Thursday, January 7, 2010

ဘလော့ဂါများ

ကမှအ အက္ခရာစဉ်

က
ကသစ်ဝိုင် ဝိပဿနာ
ကလိုစေးထူး
ကနေဒါမြန်မာ
ကရဝိတ်၏တေးသံချို
ကောင်းကင်
ကောင်းကင်ကို
ကောင်းကင်ပြာ
ကာရီကေးချား
ကောင်မလေး
ကျေးလက်နိုင်ငံတော်
ကျေးလက်သားလေး
ကျွန်တော်၏ဘလော့ဂ်
ကျွန်တော့်အိမ်
ကိုမျိုး(UAE)
ကိုဝေ
ကျော်ဇေယ
ကျော်မင်းထွန်း
ကျော်မင်းနိုင်
ကျော်ခိုင်
ကျော်ဟိန်း
ကျော်သူရ
ကိုကို
ကိုကျော်
ကိုကိုမောင်အေး
ကိုရင်နော်ခင်လေးငယ်
ကိုထွေး
ကိုမျိုးအောင်
ကိုမောင်
ကိုရင်နော်ခင်လေးငယ်
ကိုဦး+မသန္တာ
ကိုငယ်
ကိုဇင်
ကိုကျော်ထက်
ကိုပေါ
ကိုရဲ
ကိုကျော်မြင့်ဦး
ကိုမျိုးသန့်
ကိုအောင်
ကိုထွေး
ကိုဝတုတ်
ကိုအောင်သူ
ကိုယ်ရံတော်
ကော့သောင်းသား
ကောင်းခန့်ဇင်
Kawn Mon Win ကောင်းမွန်ဝင်း

ခ
ခမိခဆဲ
ခင်မောင်ရွှေ
ခင်မင်းဇော်
ခင်မမမျိုး
ခင်မျိုး
ခင်မင်းဟန်
ခင်မာလာအောင်
ခွန်မြလှိုင်
ခွတ်ဒေါင်းသွေး
ခိုင်ဇော်
ခန့်ဇော်အောင်
ချမ်းမြစိုး
ချမ်းလင်းနေ
ချမ်းမြဦး
ချစ်ကြည်အေး
ချစ်သားငယ်
ချစ်ကလေး
ချစ်လေပြေ
ခြေလှမ်းသစ်

ဂ
ဂျိုး(ငြိမ်းချမ်းရေး)
ဂေါက်သီးရဲ့ ရင်တွင်းဖြစ်
ဂူးဂူး
ဂျစ်ပစီလေး

င
ငစနေ
ငယ်နိုင်
ငယ်ငယ်
ငှက်ငယ်လေးရဲ့ဒိုင်ယာရီ်
ငြိမ်းဝေ
ငြိမ်းချမ်း


စ
စန္ဒကူး
စတီဗင်အလက်ဇန္ဒား
စပ်မိစပ်ရာ
စစ်ကိုင်း
စောကျော်လွင်
စိတ်မီးအိမ်
စိုးမင်း
စိုးထက်
စိုးလေး
စိုးမိုးသိန်း
စိုင်းနက္ခ

ဆ
ဆရာဘ
ဆုံစည်းရာ
ဆွိသင်ဇာ
ဆွေနိုင်
ဆူရှီ
ဆန္ဒာလွင်
ဆိုးသွမ်း
ဆောင်းယွန်းလ
ဆိုင်းဘုတ်
ဆန်းဝင်း (ကျောက်ပန်းတောင်း)
ဆြာယော၏ မှတ်တမ်း

ဇ
ဇောင်း
ဇီဝက
ဇေဝသုန်
ဇော်မိုးအောင်
ဇော်ဇော်
ဇာနီမင်းထက်
ဇော်ရဲနိုင်
ဇင်ကိုလတ်
ဇင်အေးမိသားစု
ဇင်ယော်
ဇင်အောင် ၂၇
ဇော်ရဲနောင်
ဇိုးဇတ်

ည
ညမီးအိမ်
ညီလင်းဆက်
ညီထွဋ်
ညီရဲခေါင်
ညိမ်း
ညောင်ဦး
ညိုကြီး

တ
တီကောင်
တော်ကီ
တောင်ကြီးချယ်ရီမြေ
တေဇာဝင်း
တင်ဇာ
တင်ဇာ 21
တာဟန် သားများအတွက်
တက်လူငယ်
ကိုဖြိုးရဲ့ဆော့ဖ်ဝဲလ်မှတ်စုများ
တသက်တာ
တိုးတိုး
တွေးမိတာလေးတွေ

ထ
ထူးပ
ထူးတေဇာ
ထွန်းမျိုးလှိုင်
ထက်ထက်
ထက်နိုင်
ထားဖြူ
ထူးလမင်းအောင်
ထူးမြတ်
ထူးဆန်းအံ့ဖွယ် ဤကမ္ဘာ ၁
ထူးဆန်းအံ့ဖွယ် ဤကမ္ဘာ ၂

ဒ
ဒဿန
ဒီရေ
ဒီမိုဝေယံ
ဒီမိုကရေစီစွမ်းပကား တပ်မတော်အား
ဒေါင်းမာန်ဟုန်
ဒေါင်းကွင်း
ဒေါင်းဇာနည်
ဒေါက်တာလွဏ်းဆွေ
ဒေါက်တာထွန်းလင်းမိုး
ဒေါက်တာခိုင်မျိုး
ဒီးဒုတ်
ဒီကိုလာ
အိပ်မက်ကမ္ဘာ


န
နှလုံးသားကွန်ယက်
နေ့သစ်
နစ်နေမန်း
နှံကောင်
နေနေနိုင်
နေလင်းထူး
နေခြည်ဇော်
နေသန်း
နေလင်းအောင်
နေဇော်မင်းမောင်
နေရာသစ်
နေဇော်
နေမင်းနွယ်
နေဖုန်းလတ်
နေသွေးညို
နေမင်းညီ
နွေနှင်းမြူ
နွေလမင်း
နီနီဝင်း
နိုင်းနိုင်းစနေ
နိုင်ဝင်းလှိုင်
နိုင်မြန်မာ
နှစ်ကူး
နှင်းနဲ့မာယာ
နှင်းခါးမိုး
နှင်းပွင့်ဖြူလေး
နှင်းဝဿန်

ပ
ပလာတူးရဲ့အရူးလွယ်အိတ်
ပန်ဒိုရာ
ပန်းပွင့်လေး
ပန်းဝေသီ
ပန်းခရေ
ပန်းခရမ်းပြာ
ပေးဆပ်သူ
ပေါင်းသား
ပေါက်ပေါက်ဆုပ်
ပြခန်း
ပြည်ချစ်မောင်မဲ
ပြည့်ဖြိုးအောင်
ပြည့်စုံလေး
ပြည်သူ့ဘုန်းဘုန်း
ပြည့်စုံ
ပြည်စိုးရာဇာ
ပျံသန်းနေသောခွတ်ဒေါင်းတကောင်
ပျုနိုင်ငံ

ဖ
ဖိုးတရုတ် (စည်းလုံးခြင်းရဲ့အင်အား)
ဖက်တီးလေး
ဖိုးဇင်
ဖိုးပါ
ဖိုးသက်
ဖောင်းဖောင်း
ဖြိုးဝေကျော် (IT Mg Mg)
ဖြန့်ကျတ်ထားသော ကျွန်တော်၏ ၀ိဥာဉ်များ

ဗ

ဗမာလေး
ဗြက္ခ

ဘ
ဘသားချော
ဘဇံလင်း
ဘလော့ဂါလေး
ဘုရင့်နောင်
ဘိုစိုး
ဘိုဘိုလန်းစင်


မ
မင်္ဂလာပါ
မန္တလာ
မဒီဇွန်
မနက်သစ်
မနောသား
မလေးရှားမှမြန်မာ
မလေး Migrant
မနော်ဟရီ
မာယာ
မေဓါဝီ
မေမဒီ
မေသစ္စာမောင်
မိုးသောက်မာန်
မိုးညို
မိုးကုတ်မီဒီယာ
မိုးဂျိုး
မိုးနှင့်သီရိ
မိုးသောက်ယံ ရဲ့အခန်းငယ်
မိုးစက်
မိုးမခ
မိုးယံလွင့်
မိုးမိုး
မိုးအေး
မိုးမင်းသား
မုတ်သုံမိုးဦး
မျိုးမြင့်ချို
မျိုးကိုကို
မျိုးညီ
မျိုးဝင်းဇော်
မျိုးလှိုင်
မျက်လုံး
မင်းဒင်
မယ်လိုဒီမောင်
မာ့ခ်၏ ကိုယ်ပိုင် အတ္တများ
မင်းယွန်းသစ်
မင်းသစ္စာ
မင်းလွမ်းနောင် (ပန်းတနော်)
မုန်းမုန်း
မောင်ကောင်းအောင်
မောင်ဒိုင်း
မောင်ပါလ
မောင်ဖုန်းမြင့်
မောင်မောင်
မောင်မောင်လှဝင်း
မောင်ဘိုတောက်
မောင်မျိုးမင်း
မောင်လှ၏ ဒိုင်ယာရီ
မောင်ဝေယံ
မောင်ဇန်
မောင်သင်္ကြန်
မောင်ဝလုံး
မောင်ရိုး
မောင်ချစ်
မောင်စေတနာ
မွေးရပ်မြေ
မွန်းသက်ပန်
မိဘမေတ္တာ
မီးငယ်
မီးမီးငယ်
မီးသွေး
မေတ္တာရေစဉ်
မော်စကွီတို
မော်လမြိုင်သားတို့ နေတဲ့အိမ်
မှတ်မှတ်ရရ Hokkaido ကျွန်းရဲ့ပုံရိပ်လွှာများ
မြတ်ဆု
မြစ်ကျိုးအင်း
မြရွက်ဝေ
မြောက် ၇ ကောင်
မြတ်ဇော်လင်း
မြန်မာသင်္ဘောသားများ
မြန်မာပြည်သား (JACBA)
မြားပြာ
မြတ်သူရ
မြလွာ
မြန်မာအိုအေစစ်
မြန်မာပြည်ကိုလွမ်းတယ်
မြန်မာ့ပညာရေး
မြန်မာအင်ဂျင်နီယာ

ယ

ယမုံ
ယောလေး
ယောဟန်အောင်
ယင်းမာပင်မြို့
ယုံကြည်ရာရပ်ဝန်း

ရ

ရတနာ Foundation
ရှေးမြန်မာ
ရွှေညာသားလေး
ရွှေမိုးတိမ်
ရွှေရတုမှတ်တမ်း
ရွှေမြတ်
ရွှေမြန်မာအတွက် အသိနဲ့သတိ
ရွှေဂျမ်း
ရွှေအောင်ရဲ့ စိမ်းလန်းသောမြေ
ရွှေဂျမ်းသူ
ရွှေပြည်သူ
ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့
ရှမ်းကလေး
ရှမ်းရိုး
ရန်အောင်
ရန်ကုန်သား
ရန်ကုန်သူ
ရင်ငြိမ်းပန်း (Foundation)
ရင်ငြိမ်းပန်း (ဂရုဏာဖောင်ဒေးရှင်း)
ရင်ထဲရှိတာ
ရေပျော်ငှက်
ရွက်မွန်
ရဲလင်းဖြိုး
ရဲရင့်ငယ်
ရဲရင့် (ကနေဒါ)
ရင်ဝေးကြယ်

လ
လင်းကြယ်ဖြူ
လင်းပြာနွေ
လင်းထက်
လီယိုနတ်
လွယ်ကူမြန်ဆန် စားမြိန် ဟင်းချက်နည်းများ
လောရှည်
လေးမ
လေးဆယ့်ရှစ်
လီယိုဂျက်
လူသစ်
လူလ (ခရီးသည်၏မျောလွင့်ခြင်း)
လူဘောင်ချစ်ဘုန်းကျော်
လူကြီးမင်း
လှိုင်ဖြိုးလင်း
လုံမေ
လင်းလက်ကြယ်စင်
လေပြေသွေး
လူကလေး
လင်းငယ်၏မှတ်စုများ

ဝ
ဝလုံး
ဝင်္ကဘာ
ဝါဝါ 81
ဝင်းဇော်
ဝေဖြိုး
ဝေဟန်ထွဋ်
ဝါဆိုဦး

သ
သဇင်နီ
သီရိလွင်
သီဟကျော်ဇော
သန့်ဇင်
သန့်ဇင်အောင်
သူနှင်းဆီ
သူရိန်
သဒ္ဒာ
သရဖီ
သစ္စာ
သစ္စာနွယ်
သာကီနွယ်
သန္ဒာထက်
သက်ဝေ
သောင်းဦး
သံလုံငယ်
သံလွင်နဒီ သက်သေတည်
သက်ပိုင်သူ
သူငယ်ချင်းများ
သျှမ်းနီလူငယ်

ဟ

ဟိုလိုလိုဒီလိုလို
ဟန်းဂုရွာ

အ

အရှင်ကိလေသာ
အရှင်မေတ္တာစာရ
အရှင်ကုမာရ
အဇ္ဈတ္တပြခန်း
အဝီဇိ
အကြင်နာနန်းတော်
အပြာရောင်သက်တံ့
အမှတ်တရလေးများ
အမှောင်ထုထဲက အလင်းစက်များ
အလင်းတန်း
အလင်းရနံ့ဂျာနယ်
အချစ်ကြီးသူကြီး
အပြုံးပန်း
အိမ်နီ
အိမ်လေး
အိမ်မက်ချိုချို
အော်လံမောင်
အာလူး
အာဗြဲ
အောင်ချမ်းလင်း
အေးအေးသော်
အောင်ကောင်း
အောင်ကျော်မော်
အန်တီမြင့်
အိမ်မက်ဒိုင်ယာရီ
အေးချမ်းသူ
အောင်ဖြိုး
အေးအေးချမ်းချမ်း
အောင်မျိုးဟန်
အေးမျိုးဝင်း
အော်တိုကတ်
အေးမြတ်မြတ်ကို
အောင်မြေ
အိပ်မက်များနဲ့ ရှင်သန်ခြင်း

ဥ
ဥက္ကာကိုကို(သံတွဲ)
ဦးကုလားဟုခေါ်ပါသည်
ဦးကျော်လင်းဦး


၉၆ မျိုးဆက်

A to Z
Burma Strange News
Hiriautatpa
Ki Ki- Idiot Love
Universal Inter Faith
VOA Burmese Blog
Myanmar Defence

Read More...

နေ့စဉ်သတင်းများ ( ၆ - ၁ - ၁၀)

■ လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ဖို့ လုပ်ဆောင်မှု မတွေ့သေးကြောင်း အမေရိကန် ပြောကြား သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သံသယရှိသည်ဟု အမေရိကန်အစိုးရက ပြော သတင်း
■ စစ်အစိုးရ ရွေးကောက်ပွဲ အမေရိကန် မယုံကြည် သတင်း
■ ဗိုလ်ချုပ်မိသားစုများ ရွှေ ပိဿာလိုက် ဝယ်ယူ သတင်း
■ အငြိမ်းစား ပညာရေးဝန်ထမ်းစာရင်း ကောက်ခံ သတင်း
■ ဂျော်ဒန်မှာ မြန်မာအလုပ်သမား (၆၀၀) ခန့် လုပ်ငန်းခွင်တွင်း ဒုက္ခကြုံတွေ့ သတင်း
■ ရွာအပြင်ရှိ လယ်ခြံတောင်ယာ မထွက်ရ နအဖတပ်မှ အမိန့်ထုတ်ပြန် သတင်း
■ မိခင်ပါတီသို့ ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက် သတင်း
■ တာချီးလိတ်မှ ခြံမြေဈေးများ အဆမတန် ခုန်တက် သတင်း
■ ၀န်ထမ်းဘောလုံးသမားတွေကို ဌာနဆိုင်ရာက ပြန်ခေါ် သတင်း
■ ကလေးများနှင့် အမျိုးသမီးများအတွက် ကရင်အဆိုတော်များ ဂီတပွဲ ပြုလုပ်ခဲ့ သတင်း
■ အလွတ်သတင်းထောက် လှလှဝင်း ထောင်ဒဏ် နှစ် (၂၀) ချခံရမှု မီဒီယာစောင့်ကြည့်ရေးအဖွဲ့ ရှုတ်ချ သတင်း
■ မြန်မာဘလော့ဂ်များ ပြည်တွင်းမှာ လေးငါးရက် ပွင့်ပြီးမှ ပြန်ပိတ်ဆို့ခံရ သတင်း
■ ပါတီဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးအား တွေ့ဆုံခွင့်ရရန် SNLD တောင်းဆို သတင်း
■ စစ်အစိုးရ၏ ရွေးကောက်ပွဲကို မှုတ်ဆေးလှုပ်ရှားမှုဖြင့် ဆန့်ကျင်ဆန္ဒပြ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှု မွန်ပြည်နယ်တွင် ပြုလုပ် သတင်း
■ အေးဂျင့်များ ထိန်းသိမ်းခံရသဖြင့် မိသားစုများ တုန်လှုပ် သတင်း
■ ပုဂံဒေသ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများကို ပိတ်ပင် သတင်း
■ ကရင်မိန်းကလေးငယ်များကို နအဖစစ်တပ် ပေါ်တာဆွဲဟု မွန်လူ့အခွင့်အရေးအဖွဲ့ ပြော သတင်း
■ ကချင်သတင်းစာကို အစိုးရတပ်က တည်းဖြတ် သတင်း
■ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်အဖွဲ့ပေါင်းစုံမှ တက်ရောက်မည် သတင်း
■ စစ်တကောင်းတွင် ရေပြင်ပိုင်နက်အငြင်းပွားမူကို ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ တွေ့မည် သတင်း
■ မြန်မာအလုပ်သမား (၁၀၀) ခန့် ပြန်ပို့ခံရ သတင်း
■ ဝန်ထမ်းလစာ တိုးပေမယ့် မပျော်ရဲကြ သတင်း
■ FEC က ဒေါ်လာလဲနှုန်းထက် (၁၅) ကျပ် မြင့်တက် သတင်း
■ သစ်များ အဆမတန် ခုတ်ယူနေမှုတွင် အာဏာပိုင်များ ပါဝင်ပတ်သက်နေ သတင်း
■ စစ်အရာရှိကိုယ်တိုင် ရထားလက်မှတ် မှောင်ခိုလုပ် သတင်း
■ အတင်းအကျပ် ရောင်းခဲ့သည့် ဓာတ်မြေသြဇာများကြောင့် တောင်သူများ အခက်ကြုံ သတင်း
■ ပုဂ္ဂလိက စာပေဆုများကို စာပေစာနယ်ဇင်းမှ သတိပေး သတင်း
■ အတွင်းက စ ပြောင်းမှသာ (ဆောင်းပါး)
■ ၀က်စတင်ယူနီယံမှ ထောင်ဝင်စာ (ဆောင်းပါး)
■ ကရင်ဒုက္ခသည်များ၏ အဖြူရောင် ခရစ္စမတ် (ဆောင်းပါး)

Read More...

Wednesday, January 6, 2010

အောင်ဆန်းလမ်းစဉ်နဲ့ ကနေ့ တပ်ဦးပါတီ အန်အယ်လ်ဒီ

မင်းဆွေ (ပေါက်)
January 6, 2010

( ၆၂ - နှစ်မြောက် လွတ်လပ်ရေးနေ့ ဂါရ၀ပြု ဆောင်းပါး )

ဒီကနေ့ဟာ ၂၀၀၉ခုနှစ်ရဲ့ နောက်ဆုံးရက် ဖြစ်ပါတယ်။ နှစ်ဟောင်းတခု ကုန်ဆုံးလို့ နှစ်သစ်တခုကို ကူးပြောင်း ၀င်ရောက်ကာနီး အခါသမယဆို လူတိုင်းလူတိုင်း ရင်ထဲမှာ တမျိုးတမည် ဝေဒနာတမျိုး ခံစားကြရ မယ်လို့ ထင်ပါတယ်။ ခံစားကြရတဲ့ ပုံစံချင်းတော့ တူညီကြမှာ မဟုတ်ပါဘူး။ များသောအားဖြင့်တော့ နှစ်ဟောင်းရဲ့ နောက်ဆုံးအချိန်၊ နှစ်သစ်သို့ ကူးပြောင်းဝင်ရောက်မယ့် အချိန်ဖြစ်တဲ့ ည(၁၂)နာရီ တိတိကို စောင့်ပြီး အော်ဟစ်နှုတ်ဆက် ဆုတောင်းကြပါတယ်။ ကောင်းမွန်ပြီး အေးချမ်းပျော်ရွှင်တဲ့ နှစ်သစ် ဖြစ်ပါ စေလို့ ကောင်းချီးသြဘာပေး ချီးမြှောက်ကြလေ့ ရှိပါတယ်။

ကျနော်တို့အဖို့တော့ ဒီနှစ်သစ်ဟာ အောင်စည်အောင်မောင်းနဲ့ တိုက်ပွဲဝင်စည်တော်ရွှမ်းပြီး လွတ်မြောက် ရေးတိုက်ပွဲဆီကို ခြေလှမ်းပြင် ထွက်ခွာသွားကြတော့မယ့် ရဲသွေးဇာနည် သူရဲကောင်းများ တဖန် ပေါ်ထွန်း မွေးဖွားလာမယ့် နှစ်သစ်ဦး၊ အိုးဝေ အိုးဝေ အိုးဝေလို့ ဥဒါန်းကျူးမယ့် ခွပ်ဒေါင်းကြီး တဟုန်ထိုး ထိုးဖေါက် ပျံသန်းမယ့် နှစ်သစ်ဦး၊ ၈၈မှာ အသက်ပေးဆက် ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း အထောင် အသောင်းအတွက် သွေးသစ္စာ မော်ကွန်းထိုး ကဗျည်းမှတ်ကျောက် တင်ရမယ့်နှစ်သစ် ဖြစ်ပါတယ်။

ခံနိုင်ရည် ဇွဲနဘဲကြီးစွာ ကိုယ်ခံအားကောင်း စိတ်မာန်ခွန်အားအပြည့်နဲ့ တပ်ဦးအလံကိုင် ရှေ့ဆောင်ပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်လံတော်နဲ့အတူ အရှေ့နေ၀န်းနီမှာ ပေါ်ထွက်လာမယ့် ရောင်ခြည်တန်းဆီ အားကုန် ရုန်းကြွ မောင်းထွက်မယ့် မြင်းကောင်းခုနှစ်ကောင် ကကြိုးစီတဲ့ မြင်းရထားလိုမျိုး ထောင်းထောင်းထ သောင်းသောင်းဖျ ချီတက်လိုက်ပါ ၀န်းရံကြရမယ့် အခါသမယနဲ့အညီ အထူးအခြား ဖြစ် ပေါ်ပြောင်းလဲမယ့် တိုက်ပွဲဝင်နှစ်သစ် ဖြစ်ပါတယ်။

ရှစ်လေးလုံးစိတ်ဓါတ် အပြည့်နဲ့ တဗိုလ်ကျ တဗိုလ်တက်စနစ်ကို ဆုပ်ကိုင်တက်လှမ်းသွားပြီး အောင်ပွဲရယူ မယ့်နှစ်သစ် ဖြစ်ပါလိမ့်မယ်။ ဓမ္မနဲ့ အဓမ္မ အားချင်းပြိုင် စီးချင်းထိုးမယ့် ၂၀၀၈ ဖျက်သိမ်းရေး၊ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး တိုက်ပွဲဝင် နီစွေးမယ့် တော်လှန်နှစ်သစ်ပါ။

ကျနော်တို့နဲ့အတူ တော်လှန်တိုက်ပွဲ ခရီးစဉ်တိုင်းမှာ ရှေ့ဆုံးတန်းက ပါဝင်မြဲဖြစ်တဲ့ လူမျိုးစုံပြည်သူလူထု တရပ်လုံးလည်း ခိုင်မြဲလက်တွဲ ညီညာစွာနဲ့ တိုက်ပွဲသံတွေဆီ မမှိန်မသုံ လိုက်ပါလာနေပြီဆိုတာကိုလည်း အကြွင်းမဲ့ ယုံကြည်မိနေပါတယ်။ အခိုင်အမာကို ယုံကြည်မိနေတာ။ ဒါဆို အောင်ပွဲဟာ ကျနော်တို့ လက်ထဲ မှာ ရောက်ရှိနေပြီပေါ့။ ဘာကြောင့်ဆို ပြည်သူလူထုတရပ်လုံးရဲ့ ထောက်ခံပါဝင်မှုရှိရင် တော်လှန်ရေးတရပ် ဟာ အောင်ပွဲခံရစမြဲဆိုတာ ကျနော် နားလည်သဘောပေါက်ထားလို့ ဖြစ်ပါတယ်။ သေချာတယ်၊ ဒီနှစ် ၂၀၁၀ဟာ ကျနော်တို့ အနိုင်ရမယ့်နှစ်၊ အောင်ပွဲခံမယ့် နှစ်သစ်။

ကျနော်တို့ရဲ့ ကနေ့ခေတ် အာဇာနည်သူရဲကောင်းတွေ ဖြစ်ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်(ဗကသ)ရဲ့ ရဲရဲတောက် ခေါင်းဆောင်တွေဖြစ်တဲ့ ရဲဘော်မင်းကိုနိုင်၊ ရဲဘော် ကိုကိုကြီး၊ ရဲဘော် မြအေး၊ ရဲဘော်ဌေးကြွယ်၊ ရဲဘော်ဂျင်မီနဲ့ အစရှိတဲ့ ကျန်ကျောင်းသားခေါင်းဆောင်များကလည်း မြန်မာ ပြည်ရဲ့ အော့စ်ဝပ် ငရဲခန်း အကျဉ်းထောင်အသီးသီးမှာ စစ်အာဏာရှင်စနစ်အောက်က မြန်မာပြည်သူတရပ် လုံး လွတ်မြောက်ရေးအတွက် အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်ကိုင်စွဲပြီး ကြံ့ကြံ့ခံ ကိုယ်ကျိုးစွန့် အနစ်နာခံ အသက်ပေးဆပ်နေကြလေရဲ့။

၁၉၃၇ခုနှစ်လောက်ဆီက ဗကသရဲ့ ဥက္ကဌဖြစ်တဲ့ သခင်အောင်ဆန်းကလည်း ----
တော်လှန်ရေးဆိုတာ လူထုကံကြမ္မာကို ဖန်တီးရာမှာ လူထုကိုယ်တိုင်ပါဝင်ပြီး ဘယ်လိုဖြစ်ဖြစ် ဆောင်ရွက် တာကို ဆိုလိုတယ်။ တော်လှန်ရေးရဲ့ အခြေခံအချက်က လွတ်လပ်မှုကို လူထုကြီးက ပါဝင်ဆောင်ရွက်မှု၊ နိုးကြားမှုများနှင့် ပြောင်းလဲမှုများကို ဖြစ်စေတာကို တော်လှန်ရေး ခေါ်တယ်လို့ ပြောကြားခဲ့တာကို ပြန် ပြောင်း ကြားယောင်နေမိပါတယ်။

အလားတူ အမျိုးသမီး သူရဲကောင်းတွေဖြစ်တဲ့ ရဲဘော်နီလာသိန်း၊ ရဲဘော်မီးမီး၊ ရဲဘော်နီမိုလိုင်၊ ရဲဘော် စုစုနွေးအပါအ၀င် အခြားအမျိုးသမီး သူရဲကောင်းများကလည်း အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်ကို ကိုင်ဆွဲပြီး မြန်မာပြည်ရဲ့ နရသိန် ငရဲခန်း အကျဉ်းထောင်အသီးသီးမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ အသက်ပေးဆက် တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြလေရဲ့။

ရှေ့ဆောင်လမ်းပြ မီးရှုးတန်ဆောင်တွေ ဖြစ်ကြတဲ့ အမေ လူထုဒေါ်အမာ၊ အမေ ဒေါ်ကြည်ကြည် တို့က တဆင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဆုံး လွတ်မြောက်ရေးလမ်းဆီ ထိုးထွင်းခဲ့တဲ့နောက် အမျိုးကောင်း သမီးရတနာ သူရဲကောင်းတွေဟာ အမျိုးမျိုးသော အခက်အခဲ အဟန့်အတား အကာအဆီး တွေကို မကြောက်တရားနဲ့ အာခံဆန့်ကျင် ကျော်ဖြတ်ရင်း အရှေ့ဆီကို ရဲရဲတိုးထွက် ဆက်လက်ချီတက် ခရီးပြင်းနှင် နေကြလေရဲ့။

ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားအင်အားစုတွေကို အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူများအနက် ရှေ့ဆုံးတန်းက ပါဝင်ခဲ့တဲ့ ရဲရဲတောက် သံဃာ့အာဇာနည် သူရဲကောင်း ရခိုင်အမျိုးသား ဆရာတော် အသျှင် ဦးဥတ္တမရဲ့ အောက်ပါ သြ၀ါဒ မိန့်ခွန်းကို ကောက်နှုတ်ကိုးကား ဖော်ပြချင်ပါတယ်။

“ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာ နဲ့ တွန်းလှန် နိုင်ကြရင် တာရှည် ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့် ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက် တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ စစ်ဗျူရိုကရက်အာဏာရှင် လူသတ်ဝါဒီတွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင် လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်”

ဒီမိန့်မှာချက်အတိုင်း ကနေ့ မျိုးဆက်သစ် ကျောင်းသားလူငယ်အများက ရက်စက်ကြမ်းကြုတ် ယုတ်မာ ပက်စက်လွန်းတဲ့ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင်မောင်းထုတ်ပစ်ဖို့၊ ဒုတိယ လွတ်လပ် ရေးကို မရအရယူဖို့ သက်စွန့်ပေးဆက် လက်ဆင့်ကမ်း ရဲရဲတောက် ချီတက်နေကြတာဟာ အင်မတန်မှ ဂုဏ်ယူနှစ်လိုဖွယ် ကောင်းလှပါတယ်။ အတုယူဖွယ်လည်း ဖြစ်ပါတယ်။ ခေတ်စနစ်ရဲ့ သမိုင်းတာဝန်ကို ထမ်းဆောင်နေကြတာ ဖြစ်သလို ဒီလိုသမိုင်းတာဝန်ဟာ ငါတို့အားလုံးအပေါ်မှာ ကျရောက်နေတယ် ဆိုတာ ကို နားလည်သိရှိတတ်ခြင်းကိုက အင်မတန် အတုယူအားကျစရာ ဖြစ်ပါတယ်။ ဂုဏ်ယူဝင့်ကြွားစရာ ကောင်းလှပါတယ်။

တပ်မတော်ကို ဦးစီးတည်ထောင်ခဲ့သူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း တပ်မတော်ဟာ ပြည်သူတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်နေမယ်ဆိုရင် ဒီတပ်မတော်ကို တည်ထောင်ရတဲ့ ရည်ရွယ် ချက်ဟာ အလကားပဲ။ စစ်သားမဟုတ်ပေမဲ့လည်း နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ ကြိုးပမ်းခဲ့သူတွေ ရှိ တယ်။ ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ကို ဖျောက်ရမယ်လို့ မိန့်ကြားခဲ့ဘူးပါတယ်။

မကြာသေးခင် ရက်ပိုင်းလေးအတွင်းက ဖြစ်ပွားခဲ့တဲ့ နအဖစစ်တပ် တပ်မ(၆၆)နဲ့ တပ်မ(၇၇)တို့က တပ်မတော်သားတွေ စားဝတ်နေရေး အဆင်မပြေတာကို သည်းမခံနိုင်ကြတော့လို့ အစုအပြုံလိုက် ထွက် ပြေးကြတယ်ဆိုတဲ့ သတင်းလည်း ဘီဘီစီ လေလှိုင်းကနေ လွှင့်ထုတ်ပြောကြားသွားတာ ကြားလိုက်ကြ မယ် ထင်ပါတယ်။ အဲဒီလို အဖြစ်အပျက်တွေရဲ့ မူလအရင်းခံကတော့ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်သလို ဒီစနစ်ဆိုးကြောင့် ပျက်သုဉ်းနေခဲ့ရတာ ကြာပြီဖြစ်တဲ့ တပ်မတော်သား အခွင့်အရေး ပျောက်ကွယ်ဆုံးရှုံးနေ လို့ ဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်သား ရဲဘော်တွေ စိုးရိမ်ပူပန်နေကြသလိုမျိုး ထောင်ချခံရမှာ၊ ပစ်ခတ်သတ်ဖြတ်ခံရ မှာ၊ နှိပ်စက်ညှင်းပမ်းခံရမှာ၊ မိသားစုထမင်းငတ်မှာ စတဲ့ဟာတွေကို လူမျိုးစုံပြည်သူလူထုတရပ်လုံးက သိသိကြီးနဲ့ ဘာဖြစ်လို့ အသက်စွန့်၊ ထောင်ကျခံပြီး မဆုတ်မနစ် ဒီစစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲ ၀င်နေကြတာလဲဆိုရင် ငါတို့က ဘ၀တခု၊ အသက်တချောင်းပဲ ဆုံးရှုံးရမှာ လွတ်မြောက်ခဲ့ရင် (၅၈)သန်း ကျော် ပြည်သူတွေ လူသားအဖြစ် အမှန်တကယ် ခံစားစံစားရမှာဆိုတဲ့ အနာဂတ်အပေါ် ယုံကြည်မှုကြောင့် ဖြစ်ပါတယ်။

တသွေး၊ တသံ၊ တမိန့်ဆိုတဲ့ အကြွင်းမဲ့ သစ္စာခံရေး အတွေးအခေါ်ကြီးကို ကျနော်တို့ရဲ့ သွေးသားရင်းချာ ပြည်သူ့ရင်သွေး တပ်မတော်သားတွေက ရဲဝံ့ပြတ်သား စွန့်လွှတ်ကြမယ်ဆိုရင် ကျနော်တို့ ညီအကို တပ်မတော်သားတွေဟာလည်း တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လိုလားတောင့်တခဲ့တဲ့ ပြည်သူ့ အမှုထမ်း တပ်မတော်စစ်စစ်အဖြစ် ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အစဉ်အလာ ကြီးမားတဲ့ တပ်မတော်အဖြစ်၊ ပြည်သူချစ်တဲ့ တပ်မတော်အဖြစ် ဂုဏ်သိက္ခာ ပြန်လည်တက်လာမှာ ဖြစ်ပါတယ်။

ဒီလို ဗိုလ်ချုပ်အောင်ဆန်း လိုလားတောင့်တခဲ့တဲ့ တပ်မတော်မျိုး ပြန်ပေါ်ပေါက်လာစေတာဟာ တိုင်းပြည် လွတ်လပ်ရေးကြိုးပမ်းမှုမှာ ကျဆုံးသွားရတဲ့ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးရဲ့ ဂုဏ်ကျေးဇူးကို သစ္စာ စောင့်သိထိန်းသိမ်းရာ ရောက်သလို စစ်အာဏာရှင်စနစ်ကို အပြီးတိုင်နိဂုံးချုပ်စေပြီး မြန်မာပြည်ကို စစ်မှန် တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် မွေးဖွားပေးရာလည်း ရောက်မှာပါ။ လူမျိုးစုံပြည်သူတရပ်လုံးရဲ့ အလို လားဆုံးဆန္ဒတွေကို ဖြည့်ဆည်းပေးရာလည်း ရောက်ပါတယ်။

အချုပ်အားဖြင့်တော့ တကယ့် လွတ်လပ်ရေး အစစ်ကို ရရှိခံစားနိုင်ကြဖို့ အောင်ဆန်း လမ်းစဉ်အတိုင်း ကျနော်တို့ တပ်မတော်သားတွေဟာ လူထုနဲ့ ပူးပေါင်းကြပြီး တပ်မတော်ကို မိမိတို့လက်တဆုပ်စာ လူတစုအကျိုး စီးပွားအတွက် ခုတုံးလုပ်အသုံးချနေတဲ့ နအဖစစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင် မောင်း ထုတ်သုတ်သင်ပစ်ပါမယ်လို့ ဇန်န၀ါရီလ(၄)ရက်နေ့မှာ ကျရောက်တဲ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခါသမယကို ကြိုဆိုဂုဏ်ပြုရင်း ၀န်ခံကတိပြု ဦးညွတ်ဂါဝရပြု လိုက်ကြောင်းပါ။

မင်းဆွေ (ပေါက်)
၂၀၁၀ခုနှစ် ဇန်န၀ါရီလ(၃)ရက်။




Read More...

နေ့စဉ်သတင်းများ ( ၅ - ၁ - ၁၀)

■ အဖွဲ့ချုပ်ဗဟိုတွင် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ သတင်း
■ (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို မြို့နယ်အဖွဲ့ချုပ်ဝင်များ ကျင်းပ သတင်း
■ မဲဆောက်က မြန်မာများ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ သတင်း
■ လွတ်လပ်ရေးနေ့တွင် နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေး သတင်း
■ သြစတြေးလျလုပ် အဆင့်မြင့် ဆက်သွယ်ရေးစက်များ စစ်အစိုးရ အသုံးပြုနေ သတင်း
■ အရပ်ဘက်သုံး အယောင်ပြပြီး စစ်ဘက်သုံးနေတဲ့ မြန်မာစစ်တပ် သတင်း
■ ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရတို့ (၁၀) ကြိမ်မြောက် တွေ့ဆုံဆွေးနွေး သတင်း
■ စစ်တွေမှ ဆရာတော်များ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် ဝေး သတင်း
■ ညီညီအောင်အပေါ် ဖြုတ်ပယ်ပြီး ပုဒ်မကို စစ်အစိုးရ ပြန်တင်မည် သတင်း
■ မော်လမြိုင်မြို့တွင် လုပ်ငန်းရှင်များအား မတန်တဆ အခွန်ကောက်ခံနေဟု ပြောဆို သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် အငြိမ်းစားဝန်ထမ်းများစာရင်း စတင်ကောက်ခံ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ အမေရိကန် သတိထား စောင့်ကြည့် သတင်း
■ ဗိုလ်ချုပ်မှူးကြီး၏ အာမခံချက်ကို အတိုက်အခံတို့ သံသယရှိ သတင်း
■ နအဖ၏ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ၌ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားဟု ပါရှိ သတင်း
■ အမျိုးသားညီညွတ်ရေး တည်ဆောက်ရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တိုက်တွန်း သတင်း
■ စစ်ဦးကျိုးစေရန် နအဖ တပ်ရိက္ခာများကို ကေအန်ယူ သိမ်းဆည်း သတင်း
■ အမေရိကန်ရောက် ဒုက္ခသည်များ အဆင်ပြေရေး အိမ်ဖြူတော် အဖြေရှာမည် သတင်း
■ သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် နှစ်(၂၀) တိုး သတင်း
■ မန္တလေးတိုင်း နိုင်ငံရေးလှုပ်ရှားသူများ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ သတင်း
■ တပ်စခန်းပြုပြင်ရန် ရွာသားများကို အလှည့်ကျ လုပ်အားခိုင်းစေ သတင်း
■ နယ်ကျွံသည့် နအဖတပ် ဖမ်းဆီးခံရ သတင်း
■ ဖုန်းခေါ်ခ ဈေးတက်သည့် ဂယက်ရိုက်ခတ် သတင်း
■ အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်မည့် ဂယက် တရုတ်နယ်စပ် မြန်မာ့ငွေဈေး ရိုက်ခတ် သတင်း
■ သုံးဘီးဝင်ခွင့် တိုင်းမှူးထံ တင်ပြမည် သတင်း
■ နေပြည်တော်အမိန့်ဟုဆိုကာ လူထုလယ်မြေများ လိုက်သိမ်းနေ သတင်း
■ တောင်သူများထံမှ မြေဆီကြွေး ကြံ့ဖွံ့ အာဏာသုံး တောင်းခံ သတင်း
■ ရထားဆင်ဆာအမိန့်ကြောင့် ရုပ်ရှင်၊ ဗွီဒီယိုသမားများ စိတ်ပျက် သတင်း
■ ပုံနှိပ်မီဒီယာတွင် အရက်နှင့်ဘီယာ ကြော်ငြာအားလုံး ပိတ်ပင် သတင်း
■ လွတ်လပ်ရေးလား ပျောက်လုပြီ (ဆောင်းပါး)
■ လွတ်လပ်ရေးနေ့အတွေး (ဆောင်းပါး)
■ နအဖသို့ နှစ်သစ်ဦးမေတ္တာစာ (ဆောင်းပါး)
■ ဘယ်လိုဖောက်ထွက်ကြမလဲ နိုင်ငံရေးစစ်တမ်း (၁ဝ) (ဆောင်းပါး)

Read More...

Tuesday, January 5, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၁ / ၀၁ / ၁၀

အမျိုသားဒီမိုကရေစီ အဖွဲ့ချူပ်၏ (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကြေညာချက်။
(ဇန်န၀ါရီလ ၄ ရက်နေ့၊ ၂၀၁၀ ခုနှစ်)။









[[[

Read More...

၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အပေါ် သုံးသပ်ချက်များ

ကျော်သိင်္ခ
တနင်္လာနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၀

ယနေ့ ကျရောက်သော ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ပက်သက်၍ နိုင်ငံရေး ခေါင်းဆောင်အချို့၏ သုံးသပ် အမှာစကားများ

ဦးအေးသာအောင်

အတွင်းရေးမှူး၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

တိုင်းရင်းသားပေါင်းစုံက နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး အတွက် ပါဝင်ပြီးတော့ ကြိုးပမ်း ခဲ့ကြပါတယ်။ တိုင်းရင်းသားတွေ မျှော်မှန်းတာကတော့ တန်းတူရည်တူ ပြည်ထောင်စုမူနဲ့ ပေါ့လေ။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပြီးတော့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေ၊ အမျိုးသားအားလုံး တန်းတူရည်တူ အခွင့်အရေးတွေ ရနိုင်လိမ့်မယ်လို့ မျှော်လင့် ခဲ့ကြပါတယ်။

လွတ်လပ်ရေး ရပြီးတဲ့အခါကျတော့ တိုင်းရင်းသားခေါင်းဆောင်တွေ မျှော်မှန်း ထားသလို ဖြစ်မလာခဲ့ဘူး။ ဖဆပလ ခေတ်မှာပဲ အုပ်ချုပ်ရေးပိုင်း၊ ဘဏ္ဍာရေးပိုင်း၊ အမျိုးသားရေး အခွင့် အာဏာပိုင်းတွေမှာ အခက်အခဲတွေ အဟန့် အတားတွေ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ မရတဲ့ အနေအထား မျိုးတွေကို ကြုံလာရတယ်။ အဲဒီတော့ တောင်ကြီးမှာ အစည်းအဝေးတခု ကျင်းပပြီးတော့ ရှမ်းမူ၊ တနည်း အားဖြင့် ပြည်ထောင်စုမူ၊ တောင်ကြီးမူကို တင်ပြ ပြီးတော့ တောင်းဆိုခဲ့တယ်။ အဲလို တောင်းဆိုတဲ့ နေရာမှာ ဒါဟာ ပြည်ထောင်စုကို ဖြိုးခွဲမယ့်မူ ဖြစ်တယ်လို့ ပြောပြီး အာဏာ သိမ်းပြီးတော့ တပါတီ အာဏာရှင် စနစ်နဲ့အတူ တပြည်ထောင် စနစ်ကို ကျင့်သုံးခဲ့တယ်။

၈၈ မှာလည်းပဲ တပ်မတော်က အာဏာသိမ်းပြီးတော့ စစ်တပ်က အုပ်ချုပ်ရေးတွေနဲ့ နဝတ၊ နအဖ စသည်အားဖြင့် အုပ်ချုပ်ခဲ့တဲ့ အချိန်မှာလည်းပဲ တပြည်ထောင် စနစ်နဲ့ စစ်အုပ်ချုပ်ရေး စနစ်ပဲ ဖြစ်နေတယ်။ အဲဒီနောက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံလို့ ရေးထားတဲ့ Referendum လုပ်ပြီးတော့ ပြဌာန်းထားတဲ့ မူသည်ပင်လျှင် ပြည်နယ်တွေရဲ့ အခွင့် အရေးတွေ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဘာမှ ပီပီပြင်ပြင် ဖော်ပြထားတာ မရှိပဲနဲ့ တဖက်သတ်၊ ရာသက်ပန် အုပ်ချုပ်ဖို့ လုပ်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ အဲဒီ ဖွဲ့စည်းပုံအရ ဆိုရင် ပြည်နယ်တွေမှာ ပြည်နယ်ဝန်ကြီး ချုပ်ကိုတောင် သမ္မတက ခန့်အပ်ရမယ်။

ပြည်နယ်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့အပြင်၊ အခြား ဥပဒေပြုအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့တွေမှာလည်း စစ်တပ်ကပဲ လွှမ်းမိုး ချယ်လှယ် ထားမှာဖြစ်တဲ့ အတွက်ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဆိုရင်လည်းပဲ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေဟာ ဆုံးရှုံးနေဦးမှာ ဖြစ်တယ်။ ဒီတော့ လွတ်လပ်ရေး ရခဲ့တာ ၆၂ နှစ်ရှိပြီ ဖြစ်ပေမယ့် တိုင်းပြည်ကတော့ လွတ်လပ်ရေး ရတယ်။ တိုင်းရင်းသား လူမျိုးတွေ ကတော့ လွတ်လပ်ရေး မရသေးဘူးလို့ ပြောလို့ရမယ်လို့ ထင်ပါတယ်။

တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးကို ဟန့်တားနေတယ်။ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်နေတယ်။ ဒီအနှောင်အဖွဲ့ တွေက လွတ်မြောက်ဖို့ အတွက် ပြည်သူတွေကပဲ နည်းမျိုးစုံနဲ့ ဘက်ပေါင်းစုံက ကြိုးပမ်းတိုက် ပွဲဝင်ဖို့ လိုမယ်လို့ မြင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေရဲ့ ဦးဆောင်မှု၊ ပြည်ပ အင်အားစုတွေရဲ့ အားပေးမှု တွေနဲ့ ပြည်သူတွေဟာ နည်းမျိုးစုံ ဘက်ပေါင်းစုံ ကနေ ဆက်လက်ပြီး ကြိုးပမ်းဖို့၊ တိုက်ပွဲဝင်ဖို့ လိုမယ်လို့ မြင်ပါတယ်။

လွတ်လပ်ရေးရဖို့အတွက်လည်း တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ ရဟန်းတွေ အသက်တွေ စတေးပြီး သွားပြီ။ တပါတီ အာဏာရှင် စနစ်ကနေ၊ စစ်အုပ်ချုပ်ရေး လက်အောက်က လွတ်မြောက်အောင် လည်းပဲ ပြည်သူတွေဟာ တိုက်ပွဲတွေ၊ နည်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြတဲ့ နှစ်တွေလည်း ကြာခဲ့သလို၊ အသက်တွေ ဘဝတွေ ပေးခဲ့ရတာလည်း မနည်း မနောဘူး ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် နောက်ထပ် ဘဝတွေကို ပေးဆပ်ပြီး လွတ်မြောက်ဖို့ အတွက်၊ လူ့အခွင့်အရေး အတွက်၊ တိုင်းရင်းသား အခွင့်အရေး အတွက် ကြိုးပမ်းတဲ့ တိုက်ပွဲတွေကို လိုကောင်းလိုဦးမယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။
------------------------------------------------------------------------------------------------------------------------

ဦးဝင်းတင်

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဒီတိုက်ပွဲကြီးရဲ့ အောက်မှာ အောင်ပွဲရလာဒ် အသီးအပွင့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျနော်တို့ လွတ်လပ်ရေးနေ့ကို ကျင်းပတယ်။ ကျနော်တို့ တိုင်းပြည်ဟာ လွတ်လပ်ရေး ရပြီ ဆိုသော်လည်း ဘာမှ မထူးဘူး။ လွန်ခဲ့တဲ့ ၆၂ နှစ် မတိုင်မီ အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့တဲ့ တချိန်က အင်္ဂလိပ် တိုင်းတပါး လက်အောက်မှာ ကျွန်ဖြစ်ရ သလိုပဲ ဒီခေတ်မှာလည်း တိုင်းရင်းသား ပြည်သူတွေ အပေါ် စိုးမိုး ဖိနှိပ်နေတဲ့ စစ်အစိုး ရရဲ့ အောက်မှာ စစ်ကျွန် ဖြစ်နေတယ်။

ပထမ လွတ်လပ်ရေးဟာ သီးပွင့်ခဲ့သော်ငြားလည်း၊ ထပ်ပြီး ဖူးပွင့် ဝေဆာခြင်း မပြုနိုင်ဘူး။ ဒီနေ့အထိ ကျနော် တို့ဟာ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကို တိုက်နေရတယ်။ ဒါကြောင့် ပထမ လွတ်လပ်ရေး တိုက်ပွဲအတွက် ဂုဏ်ယူ ဝမ်းမြောက်ခြင်း၊ အားတက်ခြင်းဆိုတဲ့ စိတ်ဓာတ်တွေကို ပေါ်ပေါက်ခံစားဖို့နဲ့ ဒုတိယ လွတ်လပ်ရေး အတွက် ဆက်ပြီး အားသွန် ကြိုးပမ်းရမှာပါလား ဆိုတဲ့ သန္ဓိဌာန်တွေ ချမှတ်တဲ့နေ့ ဖြစ်တယ်လို့ပဲ ကျနော်တို့ ပြောထားပါတယ်။

၁၉၄၈ နောက်ပိုင်းမှာ လွတ်လပ်ရေးရဲ့ အရသာလို့ ပြောနိုင်တဲ့ ကာလက အခိုက်အတန့်လေးပဲ ရှိတယ်။ လွတ်လပ် မှုရှိသော်လည်း ငြိမ်းချမ်းမှု မရှိဘူး။ စစ်ကျွန်ဘဝကို ရောက်ပြီးတော့၊ လွတ်လပ်မှုရော၊ ငြိမ်းချမ်းမှုရော ဆုံးရှုံးသွား တာ ဒီနေ့အထိပဲ။ ဒါကြောင့် လွတ်လပ်ရေးဟာ ဘယ်လောက် အရေးပါတယ် ဆိုတာထက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်ကို ပြန်ပြီးကြည့်ရင် ပြည်သူတွေ လွတ်လပ်မှုကို ဘယ်လောက် အထိ လက်လွတ် ဆုံးရှုံးရသလဲ ဆိုတဲ့ အနေ အထားကို မြင်ရမှာပဲလို့ ကျနော် ပြောချင်ပါတယ်။

ဒုတိယလွတ်လပ်ရေးတိုက်ပွဲက အောင်မြင်ပြီးတော့ လူ့အခွင့်အရေးတွေ၊ ငြိမ်းချမ်းရေးတွေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ၊ စည်းလုံး ညီညွှတ်ရေးတွေလို့ ဆိုတဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ရကြမှာပါပဲ။ အဲဒီအချိန် ကျမှာ လွတ်လပ်မှုရဲ့ အရသာဟာ ဘာလဲ၊ လွတ်လပ်မှုဟာ ပြည်သူတွေအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြောနိုင်လိမ့်မယ်။

ကျနော့်အနေနဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို ပြောချင်တာက ဘာလုပ်ရမလဲ ဆိုတာထက် ဘယ်လို စိတ်ထားရမလဲ ဆိုတာကိုပဲ ပြောချင်ပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ ဆရာစံ သူပုန်ဆိုတဲ့ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ ပြောနိုင်တဲ့ ဒီကာလတိုလေး တခု ရှိခဲ့သော် ငြားလည်းပဲ၊ ၁၉၂ဝ ကျောင်းသား သပိတ်ကနေ ၁၉၄၈ ကာလအထိ တလျှောက်လုံးမှာ စိတ်ထားတွေက မကြောက်တရားကို ကိုင်စွဲခြင်းအားဖြင့် လွတ်လပ်ရေး တိုက်ပွဲကို ဝင်ခဲ့တယ်။ ထောင်ကိုလည်း မကြောက်ဘူး။ သေနတ်ကိုလည်း မကြောက်ဘူး။ စစ်ပုလိပ်ရိုက်တဲ့ နံပါတ်တုတ်ကိုလည်း မကြောက်ဘူး။

ဒုတိယအနေနဲ့ လူမှုရေးစိတ်ဓာတ်အမြဲတမ်း ရှိရမယ်။ လွတ်လပ်တဲ့စိတ်၊ မျိုးချစ်စိတ်၊ ဝံသာနုစိတ် ဒီစိတ် ဓာတ်တွေက အမြဲတမ်း လိုလိုကို ရှိရမယ်။ တိုင်းရင်းသားတွေ ကြားမှာလည်း စည်းလုံး ညီညွတ်မှုတွေ ရှိရမယ်။ တိုက်ပွဲတွေ ကြားမှာလဲ စည်းလုံး ညီညွတ်မှု ဆိုတာရှိရမယ်။ ဒါကြောင့် မကြောက်တရား စိတ်ဓာတ်နဲ့ စည်းလုံး ညီညွတ်မှု စိတ်ဓာတ်တွေဟာ အလွန်အရေးကြီးတဲ့ စိတ်ဓာတ်တွေဖြစ်တယ်။

တတိယက ကျနော်တို့မှာ မှန်ကန်တဲ့ခေါင်းဆောင်မှုဆိုတာ အင်မတန် အရေးကြီး ပါတယ်။ မှန်ကန်တဲ့ ခေါင်းဆောင်မှု နောက်မှာ ရပ်တည်ကြပါ။ နောက်ဆုံး တခုကတော့ ကျနော်တို့မှာ မြဲမြံတဲ့ သန္ဓိဌာန် ချမှတ်ဖို့ အရေးကြီးပါတယ်။
------------------------------------------------------------------------------------------------------------------------
ဦးခင်မောင်ကြည်

ဝါရင့်နိုင်ငံရေးခေါင်းဆောင်

လွတ်လပ်ရေးရဲ့ အနှစ်သာရက ကျနော်တို့ဆီမှာ ငြိမ်းချမ်းရေးက အဓိက ထားတာကိုး။ လွတ်လပ်ရင် ငြိမ်းချမ်း ရမယ်ပေါ့။ ကျနော်တို့မှာ အခုထိ မငြိမ်းချမ်းသေးဘူးဗျ။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အထိ ဂိုဏ်းဂဏ တွေကြား မှာ သံသယတွေ၊ အာဃာတတွေနဲ့ သွားနေတယ်။ ငြိမ်းချမ်းဖို့ ဆိုတာက အမျိုးသား ပြန်လည် သင့်မြတ်ရေး တခုပဲရှိတယ်။

ပြည်သူတွေက လွတ်လွတ်လပ်လပ် နေချင်ပေမယ့် မလွတ်လပ်ဘူး။ သူတို့ရဲ့ ဆန္ဒမှန်ကိုပဲ ဖော်ထုတ် ချင်ကြတာ လေ။ ဒါပေမယ့် လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့် မရကြဘူး။ သိပ်ပြီး အခြေအနေ ဆိုးလာလို့ ထွက်ပေါက် မရှိရင် တော့ တမျိုးပေါ့။ အခြေအနေ ဆိုးလာရင်တော့ ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး။

(ကိုဝိုင်း တည်းဖြတ်သည်။)


Ref: မဇ္ဈိမ

Read More...

နေ့စဉ်သတင်းများ (၄ - ၁ - ၁၀)

■ ၂၀၁၀ ရွေးကောက်ပွဲမှာ မှန်ကန်စွာ ဆုံးဖြတ်ကြဖို့ စစ်ခေါင်းဆောင် လွတ်လပ်ရေးနေ့ တိုက်တွန်း သတင်း
■ (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့အပေါ် သုံးသပ်ချက်များ သတင်း
■ လွတ်လပ်ရေး မော်ကွန်းဝင် ဘွဲ့တံဆိပ်များ ဖျက်သိမ်း သတင်း
■ အောင်ဆန်းဦးအတွက် သင်ခန်းစာပေးခြင်း မြားပစ်ပြိုင်ပွဲ လွတ်လပ်ရေးနေ့တွင် ပြုလုပ် သတင်း
■ လွတ်လပ်ရေးကို တန်ဖိုးထားရေး သတင်း
■ ရွေးကောက်ပွဲအတွက် စီစဉ်နေပြီဟု ဗိုလ်ချုပ်မှူးကြီး ပြော သတင်း
■ ၂၀၁၀ တွင် အပြောင်းအလဲ ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်များ သတင်း
■ လမ်းပြမြေပုံအတွက် ဘွဲ့နှင့် ဆုများ ချီးမြှင့်မည် သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် အရေးကြီးကြောင်း အန်အယ်လ်ဒီ ပြောကြား သတင်း
■ အအေးဓာတ်လွန်ကဲသဖြင့် အကျဉ်းသားများအတွက် စိုးရိမ်နေ သတင်း
■ အစိုးရ၀န်ထမ်း လစာနှုန်းများ ကျပ်(၂) သောင်း တိုးမြှင့်ပေး၊ ၂၀၁၀ ဇန်န၀ါရီမှ စတင် ခံစားရမည် သတင်း
■ လစာတိုးမည့် သတင်းကြောင့် ရွှေဈေးတက် သတင်း
■ ဘင်္ဂလားဒေ့ခ်ျ ဖုန်းကတ်များ မောင်တောတွင် ဖမ်းမိ သတင်း
■ ဖုန်းခေါ်ခများ အတက်ကြမ်း သတင်း
■ ငွေတိုက်စာချုပ်သစ် ခိုင်မာမှုမရှိနိုင်ဟုဆို သတင်း
■ ထူးနှင့် လုပ်ငန်းရှင်များကို ရေအားလျှပ်စစ် လုပ်ခွင့်ပေး သတင်း
■ ကချင်တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များ ကေအိုင်အို တင်ပြမည် သတင်း
■ မြစ်ဆုံ ရေလွှမ်းဧရိယာမှ ပြောင်းရွှေ့ရမည့် ကျေးရွာများအတွက် တည်ဆောက်ရေးလုပ် သတင်း
■ တပ်ပြောင်းရန်အတွက် ကားပိုင်ရှင်များအား ငွေကြေးတောင်းယူ သတင်း
■ အောင်ဆန်းလမ်းစဉ်နဲ့ ကနေ့ တပ်ဦးပါတီ (အန်အယ်လ်ဒီ) (ဆောင်းပါး)
■ ကုန်ဈေးနှုန်းဂယက်နှင့် တပ်မတော် (ဆောင်းပါး)
■ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ် (ဆောင်းပါး)
■ တရုတ်-အရှေ့တောင်အာရှဆက်ဆံရေး (၄) (ဆောင်းပါး)
■ မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (ဆောင်းပါး)
■ ဆွေစကား မျိုးစကား ပေါ့ပေါ့ပါးပါး (ဆောင်းပါး)
■ သွားဆဲမို့ အားခဲလို့ ပြောလိုက်ချင် (ဆောင်းပါး)

Read More...

Monday, January 4, 2010

ကိုကျော်ဝင်း အရှေ့လေလား အနောက်လေလား...???

January 4, 2010

တော်ဖလာ၊ ဟမ်တင်တန်၊ ဖူကူရားမား၊ သောမတ်စ် ဖရိုက်မင် စတဲ့ နီယိုကွန်။ နီယိုလစ်။ ဘက်က်စ်ဆဲလ်လား တို့ရဲ့ စာများကို ဘာသာပြန်ပြီး ဖွင့်ဆိုပြပြီး ပေါ်ပြူလာဖြစ်လာတဲ့ ဂလိုဘယ်လ် စာရေးဆရာ ကိုကျော်ဝင်းက "ပဋိပက္ခ ဖြေရှင်း ရေးနှင့် ရွေးကောက်ပွဲတို့၏ အခန်းကဏ္ဍ" ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဆောင်းပါးတပုဒ် ရေးလာတယ်။

ယခင်ကလဲ နအဖ ခေတ် လောလောလတ်လတ် နိုင်ငံရေး ဆောင်းပါးများ ရေးခွင့် ရလာနေတဲ့ စစ်တပ် စိတ်ဓာတ် စစ်ဆင်ရေး ဌာနရဲ့ အားပေးမှုလဲ ရတဲ့၊ စာစောင် တချို့မှာ သွယ်ဝိုက်ပြီး မထိတထိ ရေးသားနေတာ တွေ့ရတယ်။ ကိုယ့်အိုင်ဒီယာ (ဘိုလိုအသံထွက် ရေးမိတာ သည်းခံပါ) ကိုယ် လွတ်လပ်စွာ တင်ပြတာမို့ သဘော မကိုက်သော်လည်း နားလည်လို့ ရပါတယ်။ စာဖတ် ပရိသတ်တွေဟာ နလပိန်းတုံးတွေ မဟုတ်တာမို့ ကိုယ်ပိုင် အသိနဲ့ စိစစ်ဝေဖန် နိုင်ကြပါတယ်။

ယခုဆောင်းပါးကတော့ လိုင်းပြောင်းသွားတဲ့ ကိုကျော်ဝင်းရဲ့ ဟန်အတိုင်း "လက်တွေ့ အခြေပြု ချဉ်းကပ်နည်း" Pragmatic Approach တို့ "ပဋိပက္ခ စီမံခန့်ခွဲရေး" Conflict Management တို့ "အထိန်းနဲ့အထေ" Check and Balance တို့ ဆိုတဲ့ (ကိုယ့်ကိုယ်တိုင်တောင် ဘာတွေမှန်း ရှင်းရှင်းလင်းလင်း သိရဲ့လား မဆိုနိုင်တဲ့ ) စာအုပ် ကြီးထဲက နည်းတွေ နဲ့ ဗမာပြည်နိုင်ငံရေး လက်တွေ့ကို သုံးသပ် ပြပါတယ်။

သူ့ဆောင်းပါးရဲ့အချုပ်က ၁၉၅၁ ရွေးကောက်ပွဲတုန်းက “၁၉၄၈ လွတ်လပ်ရေးကို မိမိနှုန်းစံဖြင့် ချိန်ကိုက်ကြည့်ကာ ဘ၀င်မကျ၍ တောနှင့်တောင်သို့ ရောက်သွား” ခဲ့တဲ့ ကွန်မြူနစ်ပါတီ မဝင်ခဲ့သဖြင့် “အတိုက်အခံ မရှိသော ပါလီမန် ပေါ်ထွက်လာခြင်း ဖြစ်သည်။” “၂၀၁၀ ရွေးကောက်ပွဲသည်ပင် တခုတည်းသော ထွက်ပေါက်ဟု လိပ်ပြာသန့်သန့် ဆိုချင်ပါသည်။ " NLD ရွေးကောက်ပွဲ မဝင်ရင် “အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း” သို့ ရောက်လိမ့်မည်ဟု ဆိုတယ်။

သူ့ရှေ့က သွားနှင့်တဲ့ ဆရာကြီးများလို NLD ရွှေဂုံတိုင် ရပ်တည်ချက်ကို ရိုင်းရိုင်းပျပျ အသုံး အနှုန်းများနဲ့ ဗြောင် မတိုက်ပေမဲ့ စိတ်ဓာတ် စစ်ဆင်ရေးက ချပေးတဲ့ လိုင်းအတိုင်း လိုက်ရေး နေရတာတော့ ထင်ရှားပါတယ်။

၁၉၅၁ ရွေးကောက်ပွဲဘာလဲ

၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ပွဲက ၁၉၄၉ ဇူလိုင် မှာကျင်းပရ မှာဖြစ်တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် အလီလီ ရွှေ့ဆိုင်းခဲ့ပြီး ၁၉၅၁ ဇွန် ၁၂ မှ ၁၉၅၂ ဇန္န၀ါရီ ၃ အထိ ၇ လ နီးပါးကြာ ၃ ရစ်ခွဲ ကျင်းပခဲ့တယ်။ ဘာဖြစ်လို့လဲ၊ ဖဆပလ အစိုးရ အဖွဲ့အတွင်း လက်ယာ ဆိုရှယ်လစ်တွေ အာဏာကို အုပ်စီးမိပြီး အတိုက်အခံ ဟူသမျှ တောထဲနဲ့ ထောင်ထဲ ပို့ထားပြီး လို့ပဲ (၂၀၁၀ နဲ့ ဆင်ပါတယ်။ ) ကိုကျော်ဝင်း ပြောသလို ဥပဒေတွင်း အတိုက်အခံ မရှိတော့ပဲ ဆိုရှယ်လစ် (ဖဆပလ) များ ပြိုင်ဘက်မရှိ ကြဲရတော့တာ မဟုတ်ဘူး။ အလုပ်သမား၊ လယ်သမားပါတီ (ဆိုရှယ်နီ) ပြည်သူ့ရဲဘော် (ဗိုလ်ထွန်းစိန် ) ပြည်သူ့ ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစု (ဦးအောင်သန်း) နဲ့ တခြား နိုင်ငံရေး ပါတီဟောင်း တချို့ ရှိခဲ့တယ်။ ကွန်မြူနစ်နဲ့ ပြည်သူ့ရဲဘော် အမတ်တွေ (အယောက် ၄၀ကျော်မယ်) ကိုတော့ လွှတ်တော်မှ ထုတ်ပစ်ထားတယ်။

ကိုကျော်ဝင်း အနေနဲ့ ဒီကာလရဲ့ ပြည်တွင်းပြည်ပ အခြေအနေကို လိုက် မမီလိုက်သော်လည်း စိစိ စစ်စစ် လေ့လာ သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်သူ ဘယ်ဝှာက ပြောလို့ပါ ဆိုပြီး တဆင့်ကြားနဲ့ ရမ်းတုတ်လို့ မဖြစ်ဘူး။ အထူးသဖြင့် အနီးခေတ် သမိုင်းကို သုံးသပ်ရာမှာ မရှိတော့တဲ့ လူကို ကိုးကား၊ တဖက်သတ် ပြောစကားနဲ့ လိုရာ အဓိပ္ပာယ်ဖွင့်၊ ကာလ ဒေသ သက်သေ သက္ကာရ ခိုင်မာမှု မရှိ လုပ်လို့တော့ မဖြစ်ဘူး။ သမာသမတ် ကျဖို့ လိုပါတယ်။ (နို့မို့ ဘယ်လိုလုပ် လိပ်ပြာ သန့်နိုင်မှာတုန်း )

ပြည်တွင်းအခြေအနေ

ဒီကာလမှာ ရန်ကုန်အစိုးရ ဘဝကနေ လွန်မြောက်လာပြီ။ ပြန်ဖွဲ့တဲ့ အစိုးရသစ်မှာ လက်ယာ ဆိုရှယ်လစ်တွေ ဝန်ကြီးရာထူး ပြန်ရနေပြီ။ ဆိုရှယ်လစ် ပါတီ ခါးပိုက်ဆောင် သောင်းကျန်းသူ နှိမ်နင်းရေး ကာကွယ်ရေး ပြူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြပြီ၊ ၁၉၄၉ မှာ ဦးကျော်ငြိမ်း (ပြည်ထဲရေးဝန်ကြီး) ရဲ့ လဲဗီးတပ်ရင်း ၂၆ ရင်း ၊ အင်အား ၁၃၀၀၀ ရှိနေပြီ၊ တပ်ရင်းပေါင်း ၅၂ ရင်း အထိ တိုးချဲ့ ဖွဲ့စည်းဖို့ ပြင်နေပြီ။ ဒီတပ်တွေဟာ တပ်ထဲ ပြန်ဝင်လာတဲ့ ဗိုလ်အောင်ကြီး ကိုင်ထားတဲ့ တပ်တွေပဲ။ ဗိုလ်နေဝင်းက စစ်ဦးစီးချုပ်။ ဒီ ခါးပိုက်ဆောင် တပ်တွေက အတိုက်အခံများပေါ် သာမက ပြည်သူလူထု ပေါ်မှာလဲ အနိုင်ကျင့် ခြိမ်းခြောက် အကြမ်းဖက် သတ်ဖြတ်ကြတယ်။ ရွေးကောက်ပွဲမှာလဲ ဝင်စွက်နေတယ် (ကြံ့ဖွံ့၊ စွမ်းအားရှင် တို့နဲ့ မကွာဘူး ) ရွေးကောက်ပွဲ ကာလ ၁၉၅၁ သြဂုတ်လထဲမှာပဲ KNU ဥက္ကဋ္ဌ စောဘဦးကြီးကို ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် တောတွင်း တနေရာမှာ အသေ ပစ်သတ် ဖမ်းဆီးရမိတယ်။ အလောင်းကို ပယ်လယ်ဝ သွားပစ်ပြီး လက်စတုံး ဖျောက်ဖျက် ပစ်ခဲ့တယ်။


ပြည်ပအခြေအနေ

ကိုရီးယားစစ်ပွဲ (၁၉၅၁-၅၃) ဖြစ်နေတယ်။ စစ်အေးအရှိန် မြင့်နေချိန်ပဲ ။ ဒါကြောင့် ဗမာပြည်ထဲမှာ ကူမင်တန် KMT စစ်ပြေးတွေ အလုံးအရင်းနဲ့ လှုပ်ရှား သွေးကြွနေတယ်။ အမေရိကန် KAT ကုမ္ပဏီနဲ့ ပေါင်းပြီး "ပြည်တော်သာစီမံကိန်း" ရေးဆွဲ နေချိန်ပဲ။ ဗိုလ်အောင်ကြီး ဦးဆောင်တဲ့ စစ်တပ် ဦးပိုင် ကော်ပိုရေးရှင်း ဖြစ်တဲ့ BEDC ရဲ့ အစ DSI ကို စတင် ထူထောင်နေချိန်ပဲ။

ဒီလို ပြည်တွင်းပြည်ပ အခြေအနေအောက်မှာ၊ ဖဆဆိုရှယ် အစိုးရက သောင်းကျန်းသူ အမြစ်ဖြုတ်ရေး၊ အပြုတ် တိုက်ရေး ပေါ်လစီ တသမတ်တည်း ကျင့်သုံးနေတဲ့ အောက်မှာ ဗကပ က လက်နက်ချပြီး ရွေးကောက်ပွဲ ဝင်ရမယ် ဆိုရင် ခေါင်းကောင်းလို့ ဓားတောင်းတာပဲ ဖြစ်ပါလိမ့်မယ်။


၂၀၁၀ရွေးကောက်ပွဲဟာ ထွက်ပေါက်လား

၂၀၁၀ ဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အသက်သွင်းတာပဲ။ ပထမဆုံး လွှတ်တော် ကျင်းပတဲ့နေ့ ၂၀၀၈ အာဏာ တည်တယ်။ (ပုဒ်မ ၄၄၁) ဒီအရင် န၀တ/ နအဖရဲ့ ဥပဒေ အရပ်ရပ် လုပ်ရပ် အဖုံဖုံကို ဆက်ခံရမယ်။ တရားစွဲ အရေးယူခြင်း မပြုရ (ပုဒ်မ ၄၄၅)။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်လိုလျှင် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံပြီး လူထုဆန္ဒ ခံယူပွဲလုပ်ရမယ် ( ပုဒ်မ၄၃၆)။ နိုင်ငံရေး ပါတီ တရပ်သည် ဒို့အရေးသုံးပါးနဲ့ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို စောင့်သိ ရိုသေရမယ် (ပုဒ်မ၄၀၄)။ နိုင်ငံရေးပါတီ တရပ်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို လက်ခံ ကျင့်သုံးရမယ်။၂၀၀၈ ဖွဲ့စည်းပုံနဲ့ တည်ဆဲ ဥပဒေများကို လိုက်နာရမယ် (ပုဒ်မ၄၀၅)။ ဥပဒေပြုရာ၊ အုပ်ချုပ်ရာတွင် နိုင်ငံတော် အခြေခံမူများနဲ့ အညီ (အမျိုးသား နိုင်ငံရေးတွင် တပ်မတော် ပါဝင်တဲ့ကဏ္ဍကို ဆိုလိုတယ်) လုပ်ရမယ်။ မည်သည့်တရား ရုံးတွင် မှ (ICC နိုင်ငံတကာ တရားရုံးကို ဆိုလိုတယ်) တရားစွဲဆိုခွင့် မရှိစေရ။ (ပုဒ်မ ၄၅၅) ဤဖွဲ့စည်းပုံ အာဏာ မတည်မီ နိုင်ငံတော် အချုပ်အခြာ အာဏာကို နအဖက ဆက်လက် ကျင့်သုံး ဆောင်ရွက်မည် (ကြားဖြတ်တို့ အသွင်ကူးပြောင်းတို့ မလိုဘူးဆိုတဲ့ အဓိပ္ပာယ်)(ပုဒ်မ ၄၄၂) အထက်ပါ ပုဒ်မတွေအရ နအဖ ဖွင့်ပေးတဲ့ အပေါက်မှ ခေါင်းငုံ့ဝင်ရင် ငရဲပြည်သို့ ထွက်ရပ်လမ်းပဲ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။


အတိုက်အခံဆိုတာ

၂၀၀၈ ဟာ အစဉ်အလာ နားလည်ထားတဲ့ အနိုင်ရ နိုင်ငံရေးပါတီ က အစိုးရဖွဲ့၊ အမတ်ဦးရေ နည်းတဲ့ ပါတီက အတိုက်အခံလုပ် ဆိုတဲ့ ပါတီစုံ ပါလီမန် ဒီမိုကရေစီ ပုံစံ မဟုတ်ဘူး။ စစ်ဗျူရိုကရက် လူတန်းစား ရာသက်ပန် အာဏာမြဲရေး အတွက် အကွက်ချ စီရင်ထားတဲ့ ပုံစံ ဖြစ်တယ်။

အထက်အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရွေးကောက်ပွဲဝင် ရွေးကောက်ခံ စရာ မလိုတဲ့ စစ်ဗိုလ် တမတ်သား (၂၅ ရာခိုင်နှုန်း) အလိုအလျောက် ပါတယ်။ ရွေးကောက်ပွဲ ဝင်စရာ မလိုတဲ့ စစ်ဗိုလ် လူထွက် သမ္မတကို သမ္မတ ရွေးခြယ်ရေး အဖွဲ့ ၃ ဖွဲ့မှ ရွေးခြယ်မှာ ဖြစ်တယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့ မှာ စစ်ဗိုလ် တမတ်သား အဖွဲ့က တဖွဲ့ ဖြစ်တယ်။ အဲဒီ သမ္မတ ကိုပြည်ထောင်စု လွှတ်တော် (အထက်-အောက်ပေါင်း) က မဲပေး အတည်ပြု ပေးရမှာ ဖြစ်တယ်။ အဲဒီပြည်ထောင်စု လွှတ်တော်မှာက စစ်ဗိုလ် တမတ်သားက အလိုအလျောက် ပါပြီးသား။

ရွေးကောက်ပွဲ ဝင်စရာမလိုတဲ့ စစ်ဗိုလ်လူထွက် သမ္မတမှာ (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး) အရေး ကြီးတဲ့ ရာထူးတာဝန် အားလုံး၊ ခန့်အပ်မှု အတည်ပြုမှုတွေ လုပ်နိုင်တယ်။ အဲဒီရာထူး (ဝန်ကြီး အပါအဝင်) ရသူတွေ ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရစရာ မလိုဘူး။ (ဒီသဘောကို အခြေခံဥပဒေမှာ ယခုလို ရေးထားတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများ ထဲမှ ဖြစ်စေတဲ့) သမ္မတကို တရားလွန် လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ လွှတ်တော်က သမ္မတ လုပ်သမျှ အတည်ပြုပေးဖို့ သက်သက်ပဲ။ ဒီအထဲမှာ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် အမည်စာရင်း တင်သွင်းရတဲ့ ဝန်ကြီးတွေလည်း ရှိသေးတယ်။

စစ်တပ်ကို အစိုးရအဖွဲ့ရဲ့ အောက်မှာ မထားဘူး။ သီးခြား အခွင့်အာဏာတွေ ပေးထားတယ်။ တရားဝင် အာဏာ သိမ်းခွင့် အထိပဲ။ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတကပဲ ခန့်နိုင်တယ်။ အစိုးရ အဖွဲ့ကလည်းကောင်း၊ လွှတ်တော်က လည်းကောင်း သွားထိလို့ မရဘူး။ လိုရင်းကိုပဲ ရေးပြတာပါ။ ကိုကျော်ဝင်းပြောတဲ့ "နိုင်ငံရေးကို စောင့်ကြပ်မှု လုပ်ရမယ့် အထိန်းနှင့်အထေ Check and Balance " ဆိုတာ အဲဒါတွေပဲ ဆိုတာ သိစေချင်တာပါ။

ရွေးကောက်ပွဲ နဲ့လက်တွေ့

ရွေးကောက်ပွဲကို ဘုရားပွင့်တဲ့ ဗောဓိညောင်ပင်လို သဘောထားပြီး "လက်တွေ့ပေါ် တင်ကြည့်" ချင်တဲ့ ကိုကျော်ဝင်းက "လက်တွေ့ အခြေပြု ချဉ်းကပ်နည်း " Pragmatic Approach အရ ကမ္ဘောဒီးယားကို ဥပမာပေးပြီး "ပဋိပက္ခ စီမံခန့်ခွဲရေး" Conflich Management ကို တင်ပြလာတယ်။

ကမ္ဘေဒီးယားရွေးကောက်ပွဲ(၁၉၉၃) က စစ်အေးပြီးဆုံးချိန်၊ ကုလသမဂ္ဂနဲ့ အရှေ့ အနောက် နိုင်ငံစုံ ကြီးကြပ်တဲ့ ရွေးကောက်ပွဲ ကမ္ဘာပေါ်မှာ ငွေကုန်ကြေးကျ အများဆုံး ရွေးကောက်ပွဲ၊ ဒိုင်ယာလော့ (ဆွေးနွေးပွဲ) တွေ အများကြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ အာဏာခွဲဝေမှု လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ် ဆိုတာကော သိပါသလား။ (ဒါတောင် အတိုက်အခံ ခေါင်းဆောင်တချို့ ထောင်ထဲမှာ ရှိသေးတယ်။)

၁၉၉၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားပါ သလဲ။ ဗကပ က သပိတ် မမှောက်နဲ့ ဝင်သင့်တယ်လို့ အကြံ ပြုထားတယ်။ NLD ပြတ်ပြတ်သားသား နိုင်ခဲ့တယ်။ အဲဒီရလဒ် ဘာဖြစ်နေပြီလဲ။ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခဲ့တဲ့ "အမြဲစိမ်း " အပါအဝင် နိုင်ငံရေးပါတီ အများစု ဘာလုပ်ခံရသလဲ။ ၁၉၅၁ နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ညီမျှခြင်းဆွဲပြီး လောဂျစ် ထုတ်နေတဲ့ ကိုကျော်ဝင်းရဲ့ ရပ်တည်ချက်နဲ့ သမိုင်းရေး ဗဟုသုတက မေးခွန်း ထုတ်စရာပါ။ ကိုယ့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင် တွေ့နေရုံတင် မက ကိုယ်တိုင် ခံခဲ့ရတာတွေမှ လက်တွေ့ မဟုတ်ရင် "လက်တွေ့အခြေပြု" တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။

ဗကပ ကို ခမာနီနဲ့ နှိုင်းချင်လို့ ကမ္ဘောဒီးယားကို သာဓက ဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဘုရားပွင့်တော့ မလောက် ကြိုဆို မျှော်လင့်နေတဲ့ ကိုကျော်ဝင်းကို အီရတ် ရွေးကောက်ပွဲ ၊ အာဖဂန် ရွေးကောက်ပွဲ ဘာတွေ သီးပွင့် လာသလဲဆိုတာ သုံးသပ် ပြပါဦးလို့ တိုက်တွန်းချင်ပါတယ်။


ဒိုင်ယာလော့လား ၊ ရယ်ဒီကယ်လား

ဂလိုဘယ် ကမ္ဘာကြီးဟာ ရွာကြီးလည်းဖြစ် မသွားဘူး။ ပြားလဲ မသွားဘူး။ ကပ်သင့်နေတဲ့ ဂြိုဟ်ကြီးတလုံး ဖြစ်လာတယ်။ လက်ရှိ အမေရိကန် ဘဏ္ဍာရေး ကပ်ကို ပြေလည်ဖို့ အတွက် နောက်ထပ် ကြွေးဒဏ် ခံနိုင်တဲ့ ဂြိုဟ်ကြီးတလုံး ထပ်တွေ့ဖို့ လိုတယ်လို့ နိုဘယ်လ်ဆုရှင် ပေါလ်ခရပ်စ်မင်က ပြောပါတယ်။

ဘဏ္ဍာရေးကပ်၊ ဆင်းရဲငတ်ပြတ်မှုကပ်၊ သဘာဝရာသီဥတု ကပ်ရောဂါ စတဲ့ ကပ်များမှ လွန်မြောက်မဲ့ ကပ်လွန် ကမ္ဘာကြီး ဖြစ်ဖို့၊ ကမ္ဘာနဲ့တ၀န်း တွေ့ဆုံ ဆွေးနွေးပွဲ (ဒိုင်ယာလော့ ) တွေ လုပ်လာတယ်။ အမေရိကန် အစိုးရသစ်နဲ့ စစ်အစိုးရလဲ ပိတ်ဆို့မှု ရုပ်သိမ်းရေး အတွက် ဒိုင်ယာလော့တွေ လုပ်လာတယ်။ ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒိုင်ယာလော့ လုပ်ဖို့ တင်ပြတယ်။ ဒါဟာပြဿနာ ပြေလည်စေရေး အတွက် နည်းမှန်လမ်းမှန် ဖြေရှင်းတာ ဖြစ်တယ်။ ဒိုင်ယာလော့ လမ်းကြောင်းပေါ် စလျှောက်တာနဲ့ ပြဿနာ ပြေလည်ရေး အတွက် အစချီချက် ဖြစ်လာပါလိမ့်မယ်။

ဒိုင်ယာလော့ကို ကျောခိုင်းပြီး တွေ့ဆုံ ဆွေးနွေးရေးကို တဖက်သတ် ငြင်းပယ်နေရင် နအဖ အနေနဲ့ ရှင်သန် ရပ်တည်ဖို့ ဂြိုဟ်ကြီး တလုံး ရှာနေရပါ လိမ့်မယ်။ ကိုကျော်ဝင်း နေရာမှားပြီး တံဆိပ်တပ်တဲ့ အတိုင်း သုံးရရင် "အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း မရောက်စေရန်" ၂၀၁၀ ကို ဇွတ်မလုပ်ဖို့ ၊ ၂၀၀၈ ကို ဒိုင်ယာလော့ လုပ်ဖို့ တင်ပြ လိုက်ပါတယ်။

ကိုကျော်ဝင်းအနေနဲ့ အရှေ့လေလား၊ အနောက်လေလား၊ လေကြောကို လက်တွေ့ပေါ် တင်ကြည့်နိုင်ပါစေ။ ကြပ်ကြပ်သတိထား နိုင်ပါစေ။

အောင်ငြိမ်း
၂၀၊ နို ၀င်ဘာ၊ ၂၀၀၉။

Ref: အရှေ့ မိုးကောင်းကင်

Read More...

၂၀၀၉ လည်ပြန်နှင့် ၂၀၁၀ တွက်ကိန်း

မြင့်မောင်
သောကြာနေ့၊ ဇန်နဝါရီလ ၀၁ ရက် ၂၀၁၀

နယူးဒေလီ (အိန္ဒိယ)။ ။ ကုန်လွန်ခဲ့ပြီဖြစ်သော ၂၀၀၉ ခုနှစ်အတွင်း မြန်မာ့ နိုင်ငံရေး ရှုခင်း သုံးသပ်ချက်၊ ယခု ၂၀၁၀ ခုနှစ်အတွင်း ဖြစ်ပေါ် ပြောင်းလဲ လာနိုင်မည့် အလားအလာနှင့် ပြည်သူများအပေါ် ဆန္ဒပြု တောင်းဆိုချက်များကို သိရှိနိုင်ရန် အတွက် ပြည်တွင်းရှိ နိုင်ငံရေး ခေါင်းဆောင်တချို့နှင့် အကျဉ်းသား မိသားစုဝင်တဦးကို ဆက်သွယ် မေးမြန်းထားပါသည်။

ဦးဝင်းတင်
(သတင်းစာဆရာကြီး)

ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်း ဆက်လက် ရပ်တည်သွားမှာပါ။ ဧပြီလ ကုန်တုန်းက ရွှေဂုံတိုင် အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁ဝဝ လောက် တက်တယ်။ ပါတီဖွဲ့ဝင် တိုင်းနဲ့ ပြည်နယ်က ခေါင်းဆောင်တွေ အကုန်တက်တယ်။ ရွှေဂုံတိုင် ကြေညာချက်က သာမန်အားဖြင့် တောင်းဆိုရိုး၊ တောင်းဆိုချက်လို့ သတ်မှတ်လို့ ရပေမယ့် NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ရဲ့ သဘောထားကို ထုတ်ဖော်တယ်လို့ ပြောလို့ရတယ်။ ၂ဝဝ၉ ခုနှစ်မှာ ကျနော်တို့ သဘောတရား အားဖြင့်၊ စည်းရုံးရေး အားဖြင့်၊ တောင်းဆိုချက် အားဖြင့်၊ ရပ်တည်ချက် အားဖြင့် အားလုံးကို စုစည်းနိုင်ခဲ့တဲ့ ပွဲလို့ ကျနော် သတ်မှတ်တယ်။

သာမန်အားဖြင့် အရပ်ထဲမှာ နားလည်နေတာက ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေက ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ အချက်များကို ပြုပြင် ပြောင်းလဲပြီး အစိုးရအနေနဲ့ တရားမျှတပြီး နိုင်ငံတကာ ကွပ်ကဲမှုအောက်မှာ လုပ်မယ့် ရွေးကောက်ပွဲအဖြစ် သာမန်အားဖြင့် ပြောနေကြတယ်။ တကယ်တော့ ရွှေဂုံတိုင် တောင်းဆိုချက်က အဲဒီလို မဟုတ်ဘူး။ အဆင့်တွေ ရှိတယ်။ ပထမဆုံးအဆင့်မှာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်၊ အမျိုးသားရေး ကိစ္စတွေမှာ အဆုံအဖြတ် ပေးနိုင်တဲ့ ဒီမိုကရေစီ အင်အားစု ဘက်က ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ စစ်အစိုးရ ဘက်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ဆုံ ဆွေးနွေးရေး၊ ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေ လုပ်မယ်။

တောင်းဆိုချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေထဲက ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်တွေ ဖယ်ရှားရေးဆိုတဲ့ တောင်းဆိုချက်၊ နောက်ပြီးတော့ သန့်ရှင်း လွတ်လပ်ပြီးတော့ နိုင်ငံတကာ ပါဝင်တဲ့ ရွေးကောက်ပွဲ ကျင်းပရေးတို့ ပါတဲ့ တောင်းချက် ၅ ချက် ပါတယ်။ ဒီဟာက အလွန်ကို အရေးကြီးတဲ့ အချက် ၅ ချက် ဖြစ်တယ်။ ဒီဟာက ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တယ်၊ နိုင်ငံရေး သဘောထားများ ဖြစ်တယ်။ ဒီနှစ် နှစ်ကုန်မှာ ကျနော်တို့ သံဓိဋ္ဌာန်တွေ ချတဲ့အခါမှာ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ကြပါ ဆိုတဲ့ သဘောတွေကို ဆောင်ပါတယ်။ ဒါကြောင့် ဧပြီလကုန်ပိုင်းက ကျင်းပခဲ့တဲ့ ရွှေဂုံတိုင် အစည်းအဝေး၊ ရွှေဂုံတိုင် ကြေညာစာတမ်း ဆိုတာတွေက အလွန်ကို အရေးကြီးတယ်။ ကျနော်တို့ အတွက်ရော တိုင်းသူပြည်သား အတွက်ပါ အလွန် အရေးကြီးတဲ့ ကြေညာချက် စာတမ်း ဖြစ်သလို၊ အကုန်လုံးအတွက် အရေးကြီးတဲ့ ကြေညာချက် စာတမ်းဖြစ်တယ်။ ဒါကြောင့်မို့ ဒီနှစ် တနှစ်လုံးမှာ ဒီစာတမ်းကို ဝန်းရံပြီးတော့ ထောက်ခံကြတယ်။ တောင်းဆိုချက်တွေကို ဆက်လက်ပြီးတော့ တောင်းဆိုကြတယ်။ ရပ်တည်ချက် အဖြစ် ရပ်တည်ပြီးတော့ ထုတ်ပြန် ကြေညာကြတယ်။ ၂ဝဝ၉ ခုနှစ် တခုလုံးရဲ့ အကောင်းဆုံး ဖြစ်ရပ်တခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တပိုင်းက ဘာလဲဆိုတော့ အမေရိကန်အစိုးရ အနေနဲ့လည်း ဒီနှစ်ထဲမှာ မူဝါဒ အသစ် ကြေညာ လိုက်တယ်။ အမေရိကန် အစိုးရ အနေနဲ့ စစ်အစိုးရ အပေါ် နဂိုကရှိတဲ့ Sanction (ပိတ်ဆို့အရေးယူမှု) တခုထဲ မကျင့်သုံးတော့ဘူး၊ တဖက်ထဲ မကျင့်သုံးတော့ဘူး။ စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံမယ့် မူဝါဒတခု ချမှတ် ကျင့်သုံးခဲ့တယ်။ အဲဒါ ဘာလဲဆိုတော့ တဖက်က မုန့်၊ တဖက်က ဒုတ်ဆိုတဲ့ မူဝါဒမျိုး ကျင့်သုံးလာတယ်။

တဖက်က ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေမှာ သိသာထင်ရှားတဲ့ အပြုအမူတွေ၊ တကယ့်ကို လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ ပြောင်းလဲမှုတွေ၊ ပြုပြင်မှုတွေ လုပ်ရင် ဒီ Sanction စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးမယ်။ မလုပ်ဘူးဆိုရင် ဒီ့ထက် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တိုးမြှင့်မယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ သဘောထား မူဝါဒတွေကို ပြထားတယ်။ နောက်တချက်က စစ်အစိုးရနဲ့ အမေရိကန် သမ္မတနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံမယ်။ တိုက်ရိုက် ထိတွေ့မှုကို အကောင်အထည် ဖော်မယ်လို့ ပြောတယ်။ အဲဒီ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အသစ်ကို ကြေညာလိုက်တယ်။

စစ်အစိုးရနဲ့ အမေရိကန် တိုက်ရိုက်ဆက်ဆံမယ်။ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံသလို၊ တိုင်းရင်းသား လူမျိုးစုတွေ အရေးကိုလည်း တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေ လုပ်မယ်ဆိုတာ ပါလာတယ်။ အဲဒီ စံနှစ်ခုက သိပ်ပြီး ထူးခြားတယ်လို့ မပြောနိုင်ပေမယ်လို့ အတိုက်အခံ အင်းအားစုများနဲ့ စစ်အစိုးရ အကြား တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုမျိုး ရလာမယ်။ ဆိုလိုတာက တွေ့ဆုံဆွေးနွေးမှု Dialogue ပေါ့ဗျာ။

နှစ်ပေါင်း ၂ဝ ကျော် အတိုက်အခံတွေ တောင်းဆိုလာခဲ့တဲ့ တိုက်ရိုက် ဆက်ဆံရေးမူ ရမယ်။ စစ်အစိုးရနဲ့ အတိုက်အခံတွေ အကြား ထိတွေ့ ဆက်ဆံပါ ဆိုတဲ့ ပေါ်လစီ ချထားတယ်။ ဒီ ပေါ်လစီတွေ အကြားမှာ တြိဂံလို ဖြစ်သွားတယ်။ အမေရိကန် အစိုးရနဲ့ စစ်အစိုးရ ဆက်ဆံရေး၊ စစ်အစိုးရနဲ့ အတိုက်အခံ ဆက်ဆံရေး၊ လူမျိုးစုများနဲ့ စစ်အစိုးတို့ တိုက်ရိုက် ဆက်ဆံရေး ဆိုတဲ့ တြိဂံ ပုံသဏ္ဍာန်တွေ ပါလာတယ်။ ဒီအနေအထားက အလားအလာကောင်းတွေ ပေါ်လာမယ်ဆိုရင် ပေါ်လာနိုင်တယ်။ အခြေအနေသစ် တခု ထွန်းကားလာမယ် ဆိုလို့ရှိရင် ထွန်းကား လာနိုင်တယ်။

ဘာဖြစ်လို့လဲ၊ စစ်အစိုးရကလည်း ဒီမိုကရေစီကို ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူ့အခွင့်အရေး ရိုက်ချိုး ဖျက်ဆီးမှုတွေ၊ နိုင်ငံရေး ပိတ်ပင် ဟန့်တားမှုတွေ အများကြီး လုပ်နေတဲ့ အချိန်မှာ ဒီစစ်အစိုးရကို အဓိက ထားပြီးတော့ ကမ္ဘာမှာ အရေးယူနေတဲ့ အင်အားစုတွေ အများကြီး ရှိနေတယ်။ ဒီလို ဒီမိုကရေစီ အင်အားစုတွေဘက် လမ်းသစ် ရှာလာတယ်။ နည်းသစ်ရှာလာတယ်၊ ဆက်ဆံရေး ပုံသဏ္ဍာန်သစ် ရှာလာတယ်။ ဘာပဲပြောပြော၊ မြန်မာပြည်ရဲ့ နိုင်ငံရေးက စစ်အစိုးရက လိုက်လျောမယ့်၊ စစ်အစိုးရက ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီတွေ ကျင့်သုံးမယ့်၊ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေဟာ ဒီမိုကရေစီ ပေါ်ထွန်းလာမယ့် အခြေအနေ ရှိတယ်လို့ ပြောချင်ပါတယ်။

ရွှေဂုံတိုင်နဲ့ အမေရိကန် ကြေညာချက် နှစ်ခု ဆက်စပ်ကြည့်မယ် ဆိုရင် ဘာပဲပြောပြော မြန်မာ ပြည်ထဲမှာ ကျနော်တို့ နိုင်ငံရေး သမားတွေ ဘက်ကလည်း နိုင်ငံရေး ရပ်တည်ချက် အတိုင်း ရပ်တည်ပြီးတော့ ဒီမိုကရေစီ အင်းအားစုတွေ ကလည်း မိမိတို့ရဲ့ တောင်းဆိုချက်၊ မိမိတို့ရဲ့ သဘောထား၊ မိမိတို့ရဲ့ မူဝါဒ ရပ်တည်ချက် အတိုင်း၊ တဖက်ကလည်း ပြည်ပကနေ ဒီမိုကရေစီ အင်အားစုတွေရဲ့ အင်အားဖြစ်တဲ့ အမေရိကန် အနေနဲ့လည်း ဘာပဲပြောပြော အခြေအနေသစ် ပေါ်မှာ ရပ်တည်ကြတယ် ဆိုလို့ရှိရင် အစိုးရအနေနဲ့ ဆက်ဆံရေး နည်းသစ်တွေ ရှာလာမယ့် အခြေအနေသစ် တခု ပေါ်လာမယ်။ အခြေအနေသစ် တခုရဲ့ နောက်ဆက်တွဲက ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းက စစ်အစိုးရကို ပို့လိုက်တဲ့ စာထဲမှာ ပါတဲ့အတိုင်း NLD မှာ သက်ကြီးရွယ်အိုများကို တွေ့ပါရစေ၊ CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးပါရစေ၊ CEC နဲ့ တွေ့ဆုံတဲ့ အခါမှာလည်း တိုင်းရေးပြည်ရေး အကျိုးရှိတဲ့ ကိစ္စတွေကို ဆွေးနွေးပါရစေ၊ NLD နဲ့ ဆွေးနွေးတဲ့ ကိစ္စတွေပေါ်မှာ ပြည်သူတွေ အကျိုးရှိရာ ရှိကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးတော့ စစ်အစိုးရ အနေနဲ့ တိုင်းပြည် အကျိုးရှိရာရှိကြောင်း ကိစ္စတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံခွင့် တောင်းလိုက်တယ်။ ဒီစာက သာမန်အားဖြင့်တော့ စာလေးတစောင်ပဲ၊ စာမျက်နှာ တမျက်နှာလောက်ရှိတဲ့ စာပဲ ဖြစ်သော်ငြားလည်း၊ နိုင်ငံရေး အားဖြင့် အဓိပ္ပာယ် အများကြီး ပါလာတယ်။

ကာယကံရှင်များဖြစ်တဲ့ NLD က မလုပ်ဘူး၊ မရှုပ်ဘူး၊ သဘောထား မကြီးဘူး ဆိုလို့ရှိရင် ရှေ့တိုးနိုင်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိုင်းပြည် ကောင်းကျိုး အတွက် စစ်အစိုးရနဲ့ ကျမ ပူးပေါင်း လုပ်ဆောင်ချင်ပါတယ်၊ လုပ်ဆောင်ဖို့ အတွက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ပါရစေ၊ ကျမနဲ့ တွေ့ဆုံခွင့် ပေးပါဆိုပြီးတော့ တောင်းဆို လိုက်တယ်။ အဲဒီလောက် လုပ်တဲ့အခါကျတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေကတော့ အများကြီး ပွင့်လင်းသွားတယ်။ သို့သော် နိုင်ငံရေး အခြေအနေကို အဝေးအမြင်နဲ့ သုံးသပ်တာပေါ့။ သို့သော် အဲဒါတွေ အားလုံးက ဘာဖြစ်သွားလဲ ဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေါ်မှာပဲ တည်တော့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြောရရင် တင်းနစ် ကစားသလို ဘောလုံးက တခြားဘက်ကို ရောက်သွားပြီ။ စစ်အစိုးရ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ကြည့်ရတော့မယ်။

အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကောင်းတဲ့ သဘောထားတွေလို့ ပြောရမလား၊ ကောင်းတဲ့ အကျင့်လို့ ပြောရမလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က သက်ကြီး ရွယ်အိုတွေနဲ့ တွေ့ခွင့် ပြုလိုက်တယ်။ ကျန်နေတဲ့ ကိစ္စက CEC နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံမှုဆိုတဲ့ တောင်းဆိုချက် ကိစ္စတွေပဲ ကျန်နေတော့တယ်။ အဲဒါကြောင့် အခု အခြေအနေက ၂ဝဝ၉ ခုနှစ်မှာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် မှန်မှန်ကန်ကန် ရပ်တည်တယ်၊ ကိုယ့်တောင်းဆိုချက်နဲ့ကိုယ် တောင်းဆိုတယ်။ အတိုက်အခံ အင်အားစုတွေ အနေနဲ့ စစ်အစိုးရကို လက်ဝါးဖြန့် တောင်းစရာလည်း မရှိဘူး။ ကျနော်တို့ရဲ့ မူဝါဒတွေအတိုင်း ကျနော်တို့ ရပ်တည်တယ်၊ စွဲစွဲမြဲမြဲ ရှိတယ်ဆိုတာကို ပြလိုက်နိုင်ခဲ့တယ်။ အဲဒါ ကျနော်တို့ နိုင်ငံရေးအားတွေ အများကြီး ဖြစ်တယ်။ အမေရိကန် မူဝါဒဟာ မြန်မာနိုင်ငံမှာ တိုးတက်တဲ့ ဆက်ဆံမူဝါဒတွေ ပေါ်ထွန်း လာဖို့အတွက် အခြေအနေကောင်းတွေ ဖန်တီးတယ်လို့ ပြောလို့ ရတယ်။

အဲဒီ အခြေအနေကောင်း နှစ်ခုပေါ် မူတည်ပြီးတော့ (ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့) ၂ဝဝ၉ ခုနှစ်ရဲ့ အခြေအနေကောင်း တခုပဲလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ်မှာ ရပ်နေမှာ မဟုတ်ဘူး။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုပြီး အစိုးရ ကြေညာထားတယ်။ ၂ဝ၁ဝ မှာ ဘာဖြစ်မလဲဆိုတာ မှန်းဆလို့ မရဘူး။ ဘာဖြစ်မလဲ ဆိုတော့ အခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေ မပေါ်ပေါက်သေးတဲ့ အတွက် ကျနော့်အနေနဲ့ စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောချင်တယ်။ လာမယ့်အချိန်မှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်။ ဘယ်လောက်ပဲ ကြေညာကြေညာ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရမယ့် ပါတီများရဲ့ စည်းမျည်း စည်းကမ်းတွေ ဘာမှ ထွက်ပေါ် မလာသေးဘူး။ လာမယ့် ရွေးကောက်ကလည်း တရားမျှတမယ့်၊ ရွေးကောက်ပွဲ ဖြစ်လာမယ့် အလားအလာ မရှိဘူး။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက တနှစ်ခွဲလောက် ကတည်းက ပါတီဥပဒေတွေ ထွက်ပြီး လှုပ်ရှားစရာတွေ လှုပ်ရှားကြတယ်။ ကိုယ့်အဖွဲ့အစည်း အတွက်ကို စည်းရုံးရေးတွေ လုပ်ကြတယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့သာ ကြေညာထားတယ်။ အခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေက မထွက်သေးဘူး။ ရွေးကောက်ပွဲ ဆိုတာက လွပ်လပ်ရမယ်၊ တရားမျှတရမယ်။ ၂ဝဝ၉ ခုနှစ်မှာ အားတက်စရာတွေ ရှိနေပေမယ့်လည်း ၂ဝ၁ဝ ကို လှမ်းမျှော်ကြည့်တဲ့ အခါမှာ အတော်ကို စိတ်ပျက်စရာတွေ တွေ့နေရတယ်လို့ ကျနော် ပြောချင်ပါတယ်။ ၂ဝ၁ဝ မှာ ကျနော့်အနေနဲ့ အားမရဘူး။

၂ဝ၁ဝ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောနေကြတယ်။ ပြင်နေတဲ့ သူတွေကလည်း ပြင်နေကြတယ်။ NLD က တောင်းဆိုထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဘေးဖယ်ထားပြီး လုပ်မယ်ဆိုရင် ပြည်သူလူထု အနေနဲ့ ဘာမှ စိတ်မပျက်ပါနဲ့။ စိတ်ဓာတ် ကျစရာလည်း မရှိဘူး။ မိမိတို့အားကို မြှင့်ကြပါ။ မိမိတို့အားကို စုရုံးကြပါလို့ ပြောချင်တယ်။ နိုင်ငံရေး လုပ်ငန်းတွေမှာ အစိုးရ အနေနဲ့ ပြည်သူလူထု ရွံမုန်းစရာ မလုပ်ရဖို့နဲ့ အစိုးရ လုပ်ခိုင်းတဲ့အတိုင်း အာဏာကို သုံးပြီးတော့ မလုပ်ကြပါနဲ့။ ရုံးမှာ ဝန်ထမ်းတွေ အနေနဲ့ အထက်က အရာရှိတွေ လက်မှတ် ထိုးခိုင်းလို့ ထိုးပေးကြရတဲ့၊ မဲလိမ်တဲ့အခါမှာ သူတို့က အလိုတူ အလိုပါ ဖြစ်ရတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်။ မဲပေးတဲ့အခါမှာ အာဏာပိုင်တွေဘက်က ဝန်ထမ်းတွေကို လက်မှတ်ထိုးခိုင်းတဲ့ ဟာတွေကို အတတ်နိုင်ဆုံး မလုပ်ကြပါနဲ့။

ဒီလိုလုပ်ဆောင်တာတွေက ပြည်သူလူထုအနေနဲ့ ကြောက်လန့်လို့ လုပ်ရတယ်လို့ ကျနော်မြင်တယ်။ အဲဒါကြောင့် ပြည်သူလူထုကို ကျနော်ပြောချင်တာက မကြောက်ပါနဲ့၊ ကြောက်စရာ မလိုပါဘူး။

စစ်အစိုးအနေနဲ့ ခိုင်းလို့ရတာက ဝန်ထမ်းတွေပဲ ရှိတယ်၊ ခိုင်းတဲ့လူတွေကလည်း ကောင်းတဲ့ စိတ်တွေ ရှိနိုင်တယ်၊ သူတို့မှာ မွန်မြတ်တဲ့ စိတ်တွေ ရှိနိုင်တယ်၊ သူတို့မှာလည်း ပြည်သူလူထုကို ညှာတာတဲ့ စိတ်တွေ ရှိပါတယ်။ မကြောက်ပါနဲ့၊ ခံပြီးတော့ ပြောပါ။ ခံပြီးတော့ မတရားတဲ့ အမိန့်တွေကို ဆန့်ကျင်ကြပါ။ မတရားတဲ့ ခိုင်းစေမှုကို ငြင်းဆန်ကြပါ။ မတရားတဲ့ ပြုကျင့်မှုကို လက်မခံကြပါနဲ့လို့ ကျနော် ပြောချင်တယ်။




ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း

၂ဝဝ၉ ခုနှစ် မြန်မာပြည်မှာ နိုင်ငံရေး လှုပ်ရှားမှု ဘာမှ မရှိခဲ့ပါဘူး။ အစိုးရ အနေနဲ့လည်း ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာ ထားတယ်။ ရွေးကောက်ပွဲ ဝင်ဖို့အတွက် ပါတီ တည်ထောင်ခွင့်တွေ ဘာတွေ မပေးသေးဘူး၊ ရွေးကောက်ပွဲ ဘယ်လိုလုပ်မယ် ဆိုတဲ့ ဥပဒေတွေလည်း မရှိသေးဘူး။

သို့ပေမယ့် တိုးတက်မှုအနေနဲ့က၂ဝဝ၉ ခုနှစ် ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ကြေညာချက်ပဲ ရှိတယ်။ ကြေညာချက်အတိုင်း အမှန်တကယ် လုပ်ပေးနိုင်ပါစေလို့ ဆုတောင်းရတာပေါ့။ လုပ်လည်း လုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်။

နိုင်ငံရေး အပြောင်းအလဲကတော့ မြန်မာပြည်ရဲ့ အခြေအနေအရ၊ နိုင်ငံတော် အစိုးရရဲ့အပေါ်မှာ လုံးဝ တည်နေတယ်လို့ မြင်ပါတယ်။ ဘာ့လို့လဲဆိုတော့ လူထု လှုပ်ရှားမှုတွေကို ဘာတခုမှ ခွင့်မပြုဘဲနဲ့၊ ခွင့်မပြုတော့ လူထုလှုပ်ရှားမှု မလုပ်နိုင်ဘူး။ တောတွင်း လက်နက်ကိုင်တွေ အနေနဲ့ သူတို့ဘာသာ သူတို့နေရာမှာ နေကြတော့ ထူးထူးခြားခြား ဖြစ်ရပ်တွေက ပေါ်လာမယ်လို့ မမြင်ပါဘူး၊ ပေါ်လည်း မပေါ်ခဲ့ဘူးလေ။

လာမယ့် နှစ်မှာလည်း ဒီပုံစံတိုင်း လုပ်နေမယ်ဆိုရင် ထူးခြားလာမယ့် အရိပ်အရောင် မရှိပါဘူး။ နိုင်ငံတော် အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်တွန်းချင်တာက ပြည်သူလူထု ဒီမိုကရေစီစနစ် ခံစားနိုင်အောင်၊ ဒီမိုကရေစီ ပေါ်ပေါက်လာအောင် အမြန်ဆုံး ရွေးကောက်ပွဲကြီးကို ကြေညာထားတဲ့ အတိုင်း မပျက်မကွက် ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်၊ တိုက်တွန်း ချင်ပါတယ်။

၂ဝ၁ဝ မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အားလုံး လွှတ်ပေးပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးဖို့ လိုအပ်တယ်။ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပြီး ကမ္ဘာက အသိအမှတ်ပြုပြီး ကုလသမဂ္ဂက လာရောက် ကြီးကြပ်တာတို့၊ နိုင်ငံတကာမှာ လာရောက်ပြီး လေ့လာချင်ရင် လေ့လာခွင့်ပေးဖို့၊ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် စည်းရုံးခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်၊ ပါတီအသီးသီးကို ထူထောင်ခွင့်ပေးပြီး လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်ပေးဖို့ လိုအပ်ပါတယ်လို့ တပ်မတော် ခေါင်းဆောင်ကြီးတွေကို တိုက်တွန်း ချင်ပါတယ်၊ မေတ္တာရပ်ခံ ချင်ပါတယ်။

ပြည်သူလူထုအနေနဲ့ တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းနဲ့ ဒီမိုကရေစီ အခြေခံနဲ့ အုပ်ချုပ်မှ သာလျှင် စီးပွားရေး တိုးတက်မှု၊ နိုင်ငံရေး တိုးတက်မှု ရနိုင်မယ်။ ဒါကြောင့်မို့ ပြည်သူလူထု အနေနဲ့ မိမိတို့ နိုင်ငံကို ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် တိုက်တွန်းရမယ်။ ဒီမိုကရေစီနစ် ထွန်းကားပြီး ဦးဆောင်နိုင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတခုကို ရွေးချယ် တင်မြှောက်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။



ဦးအေးသာအောင် (အတွင်းရေးမှူး)
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)

၂ဝဝ၉ ခုနှစ် ကုန်တော့မယ့် အချိန်ထိအောင် မြန်မာနိုင်ငံအရေးဟာ တိုးတက်မယ့်၊ ပြောင်းလဲမယ့် အရိပ်အရောင် မတွေ့ မမြင်ရဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ တကယ်တော့ နအဖ အာဏာပိုင်တွေရယ်၊ NLD ရယ်၊ တိုင်းရင်းသားတွေရယ် အားလုံး ဆွေးနွေးပြီးတော့၊ ညှိနိုင်းပြီးတော့ ဒီမိုကရေစီရေး အတွက် လွတ်လပ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလို အပြောင်းအလဲ တခု ဖြစ်အောင် တိုင်းရင်းသား ပါတီတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်၊ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။

အဲဒီလို ပြောင်းလဲတော့မယ့် အနေအထား မတွေ့ရပါဘူး။ ကုလသမဂ္ဂ အပါအဝင် အမေရိကန် နိုင်ငံအနေနဲ့လည်း နိုင်ငံရေးအရ ဆက်ဆံမှုတွေ လုပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ အခက်အခဲကို လာရောက် ဆွေးနွေးတာတွေ ရှိတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တွေ့တယ်။ တိုင်းရင်းသား တွေနဲ့လည်း တွေ့တယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ခရီးစဉ်က မအောင်မြင်ဘူးလို့ အသံတွေ ထွက်လာတယ်။

အဲဒါကြောင့် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နိုင်ငံရေး အင်အားစုတွေက အထူးသဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဖို့ တိုက်တွန်းမှုတွေ၊ တောင်းဆိုမှုတွေ လုပ်ခဲ့ပေမယ့်လည်း ၂ဝဝ၉ ခုနှစ်သာ ကုန်တာပဲ၊ ဘာမှ အပြောင်းအလဲ မဖြစ်တဲ့အပြင် အပြောင်းအလဲ ဖြစ်လာမယ့် အရိပ်အရောင် လက္ခဏာတွေလည်း မတွေ့ရဘူး။

မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေး၊ အကျပ်အတည်းတွေ ကနေ အပြောင်းအလဲ တခုကို တောင်းဆို နေပါတယ်။ ပြည်သူတွေကလည်း နှစ် ၂ဝ ကျော် ခါးသီးတဲ့ အတွေ့အကြုံ အရ အပြောင်းအလဲ တခု ဖြစ်ဖို့ မျှော်လင့်နေကြတယ်။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကလည်း၊ အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်း အားထုတ်ခဲ့ကြ ပေမယ့်၊ နအဖ စစ်အစိုးရက ပြောင်းလဲမယ့် အရိပ်အရောင် မရှိပါဘူး။

နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောထားတွေ မပြောင်းလဲဘဲနဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ အနေအထား မရှိဘူး။ ဒီလို အပြောင်းအလဲတွေ ဖြစ်လာဖို့ တိုင်းရင်းသား အင်အားစုတွေ အပါအဝင် ပြည်တွင်းပြည်ပ အင်အားစုတွေက ၂ဝ၁ဝ မှာ ဆက်လက်ပြီးတော့ ရွေးကောက်ပွဲ မတိုင်ခင်မှာရော ရွေးကောက်ပွဲ ကာလမှာပါ၊ ရွေးကောက်ပွဲ အပြီးမှာရော အားလုံး ဝိုင်းဝန်းပြီးတော့ နည်းမျိုးစုံ၊ ဘက်ပေါင်းစုံကနေ ဝိုင်းဝန်း ကြိုးပမ်း အားထုတ်ကြပါစို့လို့ တိုက်တွန်း ပြောကြားလိုပါတယ်။




ပူးကျင့်ရှင်းထန် (ဥက္ကဋ္ဌ)
ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC)

၂ဝဝ၉ ခုနှစ် နိုင်ငံရေးအရ တိုးတက်မှု မရှိဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေက တိုင်းရင်းသားတွေ အတွက်၊ ပြည်သူလူထု အတွက် လုပ်တဲ့ အခြေခံဥပဒေ မဟုတ်ဘူး။ တပ်မတော်သားတွေ အတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ တိုင်းရင်းသားတွေ အတွက် အခြေအနေ မကောင်းဘူး။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။

ပြည်သူလူကို ပြောချင်တာကတော့ ရွေးကောက်လုပ်မယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကြံ့ခိုင် ဖွံ့ဖြိုးရေး အစည်းအဝေး ပွဲမှာ ပြောတဲ့ စကားအတိုင်း ဆိုရင်တော့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အထိမခံဘူးလို့ ပြောတယ်။ ကျနော်တို့ တောင်းဆိုနေတဲ့ ဥပဒေကို ပြင်ဆင်ရအောင်ပြောတဲ့ စကားကို လက်မခံတဲ့သဘော ပေါ်နေတယ်။ ဒီအခြေခံဥပဒေက ပြည်သူလူထုရဲ့ ဆန္ဒအမှန် မဟုတ်ပါဘူးလို့ ကျနော်တို့ ပြောပြောနေတာ ဖြစ်တယ်။

ဒီအခြေခံဥပဒေကို အားလုံးဝိုင်းဝန်းပြီးတော့ ပြင်ဆင်ဖို့ လိုတယ်။ အခု ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့လိုတယ်။ ဒါတွေ အားလုံးက နိုင်ငံရေး သမားတွေ ကြီးပဲလေ။ ဒါတွေ လွှတ်လာပြီးတော့ စကားဝိုင်းမှာ အားလုံးဝိုင်းထိုင်ပြီး ဆွေးနွေးပြီးတော့ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။



နိုင်ငံရေး အကျဉ်းသားတဦး၏ မိခင်

၂ဝဝ၉ ခုနှစ်အတွင်းမှာ အန်တီတို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ အနေနဲ့ ကောင်းကျိုးဆိုတာ မရှိပါဘူး။ ထောင်ဝင်စာ သွားတွေ့ရတဲ့အတွက် ငွေအား၊ လူအား အားလုံး ပင်ပန်းကြတယ်။ သူတို့ ပြန်လွတ်လာဖို့ မျှော်လည်း မမျှော်လင့်ဘူး။ မျှော်လင့်ဖို့လည်း မရဲဘူး။ မျှော်လင့်ရင်လည်း မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူး ဆိုရင် စိတ်ထိခိုက် ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပါမလား၊ ပါမလာဘူး။

ဒုတိယတချက် ၉ဝဝဝ ကျော် လွှတ်တဲ့အထဲမှာ လွတ်မလားလို့ မျှော်လင့်တယ်။ မျှော်လင့်တော့လည်း ပါမလာဘူး။ အခုတော့ မမျှော်လင့်တော့ဘူး။ မျှော်ပြီးတော့ ပါမလာတော့တဲ့အတွက် မမျှော်လင့်တော့ဘူး။ လွှတ်သင့်တဲ့သူတွေ ရှိနေပေမယ့် သူတို့က လွှတ်မပေးဘူး။ အဲဒီလို အခါမျိုးမှာ အမြဲပဲ ခံစားရတယ်။

၂ဝ၁ဝ မှာ လွတ်လာဖို့လည်း မမျှော်မှန်းရဲဘူး။ ကိုယ့်ရှေ့ရောက်မှ လွတ်လာပြီလို့ပဲ ခံစားရတော့မယ်၊ ခံစား လိုက်တော့မယ်။ လွှတ်တဲ့ အထဲမှာ ၈၈ (ကျောင်းသားများ) ဆို မပါသလောက်ပဲ။ မျက်စောင်းတောင် မထိုးဘူး။

၂ဝ၁ဝ မှာ ပြည်သူလူထုကို ပြောချင်တာက ပြည်သူလူထုတွေ ကြောက်မနေပါနဲ့။ အရမ်းလည်း အကြောက် မလွန်ပါနဲ့။ နဝတ အနေနဲ့ အရမ်း ကြောက်လွန်းရင်လည်း ဖြဲခြောက် တတ်တယ်။ အရမ်းကြောက်ဖို့ မလိုပါဘူး။ ပြောသင့်တာ ပြောဖို့လိုတယ်။ ဒီဟာကို ထည့်၊ ဟိုဟာကို မထည့်နဲ့ ဆိုတဲ့ဟာမျိုး လုပ်တဲ့အခါ ကိုယ် လုပ်သင့်တာကို လုပ်ကြပါလို့ ပြောချင်တယ်။ ပြည်သူတွေ အနေနဲ့ သိပ်ပြီးတော့ အကြောက် လွန်နေကြတယ်။

လူ့အခွင့်အရေး မရှိတဲ့ အစိုးရထံမှာ ကိုယ့်အခွင့်အရေးကို ကိုယ်ရဖို့ တောင်းကြပါ။ အမှန်အမှား မဟုတ်ဘဲ ကိုယ့်အခွင့်အရေးကို ရဖို့ တောင်းဆိုသင့်တယ်၊ သုံးသင့်တယ်။ အဲဒါတွေ မသုံးတတ်တော့ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ပြည်သူတွေက အရမ်းကြောက်နေတယ်။ လူ့အခွင့်အရေး မရှိဘူး၊ ရှိတဲ့ အခွင့်အရေး နည်းနည်းလေးကို အသုံး မချတတ်ဘူးဆိုရင် နွံထဲမှာ နစ်သထက် နစ်နေမယ်။

အန်ကယ် ဦးဝင်တင်ပြောသလို ထောင်ကို မကြောက်နဲ့လို့ မပြောချင်ဘူး။ ကြောက်ကြပါ။ ဒါပေမဲ့ ကိုယ်နည်းနဲ့ကိုယ် ရှောင်ပြီးတော့ လုပ်သင့်တယ်။ ၂ဝဝ၈ ခုနှစ်တုန်းက ကြိုတင်မဲ ကောက်ခံတဲ့ အခါမှာ ကြောက်ပြီးတော့ အာဏာပိုင်တွေ ဘက်က ဘယ်နေရာ ခြစ်ဆိုပြီး ပြောလို့ ခြစ်လိုက်ကြတဲ့ ပြည်သူတွေ အများကြီးပဲ။ ပြည်သူတွေ အနေနဲ့ ရဲဆေးလေးတွေ တင်ကြဖို့ လိုတယ်။ သူတို့က လုပ်ချင်တာ လုပ်သလို ပြည်သူလူထု အနေနဲ့ ကိုယ့်အခွင့်အရေးလေးကိုတော့ ကိုယ်ရအောင် ယူတတ်ဖို့ လိုအပ်တယ်။

မကြာခင်မှာ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ရောက်တော့မယ်။ ဒီလို အခွင့်အရေး ရတောင့်ရခဲ အခွင့်အရေးပါ။ အဲဒီအခွင့်အရေးမှာ ကိုယ့်အခွင့်အရေးကို ကိုယ် လက်လွတ်ဆုံးရှုံး မခံပါနဲ့။ ကိုယ့်အနေနဲ့ မဲပေးရမယ် ဆိုရင်လည်း ကိုယ့်အခွင့်အရေး အရ ကိုယ်ထည့်လိုက်တဲ့ မဲအတွက် ကိုယ့်အနေနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပါ။ ကိုယ့်အခွင့်အရေး နည်းနည်းဆုံးရှုံးရင် ကိုယ့်အတွက် အများကြီး နစ်နာတယ်။ ကိုယ့်အခွင့်အရေး ရရှိဖို့အတွက် ကိုယ့်လုပ်ဆောင်မှ ရမယ်လို့ တိုက်တွန်းချင်ပါတယ်။


Ref: မဇ္ဈိမ

Read More...

နေ့စဉ်သတင်းများ ( ၃ - ၁ - ၁၀)

■ ရန်ကုန်နှင့် နယ်အဖွဲ့ချုပ်ဝင်များ လွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပမည် သတင်း
■ လွတ်လပ်ရေးနေ့ အထူးအစီအစဉ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်အယူခံမှု လျှောက်လှဲချက်ပြင်ဆင် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု လျှောက်လှဲချက် အပြီးသတ် ကြားနာမည် သတင်း
■ သတင်းထောက် မလှလှဝင်းကို နောက်ထပ် နှစ်ရှည်ထောင်ဒဏ် ချမှတ် သတင်း
■ နယ်ဝေးထောင်ရောက် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေး စိုးရိမ်ရ သတင်း
■ အစိုးရ၀န်ထမ်း လစာ တိုးပေးတော့မည် သတင်း
■ ဒီကေဘီအေတပ်သားများက ကရင်ရွာသားများကို နှိပ်စက် သတင်း
■ ရန်ကုန်မှာ တရားမ၀င်နေထိုင်သူ ကမ္ဘောဒီယား (၁၀) နှစ်၊ လက်ခံသည့် အိမ်ရှင် (၃) နှစ် သတင်း
■ မြန်မာဆိုင်းနဲ့ အနောက်တိုင်းတူရိယာ မတွဲဖက်ဖို့ အမိန့်ထုတ် သတင်း
■ ၂၀၀၉ ခုနှစ်ရဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ ၂၀၁၀ အလားအလာ သတင်း
■ အန်အယ်လ်ဒီပါတီဌာနချုပ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီအနုပညာပြပွဲ ကျင်းပ သတင်း
■ ဒီကေဘီအေတပ်ဖွဲ့ဝင်များ ကေအဲန်ယူနှင့် သွားရောက်ပူးပေါင်းမှုကြောင့် ရွာသူရွာသားများ နှိပ်စက်ခံရ သတင်း
■ သျှမ်းပြည်(မြောက်ပိုင်း) မယက ဥက္ကဌ ရာထူးနေရာ အပြောင်းအလဲ စတင် သတင်း
■ နအဖ တပ်ကြပ်ကြီးတဦး ဘင်္ဂလာတွင် ဖမ်းဆီးခံရ သတင်း
■ လယ်မြေအသုံးပြုခ နှစ်ဆကျော်ကောက်၍ လယ်သမားများ အခက်တွေ့ သတင်း
■ ပီရူးတရားရုံးချုပ်က သမ္မတဟောင်း ဖူဂျီမူရီအပေါ် ထောင်ဒဏ် (၂၅) နှစ် ချမှတ် သတင်း
■ ယီမင်ရှိ အမေရိကန်၊ ဗြိတိန်သံရုံးတွေ ခြိမ်းခြောက်မှုကြောင့် ပိတ်ထားရ သတင်း
■ တပ်မတော်သားချင်းတော့ မတူပါလေ (ဆောင်းပါး)
■ MIG 29 တိုက်လေယာဉ်ကို အပစ်ရပ်အဖွဲ့များက တုန့်ပြန်ရန် လိုအပ်ချက် (ဆောင်းပါး)
■ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း (၄၆) (ဆောင်းပါး)
■ ပြဿနာအရင်းခံက (ဆောင်းပါး)
■ ခေတ်လူငယ်များ၏ သုံးသပ်ချက် (ဆောင်းပါး)

Read More...

Sunday, January 3, 2010

တပ်မတော်သားချင်းတော့ မတူပါလေ

ရဲဘော်ဟောင်းလှစိန်

ဇန်န၀ါရီ ၃၊ ၂၀၁၀

၂၀၀၉ ခုနှစ် ခရစ်စမတ်နေ့ မှာ သမ္မတ အိုဘားမား နဲ့ သမ္မတကတော်တို့က နိုင်ငံကို မိန့်ခွန်း ပြောပါတယ်။ မိန့်ခွန်း ပြောတဲ့ နေရာမှာ မိသားစု နဲ့ ဝေးကွာတဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင် နေကြတဲ့ တပ်မတော်သားတွေကို အဓိက ထားပြီးတော့ အားပေးစကား၊ ဂုဏ်ပြုစကား၊ ကျေးဇူးစကားနဲ့ တနိုင်ငံလုံးက ဝိုင်းပြီး တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုး ကြဖို့ ပြောသွားပါတယ်။

အိုဘားမား နဲ့ သမ္မတကတော် မိန့်ခွန်း ဗွီဒီယို

အမေရိကန်သမ္မတဟာ အရွေးကောက်ခံ ပုဂ္ဂိုလ်ပါ။ စစ်တပ်က ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီး မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံဟာလဲ ဒီမိုကရေစီ နိုင်ငံပါ။ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် တပ်မတော်သားတွေကို တန်ဖိုးထားပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးအတွက် အသက်ကို စွန့်ထားတဲ့ လူတွေအဖြစ်နဲ့ ဂုဏ်ပြုပါတယ်။ တပ်မတော်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အဖက်ဖက်က ဖြည့်ဆီး ပေးပါတယ်။

မြန်မာနိုင်ငံလို စစ်တပ်က အုပ်ချုပ်နေတဲ့နိုင်ငံ အစိုးရက စစ်မှုထမ်းဟောင်းတွေကို ဘယ်လို ဖြည့်ဆီးပေးပါသလဲ။ ကျန်းမာရေး အတွက် ဘာတွေ အမှန်တကယ် တာဝန်ယူပေးသလဲ။ စစ်မှုထမ်းဟောင်းတွေ စစ်ဆေးရုံတွေမှာ ကုသခွင့် ရှိတယ်ဆိုပေမယ့် ဘယ်လောက် ဂရုစိုက်သလဲ။ မိသားစု အသုံးစရိတ် မလောက်လို့ စာအုပ် လိုက်ရောင်းနေရတဲ့ စစ်မှုထမ်းဟောင်းတွေ ဒုနဲ့ဒေး၊ သူငယ်ချင်း ဗိုလ်ချုပ်တွေထံမှာ ပါမစ်လိုက်တောင်း နေရတဲ့ အရာရှိ အငြိမ်းစားတွေ ဒုနဲ့ဒေးပါ။

အဲဒါ ဘာဖြစ်လို့လဲ။ နိုင်ငံတော်အစိုးရဆိုတဲ့ လက်ရှိဗိုလ်ချုပ်ကြီးတွေက စစ်မှုထမ်းဟောင်းတွေကို တာဝန် မယူလို့ပါ။ ခေတ်စကားနဲ့ ပြောရရင် “စားပြီး နားမလည် …” လုပ်နေတာပေါ့။ တိုက်ပွဲမှာ သက်စွန့်ဆံဖျား တိုက်ခိုက် ပေးခဲ့တာတွေကို တာဝန် မယူတဲ့သဘောပါ။ လက်ရှိ တာဝန်ထမ်းဆောင် နေသူတွေ အငြိမ်းစားယူရင်လဲ စာအုပ် လိုက်ရောင်းတဲ့ ဘဝ၊ ပါမစ် လိုက်တောင်းတဲ့ ဘဝကို ရောက်ကြရမှာပါ။

အမေရိကန်သမ္မတက သူရဲ့နှစ်သစ်ကူး အားလပ်ရက်မှာ စစ်တန်းလျားတွေကို သွားရောက် လည်ပတ်ပါတယ်။ ပေါ့ပေါ့ပါးပါး သာမန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ရဲဘော်တွေ၊ အရာရှိအရာခံ အကြပ်တပ်သားတွေနဲ့ ဘားတိုက်မှာ ထမင်း အတူစားပါတယ်။ သူ့အတွက် သီးသန့် စားပွဲနဲ့ အစား အသောက်တွေ ပြင်ဆင် မပေးရပါဘူး။ ရဲဘော်တွေရဲ့ ထမင်းဝိုင်းမှာ အတူ ဝင်စားရင်း လွတ်လွတ်လပ်လပ် စကား ပြောဆိုကြပါတယ်။ ရဲဘော်တွေရဲ့ တကယ့်ဘဝကို ခံစားကြည့်ပါတယ်။ စစ်တပ် အုပ်ချုပ်တဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဘယ် ဗိုလ်ချုပ် တယောက်ကများ ရဲဘော်တွေနဲ့ ထမင်း တစ်ဝိုင်းထဲ စားဖူးပါသလဲ၊ ရဲဘော်တွေရဲ့ တကယ့်ဘဝကို ခံစား ကြည့်ဖူးပါသလဲ။

အမေရိကန်နိုင်ငံမှာ တပ်မတော်သား တဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရင် အလောင်းကို ရတဲ့နည်းနဲ့ ယူပြီး မိသားစုဆီကို ပို့ပေးပါတယ်။ (အလောင်း မရနိုင်တော့ရင်တောင် အရိုးကို ရအောင် ပြန်ယူပါတယ်။ ဗီယက်နမ် စစ်ပွဲကို နမူနာကြည့်ပါ။) ပြီးတော့ စစ်သင်းချိုင်းမှာ တစ်ခမ်းတနား သင်းဂြိုလ်ပါတယ်။ သမ္မတ ကိုယ်တိုင်က လက်မှတ်ရေးထိုးပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ပါတယ်။ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ဘယ်လို ဆက်ဆံခံရသလဲ ဆိုတာ လက်ရှိ ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင် အသိဆုံးပါ။ တပ်ရေးဗိုလ်ကြီး၊ တပ်ရင်းမှူးဇနီး (အလွန်ဆုံးပေါ့) လာပြီး အကြောင်းကြား၊ ဝမ်းနည်းကြောင်းပြော၊ ရက်လည်ပြီးတာနဲ့ တပ်က ထွက်ပေတော့ ပြီးရင် အဆင်ပြေသလို ကြည့်နေပေတော့။

ဒီလောက်ဆိုရင် ဒီမိုကရေစီနိုင်ငံက တပ်မတော်သား တယောက်ရဲ့ ဘဝနဲ့ စစ်အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံက တပ်မတော်သား တယောက်ရဲ့ ဘဝ အကြမ်းဖျင်း လောက်တော့ မှန်းလို့ ရပါပြီ။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓက "သူဟာ လမ်းပဲ ညွှန်ပေးလို့ရတယ် ကိုယ့်ဟာကိုယ် ကြိုးစားရမှာ" လို့ ပြောခဲ့သလို ခရစ်ယာန် ဘာသာမှာလဲ ဘုရားသခင်ဆီ ချည်းကပ်မှ ဘုရားသခင်က ကယ်တင်ပေးနိုင်တယ် လို့ ဆိုပါတယ်။ (မူဆလင်ဘာသာမှာလဲ ဒီအတိုင်း ဆင်ဆင်ပဲ ဖြစ်မယ်လို့ ယူဆပါတယ်။) လက်ရှိ တပ်မတော်သားတွေ အနေနဲ့ တပ်က အငြိမ်းစား ယူပြီးရင် စာအုပ် ရောင်းစားချင်သလား၊ အပတ်စဉ် အတူတူ သူငယ်ချင်းတွေ ဆီမှာ ပါမစ် လိုက်တောင်းမလား။ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဆင်ပြေပြေ နေချင်သလား စဉ်းစားကြပါ။ တိုက်ပွဲမှာ အသက် ပေးခဲ့ရရင်လဲ မိသားစုကို ဘယ်လို ထားခဲ့ချင်သလဲ၊ သမ္မတ ကိုယ်တိုင်က ဂုဏ်ပြုတာကို ခံချင်သလား၊ တပ်ရေး ဗိုလ်ကြီးကလာ အကြောင်းကြားပြီး ပြီးသွားတာကို လိုချင်သလား။ လိုချင်တဲ့ ဘဝကို ကြိုးစားမှ၊ လိုချင်တဲ့ဘက်ကို ချဉ်းကပ်ရမှာကတော့ လက်ရှိ ရဲဘော်တို့ရဲ့ တာဝန်ပါပဲ။

Ref: မိုးမခ

Read More...

နေ့စဉ်သတင်းများ ( ၂ - ၁ - ၁၀)

■ ၂၀၁၀ တွင် မပြောင်းလဲနိုင်ဟုဆိုသော လူထုစိန်ဝင်းအမြင်နှင့် တုန့်ပြန်မှုများ သတင်း
■ လစာနည်း ၀န်ထမ်းများ လစာတိုးမြှင့်မည့် သတင်းထွက် သတင်း
■ ရန်ကုန်မြို့တွင် နာရေးစရိတ်တက်မည်ဟု ဆို သတင်း
■ နိုင်ငံရေးအကျဉ်းသားရန်ပုံငွေ ပန်းချီပြပွဲ အဖွဲ့ချုပ်ရုံးတွင် ကျင်းပ သတင်း
■ ၂၀၁၀ အတွက် နှစ်သစ်ဆုတောင်းများ သတင်း
■ နှစ်သစ်ကူးညတွင် ၂၀၁၀ ဆန့်ကျင်ရေး နှိုးဆော်စာများ တွံတေး၌ ဖြန့်ဝေ သတင်း
■ လျှို့ဝှက်သည်းဖိုများ နှစ်ကူးကာလမှာ ကြီးစိုးနေ သတင်း
■ ကာတွန်းဆရာကြီး ဦးဗကလေး အသက် (၉၂) နှစ် အရွယ်တွင် ကွယ်လွန် သတင်း
■ ကျောင်းသားစုံညီပွဲတော်အတွက် ခြိမ်းခြောက် ငွေကောက် သတင်း
■ အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်မှု နှစ်သစ်ကူးစတင် သတင်း
■ လေယာဉ်ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းသူ အယ်လ်ခိုင်းဒါးနဲ့ ပတ်သက်ကြောင်း အိုဘားမား ပြော သတင်း
■ နျူကလီးယားအဆိုပြုချက် ဇန်န၀ါရီလကုန် နောက်ဆုံးထားလက်ခံဖို့ အီရန်က ရာဇသံပေး သတင်း
■ အာဖဂန်သမ္မတရဲ့ ၀န်ကြီးအဖွဲ့ဝင် အများစု လွှတ်တော်က ပယ်ချ သတင်း
■ ပါကစ္စတန်မှာ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး (၈၈) ဦး သေဆုံး သတင်း
■ သင့်မြတ်ရေးကြိုးပမ်းဖို့ ၀န်ကြီးချုပ် အာမခံ သတင်း
■ သောက်စားမြူးတူးသူတွေကြောင့် ယာဉ်ကြောပိတ်ဆို့ သတင်း
■ ဘိုးတော်မောင်မောင် (ခ) သန့်ဇော်ရွှေဟာ (ဆောင်းပါး)
■ ကောင်းကင်ပြာနဲ့ အနာဂတ် (၂) (ဆောင်းပါး)
■ ရိုးရာကွမ်းစားခြင်းဓလေ့ (ဆောင်းပါး)

Read More...

အပေါ်သို့