Friday, March 12, 2010
နေ့စဉ်သတင်းများ ( ၁၁ - ၃ - ၁၀ )
■ စိန်ခေါ်မှုတွေကို ညီညွတ်စွာ ရင်ဆိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း သတင်း
■ ရွေးကောက်ပွဲဥပဒေသစ် ရှက်ဖွယ်ကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သတင်း
■ တရားမျှတမှုမရှိတဲ့ ဥပေဒလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် သတင်း
■ တစုံတဦးကို ရည်ရွယ်တဲ့ ရွေးကောက်ပွဲဥပဒေအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်လည်း မဖြစ်နိုင် သတင်း
■ နိုင်ငံရေးအကျဉ်းသားတွေကို မတားမြစ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း သတင်း
■ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရ တရားဝင် ပယ်ဖျက် သတင်း
■ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း သတင်း
■ အန်အယ်လ်ဒီရုံးတွေ ပြန်ဖွင့်ခွင့်ပြု သတင်း
■ ရွေးကောက်ပွဲဥပဒေ နိုင်ငံတကာ ဝေဖန် သတင်း
■ စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်မှု ရှိမရှိ ဆန်းစစ်ဖို့လို သတင်း
■ ရွေးကောက်ပွဲဥပဒေ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်နဲ့ ကိုက်ညီမှုမရှိ သတင်း
■ ပါတီမှတ်ပုံတင်ဥပေဒ ရွေးကောက်ပွဲအပေါ် ယုံကြည်မှုကင်းမဲ့သွားစေဟု အမေရိကန် ပြောကြား သတင်း
■ စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင် ငြင်း သတင်း
■ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အမည်စာရင်း စစ်အစိုးရ ထုတ်ပြန်ကြေညာ သတင်း
■ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုအပေါ် နောက်ထပ်စွဲချက်အသစ်တင် သတင်း
■ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား သတင်း
■ ဥပဒေ မပြင်လျှင် ပါတီမှတ်ပုံမတင်ဟု တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ကြောင်း အင်အားအကြီးဆုံး ရခိုင်လက်နက်ကိုင်ပါတီမှ သဘောထား ထုတ်ပြန် သတင်း
■ ရွေးကောက်ပွဲဥပဒေ ရန်ကုန်သားများ မကျေနပ် သတင်း
■ ရွေးကောက်ပွဲကော်မရှင် အမည်စာရင်း ကြေညာ သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်ရုံးများ ဖွင့်လှစ်နေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များ တွေ့ဆုံရန် လိုအပ် သတင်း
■ ဘယ်လိုဆုံးဖြတ်မလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဆောင်းပါး)
■ နအဖ စစ်အာဏာရှင်တွေကို ယုံစားရင် အကုန်မှားလိမ့်မယ် (ဆောင်းပါး)
■ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုပါလျှင် (ဆောင်းပါး)
■ စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း (ဆောင်းပါး)
Thursday, March 11, 2010
စစ်အစိုးရလုပ်ရပ် အန်အယ်ဒီ မကျေနပ်
ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀
စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် လုံးဝကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောလိုက်ပြီး အခက်အခဲ အကျပ်အတည်းတွေ့အောင် လုပ်လိုက်သော ပြဌာန်းချက်ဟု ပါတီ ပြန်ကြားရေးမှ ဦးဥာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ စီအီးစီများ တွေ့ဆုံ အဖြေရှာမည်ဖြစ်ရာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မဇ္ဈိမက ဦးဥာဏ်ဝင်းနှင့် ပါတီ၏ ဥပဒေ အကြံပေး ဦးအောင်သိန်းတို့ကို ဆက်သွယ် မေးမြန်းထားသည်။
ရှေ့နေ ဦးဥာဏ်ဝင်း
ဗဟိုအလုပ်အမှုဆောင်ဝင်နှင့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ် အန်ကယ်တို့ ပါတီအနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။
''ဒီဥပဒေကတော့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ၊ NLD အပါအဝင် အားလုံးကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမယ် ဆိုတဲ့ ဝန်ခံချက်နဲ့ မှတ်ပုံတင်ရမှာ ဖြစ်တယ်။ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ခံရမယ် ဆိုတော့ ဒီဟာက အင်မတန်ကြီးမားတဲ့ အခက်အခဲလို့ ကျနော် ပြောချင်တယ်''
ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၂ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။
''ဒါကလည်း တကယ့်ကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက်ပဲ။ ဒီလို ပြဋ္ဌာန်းချက်မျိုး ကျနော်တို့ အတွေ့အကြုံအရ နိုင်ငံတကာမှာ တခါမှ မတွေ့ဖူးဘူး။ အဲဒီတော့ ဒီဟာက ဒီတိုင်းပြည်တွင်းမှာ ပါတီတွေကို ထိန်းချုပ်ဖို့၊ ပါတီတွေကို ကန့်သတ်ဖို့ ကျိုးစားဆောင်ရွက်တဲ့ လုပ်ရပ်လို့ ကျနော် အဲဒီလို မြင်ပါတယ်''
ဒီဥပဒေအရဆိုရင် NLD ပါတီဝင်တွေအနေနဲ့ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဗျ။
''ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင် အားလုံး စုံညီအစည်းအဝေး ကျင်းပနိုင်ဖို့ ကြိုးစားမယ်လို့ ဒီကနေ အကြမ်းဖျဉ်း သဘောတူထားပါတယ်''
ဒီဥပဒေ လမ်းကြောင်းအရ NLD ပါတီအနေနဲ့ အကျဉ်းအကျပ်ထဲ ရောက်နေချိန်မှာ ရှေ့ဆက် ဘယ်လိုမျိုး လုပ်ဖို့ ရှိပါသလဲ။
''အကျဉ်းအကျပ်ထဲက ကျော်ဖြတ်ဖို့ လုပ်ရမှာပဲ။ ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ အစည်းအဝေး မထိုင်သေးဘူး။ စုံညီအစည်းအဝေး မလုပ်နိုင်သေးဘူး။ ဒီအချိန်မှာ ဒါကို မပြောနိုင်သေးပါဘူး''
ဒီဥပဒေနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ ကျေနပ်မှု ရှိပါသလား။
''ဒီ ဥပဒေနဲ့ ပတ်သက်ပြီးတော့ လုံးဝ မကျေနပ်ပါဘူး''
++++++++++++++++++++++++++++++++++++
ဦးအောင်သိန်း
(ဥပဒေ အကြံပေး)
ရန်ကုန်
နိုင်ငံတကာက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် နိုင်ငံရေးသမားတွေ လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးဖို့ တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေကတော့ အဲဒီလို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိဘူး ဆိုထားပါတယ်။ အဲဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဥပဒေ ကြောင်းလမ်းအရ ဘယ်လို မြင်ပါသလဲ။
''နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ မရှိဘူး။ နိုင်ငံရေး အကျဉ်းသား ဆိုတာကိုတောင် လက်မခံသလို၊ ထောင်ကျ အကျဉ်းသားတောင် ပါတီဝင်ခွင့် မရှိဘူး။ ထောင်ကျနေပေမယ့် ပါတီက တာဝန် ပေးထားတယ် ဆိုရင်လည်း မရဘူး။ အဲဒီလို လူတွေကို ပါတီထဲ ထည့်ထားလို့ မရဘူး။ ထောင်ကျနေတဲ့ အကျဉ်းသားတွေက အယူခံ တက်တာတို့ဘာတို့ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က ၃ နှစ်ကနေ၊ ၁ နှစ်ခွဲ ချထားတယ်။ အဲဒါ ၁ နှစ်ခွဲ ချထားသူတယောက်ဟာ သူဘယ် လိုနည်းနဲ့မှ ဝင်ခွင့် မရနိုင်ဘူး။ အယူခံတက်မယ်၊ တက်တဲ့ ကာလအတွင်းမှာ ပါတီထောင်မယ်၊ ပါတီစာရင်းတွေ သွင်းပြီးသွားပြီ၊ ပါတီ ထောင်ပြီးသွားပြီ၊ ရွေးကောက်ပွဲ ဝင်ပြီးသွားပြီဆိုရင် သူ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်လို့ မရတော့ဘူး။ အယူခံ နိုင်ခဲ့ရင်လည်း ရွေးကောက်ပွဲဝင်လို့ မရတော့ဘူး။ အဲဒီလို ကန့်သတ်လိုက်တယ်''
၁၉၉ဝ ခုနှစ် ရွေးကောက်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လက်ရှိ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ဘယ်လိုမျိုး ကွားခြားချက် ရှိပါသလဲ။
''၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေတုန်းက ထောင်ကျအကျဉ်းသားတွေ ရွေးကောက်ပွဲ မဝင်ရဆိုတာ မပါဘူး။ ပါတီဝင် မဖြစ်ရဘူးဆိုတာ မပါဘူး။ ထောင်ကျနေတဲ့သူက ရွေးကောက်ပွဲ ဘယ်လိုလုပ် ဝင်လို့ရမှာလဲ။ ၂ဝ၁ဝ မှာ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေထဲမှ အယူခံ တင်ထားသူတိုင်း မဝင်ရဘူးဆိုတာက သူ့ရည်ညွှန်းချက်က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းတဲ့ သဘော သက်ရောက်နေတယ်။ ပါတီထောင်လို့ မရဘူး။ နောက်တခါ ပါတီထောင်လို့ ရှိရင်လည်း ၃ မြို့နယ် ပါဝင်ရမယ်။ မြန်မာပြည် တပြည်လုံးဆိုရင် လူ ၁ဝဝဝ လက်မှတ် ရှိရမယ်။ ပြည်နယ်တခုမှာ ဝင်ပြိုင်မယ်ဆိုရင် လူဦးရေ ၅ဝဝ ရှိနေရမယ်ဆိုတဲ့ ဝန်ခံချက်တွေ ပေးရမယ်။ အရင် ရွေးကောက်ပွဲ ဥပဒေတို့၊ အရင် ကော်မရှင်တို့ထက် စာရင် အခုရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက ပိုပြီးတော့ တင်းကျပ်မှုတွေ ပိုများလာတယ်။ အချက်အလက်တွေ ပိုများလာတာကို တွေ့ရတယ်''
ဥပဒေကြောင်းလမ်းအရ အခုထုတ်ပြန်တဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက တရားမျှတမှု ရှိပါသလား။
''ဒီဥပဒေက ဒီမိုကရက်တစ် လမ်းကြောင်းပေါ် သွားနေတဲ့ ရွေးကောက်ပွဲ ပုံသဏ္ဍန်တော့ မပေါ်ပေါက်နိုင်ဘူးလို့ ခန့်မှန်းလို့ ရတယ်။ အခုထွက်လာမှတင် ခန့်မှန်းတာ မဟုတ်ပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းအရ ကိုယ်၌ကိုက ဒီမိုကရက်တစ်လမ်းကို သွားနေတယ်လို့ ပြောလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင် တစုကနေပြီးတော့ သူ့အာဏာကို ပုံသဏ္ဍန် တမျိုးမျိုးနဲ့ ယူနီဖောင်း ဝတ်ကနေပြီးတော့ အရပ်ဝတ် ဝတ်ပြီးတော့ မရ၊ ရအောင် ဒေါင့်စုံ၊ ဘက်စုံကနေပြီးတော့ ချုပ်ကိုင်ထားမယ်ဆိုတဲ့ပုံ ပေါ်တာပေါ့နော်''
ပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွေ ထုတ်ပြန်ထားတဲ့ အခန်း၂ ၊ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ ခင်ဗျာ။
''ပုဒ်မ ၆ က ဥပဒေနဲ့ မညီညွတ်ဘူး။ နိုင်ငံသားတယောက်ပဲ သူထောင်ကျနေလို့ ပါတီထဲ မဝင်ရဘူးလို့ ဖော်ပြတဲ့ ဟာကလည်း ဒီပါတီနဲ့ဆိုင်တဲ့ ကိစ္စတရပ်ပဲ။ ဒီဟာက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်နဲ့ဆိုင်တဲ့ ကိစ္စရပ်မှ မဟုတ်ဘဲနဲ့။ သူ့ပါတီမှာ ထောင်ကျနေတဲ့ သူတယောက်ကို ပါတီဝင်အဖြစ် အသိအမှတ် ပြုရင်ပြုထားမှာပေါ့။ အဲဒီလို အသိအမှတ် မပြုရဘူး ဆိုတာက ဘယ်လိုလုပ်ပြီး ဥပဒေနဲ့ ညီတယ်လို့ ဘယ်လို့ ပြောလို့ ရမှာလဲ''
ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပါဝင်တဲ့ အကျဉ်းကျခံနေရတဲ့ ပါတီဝင်တွေကို ပါတီတွင်းမှာ အဖွဲ့ဝင်အဖြစ် ဆက်ထားမယ်ဆိုရင် မတရားအသင်း ကြေညာမယ်ဆိုတဲ့ အချက်အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။
''မတရားအသင်းဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဖွဲ့အစည်းမှန်သမျှ မတရားအသင်း ထည့်မှာပဲလေ။ လက်နက် ဆွဲကိုင်တဲ့ သူပဲဖြစ်ဖြစ်၊ အစိုးရကို ပုန်ကန်တဲ့သူပဲ ဖြစ်ဖြစ်ပေါ့။ ထုတ်ပြန်ထားတဲ့ ရက်ပေါင်း ၉ဝ အတွင်းမှာ ပါတီထောင်ဖို့ စီစဉ်ရင် စီစဉ်၊ မစီစဉ်ဘူးဆိုရင် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းပစ်မယ်။ ပါတီဖြစ်အောင် ထောင်ရင်ထောင်၊ ဒါမှမဟုတ် မထောင်ရင်လည်း ထောင်လက်စ ပါတီအဖြစ်ကနေ ပါတီအဖြစ် အကျုံးမဝင်တော့ဘူးဆိုတဲ့ သဘော သက်ရောက်မှာပေါ့။ ရွေးကောက်ပွဲကိုလည်း အနည်းဆုံး ၃ မြို့နယ်မှာ အမတ်လောင်းအဖြစ် ဝင်ရမယ်။ ၃ မြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိဘူးဆိုရင် ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုတာ ပါတယ်။ အဲဒီဟာတွေက တသီးပုဂ္ဂလတောင်မှ ဝင်လုပ်ဖို့၊ သူ့ကို ကြိုက်လို့ ရွေးချင်တောင်မှ ပါတီတရပ်အနေနဲ့ ၃ မြို့နယ် ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အရွေးခံမယ့် သူတွေအနေနဲ့ ဘယ်လို လုပ်မလဲ။ အဲလိုလူတွေအတွက် စဉ်းစာရမယ့် အနေအထား ဖြစ်နေတယ်။ ပါတီအနေနဲ့ ထောင်တားရင်ပဲ ဖြစ်ဖြစ်၊ ထောင်မယ်ဆိုရင်ပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲဝင်မယ့် ရည်ရွယ်ချက် ဖြစ်ရမယ်။ ရွေးကောက်ပွဲ မဝင်ဘဲနဲ့လည်း နိုင်ငံရေးပါတီ ထောင်လို့ မရဘူးဆိုတဲ့ သဘော ဖြစ်နေတယ်''
အတိုက်အခံ ပါတီကြီးဖြစ်တဲ့ NLD မှာ နိုင်ငံရေးကြောင့် အကျဉ်းကျနေရတဲ့သူတွေ ပါနေတယ်ဆိုတော့ အကျဉ်းကျ ခံရတဲ့သူတွေ ထုတ်ပယ်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ ဘယ်လို ရှုမြင်ပါသလဲ။
''နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေး လုပ်ဖို့ပဲလေ။ နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးလုပ်ဖို့ပဲလေ၊ နိုင်ငံရေးပါတီက သူရဲ့ နိုင်ငံရေး လုပ်ဆောင်ရမယ့်သူ၊ သူနဲ့ ပတ်သက်တဲ့သူ၊ သူရွေးချယ်ထားတဲ့သူ၊ သူ ပါတီဝင်အဖြစ်နဲ့ ရပ်တည်သင့်တဲ့သူ ဖြစ်ရင်လည်း၊ ထောင်ကျနေရင်လည်း၊ သူ့ပါတီတွင်းမှာ ရှိနေသကဲ့သို့ တာဝန်ကျေအဖြစ် သတ်မှတ်ပြီးတော့ သူ့သဘောထားတာက သူ့ပါတီတွင်း ရပိုင်ခွင့်ပဲလေ။ ပါတီတွင်း ရပိုင်ခွင့်ဟာ ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးကောက်နည်းနဲ့ ရွေးချယ် သတ်မှတ်မယ် ဆိုရင် ဒါ သဘာဝ မကျဘူးလို့ပဲ ပြောချင်ပါတယ်''
လက်ရှိ ထုတ်ပြန်ထားတဲ့ ကြေညာချက်အပေါ် နိုင်ငံတကာက လက်ခံနိုင်မယ့် အနေအထား ရှိလား ခင်ဗျာ။
''ဒီဟာက ချုပ်ချယ်ကန့်သတ်မှု များလွန်းတဲ့ ဥပဒေလို့ ပြောလို့ရှိရင် မမှားပါဘူး။ နိုင်ငံတကာ လက်ခံ နိုင်လောက်တဲ့ အနေအထားတော့ ပေါ်ပေါက်မယ် မထင်ပါဘူး။ ဘာကြောင့်မို့လဲ ဆိုတော့ နိုင်ငံတကာက ပြောနေတာတွေ ရှိတယ်။ ဘန်ကီမွန်း (ကုလအတွင်းရေးမှူးချုပ်) က ပြောထားတာက အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ် ဆိုတာ ပါတယ်။ အခုဟာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မှ မလွှတ်ပေးသေးတာ။ လွှတ်ပေးမယ် ဆိုရင်တောင် ကပ်ပြီး လွှတ်ပေးမယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် အခြေအနေ ဘယ်လိုမှ မမီနိုင်ဘူး''
Ref: မဇ္ဈိမ
အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား
NEJ/ ၁၀ မတ် ၂ဝ၁ဝ
နအဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီ ပါတီကို ရပ်တည်ခွင့် မပေးသည့် သဘော ဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။
“အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့ လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ကိုယ်တိုင်က ထောင်ကျနေတဲ့ သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟို ကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်း ဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်း သတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ် ဆိုရင်တောင်မှ ကျနော်တို့ရဲ့ ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။
နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၂/၂၀၁၀ ပါ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (င) အရ ပါတီ ထောင်လိုသူများသည် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး အခန်း (၁) ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဌ) တွင် ထောင်ကျ ခံနေရသူ ဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ် ကျခံနေရသူကို ဆိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ ထောင်ဒဏ် စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားသော ထောင်ဒဏ် ကျခံနေရဆဲသူလည်း ပါဝင်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါ ဥပဒေအရဆိုလျှင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား အင်းစိန် အထူး တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ် ချမှတ်မှုကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံ တင်သွင်းထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီထောင်ခွင့် မရှိသူ တဦးအဖြစ် အဓိပ္ပာယ် သက်ရောက်နေသည်။
ထို့အပြင် ဥပဒေပါ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (င) အရလည်း ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။
ပါတီ ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့်ပတ်သက်၍မူ ပုဒ်မ (၁၀) ပါ အချက်တရပ်ရပ်နှင့် ကိုက်ညီခြင်း မရှိသောသူများကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်း မပြုဘဲ တမင် ထိမ်ချန်ထားပါက ယင်းအချက် တရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ဖော်ပြထားသည်။
အထက်ဖော်ပြပါ အခန်း (၃) ပုဒ်မ (၁၂) အရဆိုလျှင် အန်အယ်လ်ဒီပါတီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီဝင် အကျဉ်း ကျနေသူများကို ပါတီမှ ထုတ်ပယ်ခြင်း မပြုပါက ပါတီအနေဖြင့် တရားဝင် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဘဲ ဖျက်သိမ်း ရမည့်သဘော ဖြစ်သည်။
လျှောက်ထားမည့် ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ စ၍ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည်ဟု ဖော်ပြထားပြီး လျှောက်ထားသည့် နိုင်ငံရေးပါတီ အနေဖြင့် ဥပဒေ ပုဒ်မ (၆) ပါ အချက်တချက် ဖြစ်သည့် ပုဒ်မခွဲ (ဂ) အရ ပြည်ထောင်စု သမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ကိုလည်း လျှောက်လွှာတွင် ဖော်ပြရမည်ဟု ရေးသားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ယခု လောလောဆယ်တွင် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး ဆိုသည်ထက် ပါတီရပ်တည်ရေးကို ဦးစားပေး ဆုံးဖြတ် သွားရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။
“နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အယူခံထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့တောင် မရအောင် လုပ်ထားတယ်။ အယူခံထားတယ် ဆိုတဲ့လူလည်း မလိုချင်ဘူးပေါ့။ ဆိုလိုတာကတော့ သူတို့က ကျနော်တို့ပါတီကို မှတ်ပုံတင်လို့ မရအောင်ပေါ့။ နောက်တခုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့က ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်အလက်ပေါင်း များစွာ ပါဝင်နေတဲ့အတွက် ကျနော်တို့ လက်မခံနိုင်ဘူး၊ ပြင်ဆင်ပေးဖို့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ တောင်းဆို ထားတယ်။ အခုတခါ ပါတီ မှတ်ပုံတင်မယ် ဆိုရင် ကျနော်တို့က ဒီအခြေခံ ဥပဒေ တခုလုံးကို ကာကွယ် စောင့်ရှောက် ပါမယ်လို့ ပြောရတဲ့အခါ ကျနော်တို့ မယုံကြည်တဲ့ ဒီဥပဒေကို ဘယ်လိုမှ ကာကွယ် စောင့်ရှောက်နိုင်စရာ အကြောင်းမရှိဘူး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အန်အယ်လ်ဒီသည် ပါတီတခုအနေဖြင့် ရပ်တည်ရန် မှတ်ပုံတင်ခြင်းကိစ္စတွင် ယခုထုတ်ပြန်သည့် ဥပဒေကြောင့် အဟန့်အတား အများကြီး ဖြစ်နိုင်ကြောင်း ဦးဝင်းတင်က ယူဆသည်။
ယခုကဲ့သို့ နအဖထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံတကာနှင့် ကမ္ဘာ့ကုလသမဂ္ဂ တို့က တောင်းဆိုထားသည့် အားလုံး ပါဝင်ပတ်သက်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဆိုသည်မှာ အဓိပ္ပာယ် ကင်းမဲ့သွားပြီ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။
သို့သော် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဆိုသည်မှာ ယခု နအဖ ထုတ်ပြန်လိုက်သည့် ဥပဒေပေါ် တည်၍ ဆုံးဖြတ်၍ မရကြောင်းလည်း ၎င်းက ပြောသည်။
“ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ဆိုတာ ဒီဥပဒေနဲ့ တည်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ ဆုံးဖြတ်မှာက နိုင်ငံရေး တောင်းဆိုချက်တွေမှာ ဘယ်လောက် တုံ့ပြန်မှုရှိသလဲ၊ နိုင်ငံရေး တောင်းဆိုချက်တွေကို ဘယ်လောက် လိုက်လျောမှုရှိသလဲ ဆိုတဲ့ အပေါ်မှာ တည်ပြီး ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ဆုံးဖြတ်မှာပါ။ ဒီဥပဒေဟာ ပါတီရပ်တည်ရေး အတွက် စဉ်းစား ဆုံးဖြတ်ဖို့နဲ့ ရွေးကောက်ပွဲ ၀င် မ၀င် ဆိုတာကတော့ နိုင်ငံရေး လိုက်လျောမှုပေါ်မှာ တည်တယ်လို့ နှစ်ပိုင်းခွဲ ပြောချင်တယ်” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ ( ၁၀ - ၃ - ၁၀ )
■ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကို သပိတ်မှောက် သတင်း
■ NLD ရုံးခွဲတွေ ပြန်ဖွင့်ခွင့်ရ သတင်း
■ ဥပဒေ အတားအဆီးတွေ ရှိပေမယ့် NLD ဆက်လက်ရှင်သန် သတင်း
■ အဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်မည် သတင်း
■ ရွေးကောက်ပွဲဥပဒေ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်မှု လွန်ကဲ သတင်း
■ ရွေးကောက်ပွဲဥပဒေ အမေရိကန်အစိုးရ သံသယရှိ သတင်း
■ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင် ပြောကြား သတင်း
■ ပါတီမှတ်ပုံတင်ဥပဒေ NLD အကျပ်အတည်းဖြစ် သတင်း
■ မှတ်ပုံတင်ဥပဒေက ဒေါ်အောင်ဆန်းစုကြည်နှင့် CC (၁၁) ဦးကို ပါတီမှ ခွဲထုတ် သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ (၂/၂၀၁၀) အရ အန်အယ်လ်ဒီပါတီ ဆက်လက်ရပ် တည်ခွင့်ကို ခြိမ်းခြောက် သတင်း
■ ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ပါတီထောင်နိုင် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ပါဝင်ခွင့်မပေးသည့် ဥပဒေကို အမေရိကန်အစိုးရ ဝေဖန် သတင်း
■ မြန်မာ့နိုင်ငံရေး ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် အမေရိကန် ထပ်မံတောင်းဆို သတင်း
■ တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေ ရွေးကောက်ပွဲဝင်ရေး အခက်အခဲတွေ့ သတင်း
■ ရွေးကောက်ပွဲဥပဒေ တိုင်းရင်းသားပါတီတွေ လက်မခံ သတင်း
■ ရွေးကောက်ပွဲဥပဒေ နိုင်ငံတကာ ဝေဖန် သတင်း
■ ရွေးကောက်ပွဲကော်မရှင်ဥပဒေအပေါ် တုံ့ပြန်ချက်များ သတင်း
■ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို သတင်း
■ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို အမှုတွဲထပ်တိုး သတင်း
■ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းအခြေအနေ သတင်း
■ မကွေးတက္ကသိုလ် ကျောင်းသားအချို့ကို ရဲအဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီး သတင်း
■ မတရားအသင်း ကြေညာရန် နအဖဘက်မှ ပြင်ဆင်မှုကို ၀ အဖွဲ့က လက်မခံနိုင် သတင်း
■ ပြည်ပရောက် ကရင်များ စစ်အစိုးရကို တပြိုင်နက်တည်း ကန့်ကွက်ဆန္ဒပြ သတင်း
■ အလုပ်သမားသမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့် တောင်းဆို သတင်း
■ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ အခြေအနေဆိုးလာ သတင်း
■ ဒုက္ခသည်များ အစာရေစာ ပြတ်လပ်မှုနှင့် ကြုံတွေ့လာနိုင် သတင်း
■ သင်္ဘောနှင့်အတူ ပြန်ပေးဆွဲခံရသည့် သင်္ဘောသားများ အခြေအနေ သတင်း
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာဒုက္ခသည်များ ကူညီထောက်ပံ့မှုမရ သတင်း
■ မိုးလေ၀သသတင်းကို အထူးဂရုပြု နားထောင်ကြရန် တိုက်တွန်းနှိုးဆော် သတင်း
■ မြန်မာဖြစ်က အိမ်သာတက်ခွင့်မရှိ - ဖို့တ်ဝိန်းဆိုင်တခုက တားမြစ် သတင်း
■ ကေအိုင်အိုနယ်မြေအနီး နအဖတပ်နှင့် အာဏာပိုင်များ ဘိန်းခင်းဖျက်ဆီးရေး ပြုလုပ် သတင်း
■ စက်မှုဇုန်အရေး မပြေလည်သေး သတင်း
■ ဒီဗီဘီ သတင်းထောက် မလှလှဝင်းအမှု အယူခံလွှာ တင်သွင်း သတင်း
■ မြန်မာအလုပ်သမား (၂၀၀) ခန့် ထပ်မံဖမ်းဆီးခံရ သတင်း
■ မြန်မာသို့ ဓာတ်မြေသြဇာ မှောင်ခိုတင်ပို့သူ ဘင်္ဂလီ (၁၆) ဦးကို ထောင် (၇) နှစ်စီ ချမှတ် သတင်း
■ ကားတိမ်းမှောက်၍ တဦးသေ (၅) ဦး ဒဏ်ရာရ သတင်း
■ ဗုဒ္ဓဘာသာတွေတဲ့လား (ဆောင်းပါး)
■ လူထုစည်းဝေးပွဲကြီးမစခင် ရှင်နာဝပ်ထရာ မိသားစုတွေ တိုင်းပြည်က ပြေး သတင်း
■ ဆန္ဒပြပွဲမှာပါတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထောင်ချမယ် သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စိန်ခေါ်ခြင်း (ဆောင်းပါး)
■ အတွင်းကြေ မြန်မာ့တပ်မတော်ထဲက လက်ရှိ တပ်ပြေးပြဿနာများ (ဆောင်းပါး)
■ စစ်အစိုးရလုပ်ရပ် အန်အယ်လ်ဒီ မကျေနပ် (အင်တာဗျူး)
Wednesday, March 10, 2010
ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော
ဖနိဒါ
အင်္ဂါနေ့၊ မတ်လ ၀၉ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။
“ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လေးစား လိုက်နာရမယ်။ အဲဒီရလဒ်ကို တနည်းနည်းနဲ့ အသိ အမှတ်ပြု ဆောင်ရွက်ပေးရမယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး တောင်းဆိုချက်ကတော့ ဒီအတိုင်းပဲလို့ ပြောလို့ရမယ်” ဟု သူက ပြောသည်။
အဓိက အတိုက်အခံပါတီ အန်အယ်ဒီက နေအိမ်ချုပ် ကျခံနေရသော ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၁၉၉၀ ခု ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက တစုံတရာ အသိအမှတ် ပြုရန်၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဟူသော တောင်းဆိုချက်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းဟူ၍ အမည်ပေးထားသည်။
တောင်းဆိုချက်အပေါ် စိတ်ဝင်စားဟန်မပြသော စစ်အစိုးရက ယနေ့တွင် နိုင်ငံပိုင် သတင်းစာများမှ တဆင့် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသေးစိတ်ကို ဖော်ပြပြီး နောက်ရက်များတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ဖော်ပြသွားမှာ ဖြစ်သည်။
ယခုထုတ်ပြန်သော ကော်မရှင်ဥပဒေက ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်သည်။
သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ တွင် အမတ်နေရာ ၄၈၅ နေရာအနက်မှ ၃၉၂ နေရာ အနိုင်ရရှိပြီး တနိုင်ငံလုံး မဲပေးခွင့် ရှိသူ၏ ၆ဝ ရာခိုင်နှုန်းကျော် ထောက်ခံမှုရသော အန်အယ်ဒီ၏ ရလဒ်မှာ ပျက်ပြယ်သွားခြင်း မရှိဟု ဦးဝင်းတင်က ပြောသည်။
အာဏာလွှဲပေးခြင်း မခံရသော အန်အယ်ဒီပါတီ၏ အမာခံ ခေါင်းဆောင် တဦးဖြစ်ပြီး နိုင်ငံရေးကြောင့် ထောင်ထဲတွင် ၁၉ နှစ် နေခဲ့ရသူ ဦးဝင်းတင်က ယခင် ရွေးကောက်ပွဲ ရလဒ်ကို အသိမှတ်ပြုရေး စစ်အစိုးရ၏ တုံ့ပြန်မှုကို မူတည်ရေး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်သွားမည်ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁ဝဝ ကျော်အနက် အန်အယ်ဒီ ပါတီဝင် ဦးရေမှာ ၄၃ဝ ကျော် ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက မဇ္ဈိမကို ပြောသည်။
မဇ္ဈိမက ကြိုတင်လက်ခံရရှိထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ စကားရပ်ကမူ အကျဉ်းကျနေသူသည် ပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ ထောင်တွင်းမှ ပါတီဝင်များ အတွက်လည်း ညိစွန်းနေသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအတွင် ဥပဒေ ထွက်ရှိချိန်မှ ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံ တင်ရမည်ဖြစ်ပြီး အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် အမတ်နေရာ ၃ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုလျှင် ပါတီ ဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။
စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေက အန်အယ်ဒီ၏ ၉ဝ ခုနှစ် ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ် ဆောင်သည်ဟု ပြောလိုက်သူကတော့ ယခုနှစ်အတွင်း ပြုလုပ်မည်ဟု စစ်အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် ကချင် တိုးတက်သောပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ ဖြစ်သည်။
“၁/၈၈ မှာ နဝတ ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ဥပေဒေကို ဒီ ဥပဒေသစ်နဲ့ ချေဖျက် လိုက်ပြီပေါ့။ အန်အယ်ဒီ တောင်းဆိုနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ် ဆောင်နေတာပေါ့” ဟု သူက ဆိုသည်။
ရွေးကောက်ပွဲဝင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သော မွန်ဒီမိုကရေစီ ပါတီမှ ပြောခွင့်ရှိသူ နိုင်တင်အောင်ကမူ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ထွက်လာပြီ မှန်သော်လည်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံ ဥပဒေကိုလည်း ပြန်သုံးသပ် ပြင်ဆင်ရန် လိုနေသေးကြောင်း တောင်းဆို လိုက်သည်။
“လိုအပ်တဲ့ ပြင်ဆင်မှု လုပ်ပြီးမှသာလျှင် ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လေ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခြေခံ ဥပဒေကို ဒီမိုကရေစီ စံညွှန်းနဲ့အညီ မပြင်ဆင်ဘဲနဲ့ ဆက်သွားလို့ မဖြစ်ဘူး။ အများက လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။
နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် ဟန်ပြ ဆန္ဒခံယူပွဲ ပြုလုပ် အတည်ပြုခဲ့သော အခြေခံ ဥပဒေအပေါ် ပြည်တွင်းပြည်ပ အတိုက်အခံများက စစ်အုပ်စု၏ အုပ်ချုပ်မှုကို တရားဝင်မှု ပြုရန်သာ ဖြစ်သည်ဟု ပြက်ရယ် ပြုကြသည်။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၉ - ၃ - ၁၀ )
■ မြန်မာ့အရေးစိုးရိမ်မှု ဘန်ကီမွန်း စာရေးပေးပို့ သတင်း
■ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန် သတင်း
■ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ရက် (၆၀) ရမည် သတင်း
■ ရွေးကောက်ပွဲဥပဒေ ပါရှိသည့် သတင်းစာ ဈေးတက် သတင်း
■ သတင်းစာများ မှန်းချက်နှင့် မကိုက် သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဥပဒေ (၅) ရပ် ထုတ်ပြန်ပြီ ဆိုတဲ့ ရန်ကုန်သတင်းနံနက်ခင်း သတင်း
■ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ သတင်း
■ နအဖ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥပဒေ ထုတ်ပြန်၊ မဲဆန္ဒရှင် အဓိပ္ပါယ်သတ်မှတ်ချက် မပါဝင် သတင်း
■ ထောင်ကျအတိုက်အခံ ရွေးကောက်ပွဲ မဝင်ရန် စစ်အစိုးရ တားမြစ် သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ စစ်တပ်က ဒိုင်လူကြီး မဖြစ်နိုင် သတင်း
■ ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော သတင်း
■ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြရန် ဝန်ကြီးချုပ်သိန်းစိန် ပြောဆို သတင်း
■ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထုတ်ပြန်ခြင်းအပေါ် တုန့်ပြန်မှုများ သတင်း
■ ဗကသ ခေါင်းဆောင် ကျော်ကိုကို တမှုထပ်တိုး သတင်း
■ ပီနန်ထောင်တွင် မြန်မာအကျဉ်းသားတဦး သေဆုံး သတင်း
■ ထိုင်းရဲဖမ်းသဖြင့် ထွက်ပြေးသည့် မိန်းကလေး (၂) ဦး ရေနစ်သေဆုံး သတင်း
■ ပစ်သတ်ခံရသော မြန်မာများအတွက် စုံစမ်းပေးရန် HRW တောင်းဆို သတင်း
■ လှိုင်သာယာစက်မှုဇုန်အမှတ် (၂) မှ Lucky ရှူးဖိနပ်စက်ရုံ ဆန္ဒပြမှုကို တာဝန်ရှိသူများ လိုက်လျော သတင်း
■ လုပ်အားခမပေးသည့်အပြင် ကားဂိတ်တွင် ပစ်ထားခဲ့သည့်အတွက် အလုပ်သမားများ အခက်တွေ့နေရ သတင်း
■ အာဆီယံအမတ်များအဖွဲ့ မယ်တော်ဆေးခန်းကို လည်ပတ် သတင်း
■ နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းအများနှင့် (AIPMC) အကြီးအကဲ လာရောက်တွေ့ဆုံ သတင်း
■ တောင်ငူခရိုင်၌ လူနေအိမ် (၄) လုံး မီးရှို့ဖျက်ဆီးခံရ သတင်း
■ စစ်ကိုင်းတိုင်းတွင် ကြက်တုပ်ကွေးဖြစ်၊ ကြက်သောင်းချီ ဖျက်ဆီး သတင်း
■ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်၊ ရွာများစွာ ရွှေ့ပြောင်းခံရဖွယ်ရှိ သတင်း
■ အင်းစိန် စီအိုင်ဒီဝင်း ဆိုင်ခန်း (၁ဝဝ) ကျော် ဖျက်သိမ်း သတင်း
■ ရဲနှင့် ကြံ့ဖွံ ဆိုင်ကယ်စီးခွင့် ပြန်ရ သတင်း
■ စပါးသိမ်းလိုသော ဦးတေဇ ကုမ္ပဏီကို တောင်သူ မကျေနပ် သတင်း
■ မီတာမသုံးသော တက္ကစီများ ဖမ်းဆီးကြောင်း အသိပေး သတင်း
■ စစ်တွေ မီးအား လျှော့ပေးသဖြင့် စာမေးပွဲဖြေမည့် ဆယ်တန်းကျောင်းသားများ အခက်ကြုံ သတင်း
■ အမြင်မလျော်သည့် စုံတွဲများကို အရေးယူလျှင် အန္တရာယ်များနိုင်ဟုဆို သတင်း
■ လွဲနေသော ဆုံမှတ် (သို့မဟုတ်) ၂၀၁၀ ရွေးကောက်ပွဲ (ဆောင်းပါး)
■ နယူးဒေလီက အမျိုးသမီးများနေ့ ကြွေးကြော်သံ (ဆောင်းပါး)
■ အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါ (ဆောင်းပါး)
Tuesday, March 9, 2010
နေ့စဉ်သတင်းများ ( ၈ - ၃ - ၁၀ )
■ လှိုင်သာယာ Lucky ဖိနပ်စက်ရုံ အလုပ်သမား (၅၀၀) ဆန္ဒပြ သတင်း
■ ရထားနှစ်စီး တိုက်မိ၊ လူ (၅) ဦး သေဆုံး သတင်း
■ ထိုင်းအထက်လွှတ်တော်အမတ်နှင့် (AIPMC) အဖွဲ့ဝင်များ နယ်စပ်အခြေအနေ လာရောက်လေ့လာခဲ့ သတင်း
■ ရှမ်းခေါင်းဆောင်များနဲ့ တွေ့ခွင့်ရဖို့ အိတ်ဖွင့်ပေးစာ ထပ်မံပေးပို့ သတင်း
■ ခြံရောင်းရန် ကြိုးစားသူကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲမည် သတင်း
■ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန် သတင်း
■ ကချင်ပြည်နယ် ဘိန်းစစ်ဆင်ရေး စစ်အစိုးရ ပြင်ဆင် သတင်း
■ ပတ်စ်ပို့အသစ် ထုတ်ပေးဖို့ မြန်မာအစိုးရ ပြင်ဆင် သတင်း
■ ILO တာဝန်ခံ လယ်သိမ်းခံ တောင်သူများနှင့် တွေ့ဆုံ သတင်း
■ အကြမ်းဖက် အနိုင်ကျင့်မှုများ ရပ်တန့်ရေး အမျိုးသမီးအဖွဲ့ချုပ် တောင်းဆို သတင်း
■ နအဖ ရွေးကောက်ပွဲ ဟန်ပြသာဖြစ်ဟု ထိုင်းအထက်လွှတ်တော်အမတ် ပြောကြား သတင်း
■ စစ်အစိုးရက ရွေးကောက်ပွဲပြင်ချိန် အတိုက်အခံ သဘောကွဲ သတင်း
■ နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ်အဖွဲ့များ မတရားအသင်း ကြေညာခံရဖွယ်ရှိ သတင်း
■ မွန်ပြည်သစ် တပ်တည်ဧရိယာအတွင်း စစ်အစိုးရတပ်များ ဝင်ရောက်လာ သတင်း
■ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သည့် မွန်အိမ်ထောင်စု (၉၀) ကျော်ရှိ သတင်း
■ ၂ဝ၁ဝ နှစ်ဆန်းအတွင်း စစ်အစိုးရမှ ကေအန်ယူအပေါ် ထိုးစစ်ဆင်မှု ပိုမိုလုပ်ဆောင်ခဲ့ သတင်း
■ ကရင်ရွာသားများ ဖမ်းဆီးပြီး ပေါ်တာထမ်းခိုင်း သတင်း
■ ဘားမားဗီဂျေဇာတ်ကား ဆန်ခါတင်စာရင်းဖြင့်သာ ကျေနပ်ခဲ့ရ သတင်း
■ အမြတ်များမည့် ပြည်သူပိုင်လုပ်ငန်းများ ဦးပိုင် သိမ်းမည် သတင်း
■ မပခတိုင်းမှူးနှင့် အာဏာပိုင်များကို လာဘ်ငွေထိုးပြီး သစ်များ ခိုးထုတ်နေ သတင်း
■ ရန်ကုန်မြို့နယ်အချို့ ညပိုင်းတွင် လျှပ်စစ်မီး ပိုရလာ သတင်း
■ ရွှေလီရေအားလျှပ်စစ်စက်ရုံက မီးပေးဖို့ ပြင်ဆင်နေ သတင်း
■ တောင်ဒဂုံစက်ရုံ အလုပ်သမားဆန္ဒပြပွဲ ပြေလည်မှုရရှိ သတင်း
■ ဘင်္ဂလာဒေခ်ျ့က ဆန်တန်ချိန် (၂၅,၀၀၀) မြန်မာမှ တင်သွင်းမည် သတင်း
■ ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း သတင်း
■ ၂၀၁၃ ဆီးဂိမ်း မြန်မာနိုင်ငံတွင် ကျင်းပမည် သတင်း
■ ၀ အား နအဖ အင်အားသုံး ခြေမှုန်းတော့မည်လော (ဆောင်းပါး)
■ စစ်အာဏာရှင် မြင်လို တွေ့လိုတဲ့ လူတန်းစားထဲ ကိုယ်ပါမသွားပါစေနဲ့ (အင်တာဗျူး)
ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ
Monday, 08 March 2010 21:12
ချင်းမိုင်။ ။ စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။
ဥပဒေအရ ကော်မရှင်တွင် ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးကို ခန့်အပ် တာဝန်ပေးနိုင်ကြောင်း ဖော်ပြထားပြီး ကော်မရှင် လူကြီးများသည် အသက် ၅၀ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်၊ ထင်ပေါ်ကျော်ကြားပြီး ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် စစ်အစိုးရက ယူဆသူဖြစ်ရမည်၊ နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ကာ လစာ၊ စရိတ်ကြေးငွေရသော အခြား မည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည်ဟူသော အချက်များလည်း ပါဝင်သည်။
ဥပဒေအရ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု တို့နှင့် လက်အောက် အဆင့်ဆင့်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်များ ဖွဲ့စည်းမည်ဖြစ်ကာ၊ နေပြည်တော် ကော်မရှင် အဖွဲ့ခွဲကိုလည်း သီးခြား ထားရှိမည်ဖြစ်သည်။
ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရာတွင် လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော် ရွေးကောက်ပွဲများ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင် ဆောင်ရွက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေး အတွက် ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင် အဖွဲ့ခွဲများအတွက် ရန်ပုံငွေ ခွဲဝေ ချထားပေးခြင်း၊ အသုံးစရိတ်များ ကြီးကြပ်ခြင်း၊ နိုင်ငံရေး ပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းတို့ ပါဝင်သည်။
နေပြည်တော်ရှိ သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောကြားရာတွင် အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခြင်း အစီအစဉ် မအောင်မြင်လျှင် ထိုဒေသများကို ရွေးကောက်ပွဲ မပြုလုပ်ဘဲ ချန်လှပ်ထားရန် စစ်အစိုးရက နည်းလမ်းတခု အဖြစ် စဉ်းစားထားကြောင်း ပါရှိသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အားအကောင်းဆုံး ငြိမ်းချမ်းရေး အဖွဲ့ဟု အများက သတ်မှတ်ထားသော ဝ' တို့လည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းလဲရန် ငြင်းဆန်ထားသော အဖွဲ့များတွင် ပါဝင်သည်။
ပြည်တွင်းပြည်ပတွင် လူအများက ကျယ်ပြန့်စွာ ကဲ့ရဲ့ခံနေရသော ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံ၍ စစ်အစိုးရသည် ရွေးကောက်ပွဲကို ကျင်းပရန် လုပ်ဆောင်လျက်ရှိသည်။
ရွေးကောက်ပွဲကို ဝေဖန်သူ အနောက်နိုင်ငံ အစိုးရများက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရရာထူး မယူနိုင်အောင် ပြုလုပ်ထားမှုကိုလည်း ထောက်ပြထားကြသည်။
ထို့ပြင် အခြေခံဥပဒေသည် စစ်တပ်ကို တိုင်းရေး ပြည်ရာများတွင် ပါဝင်ချယ်လှယ်နိုင်ရန် အာမခံချက် ပေးထားသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်စေရေးနှင့် ဘက်စုံ ပါဝင်နိုင်ရေး တောင်းဆိုထားကာ လက်ရှိ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကိုလည်း လွှတ်ပေးရန် တောင်းဆိုထားသည်။
Ref: မဇ္ဈိမ
ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ မြန်မာ့ရုပ်မြင် ကြေညာချက်
မဇ္ဈိမသတင်းဌာန
Monday, 08 March 2010 19:34
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခြင်း
“ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ဥပဒေ အမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၂/၂၀၁၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၃/၂၀၁၀ ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၄/၂၀၁၀ ဖြင့် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၅/၂၀၁၀ ဖြင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၁၃၇၁ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၉ ရက်၊ ၂၀၁၀ ပြည်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့က စပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာ ဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ် ထုတ်ဝေဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ် ခင်ဗျာ”
Monday, March 8, 2010
နေ့စဉ်သတင်းများ ( ၇ - ၃ - ၁၀ )
■ ပဲခူးနယ် အဖွဲ့ချုပ်လူငယ်များ ဦးတင်ဦး၊ ဦးဝင်းတင်တို့နှင့် ပထမဦးဆုံးအကြိမ် တွေ့ သတင်း
■ မြန်မာ (၂၁) ဦးပါ ပြန်ပေးဆွဲခံသင်္ဘောနဲ့ ဆက်သွယ်နိုင်ရေး နော်ဝေးကုမ္ပဏီ ကြိုးစားနေဆဲ သတင်း
■ မြန်မာစစ်တပ်ထိုးစစ် ကရင်လူထု အိုးအိမ်ပစ် ထွက်ပြေးရ သတင်း
■ တောင်ဒဂုံ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ သတင်း
■ အိုင်အယ်လ်အိုအရာရှိ အောင်လံတောင်သူများကို သွားရောက်တွေ့ဆုံ သတင်း
■ မြန်မာပြည်တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုး ဆက်လက်ကူးစက်ဖြစ်ပွား သတင်း
■ ရွှေကျင် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာ (၂၀) ကျော် ရေနစ်မြုပ် သတင်း
■ လျှပ်စစ်မီးခများ ဧပြီလတွင် ဈေးတက်မည်ဟု သတင်းများထွက်ပေါ် သတင်း
■ မိုးမခမီဒီယာနဲ့ မြန်မာမိတ်ဆွေများ ဒေါ်မာမာအေးကို ဂါရ၀ပြု သတင်း
■ အတိုက်အခိုက်တွေကြားက အီရတ် မဲဆန္ဒရှင်တွေ အင်တိုက်အားတိုက် မဲပေး သတင်း
■ (၈၂) ကြိမ်မြောက် အော်စကာဆုပေးပွဲ - ဇကာတင်သူများစာရင်းတွင် ဘားမားဗီဂျေ ပါဝင် သတင်း
Sunday, March 7, 2010
နေ့စဉ်သတင်းများ ( ၆ - ၃ - ၁၀ )
■ ဒဂုံတောင်ပိုင်း စက်ရုံလုပ်သား (၃၀၀၀) တနေကုန် အေးချမ်းစွာ ဆန္ဒပြ သတင်း
■ အလုပ်သမားဆန္ဒပြမှု ဆက်ဖြစ်နေဆဲ သတင်း
■ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် တာဝန်ခံ စတိမာရှယ် အောင်လံ သွားမည် သတင်း
■ မြန်မာသင်္ဘောသား (၂၁) ဦးပါ ကုန်တင်သင်္ဘော ပြန်ပေးဆွဲခံရ သတင်း
■ ရွှေကျင် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာ (၂၀) ကျော် ရေနစ်မြုပ် သတင်း
■ မြန်မာစစ်တပ်ထိုးစစ် ကရင်လူထု အိုးအိမ်ပစ် ထွက်ပြေးရ သတင်း
■ စစ်တပ်ထိုးစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ကနေဒါ ဆက်ကူညီသွားမည် သတင်း
■ စီအာပီပီ ပုံမှန်အစည်းအဝေးတွင် ဦးတင်ဦး သဘာပတိမိန့်ခွန်းပြော သတင်း
■ ခြံမြေ ခွဲစိတ်ရောင်းချသူကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲမည် သတင်း
■ ရှေ့နေ ကိုဖိုးဖြူ သရက်ထောင်မှ ပြန်လွတ်လာ သတင်း
■ မြန်မာပြည်တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုး ဆက်လက်ကူးစက်ဖြစ်ပွား သတင်း
■ ပတ်ဝန်းကျင် မထိခိုက်စေတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု သတင်း
■ ရန်ကုန် အလုပ်သမား ဆန္ဒပြဦးရေ ထောင်နဲ့ချီ တိုးလာ သတင်း
■ မြန်မာနိုင်ငံကို အမေရိကန် အထူးသတိထား ဆက်ဆံနေ သတင်း
■ ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များ ဖြတ်ရောင်း သတင်း
■ အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း ၂၀၁၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်ဟု နအဖ ပြော သတင်း
■ ဖင်လန်နိုင်ငံ ရွှေ့ပြောင်းအခြေချ အမျိုးသမီးထူးချွန်ဆု မြန်မာရရှိ သတင်း
■ မဲဆောက်၌ နှစ်ရက်အတွင်း မြန်မာ (၂၀၀) ကျော် အဖမ်းခံရ သတင်း
■ ၂၀၀၉ အတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်ဆု ဝေဖန်ခံနေရ သတင်း
■ အစားထိုး မရနိုင်သော ပုံရိပ် (ဆောင်းပါး)
■ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဇိုရာဖန်းနှင့် စကားစမြည် (အင်တာဗျူး)

+(for+mail).jpg)
+(for+mail).jpg)

BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88