Thursday, April 1, 2010

နေ့စဉ်သတင်းများ ( ၃၁ - ၃ - ၁၀ )

အန်အယ်လ်ဒီ၏ မူလနိုင်ငံရေးမပျက် ဆက်လက်လုပ်ဆောင်မည်ဟု ဦးဝင်းတင် ပြောကြား သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အခြားသတင်းများ သတင်း
အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ကို တရားဝင် ကြေညာ သတင်း
အဖွဲ့ချုပ်၏ အခြေအနေကို နိုင်ငံခြားသံတမန်များ လာရောက်မေးမြန်း သတင်း
အဖွဲ့ချုပ် ဆုံးဖြတ်ချက်အပေါ် တိုင်းရင်းသားအဖွဲ့နှင့် ဒီမိုကရေစီအဖွဲ့က ထောက်ခံ သတင်း
NLD ဆုံးဖြတ်ချက်အပေါ် အိန္ဒိယမှ အမျိုးမျိုး တုံ့ပြန် သတင်း
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မည်မဟုတ် သတင်း
ဦးသုဝေ ပါတီထောင်ခွင့် လျှောက်ထား သတင်း
ရခိုင်ပါတီအသစ် ရွေးကောက်ပွဲ မှတ်ပုံတင်မည် သတင်း
နိုင်ငံရေးပါတီများ ရေးသားထုတ်ဝေခွင့်ကို စည်းကမ်းချက်များဖြင့် ကန့်သတ်ထား သတင်း
သတင်းစီးဆင်းမှု ထိန်းချုပ်ရေး ကက-ကွန် ပြင်ဆင်နေ သတင်း
နိုင်ငံတကာလုပ်ငန်းစဉ် ပြန်သုံးသပ်ရန် အာရှအဖွဲ့ ပြော သတင်း
အမေရိကန်၏ မူဝါဒအပေါ် အာရှလူ့ဘောင်ပညာရှင်အဖွဲ့က အစီရင်ခံစာ ထုတ် သတင်း
NLD မြို့နယ် လူငယ်ခေါင်းဆောင် ထောင်ဒဏ် (၂) နှစ် တိုး သတင်း
အိုင်အယ်လ်အိုနှင့် ဆက်စပ်ဖမ်းဆီးခံများကို လွှတ်ပေးရန် အုပ်ချုပ်ရေးအဖွဲ့က ဆို သတင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ၀ တပ်ဖွဲ့ မနက်ဖြန် တွေ့ဆုံမည် သတင်း
ဝ နယ်သို့ ဆန်နှင့် စားနပ်ရိက္ခာ တင်ဆောင်ခွင့် ပိတ်ပင် သတင်း
SSA နှင့် ဝ နယ်မြေအနီးရှိ ဗမာတပ် မိသားစုဝင်များ အရေးပေါ် စစ်သင်တန်းတက် သတင်း
လားဟူပြည်သူ့စစ်ကို နယ်ခြားစောင့်တပ်ရင်းအဖြစ် တိုးမြှင့်သည့် အခမ်းအနား ဗိုလ်ရဲမြင့် တက်ရောက် သတင်း
ရွာအနီးသို့ စစ်တပ်များ ချဉ်းကပ်မှုကြောင့် ထိုင်းရွာသားများ လုံခြုံရေးစိုးရိမ်ရ သတင်း
လုံခြုံရေးကြောင့် သွားလာရေး ပိတ်သည့်အတွက် တောင်ငူဒေသခံများ စီးပွားရေးထိခိုက် သတင်း
ကရင်ဒုက္ခသည် (၆၀၀) ကျော် နေရပ်ပြန် သတင်း
အမေရိကန်သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာ သတင်း
နေပြည်တော် လေပြင်းကြောင့် ဝန်ထမ်းများ ထိတ်လန့် သတင်း
လေပြင်းကြောင့် ဖလမ်း နေအိမ် (၁၂) လုံး ပျက်စီး သတင်း
ရန်ကုန်မြို့လယ်ခေါင် ဘားလမ်း၌ မာဆတ်နှင့် ပြည့်တန်ဆာခန်း များပြား သတင်း
ဗကသ ဇော်ဝင်း (ဆောင်းပါး)

Read More...

Wednesday, March 31, 2010

ဖြိုခွင်းမှုအသစ်များ လုပ်လာနိုင်ကြောင်း ဦးဝင်းတင် သတိပေး

စိုင်းဇွမ်ဆိုင်း
အင်္ဂါနေ့၊ မတ်လ ၃၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် စစ်အစိုးရက ဖြိုခွင်းမှုအသစ်များ ပြုလုပ်လာနိုင်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က သတိပေးလိုက်သည်။

“ကျနော်တို့မှာ ပါတီမရှိဘူးဆိုရင် ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေဟာ အများကြီး Limited ကန့်သတ်ထားပြီးသား ဖြစ်သွား ပါလိမ့်မယ်။ ကျနော်တို့က ဒီထက်ပိုပြီးတော့ လှုပ်လှုပ်ရှားရှား ရှိလာမယ်ဆိုရင်၊ ရပ်တည်လာမယ်ဆိုရင် ကျနော်တို့ကို မတရား အသင်းအဖြစ် ကြေညာ လာနိုင်တယ်ဗျ” ဟု ဦးဝင်းတင်က ပြောသည်။

အဓိက အတိုက်အခံပါတီကြီး၏ ဗဟိုအလုပ်မှုဆောင်များနှင့် ပြည်နယ်နှင့်တိုင်း ဗဟိုဦးစီး အဖွဲ့ဝင်များက စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေက တရားမျှတမှု မရှိဟုဆိုကာ ပါတီ မှတ်ပုံပြန်မတင်ရန် ယမန်နေ့က တညီတညွတ်တည်း ဆုံးဖြတ် လိုက်ကြသည်။

ဥပဒေအရ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများသည် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်၍ မှတ်ပုံတင်ရမည်ဖြစ်ရာ မေလ ၆ ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။

နိုင်ငံရေးယုံကြည်ချက်ကြောင့် ၁၉ နှစ်ခန့် ထောင်ကျခဲ့ပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူ ဦးဝင်းတင်သည်လည်း ပါတီ မှတ်ပုံမတင်ရေးကို အစောပိုင်းကပင် အခိုင်အမာ ပြောကြားခဲ့သည်။

”သူများထက် ခြေတလှမ်းစောတဲ့သူ၊ သူများထက် လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေဆိုရင် ထောင်ထဲ ဆွဲထည့်မှာပဲဗျ။ ဒါတွေကတော့ ကျနော်တို့ ကြုံရမှာပဲ” ဟု အသက် ၈ဝ နှစ်အရွယ်ရှိ ဦးဝင်းတင်က ပြောသည်။

”ကျနော်တို့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနိုင်ရေး၊ အာဏာရရေးလောက်ပဲ လုပ်နေတာ မဟုတ်ဘူး။ ဒီစစ်အာဏာရှင်စနစ် တခုလုံးကို ဖြိုချဖို့ လုပ်နေတာဆိုတော့ သူတို့ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ ရှိမှာပဲ” ဟု သူက ပြောသည်။

အလားတူပင် ပါတီဖျက်သိမ်းခြင်း မခံရစေရေးအတွက် ရွေးကောက်ပွဲ ဝင်သင့်သည်ဟု အစောပိုင်းက သဘောထား ဖော်ထုတ်ခဲ့သော ဧရာဝတီတိုင်း ဘိုကလေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဦးချစ်ဝမ်းကလည်း “ရက်ပေါင်း ၆ဝ အတွင်းမှာ ပါတီအဖြစ် မှတ်ပုံမတင်ရင် တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာမယ်၊ ပြီးတော့မှ လူစုတာတို့၊ လှုပ်ရှားတာတို့ လုပ်မယ်ဆိုရင် သူတို့က ကျိန်းသေ ဖြိုခွဲမှာပဲလေ။ ဒါကတော့ သူတို့ပြောပြီးသား” ဟု ဆိုသည်။

ပါတီအနေဖြင့် ရပ်တည်ခွင့် မရနိုင်တော့မည့် NLD အနေဖြင့် မြေအောက် အဖွဲ့အစည်းအဖြစ် ပြောင်းလဲရန် မလိုအပ်ဟု ရွေးကောက်ပွဲကို ဆန့်ကျင်သူ တဦးဖြစ်သော ဇိုမီးအမျိုးသား ကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က ပြောသည်။

“နိုင်ငံရေးဆိုတာကတော့ ဆိုင်းဘုတ်မရှိလည်း စိတ်ထဲမှာရှိရင် လုပ်လို့ရပါတယ်။ ကျနော်တို့ရဲ့ ZNC ဆိုတာက ၉၃ ခုနှစ် ကတည်းက ဖျက်သိမ်းတာ။ ကျနော်တို့ ဆိုင်းဘုတ် မထောင်နိုင်ဘူး၊ စာတွေ မဝေနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့ လုပ်တာပဲ” ဟု သူက ပြောသည်။

NLD ၏ ဆုံးဖြတ်ချက်ကို ဝမ်းသာအားရ ကြိုဆိုကြောင်း ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောကြားသည်။

“ဒီနေရာမှာတော့ NLD ကို ကျနော် တော်တော်အားရတယ်။ ကျနော်က ဘယ်ပါတီဝင်မှတော့ မဟုတ်ဘူး။ လွတ်လပ်တဲ့ ကလောင် တချောင်းကို ကိုင်ပြီးတော့ တိုက်ပွဲဝင်နေတယ်။ သို့သော် NLD ကို ကျနော်တို့ ထောက်ခံတယ်၊ ဝန်းရံမယ်” ဟု သူက ဆက်ပြောသည်။

ယခု ဆုံးဖြတ်ချက်ကြောင့် နအဖအစိုးရသည် နောက်ထပ် အခက်အခဲ တမျိုးနှင့် ရင်ဆိုင်လိုက်ရသည်ဟု သူက ဆိုသည်။

သူက “Border Guard ကိစ္စတွေ၊ NLD ကိစ္စတွေ၊ နောက်တခါ သူတို့ ခွဲတမ်းချရမယ့် ကိစ္စတွေ၊ ဆိုတော့ ကျနော်တို့ပဲ ခက်တာ မဟုတ်ဘူး၊ သူတို့တွေက ကျနော်တို့ထက်တောင် ပိုခက်သေးတယ်။ ကျနော်ကတော့ ဟောဒီ ရွေးကောက်ပွဲ မဖြစ်ဘူးလို့တောင် ထင်တယ်” ဟု ပြောသည်။

ပြည်ပအခြေစိုက် အတိုက်အခံအဖွဲ့ Forum for Democracy in Burma မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ နိုင်အောင်ကလည်း NLD သည် ပြည်သူများ မျှော်လင့်နေသော တာဝန်အား ကျေပွန်စွာ ဦးဆောင်မှုကို ဆက်လက် ပြသသွားခြင်း ဖြစ်သည်ဟု သူ့အမြင်ကို ပြောသွားသည်။

သို့သော်လည်း ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သင့်သည်ဟု ယူဆထားသော ပါတီဝင်များ ကစဥ့်ကလျား ဖြစ်မည်နှင့် ပါတီဝင်များ၏ ရှေ့ရေးကို စိုးရိမ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် ဒေါက်တာ သန်းငြိမ်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ယောက်ဖတော်သူ ဒေါက်တာသန်းငြိမ်း မှာလည်း ပါတီတွင်း လှုပ်ရှားမှုကြောင့် ထောင် ၈ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။

NLD ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာသည်။

“မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြား အဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရက ဆန္ဒမရှိတဲ့ အတွက်ကြောင့် NLD က ဒီလို ဆုံးဖြတ်လိုက်တာပဲလို့ ကျနော်တို့ နားလည်မိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လေက ပြောသည်။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုနှင့် ထိတွေ့ဆက်ဆံရေး တပြိုင်တည်း ကျင့်သုံးနေသော အမေရိကန် အစိုးရ၏ မူဝါဒအောက်တွင် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ရွေးကောက်ပွဲတွင် ပါဝင်သင့်သူများ မပါလျှင် မြန်မာနိုင်ငံကို နောက်ထပ် အကူအညီငွေများ ထပ်မပေးတော့ဟု မကြာသေးခင်ကပင် ပြောထားသည်။

ကုလသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လေးစားရန် လိုအပ်သည်ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဒီမိုကရေစီဘက်တော်သားတို့အတွက် မြန်မာနိုင်ငံက အဆုံးအဖြတ် အခါသမယ

ဦးဝင်းတင်
၃၀ မတ် ၂၀၁၀

မြန်မာပြည်ကစစ်အစိုးရဟာ ကျနော်တို့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ဆက်လက် ရပ်တည် လှုပ်ရှားမယ် မလှုပ်ရှားဘူး ဆိုတာနဲ့ ပတ်သက်ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တရပ် ချဖို့ အခြေဆိုက် စေခဲ့ပါတယ်။

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီလို့ ခေါ်တဲ့ အာဏာရ ဗိုလ်ချုပ်တွေဟာ ဒီလထဲမှာ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတစုံကို ထုတ်ပြန်ခဲ့ပြီး ကျနော်တို့ပါတီကို ရွေးကောက်ပွဲ ကော်မရှင်မှာ ရက် ၆၀ အတွင်း အသစ် ပြန်မှတ်ပုံ မတင်ရင် ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကျနော်တို့ဟာ စစ်အစိုးရရဲ့ ရက်စက် ယုတ်မာတဲ့ သဘာဝကို သိထားပါတယ်။ သူချမှတ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတမှု စိုးစဉ်းလောက် ပြလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်အစိုးရဟာ အဲဒီ ဥပဒေတွေသုံးပြီး ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို နိုင်ငံရေး လုပ်ငန်းကနေ ဖယ်ထုတ် ပစ်လိမ့်မယ်လို့လည်း မမျှော်လင့် မိခဲ့ပါဘူး။ စစ်အစိုးရဟာ ပါတီအားလုံး ပါဝင်တဲ့ ပွင့်လင်းမြင်သာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုချက်ကို လျစ်လျူရှုလိုက်ခြင်း အားဖြင့် မြန်မာ ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဆန္ဒကို အာခံလိုက်ပြန်ပါပြီ။

နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေက နိုင်ငံရေး အကျဉ်းသား အားလုံးကို မဲပေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေးပါတီ ထောင်ခြင်း ဒါမှမဟုတ် ပါတီဝင်ဖြစ်ခြင်း တို့အားဖြင့် ရွေးကောက်ပွဲမှာ ပါဝင် ဆောင်ရွက်မှုကို ပိတ်ပင် ထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ကိုယ့်ပါတီဝင် အဖြစ် ရှိမနေအောင် ပါတီတွေက အာမခံရမှာဖြစ်ပြီး နိုင်ငံ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာ စောင့်ရှောက်ပါ့မယ်၊ ရွေးကောက်ပွဲ ဥပဒေတွေကို လိုက်နာပါ့မယ် ဆိုတဲ့ ခံဝန်ချက်ကိုလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေဟာ ရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ဝင်ပြိုင်ဖို့ လိုပါတယ်။ ဒီကန့်သတ် ချုပ်ချယ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ရင် ပါတီဖျက်သိမ်း ခံရမှာ ဖြစ်ပါတယ်။

ကျနော့်အတွက်တော့ ဆုံးဖြတ်ရတာ လွယ်ကူရိုးစင်းလှပါတယ်။ ဒါကတော့ “ဘူး” ဆိုတာပါဘဲ။ ကျနော်တို့ဟာ ဖောက်ပြန် ခြစားပြီး မတရားတဲ့ ဒီတရားရေး စနစ်အောက်မှာ အကျဉ်းချခံနေရ အကျဉ်းချခံ ခဲ့ရဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို မထုတ်ပစ် နိုင်ပါဘူး။ သူတို့မပါရင် ကျနော်တို့ပါတီဟာ အလကား ဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ တရားဥပဒေ အာဏာပိုင်စိုးမှုကို ယုံကြည်လို့ ထောင်ထဲ ရောက်နေတာ ဖြစ်ပါတယ်။ ယုံကြည် လက်ခံလောက်ဖွယ် ဒီမိုကရေစီ လုပ်ငန်း ဖြစ်ဖို့ဆိုရင် သူတို့ကို ချက်ခြင်း လွှတ်ပေးပြီး ဗမာပြည်ရဲ့ နိုင်ငံရေး လုပ်ငန်းထဲ ပါဝင် ဆောင်ရွက်စေဖို့ လိုပါတယ်။

ထာဝရ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ဖို့ ရည်ရွယ်ပြီး စစ်အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို ကျနော်တို့ လက်မခံပါဘူး။ ဒီအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲကို ၂၀၀၈ ခု နာဂစ်မုန်တိုင်း အပြီးမှာ ကျင်းပခဲ့ပြီး အဓမ္မ ဖိအားနဲ့ မသမာမှုနဲ့ “အတည်ပြုခဲ့”တာ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းချက်ကတော့ ဒီအခြေခံဥပဒေ အတုအယောင်ကို ပယ်ချပစ်ပြီး အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုက တဆင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှုနဲ့ တိုင်းရင်းသား လူမျိုးအားလုံး တန်းတူညီမျှမှု ကိုအာမခံမယ့် အခြေခံဥပဒေ တရပ် ဖန်တီးဖို့ ဖြစ်ပါတယ်။ အတုအယောင် အခြေခံဥပဒေကို လိုက်နာပါ့မယ်လို့ ကျနော်တို့ ခံဝန်ချက် မထိုးနိုင်ပါဘူး။ ဒီလုပ်ငန်းကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။

အဖွဲ့အစည်းတခုအဖို့ ဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူမပါတီ ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ဖို့ "စဉ်းတောင်မစဉ်းစားဘူး" လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီကို သက်ဝင်ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ပီပီ ပါတီကဘဲ ကိုယ့်ဖာသာကိုယ် ဆွေးနွေး ဆုံးဖြတ်ဖို့ကို အလေး ပေးခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ကျနော့် ရဲဘော်အားလုံးက ဒီမတရားမှုတွေကို အတူတကွ ရင်ဆိုင်ဖို့ သဘောတူခဲ့ကြပါတယ်။

တချို့ကတော့ ကျနော်တို့ပါတီ ဆက်လက်ပြီး တရားဝင် အနေအထားရှိဖို့ ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။ သူတို့စဉ်းစားချက် အရ ကျနော်တို့ပါတီ တရားမဝင် ဖြစ်သွားရင် မြန်မာနိုင်ငံ ပြည်သူတွေအတွက် ဘယ်လို အလုပ် လုပ်နိုင်တော့မှာလဲတဲ့။ ကုလ သမဂ္ဂနဲ့ တချို့ နိုင်ငံတွေကလည်း စစ်အစိုးရကို ဒီမတရား ဥပဒေတွေ ပြောင်းလဲပေးဖို့ ပန်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ဗမာပြည် အခြေအနေ ဆွေးနွေးနိုင်အောင် သူ့ရဲ့ "မြန်မာ့မိတ်ဆွေများအုပ်စု" အစည်းအဝေးတခု ခေါ်ယူ ကျင်းပခဲ့ပါတယ်။ အမေရိကန်အစိုးရ ဟာ ကျနော်တို့ တိုင်းပြည်ထဲက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ် ဆန့်ကျင်ရေး ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ "စုံစမ်းရေး ကော်မရှင်" တရပ်ကို ကုလသမဂ္ဂကနေ ထူထောင်ဖို့ အကြံပြုချက် အပါအဝင် ကုလ အထူး စုံစမ်းရေးသမား တောမတ်စ် အိုဟေးယား ကွင်တားနား မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ အကြံပြု တိုက်တွန်းချက်တွေကို "အလေးအနက်စဉ်းစား" နေတယ် လို့လည်း ကျနော်တို့ ကြားရပါတယ်။ ဒီလိုနောက်ကွယ်က နိုင်ငံတကာ အသံတွေရဲ့ ထောက်ခံ အားပေးမှုနဲ့တင် မလုံလောက်နိုင်ပါ။ နိုင်ငံတကာ့ အသံတွေ ကြေညာချက်တွေကို ဗမာပြည် နိုင်ငံရေး အကျပ်အတည်း ပြောင်းလဲပစ်ဖို့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အားမဖြည့်တဲ့ အတွက် ကျနော့် ရဲဘော်တွေ ပူပန်ကြောင့်ကြမိတာ ဖြစ်သင့် ဖြစ်ထိုက်ပါတယ်။

ကျနော်တို့ပါတီဟာ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီ အတွက် အသက်ပေးလှု သွားခဲ့ကြ သူတွေရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ဖို့ဆိုတဲ့ မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ၁၉၈၈ ခု ဒီမိုကရေစီရေး လူထုအုံကြွမှု ကနေ ပေါက်ဖွားလာ တာဖြစ်ပါတယ်။

ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့ပြီး နှစ် နှစ်ဆယ်ကျော်တိုင်အောင် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမတရားတဲ့ ရွေးကောက်ပွဲ "ဥပဒေတွေ" ကို ဒူးထောက်ဖို့ ငြင်းဆန်တဲ့အတွက် မကြာခင်မှာ စစ်အစိုးရကနေ ဖျက်သိမ်းတာကို ခံရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲင်အယ်လ်ဒီ ဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ ကျနော်တို့ဟာ ပြည်သူတွေ အကြားမှာ ပြည်သူတွေနဲ့ အတူ ရှိနေမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစုများ တန်းတူရေး အတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ့အသိုင်းအဝိုင်း အနေနဲ့ ကျနော်တို့နဲ့အတူ ရပ်တည်ဖို့ ကျနော် မျှော်လင့်ပါတယ်။ နိုင်ငံတကာက အစိုးရတွေဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ကြိုတင် စီစဉ်ထားတဲ့ ရလဒ်ကို လက်မခံကြောင်း ကြေညာဖို့လိုပြီး စစ်အစိုးရအနေနဲ့ ဗမာပြည်အတွက် သိသာထင်ရှားပြီး တိုးတက်တဲ့ အပြောင်းအလဲလုပ်ဖို့ ဖိအား ပေးသင့်ပါတယ်။ အပြောင်းအလဲ ဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ခြင်း လွှတ်ပေးတာနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်ဆင်ရေးတွေ ရပ်စဲတာက အစချီရမှာ ဖြစ်ပါတယ်။ ဒီနောက် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာရမှာ ဖြစ်ပါတယ်။

ဦးဝင်းတင်

ဦးဝင်းတင်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် စတင် တည်ထောင်သူလည်း ဖြစ်ပြီး ၁၉၈၉ ခုကနေ ၂၀၀၈ ခုအထိ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ပါတယ်။

မတ်လ ၃၀ ရက် ၂၀၁၀ ထုတ် ဝါရှင်တန်ပို့စ် သတင်းစာမှ Decision Time in Burma for Democracy's Advocates ဆောင်းပါး

Read More...

နေ့စဉ်သတင်းများ ( ၃၀ - ၃ - ၁၀ )

(၂၉) မတ်လ၊ ၂၀၁၀ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အထူးအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက် သတင်း
ဒေါ်အောင်ဆန်းစုကြည် ဗဟိုကော်မတီထံ ပေးပို့သည့် အချက် (၆) ချက် NLD သံတမန်တွေကို ရှင်းပြ သတင်း
NLD ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ကုလ အလေးထား သတင်း
ဦးဝင်းတင်ကို မဖမ်းပါ သတင်း
NLD ပါတီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် အတိုက်အခံများ ကြိုဆို သတင်း
NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို သတင်း
NLD ဆုံးဖြတ်ချက်အပေါ် အမြင်ကွဲပြားနေ သတင်း
NLD ရှေ့ရေး ထင်ကြေး အမျိုးမျိုးပေး သတင်း
NLD ပါတီ မှတ်ပုံမတင်သည့်အပေါ် ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ရဲဘော်ဖိုးသံချောင်းရဲ့ အမြင် သတင်း
နအဖ ရွေးကောက်ပွဲအပေါ် ဝါရင့်ရခိုင်နိုင်ငံရေးသမား ခိုင်ကျော်ခိုင်၏ အမြင် သတင်း
၁၉၉၀ ရွေးကောက်ပွဲနိုင် NLD အမတ်များ အိုင်ပီယူတွင် ဆွေးနွေးခွင့်ရ သတင်း
ရွေးကောက်ပွဲ ပုန်ကန်မှုများ ကာကွယ်ရန် လုံခြုံရေးများ တိုးမြှင့်တော့မည် သတင်း
NLD ဆုံးဖြတ်ချက် ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်ဟု ဂျာနယ်များတွင် ဖော်ပြခိုင်း သတင်း
သူရရွှေမန်း ကချင်ပြည်နယ်သို့ သွားရောက် သတင်း
မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်း ရာဇသံထပ်ပေး သတင်း
ကိုးကန့်ဒေသ၌ ပြောက်ကျား (၇) ဦး လက်နက်နှင့်အတူ ဖမ်းမိဟုဆို သတင်း
အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်က ကေအဲန်ယူကို တိုက်ခိုက် သတင်း
လူထုအပေါ် ဒီကေဘီအေ၏ အနိုင်ကျင့်မှု ပိုများလာ သတင်း
မဟာပါသဏ လိုဏ်ဂူတော်ဝင်းအတွင်း ၀င်ထွက်သွားလာခွင့် ကန့်သတ် သတင်း
ရခိုင်လူငယ် (၁၁) ဦးအမှု စစ်ဆေး၊ မိသားစု နားထောင်ခွင့်ရရေး တရားရုံးထံ တောင်းဆို သတင်း
လေပြင်းကြောင့် ဒုက္ခသည် (၁၀၀) ကျော် အိုးအိမ်ပျက်စီး သတင်း
၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံရှိ နေအိမ် (၅၉) လုံး ဖယ်ရှားခံရ သတင်း
ဘတ်စ်ကား ချောက်ထဲကျ၊ လူ (၆) ဦး သေဆုံး သတင်း
စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ သတင်း
ရွှေ့ပြောင်းအလုပ်သမားများကို လိမ်လည်သည့် ကုမ္ပဏီ စစ်ဆေးခံရ သတင်း
မလေးရှားတွင် အဖမ်းအဆီး ပိုကြမ်းလာ သတင်း
အစိုးရနဲ့ UDD ဆွေးနွေးပွဲ မအောင်မြင်ဘဲ အဆုံးသတ် သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီရဲ့ သမိုင်းဝင် ၂၀၁၀ မတ်လ ၂၉ ရက် အစည်းအဝေး (ဓာတ်ပုံ မှတ်တမ်း)
စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ (ဘာသာပြန်ဆောင်းပါး)
လင်းယုန်ငှက်၏ အချိန်ကိုက် ထိုးသုတ်မှုနှင့်တူသော ဆုံးဖြတ်ချက် (ဆောင်းပါး)
တယ်လီဖုန်းဖြင့် ချစ်သူရှာဖွေခြင်း (ဆောင်းပါး)

Read More...

Tuesday, March 30, 2010

တောင့်ထား အန်အယ်လ်ဒီ

ရဲဘော်ဖိုးသံချောင်း
၂၉/ မတ် ၂၀၁၀

နအဖရဲ့ နောက်ဆုံးခြေလှမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စမ်းသပ်လိုက်တာပဲလို့ အလွယ်တကူပြောရင် ရပါတယ်။ ဒါပေမယ့် နအဖရဲ့ ဒီထိုးစစ်ဟာ မမျှော်လင့်ဘဲ ပေါ်လာတာ မဟုတ်ပါဘူး။ ဒင်းတို့တတွေ ဒီအတွက် ကြိတ်ကြံနေတယ်။

တချိန်ကျရင်၊ အထူးသဖြင့် ရွေးကောက်ပွဲကာလ တ၀ိုက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို “ကိုင်” တော့မယ်ဆိုတာ အစောကြီး ကတည်းက အများက တွက်ထားကြတာပါ။ ဘယ်ပုံ ဘယ်နည်း ဆိုတာကိုသာ စောင့်ကြည့်နေကြတာ ဖြစ်ပါ
တယ်။

အခုတော့ အဖြေက ထွက်လာပါပြီ။ တွက်ထားတဲ့အတိုင်းပဲ ကောင်းဘွိုင်ကားထဲက လူဆိုးလို သေနတ် တ၀င့်ဝင့်နဲ့ အဲဒီ သေနတ်ကိုင် လူဆိုးက အခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အဖြိုခွဲခံမလား၊ သူတို့ခွင့်ပြုတဲ့ ဥပဒေဘောင် ထဲကနေ အပြင်ကို ထွက်သွားမလား၊ သူတို့ဖွင့်ပေးထားတဲ့ ပုံစံ တံခါးပေါက်ကနေ ခေါင်းငုံ့ ၀င်မလားလို့ ရွေးစရာတွေ ပေးနေပါတယ်။ ဒါဟာ နအဖဘက်က သွေးတိုးစမ်းတာ မကတော့ပါဘူး။ စိန်ခေါ်တာ၊ စစ်ကြေညာတာ ဖြစ်ပါတယ်။ ဒီချုပ်အနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရင်ဆိုင် ဖြေရှင်းရပါတော့မယ်။ လွန်ခဲ့တဲ့အနှစ် (၂၀) တုန်းက ကြံ့ခိုင်မှုမျိုး ရှိသေးသလားဆိုတာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သက်သေ ပြရပါတော့မယ်။

သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို နအဖက အခုလို တမင် အညွန့်ချိုးဖို့ လုပ်တာဟာ ဒီနေ့ ပြည်သူလူထုရဲ့ လှုပ်ရှားမှုနဲ့ စိတ်ဓာတ် အရှိန်ကို ချိုးနှိမ်ဖို့လုပ်တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဦးတည်တယ်လို့ ဆိုပေမယ့် ဦးတည်ထားတာ ဖြစ်တယ်ဆိုတာကို သတိပြုရပါမယ်။

ဒီတပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးကျိုးသွားရင် ပြည်သူလူထုရဲ့ လှုပ်ရှားမှုကြီး ကိုလည်း အများကြီး ထိခိုက်မယ်ဆိုတာ သေချာပါတယ်။ ဒါကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တဦးတည်း ရင်ဆိုင် နေရတဲ့ ပြဿနာလို့ အသာ လက်ပိုက်ကြည့်နေရင် ဒီတကွေ့ရဲ့ အချောင်သမား ဖြစ်သွားပါမယ်။

ဖိနှိပ်တဲ့ အုပ်စိုးသူတွေနဲ့ အဖိနှိပ်ခံ ပြည်သူတို့အကြားက ပဋိပက္ခမှာ အဖိနှိပ်ခံ ပြည်သူတို့ဘက်က တိုက်ပွဲကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြီး ဆင်နွှဲနိုင်တာ အင်မတန်မှ နည်းပါတယ်။ တိုက်ပွဲအချိန်၊ တိုက်ပွဲနေရာဌာန၊ တိုက်ပွဲသဏ္ဌာန် စတာတွေကိုလည်း ကိုယ်သဘောကျတာ ရွေးချယ်ခွင့် မရတတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူလူထုဘက်က ခုခံစစ် ဆင်နွှဲရတာ ဖြစ်တယ်လို့ ပြောလေ့ ရှိကြတာပါ။ အခုလည်းပဲ နအဖရွေးချယ်တဲ့အချိန်၊ နအဖရွေးချယ်တဲ့နေရာမှာ သူတွန်းပို့လာတဲ့ နည်းနာနဲ့ ပြန်လည် တုံ့ပြန်ရတော့မှာ ဖြစ်ပါတယ်။ အလှည့်မို့ နွဲ့လို့ မရတော့ပါဘူး။ မြင့်တဲ့အပင်ဟာ လေတိုက်တဲ့ဒဏ်ကို ဒီနေ့ အတိုက်အခံ အင်အားစုတွေထဲမှာ ထိပ်ဆုံးကရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ဟာ နအဖရဲ့အပြင်းထန်ဆုံး တိုက်ခိုက်တာကို ခံရတာပဲ ဖြစ်ပါတယ်။

တပါတည်းမှာ ထောက်ပြဖို့လိုတာက ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းတာဟာ ၁၉၅၈-၆၀ အတွင်း (၂) နှစ်လောက် နန်းထိုင် လိုက်ရလို့ အာဏာရဲ့အရသာကို မောင်ကျန်တတို့ ဖြစ်သွားပြီး တသက်လုံး နန်းစံဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။ စစ် အုပ်စုတွေဆိုတာ အဲဒီလိုအာဏာကလေး (၂) နှစ်လောက် ရလိုက်တာနဲ့ပဲ သံသရာဆုံးတိုင် အာဏာကိုင်ထားဖို့ စိတ်ကူးကြတယ် ဆိုရင် အနှစ် (၂၀) ကျော် အာဏာအရသာကို မြိန်မြိန်ကြီးစားသုံးခဲ့တဲ့ ဗိုလ်သန်းရွှေတို့ တတွေ ဘယ်လိုစိတ်ကူး ကြမယ်ဆိုတာ အလွယ်နဲ့ မှန်းကြည့်နိုင်ပါတယ်။ ဒီတော့ လာမယ့် သူတို့ရဲ့လွှတ်တော်ထဲမှာ သူတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေဆိုတာနဲ့ လုယူထားတဲ့ (၂၅) ရာခိုင်နှုန်းသော ကိုယ်စားလှယ် အရေအတွက်လောက်နဲ့ တင်းတိမ် ရောင့်ရဲမယ်လို့ ထင်ရင် ညံ့လွန်းရာ ကျပါလိမ့်မယ်။ ဆန္ဒခံယူပွဲတုန်းက (၉၂.၂) ရာခိုင်နှုန်းထက်မနည်း ရအောင်ယူမယ် ဆိုတာကို မယုံမရှိပါနဲ့။ အဲဒီလို လွှတ်တော် မျိုးထဲကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ (၇၅) ရာခိုင်နှုန်းအထက် ကိုယ်စားလှယ်ဦးရေ ရအောင် စည်းရုံးမယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုတော့ စောင့်သာ ကြည့်ချင်ပါသေးတော့တယ်လို့ ဆိုရမှာပါပဲ။

နအဖရဲ့ ဒီရွေးကောက်ပွဲဟာ ဗြုန်းစားပေါ်လာတာမဟုတ်ပါဘူး။ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ဆွဲကတည်းက ပေါ်လာတာ ဖြစ်ပါတယ်။ လမ်းပြမြေပုံ (၇) ချက်အရဆိုရင် ဒါဟာနောက်ဆုံးအဆင့်၊ ဒါကိုဖြတ်သန်းပြီးရင် ဗိုလ်ချုပ်တွေ ရေသင်ဖြူးမှာ လှေယာဉ်နဲ့မြူးဖို့သာ ရှိတော့တယ်လို့ တွက်ထားတာဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ ဒါဆိုရင် မြန်မာပြည်ကြီးကို စစ်အုပ်စု အဆက်ဆက် ရာစုနှစ်နဲ့ချီပြီး အုပ်စိုးလို့ရသွားပြီလို့ စိတ်ချရတော့မှာပါ။ အနှစ် (၂၀) နီးပါး ပြင်ဆင်လာပြီးနောက် အခုအခါမှာ ပိုင်ပြီထင်လို့ ဖော်ထုတ်လာတာ ဖြစ်ပါတယ်။ နှယ်နှယ့်အကြံအစည် မဟုတ်ပါဘူး။ ဒီတော့ သဘောဝကျစွာပဲ တိုက်ပွဲဟာ အခက်အခဲတွေ ရှိမှာပါ။ ကတုတ်ကျင်းတွေ စနစ်တကျ တူးပြီးသား အသင့်ဖြစ်နေတဲ့ ရန်သူနဲ့ လမ်းပေါ်မှာ ချီတက်နေတဲ့လူတို့ တိုက်ရတယ်ဆိုရင် ကတုတ်ကျင်းထဲကလူက တပန်းသာတာကတော့ အမှန်ပါပဲ။

ရွေးကောက်ပွဲမတိုင်မီ ဒီကာလပိုင်းဟာ နအဖအနေနဲ့ ရေနှောက်ငါးဖမ်းသလို အတိုက်အခံတွေကို ဆန်ခါတင် စစ်နေတယ်လို့ ဆိုရင် မမှားပါဘူး။ သူတို့ရဲ့ပေါ်ပေါက်လာမယ့် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ကာလကြီးမှာ ဘယ်သူတွေကို ဘယ်လို နှိပ်ထားရမယ်ဆိုတာ ဒီတချီမှာ တပါတည်း စာရင်းပြုနေတာ ဖြစ်ပါတယ်။ သူတို့ဘက်ကနေ ဘီလူးစည်း လူ့စည်းခွဲနေတာလို့ ဆိုနိုင်ပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖစစ်အစိုးရကို ပိုတွက်ဖို့မလိုပါဘူး။ သူတို့တတွေ အာဏာရလေလေ၊ ဥစ္စာဓနတွေ တိုးပွားလေလေ သူတို့ချင်းပြဿနာတွေ ပိုတက်လေလေ ဖြစ်ပါလိမ့်မယ်။ ဒါတရားပါ။ အရင်ကလည်း ဒီလိုပဲဖြစ်ခဲ့တယ်။ နောင်လည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ တဖက်မှာလည်း ဒီလိုဆိုတဲ့အတွက် ဒင်းတို့တတွေ သူတို့ချင်းချကုန်ပြီး အလိုလို ပျက်စီးသွားမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ကိုယ်က (ပြည်သူလူထုက) တွန်းမချရင် ပြိုမကျပါဘူး။

အဲဒီအတွက် အင်အားစုစည်းပါ။ ကျစ်လစ်အောင်၊ ကျယ်ပြန့်အောင်လုပ်ပါ။ နည်းနာရှာပါ။ ကိုယ့်ဘက်မှာ ပြည်သူလူထု ရှိနေရင် မရှိရာကနေ ရှိလာ၊ အားနည်းရာကနေ အားကြီးလာရမှာပါ။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ

ဒေါ်အောင်ဆန်းစုကြည် မှာကြားသော စကား(၆) ခွန်းမှာ ......

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။

၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။

၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင် ပစ္စည်းလည်း မဟုတ်။

၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက် လက်မခံ။

၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်း မှုကို ဆက်လက်ဆောင်ရွက်သွားမည်။

၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉ မတ်လ ၂၀၁၀)
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)

Read More...

အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ရွှေ၏ သဝဏ်လွှာ

“ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ နည်းဥပဒေတွေနဲ့ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့်မို့ ပါတီ မှတ်ပုံတင်တော့မှာ မဟုတ်ဘူးလို့ သူသဘောထားကြောင်း ဦးဉာဏ်ဝင်းကတဆင့် သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်တယ်၊ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သဘောထား အတိုင်းပဲ သူလည်း ရပ်တည်တယ်” (၂၉ မတ်လ ၂၀၁၀)

Read More...

ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲ

ကျော်ခ
တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က နာမည်တူ ဖြင့်ပင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း အသင်းမှ ထိပ်တန်းခေါင်းဆောင် တဦးက ပြောသည်။

ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီဟု အမည်ပြောင်းလိုက်ပြီး အသက် ၂၅ နှစ်အောက် လူငယ်၊ ကျောင်းသားများနှင့် အစိုးရ ဝန်ထမ်းများကို ထုတ်ပယ်လိုက်ကာ ပါတီဝင်ကဒ်များ လွန်ခဲ့သည့် သီတင်းပတ်မှ စတင်ကာ ထုတ်ပေးလျက် ရှိသည်ဟု အဆိုပါ ထိပ်တန်း ခေါင်းဆောင်က ဆိုသည်။

“ရွေးကောက်ပွဲဝင်ဖို့အတွက် ကျနော်တို့ကတော့ ကြိုတင်လုပ်နေပြီ။ အသင်းနေရာမှာ ပါတီ ဖြစ်သွားမယ်။ လက်ရှိမှာ တိုင်း၊ ခရိုင် အလိုက် ဖွဲ့စည်းပြီးသွားပြီ ပေါ့နော်။ ပိုင်ဆိုင်မှုတွေလည်း အားလုံး ပြောင်းလဲ ပြီးသွားပါပြီ။ နိုင်ငံတော်ပိုင် မဖြစ်တော့ပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ပါတီကို မှတ်ပုံမတင်ရသေးသော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ပြင်ဆင် ထားသည်ဟု သိရသည်။

စစ်အစိုးရက ၎င်း၏ ခြေလှမ်းနှင့်ပတ်သက်၍ သတင်း မထွက်အောင် ကြိုးစားနေစဉ်တွင် မဇ္ဈိမက မေးမြန်းထားသော ကြံ့ဖွံ့အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်းပင် ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲခြင်းကို အတည်ပြုကြသည်။

ကြံ့ဖွံ့အနေဖြင့် ရွေးကောက်ပွဲ စည်းရုံးရေး အပိုင်းတွင် လမ်း-တံတား တည်ဆောက်ခြင်း တို့ကို ပုံမှန် လုပ်ကိုင် နေသဖြင့် ထူးခြားစွာ လှုံ့ဆော် စည်းရုံးမှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ပါတီ သတင်းရပ်ကွက်က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်း နဝတ စစ်ကောင်စီက ၁၉၉၃ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး စသည့် နအဖ ထိပ်ဆုံး စစ်ခေါင်းဆောင် ၅ ဦးက အသင်း၏ နာယကများ ဖြစ်ကြသည်။

လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦးက အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ကြံ့ဖွံ့အဖွဲ့တွင် ပြည်နယ်/တိုင်း ၁၇ ဖွဲ့၊ ခရိုင်အဖွဲ့ ၆၆ ဖွဲ့၊ မြို့နယ်အဖွဲ့ ၃၂ဝ ဖွဲ့တို့နှင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အသက် ၂၅ နှစ်အောက်နှင့် အစိုးရ ဝန်ထမ်းများကို နိုင်ငံရေးပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ နုတ်ပယ် လိုက်ပြီးသည့် ကြံ့ဖွံ့ပါတီတွင် ပါတီဝင် မည်မျှရှိသည်ကို မသိရသေးပါ။

စစ်ဗိုလ်ချုပ်များနှင့် လက်ရှိ စစ်အစိုးရဝန်ကြီးများအနေဖြင့် ထိုအသင်းကို ကိုယ်စားပြုကာ ရွေးကောက်ပွဲ ဝင်ကြမည်ဟု ပြည်ပ အတိုက်အခံ တပ်ပေါင်းစု တခုဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

“နအဖ တပ်ထဲကလူတွေ ရွေးကောက်ပွဲဝင်မယ်လေ။ သူတို့က ဒီကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုပဲ အခြေခံမှာပေါ့။ လူကြီး တော်တော်များများက စစ်တပ်က ထွက်ပြီး အဲဒီထဲမှာ ဝင်မယ်လို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ ဒေါက်တိုင် ကြံ့ဖွံ့ပါတီ၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ သတင်းမထွက်စေရန် နေပြည်တော်က ညွှန်ကြားထားသည်။ ယခင်က ကြံ့ဖွံ့ကို နာမည် သီးသန့်ပြောင်းကာ ရွေးကောက်ပွဲ ဝင်မည်ဟု မြန်မာ့အရေး လေ့လာသူများ အကြား တွက်ဆ ထားမှုရှိသလို တပါတီထက်ပိုပြီး ဖွဲ့စည်းဖွယ် ရှိသည်ဟုလည်း ခန့်မှန်းထားကြသည်။

လမ်းပြင်၊ သောက်သုံးရေပေးဝေမှု စသော လုပ်ငန်းများ လုပ်ကိုင်နေသလို ရွေးကောက်ပွဲဝင်မည့် ရာထူးလက်ရှိ စစ်ဘက် အရပ်ဘက်များက စည်းရုံး နေခဲ့သော်လည်း ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များကို လုပ်ကြံ သတ်ဖြတ်ရာတွင် ပါဝင်မှုနှင့် ၂ဝဝ၇ ခုနှစ် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့မှုများကြောင့် ကြံ့ဖွံ့မှာ နာမည်ပျက် ထွက်သည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောကြားရာတွင် မကြာမီ ရက်အနည်းငယ် အတွင်း ရွေးကောက်ပွဲ ဝင်မည့် လက်ရှိ ဝန်ကြီးများနှင့် စစ်ဘက် အရာရှိများကို ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိမ့်မည်ဟု ဆိုသည်။

ဒီပဲယင်းတိုက်ခိုက်မှုမှ လွတ်မြောက်လာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD ကတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ယနေ့ ဆုံးဖြတ်လိုက်ကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်များကလည်း NLD ၏ အစည်းအဝေးကို လေ့လာ စောင့်ကြည့်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။

Ref: မဇ္ဈိမ

Read More...

နေ့စဉ်သတင်းများ ( ၂၉ - ၃ - ၁၀ )

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ သတင်း
မှတ်ပုံတင်ရေး မတင်ရေး အစည်းအဝေး ဥက္ကဋ္ဌ မတက် သတင်း
အန်အယ်လ်ဒီ ရုံးရှေ့တ၀ိုက် ဒီဒေး (Dicision Day) မြင်ကွင်း သတင်း
မွန်နှင့် ကရင်ပြည်နယ်အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်များ ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ် သတင်း
ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် သတင်း
စစ်အစိုးရကို ဂျပန်က အကူအညီသစ်များ ပေးမည်မဟုတ် သတင်း
NLD နိုင်လျှင် အမေရိကန် လွှမ်းမိုးမည်ဟု ရန်ကုန်မြို့တော်ဝန် ပြော သတင်း
ကော်မရှင်ကြောင့် ပါတီမှတ်ပုံတင်မည့်သူများ ဒုက္ခရောက် သတင်း
မှတ်ပုံတင်ခွင့် မရသေးမီ ပါတီ (၂) ခု ဟောပြောစည်းရုံး သတင်း
ရွေးကောက်ပွဲ သတင်းဆောင်းပါးများ ဆင်ဆာဖြတ်တောက် ခွင့်ပြု သတင်း
နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ် ယခင်အတိုင်း ဆက်လက်ရပ်တည်မည် သတင်း
ဝ ဒေသအတွင်းသို့ ဝင်ရောက်မှု တင်းကျပ်ထား သတင်း
၈၈ ကျောင်းသူ မာမာဦး ထောင်တွင်း၌ ယားယံသည့် ဝေဒနာ ခံစားနေရ သတင်း
ဝက်တုပ်ကွေး သံသယ တပ်မတော်နေ့ကို ဂယက်ရိုက် သတင်း
မူဆယ်မြို့နယ်အတွင်း အိမ်ယာမြေများ သိမ်းယူ သတင်း
ခမီးအမျိုးသားတဦးကို ပြန်ပေးဆွဲပီး ကျပ်သိန်း (၂၀၀) တောင်း သတင်း
မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ သတင်း
မလေးရှားတွင် တရားဝင် နေထိုင်သူများလည်း အဖမ်းခံရ သတင်း
“သူသေကိုယ်ရှင် တိုက်ပွဲဝင်” သံချပ်သီချင်းခွေ ထွက်ပြီ သတင်း
ရန်ကုန်သင်္ကြန် စည်ကားရန် အာဏာပိုင်တို့ စီစဉ်နေ သတင်း
တောင့်ထား အန်အယ်လ်ဒီ (ဆောင်းပါး)
လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်မှာ ရဲရဲလိုက် တိုက်ပွဲဝင်ကြရမယ့် အချိန်ဖြစ် (ဆောင်းပါး)
ကျယ်ပြန့်လာနိုင်တဲ့ ပြည်တွင်းစစ်အန္တရာယ် (ဆောင်းပါး)

Read More...

Monday, March 29, 2010

ဦးဝင်းတင်၏ ဒီနေ့စကား

၂၉ မတ်လ ၂၀၁၀

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဒီနေ့ကာလမှာ
ခြေပြတ်နိင်တယ်၊
လက်ပြတ်နိင်တယ်။
မှတ်ပုံတင်လိုက်ရင်တော့ ခေါင်းပါပြတ်သွားမယ်
ခြေပြတ်ရင်၊ လက်ပြတ်ရင်၊ ခြေတုလက်တုလုပ်နိင်တယ်။
ခေါင်းပြတ်ရင်တော့ ခေါင်းတုကိုလုပ်နိင်မှာ မဟုတ်ဘူး”

Read More...

ဒေါ်စု နိုင်သွားပြီ “တရွှေတော့ကျသွားပြီး နောက်တရွှေပဲ ကျန်တော့တယ်”

၂၉ မတ်လ ၂၀၁၀ ခုနှစ်



ဒီကနေ့ မတ်လ ၂၉ ရက်နေ့၊ ရန်ကုန်မြို့အဖွဲ့ချုပ် ဗဟိုရုံးမှာ ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုကော် မတီစုံညီ အစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်ပေါင်း ၁၆၀ နီးပါး တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲဝင်ဖို့ ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး မဲခွဲဆုံးဖြတ်ရာမှာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်တဲ့ မတရားတဲ့ ဥပဒေအောက်မှာ ပါတီ မှတ်ပုံမတင်ရေး အဆို တခဲနက် အနိုင်ရသွားကြောင်း သိရပါတယ်။ မဲခွဲ ဆုံးဖြတ်ဖို့တောင် မလိုဘဲ ပွဲပြတ်နိုင်သွားကြောင်း သိရပါတယ်ခင်ဗျား။

ဦးအောင်ရွှေကတော့ နေမကောင်းဘူးဆိုပြီး အစည်းအဝေးကို မတက်ရောက်ကြောင်း သိရပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို စောင့်နားထောင်နေတဲ့ ပရိသတ်ထဲက လူငယ်တဦးက “တရွှေတော့ ကျသွားပြီ တရွှေပဲ ကျန်တော့တယ်” ဆိုပြီး ၀မ်းမြောက်ဝမ်းသာ အော်ဟစ် ပြောဆိုသွားကြောင်း သိရပါတယ်။

Read More...

Weekly Political Events Regarding the Election of SPDC

March 29, 2010

Weekly Political Events Regarding the Election of SPDC

Read More...

နေ့စဉ်သတင်းများ ( ၂၈ - ၃ - ၁၀ )

ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရှိရင် ဂျပန်က စီးပွားရေးကူညီမှု ရပ်ဆိုင်းမည် သတင်း
ထွက်ပြေးလာတဲ့ ကလေးစစ်သား ပြန်အဖမ်းခံရပြီး သေဆုံး သတင်း
နိုင်ငံရေးပါတီတွေ စပြီး ကန့်သတ်ခံရပြီလား သတင်း
(၂၉) ရက်နေ့ အစည်းအဝေးအကြို နောက်ဆုံးတပတ် ဖြစ်ပေါ်တိုးတက်မှုများ သတင်း
အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး အမြင်သဘောထားများ သတင်း
၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စတင် သတင်း
မန္တလေးမြို့မှာ အစိုးရဆန့်ကျင်ရေး စာတန်းတွေရေး သတင်း
ပြည်ခိုင်ဖြိုးက ပါတီမှတ်ပုံမတင်သေးသော်လည်း စည်းရုံးရေးလုပ်ခွင့်ရ သတင်း
စစ်အစိုးရကို အရေးယူဖို့ အာဆီယံ လူ့အခွင့်အရေးကော်မရှင်ကို တိုက်တွန်း သတင်း
မြန်မာနိုင်ငံအတွက် အင်တာနက် ထောက်လှမ်းရေးနည်းပညာ ပံ့ပိုးမှုမရှိဟု ပြင်သစ်ကုမ္ပဏီ ငြင်းဆို သတင်း
မလေးရှား လူဝင်မှု စစ်ဆင်ရေးအတွင်း မြန်မာအများစု အဖမ်းခံရ သတင်း
တပ်မတော်နေ့ အခမ်းအနားအတွက် ကျောက်စိမ်းကုမ္ပဏီများကို အလှူငွေကောက် သတင်း
နစကတပ်သားများ နေရာကောင်းမှ မပြောင်ကြေး ကျပ်ငွေ (၅) သိန်းထိရှိ သတင်း
လူသားဆိုင်ရာ အခွင့်ရေးများ ကျူးလွန်သူ နစကတပ်သားကို နစကမှူး အရေးယူ သတင်း
NLD မွန်ပြည်နယ် NO ပဲ သတင်း
ဝါရင့်နိုင်ငံရေးသမားကြီးများ တော်လှန်ရေးနေ့တွင် ကြေညာချက်ထုတ်ပြန် သတင်း
အဖွဲ့ချုပ်ရုံးတွင် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တော်လှန်ရေးနေ့ အခမ်းအနား အပါအ၀င် သတင်းမှတ်စု သတင်း
ဘက ပညာရေးစနစ်နှင့် ဘက အခြေခံလူမှုကယ်ဆယ်ရေးလုပ်ငန်း တစိတ်တပိုင်း သတင်း
ဝန်ကြီးချုပ် အဖိဆစ်နဲ့ ဆန္ဒပြခေါင်းဆောင်တို့ ဆွေးနွေး သတင်း
၂ဝ၁ဝ ရွေးကောက်ပွဲ (သို့) စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆုံးမိုက်တွင်းဖြစ်စေ (ဆောင်းပါး)
NLD ပါတီ ရွေးကောက်ပွဲ ၀င်ခြင်း မ၀င်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ (တိုက်ရိုက်လေလှိုင်း)
ဗမာအစိုးရ၊ ဝ၊ မိုင်းလားနဲ့ တရုတ် (မျက်မှောက်ရေးရာ)

Read More...

Sunday, March 28, 2010

ဦးဝင်းတင်နဲ့ စကားလက်ဆုံ - ခွဲခြင်း၊ ကွဲခြင်း မရှိတဲ့ တခုတည်းသောလူထုပါတီ - အင်န်အယ်ဒီ

မတ် ၂၇၊ ၂၀၁၀

ယမန်နေ့က ဟံသာဝတီဦးဝင်းတင်နဲ့ ထပ်မံတွေ့ဆုံ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အင်န်အယ်ဒီ ရပ်တည်ချက် အလားအလာမှာ မြန်မာ ပြည်တွင်းမှာကော မြန်မာ ပြည်ပမှာပါ အင်န်အယ်ဒီ ပါတီဝင်တွေက ပါတီကို မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မ၀င်နိုင်ဘူးဆိုတဲ့ တခဲနက်သော သဘောထားတွေကို ရဲရဲရင့်ရင့် ထုတ်ပြန်လာတဲ့ အချိန်၊ အင်န်အယ်ဒီရဲ့ အဆုံးအဖြတ်ကိုပေးမယ့် ခေါင်းဆောင် ၁၀၀ ကျော်ရဲ့ အစည်းအဝေး ကလည်း နီးကပ်လာချိန်မှာ ပါတီရဲ့ ရှေ့ရေးကို အဓိကထားပြီး မေးမိပါတယ်။

အခုသည်စကားလက်ဆုံ (အင်တာဗျူး)ကို မေးသူရဲ့ တင်ပြပုံနဲ့ပဲ ရေးဖို့ ရွေးချယ်ထားပါတယ်။ ဆရာဦးဝင်းတင် ပြန်လည် ဖြေဆိုချက်တွေထဲက ကောက်နုတ် ဖော်ပြချက်တွေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ပြောဖြစ်တဲ့ အချက်ကတော့ - အင်န်အယ်ဒီဟာ အများက ဟောကိန်း ထုတ်နေကြသလို ကွဲကြမှာလား၊ ခွဲကြမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာက ပြန်လည် ဖြေကြားရာမှာ -

စစ်အစိုးရက ချပေးထားတဲ့ အကွက်ထဲမှာ အင်န်အယ်ဒီပါတီဟာ ကွဲလို့လည်း မဖြစ်ဘူး၊ ခွဲလို့လည်း မဖြစ်ဘူး။ အဓိက စဉ်းစားကြရမှာက ပါတီနဲ့ ပါတီဝင်တွေ အားလုံး တစုတစည်းတည်း ရပ်တည်ကြဖို့ ဖြစ်တယ်။ ပါတီကို မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်လည်း စစ်အစိုးရရဲ့ လမ်းကြောင်းနောက်ကို လိုက်တာ ဖြစ်သွားတော့မယ်။ ပါတီကို မှတ်ပုံမတင်ဘူး ဆိုရင်လည်း အခု စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ မေလ ၇ ရက်မှာ အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်တယ်။ အဲဒီ အကြပ်အတည်းတွေကြောင့် ပါတီမှာ ရှိနေတဲ့ လူနည်းစု သဘောထားကပဲ ဖြစ်ဖြစ်၊ လူများစု သဘောထားကပဲ ဖြစ်ဖြစ် ကိုယ်လုပ်ချင်တာကို ဇွတ်တိုး လုပ်ကြလို့ ရှိရင်လည်း ပါတီဟာ ကွဲကြ ပြဲကြပြီးတော့ အရှုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်။ သည်တော့ ခုချိန်မှာ အဲသလို နှစ်ဖက်စလုံးက အရှုံးတွေကို မရွေးမိကြဖို့ လိုတယ်။ လို့ ပြန်လည် ဖြေကြားပါတယ်။

အဲသည်မှာ ဆက်မေးမိတဲ့ မေးခွန်းကတော့ ပါတီကနေ “ထွက်”ကြတယ်။ “ထုတ်” ကြတယ် ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ရတဲ့ အချိန်ကစပြီး နိုင်ငံရေးနယ်ပယ်မှာ လူတွေ ကွဲကြ၊ ပြဲကြတယ်။ ပြီးတော့ သဘောချင်း မတူကြလို့ မညှိနှိုင်းနိုင်ကြလို့ ပါတီထဲက အဖွဲ့တွေထဲက ထွက်ကြတယ်၊ ထုတ်ကြတယ်။ မဆလပါတီလမ်းစဉ်မှာ ပါဝင်ခဲ့ကြသူတွေကိုယ်တိုင် နောက်ကျတော့ ထွက်ကုန်ကြတယ်။ အထုတ်ခံကြရတယ်။ ဘေးထွက် ထိုင်ကြတယ်။ ဘေးကနေ ပြောကြ ဆိုကြတာတွေ ဖြစ်လာတာလဲရှိ၊ မှိန်ပြီး ပျောက်ရှ သွားတာတွေလည်း ရှိတယ်။ အဲသည်လိုမျိုး အခြေအနေကို အင်န်အယ်ဒီ ပါတီအနေနဲ့ ဘယ်လို ရင်ဆိုင်မှာလဲ၊ ဦးဝင်းတင်က ဘယ်လို သဘောထား ရှိသလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာ့ ပြောကြားချက်တွေထဲက အဓိက အချက်တွေကို ပြန်လည် တင်ပြရမယ် ဆိုရင် -

ပါတီတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို စံနမူနာယူပြီးတော့ အတူတကွ တစုတစည်းတည်း ရပ်တည်ကြဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆုံးဖြတ်ချက် အနေနဲ့ကတော့ ပါတီကို မှတ်ပုံ မတင်နိုင်ဘူး။ ထို့အတူ ပါတီရဲ့ ဆုံးဖြတ်ချက်ကိုတော့ လိုက်နာမယ်လို့ ပြောလိုက်ပါတယ်။ အခုအရေးကိစ္စကို အားလုံးက ဆွေးနွေး ဆုံးဖြတ်ကြတဲ့ နေရာမှာ လူနည်းစုကလည်း ကိုယ်လုပ်ချင်တာကို အတင်းဆုပ်ကိုင်ထားလို့ မရဘူး။ ဇွတ်လုပ်ကြဖို့ မလိုဘူး။ အများစု အနေနဲ့ကလည်း အားလုံးကို စည်းရုံးပြီးတော့ လက်တွဲပြီး ရပ်တည်ကြဖို့ လိုပါတယ်။ လူများစုပဲ ဖြစ်ဖြစ်၊ လူနည်းစုပဲ ဖြစ်ဖြစ် ခွဲကြ၊ ထွက်ကြ လုပ်ကြမယ် ဆိုရင် အခုဟာက ဟိုတုန်းက ခေတ်နဲ့ မတူတော့ဘူး။ သည်အတိုင်း ဘေးမှာ၊ အပြင်မှာ ရပ်တည်ခွင့်ရှိမှာ မဟုတ်ဘူး။ နည်းမျိုးစုံနဲ့ ဖယ်ရှား ရှင်းလင်းခြင်း ခံရမှာ ဖြစ်တယ်။ အားလုံးက ခုချိန်မှာ ပါတီနဲ့ တွဲလုပ်ကြပါလို့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါ်စုကို စံပြုပြီးတော့ ပါတီနဲ့ တွဲလုပ်ကြပါလို့ … ဟု ဆိုပြီး ဖြေကြားပါတယ်။

ယခုလက်ရှိအခြေအနေမှာ ပါတီဝင်တွေ၊ ခေါင်းဆောင်တွေရဲ့ အများစုဆန္ဒက ဘယ်လိုလဲ။ ဘယ်ကို ဦးတည်နေသလဲ ဆိုတဲ့အချက်။ ပြီးတော့ အနည်းစုရဲ့ ဆန္ဒရဲ့ ဦးတည်ချက်တွေကို ထပ်မံပြီး မေးမြန်းပါတယ်။ ဆရာက …

ခုချိန်မှာ ပြည်နယ်တွေ တိုင်းတွေက ခေါင်းဆောင်တွေ၊ ပါတီဝင်တွေရဲ့ သဘောထား ၇၀ ရာခိုင်နှုန်းက မှတ်ပုံ မတင်ရေး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မထုတ်ပြန်ခင် ကတည်းက သူတို့တတွေက မှတ်ပုံ မတင်နိုင်ဘူးလို့ အများစုက ဆိုထားတယ်။ ဒါ့အပြင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း အဲဒီသဘောကို ထုတ်ဖော် ပြောဆိုပါတယ်။ ဥပမာ အက်စ်အင်န်အယ်ဒီ ပါတီ အစရှိသည်ဖြင့်။ ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲ ၀င်ဖို့ဘက်က စည်းရုံး ပြောဆိုတာတွေ ရှိပေမယ့် အများစုက နိုးလို့ ဖြေထားတာ ဖြစ်ပါတယ်။
အခုအချိန်မှာ နိုင်ငံတကာကကော၊ ယူအင်မှာပါ မြန်မာ့အရေးကိစ္စကို ဆွေးနွေးနေရတဲ့ အချိန်လည်း ဖြစ်လာပါတယ်။ နယ်စပ်က တိုင်းရင်းသားတွေရဲ့ သဘောထားကလည်း တညီ တညွတ်တည်း ရှိနေတယ်။ အဲသည် အချိန်မှာ တစုတစည်းတည်း တညီတညွတ်တည်း တသံတည်း ရပ်တည်ကြရမှာ ဖြစ်ပါတယ်။
ပြောချင်တာကတော့ အခု နအဖ ချပေးထားတဲ့ လမ်းကြောင်းက ၂ ဖက်စလုံး ဘယ်ဟာပဲ ရွေးရွေး အရှုံးချည်းနဲ့ လမ်းတွေ ဖြစ်နေတယ်။ ကျနော်တို့က ကျနော်တို့တွေ အချင်းချင်းမှာ သဘောထားကြီးကြီး ထားကြရမယ်။ အဆိုးဆုံး အနေနဲ့ အရှုံးချင်း တူနေရင်တောင် ကျနော်တို့က ညီညီညွတ်ညွတ် အရှုံးခံနိုင်ကြရမယ်။ နအဖ လမ်းကြောင်းကို မလိုက်နာနိုင်ဘူး ဆိုရင် ကျနော်တို့ပါတီ အလံကို မလွှင့်ထူဘဲ ခေါက်ထားနိုင်ရမယ်။ အဲသည်အတွက် ကျနော်တို့အားလုံးက တသွေးတည်း တသံတည်းနဲ့ ညီညီညွတ်ညွတ် ပါတီအလံကို လွှင့်ထူနိုင်တဲ့ အချိန်လည်း နောင်မှာ ရောက်လာမှာ ဖြစ်တယ်။

ယခုလိုမျိုး အချိန်ကာလတိုတိုအတွင်းမှာ နအဖစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနဲ့ ခြေလှမ်းတွေ ပြင်ဆင်လာတယ်။ အဲသည်အတွက် အခြားသော နိုင်ငံရေး အစုအဖွဲ့တွေ၊ လူတွေ၊ ပုဂ္ဂိုလ်တွေကလည်း လှုပ်ရှား လာကြတယ်။ သို့သော် အဲဒါတွေထက် ပိုပြီး အံသြစရာ ကောင်းပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခြေအနေ တခုကတော့ အခုလို အချိန်တိုတို အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီ ပါတီက ပါတီခေါင်းဆောင် အသီးသီး၊ လူငယ်၊ အမျိုးသမီးနဲ့ ဒေသ အသီးသီးက ပါတီဝင်တွေ အားလုံးရဲ့ နိုင်ငံရေး နိုးကြား တက်ကြွမှုတွေ၊ ရဲရင့်မှုတွေ၊ ပွင့်လင်းတဲ့ ပြောဆိုဆွေးနွေး လှုပ်ရှားမှုတွေ၊ ညီညွတ် စည်းလုံးမှုတွေ ဖြစ်ပေါ် လာနေတာကို တွေ့ရတာ ဖြစ်ပါတယ်။ အဲသည်လို အလွန် အားကောင်းတဲ့ ရဲရင့်မှု၊ စည်းလုံးမှုတွေနဲ့ ပါတီ တရပ်ဟာ ဘယ်လိုမျိုး လုပ်ကိုင်စရာတွေ ခြေလှမ်းတွေကို အခုလိုမျိုး အချိန်တိုတို အတွင်း ဆက်လက် လှုပ်ရှားနိုင်မှာလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာရဲ့ သဘောထားက -

ကျနော်တို့မှာ နိုင်ငံရေးပါတီတရပ် အနေနဲ့ အခုလိုမျိုး ရပ်တည်ပြီးတော့ ဦးဆောင်မှုတွေ လှုပ်ရှားမှုတွေ ဆက်လက် ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာ မိသားစုတွေနဲ့ ဒီထက်ပိုပြီး ထိတွေ့ကြရမယ်။ တွေ့ဆုံရှင်းလင်း နားလည်မှုတွေ ယူကြရမယ်။ ဒါ့အပြင် ကိုယ်နဲ့ ဝေးကွာနေတဲ့ ပြည်သူတွေ၊ ပါတီဝင်တွေ၊ မိသားစုဝင်တွေနဲ့လည်း အခုလို အချိန်တိုတိုပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ပြောဆိုဆွေးနွေး လက်တွဲကြရမယ်။ ချိတ်ဆက်ကြရမယ့် အလုပ်တွေကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့နဲ့အတူ ရဲရင့်တဲ့ ခေါင်းဆောင်တွေ ရှိနေပါတယ်။ ဦးတင်ဦးကလည်း ကျနော်တို့နဲ့အတူ လက်တွဲပြီး ရပ်တည်ပြီး ဦးဆောင်မှု ပေးနေတယ်။

အခုချိန်မှာ ကျနော်တို့က အင်န်အယ်ဒီပါတီအနေနဲ့ အားလုံးအတူတူ လက်တွဲပြီးတော့ ရဲရဲရင့်ရင့်နဲ့ စည်းစည်း လုံးလုံး ရပ်တည် ကြရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီအချိန်မှာ ပါတီဝင်တွေက လူထုရှေ့မှာ စစ်အစိုးရ ရှေ့မှာ ကွဲတာတွေ၊ ခွဲတာတွေ ပြောပြီး အချိန်ဖြုန်းရမယ့် အချိန် မဟုတ်ပါဘူး။ ပြီးတော့ အခုချိန်မှာ ပါတီနဲ့ လက်တွဲကြပါ။ ပါတီကို လက်တွဲဖြုတ်ပြီးတော့ စစ်အစိုးဆီမှာ လက်နက် သွားချရမယ့် အချိန် မဟုတ်ဘူးလို့လည်း ပြောချင်ပါတယ်။

Ref: မိုးမခ

Read More...

နေ့စဉ်သတင်းများ (၂၇ - ၃ - ၁၀ )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းက ပါတီမှတ်ပုံမတင်သင့်ဟု ဆုံးဖြတ် သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြန်ဆုံးတွေ့ဆုံရေး NLD တောင်းဆို သတင်း
(၆၅) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အန်အယ်လ်ဒီရုံးချုပ်တွင် ကျင်းပ သတင်း
ဝါရင့်နိုင်ငံရေးသမားကြီးများ တော်လှန်ရေးနေ့ ကြေညာချက်ထုတ် သတင်း
နေပြည်တော်၌ (၆၅) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပ သတင်း
လိုအပ်ရင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော် ပါမယ် သတင်း
ရွေးကောက်ပွဲကို အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် လုပ်ရန်ပြင် သတင်း
မလျော်ကန်သည့် မဲဆွယ်မှုကို ရှောင်ရှားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြော သတင်း
မတ် (၂၇) နေပြည်တော်မြင်ကွင်း သတင်း
တပ်မတော်နေ့ သတင်းယူရန်သွားသည့် စီအန်အန်သတင်းထောက်ကို နှင်ထုတ် သတင်း
စစ်အစိုးရ၏ လုပ်ဆောင်ချက် စိတ်ပျက်ဒေါသထွက်ဖွယ် - ဘန်ကီမွန်း သတင်း
ပါတီ မှတ်ပုံမတင်ရန် ကျောင်းသားခေါင်းဆောင်များနှင့် သံဃာ့တပ်ပေါင်းစု ပန်ကြား သတင်း
အဖွဲ့ချုပ် လူငယ်ထုက ပါတီ မှတ်ပုံမတင်ရေး သဘောတူ ဆုံးဖြတ် သတင်း
မွန် MNDF ရွေးကောက်ပွဲ မဝင် သတင်း
နိုင်ငံရေးပါတီများ ထုတ်ဝေခွင့် ညွှန်ကြားချက် ထုတ်ပြန် သတင်း
အမေရိကန်စစ်တပ်က မြန်မာစစ်တပ်နှင့် ညှိနှိုင်းလို သတင်း
ဗကသခေါင်းဆောင်ဟောင်း ကိုညိုထွန်း နိုင်ငံရေးပါတီဖွဲ့ရန် ပြင်ဆင် သတင်း
ရန်ကုန်သင်္ကြန်မဏ္ဍပ်နှင့် ပတ်သက်၍ စည်းကမ်းတင်းကျပ် သတင်း
ဗိုလ်ချုပ်မှူးကြီး၏ အနာဂတ် ဘာလဲ ဘယ်လဲ (ဆောင်းပါး)
မကြာခဏ မှားတတ်ကြတဲ့ ဦးဉာဏ်ဝင်း နှစ်ယောက် (ဆောင်းပါး)

Read More...

အပေါ်သို့