■ ဦးတင်ဦး ပြန်လည်လှုပ်ရှားပြီ သတင်း
■ ဦးတင်ဦး အဖွဲ့ချုပ်အစည်းအဝေး တက်ရောက်မည် သတင်း
■ လွတ်မြောက်လာသည့် အန်အယ်လ်ဒီခေါင်းဆောင် ဦးတင်ဦးကို ပါတီဝင်များ သွားရောက်နှုတ်ဆက်ကြ သတင်း
■ ဦးတင်ဦး ရွှေတိဂုံဘုရား တက်ရောက်ကြည်ညို သတင်း
■ ဦးတင်ဦး၏ ဒီပဲယင်း အတွေ့အကြုံနှင့် နိုင်ငံရေးခံယူချက် သဘောထား သတင်း
■ ကင်တားနား မြန်မာခရီးစဉ် သတင်း
■ ကုလအထူးသံ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ သတင်း
■ မစ္စတာကွင်တားနား တိုင်းရင်းသားခေါင်းဆောင်များကို တွေ့ဆုံသင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် ကင်တားနား တွေ့ဆုံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူသည့် ဥပဒေ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် မညီဟု ကင် တာနာပြော သတင်း
■ ဒေါ်နော်အုံးလှတို့ကို ထောင်ဒဏ် (၂) နှစ်စီ ချမှတ် သတင်း
■ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ (၉၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကျင်းပ သတင်း
■ SAW ကျောင်းမှာ ကျင်းပတဲ့ မြန်မာနိုင်ငံကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ သတင်း
■ ပဒိုမန်းရှာ ကျဆုံးခြင်း (၂) နှစ်ပြည့် ဆွမ်းကပ်အလှူပွဲပြုလုပ် သတင်း
■ နအဖ၏ ထပ်မံကမ်းလှမ်းချက် ဝ ခေါင်းဆောင် ပယ်ချပြန် သတင်း
■ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၏ ကမ်းလှမ်းချက်ကို ၀ တပ်ဖွဲ့ ထပ်မံပယ်ချ သတင်း
■ အမေရိကန်ကူလျှင် အပစ်ရပ်တပ်ဖွဲ့အားလုံးကို ရှင်းနိုင်မည်ဟု သျှမ်းပြည်တိုင်းချုပ် ပြော သတင်း
■ နအဖ ဆက်ဆံရေး အေးကျဲလာ၍ အပစ်ရပ်တပ်ဖွဲ့ ပိုသတိထား သတင်း
■ မြန်မာစစ်အစိုးရတပ်များ ကေအန်ယူနှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာ သတင်း
■ ALA နှင့် နအဖတပ်များ တိုက်ပွဲဖြစ် သတင်း
■ ANC တခုတည်းသာရှိကြောင်း အထွေထွေအတွင်းရေးမှူးသစ်က ပြောဆို သတင်း
■ မောင်တောတွင် လက်နက်ကိုင် ဓားပြတိုက်မှုများ ရက်ဆက် ဖြစ်ပွားနေ သတင်း
■ ILO ကို တိုင်ကြားတဲ့ ကလေးစစ်သားအမှု ၂၀၁၀ မှာ (၇) မှုရှိပြီ သတင်း
■ ချစ်သူများနေ့တွင် အာဏာရှင်ကို ဆန့်ကျင်သောနေ့အဖြစ် စာစောင်များ ဖြန့်ဝေ သတင်း
■ မြိုင်ကြီးငူ ဆရာတော် ဘန်ကောက်တွင် ဆေးကုသမှုခံယူ သတင်း
■ မန္တလေးကုန်သည်အသင်း နိုင်ငံရေးလုပ်ဖို့ပြင် သတင်း
■ ကိုညီညီအောင်ကို ပြည်ထောင်သို့ ပြောင်းရွှေ့ သတင်း
■ ဗဟိုဦးစီးချုပ်ကိုင်မှုနှင့် ဒီမိုကရေစီအခွင့်အရေးကို မည်သို့အချိုးကျ ကျင့်သုံးသင့်မည်နည်း သတင်း
■ မိုးကုတ်မြို့လယ်ကို ကုမ္ပဏီကြီးများ သိမ်းပိုက် သတင်း
■ သင်္ကန်းကျွန်းဈေး မီးလောင်ကျန်ပစ္စည်း စည်ပင်သိမ်း သတင်း
■ ကျောက်မီးသွေးသုံး လျှပ်စစ်လုပ်ငန်း ဦးတေဇ ရရှိ သတင်း
■ နေပြည်တော် ဆိုင်ကယ်ကယ်ရီ ဒဏ်ကြေးမြှင့် သတင်း
■ မြန်မာနိုင်ငံကူးလက်မှတ် ပုံစံသစ်ပြောင်းလဲတော့မည် သတင်း
■ ဦးကောသလ္လ၏ မဲဆောက်တရားပွဲ ပရိသတ် သောင်းကျော် သတင်း
■ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းဝန်ကြီးချုပ်ရုံး စုပေါင်းချီတက်မည် သတင်း
■ မဲဆောက်စက်ရုံ မြင်ကွင်းစုံ (၂) သတင်း
■ ဒုက္ခသည်များ ဒုက္ခသစ်မရှာကြပါနဲ့ (ဆောင်းပါး)
■ ဗိုလ်ချုပ်ကို သတိရပါ (ဆောင်းပါး)
■ ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ် ‘ရရင်ရ၊ မရရင်ချ’ (ဆောင်းပါး)
■ ၂၀၀၈ ဖွဲ့စည်းပုံ ဘယ်လောက် ကြာကြာခံမလဲ (ဆောင်းပါး)
■ အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု (ဆောင်းပါး)
■ အောက်မေ့ဖွယ်ရာ အတိတ်က ဒို့လယ်ယာ (ဆောင်းပါး)
■ ဘန်ဒုံယန်း (သို့မဟုတ်) ကွန်းခိုရာ လှောင်အိမ် (ဆောင်းပါး)
Tuesday, February 16, 2010
နေ့စဉ်သတင်းများ ( ၁၅ - ၂ - ၁၀ )
Monday, February 15, 2010
လူသတ်သမား နိဗ္ဗာန်ပို့တဲ့ ဦးညွန့်ရွှေသို့ ပြန်ကြားချက်
February 15, 2010
အိတ်ဖွင့်စာ-
"လူသတ်သမား နိဗ္ဗာန်သွားသတဲ့ မိုက်လုံးကြီးပေ မောင်ညွန့်ရွှေ" ဦးညွန့်ရွှေရဲ့ စာတွေ ကိုဖတ်ပြီး အလိုလို ခေါင်းထဲ ၀င်လာတဲ့ သံပေါက်ပါ။
မိတ်ဆွေတချို့ရဲ့ တိုက်တွန်းချက်နဲ့ ဦးညွန့်ရွှေရဲ့ စာတွေကို လိုက်ဖတ်မိပါတယ်။ အစ ပိုင်းတော့ ဟုတ်မလိုလိုနဲ့ အဆုံးသတ်ကျတော့ ဦးညွန့်ရွှေဟာ ဟင်းအိုးမွှေတဲ့ ယောက်မဖြစ် သွားတယ်။ ယောက်မဆိုတာက မွှေနေတဲ့ဟင်း ဘယ်လောက် ကောင်းကောင်း ဆိုးဆိုး ချို၊ ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး ဘာအရသာမှ မသိနိုင်ဘူးလေ။
သူစာတွေက ကြည့်လိုက်ရင် ကျမ်းကိုးကျမ်းခံတွေနဲ့ ဆိုတော့ အတော် ဟုတ်သလိုပဲ။ အနှစ်ချုပ် တော့မှ ပြောပုံက ဗုဒ္ဓ ဘာသာကောင်း ပီပီ တဖက်သားကို သိသွားပါစေတော့ ဆိုတဲ့ စေတနာထက် ငါသိငါတတ် မာနသံ ထူလွန်းသလို၊ တရားကောက်ပုံက ခါးတောင်းကျိုက် တခြား ဖင်တခြားပဲ။ အကြောင်းနဲ့ အကျိုးကို ဆက်စပ် ဆင်ခြင်တာ မဟုတ်ပဲ ကိုယ်ပြောချင်တဲ့ အချက်ကို အထောက်အခံ ဖြစ်မဲ့ အချက်အလက်တွေကိုပဲ လိုသလို ဆွဲစပ်ထားတဲ့ ဆင်ခြေတွေပဲ။ ယုတ္တိဗေဒ သဘောနဲ့ ပြောရရင် အဖေါက်ပြန်ဆုံး ဆင်ခြေတည်ဆောက်မှုပဲ။ ဆင်ခြေဆိုတာ အချက်အလက် (နိဒါန်း) တွေကို အခြေခံ တွက်ဆ ဆင်ခြင်ပြီး အကျိုးတရား (နိဂုံး) ဆွဲယူရ တယ်။ ဦးညွန့်ရွှေကတော့ ကိုယ်ပြောချင်တဲ့ နိဂုံးအတွက် အချက်အလက် နိဒါန်းတွေကို ရှာပြီး ဖြည့်ထားတဲ့ ဆင်ခြေ ယုတ္တိတွေပဲ ဖြစ်တယ်။ လူဗိန်းပြော ပြောရရင်တော့ နွားရှေ့ထွန်ကျူး ဆင်ခြေ ယုတ္တိတွေပဲ။
လူသတ်သမား ဒုစရိုက်ကောင်တွေလည်း နိဗ္ဗာန်ရောက်နိုင်တယ် ဆိုတာ ပြောချင်ဇော နဲ့ လောကြီးပြီး မှားသွားတယ် ထင်ပါတယ်။ န၀တ/ နအဖ စစ်မိစ္ဆာ မင်းဆရာတွေရဲ့ အယူ အကောက် နဲ့ တထပ်တည်း သွားတူနေတယ်၊ မဆီမဆိုင် ကွန်မြူနစ်တွေ၊ ဘာသာမဲ့တွေကိုပါ ဆွဲထည့် ပုတ်ခတ် လိုက်သေးတယ်။ တကယ်တော့ မိစ္ဆာ စစ်အုပ်စုဟာ နိုင်ငံရေး နိုးကြားတဲ့ ရဟန်းသံဃာတို့ ကွန်မြူနစ်တို့ကို သေမလောက် ကြောက်ကြတယ်။
ဦးညွန့်ရွှေရဲ့ စာတွေကိုသတ္ထု ချကြည့်လိုက်တော့ နှစ်ချက်ပဲတွေ့ပါတယ်။ တိုက်ဆိုင်စွာပဲ အဲဒီနှစ်ချက်စလုံးက ဒုစရိုက် ဆယ်ပါးကို ပြောင်ပြောင် မြောက်မြောက် ထမင်းစားရေသောက် ကျူးလွန်နေကြတဲ့ သန်းရွှေ စစ်အုပ်စုရဲ့ သဘော စရိုက်နဲ့ဆန္ဒကို ထင်ဟပ်နေတယ်။ ဗိုလ်နေ၀င်း ကစလို့ ယနေ့အထိ စစ်အာဏာရှင် အဆက်ဆက်ကို သူတို့ရဲ့ ဘာသာရေး အပေါ် ကျူးလွန် ဖောက်ဖျက်မှုတွေ အတွက် ဒိုင်ခံ ဆင်ခြေရှာ တရားထောက် ပေးနေရတဲ့ လူပျံတော် ဘုန်းကြီးလူထွက် သာသနာဖျက် ဦးအံ့မောင်ရဲ့ အယူအကောက်တွေနဲ့ အတူတူပါပဲ။
(၁) ဒုစရိုက်ဆယ်ပါး ကြိုက်ရာကျူးလွန် တရားကျင့်ပြီး ကျွတ်ချိန်တန်ကျွတ်မယ်။ (၂) ရဟန်းသံဃာတွေ နိုင်ငံရေးမလုပ်ရဆိုတာပဲ ဖြစ်တယ်။
ဦးညွန့်ရွှေ ကျောင်းသားဘ၀က ကွန်မြူနစ်တွေကို အထင်ကြီးပြီး ဘာသာမဲ့ လုပ်ဖူး တယ်လို့ ၀န်ခံထားတယ်၊ အခုတော့ အဲဒီအရာတွေကို ဆန့်ကျင် ကဲ့ရဲ့လာတယ်။ ဗုဒ္ဓ၀ါဒနဲ့ ကွန်မြူနစ် စနစ်ရဲ့အခြေခံ မာ့က်စ်ဝါဒကို ဘယ်လို သဘောပေါက်ထားလို့ ဒီလိုဖြစ်သွားရ တာလဲ။ အတွေးအမြင် ယုံကြည်ချက် ပြောင်းလဲတယ်ဆိုတာ (၁) အမှန်တကယ် နားလည်သဘောပေါက်မှု ပြောင်းလဲခြင်းကြောင့် ပြောင်းလဲခြင်း၊ (၂) လိုဘ တခုခုရလေနိုးနဲ့ လောဘအခြေခံတဲ့ ပြောင်းလဲခြင်း၊ (၃) အသက်ဘေးကို ကြောက်ရွံ့လို့ ပြောင်းလဲခြင်းနဲ့ (၄) စိတ်နေရူးသွပ် ဖောက်ပြန်မှုကြောင့် ပြောင်းလဲခြင်းရယ်လို့ ရှိပါတယ်။ ဦးညွန့်ရွှေရဲ့ ပြောင်းလဲခြင်းက ဘယ်အမျိုးစားလဲ၊ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့ လိုပါတယ်။
နားလည်မိသလောက် ပြောရရင် ဗုဒ္ဓ၀ါဒဟာ ကိုးကွယ်ယုံသက်သက် ဘာသာ မဟုတ်ပါဘူး။ လိုက်နာ ကျင့်ကြံရတဲ့ ကျင့်စဉ် လမ်းစဉ်တွေပါ ပါတယ်။ လိုက်နာကျင့်ကြံ ဖို့လိုတယ်။ လောကီ အတွက်ရော၊ လောကုတ္တရာ အတွက်ပါ ကျင့်ကြံစရာ လမ်းစဉ်တွေကို ဖော်ထုတ်ထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ တရားတွေပါ။ တက္ကသိုလ်တွေမှာ အတွေးခေါ်ဒဿန တွေကို သင်တဲ့အခါမှာ အခြားဘာသာတွေ အယူဝါဒတွေကို ပုံမှန် လေ့လာတဲ့ပုံစံနဲ့ သင်ကြား ပို့ချ သော်လည်း ဗုဒ္ဓ၀ါဒ ကိုတော့ အသုံးချ အတွေးအခေါ် (Apply Philosophy) လို့ ခွဲခြား သတ်မှတ် သင်ကြားပို့ချပါတယ်။ ခေတ်အဆက်ဆက်က ဆရာတော်ကြီးများ ကလည်း ခက်မသုံးဖြာနဲ့ သာသနာရယ်လို့ပဲ ပြောဆို သုံးနှုန်းကြပါတယ်။ ဗုဒ္ဓဘာသာလို့ သုံးနှုန်း ခဲပါတယ်။ အဲဒါတွေကတော့ (၁) ပရိယတ္တိ၊ (၂) ပဋိပတ္တိ၊ (၃) ပဋိဝေဓရယ်လို့ သုံးမျိုးကွဲပါတယ်၊ ဘယ်လမ်းကိုလိုက်လို့ ဘယ်ကျင့်စဉ်ကို ကျင့်ချင်ပါသလဲ။ နောက် ဗုဒ္ဓ၀ါဒဟာ ဥာဏ်ကစား ရတဲ့၊ ဝေဖန်ဥာဏ်သုံးရတဲ့ ကြောင်းကျိုးဆက် တရားဝါဒ ဖြစ်ပါတယ်။ ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ ကာလာမသုတ်ဟာ ဗုဒ္ဓရဲ့ဝိဘဇ္ဇ၀ါဒ ကြေငြာချက်လို့ ပြောရမှာပါ။
ထို့အတူပဲ မာ့က်စ်ဝါဒကလဲ အကြောင်းကျိုးဆက် ဆင်ခြင်ရတဲ့ ၀ါဒဖြစ်တယ်။ ပကတိ ဘာဝ အခြေအနေ အကြောင်းတရား တွေကို အခြေခံပြီး လောကသဘာဝကို ချဉ်းကပ်တယ်။ ယုတ္တိကျတဲ့ အဖြေကိုယူပြီး လောကလူ့ရွာ သာယာရေး နေနည်း ထိုင်နည်းတွေကို သဘောတရား ထုတ်ထားတဲ့ လောကီရေး သက်သက် ၀ါဒဖြစ်တယ်။ ဦးညွန့်ရွှေ ကိုးကားနေတဲ့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူ့ရဲ့စာအုပ်တအုပ် (အနာဂါတ်သာသနာရေး ထင်ပါတယ်) မှာ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒကို လောကီးရေးမှာ သမမျှတ အရှိဆုံးလို့ ပြောထား ခဲ့ပါတယ်။ ဒါကြောင့် ဖေါက်ပြန်တဲ့အုပ်စိုးသူတွေက ဆရာတော်ကြီးကို ကွန်မြူနစ်လို့စွပ်စွဲ ခဲ့ကြောင်း ဆရာတော်ရဲ့ တဘ၀ သာသနာ စာအုပ်မှာ ဖော်ပြထားတယ်။ ဒီလိုပဲ ဗုဒ္ဓ၀ါဒနဲ့ မာ့က်စ်ဝါဒရဲ့ အခြေခံ တူညီချက်တွေကို နှိုင်းယှဉ်ပြခဲ့တဲ့ ဆရာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ကမ္ဘာမှာရော ဗမာမှာပါ အမြောက်အများ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီထဲမှာ ရာဟုလာသံကစ္စည်းတို့ ဆရာကြီး ရွှေဥဒေါင်းတို့ဟာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေ မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ကွန်မြူနစ်ဝါဒ လက်ခံသူ ခေါင်းဆောင်များနဲ့ ထေရ်ကြီး ၀ါကြီး ဆရာတော်တွေ လက်တွဲ လုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗမာပြည်လို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် သီရီလင်္ကာမှာ မာက်စ့်ဝါဒီ JVP ပါတီမှာ ဘုန်းကြီး အမြောက်အများ ပါတီဝင် ဖြစ်နေတာ တွေ့ရတယ်။
ကွန်မြူနစ်တွေဟာ ကိုးကွယ်ရာဘာသာမရှိပေမဲ့ သူတို့သက်ဝင်ယုံကြည်ရာ အတွေး အခေါ်ရှိတယ်၊ ၀ါဒရှိတယ်။ လောကလူ့ရွာမှာ အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှုကို အခြေခံတဲ့ လူမူအကျင့်အကြံ စည်းကမ်းတွေ စံတွေရှိတယ်။ လောကအကျိုး အများအကျိုး အတွက် ဘ၀ကို တိတိကျကျ ထိထိရောက်ရောက် အသုံးချဖို့ လမ်းညွန်ပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစီ နိုင်ငံဖြစ်ပါတယ်။ ဗဟိုနဲ့ ပြည်နယ် အစိုးရတွေကို လူထု ရွေးကောက်ပွဲတွေနဲ့ ရွေးချယ် တင်မြောက် ဖွဲ့စည်းပါတယ်။ မကြာသေးမီက အသက် (၉၅) နှစ်အရွယ်မှာ ကွယ်လွန် သွားတဲ့ ကွန်မြူနစ်ခေါင်းဆောင် မစ္စတာ ဂျိုတီဘာဆူး (Jyoti Basu) ဟာ အနောက်ဘင်္ဂလား ပြည်နယ်မှာ လူထု ရွေးကောက်ပွဲနဲ့ (၁၉၇၇) ခုနှစ်မှာ အာဏာရခဲ့တယ်၊ (၂၀၀၁) ခုနှစ်မှာ သူ့ပါတီက တခြားရဲဘော်ကို အာဏာ လွဲပြောင်းပေးသည် အထိ (၂၃) နှစ် အုပ်ချုပ်ခဲ့ပါတယ်။ ခုထိလည်း သူ့ပါတီက အာဏာရထား ဆဲပါပဲ။ အယူအစွဲကြီးတဲ့ ဟိန္ဒူတွေက (၇)ကြိမ်ဆက်တိုက် ရွေးကောက်တာကို ခံယူခဲ့ရပါတယ်။
ပြည်သူလူထုအများစုရဲ့ ယုံကြည်မှုကို (၇)ကြိမ် ဆက်တိုက် နှစ်အားဖြင့် (၃၅)နှစ် အပ်နှင်း ခံရတယ်ဆိုတာ အံ့မခန်း မှတ်တမ်း ဖြစ်ပါတယ်။ သူ မကွယ်လွန်မီ နာမကျန်း အချိန်မှာရော၊ ကွယ်လွန်ပြီး အချိန်မှာပါ ကွန်မြူနစ် မဟုတ်တဲ့ သမ္မတ တို့၊ ၀န်ကြီးချုပ်တို့ အာဏာရ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ အပါအ၀င် နိုင်ငံတ၀ှန်းက ခေါင်းဆောင်တွေ တတ်သိ ပညာရှင်တွေက လာရောက် သတင်းမေးကြ၊ ဂါရ၀ပြုကြပါတယ်။
ဒီလို ကာလရှည်ကြာလူထုရဲ့ ယုံကြည်ကိုးစားမှု၊ တတ်သိနားလည်တဲ့ ခေါင်းဆောင် တွေရဲ့ ကြည်ညို ဂါရ၀ပြုမှု ဆိုတာ လူမှု ဆက်ဆံရေး ဘ၀ရဲ့ အမြင့်ဆုံး တန်ဘိုး ဂုဏ်တွေ မဟုတ်ပါလား။ ဒီလိုအမြင့်ဆုံး လူမှုတန်ဘိုးတွေ ဂုဏ်တွေကို ရယူနိုင်ခဲ့တဲ့ မစ္စတာ ဘာဆူးကို ထောက်ချင့်ခြင်း အားဖြင့် တချိန်က ဦးညွန့်ရွှေ အထင်ကြီးခဲ့တဲ့ ကွန်မြူနစ်တွေရဲ့ နေထိုင်မှု စံစည်းကမ်း ဆိုတာ အခု ဦးညွန့်ရွှေ တွေးထင်နေသလို ကဲ့ရဲ့ ရှုတ်ချဖွယ် မဟုတ်၊ လေးစား ကြည်ညိုဖွယ်တွေ ရှိနေတယ် ဆိုတာကို လက်ခံ သင့်ပါတယ်။
ဘာသာမဲ့တွေကိုလည်း ကဲ့ရဲ့စရာလို့ ဦးညွန့်ရွှေ မြင်ပုံရတယ်။ ကမ္ဘာမှာ ကွန်မြူနစ်မဟုတ်တဲ့ ကိုးကွယ်ရာ ဘာသာမထား၊ မရှိတဲ့ ဘာသာမဲ့တွေ သန်းနဲ့ချီပြီး ရှိပါတယ်။ ခေတ်မီ သိပ္ပံနည်း ပညာတွေ တိုးတက်လာလေ တိုးပွားလေပါပဲ။ ဘာသာမဲ့( Non-Religion, Atheist, Free Thinker ) ဆိုတာကိုက ဘာသာတခု၊ ဘ၀နေထိုင်မှု ပုံစံတခုအနေနဲ့ တစထက်တစ လက်ခံ လာကြပါပြီ၊ အဲဒီပုဂ္ဂိုလ်များဟာ ပညာအခြေခံလည်း ကောင်းပြီး ကြွယ်ဝတဲ့ အသိတရားနဲ့ ကိုယ်ပိုင်ဆင်ခြင်တုံတရားတွေ အပေါ်မှာ သူတို့ရဲ့ ဘ၀ကို တည်ဆောက် ထားကြတယ်။ သဘာဝတရားကို ချစ်မြတ်နိုးတယ်၊ လူသားဖြစ်မှုကို တန်ဘိုး ထားတယ်၊ သက်ရှိသက်မဲ့တွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြု လေးစားတယ်၊ ဒီအချက်တွေ အပေါ် အခြေခံပြီး သူတို့ရဲ့ ဘ၀နေထိုင်မှု စံကို ထူထောင်ထားတယ်။ နှစ်ဆယ်ရာစုရဲ့ အတော်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်းတို့၊ တွေးခေါ်ရှင် ယန်းပေါဆတ်တို့၊ ဘာထရန်ရတ်ဆယ်တို့ဟာ ဘာသာမဲ့တွေဖြစ်တယ်။
အများထင်နေတဲ့ အနောက်တိုင်းရုပ်ရှင်တွေထဲက အရူးချီးပန်း ပရမ်းပတာ လူရမ်းကား တွေဟာ စံကျတဲ့ ဘာသာမဲ့တွေ မဟုတ်ပါဘူး။ အကြမ်းစား ဘာသာမဲ့ လို့ ပြောရင်တော့ ရလေ မလားမသိပါ။ အဲဒီပုဂ္ဂိုလ်များဟာ ဘုရားစကားနဲ့ ပြောရရင် စစ်အုပ်စုလို သံသရာ ၀န်လေးတဲ့ နိဗ္ဗာန်မှ အချည်းနှီးသော ဗာလာနံ လူမိုက်တွေပဲ ဖြစ်ပါတယ်။ စိတ်အား ကိုယ်အား သန်စွမ်းတဲ့ ဘ၀အစိတ်အပိုင်းမှာ တရားလက်လွတ် စိတ်ထင်တိုင်းကြဲ နေထိုင် ကျင့်ကြံတယ်၊ အစွမ်းအစ ခွန်အားတွေ ယုတ်လျော့ လာချိန်မှာ ကိုယ့်ရဲ့မကောင်းမှု အကုသိုလ် တွေကို သတိရ ကြောက်ရွံ့လာပြီး နီးစပ်ရာဘာသာတရားတွေမှာ ခိုလှုံလေ့ရှိကြပါတယ်။ သူတို့ကို ဘာသာမဲ့ လို့ ပြောလို့မရပါဘူး၊ ဘ၀ကို တိရိစ္ဆာန်များလို ကောင်းမှု( ကုသိုလ် ) မကောင်းမှု (အကုသိုလ်) မခွဲခြား စိတ်ကြိုက် ပျော်ပါးမှု သက်သက် ပရမ်းပတာ အသက်ရှင်နေထိုင်တဲ့ အန္ဓပုထုဇဉ်များ လို့ပဲ ပြောရမှာဖြစ်ပါတယ်။
တကယ်စံကျတဲ့ ဘာသာမဲ့ဆိုတာ ဘ၀လမ်းညွန် အတွေးအခေါ်ရှိတယ်။ ကိုယ်ပိုင်ဘ၀ နေထိုင်မှု စံ စည်းကမ်းတွေ ရှိတယ်။ တမလွန် အကျိုးကို မမျှော်ကိုးဘဲ ယုံကြည်ချက်အတွက် အရာရာကို စွန့်လွှတ်ဖို့ အဆင်သင့်ရှိတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို တိုက်ရိုက်ကြားနာခွင့် မရ သော်လည်း ဗုဒ္ဓ၀ါဒအနှစ်ချုပ် သူတော်ကောင်းတရားတွေကို သူ့နည်းသူ့ဟန်နဲ့ ဆင်ခြင် တွေ့ရှိ ပြီး ကျင့်ကြံ နေထိုင်နေကြသူ အများ လောကကြီးထဲမှာ ရှိနေတတ်ပါတယ်။ ဘုရားဟော ကျမ်းဂန်များမှာလည်း သာသနာပ ကာလမှာ ပေါ်ထွန်းခဲ့ကြတဲ့ ပစ္စေကဗုဒ္ဓတွေ အကြောင်း၊ သူတော်ကောင်းတရား ကျင့်ကြံသူတွေ အကြောင်း ပုံဝတ္ထုတွေ အများကြီးရှိ ပါတယ်။ ဂေါတမ မြတ်စွာဘုရားရှင်ကိုယ်တိုင်က သစ္စာလေးပါး အမြိုက်တရားကို ဆရာမကူဘဲ သယမ္ဘူဥာဏ်နဲ့ ထိုးထွင်းသိမြင် ရှာဖွေ တွေ့ရှိခဲ့တာပါ။ ဗုဒ္ဓ၀ါဒ အနှစ်သာရ သစ္စာလေးပါး တရားဆိုတာ ဗုဒ္ဓက ဖန်တီးခဲ့တာ ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး၊ ရှာဖွေ တွေ့ရှိခဲ့တာပါ။ သစ္စာလေးပါး အမြိုက်တရားဆိုတာ မူလကတည်းက ရှိနေပြီးသား ပရမတ်တရား ဖြစ်ပါတယ်။ ဒီအခြေခံကို နားလည်လက်ခံတယ်ဆိုရင် ဗုဒ္ဓထားခဲ့တဲ့ သာသနာရဲ့ အပြင်အပမှာလည်း သူတော်ကောင်း တရားတွေ (အပြည့်အစုံမဟုတ်သော်လည်း) ကို သိမြင် ကျင့်ကြံနေသူတွေ ရှိနေတယ်ဆိုတာ ကို လက်ခံယုံကြည်ဖို့ မခက်တော့ပါဘူး။ ရေဆိုတာ ရေပါပဲ၊ မြစ်ချောင်းကပဲရရ ရေတွင်း ရေကန်ကပဲရရ ရေရဲ့သဘာဝကတော့ အတူတူပါပဲ။
ဒီတော့ ကွန်မြူနစ်တွေ ဘာသာမဲ့တွေ အပါအ၀င် ကိုယ်မသိတဲ့၊ ကိုယ်နဲ့ အယူကွဲပြား တဲ့ သူတွေကို ဝေဘန်ချင်ရင် သူတို့ အကြောင်း သူတို့အယူကို အရင် သိအောင်လုပ်ပါ ပြီးမှ အဆိုးအကောင်းကို အတ္တစွဲ ကင်းကင်းနဲ့ ဝေဘန်ပါ၊ ချီးမွမ်းပါ၊ ကဲ့ရဲ့ပါ။ ဒီလိုမှ မဟုတ်ရင်တော့ အတိတ်ဘ၀က ပစ္စေကဗုဒ္ဓါကို(မသိဘဲ) မီရှို့သတ်မိခဲ့တဲ့ ဥတိန္နမင်းမိဘုရား သာမာဝတီနဲ့ အပေါင်းအပါတွေရဲ့ ကံကြမ္မာဆိုးမျိုးနဲ့ ကြုံရပါလိမ့်မယ်။ သိမှတ်ခြင်း၊ ဆင်ခြင်ခြင်း၊ တွေးခေါ် ခြင်း၊ ကောက်ချက် ဆွဲယူဆခြင်း၊ သဘောတရား ထုတ်နုတ်ခြင်းဆိုတာ သတ္တ၀ါအားလုံးထက် ထူးကဲတဲ့ လူသားရဲ့ ၀ိသေသအရည်အသွေးပါ။ ဒီလို မြင့်မားတဲ့ ကိစ္စတွေကို ဆွေးနွေးတင်ပြ နေတဲ့ ဦးညွန့်ရွှေဟာ ကိုယ်ဥာဏ်မမီလို့ ဒါမှမဟုတ် ကိုယ်သိတာနဲ့ မကိုက်လို့ တခြားကွဲပြားတဲ့ အမြင်တွေ ဘ၀စံတွေကို ကဲ့ရဲ့ရှုတ်ချစရာလို့ မြင်နေရင် " မြောက်ကျောင်းဘုန်းကြီးက ကကြီး ရေးကသတ်ရှိသေးတယ်" ဆိုတဲ့ အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ်ပါတယ်။
ဖေါက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ဟာ သူတို့နဲ့ မပေါင်းတဲ့ နိုင်ငံရေးစကား ပြောတဲ့သူတွေကို ကွန်မြူနစ်လို့ တံဆိပ်ကပ်တယ်၊ ကိုယ်အခွင့်အရေး ပြောတဲ့ တိုင်းရင်းသားကို ခွဲထွက်ရေး သမား နယ်ချဲ့ အလိုတော်ရိလို့ သမုတ်တယ်။ လွတ်လပ်ရေးရပြီး ထဲက အုပ်စိုးသူ အဆက်ဆက်က ပြည်သူကို မှိုင်းတိုက်တဲ့ တံဆိပ်ကပ် အပုပ်ချ နိုင်ငံရေး ဖြစ်တယ်။ သူတို့ရဲ့ ဖေါက်ပြန်မှုတွေကို ဖုံးကွယ်ဖို့ ပြည်သူကို ကွန်မြူနစ်တစ္ဆေ ခွဲထွက်ရေး သရဲနဲ့ ခြောက်လှန်ခဲ့တယ်။ ပြည်သူအများက ဒီဖေါက်ပြန်ရေး သမားတွေရဲ့ တံဆိပ်ကပ် အပုတ်ချ နိုင်ငံရေးက မလွတ်မြောက်နိုင်သေးပဲ၊ ကွန်မြူနစ်တစ္ဆေ ခွဲထွက်ရေးသရဲကို ဘုမသိဘမသိ အခုထိ ကြောက်လှန့် နေဆဲပဲ။ ပြည်သူများအကြားက သွေးကွဲမှုရဲ့အရင်းခံ အကြောင်းတရားပဲ ဖြစ်ပါတယ်။ ဦးညွန့်ရွှေ ကိုယ်တိုင်လည်း ဒီအပုပ်ချ နိုင်ငံရေးက မလွတ်မြောက်နိုင်သေးဘူး လို့ ယူဆတာကြောင့် ဦးညွန့်ရွှေ စကားနဲ့ပြောရရင် လေနဲ့ ၀မ်းနဲ့ ကွဲသွားအောင် ဒီလောက် ရှည်ရှည်ပြောနေရတာပါ။
တကယ်တမ်း ကဲ့ရဲ့ရှုတ်ချရုံတင်မက ဆန့်ကျင်တိုက်ဖျက်ပစ်ရမှာက ကိုယ့်ကိုကိုယ် ဘုန်းရှင် ကံရှင်လို့ တလွဲထင်ပြီး ငါသာပဓာန၊ တိုင်းပြည်တွင်းက လောကသဘာဝ ဓနမှန်သမျှ ငါသာ လျှင်စံစားမယ်၊ အာခံသူမှန်သမျှ ရက်စက်ယုတ်မာ နည်းစုံစွာနဲ့ ချေမှုန်းတာဟာ တရား တယ်လို့ ယူဆနေတဲ့ လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေတဲ့ န၀တ/ နအဖလို အတ္တ၀ါဒီ၊ အဓမ္မ၀ါဒီ မိစ္ဆာတွေပဲဖြစ်တယ်။ အဲဒီမိစ္ဆာတွေကို မင်းလိုလိုက် မင်းကြိုက်ဆောင် နေတဲ့ ဒုဿီလ အလဇ္ဇီတွေပဲဖြစ်တယ်။
ဒီနေ့ တိုင်းပြည်နဲ့လူမျိုးပေါ်သာမက သာသနာနဲ့ ရဟန်းသံဃာတွေ အပေါ်မှာပါ သတ်ဖြတ်ခိုးဆိုး အဓမ္မ အမှုတွေကို ကျူးလွန် နေသူဟာ န၀တ/ နအဖ စစ်အုပ်သာ ဖြစ်ပါတယ်။ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ် လယ်ယာမြေတွေကို သတ်ဖြတ် လုယက်တယ်။ အာခံတယ် ထင်ရင် ရဟန်းသံဃာကအစ ဖမ်းဆီးသတ်ဖြတ် နှိပ်ကွပ်တယ်။ ရှေးဘုရားတွေကို ပြုပြင်သလို နဲ့ ဋ္ဌာပနာတိုက်ဖောက် လူထုကို အဓမ္မပြင်ခိုင်း ခြောက်လုံးပြူး ခါးထိုး ရေစက်ချတယ်။ တန်ခိုးကြီး ဘုရားမှန်သမျှက ဂေါပကတွေမှာ လက်ပါးစေတွေ သွင်းပြီး ဘုရားဘဏ္ဍာတွေကို ခိုးဝှက်နေတယ်။ ပရိယတ္တိစာမေးပွဲတွေမှာ ၀င်စွက်ဖက်တယ် ဖျက်ဆီးတယ်။ သံဃာ့အစည်း အရုံးထဲမှာ သူလျိုသွင်းပြီး ဖြိုခွဲတယ်။ ဒုဿီလတွေကို ချီးမြောက်ပြီး၊ သုသီလ ရဟန်းတွေကို ချိုးနှိမ်တယ်။ ဒီလို ဒုစရိုက်တွေကို ကျူးလွန်နေတာ ကွန်မြူနစ်တွေ ဘာသာမဲ့တွေ ဘာသာခြားတွေ မဟုတ်ပါဘူး၊ န၀တ/ နအဖ စစ်အုပ်စုသာ ဖြစ်တယ်။ သာသနာကိုဖျက်ဆီး နေတဲ့ မိစ္ဆာဟာ ဗိုလ်သန်းရွှေနဲ့ အပေါင်းပါ များသာဖြစ်တယ်။
တကယ်တော့ အဆက်ဆက်သော ဗမာစစ်အုပ်စုခေါင်းဆောင်များဟာ ဗုဒ္ဓဘာသာကို အရေခြုံပြီး ဗမာ လူ့ဘောင် လောကကြီးကို အရုပ်ဆိုး အကြည်းတန်အောင် ဖျက်ဆီးနေတဲ့ အဓမ္မ၀ါဒီ မိစ္ဆာတွေဖြစ်တယ်။ သာသနာဖျက်တွေ ဖြစ်တယ်။
သို့သော်လည်း သူတို့ဟာ မီရိုးဖလာဗုဒ္ဓဘာသာမိဘများက ပေါက်ဖွားခဲ့တော့ ဗုဒ္ဓရဲ့ အဆုံးအမကို တစုံတရာ သိမှတ် ယဉ်ပါးကြတယ်။ သူတို့ရဲ့ အဓမ္မလုပ်ရပ်တွေကို ဒုစရိုက်အဖြစ် သိမြင်ပြီး သူတို့အတွင်းစိတ် (လိပ်ပြာ)က ခြောက်လှန့်တယ်။ ဒီတော့ သူတို့အတွက် စိတ်သက်သာရာ ရဖို့ စိတ်ဖြေဖို့ ဦးအံ့မောင်လို ဘုန်းကြီးလူထွက် သာသနာဖျက်တွေ၊ သားသုံးသားနဲ့ သတ်ဖြတ်ကွပ်ညှပ် သြ၀ါဒပေးခဲ့တဲ့ စာသာသိ၊ တရားမရှိတဲ့ ကြက်ခတ်ဝိုင်း ဘုန်းကြီးလို ပုဂ္ဂိုလ်တွေကို အားထားရပါတယ်။ မင်းပါးစိုးကပ် အတ္တ၀ါဒီ အလဇ္ဇီများကလည်း မိစ္ဆာတွေရဲ့ ဒုစရိုက်မှုတွေကို ကျမ်းကိုးကျမ်းခံတွေနဲ့ မင်းလိုလိုက် မင်းကြိုက်ဆောင် ထောက်ခံ ပေးကြတယ်။ ဦးညွန့်ရွှေ ယူကောက်တဲ့ လူသတ်သမား နိဗ္ဗာန်ရောက်တယ်ဆိုတာ အဲဒီအလဇ္ဇီ တွေက မိစ္ဆာတွေကိုပေးတဲ့ တရားအယူအကောက်နဲ့ တထပ်တည်းတူပါတယ်။ သတိထားပါ အယူအကောက်မှားရင် အပယ်လားတတ်ပါတယ်။
ဦးညွန့်ရွှေပြောတဲ့ လူသတ်သမား အရက်သမားနဲ့ ကာမဂုဏ်သမားတွေလည်း အမြင် မှန်ရလို့ တရားကျင့်ရင် နိဗ္ဗာန် ရောက်နိုင်တယ် ဆိုတာ မှန်သယောင်နဲ့ တက်တက်စင်လွဲပါ တယ်၊ မှားပါတယ်။ ဦးညွန့်ရွှေရဲ့ စကားထဲမှာကိုဘဲ " အမြင်မှန်ရပြီး အကျင့်မှန်ရင်" ဆိုတဲ့ စကား ကတ္တားခြား ထားတာကို သတိမူပါ။ လူသတ်သမား နိဗ္ဗာန် မရောက်နိုင်ပါဘူး။ လူသတ် သမား အဖြစ်ကနေ ပြောင်းလဲသွားတဲ့ အမြင်မှန်ရသူ အကျင့်မှန်သူသာ နိဗ္ဗာန်ရောက်နိုင် ပါတယ်။ အမြင်မှန်ရသူ အကျင့်မှန်သူဟာ လူသတ်သမား မဟုတ်တော့ပါဘူး။ လူသတ်သမား ဆိုတာ သူ့ရဲ့ အတိတ်ဖြစ်ပါတယ်။ သူတော်စင်တိုင်းမှာ အတိတ်ရှိသလို ဒုစရိုက်ရာဇ၀တ်သား တွေမှာလည်း အနာဂါတ်ရှိတယ် (Every Saint has past, Every criminal has future) ဆို တဲ့ စကားလိုပေါ့။ သို့သော် အဲဒီသူတော်စင်၊ အမြင်မှန်ရလို့ အကျင့်မှန်သူဟာ သူ့ရဲ့အတိတ်နဲ့ ကင်းလွတ်ခွင့်ရှိသလား၊ မရှိပါဘူး။ သူ့ရဲ့အတိတ်က ကောင်းမှု မကောင်းမှုအလိုက် စံစား ခံစား ရပါတယ်။ ၀ဋ်ကြွေးကြမ္မာကို ဘုရား ရဟန္တာများသော်မှ မရှောင်လွဲနိုင်ဘူးလို့ ကျွန်တော်တို့ ဆရာများ က မပြတ်သွန်သင်တာခံခဲ့ ရပါတယ်။ မဟာ ပရိနိဗ္ဗာန သုတ်မှာ အတိတ်ကံကြွေး ကြောင့် မြတ်စွာဘုရားရှင်ကိုယ်တိုင် ပရိနိဗ္ဗာန် စံဝင်ခါနီးမှာ ရေကြည်တော်သောက်ခွင့် မရခဲ့ ဘူးလို့ ဆိုပါတယ်။
ဗုဒ္ဓသာသနာ ဗုဒ္ဓ၀ါဒဟာ ခိုလှုံကိုးကွယ်ရာသက်သက် ဘာသာမဟုတ်၊ ကျင့်ကြံပွားများရာ လမ်းစဉ်လို့ အထက် တနေရာမှာ ပြောခဲ့ပြီးပါပြီ၊ လူပိန်းပြောနဲ့ ဥပမာဆောင် ရရင် ရလာတဲ့ ကိုယ့်ဘ၀ ကိုယ့်အစွမ်းအစကို အဟုတ်ကြီးထင်ပြီး ကျားဆိုးကြီးတွေကို သွားစ သွားကစား ကျားဆိုးကြီး ၏တွေ နိုးလာမှ ကြောက်လန့်တကြား ပြေးဝင်ခိုလှုံစရာ ရဲတိုက် (ကိုးကွယ်ရာ ဘာသာ) မဟုတ်ပါဘူး။ ဗုဒ္ဓတရား ဗုဒ္ဓ၀ါဒဟာ လောဘ၊ ဒေါသ၊ မောဟ မာန်မာန ဆိုတဲ့ ကျားဆိုးကြီးတွေရဲ့ လက္ခဏာက ဘယ်လိုရှိတယ်၊ ဘယ်လိုနေရာမျိုးမှာ ရှိတတ်တယ်၊ ဘယ်လိုရှောင်ကွင်းပြီးတော့ လိုရာခရီး (နိဗ္ဗာန်)ကို ဘယ်လို သွားရတယ်ဆိုတာ လမ်းညွန် ဟောကြားထားတဲ့ လမ်းညွန်တရားဖြစ်ပါတယ်။ ဘယ်သူမဆို ဗုဒ္ဓဘုရားရှင်ရဲ့ သွန်သင်ချက် တွေကို မျက်ကွယ်ပြုပြီး ထင်ရာကြဲကျင့်ကြံ၊ ဒီ ကျားဆိုးကြီးတွေကို သွားစ သွားကစားလို့ သူတို့ရဲ့ အကိုက် ခံရရင်တော့ ဒုစရိုက်ဆယ်ပါး အကုသိုလ် ဒဏ်ရာ အနာများနဲ့ ဘ၀ဆုံးပါး အပါယ် လားရတော့တာပါပဲ။ ဗုဒ္ဓ၀ါဒဟာ အရပ်စကားနဲ့ ပြောရရင် လောကဓံမှာ ကိုယ်ဖြစ် ကိုယ်ခံပါပဲ။ ကိုယ်လုပ်ရင် ကိုယ်ခံရမှာ မလွဲပါဘူး။ ဒီတော့ ဦးညွန့်ရွှေရဲ့ လူသတ်သမား နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘုရားဝါဒ နဲ့ လုံးဝ ဆန့်ကျင်တဲ့ သံသရာဝန်လေးကြောင်း လူသတ် အားပေးမိစ္ဆာ အယူဝါဒ သာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ စပ်လျဉ်းပြီး ဓမ္မပဒ၀တ္ထုတော် ယမက၀ဂ် စက္ခုပါလမထေရ် ၀တ္ထုမှာ မြတ်စွာဘုရားရှင်က..
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနုဿာစေ ပဒုဋ္ဌေန၊ ဘာသတိဝါ ကရောတိဝါ။
တတောနံ ဒုက္ခမနွေတိ၊ စက္ကံ ၀ဟတော ပဒံ။ လို့ ဟောခဲ့ပါတယ်။
အဓိပ္ပါယ်က လောကဖြစ်စဉ်တရားတို့တွင် စိတ်သာလျှင် ပြဋ္ဌာန်းခြင်းရှိကုန်၏။ စိတ် သာလျှင် ရှေ့ဆောင် အကြီးအမှုး ဖြစ်၏၊ စိတ်ဖြင့်သာ ပြီးကုန်၏။ ဖျက်ဆီးလိုသော စိတ်ဖြင့် ပြောဆိုခြင်း၊ ပြုမူခြင်း၊ ရှိသည်ဖြစ်အံ့။ ထိုသို့သောပြောဆို ပြုမူခြင်း၏ မကောင်းမှုသည် ထမ်းပိုး ထမ်းသော နွား၏ ခြေရာခွက်နောက်သို့ လှည်းဘီးသည် ထပ်ကြပ်မကွာ လိုက်သည့် နည်းတူ ဒုက္ခဆင်းရဲသည် ထိုမကောင်းမှု၏ နောက်သို့ အစဉ်သဖြင့်လိုက်၏။ အလားတူပဲ ကောင်းမှု ကုသိုလ်နဲ့ ပတ်သက်လို့ မဋ္ဌကုဏ္ဍရီ ၀တ္ထုမှာ..
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာစေ ပသန္နေန၊ ဘာသတိဝါ ကရောတိဝါ။
တတောနံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။
အဓိပ္ပါယ်က တရားဓမ္မက္ခန္ဓာအပေါင်းတို့တွင် စိတ်သာလျှင် ပြဋ္ဌာန်းခြင်းရှိကုန်၏၊ စိတ်သာလျှင် အကြီးအမှုး ရှိကုန်၏၊ စိတ်ဖြင့်သာ ပြီးကုန်၏။ သဒ္ဓါ၊ စေတနာစိတ်ဖြင့် ပြောဆိုခြင်း ပြုမူခြင်းရှိ သော ထိုကောင်းမှုသည်၊ အရိပ်သည် ကိုယ့်နဲ့မကွာ လိုက်ပါသကဲ့သို့ သုခချမ်းသာသည် ထိုကောင်းမှုနှင့် အစဉ်သဖြင့်လိုက်၏။
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ။ ကိုယ့်ရဲ့ အကုသိုလ်တရားများမှ ပြေငြိမ်းလွတ် မြောက်ရာ မရှိဆိုတာ ထင်ရှားလောက်ပါပြီ။ ဒီတော့ လူသတ်သမား နိဗ္ဗာန်မသွားနိုင်၊ သွားနိုင်တယ် ဆိုတဲ့ တရား မှားတယ်ဆို ထင်ရှားပါတယ်။
(နောက်တပိုင်းမှာ ရဟန်းသံဃာတွေ နိုင်ငံရေး လုပ်သင့် မလုပ်သင့် ဆက်လက် ဆွေးနွေးပါမယ်)
ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
နေ့စဉ်သတင်းများ ( ၁၄ - ၂ - ၁၀ )
■ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး မျှော်လင့် သတင်း
■ ဦးတင်ဦး လွတ်မြောက်မှု ကုလသမဂ္ဂကြိုဆို သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဦးတင်ဦး တိုက်တွန်း သတင်း
■ သက်ကြီးခေါင်းဆောင်များထံ ဦးတင်ဦး သွားရောက် ဂါရဝပြု သတင်း
■ ၀န်ကြီးချုပ်ဟောင်း ဦးနုကွယ်လွန်ခြင်း (၁၅) နှစ်ပြည့် သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနားများ သတင်း
■ လှိုင်သာယာစက်မှုဇုန် လုံခြုံရေး ရုပ်သိမ်း သတင်း
■ ကလေးစစ်သားနဲ့ လုပ်အားပေး ပညာပေးစာပေ အိုင်အယ်လ်အို ထုတ်ဝေမည် သတင်း
■ ရခိုင်ပြည်တိုက်ပွဲ စစ်အစိုးရဘက်က တဦးသေ သတင်း
■ ဆစ်ဒနီမှာ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ သတင်း
■ နျူကလီးယား လုပ်နေသမျှ အီရန်ကို အမေရိကန် ဆက်ဆံမည်မဟုတ် သတင်း
■ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို ထိုးစစ်ဆင်တိုက်ခိုက် သတင်း
ဒီပဲယင်းဖြစ်ရပ်သည် နိုင်ငံရေးလှုပ်ကြံမှုဟု ဦးတင်ဦးပြောကြား
NEJ / ၁၄ ဖေဖော်ဝါရီ၂၀၁၀
ဖေဖော်ဝါရီ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ည (၁၀) ခန့်တွင် သွားရောက်တွေ့ဆုံ စကားပြောဆိုခဲ့သည့် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းကာ ဦးဝင်းတင်၏ ပြန်လည် ပြောကြားချက်များကို တင်ပြထားပါသည်။
ပထမဆုံး ကျနော်ပြောချင်တာကတော့ သူ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ်တဲ့။ သူ့မှာ မျက်စိထဲကနေ သွေးယိုတာ ပေါ့ဗျာ။ အဲဒါ ရှိတာက အပ သူ့ကျန်းမာရေး ကောင်းပါတယ်တဲ့။ ကျနော်လည်း ၀မ်းသာ ရတာပေါ့ဗျာ။
နောက်တခုက သူပြင်ပနိုင်ငံရေးတွေနဲ့ ပတ်သက်ပြီး in touch ဖြစ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့အိမ်မှာ စလောင်းတို့ ဘာတို့ ရှိနေတဲ့ အခါကျတော့ ပြည်သူလူထုက လွှင့်တဲ့ ဟာတွေရော၊ အာအက်ဖ်အေတို့ ဗွီအိုအေတို့ ဘာတို့က လွှင့်တာတွေရော မပြတ် နားထောင်နေပြီးတော့ ပြည်ပ နိုင်ငံရေးကို သိရှိနေပါတယ်တဲ့။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရပ်တည်ချက် တွေကိုလည်း သူကောင်းကောင်း သဘောပေါက်တယ်လို့ ပြောသွားပါတယ်။ ဦးတင်ဦးဟာ နိုင်ငံရေးနဲ့ မပြတ်မလပ် မကင်းမကွာ ရှိနေတယ် ဆိုတာ သိရပါတယ်။
နောက်တခုက သူ ဒီပဲယင်းကိစ္စကို တော်တော်များများ ပြောပါတယ်။ ဒီပဲယင်းမှာ သူပုန် သတ်ဖြတ်မှုကြီးကို ကျော်လွှားတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ နှစ်ယောက် ရှိတာကိုး။ သူ့ရဲ့ သုံးသပ်ချက်က ဘာလဲဆိုတော့ ဒီ ဒီပဲယင်းဖြစ်ရပ်ဟာ အမှန်တော့ နိုင်ငံရေး လှုပ်ကြံမှုပဲတဲ့။ ဘာလို့လဲဆိုတော့ သူတို့ ရန်ကုန်၊ မန္တလေး၊ မုံရွာတို့ကို ကျော်ဖြတ်လိုက်တဲ့ အခါကျတော့ ဘာသွားတွေ့သလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ စာတမ်းတွေ၊ နယ်ချဲ့ လက်ကိုင်တုတ်တို့ ပုဆိန်ရိုးတို့ ဆိုတဲ့ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေ၊ စာတမ်းတွေ ကိုင်ဆောင်ပြီးတော့ ကြံ့ဖွံ့တွေက ကန့်ကွက် ကြတယ်ပေါ့။ ကန့်ကွက် ပေမယ့်လို့ ဒီမြို့ သုံးမြို့ကို ကျော်ဖြတ်လိုက်တဲ့ အခါကျတော့ သူဘာသွား သတိထားမိလည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရတိုင်း အဲဒီအဖွဲ့အစည်းရဲ့ နောက်မှာ တယောက်မှ မရှိလောက်အောင် ဒေါ်အောင်ဆန်းစုကြည်ဘက် ပါလာတယ်တဲ့၊ နောက်တခါ အဖွဲ့ထဲက အဖွဲ့ဝင်များ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည် နောက်ကို လိုက်လာတယ်။ လူငယ်တွေ ကျောင်းသားတွေ ဆိုတာကို သူတို့ အကြောင်းအမျိုးမျိုးနဲ့ စည်းရုံးပြီး ခိုင်းစေထားသော် ငြားလည်း အဲဒီ ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ထဲမှာ ပါနေတဲ့ လူငယ်တွေကိုက လိုက်လာကြတယ် ဆိုတာ သူတွေ့တယ်ပေါ့၊ ဒါက သူရဲ့ သုံးသပ်ချက်ပေါ့။
အဲဒီအချိန်ကစပြီး ကြံ့ဖွံ့ဆိုတဲ့ စစ်အစိုးရက ခိုင်းစေထားတဲ့ လက်ကိုင်တုတ်များ ဖြစ်တဲ့ အဖွဲ့အစည်းများ၊ နိုင်ငံရေး အရောင်ပြများ၊ လူမှုရေး အရောင်ပြ အဖွဲ့အစည်းရဲ့ အင်အားတွေဟာ အကုန်လုံး ပြိုဆင်းသွားတယ်လို့ သူက သတ်မှတ်ပါတယ်။ ဒါက အရေးကြီးတဲ့ သုံးသပ်ချက်လို့ ကျနော် သဘောထားတယ်။
ဒီလို ပြိုဆင်းသွားတာကို သူတို့မြင်သွားတဲ့ အခါမှာ ဒီပဲယင်းလို နေရာမျိုး ညဖြတ်ရမယ့် နေရာမျိုးမှာ နိုင်ငံရေး လုပ်ကြံမှု၊ အကြမ်းဖက်မှုကို လုပ်တော့မယ်လို့ ဆုံးဖြတ်တယ်လို့ သူ ထင်မြင် ယူဆတယ်ပေါ့။ ဒါကတခုပေါ့၊ ဒီပဲယင်းရဲ့ အကြောင်းရင်းခံပေါ့။
နောက်တချက်က ဒီပဲယင်းမှာ အကုန်လုံး ၀ိုင်းရိုက်ကြတယ်။ လမ်းတလျှောက်လုံး ကြားလာခဲ့ရတဲ့ ကြွေးကြော်သံတွေကိုပဲ မှောင်ထဲမည်းထဲမှာ ကြားရတယ်။ ကြားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကိုလည်း ရိုက်တယ်။ သူ့ကားကိုလည်း ရိုက်တယ်။ အဲဒီအခါမှာ သူ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းတယ်။ လွတ်ရာကျွတ်ရာကို သွားပါလို့ ဆိုတာကို မသွားဘူးလို့ ပြောတယ်တဲ့။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အများကြီး အရိုက်ခံရတယ်။ အဲဒီ အချိန်အခါမျိုးမှာ ကျမ ထွက်မသွားနိုင်ဘူး ဆိုပြီး အကြိမ်ကြိမ်ငြင်းတယ်။ အဲလို ငြင်းနေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ကားဘေးမှာ မတ်တတ်ရပ်နေတဲ့ လူငယ်တွေလည်း အရိုက်ခံရတယ်။ အကုန်လုံး ၀ရုန်းသုံးကား ဖြစ်သွားတဲ့ အခါကျတော့ အဲဒီမှာ သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကား မောင်းတဲ့ ကလေးတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်လိုက် တာပဲတဲ့။ အတင်းဖြစ်တဲ့နည်းနဲ့ ဖြတ်သန်း မောင်းသွားရတယ်ပေါ့။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသတ္တိ၊ ဓမ္မ သတ္တိကိုလည်း သူချီးမွမ်းတယ်တဲ့။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဓမ္မ ဘက်မှာ ရပ်တည်နေတဲ့ စိတ်ဓာတ် ကြောင့်လည်း ကျော်ဖြတ်နိုင်တာ ဖြစ်တယ်လို့လည်း သူသုံးသပ်ပါတယ်။
နောက်သူကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်သွားပြီ ဆိုတဲ့အခါကျမှ သူ့ကားလည်း မောင်းသွားရတယ်။ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်သူတွေနဲ့ သူကိုယ်တိုင် ရင်ဆိုင်ခဲ့ရတယ်။
အဓိက အရေးကြီးဆုံးကတော့ ဒီပဲယင်းကို သူက (၁) ကြံ့ဖွံ့လို ဟာမျိုးတွေ ဆိုးဝါးတဲ့ဟာ၊ (၂) ကတော့ ဒါဟာ နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ ကာယကံရှင် ကိုယ်တိုင် ပါးစပ်က ပြောတာ ကြားရပါတယ်။
နောက်တခုက ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ပတ်သက်လို့ ပါတီရဲ့ မူဝါဒဖြစ်တယ်၊ ပါတီရဲ့ တောင်းဆိုချက်တွေ ဖြစ်တယ်လို့ သူသတ်မှတ်တယ်။ ဒါကို တစုံတရာ အကြောင်းပြန်ခြင်း မရှိသရွေ့ကာလပတ်လုံး ဒီမူပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည် သွားမယ်လို့ ပြောပါတယ်။
နောက်တခု အရေးကြီးတဲ့တချက်က လူငယ်တွေနဲ့ပတ်သက်ပြီး သူ့စကားထဲမှာ ပါလာတဲ့ ကိစ္စက ကျနော် အမှန်အတိုင်း ပြောရမယ်ဆိုရင် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ဆိုတဲ့ ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေတာ မကြိုက်ဘူးတဲ့။ အမြန်ဆုံး သူတို့ လွတ်မြောက်ရေးကိုလည်း ကျနော်တို့ ဖော်ထုတ် ဆောင်ရွက်ပေးရမှာ ပဲတဲ့။ ဘာလို့လည်းဆိုတော့ လူငယ်တွေဟာ ရှစ်လေးလုံးကာလ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သူတွေ ဖြစ်တယ်။ ဒါကို ကျနော် အသိအမှတ် ပြုတယ်တဲ့။ သူကိုယ်တိုင်က အငြိမ်းစားယူပြီး အိမ်မှာ ထိုင်နေတဲ့အချိန်၊ အဲဒီအချိန်မှာ ကျောင်းသားလူငယ် လှုပ်ရှားမှုတွေ၊ လူထုကြီးက နေပြီးတော့ သူ့ကို ချဉ်းကပ်လာပြီးတော့ သူ့ကို နိုင်ငံရေးလောကထဲ ပြန်ခေါ်သွားတယ်၊ နိုင်ငံရေး စင်မြင့်ပေါ် ပြန်တင်ပေးတယ် ဆိုတဲ့ အနေအထား ရှိတယ်တဲ့။ ဆိုတော့ ဒီလူငယ်တွေရဲ့ ကြိုးပမ်းမှုတွေ လူငယ်တွေရဲ့ အားထုတ်မှုတွေ၊ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို ကျနော်တို့ အသိအမှတ် ပြုရမှာပဲတဲ့။ သူတို့ ခံစားနေရတဲ့ ဒုက္ခ သုက္ခတွေကိုလည်း အမြန်ဆုံး ပြေငြိမ်းအောင် လုပ်ရမှာပဲလို့ သူက ပြောပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီးလည်း ကျနော်ကလည်း သူ့ကို ပြောပါတယ်။ ဥက္ကဋ္ဌကြီး ကျနော်လည်း ဒီအတိုင်းပဲ သဘောထားပါတယ်။ ကျနော့်ကိုယ် ကျနော်လည်း အရေးတော်ပုံ တပ်သားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခံယူပြီးတော့ လုပ်နေပါတယ်။ အရေးတော်ပုံကို ကျနော် တန်ဖိုးထားတဲ့ အတွက် ဒေါ်စုနဲ့ကျနော် ပြောဖူးတဲ့ စကားရှိပါတယ်။ အဲဒါဘာလဲဆိုရင် ကျနော်တို့ ပါတီဟာ အရေးတော်ပုံ ကနေ ပေါက်ဖွားလာတဲ့ ပါတီ ဖြစ်တယ်။ ဒေါ်စုကိုယ်တိုင်၊ ဦးတင်ဦး ကိုယ်တိုင်၊ ကျနော်တို့ ကိုယ်တိုင်ဟာ အရေးတော်ပုံကြီး ကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင် မျိုးဆက်များ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့များ ရွေးကောက်ပွဲတွေ ဘာတွေများ ၀င်ကြမယ်။ နောက်တခါ လူထုက တင်မြှောက်တဲ့ အတွက် အစိုးရ အဖွဲ့လိုမျိုး ဖြစ်မယ်ဆိုရင် ကျနော်တို့ စဉ်းစားရမှာ (၃) မျိုးရှိပါတယ်။ ပထမက ဘာလဲဆိုရင် ကျနော်တို့ အဖွဲ့ချုပ်ရဲ့ အာဏာပိုင် အဖွဲ့ဖြစ်တဲ့ စီအီးစီ အဖွဲ့လိုမျိုး သို့မဟုတ် စီစီ အဖွဲ့လိုဟာမျိုးဟာ ကျနော်တို့ အရေးတော်ပုံမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များနဲ့ အခြေခံပြီးတော့ ဖွဲ့ရလိမ့်မယ်။ အကယ်၍ အရေးတော်ပုံမှာ ရှေ့တန်းကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တာမဟုတ်တောင်မှ တစုံတရာပါဝင်မှု ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းရမယ်။ အနည်းဆုံး ဒီအရေးတော်ပုံ ထောက်ခံတဲ့သူတွေ ဒီအရေးတော်ပုံရဲ့ ရည်မှန်းချက်များကို လက်ခံတဲ့သူတွေနဲ့ ကျနော်တို့ ဖွဲ့စည်းရမယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့လို ဟာမျိုးက အရေးတော်ပုံ တပ်သားတွေနဲ့သာ ဖွဲ့စည်းရမယ်။ အရေးတော်ပုံမှာ ပါဝင် ဆောင်ရွက်ခဲ့တဲ့ သူတွေနဲ့သာ ဖွဲ့စည်းရမယ်၊ အရေးတော်ပုံ ရည်မှန်းချက်များကို လက်ခံတဲ့ သူများနဲ့သာ ဖွဲ့စည်းရမယ်။
ဒုတိယ အချက်ကတော့ လွှတ်တော်လိုဟာမျိုး၊ ရွေးကောက်ပွဲလို ဟာမျိုး လုပ်တဲ့ အခါမှာလည်း ဘာပဲပြောပြော အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ သူတွေ၊ ဦးဆောင် လှုပ်ရှားခဲ့တဲ့ သူတွေနဲ့သာ ကျနော်တို့ ကျင်းပဖို့လိုမယ်။ နောက်တချက်ကတော့ ကျနော်တို့ အာဏာတို့ ဘာတို့ ရခဲ့သော် သို့မဟုတ် ပြည်သူက လွှဲအပ်လို့ ကျနော်တို့ အစိုးရ အဖွဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ရမယ် ဆိုရင်လည်း အဲဒီ အစိုးရလိုဟာမျိုးဟာ အရေးတော်ပုံ ကက်ဘိနက်ပဲ ဖြစ်ရလိမ့်မယ်လို့ ကျနော် ဆွေးနွေးခဲ့ဖူးတဲ့ အကြောင်း သူ့ကိုလည်း ပြောပြပါတယ်။
နောက်ဆုံးအချက်အနေနဲ့ သူပြောတဲ့ဟာကတော့ သူရဲ့ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သဘောထားပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်ကို ခိုပြီးတော့ နိုင်ငံရေး လုပ်နေတာပဲ ဆိုတဲ့စကားကို၊ ဒါလည်း သူအလွန် နှိမ့်နှိမ့်ချချနဲ့ ပြောတာ တခုဖြစ်တယ်။ နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လုံးဝဥဿုံ ခံယူတယ် ဆိုတဲ့ဟာကို ကမ္ဘာသိကို ကြေညာလိုက်တာပဲ။ ဒါက သူဘီဘီစီမှာ ပြောတဲ့စကားလည်း ပါတာကိုး။ ဒါကြောင့် ကျနော်က ဥက္ကဋ္ဌရဲ့ ပြောဆို ချက်တွေဟာ နိုင်ငံရေး ရိုးသားမှုရှိတယ်၊ နိုင်ငံရေး အမြော်အမြင်ရှိတယ်၊ ခေါင်းဆောင် တင်ရမယ့်လူကို ခေါင်းဆောင် တင်ရမှာပဲဆိုတဲ့၊ ခေါင်းဆောင် သွားတဲ့နောက်ကို လိုက်ရမှာပဲ ဆိုတာကို ထွန်းလင်းပြတဲ့ သဘောဆောင်တယ်လို့ ကျနော် ယူဆပါတယ်။
ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ရထားတာဟာ ဗုဒ္ဓဘာသာ စကားနဲ့ပြောရင် ဗုဒ္ဓဘာသာ ဒေသနာ ကျမ်းတွေမှာ သုံးလေ့ သုံးထရှိတဲ့ စကားနဲ့ ပြောရင် အတော်ကို အရ တော်တယ်လို့ ငါတို့ဘ၀မှာ အရတော်လေစွ လို့ပဲ ပြောရမှာပဲလို့ ကျနော် ပြောခဲ့ပါတယ်။
Ref: ခေတ်ပြိုင်
Sunday, February 14, 2010
နေ့စဉ်သတင်းများ ( ၁၃ - ၂ - ၁၀ )
■ အဲန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦး ပြန်လည်လွတ်မြောက် သတင်း
■ အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ ပြန်လွတ် သတင်း
■ ပြန်လွတ်လာသည့် ဦးတင်ဦး သတင်းသမားများကို ယူနီဖောင်း အပြည့်အစုံဖြင့် တွေ့ဆုံ သတင်း
■ ဦးတင်ဦးနှင့် ဆက်သွယ်မေးမြန်းချက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မည်ဟု ဦးတင်ဦး မျှော်လင့် သတင်း
■ ဦးတင်ဦး လွတ်မြောက်မှု CRPP အတွင်းရေးမှူး ကြိုဆို သတင်း
■ အမေရိကန်မူဝါဒကို ထောက်ခံကြောင်း ဦးတင်ဦး ပြော သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ကလေးများနေ့) ပြည်တွင်းပြည်ပမှာ ကျင်းပ သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းကဗျာ မန္တလေးမှာ ဖြန့်ဝေ သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကလေးကဗျာနှင့် သီချင်းပြိုင်ပွဲ ကျင်းပ သတင်း
■ အသတ်ခံရသည့် ကရင် (၈) ဦးကို မီးသင်္ဂြိုဟ်ပြီးစီး သတင်း
■ စစ်ဘက်ဆိုင်ရာ အရေးကြီးသော စာရွက်စာတမ်းများ ခိုးထုတ်မှုဖြင့် မြန်မာ (၈) ဦးကို ဘင်္ဂလာရေတပ်က ဖမ်းဆီး သတင်း
■ ALA နှင့် တိုက်ပွဲဖြစ်ပွား၍ နအဖစစ်သားတဦး ကျဆုံး၊ နှစ်ဦး ဒဏ်ရာရ သတင်း
■ မြန်မာအမျိုးသမီးအလုပ်သမားတွေ ခံစားခွင့်နဲပါး သတင်း
■ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သုခအလင်း စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ သတင်း
■ သင်္ဃန်းကျွန်းဈေး မီးလောင်မှု ကျပ်သိန်းထောင်ချီ ဆုံးရှုံး သတင်း
■ ပြည်ထောင်စုနေ့အခမ်းအနား အန်အယ်လ်ဒီ ကျင်းပ သတင်း
■ ဒုက္ခသည် (၄၀၀) ကျော် ရပ်ရွာသို့ ပြန်လည်နေထိုင် သတင်း
■ ရွာ(၃)ရွာကို စခန်းဆောက်ရန် ဒီကေဘီအေ အဓမ္မခိုင်းစေ သတင်း
■ မြန်မာ-ဘင်္ဂလားနယ်စပ် ဆင်ဖြူရှာပုံတော် ရွာသားများ ဒုက္ခရောက် သတင်း
■ လှိုင်သာယာ ဖိနပ်စက်ရုံက လုပ်သား (၁၀၀၀) ကျော် ဆန္ဒပြ သတင်း
■ ITUC က လှိုင်သာယာဆန္ဒပြပွဲကို ထောက်ခံ သတင်း
■ မူဆယ်မြို့တွင် မိန်းကလေးငယ် (၄) ဦး အဓမ္မပြုကျင့်ခံရ သတင်း
■ အပြုသဘော တွေ့ဆုံဆွေးနွေးရေးသည်သာ အဖြေ (ဆောင်းပါး)
■ ခါးသီးမှု နားကျည်းမှုတို့ ဘယ်ကိုသွားမလဲ (ဆောင်းပါး)
■ မြက်ရိုင်းထဲက ကြေးရုပ် (ဆောင်းပါး)
■ ကျားနှစ်ကူးတဲ့ ဈေးပွဲတော် (ဆောင်းပါး)
■ ဘ၀မတင့်တယ်သည့် နှင်းဆီခြံမှ ဥယျာဉ်မှူးများ (ဆောင်းပါး)
Saturday, February 13, 2010
နေ့စဉ်သတင်းများ ( ၁၂ - ၂ - ၁၀ )
■ ပင်လုံစိတ်ဓာတ်ကို အလေးထားကြောင်း အန်အယ်လ်ဒီ ပြောကြား သတင်း
■ ပြည်ထောင်စုနေ့အခမ်းအနား အန်အယ်လ်ဒီ ကျင်းပ သတင်း
■ (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ သတင်း
■ စစ်မှန်တဲ့ ပြည်ထောင်စု ဆွေးနွေးပွဲ ကျင်းပ သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြည်ထောင်စုနေ့မှာ အန်အယ်လ်ဒီ တိုက်တွန်း သတင်း
■ ပြည်ထောင်စု အရသာမရှိဟု လှုပ်ရှားသူများ ပြော သတင်း
■ ဦးတင်ဦးကို လွှတ်ပေးရမည်ဟု HRW တောင်းဆို သတင်း
■ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြန်လွတ်လာဖို့ ပါတီမျှော်လင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲမူဝါဒအပေါ် ဦးဝင်းတင် သုံးသပ်ချက် သတင်း
■ CC လျာထားစာရင်း မပေးပို့ဟု NLD ဗဟို ပြောဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကင်တာနာ မျှော်လင့် သတင်း
■ ကုလအထူးသံ ရခိုင်ပြည်နယ်ကို သွားရောက်လို သတင်း
■ လူ့အခွင့်အရေးကိုယ်စားလှယ် ခရီးစဉ်အတွက် စစ်အစိုးရ ပြင်ဆင်မှုများ ပြုလုပ် သတင်း
■ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားများ၏ ဆန္ဒပြပွဲအခြေအနေ သတင်း
■ မကျန်းမာသူ အကျဉ်းသားကို နယ်အဝေးထောင် ပြောင်းရွှေ့ သတင်း
■ သောက်ရေသုံးရေ မရရှိခဲ့တဲ့ လင်ဂင်းအချုပ်စခန်း သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပပါလီမန် ကန့်ကွက် သတင်း
■ စစ်အစိုးရအား ပိုမိုဖိအားပေးရန် တရုတ်၊ ရုရှနှင့် အိန္ဒိယကို ဥရောပပါလီမန် တောင်းဆို သတင်း
■ တိုင်းနှင့်ပြည်နယ် (၁၅) ခုရှိဟု နအဖစစ်အစိုးရ ဖော်ပြ သတင်း
■ အပစ်ရပ်တို့အပေါ် တရုတ်အား အငှားဓားအဖြစ် နအဖ အသုံးပြုဖွယ်ရှိ သတင်း
■ ကေအိုင်အိုနယ်မြေအနီး နအဖစစ်ကြောင်းများ ဝင်ရောက် သတင်း
■ မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် လုပ်ကြံသူ ဖမ်းမိရေးအတွက် ဆုတော်ငွေ ထုတ်ပြန်ထား သတင်း
■ စစ်တပ်က မီးရှို့သဖြင့် ကရင်ရွာသား (၁၀၀၀) ကျော် ထွက်ပြေး သတင်း
■ ‘အမ်အာရ်တီဗွီသရီး’ ကို ‘မြန်မာအင်တာနေရှင်နယ်’ ရုပ်သံလိုင်းအဖြစ် ပြောင်းလဲ သတင်း
■ မြန်မာ့စီးပွားရေးနဲ့ ပုဂ္ဂလိကပိုင် ပြောင်းလဲရေး အစီအစဉ် သတင်း
■ နာရေးဆိုင်ရာ အယူသီးမှုများ ဖြေရှင်းပေးရန် ပန်ကြား သတင်း
■ ပြည်တွင်းစစ်သာ လောင်ကျွမ်းခဲ့သည့် ပြည်ထောင်စု (ဆောင်းပါး)
■ ပြည်ထောင်စုနေ့ကို နားလည်ကြည့်ခြင်း (ဆောင်းပါး)
■ မျိုးဖြင့် … ကိုင်းကူးခံစားခြင်း (ဆောင်းပါး) သတင်း
Friday, February 12, 2010
နေ့စဉ်သတင်းများ ( ၁၁ - ၂ - ၁၀ )
■ NLD ဗဟိုကော်မတီ ရွေးချယ်မှုတွင် သဘောထား ကွဲလွဲမှုများရှိနေ သတင်း
■ အဖွဲ့ချုပ်က ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားများ သတင်း
■ တိုင်းရင်းသားပါတီအချို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေ သတင်း
■ လှိုင်သာယာအလုပ်သမားများ ဆက်ပြီး ဆန္ဒပြ သတင်း
■ လှိုင်သာယာ စက်ရုံအလုပ်သမား ဆန္ဒပြမှု လုံထိန်းအင်အား အများအပြား ချထား သတင်း
■ ကေအန်ယူ တပ်မဟာ (၃) ဒေသမှ ကျေးရွာများကို နအဖတပ်များ မီးရှို့ဖျက်ဆီး သတင်း
■ ကရင်ဒုက္ခသည် ပြန်မပို့ရေး ကြားနာမှု သတင်း
■ စစ်သားများ ဝိုင်းရိုက်၍ စားပွဲထိုး (၂) ဦး ဒဏ်ရာပြင်းထန် သတင်း
■ ပျော်ဘွယ်ကြီးတွင် တောင်သူများအား စစ်သင်တန်းပေး သတင်း
■ အသက် (၁၇) နှစ်နှင့် စစ်သင်တန်း တက်နေရ သတင်း
■ လှည်းကူးမြို့နယ်က ကလေးစစ်သား သတင်း
■ တရားမဝင် ဆန်တင်ပို့မှုကို စစ်တပ်က ငွေကောက် သတင်း
■ ဘင်္ဂလာဒေခ်ျ့ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည် သတင်း
■ မြို့နယ် (၃) မြို့နယ် ရခိုင်ပြည်နယ်တွင် တိုးချဲ့ သတင်း
■ ရွာသူကြီးအပါအ၀င် ရွာသားများ၏ မှတ်ပုံတင်စာရင်းများ စစ်တပ်မှ သိမ်းဆည်း သတင်း
■ နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးတည်ချက်အတိုင်း လုပ်ဆောင်မည်ဟု ဒီကေဘီအေမှ ပြောဆို သတင်း
■ နာဂစ်ဒုက္ခသည်များ အကျပ်အတည်းကြားမှ ရုန်းကန်နေကြရဆဲ သတင်း
■ ရသေ့တောင်ရွာ မီး၊ လူ (၁၅၀) ကျော် အိုးမဲ့အိမ်မဲ့ဖြစ် သတင်း
■ ပန်းခြံကို ရောင်းစား၍ ပြည်သူများ ဒေါသထွက် သတင်း
■ အလုပ်သမားအခွင့်အရေးအတွက် သမဂ္ဂများ လိုအပ်နေ သတင်း
■ နို့ဖိုးစခန်းမှ ဒုက္ခသည်များအတွက် ဘန်ကောက်တွင် အစည်းအဝေး ပြုလုပ် သတင်း
■ ချင်းတွင်းမြစ်အတွင်း ပြဒါးဓာတ်ကြွင်း စစ်ဆေး သတင်း
■ ကချင် မြစ်ဆုံဒေသ ရွှေတူးခွင့် ပိတ်ပင် သတင်း
■ အကျိုးပြု ဂီတပွဲတော် နေပြည်တော်တွင် ကျင်းပမည် သတင်း
■ ဒဏ္ဍာရီ တေးစီးရီးမိတ်ဆက်ပွဲ မဲဆောက်တွင် ကျင်းပ သတင်း
■ ဘားမားဗွီဂျေရုပ်ရှင်ကို ဘောလိဝုဒ်ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့် သတင်း
■ မဲဆောက်က သိုးမွှေးလောက (ဆောင်းပါး)
■ ယနေ့ တိုင်းရင်းသားပြည်သူတို့၏ သမိုင်းရေးတာဝန် (ဆောင်းပါး)
■ ခွင့်မဲ့နဲ့ သက်ချောင် (ဆောင်းပါး)
အဖွဲ့ချုပ်၊ ပင်လုံလမ်းနှင့် လျှောက်လှမ်းသည့် ခရီး…
မင်းဟန်
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀
ဤအခြေအနေအား ဗြိတိသျှအစိုးရသည် သိ၏။ ထိုကြောင့်ပင် လန်ဒန်၌ အောင်ဆန်း၊ အက်တလီ စာချုပ်အား ချုပ်ဆိုသည့် အခါတွင် စာချုပ်၏ အပိုဒ်-၈ အပိုဒ်ခွဲ (ခ) ၌......
`နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒ သဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒ သဘောထား မေးမြန်းခြင်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင် ဖြစ်စေ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့် အချက်က တောင်တန်းဒေသ ပြည်နယ်များ အနေနှင့် မြန်မာနိုင်ငံ အစိုးရနှင့် ဆက်ဆံရေးကို မည်သည့် ပုံစံမျိုးဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင် ဖြစ်သည်။´
အဓိပ္ပာယ်ကား .... တောင်တန်းဒေသ တိုင်းရင်းသားများအနေနှင့် မြန်မာတို့နှင့် အတူ လွတ်လပ်ရေးကို ရယူမလား၊ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေးမျိုး ရယူမလား၊ ဟူ၍ သဘောထား တောင်းခံရန် ဖြစ်၏။
.... မြန်မာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ရှမ်း၊ ကချင်၊ ချင်းတို့၏ လွတ်လပ်ရေးသည် ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်သည်။
.... ဒီမိုကရေစီနည်းစနစ်အရ မြန်မာလူမျိုးတို့ ရရှိခံစားနေသည့် အဆင့်အတန်း အခွင့်အရေးများနှင့် အကျိုး စီးပွားများကဲ့သို့ ရှမ်း၊ ကချင်၊ ချင်းတို့လည်း ရရှိခံစားရန် လိုလားသည်။
.... ရှမ်း၊ ကချင်၊ ချင်း အမှုဆောင် ဝန်ကြီးများသည် မိမိတို့ သက်ဆိုင်ရာ ပြည်နယ်အတွင်း အရေးကိစ္စ အဝဝ တို့တွင် မိမိတို့သာလျှင် တာဝန်ခံ၍ ... ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည့် အများနှင့် သက်ဆိုင်ရာ ကိစ္စများကို မြန်မာများနှင့် ပူးပေါင်းတာဝန်ခံ ဆောင်ရွက်လိုသည်။
ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်က အောင်ဆန်း - အက်တလီ စာချုပ် အပိုဒ် ၈- အပိုဒ်ခွဲ (ခ) ကို အဖြေပေးပြီး ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အစည်းအဝေးက အခက်အခဲ အကျပ်အတည်း များတော့ ရှိခဲ့၏။ လိပ်ခဲတည်းလည်း အခြေအနေများ ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံး၌ ပြည်ထောင်စု စာချုပ် ချုပ်ဆို နိုင်ခဲ့ကြ၏။ တိုင်းရင်းသား သွေးစည်း ညီညွှတ်ရေးစာချုပ် .....။ ပင်လုံစာချုပ်......။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်း ကိုယ်စားလှယ် ၂၁ ဦးတို့ လက်မှတ် ရေးထိုးခဲ့ကြ၏။
`တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုလက်ရှိ ခံစားလျက်ရှိသော ကိုယ်ပိုင် အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံးဝ ပြုမူလိမ့်မည် မဟုတ်၊ တောင်တန်း ဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည်။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်´။ ဤကား ..... ပင်လုံစာချုပ်၏ အနှစ်သာရပင် .....။
စာချုပ်ကို အနှစ်ချုပ်ကြည့်ပါက .......
- ဒီမိုကရေစီအခွင့်အရေးနှင့် ရပိုင်ခွင့်များ ရှိစေရမည်။
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိစေရမည်။
ဤသည်ပင်... ပင်လုံ၏ သုံးဖြာသော အသက်သွေးကြော .....။ ဤသည်ပင်... ပင်လုံ၏ လမ်းညွှန်မြေပုံ.....။ ဤသည်ပင်... ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်လိုသည့် မြန်မာပြည်ထောင်စုသစ် .....။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားအရေး၊ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ အစဉ် တစိုက်ပင် သဘောထား ထုတ်ပြန်ခဲ့၏။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ၌ အဖွဲ့ချုပ်သည် တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ ကြေညာချက်အမှတ် ၉ ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန် ကြေညာချက်ကို ပင်လုံ၌ပင် ဒေါ်အောင်ဆန်းစုကြည်မှ လူထုကို ရှင်းလင်း ပြောကြားခဲ့သည်။
ကြေညာချက်အမှတ် ၉ က မည်သို့နည်း .....။ မူသဘောထားအား ကောက်နုတ်၍ ဖော်ပြပါမည်။
`.....ပြည်ထောင်စုတခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍနယ်ပယ်အားလုံး၌ အပြည့်ဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်အမှန်ဆုံးသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးကို ဦးတည်ရှေးရှုမည်။´
`.... တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကဏ္ဍ နယ်ပယ်အသီးသီး၌ ကိုင်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေးကို ဦးတည်ရှေးရှုမည်။´
မူသဘောထားများ အကောင်အထည်ဖော်နိုင်ရန် ယေဘုယျ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့သည်။ ကောက်နုတ်၍ ဖော်ပြရလျှင် .....
`ပင်လုံညီလာခံကြီး ကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ် ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်။ ထိုညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုး အားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့်၊ လူမျိုးနွယ်ကြီးတခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေ၊ ဒေသရှိသော လူမျိုးငယ်တို့ သီးခြား နယ်မြေဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ စသည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍ အများ သဘောညီမျှသော ပြဌာန်းချက်များကို ချမှတ်မည်။ ´
ပင်လုံညီလာခံကြီးကဲ့သို့ဟူသည်က ထိုညီလာခံသည် ပြည်ထောင်စု စိတ်ဓာတ် လုံးဝ လွှမ်းမိုးသော ညီလာခံကို ဆိုလိုခြင်း ဖြစ်သည်။ အာဏာစက်မရှိရ.... သေနတ်ပြောင်းဝများဖြင့် ချိန်မထားရ ဟူ၍ ဖြစ်သည်။ ညောင်နှစ်ပင်ကဲ့သို့ မဟုတ် ။
၁၉၈၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် NLD တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဗိုလ်အောင်ကျော်လမ်း ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့၏။ ပူးတွဲ ကြေညာချက်က ......
`တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူမှု၊ နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိစေမည့် အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသား အားလုံး သွေးစည်း ညီညွှတ်စွာ ထူထောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က တညီ တညွှတ်တည်း သဘောတူကြသည်´
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိစေရမည်ဟူသည်က ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၏ အနှစ်သာရ သဘောတရားပင် ဖြစ်သည်။
နိဂုံးချုပ်ပါမည်…နိဂုံးကို … ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံညီလာခံတွင် ပြောကြားသည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းဖြင့်ချုပ်ပါရစေ…
''မြန်မာများသည် ဗြိတိသျှ၏ ကျွန်မဖြစ်လို၊ ထိုနည်းတူစွာ တောင်တန်း လူမျိုးများလည်း ဗြိတိသျှကျွန် အဖြစ် မရောက်စေလို၊ ထို့အပြင် တောင်တန်း လူမျိုးများသည် မြန်မာ့ကျွန် အဖြစ်လည်း မဖြစ်စေလို၊ တောင်တန်းနယ်ကို တောင်တန်း လူမျိုးများသာ အုပ်ချုပ် စိုးမိုးခြင်းကို မြန်မာများက ကြိုက်နှစ်သက်ပါကြောင်း ...."
Ref: မဇ္ဈိမ
Thursday, February 11, 2010
နေ့စဉ်သတင်းများ ( ၁၀ - ၂ - ၁၀ )
■ ရွေးကောက်ပွဲဝင်ရန် မဆုံးဖြတ်နိုင်သေးဟု ဒေါ်အောင်ဆန်းစုကြည် ဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ရန် မလေးရှားက တိုက်တွန်း သတင်း
■ ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပါတီ ရွေးကောက်ပွဲဝင်မည် သတင်း
■ ဇီးကုန်း အန်အယ်လ်ဒီအဖွဲ့ဝင် ဦးအေးကို ထောင်ဒဏ် (၂) နှစ် အပြစ်ပေးခံရ သတင်း
■ လှိုင်သာယာမြို့နယ် အဖွဲ့ချုပ်ဝင် ဦးတင်ယုကို ခန္တီးထောင်ပို့ သတင်း
■ အန်အယ်လ်ဒီ ပါတီဝင်နှစ်ဦး ထောင်ပြောင်းရွှေ့ သတင်း
■ မြန်မာအစိုးရကို ဖိအားပေးရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က တောင်းဆို သတင်း
■ ကိုညီညီအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၅) နှစ် အပြစ်ပေးခံရ သတင်း
■ လှိုင်သာယာ ဆန္ဒပြ အလုပ်သမားအရေး တာဝန်ရှိသူတွေ ညှိနှိုင်းပေးနေ သတင်း
■ လှိုင်သာယာက အလုပ်သမား (၄၀၀၀) ကျော် သုံးရက်မြောက် ဆန္ဒပြ သတင်း
■ လှိုင်သာယာစက်မှုဇုန် လုံခြုံရေးထပ်မံတင်းကျပ် သတင်း
■ ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ပြီဟု အက်ဖ်အေအို ပြောကြား သတင်း
■ ဆန္ဒပြမှု ကူးစက်မည်ကို စိုးရိမ်၍ လှိုင်သာယာစက်ရုံအချို့ ပိတ် သတင်း
■ လစာတိုးသဖြင့် အလုပ်သမားများ သပိတ်လှန် သတင်း
■ နအဖ ကမ်းလှမ်းမှုကို ဝခေါင်းဆောင် ထပ်မံပယ်ချ သတင်း
■ နယ်ကျွံသည့် ၀ လက်နက်ကိုင်အား ထိုင်းတပ်မတော် ပစ်သတ် သတင်း
■ ငြိမ်းအဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်အရေး သတင်း
■ လက်နက်ချ/တပ်အသွင်ပြောင်းမှုသည် ညံ့ဖျင်းသူအလုပ်ဟု SSA ခေါင်းဆောင်ပြော သတင်း
■ သျှမ်းပြည်ကွန်ဂရက် အီးစီဥက္ကဌရာထူး လားဟူခေါင်းဆောင် ပြန်လည်အရွေးခံရ သတင်း
■ သျှမ်းခေါင်းခေါင်းဆောင်များ လွှတ်ပေးရန် စစ်အုပ်စုထိပ်သီးကြီးထံ SNLD တောင်းဆို သတင်း
■ သျှမ်းဒေသခံများ ရွှေလီရေအားလျှပ်စစ်မီးနှင့် အလှမ်းဝေးနေဆဲ သတင်း
■ မူစယ် တိုးချဲ့ကွက်သစ် ဒေသခံများအတွက် အကျိုးမရှိ သတင်း
■ ထိုင်းသို့ ပြန်လာသည့် ဒုက္ခသည်မိသားစု (၃) စု နောင်ဘိုးဒုက္ခသည်စခန်းတွင် နေခွင့်မရ သတင်း
■ စစ်တွေရှိ ဆရာတော် ဦးဥတ္တမရုပ်ထု စစ်တပ်က ဖျက်မည်ဆို၍ လူများ ၀ိုင်းအုံကြည့် သတင်း
■ မော်လမြိုင်မြို့နယ်တွင် ရဲများက ၀ိုင်းရိုက်၍ မွန်လူမျိုးတဦး သေဆုံး သတင်း
■ ဦးလေးထံ ဖုန်းဆက်မှ စစ်တပ်ထဲရောက်နေကြောင်း မိဘများသိရ သတင်း
■ နိုင်ငံပေါင်း (၁၃) နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုတွင် သြစတြေးလျတပ် ပါဝင် သတင်း
■ နယ်စပ်ခြံစည်းရိုး ကာရန်နေရာမှ နေ့စားအလုပ်သမားများ ထွက်ပြေးမှုတိုးပွား သတင်း
■ ယာဉ်ထိန်းရဲများ ဖမ်းဆီးနေသည့်အကြား ယာဉ်တိုက်မှု ဖြစ်ပွား သတင်း
■ ကျောက်ဖြူတွင် တွင်ကျယ်လာသော ပြည့်တန်ဆာလုပ်ငန်းများ၌ အာဏာပိုင်များ ပါဝင်ပတ်သက်နေ သတင်း
■ မြစ်ဆုံကြောင့် ရွာများ ပြောင်းရွှေ့ရန် ပြင်ဆင်နေ သတင်း
■ ရုပ်ရှင်ရုံတွေလည်း ပုဂ္ဂလိကထံ ရောင်းချ သတင်း
■ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရေး သက်တမ်းတိုးပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုမည် သတင်း
■ စီးပွားရေး - လောင်စာဆီ၊ ဘဏ်သစ်၊ ပဲစဉ်းငုံ၊ ဆန်၊ လစာနှင့် ကုန်ဈေးနှုန်း သတင်း
■ မြန်မာဘာသာပြန်စာအုပ် ပြုံယမ်းက စိစစ်နေ သတင်း
■ ပြည်ထောင်စုနေ့နဲ့ ပင်လုံစိတ်ဓာတ် (ဆောင်းပါး)
■ ငါတို့ဗိုလ်ချုပ် (ဆောင်းပါး)
■ ချိုကုပ်ဒူးကြီးကို စိတ္တဇဆေးရုံသို့ ပို့ဆောင်ရခြင်း (ထွေရာလေးပါး)
အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
NEJ/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါဝင်ယှဉ်ပြိုင်ရန်၊ မယှဉ်ပြိုင်ရန် ဆိုသည်ကို ဆုံးဖြတ်ရန် အချိန် စောလွန်းသေးကြောင်း နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ထုတ်ဖော် ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဆိုတာ ဒီအချိန်မှာ ဆုံးဖြတ်လို့ မရသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေဟာ အများကြီးသိဖို့ လိုသေးတယ်။ ဒါတွေ သိပြီးမှသာ စဉ်းစား ဆုံးဖြတ်နိုင်မယ်လို့ ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင် မ၀င် ဆိုသည်ကို မဆုံးဖြတ်သေးကြောင်း ပြောကြားချက်သည် မှန်ကန်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။
၎င်းက “ရှင်းနေတာပဲဗျာ။ ရွေးကောက်ပွဲကိစ္စဆိုတာ အစိုးရက စပြောရမယ့် တာဝန်၊ ကျနော်တို့က ဘာမှ ပြောစရာ မလိုဘူး။ ခပ်ရိုင်းရိုင်း ပြောလိုက်မယ်ဗျာ။ ကျနော်တို့က အမြီးနှံ့နေစရာ အချိန်မဟုတ်ဘူးဗျ။ သွားရည်ယိုနေစရာ အချိန်လည်း မဟုတ်ဘူး။ စောသေးတယ်။ ဒေါ်စု ပြောတာမှန်တယ်။ အစိုးရက သူတို့ ပြောရမယ့် တာဝန်ဗျာ။ ၂၀၁၀ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သူတို့ ပြောထားတယ်။ ပြောထားတဲ့ ကြားထဲက အခုထိ စကားတခွန်းမှ မဟဘဲနဲ့နေရင် ကျနော်တို့ဘက်က ရွေးကောက်ပွဲကို ပြောဖို့ စောသေးတယ်ဆိုတဲ့ ဒေါ်စုရဲ့စကားဟာ မှန်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
“နောက်တချက်က ဒေါ်စုက ဒီလိုပြောတာဟာ တိုင်းသူပြည်သားတွေကိုလည်း ပြောတာလို့ ထင်တယ်။ နောက်တခုက ကျနော်တို့ အန်အယ်လ်ဒီတွေ ဒါမှမဟုတ် တခြားသော နိုင်ငံရေး အဖွဲ့အစည်းများကို ပြောတယ်လို့ထင်တယ်။ ဒီလိုပြောမှ သာလျှင် ပါတီ အဖွဲ့အစည်းများ အကြား ပြည်သူများ အကြားမှာ ရှုပ်ထွေးတဲ့ အမြင်တွေ၊ ဆန္ဒစောတဲ့ အမြင်တွေ၊ နောက် မစားရ ၀ခမန်း ဘယ်အချိန်မှ စားရမယ်မှန်း မသိဘဲနဲ့ လျှောက်ပြောနေသူတွေရဲ့ အဆိုအပြောတွေကို နားမယောင်ဖို့ အခြေအနေတွေကို ပေါ်စေမယ်လို့ ကျနော်ထင်တယ်ဗျ” ဟု ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။
စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကို ကြေညာခြင်း မရှိသည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို ထုတ်ပြန်ခြင်း မရှိသေးပေ။
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်း ကမူ စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် သက်ဆိုင်သူများ အားလုံး ပါဝင်ပြီး တရားမျှတ လွတ်လပ်သည့် ရွေးကောက်အဖြစ် အသိအမှတ်ပြု ခံရရေးနှင့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုထားသည်။
Ref: ခေတ်ပြိုင်
Wednesday, February 10, 2010
နေ့စဉ်သတင်းများ ( ၉ - ၂ - ၁၀ )
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို သတင်း
■ လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား သတင်း
■ စက်ရုံအလုပ်သမား တထောင်ကျော် လိုလားချက်တွေ ဆန္ဒပြတောင်းဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အင်္ဂါဆုတောင်းပွဲ များ ဆက်လက်ပြုလုပ်နေဆဲ သတင်း
■ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြင့် အဖြေရှာရန် ရှမ်းအဖွဲ့ချုပ် တောင်းဆို သတင်း
■ ပဲခူး၊ ဇီးကုန်းမြို့နယ်အဖွဲ့ချုပ်ဝင် ဦးအေးကို ထောင်ဒဏ် (၂) နှစ် ကျခံရ သတင်း
■ ကေအိုင်အေကို နယ်ခြားစောင့်တပ်ရင်း (၇) ရင်းအဖြစ် ပြောင်းလဲဖို့ စစ်အစိုးရ ပြောကြားထား သတင်း
■ အက်စ်အက်စ်အေ(မြောက်ပိုင်း)အဖွဲ့၊ ၀ အဖွဲ့တို့နဲ့ စစ်အစိုးရအကြား ဆက်ဆံရေးတင်းမာ သတင်း
■ ရှမ်းခေါင်းဆောင်များ လွှတ်ပေးပြီး ဆွေးနွေးရန် SNLD တောင်းဆို သတင်း
■ စစ်ဗိုလ်နဲ့ စကားများလို့ စားသောက်ဆိုင်ဝန်ထမ်းများ အရိုက်ခံရ သတင်း
■ ပြည်သူ့စစ်ကြေး ကောက်ခံမှုအပေါ် မကျေနပ်သည့် ရွာသားတဦး ဖမ်းဆီးသတ်ဖြတ်ခံရ သတင်း
■ ယာဉ်ထိန်းရဲ စစ်ဆေးခြင်းကို မခံ၍ ထွက်ပြေးသူ အုတ်နံရံနှင့်တိုက်ပြီး ဒဏ်ရာရ သတင်း
■ အရန်မီးသတ်သင်တန်းသားများ သင်တန်းကအပြန် ကားမှောက်သေဆုံး ဒဏ်ရာရ သတင်း
■ နာဂစ်မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ သတင်း
■ ဂူးဂဲလ် (Google) - နှောင်းလူတို့ရဲ့ ကိုးကွယ်ရာဘာသာ အသစ် သတင်း
■ လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ သတင်း
■ ဖမ်းစီးမည့်သတင်းကြောင့် မလေးရှားရောက် အလုပ်သမားများ ထိတ်လန့်နေကြ သတင်း
■ အန်အယ်လ်ဒီ ဗဟိုဦးစီးအတွက် တိုင်းနှင့်ပြည်နယ်များမှ စာရင်းသွင်း သတင်း
■ UWSP ဥက္ကဋ္ဌက စရဖ အကြီးအကဲနှင့် တွေ့ရန် ထပ်မံ ငြင်းဆို သတင်း
■ ရှမ်း-ငြိမ်းအဖွဲ့ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး သတင်း
■ ယခုလ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့ရမည်ဟုဆို သတင်း
■ SSA ကို ပြည်သူ့စစ်ဖွဲ့ရန် စစ်အစိုးရ ရာဇသံပေး သတင်း
■ သံဃာတော်တပါး အဖမ်းခံရပြီးနောက် အင်တာနက်ဆိုင်များ စစ်ဆေးခံရ သတင်း
■ အင်တာနက်ဆိုင် လိုင်စင်ကြေး ကွက်ကြားလျှော့ သတင်း
■ ရန်ကုန်တွင် ကားဈေးများ ကျဆင်းကာ ဈေးကွက်ပျက် သတင်း
■ မြေခပန်း မနွမ်းပါ (ဆောင်းပါး)
■ သန်းရွှေတို့ တဆွေတမျိုးလုံး စေတနာတွေ ဖုံးလို့ပါ (အတို့အထိ)
Tuesday, February 9, 2010
နေ့စဉ်သတင်းများ ( ၈ - ၂ - ၁၀ )
■ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက် ဖြစ်ပွား သတင်း
■ ရန်ကုန် မြို့နယ်တချို့တွင် ကြက်၊ ဘဲ ရောင်းချခွင့် ပိတ်ပင် သတင်း
■ တုပ်ကွေးရောဂါပိုးကျ၍ ကြက်ကောင်ရေ (၂၅၀၀) ကျော်ကို သုတ်သင် သတင်း
■ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု ပြီးစီးခါနီးပြီဟု နအဖနိုင်ငံခြားရေးဝန်ကြီး ပြော သတင်း
■ အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် သတင်း
■ အညံ့ဆုံးများထဲမှာ အကောင်းဆုံးကိုရွေး၍ ဇာတ်ကားဆုပေးခဲ့ဟုဆို သတင်း
■ အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ သတင်း
■ သျှမ်းပြည်အမျိုးသားနေ့ မရှိလျှင် ပြည်ထောင်စုနေ့ ရှိမည်မဟုတ် သတင်း
■ ရှမ်းပြည်နယ်နေ့ - ရှမ်းအတိုင်ပင်ခံကောင်စီကို မျိုးဆက်သစ် ရှမ်းလူငယ်များ မမေ့ သတင်း
■ အင်ဒိုနီးရှား-မြန်မာ တိုက်ရိုက်ဘဏ်ဆက်သွယ်မှုစနစ် ထူထောင်ဖွယ်ရှိ သတင်း
■ မြန်မာ့ရေးရာ ဥရောပဆွေးနွေးပွဲ သတင်း
■ အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များ ညွှန်ကြား သတင်း
■ နိုင်ငံပိုင်ဆိပ်ကမ်းများ ပုဂ္ဂလိပိုင် ပြုလုပ်မည် သတင်း
■ ကမ္ဘာ့ဒုတိယအကြီးဆုံး ကျောက်စိမ်းတုံးကြီးကို ကျောက်မျက်ရတနာပြပွဲတွင် ပြမည် သတင်း
■ ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်ကို ပုဂ္ဂလိကသို့ ရောင်းပြီ သတင်း
■ ဘင်္ဂလား-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းသစ် ဖွင့် သတင်း
■ ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်း များပြား သတင်း
■ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး သတင်း
■ မင်းပြားတွင် မီးလောင်၍ အိမ်ခြေ (၁၅) လုံး ဆုံးရှုံး သတင်း
■ ဂတ်စ်ပိုက်လိုင်းအတွက် မဒေးကျွန်းရှိ အိမ်များ ဖြိုဖျက်ခံရပြီး လယ်မြေများ သိမ်းပိုက်ခံရ သတင်း
■ ဂျပန်ကို တင်ပို့သည့် မြန်မာ့စားသောက်ကုန်၌ အန္တရာယ်တွေ့ရှိ သတင်း
■ သားပျောက်မိခင်၏ သောက - ကိုးတန်းကျောင်းသားကို စစ်ထဲသွင်းရန် ခေါ်သွား သတင်း
■ တောင်းရမ်းသူ ပပျောက်ရန် YCDC က အလုပ်ပေးသော်လည်း လုပ်ကိုင်လိုသူ ရှားပါး သတင်း
■ ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ သတင်း
■ အမည်တူ၊ လုပ်ငန်းတူသူတဦး ကွယ်လွန်သွားကြောင်း လူရွှင်တော် မေတ္တာ ပြောကြား သတင်း
■ အမှားမခံသော နယ်ခြားစောင့်ပြောင်းလဲရေး အာခံခြင်း (ဆောင်းပါး)
■ ဥပဒေ၏ အထက်တွင် ရောက်နေသူများ (ဆောင်းပါး)
■ အလွမ်းစကား (ဆောင်းပါး)
■ ဆရာ … နှစ်ယောက် (ဆောင်းပါး)
■ ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်)
Monday, February 8, 2010
နေ့စဉ်သတင်းများ ( ၇ - ၂ - ၁၀ )
■ မျှတမယ်ဆို သူတောင် ပါတီထောင်မယ်လို့ ဗိုလ်မှူးကြီး ရွက်ဆစ် ပြော သတင်း
■ ဒုတိယနှစ်ဝက်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟုဆို သတင်း
■ ပင်လုံစာချုပ်၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ၂၀၁၀ ရွေးကောက်ပွဲ သတင်း
■ သာစည်ဘူတာမှာ အဓမ္မ စစ်သားစုဆောင်းနေ သတင်း
■ ကယားပြည်နယ် ကျေးရွာတရွာ အစိုးရစစ်တပ် အနိုင်ကျင့် နှိပ်စက် သတင်း
■ နအဖတပ်နှင့်ကျေးရွာပြည်သူ့စစ်တို့ပေါင်း၍ မွန်ခွဲထွက်များအား ရှင်း လင်းသွားမည်ဟု ဆို သတင်း
■ မြန်မာသံရုံးမှာ တာဝန်ကျပြီး ရုံးမတက်တဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ သမီး များ သတင်း
■ ရှမ်းပြည်နယ်နေ့ အခမ်းအနားများ ပြည်တွင်းပြည်ပမှာ ကျင်းပ သတင်း
■ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ သတင်း
■ အစိုးရမှာ မြန်မာဒုက္ခသည်တွေကို အတင်းပြန်ပို့ဖို့ ပေါ်လစီ မရှိပါဘူးလို့ ၀န်ကြီးချုပ် ပြော သတင်း
■ ဆစ်ဒနီတွင် ကရင့်နေ့ထူး (၃) ခု စုပေါင်းကျင်းပခဲ့ သတင်း
■ ဘားမားဗွီဂျေ ရုပ်ရှင်အပေါ် မြန်မာ့အနုပညာလောကနှင့် သတင်းသမားများ၏ အမြင် သတင်း
■ ဟာသသရုပ်ဆောင်ကြီး ဂျော်လီဆွေ ကွယ်လွန် သတင်း
■ ပြည်သူ့တပ်မတော် ဖွဲ့စည်းဖို့ ထပ်စင် ခြိမ်းခြောက်နေတာကို မကြောက်ဖို့ ၀န်ကြီးချုပ်က ပြည်သူတွေကို တောင်းဆို သတင်း
■ အာဏာသိမ်းတာတွေ ဖြစ်မှာမဟုတ်၊ ကဆစ်က နိုင်ငံခြားသံတမန်များအား အာမခံ သတင်း
■ နေပြည်တော် အကယ်ဒမီပွဲကြီးမှသည် ၂၀၁၀ ရွေးကောက်ပွဲကြီးဆီသို့ (ဆောင်းပါး)
Sunday, February 7, 2010
နေ့စဉ်သတင်းများ ( ၆ - ၂ - ၁၀ )
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်သင့်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပြောဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ရွေးကောက်ပွဲ အဓိပ္ပါယ်မရှိ သတင်း
■ ချင်းပြည်နယ်မှာ ၀က်တုပ်ကွေး လေးယောက် ထပ်တွေ့ သတင်း
■ ရန်ကုန်၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွား သတင်း
■ စစ်ရုံးကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေး ဖြစ် သတင်း
■ ကလေးစစ်သားသတင်း ထုတ်လွှင့်သည့် အသံလွှင့်ဌာနများကို တရားစွဲမည်ဟုဆို သတင်း
■ ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ရင်းပြန်ရန် ဖိအားပေးနေဆဲ သတင်း
■ ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် နယူးဒေလီ၌ ဆန္ဒပြ သတင်း
■ သမိုင်းဝင် သျှမ်းတော်လှန်ရေးခေါင်းဆောင် ကွယ်လွန် သတင်း
■ သျှမ်းပြည်အမျိုးသားနေ့ အကြောင်းသိကောင်းစရာ သတင်း
■ (၁၃) နိုင်ငံပါဝင်သော ရေတပ်စစ်ရေးလေ့ကျင့်မူ အန်ဒမန်ပင်လယ်ပြင်တွင် ပြုလုပ် သတင်း
■ ပဲခူး အင်တာနက်ဆိုင်ပိုင်ရှင်များ အသုံးပြုသူမှတ်တမ်း လုပ်ပေးရ သတင်း
■ ဂေါပကလူကြီးသမီး လုပ်ရပ်ကို မြို့ခံများ မကျေနပ် သတင်း
■ စက်သုံးဆီဆိုင်များအတွက် အဆိုပြုလွှာခေါ် သတင်း
■ ပြဿနာရှာတဲ့ မေးခွန်းနဲ့ မဖြေနိုင်သေးတဲ့ အဖြေများ သတင်း
■ စတုတ္ထအကြိမ်မြောက် တော်ဘုရားကလေး စာပေဆုပေးပွဲ ကျင်းပ သတင်း
■ အကယ်ဒမီ ပေးပြီ၊ ‘အများနှင့် မသက်ဆိုင်သောသူ’ ဇာတ်ကား ဆုအများဆုံးရ သတင်း
■ ကိုယ်ပိုင်ပြဌာန်းခွင့်မရသရွေ့ နယ်ခြားစောင့်တပ်ကို ကေအိုင်အို လက်မခံ သတင်း
■ ကချင်တော်လှန်ရေးနေ့၌ ယူကေရောက် ကချင်များ ဆန္ဒပြ သတင်း
■ ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်တွေက စတင်ပြန်ပို့နေပြီ သတင်း
■ အိမ်ပြင်သည်ကို ကန့်ကွက်ခံရမှု ဒေါ်အောင်ဆန်းကြည်က တုန့်ပြန်ကန့်ကွက် သတင်း
■ အဖွဲ့ချုပ်ဝင်များကို ထောင်ပြောင်း - ကိုရွှေဂျိုး၊ ကိုစိန်လှိုင်၊ မချို သတင်း
■ နိုင်ငံသားကတ် လုပ်ပေးရာ၌ လ၀က၀န်ထမ်းအချို့ လာဘ်စားမှုရှိ သတင်း
■ မြို့နယ်အာဏာပိုင်က ပြက္ခဒိန်၊ ဗီစီဒီ အတင်းအကျပ်ရောင်း သတင်း
■ တိုင်းရင်းသားဒေသများ၌ ကျောပိုးအိတ်အဖွဲ့၏ ငှက်ဖျားရောဂါကုသမှု အခြေအနေ သတင်း
■ ပထမ မြန်မာပါရဂူတဦး (ဆောင်းပါး)
■ ပုဂ္ဂလိပိုင် လွှဲပြောင်းရေး ဘာလဲ ဘယ်လဲ (ဆောင်းပါး)
■ ဗမာစစ်အစိုးရ အဏုမြူပြဿနာ (မျက်မှောက်ရေးရာ)


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88