းသား လူငယ်တွေလို အ၀တ်အစားတွေ ၀တ်ကာ လာခဲ့ရပါတယ်။။ ထိုအချိန်မှာတော့ သရက်တော ကျောင်းတိုက်မှာ ပြည်သူ့ရင်ခွင်ကို ကူးပြောင်း လာခဲ့တဲ့ ပြုပြင် ထိမ်းသိမ်းရေးး လေတပ်စခန်း မင်္ဂလာဒုံက တပ်မတော်(လေ) စစ်သည်များနဲ့ တပ်မတော်(ကြည်း) မှ ရန်ကုန်ကို တာဝန်နဲ့ ရောက်လာတဲ့ နယ်တပ်တွေက ရဲဘော်များဟာ အရင်ရောက်ရှိ စခန်းချနေကြပါပြီ။ ပြုပြင် ထိန်းသိမ်းရေး လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည်များ အလုံးအရင်းနဲ့ တပ်ကနေ ထွက်ခွာလာတဲ့ အတွက် လူထုက တခဲနက် ပန်းကုံးစွပ် ကြိုဆိုကြသလို စားကောင်း သောက်ဖွယ်ရာ များနှင့်လည်း ကျွေးမွေး ပြုစုကြရာ ပြည်သူ့ ရင်ခွင်မှာ ငြိမ်းချမ်းစွာ ခိုလှုံ မိကြပါတော့တယ်။ စက်တင်ဘာ (၁၂) ရက်နေ့တွင်လည်း ကျွန်တော်တို့ လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည် (၂၀) ကျော် သရက်တော ကျောင်းတိုက်ကို ထပ်မံရောက်ရှိ လာကြပါတယ်။



အလားတူ သြဂုတ်လ (၉) ရက် နေ့မှာကတည်းက အမှတ် (၅၀၂) လေတပ်စခန်း မင်္ဂလာဒုံမှာ တပ်တွင်း ပုန်ကုန်မှု လို့တောင် ပြောလို့ရတဲ့ အာဏာ ဖီဆန်မှု တစ်ခု ဖြစ်ပွားခဲ့ပြီးတော့ ရန်ကုန် တက္ကသိုလ် ပင်မ ကျောင်းသား သမဂ္ဂနှင့် သွားရောက် ပူးပေါင်း ခဲ့ကြပြီး ဖြစ်ပါတယ်။

စက်တင်ဘာ (၁၇) ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးရုံးမှာ လုံခြုံရေး တာဝန် ယူထားသော ခမရ (၆) မှ တပ်ခွဲရုံး တစ်စုနှင့် လူထုတို့ ပဋိပက္ခ ဖြစ်ပွားနေကြောင်း သံဃာတော် တစ်ပါးက လာရောက် ပြောကြား ခဲ့ပါတယ်။ စစ်သားတချို့က လက်နက် မချဘဲ ရုံးထဲမှာ ပုံးအောင်း နေကြကြောင်း သိရပါတယ်။ တခုခု လုပ်သင့်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ (၅၀၁) လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည် (၁၅) ယောက် ချက်ချင်း ထလိုက် သွားကြပြီး ကုန်သွယ်ရေး ရုံးဝင်း တံခါးဝသို့ ရောက်ရှိ သွားခဲ့ပါတယ်။

အဲဒီ အချိန်မှာ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က ဗိုလ်ကြီးဝင်းသိန်း ရောက်လာပြီး ရုံးတွင်းသို့ ဝင်လိုကြောင်း ပြောတဲ့အတွက် သူ့အား ကုန်သွယ်ရေး ရုံးဝင်းအတွင်းသို့ သွင်းလိုက်ကာ သူဟာ ရဟန်းပျို၊ ဘုန်းတော်ကြီး၊ ကျောင်းသားများနှင့် အတူ ညှိနှိုင်း ဆောင်ရွက်မှု ပြုလုပ် နေကြပါတယ်။ ကျွန်တော်တို့ ကတော့ ကုန်သွယ်ရေး ၀န်ကြီးရုံးရဲ့ ဆင်ဝင်ကြီး တံခါးရှေ့မှာ တာဝန်ကျပြီး ကျွန်တော်တို့ ရဲဘော်များနှင့် အတူ တန်းစီ နေရာယူကာ လူထုအား ချော့မော့ ထိမ်းသိမ်း နေရပါတယ်၊ တောင်းပန် နေရပါတယ်။ လူထုဟာ အတော် ဒေါသဖြစ်နေလို့ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ကားများ အပါအ၀င် ကားပေါင်းစုံ ရောက်လာလို့ အခြေအနေ မှာလည်း ရှုပ်ရှက်ခပ်နေပါတယ်။ လူထုအင်အား ကြီးမားလာပြီး ကားတစ်စီးကို ဆွဲမှောက် လိုက်တဲ့အထိ ဒေါသအရှိန် မြင့်တက်လာ နေပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ အင်အားဖြည့် အနေနဲ့ ပြုပြင် ထိန်းသိမ်းရေး လေတပ် စခန်းမှ တပ်ခွဲတစ်ခွဲစာ ရှိသော အကြပ်/ စစ်သည်များနှင့် ရေတပ်မှ (၁၀) ယောက်ခန့် ယူနီဖောင်းဝတ်ပြီး ကျွန်တော်တို့နဲ့ ထပ်မံ ပူးပေါင်းကာ လူထုနှင့် ခမရ (၆) တပ်အကြား ဖြန်ဖြေမှုပေးရင်း အခြေအနေကို ထိန်းသိမ်း နေရပါတယ်။

လူထုဟာ ဒေါသအရှိန်ကို မထိန်းနိုင်လို့ အောက်ထပ်က ကွဲနေသော မှန်တွေဆီမှ တစ်ဆင့် ပြူတင်းပေါက်ကို ကျော်ဝင်ဖို့ ကြိုးစားလာပါတယ်။ ကျွန်တော်တို့က တန်းစီပြီး ရှေ့တည့်တည့်က ပိတ်ထားကာ ပါးစပ်ကလည်း တတွတ်တွတ် တောင်းပန်နေလို့ လူထုက ကျွန်တော်တို့အား အားနာပုံရကာ အရှိန်လျော့သွားခဲ့ပါတယ်။

အဲဒီအချိန်မှာ ကုန်သွယ်ရေးရုံး အပေါ်ထပ်မှ ရဟန်းပျိုနှင့် ကျောင်းသားတွေ ဆင်းလာပြီး သူတို့ထဲမှာ စစ်သည်တွေလည်း ရောနှောပုံဖျက်ကာ ဆင်းလာကြပါတယ်။ ကျွန်တော်တို့ အတွင်းသိတွေ အနေနဲ့ တွဲဆင်းလာတဲ့ ကျောင်းသားရယ်၊ ဘုရားသားရယ်၊ စစ်သားရယ်ကို ကြည့်ရင်း ရင်ထဲမှာ ဖေါ်မပြနိုင်တဲ့ ဝေဒနာ တစ်ရပ်ကို ခံစားခဲ့ကြရပါတယ်။ တကယ်တော့ ဘုရားသားနဲ့ ကျောင်းသားတွေဟာ လူကိုတိုက်နေတာ မဟုတ်ဘဲ စစ်သားတွေကို မုန်းလို့ မဟုတ်တာရယ် “မူ” ကိုသာ တိုက်နေတဲ့ တိုင်းပြည်အတွက် တကယ်ချစ်လို့ ဆိုတာတွေရယ်ကို ဒီဖြစ်စဉ်မှာ လက်တွေ့ သိရှိခဲ့ရပါတယ်။

ဒီနောက် ရိက္ခာတွေထဲမှာ လက်နက်ခဲယမ်းတွေကို ဖွက်လာခဲ့ပြီး ကားတွေပေါ် စုတင်ကာ တချို့ကားတွေ ဘယ်ဘက်လမ်း အတိုင်းသွားသလို တချို့ကားတွေကျတော့ ညာဘက် လမ်းအတိုင်း လမ်းကြောင်း သင့်သလို အသီးသီး ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ လူထုသိချင်တဲ့အဖြေကို ကျွန်တော် မပေးလိုက်ရလို့ မြိုသိပ်ထားခဲ့ရတဲ့ ဝေဒနာကို ရင်ဖွင့် ချင်ပါတယ်။ အဲဒီ အဖြေကတော့ ခမရ (၆) က တပ်ခွဲမှူး ဗိုလ်ကြီး ခင်မောင်ချို လက်နက်ချ/မချ ဆိုတာ ဖြစ်ပြီး လူထုက သံသယ စိတ်နှင့် ကျန်နေရစ် ခဲ့ကြရတာကို ကျွန်တော်တို့ ရိပ်မိနေပါတယ်။ ကျွန်တော်တို့ကလည်း လူထုအား နောက်ဆုံးရလဒ် အခြေအနေ ကို သိခွင့် မပေးလိုက်ရတဲ့ အတွက် လူထုကို လိမ်ညာ ခဲ့ရသလို ခံစားနေရပါတယ်။

အမှန်တကယ်တော့ ကျွန်တော်တို့ (၅၀၁) လေတပ်စခန်းဌာနချုပ်က ရဲဘော်တွေဟာ ကြည်းတပ်ကို တိုက်ဖို့ လက်သီး လက်မောင်း တန်းပြီး ကုန်သွယ်ရေးရုံးကို ပြည်သူ့ဘက် ရပ်တည်ဖို့ ချီတက် လာကြခြင်း ဖြစ်ပါတယ်။ ဟိုရောက်တော့ အပေါ်ထပ်ကို ၀င်ခွင့်မရဘဲ သံဃာတွေနဲ့ ကျနော်တို့ စီနီယာတွေရဲ့ တာဝန် ချထားမှုကြောင့် ဖျန်ဖြေရေး ကိစ္စကိုသာ ဘုမသိ ဘမသိနဲ့ လုပ်နေ ကြရပါတယ်။ ကုန်သွယ်ရေးရုံးမှ ဗိုလ်ကြီး ခင်မောင်ချို တို့ အဖွဲ့ ထွက်သွား တော့လည်း ဘာမှန်းမသိ ဖြစ်နေချိန်မှာ ကျွန်တော်တို့ဟာ ညာလှည့် တန်းဖြုတ်ပြီး ကမ်းနားလမ်းမှ သရက်တော ကျောင်းတိုက်ကို ပြန်လာခဲ့ရပါတယ်။

ကျွန်တော်ရဲ့ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေပြီး ဆုံးရှုံးမှုကြီး တစ်ခု မကြာခင် ဖြစ်တော့မှာကို စိုးရိမ် မိခဲ့ပါတယ်။ အချိန်ကြာလာတဲ့ အခါကျမှ ကျွန်တော် စဉ်းစားမိတာမှာ ကျွန်တော်တို့ အနေနဲ့ ရုတ်ချည်း သတင်း အခြေအမြစ် မသိလိုက်ရလို့ လူထုကို ကာကွယ်ပေးချင်တဲ့ စိတ်ဇောနဲ့ ကြည်းတပ်ကို တိုက်မယ်လို့ လက်သီး လက်မောင်းတန်း ချီတက်လာပါတယ်။ ဒါပေမဲ့ ဟိုရောက်တော့ အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲသွားလို့ ကြည်းတပ်ကို စည်းရုံးနိုင်ခွင့်နဲ့ ထိတွေ့ပြောဆိုနိုင်ခွင့် အခွင့်အလမ်း ကျွန်တော်တို့မှာ ရှိခဲ့ရင် သိပ်ကောင်းမှာဘဲလို့ တွေးတော ခဲ့ပါတယ်။

အနည်းဆုံး အဲဒီလို လုပ်ခွင့်မရရင်တောင် ပြည်သူလူထုအား အတိုင်းအတာ တစ်ခုထိ ဗိုလ်ကြီးခင်မောင်ချို လက်နက် ချသွားပြီ ဆိုတဲ့ သတင်းကို ရှင်းပြနိုင်ခွင့် ရှိခဲ့ရင် ဖြေသာနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့သာ ဗိုလ်ကြီး ခင်မောင်ချိုတို့ တပ်စုဟာ ပြည်သူတွေကို ၀န်ချတောင်းပန်ခဲ့လို့ အခုလို ခိုးကြောင်ခိုးဝှက်နဲ့ ကျောင်းသားလို ပေးဝတ်ရ ဘုန်းကြီးယောင် ဆောင်ရပြီး ခိုးထုတ်ရတာမျိုး မဟုတ်ခဲ့ဘဲ အဲဒီ ကုန်သွယ်ရေးရုံးရဲ့ ရှေ့မှာ ပြည်သူတွေရဲ့ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်လွှတ်မှုကိုသာ ရခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက် မလဲလို့  စိတ်ကူး ယဉ်မိပါတယ်။

ဒီထက်ပိုပြီး လုပ်နိုင်တာက လက်နက်ချသွားတဲ့ ကြည်းတပ်ရဲ့ ပစ်ခတ်နိုင်မှု ( Fire Power) စွမ်းအားကို အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ ကြည်းတပ်နှင့် လေတပ် ပူးပေါင်းလိုက်မယ် ဆိုရင် စစ်အာဏာရှင်တွေ တုန်လှုပ် ချောက်ခြား သွားရုံမက ဒီမိုကရေစီ ပန်းတိုင်သို့ လမ်းပွင့်သွား နိုင်မယ်လို့ ယုံကြည်မိပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော့် တစ်သက် မမေ့နိုင်တော့သလို စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ ဘုရားသား ကျောင်းသား သာမက စစ်သားလည်း ပူးပေါင်း ပါဝင်ဖို့ လိုသလို အခုဆိုရင် တိုင်းရင်းသားတွေ ကလည်း ပူးပေါင်း ပါဝင်မှသာ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

Ref: ဖိုးတရုတ်

Read More...

နေ့စဉ်သတင်းများ (၇ - ၈ - ၀၉)

■ ရှစ်လေးလုံးနှစ်ပတ်လည်အကြို ချောက်နှင့် မန္တလေးမှာ စာရွက်များကပ် သတင်း
■ ၈ လေးလုံး (၂၁) နှစ်ပြည့် အခမ်းအနားများအတွက် သီချင်း (၂) ပုဒ်နဲ့ စပ်မိစပ်ရာ သတင်း
■ ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ၀င်ရောက်မှု လုံခြုံရေးတာဝန်ခံ (၂၀) ကျော်ကို အပြစ်ပေး သတင်း
■ NLD ဗဟိုကော်မတီကို ကူညီဖို့ လွှတ်တော်ကိုယ်စားလှယ် (၁၄) ဦးကို တာဝန်ပေး သတင်း
■ မြန်မာစစ်အစိုးရ နျူကလီးယားနည်းပညာရရှိရေး ကြိုးပမ်းမှုအပေါ် သုံးသပ်ချက် (မျက်မှောက်ရေးရာ)
■ ဂျင်မ်ဝက်ဘ်ရဲ့ မြန်မာနိုင်ငံခရီး ၀ါရင့်နိုင်ငံရေးသမားကြီးများ သတိနဲ့ ကြိုဆို သတင်း
■ ဘန်ကီးမွန်းလာရောက်စဉ် ဖောက်ခွဲရေးသမား (၁၅) ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲချုပ်ပြောဆို သတင်း
■ ကုလအတွင်းရေးမှူးချုပ် ခရီးစဉ်အတွင်း ဗုံးခွဲရန်ကြံဟု ရဲချုပ်ထုတ်ဖော် သတင်း
■ ဗုံးခွဲမည့် နိုင်ငံရေးသမား (၁၅) ဦးကို အာဏာပိုင်တို့ ဖမ်းဆီးထား သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကောက်ကြံခြင်းမရှိဟု အစိုးရ ငြင်းဆို သတင်း
■ ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာနပိုင် မြေကွက်နှင့် အဆောက်အဦများ ချရောင်း၊ စစ်အုပ်စုတို့အချင်းချင်း ခွဲ ဝေရယူလျက်ရှိ သတင်း
■ ရခိုင်ပြည်နယ်က မြို့ (၅) မြို့ လုံခြုံရေးဆိုင်ရာ စိတ်မချရသော မြို့များ အဖြစ် သတ်မှတ် သတင်း
■ အရင်းအနှီး ကြီးမားလွန်းတဲ့ ရှစ်လေးလုံးသင်ခန်းစာများ (ဆောင်းပါး)
■ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်ရန် နီပေါက ဒီမိုကရေစီခေါင်းဆောင် တိုက်တွန်း သတင်း
■ လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုဟု မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ ပြောကြား သတင်း
■ ဒုဗိုလ်မှူးကြီး ကတော်တဦး သေကြောင်းကြံစည် သတင်း
■ ဒီမိုကရေစီအင်အားစုများရဲ့ လမ်းပြမြေပုံကို ကုလသမဂ္ဂအား တင်ပြခြင်း အပါအ၀င် သတင်းမှတ်စု သတင်း
■ နယ်ခြားစောင့်တပ် လက်မခံတဲ့ ငြိမ်းအဖွဲ့တွေကို ကုလရဲ့ ထောက်ပံ့ဆန်တွေ ဖြတ်ပြီ သတင်း
■ မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်ကို လက်မခံနိုင် သတင်း
■ မြန်မာ (၆) ဦး မလေးရှားတွင် သေဒဏ်ပေးခံရ သတင်း
■ ပျော်ပွဲစားခရီးကြောင့် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ စစ်ဆေးခံရ သတင်း
■ မိုးသက်လေပြင်းကြောင့် တံငါလှေ အစီး (၂၀) မှောက်၊ (၁၀) ဦးထက်မနည်း သေဆုံး သတင်း
■ ဗကသအဖွဲ့ဝင် မောင်ရဲမြတ်ဟိန်းကို ထောင် (၂) နှစ် ထပ်မံချမှတ် သတင်း
■ မိုးကြီးသောကြောင့် ဂျိုင်းမြစ်နံဘေးရှိ ရွာများ ဒုက္ခရောက် သတင်း
■ ကျေးလက်တောရွာ မီးရှို့ဖျက်ဆီးပြီးနောက် စစ်အစိုးရတပ် မုဒိမ်းကျင့်မှု ထပ်မံကျူးလွန် သတင်း
■ မြ၀တီမြို့က လူမှောင်ခိုကူးသည့်အိမ်ကို ဗုံးခွဲ သတင်း
■ မြန်မာပြည်အထက်ပိုင်းက ရဲတွေ နေပြည်တော်မှာ လက်နက်သွားထုတ် သတင်း
■ ကျောင်းသားအရိုက်ခံရမှု ကျောင်းအုပ်ပါနေ၍ ကျောင်းသားများ မကျေနပ် သတင်း
■ စားဆီနှင့် ဆီထွက်သီးနှံ ဈေးခုန်တက် သတင်း
■ နယ်စပ်မှတဆင့် ရွှေအရောင်းအဝယ်လုပ်သူ များပြား သတင်း
■ ပြည်တွင်းအရက်ချက်စက်ရုံများအား စစ်ဆေးသင့်ဟု ဆရာဝန်များက ရှုမြင် သတင်း
■ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (၅၇) ခု လေလံတင်မည် သတင်း
■ မြန်မာနိုင်ငံ မမွဲသေးပါ၊ ပြည်သူများ ဆင်းရဲရခြင်းသည် သယံဇာတ ချို့တဲ့ခြင်းကြောင့်မဟုတ် စစ်အစိုးရ ကြောင့်သာဖြစ် (ဆောင်းပါး)

Read More...

Friday, August 7, 2009

နေ့စဉ်သတင်းများ (၆ - ၈ - ၀၉)

■ အမေရိကန်အထက်လွှတ်တော်အမတ် Webb မြန်မာအပါအ၀င် အာရှ (၅) နိုင်ငံ ခရီးထွက်ဖို့ရှိ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ရွှေ့ဆိုင်းလိုက်တာက ပြည်တွင်းနှင့် နိုင်ငံတကာ တုံ့ပြန်မှုတွေကြောင့် ဟုဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အိမ်အမှုကိစ္စ ရှေ့နေအဖွဲ့နဲ့တွေ့ သတင်း
■ နေအိမ်ခြံဝင်းကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြိုးပမ်းမှု မြန်မာမိတ်ဆွေများအဖွဲ့ ထောက်ခံ သတင်း
■ မြန်မာ့မိတ်ဆွေနိုင်ငံများနဲ့ ဘန်ကီမွန်း တွေ့ဆုံ သတင်း
■ ကုလအတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်ကို မိတ်ဆွေနိုင်ငံများ သဘောတူ သတင်း
■ မြန်မာ့အရေးကို ကုလသမဂ္ဂက ထိရောက်စွာ ဖြေရှင်းနိုင်မှု ရှိနိုင်မရှိနိုင် သတင်း
■ သျှမ်း-ကချင်နယ်စပ် စစ်အစိုးရတပ် အင်အားတိုးမြင့် KIA ကို တိုက်ဖွယ်ရှိ သတင်း
■ ရန်ကုန်မြို့၏ အချက်အချာနေရာတော်တော်များများမှာ လမ်းပိတ်သံဆူးကြိုး သစ်သားတိုင်များချထား သတင်း
■ ကျေးရွာမီးသတ်တပ်ဖွဲ့များ ရခိုင်ပြည်နယ်အနှံ့ ဖွဲ့စည်းနေ သတင်း
■ ကလေးစစ်သားအသုံးမချရေး ကုလဆုံးဖြတ်ချက် လူ့အခွင့်အရေးအဖွဲ့ ကြိုဆို သတင်း
■ သတင်းစာပါ ဖက်ဒရယ်မူ အဓိပ္ပါယ်ဖွင့်ဆိုချက် ဦးရွှေအုံး ကန့်ကွက် သတင်း
■ သံဃာတော်တွေကို တောင်းပန်ပါတယ် သတင်း
■ မှန်ကန်သော စီးပွားရေးပြုပြင်မှုများ လုပ်သင့်ပြီဟု ပညာရှင်နှိုးဆော် သတင်း
■ မန္တလေးဆေးရုံကြီး သွေးအရောင်းအ၀ယ်သတင်းကြောင့် သွေးလှူသူ နည်းပါးသွား သတင်း
■ ထိုင်းနယ်စပ်ရောက် နိုင်ငံရေးအကျဉ်းသားဟောင်းမောင်နှံ အတွေ့အကြုံရှင်းပြ သတင်း
■ ရွှေ့ပြောင်းကလေးငယ်ကို ဖမ်းဆီးသည့်အပေါ် လူ့အခွင့်အရေးအဖွဲ့ စိုးရိမ် သတင်း
■ ကြက်ဆူပင်စိုက်လုပ်အားပေး တအိမ်တယောက်ဆင့်ခေါ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ ထပ်တွေ့ခွင့်ရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို (၁၁) ရက်နေ့ နောက်ဆုံးထား လွှတ်ပေးရန် တောင်းဆို သတင်း
■ ကေအန်ယူကို ထိုးစစ်ဆင်ရန် ဒီကေဘီအေတပ်များ ဘုရားသုံးဆူသို့ ရောက်ရှိ သတင်း
■ နယ်ခြားစောင့်တပ်အသွင် ပြောင်းမည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြော သတင်း
■ စစ်ရေးဖိအားဖြင့် ပြဿနာကို ဖြေရှင်း၍မရကြောင်း စစ်အစိုးရအား မွန်ပြည်သစ် သတိပေး သတင်း
■ အင်အားပြအကျပ်ကိုင်မှု မွန်ပြည်သစ်ပါတီ လက်ခံမည်မဟုတ် သတင်း
■ ငြိမ်းအဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အသွင် မပြောင်း၍ စစ်အင်အားဖြည့်တင်း သတင်း
■ ဒီကေဘီအေက တပ်သားသစ်ကောက်ခံ၍ ရွာသားများ ထိုင်းဘက်ထွက်ပြေး သတင်း
■ စစ်တကောင်းတောင်တန်းနယ်မှ ပြန်ပေးဆွဲမှု ရခိုင်လက်နက်ကိုင်များနှင့် ပတ်သက်မှုမရှိ သတင်း
■ မြန်မာနိုင်ငံအခြေအနေ ကုလအတွင်းရေးမှူးချုပ် ရှင်းလင်း သတင်း
■ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဘန်ကီမွန်း ထပ်မံတိုက်တွန်း သတင်း
■ မြန်မာပြည်က ကလေးစစ်သားအရေး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမည် သတင်း
■ နအဖ နျူကလီယားအစီအစဉ်ကို စုံစမ်းဖော်ထုတ်မည် သတင်း
■ ရှစ်လေးလုံးအကြို ပဲခူးမှာ ပိုစတာတိုက်ပွဲစတင် သတင်း
■ အင်းစိန်မြို့နယ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ချထား သတင်း
■ ဦးတင်ယုကို အင်းစိန်ထောင်ဆေးရုံတင်ထား၊ မျိုးကျော်ဇင်ကို တိုက်ပိတ် သတင်း
■ ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိ သတင်း
■ ကြံ့ခိုင်ရေးအဖွဲ့ဝင်တဦး အရိုက်ခံရတဲ့အပြင် ပုဒ်မ (၂) ခုနဲ့ တရားစွဲခံနေရ သတင်း
■ ဒီမိုး ... ဒီရေ ... ဒီလူတွေနဲ့ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ (၈၈၈၈ အထူးဆောင်းပါး)
■ မူဝါဒများနှင့် စကားပြောခြင်း (ဆောင်းပါး)
■ ဒီမိုကရေစီအင်အားစုရဲ့ ၂၀၀၉ ခြေလှမ်း (ဆောင်းပါး)
■ အိပ်မက်လှလှ မက်ရအောင် (ဆောင်းပါး)

Read More...

Thursday, August 6, 2009

အမှုကို အစွမ်းကုန်အမြတ်ထုတ်နေတဲ့ နအဖ ဗိုလ်ချုပ်များ

ရဲဘော်ဖိုးသံချောင်း
၃ သြဂုတ် ၂၀၀၉

နအဖစစ်အစိုးရဟာ ကြောင်ကဖမ်းမိထားတဲ့ကြွက်ကို မစားခင် ကစားသလို ဒေါ်အောင်ဆန်းစုကြည် အမှု အပေါ်မှာ အမြတ်ထုတ် နေပါတယ်။ နောက်ပြီး ဒီလိုနှိပ်စက်ရတာကို သူတို့က သာယာ နေကြပါတယ်။ ဒါဟာ Sadism ဆိုတဲ့ သူများကို နှိပ်စက်ခြင်းနဲ့ သာယာကြတဲ့ စိတ်ရောဂါ ဝေဒနာသည် ဖက်ဆစ်တွေ အရသာခံနည်းမျိုး ခံနေကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ မတတ်သာလို့ သေဒဏ် အပြစ်ပေး ရရင်တောင် အတတ်နိုင်ဆုံး အနာအကျင် ကင်းမဲ့တဲ့ နည်းနဲ့ အမြန်ဆုံး ပြီးမြောက်အောင် လုပ်ရပါတယ်။ ဒါပေမယ့် နအဖ စစ်ဗိုလ်ချုပ် တွေကတော့ ဒါနဲ့ပြောင်းပြန် လူကို ပိတ်လှောင်ခြင်းနဲ့ နှိပ်စက်ရုံ မက အချိန်ဆွဲတဲ့ နည်းနဲ့ပါ နှိပ်စက်နေပါတယ်။ တချို့ သူတို့ အင်မတန် အငြိုးထားတဲ့ ဦးဝင်းတင်တို့၊ ဗိုလ်ကြီး ဝင်းထိန်တို့ကို ဆိုရင် ထောင်ဘူးဝ ရောက်မှ ထောင်ထဲ ပြန်ခေါ်သွားတာ၊ အပြင်ကို လွှတ်ပေးပြီး နောက်တနေ့ကျမှ ပြန်ဖမ်းဆီးတာ စတဲ့ ရိုင်းပြ ရက်စက်တဲ့ နှိပ်စက်နည်းတွေနဲ့ အာဏာ ပြခဲ့ကြတာကို တိုင်းပြည်က မမေ့ပါဘူး။

ဒီအချိန်မှာ သတိထားမိတဲ့ နောက်တချက်ကတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို နိုင်ငံရေး သတင်းတကာရဲ့ ထိပ်ဆုံးမှာ ရောက်နေအောင် လုပ်ထား၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အားလုံးကို မှန်းဆနေအောင် လုပ်ထားတာတွေနဲ့ တချိန်တည်းမှာ ပြည်တွင်း ပြည်ပကို သတင်းတုတွေ အမျိုးမျိုး လွှင့်တဲ့နည်းနဲ့ “နိုင်ငံရေးကစား” နေကြပါတယ်။ ဒါဟာ စစ်တပ်မှာ တဖက်ရဲ့ တပ်တည်နေရာနဲ့ ပစ်အား အခြေအနေကို သိရအောင် "searching fire" ပစ်ကြည့်တယ် ဆိုတာမျိုး လုပ်နေတာပါ။ ပြည်တွင်းပြည်ပက အာဘော်တွေ၊ သဘောထားတွေကို ဒီနည်းနဲ့သိအောင် လုပ်နိုင်တယ်ဆိုပြီး သူတို့ကိုယ် သူတို့ လည်လှပြီလို့ ထင်နေကြဟန် တူပါတယ်။ ဒီကိစ္စမှာ မစ္စစ်ကလင်တန် ထွက်ပြောလာတာမျိုးကို သူတို့က အမြတ်လို့ တွက်နေကြဟန် တူပါတယ်။ တကယ်ကျတော့ ဒီဗိုလ်ချုပ်တွေရဲ့ လုပ်နည်းတွေဟာ တည်ကြည်တဲ့ နိုင်ငံရေးလက္ခဏာ လုံးဝ မဆောင်ဘဲ သူခိုးဓားပြ ဂိုဏ်းတွေ၊ မာဖီးယားဂိုဏ်းတွေ လက်နက် အားကိုးနဲ့ နှိပ်စက်ကလူ လုပ်ချင်တိုင်း လုပ်နေကြတာ ဖြစ်ပါတယ်။

သူတို့ ဘယ်လိုပဲအကြောင်းပြပြ၊ သူတို့ရဲ့ဒီလိုလုပ်ရပ်ဟာ ဒီအမှုအပေါ် စိတ်ဝင်စားတဲ့၊ စိုးရိမ်တကြီး စောင့်ကြည့် နေကြတဲ့ ပြည်တွင်း ပြည်ပကလူတွေ၊ အသင်းအပင်း အဖွဲ့အစည်းတွေ၊ အစိုးရတွေကို စော်ကားတာပဲ ဖြစ်ပါတယ်။ တရားရုံးမှာ လာနားထောင် နိုင်ပါတယ်ဆိုလို့၊ ဖိတ်လို့၊ ဘန်ကောက်ကတောင် လာတဲ့ လူတွေအပါ နိုင်ငံတကာ သံတမန် နယ်ပယ်ကိုလည်း မထီလေးစား၊ စော်ကားတာ ဖြစ်ပါတယ်။ တကယ်ကျတော့ သူတို့ ဘာရည်ရွယ်ချက်တွေနဲ့ ဘာလို့ အခုလို လုပ်တယ်ဆိုတာဟာ အင်မတန်မှ စင်းနေ၊ ရှင်းနေတာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ အမှုကိုအချိန်ဆွဲတဲ့နည်းနဲ့ ဒီအမှုအပေါ် အာရုံစိုက် စောင့်ကြည့် နေကြတဲ့ နိုင်ငံတကာ နဲ့ ပြည်တွင်း ပြည်သူ လူထုကို ကသိကအောက် ဖြစ်အောင် လုပ်တာ၊ အာရုံပျက်အောင်၊ အာရုံလွင့်အောင် လုပ်နေတာ ဖြစ်တယ်ဆိုတာ မြင်သာ လှပါတယ်။ တပါတည်းမှာပဲ ဒီနေ့ စီရင်ချက်ကို စောင့်ပြီး ဆန္ဒပြဖို့၊ ဒါမှမဟုတ် တနည်းနည်း တုံ့ပြန်ဖို့ ပြင်ဆင် ထားသူတွေကိုလည်း ကမောက်ကမ ဖြစ်စေဖို့ တချက်ခုတ် နှစ်ချက်ပြတ် ရည်ရွယ်တာ ဖြစ်ပါတယ်။ သေချာတာကတော့ ဒီတခါ ရုံးချိန်းမှာလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမှုကို အင်းစိန်ထောင်ထဲမှာ ရှိတဲ့ ဒီတရားရုံးကို တကယ်တမ်း အဆုံးအဖြတ် ပေးနေတာဟာ ကြပ်ပြေးက ဖြစ်တယ် ဆိုတာကို ပြသ လိုက်ပါတယ်။

ဗိုလ်သန်းရွှေတို့ အခုလို ကုလားဖန်ထိုးတာနဲ့ ပတ်သက်လို့ ပြောကြတာတွေ ထဲမှာ စဉ်းစားစရာ ကောင်းတယ်လို့ ထင်တဲ့ စကား တခွန်းကတော့ နအဖ ဗိုလ်တွေဟာ ရှစ်လေးလုံး နှစ်ပတ်လည်ကိုလည်း ရှောင်ချင်လို့ ဖြစ်တယ် ဆိုတာပါပဲ။ ဗမာပြည် ပြည်သူတွေ အနေနဲ့ ရှစ်လေးလုံး အရေးအခင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း၊ တိုင်းပြည်မှာ အရေးကိစ္စ ကြုံတိုင်း ပြန်သတိရလေ့ ရှိကြောင်း ပြသတဲ့ အချက်ပါ။ နောက်ပြီး ဒီရှစ်လေးလုံး အရေးတော်ပုံကြီးဟာ စစ်အုပ်စုဝင်တွေကို သေတဲ့အထိ ခြောက်လှန့်နေတယ် ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။

တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ကို နအဖဗိုလ်ချုပ်တွေက မျက်စိကန်း တစ္ဆေမကြောက် ထောင်ဒဏ် အပြစ်ပေး လိုက်တယ် ဆိုရင် ဒီအဖြစ် အပျက်ဟာ ဒီပဲယင်း အရေးအခင်း၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတို့ လိုပဲ နအဖရဲ့ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ဒီမိုကရေစီကို အဆုံးစွန် ချိုးဖောက်မှုတခု တိုးလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နအဖရဲ့သမိုင်းရှိ နိုင်ငံတကာ အသိုင်းအဝိုင်းကို အာခံမှုတွေ ထဲမှာလည်း တံခွန်ထူမယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုပဲ ပြောပြော နအဖ စစ်ဗိုလ်တွေ အကြောင်း နောကျေနေတဲ့ ဗမာ နိုင်ငံသားတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို သူတို့ရဲ့ လက်ထဲမှာ မြှောက်ကာမြှောက်ကာ လုပ်ပြပြီး ပြည်ပ အစိုးရတွေကို ဈေးဆစ်နေတဲ့ ပုံကိုပဲ မျက်စိထဲမှာ မြင်ယောင်နေပါတယ်။ နအဖ သက်တမ်း တလျှောက်မှာ သူတို့ဟာ နိုင်ငံရေး အကျဉ်းသမားတွေကို ပြန်ပေးဆွဲသလို ဖမ်းထားပြီး အနောက်နိုင်ငံတွေ ဆီက သူတို့ လိုချင်တာတွေ တောင်းနေခဲ့တာ လူတိုင်း အသိပါ။ အခုလည်းပဲ ဒီအမှုနဲ့ ပတ်သက်တဲ့ မစ္စစ် ကလင်တန်ရဲ့ ပြောစကားကို ကြားပြီးနောက် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ဟာ လေလံဈေး ခေါ်သလိုများ လုပ်ချင်စိတ်တွေ ပိုပေါ်လာတာလား လို့တောင် တွေးမိပါတယ်။

အသေအချာပြောလို့ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချတာဟာ ပြည်သူလူထု ထောက်ခံမှု အများဆုံး ရနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် စီရင်ချက်ချတာ၊ အမျိုးသား ရင်ကြားစေ့ရေး လမ်းစဉ်အပေါ် စီရင်ချက်ချတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကျန်ကောင်းလို့ ကျန်တဲ့ မျှော်လင့်ချက်လေး အပေါ် စီရင်ချက် ချတာလည်းဖြစ်ပါတယ်။

ဒါက တဆက်တည်းဖော်ပြနေတာဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ အဲဒီ ရွေးကောက်ပွဲလွန် ကာလ ဗမာပြည် နိုင်ငံရေး ဇာတ်ခုံ ဟာလည်း အလားတူပဲ စစ်အုပ်စုကနေ နောက်ကနေ ခြယ်လှယ်ပြီး လုပ်ချင်တိုင်း လုပ်တဲ့ ကောက်ကျစ်မှုတွေ၊ မာဖီးယား လုပ်ဟန်တွေနဲ့ ပြွမ်းတီးနေမယ် ဆိုတာပါပဲ။ မှန်းဆလို့ ရတာကတော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ လုပ်ပြီးလို့ (ဘယ်သူတွေပဲ အမတ်တွေ ဝန်ကြီးတွေ ဖြစ်ဖြစ်) ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင် အသက်ဝင်ပြီ ဆိုတာနဲ့ တပြိုင်နက်တည်း ဗမာပြည်မှာ အမျိုးသား ရင်ကြားစေ့ရေး တံခါးဟာ ပိတ်သလောက် ဖြစ်သွားတော့မယ် ဆိုတာပါပဲ။ အဲဒီအခါကျရင် နအဖမှာ အလိုတော်ရိ အသစ်တွေ၊ လက်ကိုင်တုတ် အသစ်တွေ ရလာပြီး ပြည်တွင်းပြည်ပကို ရင်ဆိုင်တော့မှာ ဖြစ်တယ် ဆိုတာလည်း ကြိုစဉ်းစားထား၊ ပြင်ဆင်ထားတာတွေ လုပ်ကြရ ပါတော့မယ်။

နအဖနဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာဟာ ဖန်တို့တမ်း ကစားသလို လုပ်လို့ မရဘူးဆိုတာ ထင်ရှား သထက် ထင်ရှား လာနေပါပြီ။ နအဖ ဗိုလ်ချုပ်တွေကို ဘွာခေါ်ခွင့် မပေးတမ်း စာရင်းရှင်းကြပါစို့။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ (၅ - ၈ - ၀၉)

■ သင်္ကန်းဝတ်ဖြင့် မတင့်တယ်သည့် ဓာတ်ပုံကြောင့် မင်းမော်ကွန်း တောင်းပန်ရ သတင်း
■ သံဃာများ ၀ါခေါင်လပြည့် ပရိတ်ရွတ်ပွဲကို အာဏာပိုင်များ ပိတ်ပင် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ဆူးကြိုးအကာအရံများ ပြန်လည်ချ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု ဗိုလ်ချုပ်မှူးကြီး မဆုံးဖြတ်ရသေးခြင်း ဖြစ်ဖွယ်ရှိ သတင်း
■ ခြံမြေပိုင်ဆိုင်မှုကိစ္စအတွက် ရှေ့နေတွေ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု တရားစီရင်မှုအပေါ် သုံးသပ်ချက် သတင်း
■ ပြည်တွင်းငြိမ်းချမ်းရေး စိုးရိမ်စရာရှိကြောင်း မွန်ပြည်သစ်ပါတီ ပြောဆို သတင်း
■ ပါတီနှင့် တပ် ခွဲထားခြင်း၊ ဖျက်သိမ်းခြင်း လက်မခံဟု မွန်ပြည်သစ် ပြော သတင်း
■ မွန်ပြည်သစ်က ပါတီနှင့်တပ် မခွဲ သတင်း
■ ‘၀’ တပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ တောင်းဆို သတင်း
■ မြန်မာစစ်အစိုးရ ၂၀၁၄ ခုမှာ နျူကလီယားလက်နက် ထုတ်လုပ်နိုင်မည် ခန့်မှန်း သတင်း
■ စစ်တပ်အတွင်း ကလေးစစ်သားစုဆောင်းမှု လုပ်နေ သတင်း
■ ညွန့်ပေါင်းအစိုးရနဲ့ ... အမျိုးသားကောင်စီနဲ့ ... သတင်း
■ ပဲခူးကျောင်းသားများ သွေးမြေကျသောနေ့ မမေ့စေရေး လှုံ့ဆော် သတင်း
■ ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ သတင်း
■ စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို သတင်း
■ ဖိလစ်ပိုင်သမ္မတဟောင်း အကွီနို ဈာပန မနီလာမှာ ကျင်းပ သတင်း
■ ဖမ်းဆီးခံ မြောက်ကိုရီးယား အမေရိကန်သတင်းထောက် (၂) ဦး ဌာနေပြန်ရောက် သတင်း
■ ဘီကလင်တန်ရဲ့ မြောက်ကိုရီးယားခရီးစဉ် အောင်မြင်မှု သတင်း
■ အီရန်သမ္မတ အမာဒင်နီဂျက် ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို သတင်း
■ ပါကစ္စတန်မှာ အရပ်သားသေဆုံးမှုနည်းအောင် နေတိုး ကြိုးစားမည် သတင်း
■ မြန်မာ၏ နျူကလီယားရည်မှန်းချက်အတွက် တရုတ်က တုန်လှုပ်ချောက်ချား (ဆောင်းပါး)
■ မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေးကို စိုးရိမ်ကြောင်း အမေရိကန်က ထပ်မံပြောဆို သတင်း
■ နအဖနှင့် မြောက်ကိုရီးယားပူးပေါင်းမှု အမေရိကန် စိုးရိမ် သတင်း
■ နယ်ခြားစောင့်တပ်ဖွဲ့ မလုပ်ဟု မွန်ပြည်သစ်ပါတီ ပြော သတင်း
■ သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ သတင်း
■ တာဆန်းရေကာတာစီမံကိန်းကြောင့် ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာရ သတင်း
■ ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့ သတင်း
■ ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင် သတင်း
■ တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော သတင်း
■ ၀ါဆိုသံဃာများကို အာဏာပိုင်များ တင်းကျပ် သတင်း
■ ပြည်ခိုင်ဖြိုးကတ် ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင်မလို သတင်း
■ ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား သတင်း
■ သား ရွှေအိုးထမ်းကိန်း (ဆောင်းပါး)

Read More...

နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှု ဆိုတာ ခဏ တဖြုတ်ပဲ ဖြစ်နိုင်တယ်

NEJ / ၅ သြဂုတ် ၂၀၀၉

(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် အင်တာဗျူး)

၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ကာလတလျှောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် ရလဒ်များနှင့် နိုင်ငံရေး အမြင်များကို ကိုယ်တွေ့ ကြုံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက် အထူးအစီအစဉ်

မေး။ ။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ လူထုအုံကြွမှုကြီးကို ကြုံတွေ့ ဖြတ်သန်းလာခဲ့သူ တယောက်အနေ နဲ့ ဒီ အရေးတော်ပုံကြီး ဘယ်လို ပေါ်ပေါက်လာရတယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ ရှစ်လေးလုံးပေါ်လာတာ ရုတ်တရက် ထပေါ်လာတာ မဟုတ်ဘူးလေ၊ နောက်ကြောင်းလေးကလည်း ရှိတယ်။ နှစ်နဲ့ကို ချီပြီး ဖြစ်ခဲ့တာ။ ၆၂ ခုနှစ် စစ်အစိုးရ တက်လာတော့ ကျောင်းသားတွေက ကန့်ကွက်ကြတယ်။ ဆန္ဒပြကြတယ်။ အဲဒီပေါ်မှာ တည်ပြီးတော့ နောက်ဆုံး တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ မိုင်းဗုံး အခွဲခံရတဲ့ အ ဆင့်အထိ ရောက်ခဲ့တယ်ပေါ့။ ဒါက စစချင်းဖြစ်တာ။ အဲဒီ နောက်ပိုင်းမှာလည်း ဆန်စပါးရှားလို့ ဖြစ်တာတွေ၊ တရုတ်-ဗမာ အဓိကရုဏ်း ဖြစ်တာတွေ၊ နောက် ကျောင်းသားတွေကို တောထဲ မောင်းထုတ်တာတို့၊ ဖမ်းတာ ဆီးတာ၊ ထောင်ထဲမှာ ညှဉ်းပန်း နှိပ်စက်တာတွေ အထိပေါ့ဗျာ။ တလျှောက်လုံးဟာ အဲဒီ ကိစ္စတွေပေါ် တည်ပြီး ကျောင်းသား လူငယ်တွေရဲ့ မျိုးဆက်အသစ်တွေ အသစ်တွေက ဆက်လုပ်သွားတယ် ဆိုတာကို ပြတာပေါ့။

ဥပမာ ၁၉၆၂ ခုနှစ်လောက်က လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေးတို့လို ခေါင်းဆောင်မှုက နေပြီးတော့ ပြောင်းလာ လိုက်တာ ၈၈ နားရောက်တဲ့ အခါကျတော့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ မင်းဇေယျာတို့ စတဲ့ ကျောင်းသား ခေါင်းဆောင်တွေ အထိ တက်လာပြီးတော့ နောက်ဆုံးပိတ် ကြတော့ ရှစ်လေးလုံး ပေါ်လာတာပဲပေါ့။

ရှစ်လေးလုံးကာလကို ပြန်ကြည့်တဲ့အခါကျလည်း စောစောက ပြောခဲ့သလို ဒီကိစ္စဟာ ကျောင်းသား လူငယ်များရဲ့ လှုပ်ရှားမှု သက်သက် မဟုတ်ဘူး။ ရဟန်းသံဃာများ၊ စာနယ်ဇင်း စာပေသမားများ အပါအ၀င် အားလုံးရဲ့ လှုပ်ရှားမှု ဖြစ်တဲ့အတွက် နောက်ဆုံးကြတော့ ဒီ အရေးတော်ပုံကြီး ပေါ်ခဲ့တယ်။ ဒါကြောင့် ဒီကာလ ဆန္ဒပြကြတဲ့ အခါမှာ အလွှာ အသီးသီးက အကုန်လုံးပါတယ်။ အိမ်ရှင်မတောင် ပါတယ်ဗျာ။ ကျောင်းသားတွေက ခေါင်းဆောင်တယ် ဆိုတာမှန်တယ်၊ ကျောင်းသား လူငယ်များက ရှေ့ဆောင်တာပေါ့။ သို့သော် ရှစ်လေးလုံးဟာ ရုတ်တရက် ပေါ်လာခြင်း မဟုတ်ဘူး။ နှစ်ပေါင်း (၂၀) ကျော် တော်လှန်ရေး အစိုးရ စတက်တဲ့ အချိန်ကစပြီး လူထုရဲ့ ဆန္ဒတွေနဲ့ ရုန်းကန်မှုတွေနဲ့ ပေါ်ထွက်လာတာလို့ ပြောချင်ပါတယ်။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံမှာ အဓိကတောင်းဆိုချက်က ဘာပါလဲဆရာ။

ဖြေ။ ။ အဓိက တောင်းဆိုချက်ကတော့ ဒီမိုကရေစီတောင်းဆိုချက်ပဲဗျ။ သို့သော် ပထမ ရက်ပိုင်းလေးမှာ တောင်းဆိုချက်တွေ ကတော့ မတရား ဖမ်းဆီး ချုပ်နှောင်တာတို့ကို ကန့်ကွက်တဲ့ဟာ၊ နောက် ကျောင်းသားတွေကလည်း သူတို့ရဲ့ တကသ အဆောက်အအုံ ဖြစ်တာတွေ ဘာတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီတုန်းက အပြစ်ရှိတဲ့ သူတွေကို အရေးယူဖို့ တောင်းဆိုတာမျိုးတွေ ပါလာတယ်။ စာနယ်ဇင်း သမဂ္ဂက ကျနော်တို့တွေ ဆိုလို့ရှိရင်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို တောင်းဆိုတာတွေ ပါတယ်ပေါ့ဗျာ။ နောက်တခါ ကွန်မြူနစ် အင်အားစုတွေ အနေကျတော့လည်း အခြေခံဥပဒေကို ဖျက်သိမ်းဖို့ စသည်ပေါ့ဗျာ ဒီလို တောင်းဆိုချက်တွေ ပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ မတရားဖိနှပ်မှုတွေကြောင့် မခံမရပ်နိုင် ဖြစ်ပြီးတော့ လူထုတွေ အားလုံးက အုံကြွလာတဲ့ သဘောပေါ့။ အရေးတော်ပုံ ကာလမှာ နောက်ဆုံးတော့ အဓိက တောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ် ထူထောင်ဖို့ ဆိုတဲ့ တောင်းဆိုချက်က အဓိက အကျဆုံး ဖြစ်လာတယ်။

မေး။ ။ ဒီလိုအရေးတော်ပုံကြီးရဲ့ရလဒ် ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေပါလဲ ဆရာ။

ဖြေ။ ။ အဲဒီကာလအတွင်းမှာ အထင်ရှားဆုံးနဲ့ အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည် ဆိုသော နိုင်ငံရေးခေါင်း ဆောင်တဦး ပြည်သူကြားက၊ လှုပ်ရှားမှုကြားက ပေါ်ထွက်လာတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ ဟာသူ နဂိုကတည်းက ခေါင်းဆောင် ဖြစ်နေတာ မဟုတ်ဘူး။ ဒီလှုပ်ရှားမှုက မွေးထုတ်လိုက်တာ။ အရေးတော်ပုံက မွေးထုတ်တဲ့ ခေါင်းဆောင်။ နောက် အရေးတော်ပုံ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားဟာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို ပြတဲ့ဟာကတော့ ရွှေတိဂုံ အနောက်မုခ်မှာ ကျင်းပတဲ့ သူရဲ့ပထမဆုံး လူထု အစည်းအဝေး ပေါ့ဗျာ။ အဲဒီအချိန်က ကျနော်လည်း စင်ပေါ်မှာရှိပါတယ်။ အဲဒီအချိန်မှာ လူထု အလွှာအသီးသီးက ပါဝင်လာကြတယ်။ လူ (၅) သိန်းလောက်ရှိမယ်။ အဲဒီထဲက နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုသော ခေါင်းဆောင် တယောက်ပေါ့ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအနေနဲ့ နောက် သူ့ရဲ့ ပြောတာဆိုတာ လုပ်တာ ကိုင်တာတွေကို ကြည့်ပြီးတော့ ခေါင်းဆောင်မှုကို အလိုလို ရလာတယ်။ အဲဒီကနေပြီးတော့ တိုင်းရင်းသားတွေ ဆီကလည်း ရလာတယ်။ ကျနော် ပြောခဲ့တဲ့ လှုပ်ရှားမှုထဲမှာ တိုင်းရင်းသားတွေ ကလည်း တော်တော် ကြီးကြီးမားမားကို ပါတယ်။ ရခိုင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ကချင်တွေ၊ ချင်းတွေ စသဖြင့်ပေါ့ဗျာ။

အရေးတော်ပုံကာလမှာ နောက်ဆုံးတော့ အဓိက တောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ် ထူထောင်ဖို့ ဆိုတဲ့ တောင်းဆိုချက် က အဓိက အကျဆုံး ဖြစ်လာတယ်။ အဲဒီ ဒီမိုကရေစီ မျှော်မှန်းချက်တွေဟာ နောက်ပိုင်းကျတော့ အန်အယ်လ်ဒီလို အဖွဲ့ချုပ်ကြီး ပေါ်လာတယ်။ နိုင်ငံရေးပါတီ တခု။ အရေးတော်ပုံကနေ ပေါက်ဖွားလာတာ။ ဒီအန်အယ်လ်ဒီနဲ့ ပတ်သက်လို့ ဘယ်လောက်ပဲ မကျေနပ်စရာတွေ ကောင်းကောင်း၊ ဘယ်လောက်ပဲ အားနည်းတာတွေ ရှိတယ် ပဲပြောပြော၊ ဒီပါတီဟာ အရေးတော်ပုံကနေ ပေါက်ဖွားလာတာလို့ ကျနော်တို့ ပြောလို့ရတယ်ဗျာ။

ဒီအရေးတော်ပုံကြီးလည်း ဖြစ်လိုက်ရော ဒီမိုကရေစီပြောင်းလဲမှုတွေကို အမျိုးမျိုးနဲ့ ဟန့်တားဖို့ မဆလအစိုးရ ကလည်း လုပ်တယ်။ နောက်ဆုံး ရွေးကောက်ပွဲများ လုပ်ပေးမယ် ဆိုတာမျိုးလုပ်တယ်။ အဲဒီအချိန် ကာလတုန်းက သဘောထားက ဘာလဲဆိုရင် ကျနော်တို့ လက်မခံနိုင်ဘူး။ မဆလ အစိုးရက လုပ်ပေးတဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ သန့်ရှင်းတယ်လို့ မယူဆနိုင်ဘူး ဆိုတဲ့ အခါကျတော့ ရွေးကောက်ပွဲ ကိစ္စကနေ ဘယ်ကို ပြောင်းလာသလဲ ဆိုတော့ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ ဆိုတဲ့ဟာ တောင်းလာတယ်။ အဲဒီကာလမှာ ဒေါ် အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာတဲ့ အချိန်မှာပဲ နိုင်ငံရေး သမားဟောင်းတွေ ကလည်း လူထုထဲ ပြန်ဝင်လာတယ် ပေါ့ဗျာ။ ဦးနုလို ပုဂ္ဂိုလ်မျိုး။ ဦးနုက အဲဒီအချိန်မှာ ကြားဖြတ် အစိုးရတခုကို ဖွဲ့လိုက်တယ်ပေါ့ဗျာ။ သူ့အစိုးရကို ဖွဲ့တယ်ဆိုပြီး ကြေညာတယ်။ သို့သော် ဦးနုက ဆန္ဒစောသွားတာ။ ဦးနုက ကျောင်းသား လူငယ်တွေနဲ့ တခြားလူတွေနဲ့ ညှိပြီးတော့ ကျုပ်ကတော့ ကျုပ်အစိုးရ အရင်က ရှိခဲ့တယ်။ ခင်ဗျားတို့ တာဝန်ပေးရင် ကျုပ်အစိုးရ အဖွဲ့ကို လုပ်မယ်ဆိုတဲ့ သဘောမျိုး မပြောဘဲနဲ့ သူ့ဟာသူ တဖက်သတ် သူ့အစိုးရ တောင်းလိုက်တဲ့ အခါကျတော့ သူ့အစိုးရ ပြိုသွားတယ်။ ပြိုသွားတဲ့ဟာကို ကြည့်ပြီးတော့ နောက်ပိုင်းမှာ လူတွေက ကြားဖြတ် အစိုးရတောင်းခြင်း သည်လည်း တကယ့် နိုင်ငံရေးဖြေရှင်းမှု ဟုတ်ရဲ့လား၊ မဟုတ်ရဲ့လား သံသယ တွေက ဖြစ်လာတယ်။ တွန့်ဆုတ်မှုတွေ ပေါ်လာတယ်။ တချို့ကတော့လည်း တောင်းမယ်ပေါ့။ သို့သော် ကြားဖြတ်အစိုးရ တောင်းမယ် ဆိုတဲ့ဟာ ခိုင်ခိုင်မာမာ ပေါ်လာတဲ့အခါ မဆလက ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးတောင် မလုပ်တော့ဘဲနဲ့ စစ်တပ်ကို ခေါ်ပြီးတော့ လက်အပ်လိုက် တာပေါ့။

ဒီမိုကရေစီအကျိုးတွေကို မရလိုက်သော်ငြားလည်း ဒီနေ့ထိ ရှစ်လေးလုံး စိတ်ဓာတ်က မကွယ်ပျောက်ဘူး ရှိနေတယ်။ နိုင်ငံရေး ပါတီကြား၊ ကျောင်းသား လူငယ်ကြားထဲမှာ ရှိနေတယ်။ ဒီနေ့ အန်အယ်လ်ဒီလို ဒီမိုကရေစီနိုင်ငံ ရေးရှင်သန်နေတာ၊ ရဟန်းသံဃာ၊ ပြည်သူ၊ ကျောင်းသားတွေထဲမှာ ရှင်သန်နေတာတွေ အားလုံး ဒီနေ့နိုင်ငံရေး ဖြစ်ပေါ်မှုတွေ အားလုံးဟာ ရှစ်လေးလုံးကနေ အခြေခံခဲ့တဲ့ ရှစ်လေးလုံး စိတ်ဓာတ်ရဲ့ အသီးအပွင့် တချို့ပေါ့ဗျာ။

မေး။ ။ နိုင်ငံရေး အသီးအပွင့်တချို့ဖြစ်ထွန်းခဲ့ပြီး ဘာကြောင့် အောင်မြင်မှု မရှိတာပါလဲ ဆရာ။

ဖြေ။ ။ ပြည်သူလူထုကလည်း ခြေကုန်လက်ပန်းကို ကျနေပြီ။ ဒီနေ့ဒီအခါ ဆိုတာ နည်းနည်း မဟုတ်ဘူး။ စစ်အစိုးရ လက်အောက်မှာ နေရတာ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ၊ ထောင်သွင်း အကျဉ်းချမှုတွေ၊ တိုင်းသူပြည်သားတွေ စီးပွားရေး ပျက်လာတာတွေ၊ တိုင်းသူပြည်သားက ကျောကော့နေအောင် ခံရတဲ့ အခါကျတော့ အတော့်ကို အားနည်းနေပြီ။ ဒါက အခြေခံ တခုပေါ့ဗျာ။

နောက်တခုက နိုင်ငံရေးခေါင်းဆောင်မှု ကျတော့ အန်အယ်လ်ဒီက ပြည်သူလူထုကို ခေါင်းမဆောင်နိုင်ဘူး။ သုံးသပ်ကြည့်ရတာ ဘာလဲ ဆိုတော့ အဓိကက အန်အယ်လ်ဒီက လွန်ခဲ့တဲ့ ကာလတွေ တလျှောက်လုံးမှာ ဒေါ်စုက ထောင်ကျလိုက်၊ ဒေါ်စုက ထောင်ထဲက ထွက်လာတဲ့အခါ ဒေါ်စုက ပြန်ပြီးတော့ အလုပ်လုပ်နိုင်တယ်။ ဒါပေမယ့် ချက်ချင်း ထောင်ထဲပြန်ရောက် စသဖြင့်ပေါ့ဗျာ။ အဲဒီကာလမှာ အန်အယ်လ်ဒီ ခေါင်းဆောင်မှုကလည်း ဘာ အဓိက ထားနေလဲဆိုတော့ ပါတီမပျက်ရေး၊ ပါတီပြိုကွဲ မသွားရေး၊ ပါတီကို ထိန်းသိမ်းထားရေး ဆိုတဲ့ အနေနဲ့ထားပြီး တတ်နိုင်သမျှ စစ်အစိုးရ အပေါ်မှာ ဆက်ဆံရေးက အတော်ကို တုံ့ပြန်မှုက အားနည်းတယ်။ အဲဒီအပေါ်မှာလည်း စစ်တပ်က ဒါကိုသေချာသိတယ်။ သိတဲ့အတွက် ထိန်းထားပြီးတော့ အန်အယ်လ်ဒီကိုလည်း ပြရုပ် အနေနဲ့ ထားတယ်။ နိုင်ငံရေး လိုက်လျောမှုတွေ မပေးဘဲနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်သထက် လုပ်နေတယ်။ အဲလို အခြေအနေကြောင့် နိုင်ငံရေး ခေါင်းဆောင်မှု မရှိတာလည်းပါတယ်။ ပြည်သူလူထု ခြေကုန် လက်ပန်းကျသွားတာ လည်းပါတယ်။ စီးပွားရေး ကျပ်တည်းမှုတွေ ပေါ့ဗျာ။ တောင်သူ လယ်သမားတို့ ဘာတို့ ကျတော့လည်း စီးပွားရေးက တော်တော့်ကို ရုန်းကန် လုပ်နေရတယ်။

နောက်တခုက ပြည်သူလူထုကြားထဲမှာ ခြေကုန်လက်ပန်းကျရတဲ့ အကြောင်းက ဘယ်လိုလဲ ဆိုရင် ဥပမာ - တခြား မပြောနဲ့ဗျာ။ လူထု အများစုဟာ ဆင်းရဲသားကို မပြောနဲ့ တော်ရုံတန်ရုံ လူလတ်တန်းစား အထိလောက်မှာ ပင်လျှင် မိသားစုတစုဟာ အရင်တုန်းက အဖေ အလုပ်လုပ်ရင် မိသားစုတစုလုံး စားနိုင်တယ်။ သို့မဟုတ် အဖေ နဲ့ အမေပါ အလုပ်လုပ်ကြမယ် ဆိုရင် ပိုပြီးတော့ ခိုင်ခိုင်မာမာလေး ရပ်တည် နိုင်တယ်။ အဲလိုဆိုတဲ့အခါမှာ ကျောင်းသားလူငယ် ဆိုတဲ့ သူတွေဟာ အသက် (၂၀) လောက် အထိကို စဉ်းစားနိုင်တယ်၊ လှုပ်ရှားနိုင်တယ်၊ နိုင်ငံရေးတို့ ဘာတို့ စဉ်းစားနိုင်တယ်။

ဒီနေ့ခေတ်ကျတော့ မိသားစုတစုထဲမှာ လူ (၅) ယောက်ရှိရင် အငယ်ဆုံး သားသမီး တယောက်လောက်ပဲ အလုပ် မလုပ်ဘဲ နေရမယ်။ ကျန်တဲ့လူက အလုပ်ဝိုင်းလုပ်မှ သာလျှင် အိမ်ထောင်စု တစုကို ရပ်တည်နိုင်တဲ့ အနေအထား ဖြစ်လာတယ်ဗျ။ စစ်အစိုးရကလည်း ဒါကိုသိတယ်။ ဒါကြောင့် စစ်အစိုးရက အများကြီး စီးပွားရေးကို သူတို့စစ်ဘက်မှာပဲ ပိုသုံးတယ်။ ပြည်သူအတွက် မသုံးဘူး။ ပြည်သူလူထု အနေနဲ့ကလည်း စားရေးသောက်ရေး တွက်ပြီး မိသားစုတစုမှာ လူ (၅) ယောက်ရှိရင် (၄) ယောက်လောက်က အလုပ်လုပ်နေရတဲ့ အနေအထားမျိုး ရောက်တယ်။ ဒီအခြေအနေတွေပေါ် တည်ပြီး နိုင်ငံရေး အားဖြင့်လည်းး ခြေကုန် လက်ပန်းကျလာတယ်။ နိုင်ငံရေး ထဲမှာ ခြေစုံ ပစ်ဝင်နိုင်တဲ့ အနေအထားမျိုး၊ ခြေစုံပစ်ပြီးတော့ ထောက်ခံနိုင်တဲ့ အနေအထားမျိုးက လျော့လာတယ်ပေါ့။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံက ရရှိခဲ့တဲ့ ဒီမိုကရေစီအသီးအပွင့် တချို့ကို ဘယ်လို ဆက်ပြီး အကောင်အထည် ဖော်နိုင်မလဲ ဆရာ။ ဒီလို အရေးတော်ပုံမျိုး နောက်ထပ် ပေါ်ပေါက်ဖို့ရော အလားအလာ ရှိပါသလားဆရာ။

ဖြေ။ ။ ဒါကဘယ်လိုပြောရမလဲဆို ကျနော်တို့ရဲ့လုပ်ဆောင်ချက်ကြောင့်၊ ကျနော်တို့ အားနည်းချက်ကြောင့် ဆိုရင်တော့ ပေါ်နိုင်တဲ့ အနေအထားက မရှိဘူးဗျ။ သို့သော် negative side က ပြန်ကြည့်မယ် ဆိုရင် ဒီစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုက မခံနိုင် လောက်အောင်ကို ဖြစ်နေတယ်။ အဲဒီအထဲမှာ နိုင်ငံရေး ဦးဆောင်မှု အားနည်းခြင်း ကြောင့်လည်း တဖက်ကနေ လျော့သွားတယ်။ တဖက်ကလည်း ဖိနှိပ် ချုပ်ချယ်မှုက အပြင်းထန်ဆုံး ဖြစ်အောင် လုပ်နေတဲ့ အခါကျတော့ ပြည်သူလူထု ဆိုတာ ရှင်းရှင်းပြောရရင် စိတ်ဆိုးရင် ထပြီးဆူပူမယ်၊ ဆန္ဒပြမယ် ဆိုတာ ဖြစ်နိုင်တာကိုး။ နိုင်ငံရေး ခေါင်းဆောင်မှု မရှိဘူးဆိုရင် လှုပ်ရှားမှု ဖြစ်မလာဘူးဗျ။ နိုင်ငံရေး လှုပ်ရှားမှုကို ဦးဆောင်နိုင်တဲ့ အနေအထားမျိုးကို ပေးနိုင်တဲ့၊ တွန်းအားပေးနိုင်တဲ့၊ ဦးဆောင်မှု ပေးနိုင်တဲ့ဟာမျိုးက အန်အယ်လ်ဒီ မှာရှိတယ်။ ကျောင်းသား လူငယ်တွေ မျိုးဆက်သစ် လူငယ်တွေဆီမှာ ရှိတယ်။ ဒါပဲဗျ။

ဗမာပြည်ရဲ့ဒီနေ့နိုင်ငံရေးမှာ အရေးကြီးဆုံးက တိုင်းရင်းသားတွေ ဖြစ်ပေမယ်လို့ တိုင်းရင်းသား ဆိုတာက လူနည်းစုကိုး။ ရန်ကုန်လို၊ မန္တလေးလို နေရာမျိုး လူထုအုံကြွမှုတွေ ဖြစ်ဖို့ကျတော့ တိုင်းရင်းသားတွေက သိပ်ပြီးတော့ ဦးဆောင်နိုင်တဲ့ အနေအထား မရှိဘူး။ သူတို့ပါဝင်ရင် ပါဝင်မယ်ပေါ့။

နိုင်ငံရေးဦးဆောင်မှုပေးနိုင်တာက အဓိကအားဖြင့် (၂) ခုပဲရှိတယ်။ အန်အယ်လ်ဒီ နိုင်ငံရေး အတိုက်အခံ ဒီမိုကရေစီ အင်အားစု၊ နောက်တခုကတော့ ကျောင်းသား လူငယ်ပေါ့။ အဲဒါကို ကြည့်တဲ့ အခါကျတော့လည်း မြင်တဲ့ အတိုင်းပဲ။ ကျောင်းသား လူငယ်ကလည်း အကုန်လုံး လိုလို ထောင်ထဲ ရောက်တယ်။ ထောင်ထဲရောက်တာ တောင်မှ အင်းစိန်လိုဟာမျိုး ထောင်ထဲရောက်ရင် အဆက်အသွယ် ရအုံးမယ်။ ဟိုးတပြည်လုံး ဖြန့်ပြီးတော့ နယ်စွန် နယ်ဖျား ပူတာအိုတို့၊ ခန္တီးတို့၊ ကျိုင်းတုံတို့၊ မိုင်းဆတ်တို့၊ ဒီဘက် ဘူးသီးတောင် မောင်းတောတို့၊ ကော့သောင်းတို့ ဆိုတဲ့ အထိ ဖြန့်ချပြီးတော့ ကျောင်းသား အင်အားစုကိုလည်း ပြိုကွဲအောင် လုပ်ပစ် လိုက်တာကိုးဗျ။ အဲတော့ နိုင်ငံရေး ဦးဆောင်မှုပေးမယ့် အင်အားနှစ်ခုလို့ အဓိက ပြောရမယ့် ကျောင်းသား လူငယ်နဲ့ အန်အယ်လ်ဒီ လိုဟာမျိုးက မလုပ်နိုင်ဘူး ဖြစ်နေတယ်။

ကောင်းပြီး အဲလိုဆိုရင် ခေတ်အဆက်ဆက်မှာ နိုင်ငံရေးဦးဆောင်မှု ပုံသဏ္ဌာန် တခုခုသာ ရလိုက်ရင် လှုပ်ရှား နိုင်တဲ့ အင်အားက (၃) ခုရှိတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား လူငယ်ပေါ့။ သို့သော် ဒီအင်အားစု တွေဟာ နိုင်ငံရေး ဦးဆောင်မှုနဲ့ ဆက်နေတာ၊ ဥပမာ ဆရာစံ သူပုန်လို ဟာမျိုးဆိုရင် လယ်သမားက အုံကြွလာတယ်။ ဘာဖြစ်လို့ဖြစ်လဲ၊ ဂဠုန်ဆိုတဲ့ ဆရာစံလို ပုဂ္ဂိုလ်မျိုးတွေရဲ့ နိုင်ငံရေး ဦးဆောင်မှုက ရှိခဲ့လို့ဗျ။ ကျောင်းသား အရေးတော်ပုံတွေ ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်အောင်ကျော်တို့၊ ဦးဗဆွေတို့၊ သခင်ဗဟိန်းတို့ စတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဦးဆောင်မှုက အများကြီး ပါခဲ့တယ်။ နိုင်ငံရေး ဦးဆောင်မှု ကင်းရင် လူထု လှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ်။ အများကြီးမဖြစ်နိုင်ဘူး။ အခုဒီနေ့ ဖြစ်နေတဲ့ အနေအထားက ဒါပဲ။ အန်အယ်လ်ဒီ ဟာ ပါတီ မပျက်ရေးသာ ရှိပြီး အဲဒီခေါင်းဆောင်မှုမှာ ထည့်ထားတဲ့ လူတွေရဲ့ အနေအထား ကျတော့လည်း အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေပဲ ရှိနေတဲ့ အခါကျတော့ သူတို့ အနေနဲ့ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် ထဲထဲဝင်ဝင်ပေါ့ဗျာ၊ ပြည်သူ့ အောက်ခြေဆင်းပြီး ပြည်သူနဲ့အတူ လှုပ်ရှားနိုင်တဲ့ အနေအထားက မရှိဘူး။

မေး။ ။ ဒါဆို အန်အယ်လ်ဒီ ဘာလုပ်သင့်ပါသလဲဆရာ။

ဖြေ။ ။ ဒါက အနာဂတ်နဲ့ချီပြောမှ ရမယ့်ကိစ္စဖြစ်တယ်။ အခုအစိုးရက ရွေးကောက်ပွဲ ကျင်းပမယ်။ ဘာလို့ကျင်းပ မလဲဆိုတော့ သူတို့ ရွေးကောက်ပွဲ ကျင်းပမှသာလျှင် သူတို့ ဓားပြတိုက်သလို လုပ်ထားတဲ့ ပြည်သူ့ဆန္ဒနဲ့ (၉၂) ရာခိုင်နှုန်းနဲ့ ဖြစ်တည် လာတယ် ဆိုတဲ့ အခြေခံ ဥပဒေကို အတည်ပြုနိုင်မယ်။ ရွေးကောက်ပွဲတွေ လုပ်မှ လွှတ်တော်ပေါ်မယ်။ လွှတ်တော်ပေါ်မှ အခြေခံဥပဒေကို အတည် ပြုနိုင်မယ်။ ဒီ အခြေခံ ဥပဒေသာ အသက်ဝင်သွားမယ် ဆိုရင် သူတို့ဟာ လာမယ့်နှစ်ပေါင်း (၂၀)၊ (၂၅)၊ (၃၀)၊ (၄၀) တောင် လွှမ်းမိုး နိုင်မယ်လို့ ထင်နေတာပေါ့။ ဖြစ်တာမဖြစ်တာ တပိုင်းပေါ့။

အခုအရေးအကြီးဆုံးက ဒီရွေးကောက်ပွဲကို ကျနော်တို့ အသိအမှတ် မပြုဖို့၊ ကမ္ဘာကလည်း အသိအမှတ် မပြုဖို့ သို့မဟုတ် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပစ်ဖို့၊ သို့မဟုတ် ဖျက်သိမ်းထားဖို့ ဖြစ်တယ်။ အဲဒီမှာ အဓိကသော့ချက်က ဘာလဲဆိုရင် ဒီအခြေခံ ဥပဒေကို ပြင်ပေးပါ ဆိုတဲ့ အချက်ပဲဖြစ်တယ်။ နိုင်ငံရေး အင်အားစုတွေ တိုင်းရင်း သားလူမျိုးစုတွေကလည်း ဒီအခြေခံဥပဒေ ပြင်ပေးပါလို့ တောင်းဆို နေကြတယ်။ ဒါပေမယ့် ကမ္ဘာက ပါမလာဘူး။ ပြည်သူ့ ဆန္ဒခံယူပွဲနဲ့ လုပ်ထားတဲ့ ဟာမို့ သူတို့က သံရေး တမန်ရေးအရ ပြောနိုင်ပုံ မပေါ်ဘူးနဲ့ တူတယ်။ သူတို့က ဘာပြောနေလဲ ဆိုတော့ ရွေးကောက်ပွဲ သန့်ရှင်းဖို့ လွတ်လပ်ဖို့ကို ပြောတယ်။ ကျနော်တို့က ရွေးကောက်ပွဲကို ထည့်မစဉ်းစားဘူး။ အခြေခံ ဥပဒေပြင်ပေးပါ၊ အခြေခံဥပဒေ မပြင်ဘဲနဲ့တော့ ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မထင်ဘူး။

ကျနော်ပြောချင်တာကတော့ လူထုဘက်ကို တွန်းဖို့ပဲ။ ကျနော် ရွှေဂုံတိုင် အစည်းအဝေးမှာ မိန့်ခွန်း ပြောတယ်ဗျ။ အဲဒီမှာ သုံးချက်ပါတယ်။ တချက်က ဘာလည်းဆိုရင် မူလဘူတ မူဝါဒတွေ တောင်းဆိုချက်တွေ ဖြစ်တဲ့ ဥပမာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလို ဟာမျိုး၊ လွှတ်တော် ခေါ်ယူပေးရေး ဆိုတဲ့ မူလတောင်းဆိုချက် ဒါတွေကို မစွန့်ဘူးလို့ ကျနော်တို့ ပြောတယ်။ ကျနော်တို့ ပါတီဝင်ထုကိုလည်း မက်ဆေ့ပေးတဲ့ သဘောပဲ။ စစ်တပ်ကိုလည်း ကျနော်တို့ ပြောတာပဲ။ ဒါတွေ ကျနော်တို့ မစွန့်ဘူးလို့။ နောက်တခုက ညီညွတ်ရေးကို ကျနော်တို့ပြောတယ်။

နောက်တခုကတော့ လူထုကို မျက်နှာမူတဲ့နိုင်ငံရေး လုပ်ကြမယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါ ဘာလို့ ပြောလဲဆိုတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး မလုပ်ရင် အန်အယ်လ်ဒီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) လောက်အတွင်းမှာ ဖြစ်သလိုပဲ၊ လူထုကို မျက်နှာ မမူဘူး။ မျက်နှာမူတာ ကုလသမဂ္ဂကို မျက်နှာမူချင်တယ်၊ နအဖကို မျက်နှာမူချင်တယ်၊ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းများကို မျက်နှာမူချင်တယ်။ လူထုနဲ့ ပတ်သက်လို့ မလုပ်ဝံ့ဘူး။ ဆိုလိုတာက လူ ထုကို ခေါင်းမဆောင်နိုင်ဘူး၊ လူထုခေါင်းဆောင်မှု မပေးချင်ဘူး၊ မပေးနိုင်ဘူး ဆိုတဲ့ အနေအထားမှာ ရှိတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ရင် လူထုလှုပ်ရှားမှုများ ပေါ်နိုင်တယ်လို့ ကျနော်ကတော့ ယူဆတယ်။ လူထုကလည်း မကျေနပ်မှုတွေက များသထက် များနေတာလေ။ တနှစ်၊ နှစ်နှစ်လောက် အတွင်းမှာ စီးပွားရေး ကျဆင်းတာတွေရော၊ နအဖဘက်က မတရား ဖိနှိပ် ချုပ်ချယ်မှုတွေကရော ဟိုးကျေးလက်အထိ ရောက်နေတယ်နော်။ ဒီအတောတွင်းမှာ ထပ်ပြီး ဘာတွေ ပေါ်လာလည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲပြီး ထောင်ထဲ သွင်းဖို့ လုပ်လည်း လုပ်ရော ကမ္ဘာ တခုလုံးကလည်း ဖိနင်း လာလိုက်တာဟာ နောက်ဆုံးပိတ် သူတို့ရဲ့အနီးကပ် မိတ်ဆွေလို့ ပြောရမယ့် တရုတ်လို ဟာကတောင်မှ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လုပ်ဖို့ ပြောလာတယ်။ အာဆီယံလို ဟာမျိုးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြောလာတယ်။ ကုလ လုံခြုံရေး ကောင်စီလို ဟာမျိုးက ဒေါ်စုကို လွှတ်ဖို့ ပြောလာတယ်။ အဲတော့ နိုင်ငံတကာ ဖိအားတွေ ကြီးမားတာနဲ့အတူ ပြည်တွင်းမှာလည်း လူထု လှုပ်ရှားမှု သဘောမျိုး ဆောင်တဲ့ အနေအထားမျိုး ပေါ်လာနိုင်တယ်လို့ ကျနော်တော့ ထင်တယ်။

အဲတော့ အဲလိုလှုပ်ရှားမှု ပေါ်လာမယ်ဆိုရင် ဘာအရေးကြီးလည်း ဆိုရင် ရိုးရိုးတန်းတန်း ထအော်လို့ကတော့ စစ်တပ်က သေနတ်နဲ့ ပစ်မှာပဲဗျာ။ ဒါမှမဟုတ်လည်း ထောင်ထဲ ဆွဲသွင်းမှာပဲ။ နှစ်မျိုးပဲ လုပ်မှာပဲ။ တခြားနည်းနဲ့ လုပ်ပေးဖို့ ဘာမှ ရည်ရွယ်ချက် မရှိဘူး။

လူထုအနေနဲ့ နိုင်ငံရေးဦးဆောင်မှု လိုမှာပဲ။ နိုင်ငံရေး ဦးဆောင်မှုပေးနိုင်တဲ့ အနေအထားက စောစောက ပြောသလို ကျောင်းသား လူငယ် ရှိမယ်၊ အန်အယ်လ်ဒီ ရှိမယ်။ ကျောင်းသားလူငယ်က အားလုံးလိုလို ထောင်ထဲပို့ ထားတဲ့အတွက် ကျောင်းသားလူငယ် အတွက် နိုင်ငံရေး ဦးဆောင်မှု ပေးလာနိုင်တဲ့ အနေအထားက နည်းမယ်။ အလားတူပဲ အန်အယ်လ်ဒီကရော အရေးပေါ်လာရင် နိုင်ငံရေး ဦးဆောင်မှု ပေးနိုင်မှာလား ဆိုတာကတော့ ပြောဖို့ တော်တော်ခက်တယ်။ အန်အယ်လ်ဒီ တဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက် အရသာ ဖြစ်လာမှာကိုး။

ကျနော်တို့အခုလုပ်နေတဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး အရဆိုရင်တော့ လူထုနဲ့အတူ ခံစားပါ။ လူထုဒေါသ ဖြစ်ရင်လည်း ကျနော်တို့ ဖြစ်ရမှာပဲ။ လူထု ငိုကြွေးရင်လည်း ကျနော်တို့ ငိုရမှာပဲ။ လူထုက စိတ်ညစ်နေတယ်၊ ဒေါသဖြစ်နေတယ် ဆိုရင် ကျနော်တို့လည်း စိတ်ညစ် ဒေါသဖြစ်ရမှာပဲ။ ဒါတခုပေါ့။

နောက်တခုက လူထုကို ပြောပါ၊ ကြားပါ၊ လူထုကို ဆွေးနွေးရမယ်၊ ညှိနှိုင်းနိုင်ရမယ်။ လူထုရဲ့အသံတွေကို လည်းနား ထောင်နိုင်ရမယ်၊ ကြားနိုင်ရမယ်။ နောက်တခုကတော့ လူထုနဲ့အတူ လှုပ်ရှားနိုင်ရမယ် ဆိုတာ ပါပြီး သားပါ။ အနည်းဆုံး လူထုကို နိုင်ငံရေး ဦးဆောင်မှုကဏ္ဍ မပေးနိုင်ရင်တောင်မှ လူထုနဲ့အတူ ပါဖို့ ဆိုတာကိုတော့ လုပ်သင့်တယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ ကျနော် တယောက်တည်းနဲ့တော့ ပြောလို့ မရဘူး။

ဒါပေမယ့် လှုပ်ရှားမှုသာပေါ်ရင်တော့ ကျနော်တို့ သေချာတာတခုက ရွှေဝါရောင် တော်လှန်ရေး တုန်းက အန်အယ်လ်ဒီက ကျန်ခဲ့တယ်။ ဘေးမှာ ထိုင်ကြည့်နေခဲ့တယ် ဆိုတဲ့ အနေအထားမျိုး ကနေ ဒီနေ့ ဒေါ်စုကိစ္စမျိုးပေါ် လာမယ်ဆိုရင်တော့ အန်အယ်လ်ဒီတွေပါ ရောပါလာလိမ့်မယ်လို့ ယူဆတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်ထောင်ထဲမှာ ၂၀၀၈ မှ လွှတ်တာ။ အသေးစိတ် သိပ်မသိသော် ငြားလည်း အန်အယ်လ်ဒီက ၀င်ပြီး ခေါင်းဆောင်မှု မပေးနိုင်ခဲ့ဘူး ဆိုတာတော့ ထင်ရှားတယ်ဗျာ။ ရွှေဝါရောင်နဲ့ မတူတာက ဒီနေ့ လှုပ်ရှားမှု ဖြစ်လာရင် ဖြစ်လာမယ့် ကိစ္စက ဒေါ်စုဗျ။ ဒေါ်စုဆိုတာ ကျနော်တို့ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်၊ နောက်တခုက ဒေါ်စုဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီး တခုလုံးရဲ့ ခေါင်းဆောင်၊ နောက်တခါ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ယုံကြည်မှု အားကိုးမှုကို အများဆုံးရတဲ့ ခေါင်းဆောင်။ အဲတော့ ဒေါ်စုကိစ္စ ဖြစ်လာတဲ့ အခါကျရင် အန်အယ်လ်ဒီ နိုင်ငံရေး ပါတီဝင်များဟာ ရွှေဝါရောင် တုန်းကလိုတော့ လက်ပိုက် ကြည့်နိုင်တဲ့ အနေအထားမျိုး မရှိပါဘူး။ ဘာလို့ဆို ကျနော်တို့ရဲ့ခေါင်းဆောင်ကိစ္စ၊ ကျနော်တို့ အရေးကိစ္စ ဖြစ်နေတယ်။ ဒါ့အပြင် ဒီခေါင်းဆောင် ထောင်ကျ သွားခြင်းအပေါ် တည်ပြီး ကျနော်တို့ ရှေ့ဆက် လှုပ်ရှားမှုထဲမှာ ရောပါမှာပဲလို့ တွက်မိတယ်ဗျာ။

Ref: ခေတ်ပြိုင်

Read More...

Wednesday, August 5, 2009

မစားချင်ဘူးလား

စိတ္တဇဆေးရုံတွင် ဆေးရုံအုပ်ကြီးက လူနာများအား ပြောကြားသည်မှာ...

" မနက်ဖြန်လူကြီး တစ်ယောက်ဆေးရုံမှာ လာဟောပြောမယ်

သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့ အားလုံး လုပ်ခုပ်တီးကြပါ။

ဒါဆို မင်းတို့ကို ကြက်သားဟင်းနဲ့ထမင်း ကျွေးမယ်။ "

ဟောပြောသောနေ့သို့ ရောက်သော အဆင်ပြေစွာ ဟောပြော ပြီးဆုံးသောကြောင့် လူကြီးက လွန်စွာကျေနပ်

လေ၏။ ထိုအခါဆေးရုံအုပ်ကြီးက ချောင်းဟန့်လိုက်၏ ထင်ထားသည့်အတိုင်း အားလုံးက ၀မ်းမြောက်စွာ

လက်ခုပ် တီးကြလေသည်။ သို့သော်မထင်မှတ်သော အဖြစ်တစ်ခုလည်း ဖြစ်သွားသည်။ ထိုသည်ကား

လူနာ တစ်ယောက်သည် ရုတ်တရက် လူကြီးဖြစ်သူအား ပါးချလိုက်ခြင်း ဖြစ်သည်။ အားလုံး မင်တတ်နေစဉ်

သူပြောလိုက်သော စကားသည်ကား

" အရူး..မင်းက လက်ခုပ်တီးရမယ် ဆိုတာ မသိဘူးလား ကြက်သားဟင်း မစားချင်ဘူးလား။ "

Read More...

အပေါ်သို့