Friday, July 16, 2010

PDC Monthly News Commentary - July 2010


PDC Monthly News Commentary - July 2010

Read More...

နေ့စဉ်သတင်းများ (၁၅ - ၀၇ - ၁၀)

■ စစ်အစိုးရကို ပိတ်ဆို့မှု သက်တမ်းတိုးရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု သတင်း
■ မုံရွာရဲစခန်းတွင် ဖမ်းဆီးထားသူတဦး စစ်ဆေးရင်း သေဆုံး သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဝင်းထိန် ပြန်လည်လွတ်မြောက် သတင်း
■ ဓာတ်ငွေ့ထုတ်လုပ်မှု (၁၀) ပုံ (၁) ပုံသာ နိုင်ငံအတွက်သုံး သတင်း
■ ကချင်ပြည်နယ် ရေအားလျှပ်စစ်စီမံကိန်းအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုရှိနေ သတင်း
■ ကေအဲန်ယူ ၀င်ထွက်မှုကြောင့် ရွာသားများ ဒဏ်ငွေရိုက်ခံရ သတင်း
■ ဇာဂနာ၏ ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ ဈာပန စည်ကား သတင်း
■ ဆရာနန်းညွန့်ဆွေ ကွယ်လွန်သွားခြင်းနဲ့ ပတ်သက်ပြီး အဆိုတော်ကြီး မာမာအေးရဲ့ အမှတ်တရစကား သတင်း
■ ကယားပြည်နယ်တွင် ကြံ့ဖွံ့တပါတီတည်း စည်းရုံး သတင်း
■ ပေါ်တာဖမ်းဆီးခံထားရသူ (၃) ဦးအနက် တဦး ထွက်ပြေးလွတ်မြောက်လာ သတင်း
■ ခြုံခိုတိုက်ခိုက်မှုက စီးပွားရေးသမားများအတွက် အခက်ကြုံနိုင် သတင်း
■ တရားဝင်လိုင်စင် ထုတ်ပေးမည့်အတွက် လိုင်စင်မဲ့ကား စုဆောင်းသူများ သတင်း
■ မြန်မာတဦး မူးယစ်ဆေးရောင်းမှုဖြင့် အဖမ်းခံရ သတင်း
■ ဗိုလ်ချုပ်မှူးကြီး၏ မြေး ယာဉ်မတော်တဆဖြစ်ဟုဆို သတင်း
■ ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ အရောင်းအ၀ယ်ထိုင်း သတင်း
■ ဆွိုင်း အနှိပ်ခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင် အမှုဖွင့် သတင်း
■ မူစယ်တွင် လျှပ်စစ်မီတာကြေး မြန်မာငွေ ပြောင်းလဲမည် သတင်း
■ လေဆင်နှာမောင်းဒဏ် ခံရသည့်အိမ်များ ပြန်ဆောက်ရန် ခက်ခဲ သတင်း
■ ကြွက်မှ ကူးစက်သည့် အသားဝါရောဂါ ပျဉ်းမနားတွင် တွေ့ရှိ သတင်း
■ ကမ္ဘာကျော် မွေးနေ့ရှင်ကြီး (ဆောင်းပါး)
■ အဖြေရှိပြီးသား ကစားပွဲ (ဆောင်းပါး)
■ ဇိုင်ယန်ဥယျာဉ် အပျိုစင်မြစ် (ဆောင်းပါး)

Read More...

Thursday, July 15, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ပြန်လွတ်

Thursday, July 15, 2010

ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန် ထမ်းခဲ့ဖူးသူ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရသော ဦးဝင်းထိန်ကို စစ်အစိုးရက စစ်ကိုင်းတိုင်း ကသာ အကျဉ်းထောင်မှ ယနေ့ ပြန်လွှတ်ပေး လိုက်ကြောင်း မိသားစုဝင်များနှင့် လူ့ အခွင့်အရေး လှုပ်ရှား နေသူများက ပြောသည်။

“ကသာ ထောင်ကနေ လွတ်လာပြီလို့ သိရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ရှိ မိသားစုဝင်များက ထောင်မှ ပြန်လည် လွတ်မြောက် လာသော ဦးဝင်းထိန်သည် ၎င်း၏ အိမ်သို့ ယခု အချိန်အထိ ပြန်ရောက် မလာ သေးကြောင်း ပြောဆိုသည်။

ဗိုလ်ကြီး ဟောင်းလည်း ဖြစ်သော အသက် ၆၉ နှစ်အရွယ်ရှိ ဦးဝင်းထိန်သည် ၁၉၉၆ ခုနှစ်တွင် ပြည်ပ သတင်းမီဒီယာ သမားများကို သတင်း အမှားများ ပေးသည် ဟူသော စွဲဆိုချက်ဖြင့် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၀၁၀ ရွေးကောက်ပွဲ အတွက် နိုင်ငံတော် အကျိုးကို ထမ်းဆောင်နိုင်ရန်ဟု ဆိုကာ အကျဉ်းသား ၉၀၀၂ ဦးကို စစ်အစိုးရက လွှတ်ပေးရာတွင် ဦးဝင်းထိန် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦး ပါဝင်ခဲ့သည်။

ထိုစဉ်က ဦးဝင်းထိန် လွတ်မြောက်လာသော်လည်း ကသာမြို့ရှိ တည်းခိုခန်းတခု၌ တည်းခိုနေစဉ် အာဏာပိုင်များ၏ ထပ်မံ ဖမ်းဆီး ခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးခြင်း၏ အကြောင်းအရင်းကိုမူ မသိရှိရပေ။

၁၉၈၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော လူထု အုံကြွမှုတွင် ဦးဝင်းထိန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

၎င်းသည် ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန အောက်တွင် ၅ နှစ်ကြာ စစ်မှုထမ်း ခဲ့ပြီးနောက် တပ်တွင်း၌ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင် ပတ်သက်နေသည်ဟု ဆိုကာ တပ်မှ ထွက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

အမေရိကန် အောက်လွှတ်တော် စစ်အစိုးရကို ဒဏ်ခတ်မှု သက်တမ်းတိုးရေး အတည်ပြု

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 14 ဇူလိုင် 2010

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်း တိုးဖို့ အောက်လွှတ်တော် ကနေ ကန့်ကွက်သူမရှိ အတည် ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး တိုးတက် ပြောင်းလဲမှု ဘာမှ မတွေ့ရတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးဝါး လာတာကြောင့် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ဖိအားတွေ ဒီထက်ပိုပေးဖို့ လိုမယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ (Joseph Crowley) ဦးဆောင်ပြီး အောက်လွှတ်တော် အမတ် ၂၀ ကျော်ဟာ အခု ဒီဥပဒေ သက်တမ်း တိုးရေး အတွက် အဆိုပြုခဲ့ ပါတယ်။ ဒီအပေါ်မှာ ကန့်ကွက်သူ မရှိဘဲ အောက်လွှတ်တော် တရပ်လုံးက မနေ့က အတည်ပြု လိုက်ပါတယ်။ ဒီဥပဒေဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် အင်မတန် အရေးကြီးတယ်လို့ အဆိုတင်သွင်းတဲ့ အောက်လွှတ်တော် အမတ် ဂျိုးဇက် ခရော်လီက အဆို တင်သွင်းစဉ်မှာ ပြောခဲ့ပါတယ်။

“ဒီဥပဒေကို သက်တမ်း ထပ်တိုးလိုက်တာဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အလွန်တရာ အရေးကြီး ပါတယ်။ အခု ဒီဥပဒေ အပါအ၀င် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေး ယူမှုတွေကြောင့် ဥပဒေမဲ့ လုပ်ရပ်တွေ ပံ့ပိုးရာ ရောက်မယ့် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာကို မြန်မာ စစ်အစိုးရ လက်ထဲ မရောက်အောင် တားဆီး လိုက်နိုင်ပါတယ်။ သိပ်ကို ထူးကဲ လွန်းတဲ့ အမျိုးသမီး တဦးကြောင့် ဒီဥပဒေတွေ ဖြစ်ပေါ်လာတာပါ။ သူကတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ သူဟာ တဦးတည်းသော အကျဉ်းကျ ခံနေရတဲ့ ကမ္ဘာ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်း စစ်အစိုးရရဲ့ မြန်မာလူထုအပေါ် ကျူးလွန်မှုတွေဟာ သာမန် လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်တော့ဘဲ လူသား မျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်တယ်လို့လည်း အောက်လွှတ်တော် အမတ် ဂျိုးဇက် ခရော်လီက ပြောပါတယ်။

“မြန်မာ စစ်အစိုးရဟာ တိုင်းရင်းသား ကျေးရွာပေါင်း ၃,၅၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။ ကျေးရွာသားပေါင်း သိန်းနဲ့ချီ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ကြရပါတယ်။ ဒုက္ခသည် သန်းနဲ့ချီ အိမ်နီးချင်း နိုင်ငံတွေမှာ ခိုအောင်း နေရပါတယ်။ အပြစ်မရှိတဲ့ မြန်မာ အမျိုးသမီး တွေကို လိင်ပိုင်းဆိုင်ရာ စော်ကား အဓမ္မ ပြုကျင့်တာကို စစ်လက်နက် သဖွယ် အသုံးပြုနေပါတယ်။ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ဟာ အကျဉ်းထောင်တွေ ထဲမှာ ရှိနေပါတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သက် မဟုတ်တော့ပါဘူး။ လူသား မျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်ပါတယ်။”

ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ချားလ်စ် ဘော်စ်တာနီ (Charles Boustany) ကတော့ အခုလို စီးပွားရေး ပိတ်ဆို့မှုမျိုးရဲ့ ထိရောက်မှုတွေကို စောင့်ကြည့် အကဲခတ် နေတုန်း ဆိုပေမဲ့လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုကို ထောက်ခံ ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် နိုင်ငံတကာက ၀ိုင်းဝန်း ဆောင်ရွက်မှ ရမယ်လို့ သူက ယုံကြည်ပါတယ်။ ဒါကြောင့် မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အာဆီယံတို့က စီးပွားရေးအရ ဖိအား ပေးသင့်တယ်လို့ သူက ယူဆပါတယ်။

“မြန်မာစစ်အစိုးရနဲ့ သူ့အပေါင်းပါတွေကို တိုက်ရိုက် ပစ်မှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ရေး ကုလသမဂ္ဂနဲ့ အခြား ကုန်သွယ်ဘက် နိုင်ငံတွေကို တိုက်တွန်းသွားဖို့ အမေရိကန် အစိုးရကို ကျနော် အပြင်းအထန် တိုက်တွန်းပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းနဲ့ တရုတ်နိုင်ငံတို့ အနေနဲ့လည်း မြန်မာအစိုးရနဲ့ ထိစပ် ဆွေးနွေးမှုတွေ အတော်လေး မြှင့်တင် ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။”

မြန်မာစစ်အစိုးရက ဒီနှစ်အတွင်းလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိ စစ်အုပ်စု အာဏာ ပိုမို ချုပ်ကိုင်လာနိုင်မယ့် အခြေအနေပဲ ရှိတယ်လို့ အောက်လွှတ်တော် အမတ် ဂျိုးဇက် ခရော်လီက မြင်ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ဖို့ အမေရိကန် အစိုးရက ကြိုးပမ်း နေတာကို နားလည်ပေမဲ့ မြန်မာစစ်အစိုးရ ဘက်ကတော့ အပြောင်းအလဲတွေ လုပ်ဖို့ လုံးဝ ငြင်းပယ် ထားတယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။ ဒီအခြေအနေ ပေါ်မှာ စစ်အစိုးရကို နိုင်ငံတကာ ဖိအားတွေ တိုးမြှင့် မပေးနိုင်တဲ့ အခြေအနေ အပေါ် မှာလည်း စိတ်ပျက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို စောင့်ကြည့် တာထက် ပိုပြီး ဖိအားပေးရမယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။

“ကျနော်တို့မှာ စောင့်ဖို့ အချိန်မရှိပါဘူး။ မြန်မာအစိုးရဟာ အခုနှစ်အတွင်းမှာ ရှက်ဖွယ်ကောင်းတဲ့ ရွေးကောက်ပွဲ တခု လုပ်ဖို့ ပြင်နေပါတယ်။ ဒီကနေ သိုးရေခြုံတဲ့ ၀ံပုလွေ တကောင်လို အစိုးရတရပ် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ မြန်မာလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး သူတို့လိုရာကို မရိုးမသား မရမကလုပ်ဖို့ ကြံစည်နေပါတယ်။ ရွေးကောက်ပွဲပြီးရင်လည်း အခုလို စစ်ခေါင်းဆောင် မျိုးတွေပဲ အာဏာ ရလာမှာပါ။ ဒီရွေးကောက်ပွဲ ရလဒ်ကို ကြိုပြင် ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပါဝင်ခွင့် မပေးပါဘူး။”

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံသူတွေ မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်းအနီးမှာ အကြမ်းဖက် တိုက်ခိုက်ခံရအပြီး ထွက်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အဲဒီကတည်းက အထိန်းသိမ်း ခံခဲ့ရတာပါ။ ဒီဥပဒေရဲ့ အဓိက အချက်ကတော့ မြန်မာနိုင်ငံတွင်းက သွင်းကုန်တွေကို ပိတ်ပင်မှုပါ။ အမေရိကန် ပြည်ထောင်စုဘက်က သွင်းကုန် ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံတွင်း အထည်ချုပ် စက်ရုံအချို့ ပိတ်လိုက်ရပြီး ဒီဥပဒေကြောင့် မြန်မာလူထုကိုလည်း ထိခိုက်မှု ရှိတယ်လို့ ဝေဖန်မှုအချို့တော့ ရှိပါတယ်။

ဒါပေမဲ့လည်း ဒီဥပဒေကြောင့် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပိုပြီး အထိနာစေတယ်လို့ အမေရိကန် ပိတ်ဆို့မှုကို ထောက်ခံ သူတွေက ပြောပါတယ်။ စစ်အစိုးရနဲ့ သူနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပိုပြီး ပစ်မှတ်ထား၊ ပိုပြီး ထိရောက်တဲ့ အမေရိကန် ပိတ်ဆို့မှုကတော့ နောက်ဆုံး ချမှတ်ခဲ့တဲ့ JADE ACT လို့ အမည်တွင်တဲ့ စီးပွားရေး ပိတ်ဆို့မှု ဥပဒေ ဖြစ်တယ်လို့ လေ့လာ သူတွေက ယူဆကြပါတယ်။ အခု ၂၀၀၃ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးမှု အတည်ဖြစ်ဖို့ ဆိုရင်တော့ အထက်လွှတ်တော်က အတည်ပြုပြီး သမ္မတက လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ (၁၄ - ၀၇ - ၁၀)

■ စစ်အစိုးရအား တရားစွဲခြင်းသည် တွေ့ဆုံဆွေးနွေးမှုကို လမ်းပိတ်ခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား သတင်း
■ စစ်အစိုးရကို NLD ထပ်မံ တရားစွဲမည် သတင်း
■ စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန် သတင်း
■ ဘက်ပြောင်း DKBA တပ်ဖွဲ့ဝင် မိသားစုများ နှိပ်စက်ခံရ သတင်း
■ အပစ်ရပ် SSA ‘တပ်အမည်’နှင့် ‘လုပ်ဆောင်ချက်’ မကိုက်ညီဟု မိုင်းလားခေါင်းဆောင် ဝေဖန် သတင်း
■ ခိုးမှုကျူးလွန်သည့် တပ်ကြပ်ကြီးအား ရဲက ဖမ်းပြီးပြန်လွတ် သတင်း
■ ရွေးကောက်ပွဲကြောင့် တက္ကသိုလ်တွင် တက်သုတ်ရိုက် စာသင်နေရ သတင်း
■ သိန်းစိန်၏ တိုင်းရင်းသားသွေးခွဲမှုပေါ် ပြည်ပရောက် နိုင်ငံရေးသမားများ ပြစ်တင်ရှုတ်ချ သတင်း
■ ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တွန်းခဲ့ သတင်း
■ ကြံ့ဖွံ့ပါတီသို့ အတင်းအဓမ္မ၀င်ခိုင်း သတင်း
■ မြန်မာစစ်တပ်မှ ရွာသားများကို ပေါ်တာဖမ်း သတင်း
■ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား(ပြု)ကတ်များ တရုတ်လူမျိုးများကို ထုတ်ပေး သတင်း
■ သင်္ဘောမီးလောင် ဒဏ်ရာရသူကို စင်္ကာပူဆေးရုံပြောင်း သတင်း
■ လေဘေးဒုက္ခသည်စခန်း တယက တားမြစ် သတင်း
■ ရန်ကုန်တွင် ရာဇဝတ်မှုများ တိုးပွား သတင်း
■ ရွှေဈေး ပြန်လည်ကျဆင်း သတင်း
■ ကျူရှင်မတက်နိုင်သော ကျောင်းသူ/သားများ ကျောင်းပြောင်းရ သတင်း
■ ပြည်တွင်းတွင် ဗိုင်းရပ်စ်ဖျက် စီဒီချပ်များ အရောင်းသွက် သတင်း
■ မင်းသမီး ပန်းဖြူ ရည်းစားဟောင်းကို တရားစွဲ သတင်း
■ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ပြန်ဖွဲ့ဖို့ ကက်ဘိနက် ခေါင်းညိတ် သတင်း
■ ပါရာဒိုင်းအသစ် စစ်အာဏာကာကွယ်ရေးလွှတ်တော်နှင့် သတင်းမီဒီယာတာဝန် (ဆောင်းပါး)
■ ရာဇဝင်တွင်သော စကားများ (သို့) အောင်ဆန်းချဲ့လင်း (ဆောင်းပါး)
■ Gtalk Status သို့မဟုတ် ရင်ချောင်ဆေး (ဆောင်းပါး)

Read More...

Wednesday, July 14, 2010

Private ကျောင်းများရဲ့ သွေးစုပ်ခြယ်လှယ်ပုံ

ထွဋ်မြတ်ခိုင်
13 June 2010 17:14

Private School တွေဖွင့်တော့ M.sc.MA ရထားတဲ့ မိန်းကလေး တော်တော်များများ ဝမ်းသာကြပါတယ်။ Private School တွေက M.Sc M.A ရထားတဲ့ သူတွေကို ဆရာမအဖြစ် Study Guide အဖြစ် ခန့်မယ်လို့ seven days news ဂျာနယ်မှာ အတိအလင်း ပြောထားတာကို ဖတ်ခဲ့ရလို့ပါ။

အဲဒီထဲမှာ ကျွန်မလည်း တစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။ ကျွန်မက M.Sc ရထားတဲ့ သူကိုး။ မဟာ မြကျွန်း သာ (MMAC) ဆိုတဲ့ ကျောင်းက M.Sc M.A တွေကို ဆရာမ အဖြစ် study guide အဖြစ် ခေါ်ပါတယ်။ ကျွန်မလည်း ၀င်လျှောက် ဖြစ်ပါတယ်။ ဆရာမ အဖြစ် အရွေး ခံရပါတယ်။ အရမ်း နာမည်ကြီး နေတဲ့ ကျောင်းမို့ အရမ်း အထင်ကြီးပြီး လျှောက်ခဲ့တာပါ။ နေစရာ စားစရာ ပေးပြီး လစာကို ၄၅၀၀၀ မှ ၈၀၀၀၀ ထိ ပေးမယ်လို့ ပြောခဲ့ ပါတယ်။ ကျွန်မတို့လို ပညာသာတတ်ပြီး ကိုယ့်ဝမ်းစာကို ကိုယ့်ဘာသာ ရှာစားနေရတဲ့ မိန်းကလေးတွေ အတွက်တော့ မဟာ့မဟာ အခွင့်အရေးပါပဲ။ ဒါပေမယ့် ဒါတွေက အိမ်မက်ပဲ ဖြစ်ခဲ့တာ။ အလုပ် လျှောက်လွှာကို လက်ခံတဲ့ နေရာက ၆မိုင်ခွဲမှာ ရှိတဲ့ မူကြို တစ်ခုမှာပါ။ မူကြို ကလည်း စင်ကာပူ သင်ရိုးအတိုင်း သင်တဲ့ မူကြိုမို့ အထင် ကြီးစရာ အင်မတန် ကောင်းပါတယ်။ မူကြိုတောင် ဒီလောက် အဆင့်မြင့်ရင် private school က ပိုတောင် သားနားမယ်လို့ ထင်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မ အရွေးခံ ရပါတယ်။ အလုပ် အတွက် စာချုပ် ချုပ်ရမယ်လို့ ပြောပါတယ်။ တလကို ၄၅၀၀၀ နဲ့ ၃ နှစ် စာချူပ် ရပါတယ်။ စာချူပ်ထဲမှာလဲ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ အချက်တွေသာ ပါပြီး သင်ကြားရေး တာဝန်ခံ ဆရာမ ဆိုတဲ့ ရာထူးနဲ့ ချူပ်တာပါ။ စာချူပ် ချူပ်ပြီးတာနဲ့ မြရိပ်မာလာ ဆိုတဲ့ အဆောင်ကို ခေါ်သွားပါတယ်။အဲဒီမှာ စပြီးတွေ့တာ ပါပဲ။ ပေ ၁၀၀ ပတ်လည်တောင် မရှိတဲ့ ခြံဝင်းထဲမှာ နှစ်ထပ် တိုက် ၂ လုံး ၊ ဂိုထောင် လိုလို အခန်း ၂ ခန်း၊ စာသင်ဆောင်၂ ခုနဲ့ ရေကန် ၁ ကန် တွေ့ရပါတယ်။ နှစ်ထပ်တိုက် ၂ လုံး ကတော့ ကျောင်းသူတွေ နေတဲ့ အဆောင်ပါ။ ဂိုထောင် လိုလို အခန်းကတော့ ဆရာမများ အတွက် ဖြစ်ပါတယ်။ ဂိုထောင် တခုမှာ ဆရာမ ၄ ယောက် နေရပါတယ်။ မိုးတွင်း ရောက်ရင် ခုတင် ခြေထောက်ထိ ရေမြုပ်တဲ့ အခန်းတွေပါ။

ကျွန်မ တွေ့ခဲ့ရတဲ့ ဖိနှိပ်မှုနဲ့ ချူပ်ချယ် ခံရမှု များကို အောက်မှာ ဆက်ရေးထားပါတယ်။

* (၁) တိုးတက်နေတဲ့ ခေတ်ထဲမှာ သတင်းစာ မဖတ်ရဘူးတဲ့။
* (၂) ရေဒီယို နားမထောင် ရဘူးတဲ့။
* (၃) MP3 MP4 လက်ကိုင်ဖုန်း သုံးခွင့် မပြုဘူးတဲ့။
* (၄) မိမိ မိသားစု အသိုင်းအ၀ိုင်းက မိမိထံသို့ ဖုန်းဆက်ခွင့် မရှိပါတဲ့။ လာရောက် တွေ့ခွင့် မရှိ ပါတဲ့။
* (၅) သန့်ရှင်းရေးနဲ့ ပန်းပင် ရေလောင်းတာကို အလှည့်ကျ လုပ်ရပါတယ်။
*(၆) ညဘက် ရေတင်တာကို အလှည့်ကျ စောင့်ရ ပါတယ်။( ကျောင်းသူများရဲ့ရေချိုးခန်း ထဲကို ထည့်တာပါ)
* (၇) ကျောင်းသူများရဲ့ အခန်းကို room service ၀င်ပေးရပါတယ်။
* (၈) ဂိတ်ပေါက် စောင့်ရပါတယ်။
* (၉) ဆရာမများ တနေ့ကို ရေတခါပဲ ချိုးရမယ်လို့ စည်းကမ်း ထုတ်ထား ပါတယ်။

ရေချိုးရတဲ့ နေရာကို ပြောပြပါမယ်။
လူနှစ်ရပ် လောက်ရှိတဲ့ ရေကန်နဲ့ ခြံစည်းရိုး အုတ်နံရံကြား လူတကိုယ် ၀င်စာရှိတဲ့ နေရာမှာ ချိုးရတာပါ။ လူ နှစ်ရပ် လောက်ရှိတဲ့ ရေကန်မှာ ရေက တစ်တောင်လောက်ပဲ ရှိတာကို ပုံးမှာ ကြိုးတပ်ပြီး ငင်ချိုး ရတာပါ။ မျက်နှာ သစ်ဖို့ ရေက အမှိုက်တွေနဲ့ သံချေးရေပါ။ တစ်နှစ်ပတ်လုံး မိုးတွင်းက လွဲလို့ ကျန်တဲ့ အချိန်တွေမှာ ဒီလိုပဲ သုံးရပါတယ်။ ဒါဟာ လိမ်ညာမှုပါပဲ။ ဒါဟာ အိမ်ဖော်တွေ လုပ်ရတဲ့ အလုပ်မျိုးတွေပါ။ ဆရာမ ဆိုတဲ့ နာမည်တပ်ပြီး အိမ်ဖော် လုပ်ခိုင်းတာပါ။ စာချုပ်မှာ မပါတဲ့ အချက်တွေကို အခိုင်းခံရပေမယ့် စာချုပ် ဆိုတာကြီးကို ကြောက်လို့ မထွက်ရဲတဲ့ သူတွေ အများကြီးပါ။ မဟာမြကျွန်းသာ ဆိုတဲ့ ဒီ private school က ပညာတတ် အမျိုးသမီးတွေကို ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး အကျဉ်းချ ကျွန်ပြုထားတာ ပြည်တွင်း လူကုန်ကူးမှု လို့တောင် ပြောလို့ ရပါတယ်။ တိုးတက်နေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ သတင်းစာ မဖတ်ရ ဆိုတာ တော်တော် ဆိုးဝါးတဲ့ အချက်ပါ။ စီးပွားရေးအရ ကြည့်ရင်လည်း ပိုက်ဆံ ရစရာရှိတဲ့ ကျောင်းသူတွေ ကိုတော့ ကောင်းကောင်း ထားပြီး ပိုက် ဆံပေးရမယ့် ဆရာမ( တနည်း ၀န်ထမ်း၊ အလုပ်သမား) ကိုတော့ ဖိနှိပ်ထားတာ အရင်းရှင် စနစ်ကို ကျင့်သုံး တာ ပါပဲ။ အရမ်းကောင်းပြီး အဆင့်မြင့် ပါတယ်လို့ နာမည်ကြီး နေတဲ့ မဟာ မြကျွန်းသာ private school ကိုတော့ ပညာတတ် မိန်းကလေးများ မလျှောက်မိ ပါစေနဲ့။ အမှားကြီး မှားမှာ စိုးရိမ်လို့ပါ။ နီးစပ်ရာ သူငယ်ချင်းများကို ပြောပြပြီး forward လုပ်ပေးကြပါလို့ အကူအညီ တောင်းပါတယ်။ ကျေးဇူး တင်ပါတယ်။

Ref: မောက္ခ


Read More...

နေ့စဉ်သတင်းများ (၁၃ - ၀၇ - ၁၀)

■ ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်စုမှူးတဦး ရိုက်သတ်ခံရ သတင်း
■ အပစ်ရပ် ပအိုဝ်းတပ်ဖွဲ့နှင့် ရှမ်းတပ်ဖွဲ့ တိုက်ပွဲဖြစ်၊ ကျေးရွာသား နှိပ်စက်ခံရ သတင်း
■ မြန်မာသူပုန် (၃၄) ဦး တရားစီရင်မှု ပြီးသော်လည်း မလွတ်မြောက် သတင်း
■ ရန်ကုန်မြို့၌ ဗြိတိသျှ ပထမအတွင်းဝန်နှင့် အန်အယ်လ်ဒီ ဒု-ဥက္ကဌတို့ တွေ့ဆုံ သတင်း
■ ကိုဖြိုးဝေအောင် ကျန်းမာရေးအတွက် မိသားစုက စာတင် သတင်း
■ အာဏာပိုင်က ဖိအားပေးဟု တရားစွဲခံရသူ မြန်မာ-အမေရိကန် ထွက်ဆို သတင်း
■ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အလုပ်အမှုဆောင်သစ်ဖွဲ့ပြီး သတင်း
■ ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ပါတီသာ မဲဆွယ် သတင်း
■ တောင်ကြီး ကွန်ပျူတာတက္ကသိုလ် ကျောင်းဆောင်ပြိုကျ သတင်း
■ ဘုရားသုံးဆူမြို့ ဆွိုင်းစားသောက်ဆိုင်ပိုင်ရှင် အသတ်ခံရ သတင်း
■ မြန်မာသင်္ဘောသား (၂) ဦး ဒဏ်ရာရ၊ (၁) ဦး ပျောက်ဆုံး သတင်း
■ ပျောက်ဆုံး မြန်မာသင်္ဘောသားကို ဆက်လက်ရှာဖွေ သတင်း
■ လေဆင်နှာမောင်းဒဏ်ခံရသူများ အိုးအိမ်မဲ့ဖြစ် သတင်း
■ ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်း သတင်း
■ ထိုင်းငါးဖမ်းစက်လှေတစ်စီး မြန်မာအာဏာက ဖမ်းဆီး သတင်း
■ ရန်ကုန် တယက အဆောက်အအုံရှိ ရုံးအဖွဲ့ ပြောင်းရွှေ့ရမည် သတင်း
■ ဂက်စ်အရောင်းဆိုင် မီးလောင်၊ တဦး ဒဏ်ရာရ သတင်း
■ ရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးရရှိရေး ဝန်ကြီးထံ စာတင် သတင်း
■ မြန်မာအလုပ်သမားများ တန်းတူအခွင့်အရေးရရှိရေး စာပို့ သတင်း
■ ဘီပိုးကာကွယ်ဆေးအတွက် ဆေးခန်းကိုသာ အားထားနေရ သတင်း
■ လိုင်စင်မရှိ ဆိုင်ကယ်များအပြင် လိုင်စင်ရှိပြီးသားများပါ စစ်ဆေးခံရ သတင်း
■ ပျိုးကျဲသူတွေအတွက်က အိမ်မက်ဆိုး သတင်း
■ ထက်ထက်မိုးဦး တရားရင်ဆိုင်ပြီ သတင်း
■ မိုးရာသီ ROCK ဂီတဖျော်ဖြေပွဲ ကျင်းပမည် သတင်း
■ အမေရိကန်ရောက် မြန်မာများ ကြည့်ရှုရန် မြန်မာရုပ်သံအစီအစဉ် ထုတ်လွှင့်မည် သတင်း
■ ရဲဖြစ်ရသည့် ဘဝဒုက္ခ (ဆောင်းပါး)

Read More...

ရဲဖြစ်ရသည့် ဘဝ ဒုက္ခ

ကြည်ဝေ
Tuesday, July 13, 2010

သူတာဝန်မှူး ကျသော ညများတွင် ပတ္တရောင် လှည့်ကင်း အဖွဲ့က စခန်းသို့ ည ဧည့်သည် မိန်းကလေးများကို ခေါ်လာတိုင်း စိတ်ညစ်ရ၊ စိတ်မကောင်း ဖြစ်ရကြောင်း ဒုရဲအုပ် ကိုကိုလေး (အမည် ပြောင်းထားသူ) က ပြောသည်။

သံတိုင်နောက်ကွယ်မှ မျက်ရည်စီးကြောင်း ထင်းနေသော အပေါစား မိတ်ကပ်မျက်နှာလေးများသည် အသက် ၁၈ နှစ်ပင် ပြည့်သေးဟန် မတူ။ ၁၄ နှစ်၊ ၁၅ နှစ် အရွယ် ကလေး သာသာလေးများကို တွေ့မြင်ရသည့် အခါတိုင်း ပိုပြီး စိတ်ထိခိုက် ရသည်ဟု သူက ဆက်ပြောသည်။

“သူတို့ဘ၀ ဆင်းရဲနိမ့်ကျလို့ ဒီဘ၀ ရောက်ကြ ရတယ် ဆိုတာ သိပါတယ်။ တခါတလေ ကျတော်လည်း တွေးမိတယ်၊ ကျနော့်တို့ ရဲတွေရဲ့ အလုပ်က နှလုံးသား မရှိမှ ကောင်းမယ် လို့လေ” ဟု ဒုရဲအုပ် ကိုကိုလေးက ဆိုသည်။

သူ တာဝန် ထမ်းဆောင်နေစဉ် ကာလ တလျှောက်တွင် အပြစ်မရှိဘဲ ဖမ်းဆီး ခံရသူများနှင့် ဆင်းရဲ နိမ့်ပါးလွန်း သောကြောင့် ပြစ်မှု ကျူးလွန် ကြသူများကို ကြုံရတိုင်း စိတ်မကောင်း ဖြစ်ရကြောင်း၊ ရဲဘ၀သည် ခက်ခဲ ၀မ်းနည်ဖွယ် ကောင်းသော ဘ၀မျိုး ဖြစ်ကြောင်း သူက ပြောပြသည်။

“တနေ့က စက်ရုံကနေ ပီနံအိတ် ၁၀ အိတ်ခိုးလို့ဆိုပြီး စခန်းရောက်လာတဲ့သူ ရှိတယ်။ အဲဒီပီနံအိတ် ရောင်းလို့ ဘယ်လောက် ရမှာလဲ။ ၅၀၀ ကျပ်လောက်တောင် ရပါ့မလား။ ဒါပေမယ့် သူ့ကို ပုဒ်မ ၃၈၀ … ခိုးမှုနဲ့ အမှုဖွင့်တော့ သူ ကျူးလွန်တဲ့ အပြစ်နဲ့ ခံရတဲ့ ပြစ်ဒဏ်က မမျှဘူးဆိုပြီး စိတ်မကောင်း ဖြစ်ရပြန်ရော” ဟု သူက လုပ်ငန်းခွင်ထဲတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် တချို့ကို ပြောသည်။

အသားညိုညို၊ မျက်နှာပြည့်ပြည့် အရပ်မြင့်မြင့်နှင့် သူ့ပုံစံမှာ ပြည့်စုံကြွယ်ဝသော ရဲဝန်ထမ်း တဦးတော့ ဟုတ်ပုံမရ။ သို့သော်လည်း သူ့ဇနီးသည်မှာ တရားရေး ၀န်ထမ်း အဆင့် ၃ ဖြစ်သောကြောင့် တခြား မိသားစုဝင်များသော ရဲဝန်ထမ်းများ ကဲ့သို့ စားဝတ်နေရေး အတွက် များစွာကျပ်တည်း ခက်ခဲမှု မရှိကြောင်း သိရသည်။

“နှစ်ယောက်စလုံးက ၀န်ထမ်းတွေဆိုတော့ ကျပ်တည်းတဲ့ အချိန်တွေတော့ ရှိပါတယ်။ ကလေးကလည်း တယောက်တည်း ရှိလို့သာ၊ တခြားလူတွေလို သိပ် ရုပ်ပျက်ဆင်းပျက် မဖြစ်တာပါ” ဟု သူက မိသားစု အခြေအနေကို ပြောသည်။

သူ့စခန်းမှ ရဲဝန်ထမ်းအများစုမှာ ကျပ်တည်းစွာ ရုန်းကန်ကြပြီး တချို့မှာ မိသားစု စားဝတ်နေရေး အတွက် နည်းလမ်း မျိုးစုံဖြင့် ရှာဖွေ နေကြရကြောင်း၊ ရဲဖြစ်နေသည့် အတွက် မကောင်းမှု ဒုစရိုက်အလုပ်က လွဲ၍ တခြား တဘက်တလမ်းမှ ၀င်ငွေ ရရှိနိုင်သော အလုပ်များ လုပ်နေသည်ကို မသိဟန် ဆောင်ပေးထားရကြောင်း သူက ပြောသည်။

ရဲဝန်ထမ်း လစာငွေဖြင့် မလုံလောက်သောကြောင့် မိသားစု စားဝတ်နေရေးအတွက် အိမ်တန်းလျား နောက်တွင် နို့စားနွား ၂ ကောင် မွေးကာ နွားနို့ပို့သော အလုပ်ကို လုပ်နေကြောင်းကို ရဲတပ်ကြပ် မောင်မောင် (အမည်ပြောင်းထားသူ) က ပြောပြသည်။

ဆိုင်ကယ်ရှေ့ခြင်းထဲတွင် နွားနို့်ထည့်ထားသော ရေသန့်ဘူးတချို့ကို ထည့်ပြီး ညနေ ၅ နာရီမှ ည ၉ နာရီ အချိန်အတွင်း ဖောက်သည် အိမ်များသို့ လှည့်ရောင်းကြောင်း၊ ထို ၀င်ငွေဖြင့် အထက်တန်း ကျောင်းသားနှင့် အလယ်တန်း ကျောင်းသူ သားနှင့် သမီးအား ကျောင်းထား ပေးနေရကြောင်း သူက ဆိုသည်။

“နွားနို့က ရေသန့်ဘူး တဘူးဆိုရင် ၅၀ သားရှိတယ်။ ၅၀ သားကို ၁၀၀၀ ကျပ်နှုန်းနဲ့ မှာတဲ့ အိမ်အရောက် ပို့ပေးတယ်” ဟု ရဲတပ်ကြပ် မောင်မောင်က ပြောပြသည်။

၂၄ နာရီ အလုပ်လုပ်ရသော ရဲဝန်ထမ်းများ အနေနှင့် ထိုကဲ့သို့ နွားနို့ပို့ခြင်း အလုပ်မျိုး မလုပ်သင့်မှန်း သိသော်လည်း မိသားစု စားဝတ်နေရေး အတွက် လုပ်နေရခြင်း ဖြစ်ကြောင်း သူက ပြောပြသည်။

“ဒုစရိုက် လုပ်ငန်းတွေဆီက ရတိုင်း ယူကောင်းတာ မဟုတ်ဘူး။ သူတို့ဆီက ယူထားတော့ စီမံချက်ရှိလို့ ဖမ်းရဆီးရတဲ့ အခါ သူတို့က အငြိုးထားပြီး လက်တုံ့ ပြန်တာမျိုးတွေ ရှိတယ်” ဟု ရဲတပ်ကြပ် မောင်မောင်က ရှင်းပြသည်။

ရဲဝန်ထမ်းတယောက်၏ လစာငွေမှာ အနိမ့်ဆုံး ကျပ် ၃၅၀၀၀ နှုန်းမှ စခန်းမှူးအဆင့်အထိ အမြင့်ဆုံး လစာငွေမှာ ကျပ် ၁ သိန်း ၈ သောင်း ၀န်းကျင်သာ ရှိကြောင်း၊ ခရိုင်အဆင့်၊ တိုင်းအဆင့် ရဲများသာလျင် လစာ ကောင်းမွန်ကြောင်း သိရသည်။

လစာငွေဖြင့် မလုံလောက်သည့်အတွက် အကြွေးတင်နေသော သတင်းတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ကျော်ကျော် (အမည်ပြောင်းထားသူ) သည်လည်း နယ်မြေစစ်ဆေးရင်း အငှားယာဉ်မောင်း နေကြောင်း သိရှိရသည်။ တက္ကစီဘုတ် တပ်မထားသော နံပါတ်အနက် စူပါ ဆလွန်းကားဖြင့် မှတ်တိုင်များ အနီးတွင် ရပ်ကာ ခရီးသည် ရှာဖွေရကြောင်း သူက ပြောပြသည်။

“လူဆိုးဖမ်းစရာရှိရင်တော့ ဒီကားကို သုံးတယ်။ ဒီလို လှည့်ကြည့်ရတဲ့ အချိန်တွေမှာတော့ လမ်းကြုံရင် ခရီးသည်တွေ ပို့ပေးတာပေါ့” ဟု အဆိုပါ ရဲတပ်ကြပ်ကြီးက ပြောသည်။

လစာငွေဖြင့် မလုံလောက်သော ရဲဝန်ထမ်းတချို့မှာ စားဝတ်နေရေး အဆင်ပြေရန်အတွက် သူ့လိုပင် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးစား နေထိုင်ကြရကြောင်း၊ အများ ထင်မှတ်သကဲ့သို့ ရဲဝန်ထမ်းတိုင်း ၀င်ငွေကောင်းကြသည် မဟုတ်ကြောင်း သူက ရှင်းပြသည်။

“အပိုကြေးရတယ် ဆိုတာလည်း ရဲတယောက်အနေနဲ့ ဘယ်လောက်ရနိုင်မှာလဲ။ လစာ ၃ သောင်းကျော်လောက် ရတဲ့သူက အပိုကြေး ၃ သောင်း လောက်ရတယ်၊ လစာ ၁ သိန်းလောက် ရတဲ့သူကတော့ အပိုကြေး ၁ သိန်း နီးပါးလောက် ရတယ်။ အရာရှိ မဟုတ်ရင် အများပြောသလို ထင်သလောက် မရပါဘူး” ဟု သူက ဆက်ပြောသည်။

၎င်းတို့ တာဝန်ကျရာ မြို့နယ်များအတွင်းရှိ ၁ လုံး (ဘောလုံး) ဒိုင်၊ နှစ်လုံးဒိုင်၊ သုံးလုံး (ယိုးဒယားချဲထီ) ဒိုင်များ၊ လိုင်စင်မဲ့ အရက်ဆိုင်များ၊ အနှိပ်ခန်းများ၊ တရားမ၀င်ရောင်းချကြသော လမ်းဘေးဈေးသည်များ စသည့် ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများကို လုပ်ကိုင် နေကြသူများထံမှ တရားမ၀င် အပတ်စဉ်ကြေး၊ လစဉ်ကြေးအဖြစ် ငွေကြေးမှန်မှန် ရတတ်ကြောင်း၊ ရဲဝန်ထမ်းများသည် တခြားသော အစိုးရ ဝန်ထမ်းများ ကဲ့သို့ပင် အစိုးရပေးသော လစာငွေနှင့် မလုံလောက် သောကြောင့် ထို ကြားပေါက် ငွေများကို ယူရခြင်း ဖြစ်ကြောင်း ရဲဝန်ထမ်းများက ဆိုသည်။

သို့ရာတွင် ထို ငွေများကို စခန်းရှိ ၀န်ထမ်းများက ရာထူးအလိုက် ခွဲဝေယူကြရကြောင်း၊ အနိမ့်ဆုံးအဆင့် ရဲဝန်ထမ်းမှာ အနည်းဆုံး ရတတ်ကြောင်း၊ ထို့အပြင် ထိုငွေများထဲမှ စခန်းအတွက် လိုအပ်သော ဆိုင်ကယ်၊ ကားပြင်ဆင် စရိတ်မှစ၍ စခန်းတွင်းသုံး ပစ္စည်းများကိုလည်း ၀ယ်ယူ သုံးစွဲ ကြရသေးကြောင်း ရဲဝန်ထမ်းများက ပြောဆိုကြသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲကာလ ကဲ့သို့ ဘောလုံးလောင်းကစားဒိုင်များ အလုပ်ဖြစ်ကြသော ကာလများတွင် ထိုဒိုင်များက ဒိုင်ကြီးလျှင် ကြီးသလို ငွေကျပ် ၅ သိန်း၊ ၁၀ သိန်းမှ သိန်း ၂၀ အထိ ပေးတတ်ကြောင်း၊ သို့သော်လည်း မြို့နယ် စီမံချက်များ ရှိလာလျင် တာဝန် ယူပေးရကြောင်း၊ ထို့အပြင် တိုင်တန်းသူ ရှိလျင်တော့ မဖြစ်မနေ အရေးယူရကြောင်း သိရသည်။

ရဲဝန်ထမ်းများအနေဖြင့် မိမိ တာဝန်ကျရာ မြို့နယ်အတွင်းရှိ ဥပဒေနှင့် ငြိစွန်းသည့် လုပ်ငန်းများထံမှ လစဉ်ကြေး ယူနေသည့် အတွက် မျက်နှာ နာနေရသည့် အဖြစ်များလည်း ရှိကြောင်း၊ အထက်က တာဝန် ပေးသဖြင့် သွားရောက် ဖမ်းဆီးရပါက ပြဿနာဖြစ်ခြင်း များနှင့်လည်း ကြုံတွေ့ရကြောင်း၊ ယခုအခါ ရဲများအား ဒေသခံနယ်မြေကို မ၀င်ခိုင်းတော့ဘဲ အခြား မြို့နယ်များသို့ နယ်မြေလွှဲကာ ၀င်ခိုင်းလျက် ရှိကြောင်း သိရသည်။

ဇွန်လကုန်ပိုင်းက လှိုင်မြို့နယ်မှ ရဲများသည် လောင်းကစားဒိုင် အိမ်တအိမ်ကို သတင်းကြားသောကြောင့် ၀င်ဖမ်းရာ အရပ်သားများက လိုင်းကြေး ပေးလျက်နှင့် ၀င်ဖမ်းသည် ဆိုပြီး မကျေမနပ်ဖြစ်၍ ၀င်ဖမ်းသော ရဲများအား ဓားပြများဟု ဆိုကာ ဓားဖြင့်ခုတ်ခြင်း၊ တုတ်ဖြင့် ၀င်ရိုက်ခြင်းများ ပြုလုပ်သောကြောင့် ရဲဝန်ထမ်း ၆ ဦးခန့်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ မြို့နယ်မှ အရပ်သား ၂၀ ခန့်ကိုလည်း ဖမ်းဆီး ချုပ်နှောင် ထားကြောင်း သိရသည်။

“ငွေညှစ်တတ်တဲ့ ရဲက ပိုခံရတယ်။ တရားခံဘက်က ခံရပြီဆိုရင်မှတ်ထား၊ တေးထားပြီးတော့ အခွင့်သာတဲ့အခါ ချောင်းရိုက်တာတို့၊ ဓားနဲ့ ထိုးတာတို့၊ အထူးသဖြင့် နယ်ထိန်းတွေက အဲဒီလို အဖြစ်အပျက်တွေ ပိုပြီး တွေ့ရတတ်တယ်” ဟု ရဲအရာရှိဟောင်း တဦးက ပြောဆိုသည်။

ရဲဆိုသည်မှာ ပြည်သူလူထု၏ ၀န်ထမ်းဖြစ်သည့်အလျောက် လူထုအပေါ်တွင် မိမိကိုယ်ကိုယ် အုပ်ချုပ်သူ လူတန်းစား အဖြစ် မမှတ်ထင် သင့်ကြောင်း၊ ရဲဝန်ထမ်းများသည် ရာဇ၀တ်မှုများနှင့် ဆက်စပ်နေသည့် အတွက် လူတိုင်းကို တရားခံဟု မယူဆ သင့်ကြောင်း၊ ဖမ်းဆီး ခံရသူကိုလည်း တရားခံအဖြစ် တွန်းပို့တတ်သည့် အလေ့ကို ရှောင်ရှားသင့်ကြောင်း သူက ဆက်ပြောသည်။

“ရဲတွေမှာ ကိုယ်ကျန်းမာရေးက အရေးကြီးသလို၊ စိတ်ကျန်းမာရေးကလည်း အရေးကြီးတာပဲ။ စိတ်ကျန်းမာ ဖို့အတွက် ဆိုရင်တော့ ကိုယ့်လိပ်ပြာ ကိုယ်သန့်နေဖို့က အရေးအကြီးဆုံးပဲပေါ့။ ကိုယ့်ကြောင့် အပြစ်ရှိသူ ၁၀၀ လွတ်ချင် လွတ်သွားပါစေ၊ အပြစ်မဲ့သူ တယောက်ကို မဖမ်းမိပါစေနဲ့ ဆိုတာလေးလည်း နှလုံးသွင်းသင့်တယ်” ဟု အဆိုပါ ရဲ အရာရှိဟောင်းက ပြောသည်။

ယခုခေတ်ရဲများသည် မြို့နယ်တွင်း မှုခင်းကိစ္စများသာမက နိုင်ငံရေးကိစ္စများကိုပါ အထက်က တာဝန်ပေးသည့် အတိုင်း ဖမ်းဆီး နေရသောကြောင့် ယခင် ခေတ်ရဲများထက် ပိုမို လူမုန်း များလာကြသည်ကို တွေ့မြင်ရကြောင်း၊ ရဲအရာရှိ တချို့ဆိုလျင် ရဲအလုပ်ကို စိတ်ပျက်သည်ဟုပင် ပြောဆို လာကြကြောင်း အဆိုပါ ရဲအရာရှိဟောင်းက ပြောသည်။

“အထက်က အမိန့်နဲ့ အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းရတဲ့အခါ စိတ်ဓာတ် ပျက်ပြားတယ်တဲ့ ကိုယ့် တပည့်ဖြစ်ဖူးတဲ့ ဒုတိယ ရဲမှူးကြီး တယောက်က ပြောတာ။ သူလည်း ဒီအလုပ်ကနေ ပင်စင် ယူချင်ပြီလို့ ညည်းနေတယ်” ဟု သူက ဆက်ပြောသည်။

ဒုရဲအုပ်ကိုကိုလေးကလည်း “ရဲဆိုရင် မိုက်တယ်၊ အထက်ကို ကပ်တယ်၊ ညစ်တယ်၊ လူတွင်ကျယ် လုပ်တယ်။ သူများအပေါ် လူလည် လုပ်တယ်၊ မိုက်ရူးရဲ ဆန်တယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ တွဲမြင်ကြပြီး လူတွေ ရွံမုန်းကြီး ဖြစ်နေတာကလည်း အင်မတန် ၀မ်းနည်ဖွယ် ကောင်းပါတယ်။ အဲဒီအမြင်ကို ပြောင်းလဲပေးဖို့အတွက် ကြိုးစား နေထိုင်သင့်တယ်” ဟု လက်ရှိ ခေတ် ရဲဘ၀ကို သုံးသပ် ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, July 13, 2010

စာပေဝေဖန်ရေး အဓိပ္ပါယ်များ

ဒဂုန်တာရာ
Monday, 12 July 2010

(၁၉၈၂)၊ အောက်တိုဘာလ၊ ရှုမဝမဂ္ဂဇင်းပါ ဆရာမင်းသုဝဏ်၏ 'စာပေမှတ်တိုင် ကလေးများ' ဆောင်းပါးတွင်
''ထိုနောက်ပိုင်းတွင်ကား ကျွန်တော်၏ အသိ အမြင် အယူအဆနှင့် မကိုက်ညီသော အချက်အလက်များကို အထောက်အထား များနှင့် တိုက်ဆိုင် ညှိနှိုင်းကာ ထင်မြင်ချက် ပေးခဲ့ပါသည်။ (ဝါ) ဝေဖန် ခဲ့ပါသည်။ ကိုဌေးမြိုင်က သူ့ 'မေ' ဝတ္ထုကို ဤကဲ့သို့ ဝေဖန်စေချင် သလား။ ကျွန်တော်မသိပါ။ သူတောင်းသော ထင်မြင်ချက်ကို ရေးပေးခဲ့သလား။ ကျွန်တော် မမှတ်မိပါ။ ရေးပေးခဲ့လျှင်လည်း ဘာတွေကိုများ ဘယ်လို ရေးပေးခဲ့ သလဲ။ ကျွန်တော် မပြောတတ်ပါ။ ကိုဌေးမြိုင်ကကော ဘယ်လို လက်ခံခဲ့သလဲ။ ယခု ရင့်ကျက်သော အခါ ဘယ်လို သဘောပြောင်းသလဲ။ ကိုဌေးမြိုင် ပြောပြမှ သိရပါသည်။ ဤစာပေမှတ်တိုင် ကလေးများကို ကျွန်တော် တစ်ဦးတည်း နိဂုံးချုပ်နိုင်စွမ်း မရှိပါ။ စုပေါင်း ညှိနှိုင်းတိုင်ပင် ၍ ပြေပြေပြစ်ပြစ် ဆောင်ရွက်ကြပါမှ သင့်မြတ်သော နိဂုံးကမ္ပတ် ဖြစ်နိုင်စရာ အကြောင်းရှိပါသည်'' . . . .စသည်ဖြင့် ဖော်ပြထားပါသည်။

ယင်းဆောင်းပါးမှာ လွန်ခဲ့သော အနှစ်လေး ဆယ်ကျော် (၁၉၄၁)၊ သြဂုတ်လ (၂၁)ရက်နေ့စွဲဖြင့် ဆရာ မင်းသုဝဏ်ထံ ကျွန်တော် ရေးလိုက်သောစာကို အခြေပြု၍ ထိုခေတ်က စာပေဝေဖန်ရေး အခြေအနေ အစအန တစ်ရပ်ကို သရုပ်ဖော် ထားခြင်းဟု ဆိုနိုင်ပါသည်။

မင်းသုဝဏ်ထံပေးသောစာတွင် ကျွန်တော်က . . . .''မေ ကိုဖတ်၍ ဆရာ့ထင်မြင်ချက်ကို သိချင်ပါသည်။ ဆရာ့ရဲ့ ထင်မြင်ချက်ကို ရေး၍ နဂါးနီ အယ်ဒီတာထံသို့ ပို့ပေး စေချင်ပါသည်။ ဆရာ့ရဲ့ ယင်း review ကို နဂါးနီတွင် ထည့်သွင်း ပုံနှိပ်ရန် ဖြစ်ပါသည်'' စသည်ဖြင့် ရေးခဲ့ပါသည်။

ဆရာ မင်းသုဝဏ်က '' . . . .ကိုဌေးမြိုင်က မေဝတ္ထုအတွက် ထင်မြင်ချက် တောင်းပါသည်။ အင်္ဂလိပ် လို review ဟု သူခေါ်ပါသည်။ ဝေဖန်စာ criticism ဟု မခေါ်ပါ။ နှစ်ပေါင်း (၄ဝ) ကျော် အတွင်းတွင် criticism ဆိုသော အနောက်တိုင်း စကားလုံး နှင့် လုပ်ငန်းတစ်ရပ်သည် မည်သို့ ပြောင်းလဲရွေ့လျားခဲ့ပုံကို လေ့လာရန် ကိစ္စတစ်ရပ် ဖြစ်နေပါပြီ။ မှန်ပါသည်။ ကျွန်တော် အကြောင်း ဆိုက်သောအခါများ၌ မျက်မှောက်ခေတ် ပေါ်ထွက်လာသော စာအုပ်များ အကြောင်းကို ထင်မြင်ချက် ပေးတတ်ပါသည်'' စသည်ဖြင့် စာပေဝေဖန်ရေး သမိုင်းကြောင်း အစအနကို လင်းပြလိုက်သလို ရှိပါသည်။

( ခ )
ကျွန်တော်သည် ရှုမဝမဂ္ဂဇင်းတွင် (၁၉၈ဝ)အောက်တိုဘာလက စတင်၍ ကျွန်တော် ရေးသားခဲ့သော စကားပြေပိုင်း၊ စာပေဝေဖန်ရေး ကဏ္ဍအကြောင်း စတင် ရေးလာခဲ့သည်။ (၁၉၃၇၊ ၁၉၃၈)ကာလ လောက်ကစ၍ အစ ကောက်ခဲ့ပါသည်။

ဆရာမင်းသုဝဏ်သည် စစ်ကြိုခေတ်ကာလ စာပေလောက၊ စာပေဖန်ရေးသမိုင်း ပင့်ကူအိမ်ထဲမှ အစရှာခြင်း ဖြစ်ရာ ကျွန်တော်သုံးခဲ့သော ''ထင်မြင်ချက်''နှင့် review ဟူသော စကားလုံးကို သွားတွေ့ခြင်း ဖြစ်သည်။ မေဝတ္ထုမှာ နဂါးနီ စာအုပ်တိုက်မှ အထူး ထုတ်ဖြစ်ရာ (၁၉၄၁)သြဂုတ်လတွင် ထွက်သည်။ နဂါးနီ ဂျာနယ် အယ်ဒီတာ ဆရာကိုထွန်းရွှေ (ပန်းဝတ်ရွှေ)က ''မင်းဝတ္ထုနဲ့ပတ်သက်ပြီး ဆရာ့ဆရာတွေ ဆီက ထင်မြင်ချက်တောင်း၊ ဂျာနယ်မှာထည့်ပေးမယ်''ဟု အကြံပေး၍ ဆရာမင်းသုဝဏ် အပြင် ကိုသိန်းဖေ (တက်ဘုန်းကြီး သိန်းဖေ)၊ ဒဂုန်ခင်ခင်လေး၊ ကိုတက်တိုးတို့ ထံမှ တောင်းခြင်းဖြစ်သည်။ ဆရာ ကိုထွန်းရွှေမှာ မေဝတ္ထု အမြန်ထွက်အောင် လုပ်ပေးသူဖြစ်သည်။ နဂါးနီ လစဉ်ထုတ် ဆိုလျှင် စောင့်ရတာကြာမည်။ တစ်နှစ်ကျော်စောင့်ရဦးမည်။ မင်းက စက္ကူဝယ်ပေး။ တို့က ရိုက်ပေးမည်။ အထူးထုတ်အဖြစ် ထုတ်မည်ဟု ဆရာကိုထွန်းရွှေက စီစဉ်ပေး၍ (၁၉၄၁)သြဂုတ်လတွင် ထုတ်ဖြစ်ခြင်းဖြစ်သည်။ လစဉ်ထုတ်သာ စောင့်နေရလျှင် စစ်ကြီးဖြစ် လာသည်နှင့် မေဝတ္ထုထွက်ဖြစ်မည်မဟုတ်ပေ။ ထိုအခါ သူသည် Underground Unit ခေါ် တော်လှန်ရေး လျှို့ဝှက်အဖွဲ့တွင် ဆောင်ရွက်နေသည်။ အဖမ်းခံရပြီး ကလကတ္တား ထောင်သို့ အင်္ဂလိပ် အစိုးရကအပို့ ထောင်ထဲတွင် ကွယ်လွန်ခဲ့သည်။ သူ့ကို စစ်တွေထောင်မှ ကယ်ရန် ဘီအိုင်အေခေါ် မြန်မာ့ လွတ်လပ်ရေး တပ်မတော် တက်လာသော အခါ ဗိုလ်ရန်အောင် ရခိုင်ပြည်သို့ အရောက် သွားသေးသည်။ သို့သော် မမီလိုက်တော့ပေ။ စစ်တွေ ထောင်မှ ကာလကတ္တား ထောင်သို့ ပို့လိုက်ပြီဖြစ်သည်။ သူသည် ရဲဘော်သုံးကျိပ် ဂျပန် ပြည်သို့ ပို့ရာတွင် အောက်ခြေက လုပ်ဆောင် ပေးခဲ့သည်။

ဆရာမင်းသုဝဏ်ထံမှ ရရှိသော ထင်မြင်ချက် (review ဟူ၍ ခေါ်သလား၊ မခေါ်သလားမှာ အောက်ပါအတိုင်း ဖြစ်သည်။) ' . . . . . ''မေ လှုပ်ရှားသော အမူအရာတိုင်းသည် ကျက်သရေရှိရမည်။ မေပြော လိုက်သော စကားတိုင်းသည် ကဗျာဆန်ရမည်''။ ဤသို့ မေဝတ္ထုစာဆို ဒဂုန်တာရာက မေ့သတ္တိကို တိုတိုနှင့် ရေးထားသည်။ မေလုပ်သမျှ အကြံ၊ မေပြောသမျှ စကားတို့သည် ပုထုဇဉ် ဥမ္မတကောတို့၏ အမှားကိုညွှန်ကာ အမှန်သို့ ပြလျက် ရှိပါသည်ဟူ၍ ဆက်လက် ရေးလျှင် မမှားတန်ရာဟု အောက်မေ့ မိပါသည်။'

ယင်းစကားပိုဒ်တွင် ဝတ္ထုစာဆို၊ မေ့သတ္တိများ မမှားတန်ရာစသော စကားလုံး အသုံးအနှုန်းတို့ကို သတိပြုမိ ပါသည်။ မြန်မာပီသသော စကားလုံးနှင့် ''ဝေဖန်သူ'' သို့မဟုတ် ''ထင်မြင်ချက်'' ရေးသူ၏ ထိုခေတ်က စိတ်ဓာတ်တို့ကို သိရှိနိုင်ပါသည်။ ''မမှားတန်ရာ''ဟု ယဉ်ကျေးစွာ ပြောလိုက်သည်။ ကျွန်တော်၏ ပေးစာမူရင်းကို ဖော်ပြသည်ကိုပင် ''မင်းများစိတ်ဆိုး မလား''ဟု ဆရာက တောင်းပန်နေပါသည်။ ကျွန်တော့်ကို ထိခိုက်မှာ စိုးနေသည်။ အနှစ် လေးဆယ်ကျော်က အရေးအသား အမူအရာကို ပြန်လည်တွေ့ရှိရ၍ လွမ်းစရာ ကောင်းပါသည်။ ကျွန်တော့်စာကိုဖတ်ပြီး တူမလေး တစ်ယောက်က ''မင်းသုဝဏ်ဆီပေးတဲ့ ဦးလေးစာ ဖတ်ပြီး ရယ်ရသေးတယ်။ ဦးလေးစာထဲမှာ ကျေးဇူးတင်ပါတယ် ဘာညာရေး ထားတာလေ။ ဦးလေးက ကျေးဇူးတင်တယ် ပြောရင် မကြိုက်ဘူး မဟုတ်လား။ နောက်ပြီး Yours Sincerely တွေလည်းရေးလို့''ဟု ပြုံးကာဆိုသည်။ ကျွန်တော်က ''ဟိုတုန်းက ဒီလိုပဲ''ဟု ပြောလိုက်သည်။

ကျွန်တော့်မှာ ဆရာမင်းသုဝဏ်၏ မြန်မာစာအတန်းကို တက်ခဲ့ရသည်။ ဆရာက လက်ထောက် ကထိက ကိုးခန်းပျို့သင်သည်။ အချို့စာလုံးများကို ''ဒါတော့ဆရာ မသိဘူး'' ဟု ရိုးသား ပွင့်လင်းစွာ ပြောသည်။ ဒါကို ကျွန်တော်တို့က ကြိုက်နေသည်။

ဆရာမင်းသုဝဏ်ကိုစတွေ့သည်ကား ဂျူဗလီဟော။ (၁၉၃၉)။ ညတစ်ည။ ဒီဇင်ဘာ လဖြစ်မည်ထင်သည်။ ထိုညက တက္ကသိုလ် ဓမ္မာရုံ ရန်ပုံငွေအတွက် ကပြသော ပဒေသာ ကပွဲည။ တက္ကသိုလ် ဗုဒ္ဓဘာသာ အသင်းမှ ကမကထ ပြုလုပ်ခြင်းဖြစ်သည်။ ထိုနှစ်က ကျွန်တော်သည် တက္ကသိုလ် ဗုဒ္ဓဘာသာအသင်း အမှုဆောင် တစ်ဦးလည်းဖြစ်သည်။ ကျွန်တော် အင်းလျားဆောင် အမျိုးသမီး ယိမ်းအကတွင် စန္ဒရား တီးပေးရသည်။ ထိုညက ဆရာသည် အနောက်တိုင်း ဝတ်စုံနက်ကို ဝတ်ဆင်ထားသည်ကို မှတ်မိနေသည်။ မိတ်ဆက်သောအခါ ကျွန်တော့်ကို လက်ဆွဲနှုတ် ဆက်လိုက်သည်။ ထိုနှစ်ကပင် အင်္ဂလန်မှ ပြန်လာခြင်းဖြစ်သည်။ ထိုအခါက ဘိလပ်ပြန် ဟုခေါ်ကြသည်။ ထိုအကြောင်းကို ကျွန်တော်က ပြန်ပြောပြသော အခါ ဆရာက ''ဟုတ်ရဲ့လား။ ဆရာတော့ မမှတ်မိတော့ဘူး''ဟု ဆိုသည်။ ကျွန်တော်က ''ဆရာက ဘိလပ်ပြန်ကို''ဟု စလိုက်သည်။ ထိုညက အနောက်တိုင်း ညဝတ်စုံ အနက်ကို ဝတ်ထားသော ဆရာ၏ ဘေးတွင် ကျောင်းသူများကို တွေ့ရပါသည်။ ဤကား လွန်ခဲ့သော နှစ်လေးဆယ်ကျော်က မြင်ကွင်း။ ကျွန်တော်က ရွှေမျက်မှန်၊ (၈၈ဝဝ)ပိုး အပေါ်ဖုံး၊ ဘန်ကောက် လုံချည်နှင့်။

( ဂ )
ထိုအခါက ဆရာမင်းသုဝဏ်သည်လည်း ဝေဖန်စာများ ရေးခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ သခင်ဋီကာ၊ ကိုသိန်းဖေ(ဦးသိန်းဖေမြင့်)၏ ဆရာလွန်းအတ္ထု ပ္ပတ္တိတို့ကို ဝေဖန်ခဲ့သည်ကို ဖတ်ရသည်။ ဆရာလွန်း အတ္ထုပ္ပတ္ထိကို ဝေဖန်ရာတွင်ကား ကိုသိန်းဖေ၏ ဆရာကြီးအပေါ်မြင်ပုံ၊ ယူဆပုံတို့ကို ထောက်ပြထားသည်။ ဆရာမင်းသုဝဏ်က သူ၏ မေဝတ္ထုအပေါ် ဝေဖန်ချက် နှင့်ပတ်သက်၍ ကျွန်တော့်အား ''ယခု ရင့်ကျက်သော အခါ ဘယ်လို သဘောပြောင်းသလဲ။ ကိုဌေးမြိုင် ပြောပြမှ သိရပါမည်''ဟု ဖော်ပြထားသည်။ ရင့်ကျက်လာသည် မလာသည်ကို ကျွန်တော်မသိပါ။ ကျွန်တော်သိသည်မှာ အရွယ် ရင့်လာသည့် အလျောက် အတွေ့အကြုံ များလာသည် ဆိုခြင်းပင်ဖြစ်သည်။ ကျွန်တော် တို့သည် စာပေ ဝေဖန်ရေး ခေတ်များကို ဖြတ်သန်း လာခဲ့ရသည်။ ထိုအခါ ''ဝေဖန်ရေး'' ဟူသော စကားလုံးပင် အသုံး နည်းလှပါသည်။ အင်္ဂလိပ်ဘာသာဖြင့် Review ဟု အသုံးများပါသည်။ ရန်ကုန်ဂေဇက်၊ ဂန္ထလောကစသော သတင်းစာ၊ မဂ္ဂဇင်းတို့တွင် Review ဟုသာ သုံးကြပါသည်။ ''ဝေဖန်စာ''တို့တွင် ခပ်ပျော့ပျော့ပင် ဖော်ပြလေ့ရှိပါသည်။ ပြင်းပြင်း ထန်ထန် မရေးကြပါ။ စစ်ပြီးခေတ်ရောက်မှ ဝေဖန်ရေးသည် ပို၍တက် ကြွလာသည်။ လှုပ်ရှားလာသည်ဟု ဆိုချင်ပါသည်။ ဆရာမင်းသုဝဏ်နှင့် ကျွန်တော်တို့သည် ပြောင်းလဲ ရွေ့လျားလျက် ရှိသော သမိုင်းများကို ဖြတ်သန်းခဲ့ကြရာ သမိုင်း၏ ရိုက်ခတ်ပုံချင်း မတူကြပါ။ ဆရာမင်းသုဝဏ် အင်္ဂလန်တွင် ပညာတော်သင် အဖြစ် ဘာသာဗေဒ ဆည်းပူးနေစဉ် ကျွန်တော်သည် ဥပစာတန်း ကျောင်းသား အဖြစ် (၁၃ဝဝ) ပြည့် အရေးတော်ပုံကို တွေ့ကြုံ ခံစားလျက် ရှိနေသည်။ စစ်ပြီးခေတ်တွင် ကျွန်တော်သည် စာပေ ဝေဖန်စာများရေး ဖြစ်သည်။ ဆရာ မင်းသုဝဏ် သည် စစ်ပြီးခေတ်တွင် စာပေ ဝေဖန်စာဘက်တွင် စိတ်ဝင်စားမှု နည်းလာသည်ဟု ထင်မိပါသည်။ ယခု စာပေမှတ်တိုင်များကို လွမ်းလာဟန် ရှိပါသည်။ ကျွန်တော်၏ ဆောင်းပါးများမှာ ကျွန်တော်၏ စာပေဝေဖန်ရေး အတွေ့အကြုံကို ဖော်ပြ နေခြင်းဖြစ်သည်။ ယင်းသို့ဖြင့် အမှတ်မထင် သမိုင်းသဘော သက်ဝင်လာရသည်။ တစ်ယောက်အတွေ့အကြုံနှင့် တစ်ယောက် အတွေ့အကြုံ မတူကြပါ။ အနုပညာရေး၊ နိုင်ငံရေး နောက်ခံကားချင်း အတွေ့အကြုံများ စုပေါင်း လိုက်သောအခါ မြင်ကွင်းကျယ် စာပေလောက၏ ပုံကားချပ် ပေါ်လာသည်ဟု ထင်ပါသည်။ ငယ်ငယ်ကတော့ ''စာထဲမှစာ'' (စာအုပ်များဖတ်ပြီး စာအုပ်ထဲမှ ဆောင်းပါးစာကိုးခြင်းမျိုး) ထုတ်ကာ ရေးဖူးပါသည်။ ယခုတော့ အတွေ့အကြုံကိုသာ ဖော်ပြချင်လာသည်။ သမိုင်းကို တွေးခေါ်ချင်လာသည်။

ဒဂုန်တာရာ၊ ၁၁-၁၁-၈၂

Ref: လျှက်တပြက်

Read More...

နေ့စဉ်သတင်းများ (၁၂ - ၀၇ - ၁၀)

■ ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုပ်ကွေးဖြစ်နေ သတင်း
■ အန်ဒီအက်ဖ်အား မှတ်ပုံတင်ခွင့်ပြုခြင်းကို အန်အယ်လ်ဒီ ရှုတ်ချ သတင်း
■ မောင်တောတွင် တနေ့တည်း ကျေးရွာနှစ်ရွာ ဓားပြတိုက်ခံရ သတင်း
■ လိုင်စင်မဲ့ကားများ တရားဝင် လိုင်စင်ချပေး သတင်း
■ ထိုင်းကုန်စည်တင်သွင်းမှုကို မြန်မာ ပိတ်ပင်ပြန် သတင်း
■ ရန်ကုန်ဈေးများတွင် အလှူခံပိတ်ပင် သတင်း
■ ဗီဒီယိုဇာတ်လမ်းခွေများ ဈေးလျှော့ရောင်းရန် အမိန့်ထုတ် သတင်း
■ ထပ်စင် နိုင်ငံကူးလက်မှတ် ဘယ်လိုရတာလဲဆိုတာကို ယူဂန်ဒါ က မေးခွန်းထုတ် သတင်း
■ ရာဇ၀တ်ဘေးက ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံက ရာဇ၀တ်ကောင်တွေကို အရေးယူအပြစ်ပေးကြပါစို့ (ဘာ သာပြန်ဆောင်းပါး)
■ “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ အမြဲတမ်း လေးစားနေရတဲ့ ခေါင်းဆောင်တယောက်ပါ” (အင်တာ ဗျူး)
■ လူဆိုးကြီးများရဲ့ ဖက်ရှင် (ဆောင်းပါး)
■ မျက်စိအန္တရာယ် သတိပြု (ဆောင်းပါး)

Read More...

Monday, July 12, 2010

တက္ကသိုလ် ကောလိပ်များတွင် အဆောင်များ မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြမူ ပေါ်ပေါက်ရ ခြင်းဖြစ်

Sunday, 11 July 2010

ရခိုင်ပြည်နယ် စစ်တွေ နည်းပညာ ကောလိပ် အပါအ၀င် စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများ နေထိုင်ရန် အတွက် အဆောင်များကို အစိုးရမှ စနစ်တကျ စီစဉ်ပေးမူ မရှိသဖြင့် ယခုကဲ့သို့ ဆူပူ ဆန္ဒပြမူများ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း အမည်မဖေါ်လိုသူ စစ်တွေ ကောလိပ်ကျောင်းသား ဟောင်း တဦးက ပြောသည်။

“ကျွန်တော်တို့ စစ်တွေ ကောလိပ် ကျောင်းသား ဘ၀တုန်းက နယ်က ကျောင်သားတွေ အတွက် ဝေသာလီ ဆောင်၊ ကျောင်းသူတွေ အတွက် ပိုးဝါဆောင်၊ စောပြည့်ညိုဆောင်ဆိုပြီး အဆောင်တွေ ရှိတယ်။ ခုတော့ အစိုးရက တက္ကသိုလ် ကောလိပ်တွေကို မြို့ပြင်ကို ရွှေ့လိုက်တယ်။ ဒါ့အပြင် နယ်ကကျောင်းသားတွေ အတွက် အဆောင်တွေထားတဲ့ စနစ်ကို ဖျက်သိမ်းလိုက်တော့ ကျောင်းသားတွေက မြို့ထဲက အိမ်တွေမှာ ဌားရမ်းနေရတယ်။ တချို့ကလည်း နီးစပ်ရာမှာ နေရတယ်။ အိမ်လခ၊ ထမင်းလခ အပြင် ကျောင်းကား စရိတ်ပါ အဆမတန် ပေးလာရတော့ မတတ်နိုင်တော့ဘူး။ နောက်ဆုံးတော့ ပေါက်ကွဲပြီး ခုလို ဆန္ဒပြ တောင်းဆိုရတဲ့ အထိကို ရောက်လာရတာ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စ တခု ဖြစ်ပါတယ်။”

စစ်တွေ တက္ကသိုလ်မှာ ယခင်က မြို့ထဲတွင် တည်ရှိပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြို့ပြင်ရှိ ဘုမေရွာ အနီးသို့ ပြောင်းရွှေ့ ပစ်ခဲ့သည်။ အလားတူ အသစ် တည်ဆောက် ပေးသော နည်းပညာ ကောလိပ်ကိုလည်း မြို့မှ ၁၄ မိုင်ခန့် ဝေးသော ရေချမ်းပြင် အရပ်တွင် တည်ဆောက်ခဲ့သည်။

“အစိုးရက ခုလို ကျောင်းတွေကို မြို့ပြင်ကို ရွှေ့ပြောင်းပစ်ပေမယ့် ကျောင်းသားတွေ အတွက် ကျောင်းကားတွေကို စနစ် တကျ စီစဉ်ပေးတာ မရှိဘူး။ ပုဂ္ဂလိက ကားတွေကိုဘဲ ကျောင်းကား အဖြစ် အတင်း ကြိုပို့လုပ်ခိုင်းတယ်။ ကား အရေ အတွက်ကလည်း အရမ်း နည်းတယ်။ ဆီဈေးတက်ရင် ပုဂ္ဂလိက ကားတွေက ကားခတွေ ပိုတောင်းတယ်။ ပီးတော့ အချိန်မှန် အရေအတွက်မှန် ပြေးဆွဲတာ မရှိဘူး။ ဒါကြောင့် ခုလို ပြဿနာမျိုး ခဏခဏ တက်နေရတာ ဖြစ်ပါတယ်။ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းမယ်ဆိုရင် နယ်က ကျောင်းသားတွေအတွက် တက္ကသိုလ် ကောလိပ် ကျောင်းဝင်း အတွင်းမှာ ဖြစ်ဖြစ် အနီးအနားမှာဘဲ ဖြစ်ဖြစ် ကျောင်းသား အဆောင်တွေကို အယင်ကလို ထည်ဆောက် ပေးဖို့ လိုတယ်။ နို့မဟုတ်ရင် ဒီပြဿနာက ဘယ်သူဘဲ လာဖြေရှင်း ဖြေရှင်း ဆက်တက်မှာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

နယ်ကလာသော ကျောင်းသား တဦးအနေဖြင့် စစ်တွေ တက္ကသိုလ် ကောလိပ်များတွင် ပညာ သင်ကြားရန်အတွက် တလကို အနည်းဆုံး ကျပ် တသိန်းနီးပါး ကုန်ကျသည်ဟု ကျောင်းသား တဦး ပြောသည်။

“ထမင်းလခက တလကို ကျပ် ၄၀၀၀၀ ပေးရပါတယ်။ ကားခက အနည်းဆုံး တလကို တစ်သောင်းနီးပါး သုံးရပါတယ်။ အိမ်အဆောင်ခ၊ ကျူရှင်ခ၊ ကျောင်းစရိတ်နဲ့ပါ ဆိုရင် တသိန်းနီးပါး ကုန်ကျပါတယ်။ အများစု နယ်က ကျောင်းသားတွေက သိပ်ပိုက်ဆံ ချမ်းသားလို့ ကျောင်းလာ တက်ကြတာ မဟုတ်ပါဘူး။ ပညာလိုချင်လို့ လာကြတာပါ။ အစိုးရက ခုလို ကိစ္စမျိုးတွေကို သူတို့က ထည့်တွက်တာ မဟုတ်ပါဘူး။ ခုလို ဆန္ဒပြရတာကလည်း မတတ်နိုင်တဲ့ အတွက် နောက်ဆုံး အရဲစွန့်ပီး ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရ အနေဖြင့် တက္ကသိုလ် ကောလိပ်များတွင် ကျောင်းသား အဆောင်များ တည်ဆောက်ပေးလျှင် ကျောင်းသားများ စုဝေးခွင့် ရရှိပြီး ဆူပူမူများ ဖြစ်မည်ကို စိုးရိမ်သဖြင့် ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ တက္ကသိုလ် ကောလိပ်များတွင် နယ်မှ ကျောင်းသားများ အတွက် အဆောင် စနစ်ကို ဖျက်သိမ်းထားကြောင်း သိရသည်။

နယ်မှ ကျောင်းသားများမှ မြို့ထဲတွင် လပေး စနစ်ဖြင့် ထမင်း စားသောက်ကာ အိမ်ဌားရမ်း နေထိုင်ရသဖြင့် လစဉ် လတိုင်း ငွေကြေး မလုံလောက်မူနှင့် ရင်ဆိုင် ကြရပြီး ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့နေရချိန်တွင် ကျောင်းကားများက ကျောင်းကားခကို တလမ်းကြောင်း အတွက် ကျပ်ငွေ ၁၅၀ မှ ၂၅၀ ထိ တိုးတောင်းရာမှ မကျေနပ်သဖြင့် ဇူလိုင်လ ၅ ရက်နေ့က ချီတက် ဆန္ဒပြမူ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

Ref: မောက္ခ

Read More...

နေ့စဉ်သတင်းများ (၁၁ - ၀၇ - ၁၀)

■ မင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ လွှတ်ပေးရန် တောင်းဆို သတင်း
■ ကော့ကရိတ် တမြို့လုံးနီးပါး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သတင်း
■ တင်းမာမှုကြောင့် မြ၀တီ-မဲဆောက် နယ်စပ်တံတားပိတ် သတင်း
■ ခန္တီးခရိုင်က လုပ်အားပေးခိုင်းစေမှုများ သတင်း
■ မိဘမဲ့ကလေးများအတွက် ရေလှူ သတင်း
■ အမေရိကန်ရောက် မြန်မာတို့အတွက် မြန်မာရုပ်သံ လာမည် သတင်း
■ မပြေလည် မလောက်ငလို့ တပ်က နှုတ်ထွက်ကြ သတင်း
■ ရွေးကောက်ပွဲကို လက်မခံကြောင်း အန်ဒီအက်ဖ်က နိုင်ငံတကာကို ရှင်းလင်းမည် သတင်း
■ ရန်ပုံငွေရှာရေး ကန့်သတ်ချက်များ ကော်မရှင်က ထပ်မံထုတ်ပြန် သတင်း
■ ကြံ့ဖွံ့ပါတီကို ချင်းပြည်သူတွေ မကြိုက် သတင်း
■ ထိုင်း-မြန်မာနယ်စပ်တွင် သုံးရက်ကြာ ပိတ်ထားခဲ့သည့် ဘုရားသုံးဆူဂိတ် ပြန်ဖွင့် သတင်း
■ ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးများ ဖမ်းမိ သတင်း
■ နျူကလီယားစွမ်းအင်ကို ဘယ်လိုသုံးမလဲ သတင်း
■ ဂါဇာဒေသအတွက် ကုန်တင်သင်္ဘော ခရီးလမ်းဆုံး မသဲကွဲသေး သတင်း
■ ပါတီငယ်များအပေါ် ကြံ့ခိုင်ရေးပါတီက ဖိနှိပ်နေ (ဦးအေးလွင်နှင့် မေးမြန်းခန်း)
■ အမျိုးသမီးလွတ်မြောက်ရေး၏ ကန့်လန့်ဘောဂဗေဒ (ဆောင်းပါး)

Read More...

Sunday, July 11, 2010

“သူ့ကိုယ်သူ စစ်ဘုရင်တပါးလို မြင်တယ်”

Saturday, July 10, 2010

ဘန်နဒစ် ရောဂျာ (Benedict Rogers) ရေးသားတဲ့ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သို့မဟုတ် မြန်မာ့ အာဏာရှင် မျက်နှာဖုံး ကို ခွာချကြည့်ခြင်း (Than Shwe: Unmasking Burma's Tyrant)” စာအုပ်က မြန်မာနိုင်ငံကို အာဏာရှင် စနစ်နဲ့ အုပ်ချုပ်နေတဲ့ လူတယောက်ရဲ့အကြောင်းကို ပထမဦးဆုံး အကြိမ် အသေးစိပ် လေ့လာ တင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း စာအုပ် ပြုစုရေးသားသူ Benedict Rogers ဟာ International Herald Tribune, Wall Street Journal, Far Eastern Economic Review, Guardian စတဲ့ စာနယ်ဇင်းတွေမှာ စာ ရေးသား သူတဦး ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အခုစာအုပ် မတိုင်မီ A land without Evil; Stopping the Genocide of Burma’s Karen People အမည်ရှိ စာအုပ်ကိုလည်း ထုတ်ဝေဖူးပါတယ်။

Benedict Rogers ဟာ ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Christian Solidarity Worldwide (CSW) ရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းနဲ့ ပတ်သက်ပြီး Benedict Rogers ကို Simon Roughneen က တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး။ ။ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာအတိုက်အခံတွေက အတုအယောင် ဒါမှမဟုတ် စစ်တပ် ရွေးကောက်ပွဲလို့ ပြောနေကြတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ စစ်အစိုးရက တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေချိန်မှာ ခင်ဗျားရဲ့ စာအုပ် ထွက်လာပါတယ်။ သူတို့ကိုယ်သူတို့ နိုင်ငံခြားရေးမူဝါဒ “လက်တွေ့ဝါဒီ” တွေလို့ ဂုဏ်ဖေါ်ထားတဲ့ လူတချို့က ရွေးကောက်ပွဲ အပေါ်မှာ အကောင်းဘက်က မြင်တဲ့အပြင် ဒီရွေးကောက်ပွဲကနေတဆင့် အနာဂတ် ဒီမိုကရေစီကူး ပြောင်းရေးဆီကို တစုံတရာ ဦးတည် သွားနိုင်တယ်လို့ နိုင်ငံတကာအ သိုင်းအ၀ိုင်းမှာ ပြောနေသံတွေ ကြားရပါတယ်။ အဲ့ဒီအမြင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကမ္ဘာကြီးကို မြင်တဲ့အမြင်၊ ပြီးတော့ မြန်မာနိုင်ငံကို အနာဂတ်မှာ သူမြင်တွေ့လိုတဲ့ ပုံစံနဲ့ ထပ်တူကျပါသလား။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရည်ရွယ်ရင်းက သူ့ရဲ့ အစဉ်အလာကို ထိန်းသိမ်း စောင့်ရှောက်ဖို့နဲ့ သူရယ် သူ့ မိသားစု နဲ့ သူ့ အပေါင်းအပါတွေကို ကာကွယ်ဖို့ပါပဲ။ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြုပြင်ပြောင်းလဲမှု ဒါမှမဟုတ် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆိုတဲ့ ဆန္ဒ သူ့မှာ လုံးဝ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀န်းမှာ ရှိနေတဲ့ ကျနော်တို့ အလုပ်နဲ့ ပြည်တွင်းမှာ ရှိကြတဲ့ မြန်မာပြည်သူတွေရဲ့ အလုပ်တွေကြားမှာ မတူတာတွေ ရှိနိုင်သလို ရှိလည်း ရှိသင့်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်တွေ့ အခြေအနေနဲ့ ကင်းကွာပြီး မြင်နေတဲ့ နိုင်ငံတကာ သိုင်းအ၀ိုင်းက လူ တွေကို ကျနော် အလေးမထားပါဘူး။ ဒီရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာ ကင်းမဲ့တဲ့ တရားမ၀င် လုပ်ငန်းစဉ် ဖြစ်တယ် ဆိုတဲ့ အချက်အပေါ်မှာ ကျနော်တို့အားလုံး သံသယ ကင်းသင့်ပါတယ်။ တခြားရွေးချယ်စရာ မရှိတဲ့အပေါ်မှာ ရှိတဲ့ အနေ အထားက အကောင်းဆုံးဖြစ်အာင် လုပ်သွားမယ်ဆိုတဲ့ မြန်မာနိုင်ငံသားတချို့ရဲ့ စဉ်းစားချက်ကို ကျနော် နားလည် လေးစားပါတယ်။ တချို့က ရွေးကောက်ပွဲမှာ ၀င်ပြိုင်ချင်တယ်၊ တချို့က မ၀င်လိုကြဘူး။ ဒီအမြင် နှစ်ခုစလုံးကို ကျနော် လေးစားပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲကနေ အပြောင်းအလဲအတွက် ဘာမျှော်လင့်ချက်မှ မရှိဘူး ဆိုတာကိုတော့ နိုင်ငံတကာ အသိုင်းအ၀န်းမှာ ကျနော်တို့ ရှင်းရှင်းလင်းလင်း ချပြရမှာ ဖြစ်ပါတယ်။

မေး။ ။ နိုင်ငံခြားရေးရာမူဝါဒ (Foreign Policy) မဂ္ဂဇင်း နောက်ဆုံးထုတ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကမ္ဘာ တ၀န်း အာဏာရှင်တွေထဲက “အဆိုးတကာ့ အဆိုးဆုံး” စာရင်းမှာ နံပါတ် ၃ နေရာ ပေးထားပါတယ်။ သူတို့ပေးတဲ့ အဆင့်နဲ့ ခင်ဗျားရဲ့ သူနဲ့ပတ်သက်တဲ့ တွေ့ရှိချက်တွေ ကိုက်ညီမှု ရှိပါရဲ့လား။

ဖြေ။ ။ ကိုက်ညီပါတယ်။ မှန်လည်း မှန်ကန်ပါတယ်။ ကင်ဂျုံအီးလ် ပြီးရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မူဂါဘီတို့ နှစ်ယောက်အကြား ဒုတိယနေရာ အတွက် အကြိတ်အနယ် ပြိုင်ခဲ့ရတယ်လို့ ကျနော်ထင်တယ်။

မေး။ ။ လူမြင်လည်း မခံ၊ ပြင်ပနဲ့လည်း အဆက်အဆံမလုပ်၊ ဘယ်သူ့ကိုမှလည်း မယုံကြည်၊ သူ့ရဲ့ တောတွင်း မျက်မည်း မြို့တော်မှာပဲ ပုန်းအောင်းနေတဲ့ အာဏာရှင် တယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရှာဖွေ ရေးသားရတဲ့ အလုပ်ဟာ တကယ်လက်တွေ့ မှာ တော်တော့်ကို ခက်ခဲတဲ့ အလုပ်ဖြစ်မှာပါ။ အဲ့ဒီ အခက်အခဲတွေကို ခင်ဗျားဘယ်လို ဖြေရှင်းခဲ့ သလဲ ပြောပြပါလား။

ဖြေ။ ။ နိဒါန်းမှာကတည်းက ဒီစာအုပ်ရေးသားရာမှာ ကြုံခဲ့ရတဲ့ အခက်အခဲ အကန့်အသတ်တွေကို ကျနော် ကြိုတင် ဖေါ်ပြ ထားပါတယ်။ ကျနော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ရော သူ့အတွင်း အ၀န်းအ၀ိုင်းနဲ့ပါ နီးနီးကပ်ကပ် ထိတွေ့ခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် သူ့အကြောင်းကိုသိပြီး သူနဲ့အတူ အလုပ် လုပ်ဖူးတဲ့ တပ်မတော်ကနေ ဘက်ပြောင်းလာသူ အတော်တော် များများကို ကျနော် ထိတွေ့ခွင့် ရခဲ့ပါတယ်။ သူနဲ့ ထိတွေ့ ဆက်ဆံခဲ့ဖူးတဲ့ နိုင်ငံတကာ သံတမန် တွေနဲ့လည်း ကျနော် ထိတွေ့ခွင့် ရခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဘ၀ဇာတ်စုံ အတိအကျပါလို့ မပြောလို ပေမယ့် ကနေ့အချိန်အထိ ဘယ်သူမှ မထုတ်ဝေနိုင်သေးတဲ့ သူနဲ့ ပတ်သက်တဲ့ ရှုမြင်ချက် အပြည့်အစုံကို ကျနော် ဖေါ်ထုတ်နိုင် ဖွင့်ဟ နိုင်တယ်လို့တော့ ဆိုချင်ပါတယ်။ ကျနော့် စာအုပ်အပေါ် ဝေဖန်ချက်တွေကိုလည်း အားရကျေနပ် မိပါတယ်။ ဘာတေးလ် လင့်တ်နာ ဆိုတာ တကယ့်ကို အားမနာတတ်တဲ့ ဝေဖန်ရေး ဆရာတယောက်ပါ။ ဒါပေမယ့် ကျနော့် စာအုပ်နဲ့ ပတ်သက်ပြီး အလွန် အပြုသဘော ဆောင်တဲ့ သုံးသပ်ချက် တခု သူရေးထားပါတယ်။ အဲ့ဒီ အတွက် ကျနော် အတော့်ကို အားဖြစ်ရပါတယ်။

မေး။ ။ တပ်မတော်က ထွက်ပြေးလာတဲ့ အရာရှိတဦးက DVB ကို လျှို့ဝှက် သတင်း အချက်အလက်တွေ ပေးပြီး အယ်လ်ဂျာဇီးယား ရုပ်/သံကနေ ထုတ်လွှင့်လိုက်တဲ့ အခါမှာ စစ်အစိုးရရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သတ်တာ တွေ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ နိုင်ငံထဲမှာ ဖြစ်ပျက် နေတာတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြဖို့ ဘက်ပြောင်းလာမယ့် သူတွေ ထပ်ရှိလာနိုင်ဦးမလား။ တပ်မတော်သားတွေရဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ဓာတ်ရေးရာ အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ မြန်မာ့အရေး လုပ်တဲ့ ၁၀ နှစ်ကျော်ကာလအတွင်းမှာ တပ်မတော်ကနေ ဘက်ပြောင်းလာသူ တော်တော် များများကို ကျနော် တွေ့ခဲ့ပါတယ်။ ဒီစာအုပ်အတွက် ကျနော့်ကို အများကြီး ကူညီပေးခဲ့တဲ့ တယောက်ဆိုရင် ပြည်တွင်း က လူတွေနဲ့ရော တပ်မတော်ထဲမှာ ရှိတဲ့ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ဟောင်းတွေနဲ့ပါ ပုံမှန် အဆက်အသွယ် ရှိသူ ဖြစ်ပါတယ်။ စစ်တပ်ထဲမှာ စိတ်ဓာတ်ရေးရာ ကျဆင်းမှုတွေ အရမ်းဖြစ်နေတယ်။ ရဲဘော်တွေ တပ်က ထွက်ပြေးချင်နေ ကြတယ်။ အနိမ့်ဆုံးအဆင့် စစ်အစိုးရကို ချိနဲ့သွားအောင် တန်ပြန် လုပ်နိုင်တဲ့ ပြည်ပက လူတွေဆီကို သတင်းအချက် အလက်တွေ ဖွင့်ထုတ် ပေးချင်နေကြတယ်။ တပ်က ထွက်ပြေးလိုကြတဲ့ စစ်သားတွေကို အဓိက တွန့်ဆုတ်စေတဲ့ အရာက ဘာလဲဆိုတော့ အထူးသဖြင့် ထိုင်းနိုင်ငံ အပါအ၀င် အိမ်နီးချင်း တိုင်းပြည်တွေမှာ သူတို့အတွက် လုံခြုံမှု မရှိတာဘဲ ဖြစ်တယ်။ တကယ်လို့ နိုင်ငံတကာ အသိုင်းအ၀န်းက ဘက်ပြောင်း လာသူတွေအတွက် လုံခြုံမှုကို ပိုပြီး စီစဉ်ပေးနိုင်တယ် ဆိုရင် တပ်ကနေ လူတွေပိုပြီး စွန့်ခွာလာကြမယ်၊ သတင်း အချက်အလက်တွေလည်း ပိုထွက် လာပါလိမ့်မယ်။

မေး။ ။ တကယ်လို့ တစုံတယောက်က ဘက်ပြောင်းဖို့ စဉ်းစားမယ်ဆိုရင် သူ့မှာ ဘယ်လိုမျိုး အခက်အခဲ အကျပ် အတည်းတွေနဲ့ ရင်ဆိုင်ရမလဲ။

ဖြေ။ ။ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာစစ်သားတွေ ဒါမှမဟုတ် အရာရှိတွေကို တွေ့တာနဲ့ မြန်မာ နိုင်ငံကို ပြန်ပို့ရမယ် ဆိုတဲ့ စစ်အစိုးရနဲ့ သဘောတူညီချက် ရှိထားတယ်။ အဲဒီတော့ တပ်က ထွက်ပြေးလာသူ တယောက် အတွက် မြန်မာပြည်ကို ပြန်ပို့ခံရမယ့် အန္တရာယ်၊ ပြီးတော့ ကိုယ့်နိုင်ငံထဲ ပြန်ရောက်ရင်လည်း ဆက်ပြီး ကြုံရဦးမယ့် ဒုက္ခတွေရယ် ဒါတွေရှိတယ်။ နောက်တခုက လူသိရှင်ကြား အပြင်ထွက်ပြီး စစ်အစိုးရ အကြောင်း ထုတ်ပြောမယ့် တပ်ပြေးတွေဟာ စစ်အစိုးရ ထောက်လှမ်းရေး တွေရဲ့ တိုက်ခိုက် ခံရတာတို့ လုပ်ကြံ ခံရတာတို့ လက်စ ဖျောက်ခံရတာတို့ စတာတွေ ကြုံတွေ့ရနိုင်သေးတယ်။

ဥပမာ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်လို နေရာမျိုး တွေမှာပေါ့။ နောက်ထပ် အခက်အခဲ တခုကတော့ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ အမြင်ပါ။ နိုင်ငံတကာရဲ့ တပ်ပြေးတွေ အပေါ် ချဉ်းကပ်မှုက နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေနဲ့ စာရင် ပိုပြီး ရှုပ်ရှုပ်ထွေးထွေး ရှိတယ်။ ယေဘုယျ ကြည့်မယ်ဆိုရင် နိုင်ငံတကာ က တပ်ပြေးတွေကို လက်ခံဖို့ ပိုပြီးလက် တွန့်တတ် ကြပါတယ်။ အံ့သားသင့်စရာ ကောင်းတာက ဘာလဲဆိုတော့ ဥပမာ ထိုင်းနယ်စပ်ကနေ တိမ်းရှောင်လာတဲ့ သူတွေနဲ့ယှဉ်ရင် သံရုံးတွေကနေ တဆင့် ဘက်ပြောင်း ကြသူတွေ အတွက်က ပိုပြီး လွယ်ကူနေသလို ဖြစ်နေတာပါပဲ။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ ဒဏ္ဍာရီထဲက အတိတ်ဘ၀နဲ့ ဆက်စပ် နေသယောင်ပြောပြီး သူ့ အစိုးရ ကိုလည်း ရှေးမြန်မာ ဘုရင်တွေရဲ့ ထီးနန်း တွေပုံစံလိုမျိုး ပုံဖေါ်နေပုံရတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ ဘုရင်တပါးပါး ၀င်စား ထားသူများလားဗျာ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ စစ်ဘုရင်တပါးလို မြင်တယ်။ မြန်မာ့ သမိုင်းကြောင်းမှာ ကျော်ကြားခဲ့တဲ့ ဘုရင်တွေပုံစံနဲ့ ခေတ်အမြင်ရှိသူ စစ်ဘုရင် တပါးပေါ့။ ဥပမာ ဆိုရရင် မြန်မာ ဘုရင်တွေက သူတို့ အတွက် မြို့သစ် တည်တာတွေ သဘော ကျခဲ့ကြတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း အဲဒါကို အတုယူပြီး နေပြည်တော် မြို့တော်သစ်ကို တည်ခဲ့တာပဲလေ။ မြို့သစ်တည်ရတဲ့ တခြား အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ နောက်ထပ် လူထု အုံကြွမှုတခု ပေါ်လာ နိုင်တာမျိုးတို့၊ စစ်ရေး အဆောက် အအုံတွေကို ဖုံးကွယ်ဖို့ လိုအပ်တာမျိုးတို့၊ အင်အားကြီး တိုင်းပြည် တခုက လာတိုက်မှာကို ကြောက်တာမျိုး စသဖြင့်ပေါ့။ တချို့အချက်အလက်တွေက ဘယ်လိုမှ မဆီလျော် ပေမယ့် အဲဒါတွေက သူတကယ် စဉ်းစားနေတဲ့ အချက်တွေပဲ။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အုပ်ချုပ်မှု စိတ်ပညာနဲ့ ပတ်သက်ပြီး ပြောပြပါဦး။ သူက ဗေဒင် လက္ခဏာကို အတော် ယုံကြည်ပြီး အယူသည်းသူ တယောက်လို့ ကောလာဟလတွေ ပြောကြတယ်။ အဲဒါက တကယ်ပဲလား။

ဖြေ။ ။ ဗေဒင်က သူ့စဉ်းစားချက်တွေရဲ့ အစိတ်အပိုင်းတခု အဖြစ် ရှိနိုင်ပါတယ်။ သာဓက အနေနဲ့ ပြောရမယ် ဆိုရင် အခမ်းအနားတွေ အတွက် အချိန်သတ်မှတ်တာ၊ ထောင်သက်တမ်း သတ်မှတ်တာတွေ ဆိုရင် သူ့စဉ်းစားချက် တွေက လက်ရှိ လမ်းညွှန်ချက် မူဝါဒတွေထက် ကျော်လွန်ပြီး ဗေဒင်အပေါ်မှာ မူတည် နေတတ်ပါတယ်။ တချို့အရေးကြီးတဲ့ အခမ်းအနားတွေဆို သတ်မှတ်ပေးထားတဲ့ အောင်အတိတ် ဆောင်တဲ့ ရက်တွေမှာ အချိန်ကိုက် ကျင်းပရပါတယ်။ ဒါပေ မယ့် ဒီအချက်တွေကို ကြည့်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆိုတဲ့လူက အယူသည်း ရူးကြောင်ကြောင် အာဏာရှင် လို့တော့ မဆိုနိုင်ပါဘူး။ သူ့ကို အပေါ်ယံကြော ကြည့်ပြီး အထင်သေးလို့ မရပါဘူး။ သူဟာ လူတွေကို ခွဲခြားပြီး အုပ်ချုပ်တဲ့နေရာမှာ သိပ်ကိုတော်ပြီး ကျွမ်းကျင်တဲ့ သူပါ။ ဗေဒလက္ခဏာဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက်စာရင် သူ့မိန်းမရဲ့ စဉ်းစားချက်တွေ အတွက် ပို အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

မေး။ ။ သူ့ဇနီးက သူ့အပေါ်မှာ နိုင်ငံရေးအရ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ လွှမ်းမိုးမှု ဘယ်လောက် ခိုင်ခိုင်မာမာ ရှိပါ သလဲ။ သူကတကယ်ပဲ ခင်ပွန်းသည်အပေါ်မှာ အနိုင်ယူတဲ့ ပုံစံမျိုးလား ဒါမှမဟုတ် လူတွေက ပုံကြီးချဲ့ ပြောကြတာလား။

ဖြေ။ ။ ပထမအချက်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကျနော် ဘယ်လောက်နီးနီး ကပ်ကပ် ထိတွေ့ခွင့် ရသလဲ ဆိုတဲ့ အချက်က ဒီမေးခွန်းအတွက် အရေးကြီး လာပါတယ်။ ကျနော်က သူ့အိမ်နံရံပေါ်မှာ ကပ်နေတဲ့ ယင်ကောင်လည်း မဟုတ်ပါဘူး။ ဒါကတော့ ဖော့ပြောတဲ့ စကားပါ။ ဒေါ်ကြိုင်ကြိုင်မှာ လွှမ်းမိုးနိုင်တဲ့ အကြောင်းအရာ တချို့ရှိပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက် လာရင်ပါ။ ဒေါ်ကြိုင်ကြိုင်က ဒေါ်အောင်ဆန်းစုကြည် ကို မကြိုက်တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက် မပိုဘူး ဆိုရင်တောင် လျော့တော့ မလျော့ပါဘူး။

မေး။ ။ ဘာကိုမကြိုက်တာလည်း ဆိုတာ ပြောပါဦး။ ပုဂ္ဂိုလ်ရေးလား၊ နိုင်ငံရေးလား ဒါမှမဟုတ် နှစ်ခုစလုံး ရောနေသလား။

ဖြေ။ ။ အကုန်လုံးပါနိုင်ပါတယ်။ နိုင်ငံရေးအရကြည့်မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပြိုင်ဖက် ဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့တိုင်းပြည်မှာ တိုင်းပြည်ရဲ့ ဖခင်ကြီးသဖွယ် သူ့ကိုယ်သူ မြင်နေတာလေ။ ဒေါ်အောင်ဆန်းစုကြည်က အသက်အားဖြင့် ငယ်တဲ့အပြင် အခုလို အုပ်ချုပ်တဲ့ စနစ်ကိုလည်း သဘောမကျ ဖြစ်နေတဲ့သူပါ။ ပွင့်ပွင့်လင်းလင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်မှာ အကုန်ပြည့်စုံတယ်။ ရုပ်ရည်အရ လှပတယ်၊ နိုင်ငံတကာ ဗဟုသုတရှိတယ်၊ ယဉ်ကျေးမှုရှိတယ်၊ ပညာတတ်တယ်။ ဒေါ်ကြိုင်ကြိုင်မှာ ဘာမှ မရှိဘူး။

မေး။ ။ ခင်ဗျားက Christian Solidarity Worldwide မှာ အရှေ့အာရှရေးရာ ကျွမ်းကျင်သူ ဖြစ်တဲ့အပြင် မကြာ သေးခင်က ဗြိတိန်မှာ အာဏာရသွားတဲ့ ကွန်ဆာဗေးတစ် ပါတီနဲ့လည်း နီးစပ်သူ ဖြစ်ပါတယ်။ ပထမ မေးချင်တာက ၀န်ကြီးချုပ် ဒေးဗစ် ကန်မရွမ်း ဒါမှမဟုတ် နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယံဟေး ခင်ဗျားစာအုပ်ကို ဖတ်ပြီး သွားပြီလား။ ဒုတိယ မေးချင်တာက ဒီစာအုပ်က ဗြိတိန်နဲ့ နိုင်ငံတကာရဲ့ မူဝါဒတွေအပေါ် ဘယ်လိုပုံစံနဲ့ သြဇာ သက်ရောက်မှု ရှိမယ်လို့ ခင်ဗျား မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ သူတို့ဖတ်မဖတ်တော့ ကျနော်မသိဘူး။ ဖတ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အောက်လွှတ်တော် ဥက္ကဌ က လာမယ့် ဗြိတိန် စာအုပ်ကြော်ငြာပွဲမှာ စကားလာပြော ပေးမယ်လို့ သဘော တူထားပါတယ်။ ကျနော် အဲဒီနေ့ကို အများကြီးမျှော်လင့် စောင့်ဆိုင်းနေပါတယ်။ ကျနော် ပြောခဲ့သလိုပါပဲ။ လက်ရှိ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ အတွက် ဘယ်လိုအဓိပ္ပာယ် ဆောင်တယ် ဆိုတာကို အဓိပ္ပာယ်ကောက် လွဲနေကြသူတွေ ဒါမှမဟုတ် ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး အကောင်းမြင်နေကြတဲ့ သူတွေကို ဒီစာအုပ်က လှုပ်နှိုး နိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့် ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို ပြစ်မှုတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အခန်းကဏ္ဍကို စုံစမ်း ဖေါ်ထုတ်ဖို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် တရပ် ရှိသင့်တယ်လို့ တခြားသူတွေ ယုံကြည်သလို ကျနော်လည်း ယုံကြည်တယ်ဆိုတဲ့ အကြောင်းကိုလည်း ကျနော် အကြမ်းဖျဉ်း ဖေါ်ပြ ထားပါတယ်။ ဗြိတိန်ရဲ့မူဝါဒနဲ့ ပတ်သက်လို့ ကတော့ အရင် အစိုးရကထားရှိတဲ့ မူဝါဒတွေနဲ့ သိပ်ပြီး ကွဲလွဲမယ်လို့ ကျနော် မမျှော်မှန်းပါဘူး။

ဝီလီယံဟေးက မြန်မာပြည်အရေးအတွက် ခိုင်မာတဲ့ သူ့စိတ်ရင်းစေတနာကို ပြသခဲ့ပြီး ဖြစ်ပါတယ်။ သူအတိုက်အခံ ဘ၀တုန်းက ဇိုရာဖန်းကို တိုရီ ပါတီညီလာခံမှာ မိန့်ခွန်းပြောဖို့ ဖိတ်ကြားခဲ့တယ်။ လန်ဒန်မှာ ဇိုရာဖန်းစာအုပ် ထုတ်ဝေတဲ့ အခမ်းအနားမှာလည်း သူတက်ရောက် စကားပြောခဲ့တယ်။ ဒေးဗစ်ကန်မရွန်း နဲ့ ၀ီလီယံဟေးတို့ နှစ်ဦးစလုံးက နန်း ချမ်တောင်းနဲ့လည်း တွေ့ဆုံ ခဲ့ဖူးပါတယ်။ ဒေးဗစ်ကန်မရွန်းရဲ့ ရုံးအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေရင်းချာ တယောက်ပါ။ ဒါပေမယ့် ကျနော်ထင်တာက လေဘာ ပါတီ ခေတ်တုန်းကလို မြန်မာပြည် အကြောင်းကို ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း ကိုယ်တိုင် ထုတ်ပြောတာမျိုးရှိမယ် မထင်တော့ပါဘူး။ နိုင်ငံခြားရေး ၀န်ကြီးကသာ မြန်မာပြည်ရေးရာ ကိစ္စတွေ ပြောလာနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတဲ့လူဆိုတာ ကျနော်တို့ခင်ဗျားတို့ အတူတူထိုင်၊ လက်ဖက်ရည် သောက်ပြီး တိုင်းပြည်ကို ဘယ်လိုပြောင်းလဲရင် ကောင်းမလဲဆိုတာ ဆွေးနွေးလို့ ရတဲ့လူစားမျိုးလို့ ထင်နေကြတဲ့ ပါးစပ် ရာဇ၀င်တွေကို ဒီစာအုပ် ကနေ ချေဖျက်နိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်တဲ့ အကြောင်း ပြောလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စကားလုံးတလုံး၊ သဘောတရား တခုကိုပဲ နားလည်ပါတယ်။ အဲဒါက အင်အား သုံးခြင်းပါပဲ။ ဒါတွေပြောနေလို့ စစ်ရေးအရ အင်အားသုံးဖို့ ကျနော် တိုက်တွန်းတာ မဟုတ်ပါဘူး။ အဲ့ဒီလို အင်အား သုံးတာမျိုးကို ကျနော် အယုံအကြည် မရှိသလို စစ်အစိုးရကို အထီးကျန် ထားတာကိုလည်း မှန်ကန်တဲ့ နည်းလမ်းလို့ ကျနော်မမြင်ပါဘူး။ မြန်မာပြည်ကို အုပ်စိုးနေတဲ့ သူရဲ့ သဘောသဘာဝကို ကျနော်တို့ နားလည်ရပါမယ်။ အကျိုးသင့် အကြောင်းသင့် ဖြစ်ရမယ့်ကိစ္စတွေကို သူဘာကြောင့် နားမထောင်ချင်ရတာလဲ ဆိုတာကိုလည်း ကျနော်တို့ သိထားဖို့လိုပါတယ်။

စုံးစမ်းစစ်ဆေးရေးကော်မရှင် အပါအ၀င် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဓိက ဘေးကျပ်နံကျပ် ဖြစ်စေမယ့် ပစ်မှတ်ထား ဖိအားပေးမှုတွေ၊ ပစ်မှတ်ထား ဆက်ဆံမှုတွေ လုပ်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မဟာဗျူဟာမြောက်တဲ့ မူဝါဒ တခု ဖြစ်ပေါ်လာအောင် ၀ိုင်းဝန်း ကြိုးပမ်းဖို့ လိုပါတယ်။ တကယ်လို့ ကျနော့်စာအုပ်က စုံစမ်းစစ်ဆေးရေး ကော်မရှင် တခု ဖြစ်လာဖို့အတွက် အထောက်အကူ ဖြစ်စေခဲ့တယ် ဆိုရင် ဒါမှ မဟုတ်လည်း အနိမ့်ဆုံးအဆင့် ဘာကြောင့် ဒီလို ကော်မရှင်မျိုး လိုအပ်တယ် ဆိုတာကို လူတွေပိုပြီး နားလည်လာတယ် ဆိုရင် ကျနော့်စာအုပ်က တစုံတရာ အောင်မြင်မှုရှိတယ်လို့ ဆိုရမှာပါ။

Unmasking Than Shwe by Simon Roughneen ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။

Ref: ဧရာဝတီ်

Read More...

နေ့စဉ်သတင်းများ (၁၀ - ၀၇ - ၁၀)

■ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အုန်းဖျန်ဒုက္ခသည်တဦး သေဆုံး၊ တဦး ဒဏ်ရာရ သတင်း
■ ကလေးစစ်သားပြန်ခေါ်ရန် မိဘများက လမ်းပြကြယ်ထံ အကူညီတောင်းထား သတင်း
■ မလေးရှားလွှတ်တော်တွင် မြန်မာ့အရေး ကြားနာ သတင်း
■ လိုင်စင်မဲ့ကားများ သိန်းရာနှင့်ချီ အခွန်ဆောင်လျှင် လိုင်စင်ထုတ်ပေးမည် သတင်း
■ မိုးနည်း၍ စပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေရ သတင်း
■ KSPP ပါတီထောင်ခွင့်ရရေး ကြန့်ကြာနေ သတင်း
■ ခမောက်ကိစ္စ ကန့်ကွက်ခံရတဲ့ NDF မှတ်ပုံတင်ကျပြီ သတင်း
■ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှတ်ပုံတင်ခွင့်ရရှိ သတင်း
■ ရွေးကောက်ပွဲနဲ့ အစိုးရသစ် သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ မပါဝင်ကြရန် ရွှေလီမြစ်ဝှမ်းဒေသ၌ လျှို့ဝှက်စာဖြန့်ဝေ သတင်း
■ ရွေးကောက်ပွဲ အသိအမှတ်မပြုရန် မလေးအမတ်များ အဆိုတင်သွင်းမည် သတင်း
■ စစ်သားက အလုပ်သမားအဖွဲ့ဝင်ကို နုတ်ထွက်ခိုင်း သတင်း
■ ကချင်ပြည်နယ် ဟိုပင်မြို့အနီး စစ်တပ်လက်နက်တိုက် ပေါက်ကွဲ သတင်း
■ ကလေးစစ်သား မောင်ဝေယံမိုးကို ပြန်လည်ရရှိရန် မိဘများ ကြိုးစား သတင်း
■ ကြံ့ခိုင်ရေးပါတီဝင်လျှင် အတိုးနည်းနည်းနှင့် ချေးငွေရ သတင်း
■ ရာသီဥတုကြောင့် မိုးစပါး အထွက်လျော့နိုင် သတင်း
■ ရုပ်ရှင်ပိုစတာ ပန်းချီဆရာများ ပန်းချီပြပွဲ ကျင်းပ သတင်း
■ ဝါဒဖြန့်ရုပ်ရှင် ဝေဖန်မှုများပြား သတင်း
■ မြန်မာပြည် ရုပ်ရှင်မင်းသမီးတွေ သရုပ်ဆောင်ကြေး ဘယ်လောက်ရကြသလဲ သတင်း
■ “သူ့ကိုယ်သူ စစ်ဘုရင်တပါးလို မြင်တယ်” (အင်တာဗျူး)
■ အမိုးမရှိတဲ့ လိုဏ်ဂူ ၊ သစ်ပင်မထူတဲ့ တောအုပ် - ဘရိုက်စ် ကင်ညန် (ခရီးသွားဆောင်းပါး)
■ မြန်မာသင်္ကြန် - ရင်စလီယာက ဇူလိုင်သင်္ကြန်နဲ့ မြန်မာမိသားစုများ (ဆောင်းပါး)

Read More...

ရဲရင့်ရင့် ဆုံးဖြတ်ရင်ဆိုင်ရမယ့် ကိစ္စ

စိုးနေလင်း
သောကြာနေ့၊ ဇူလိုင်လ ၀၉ ရက် ၂၀၁၀

ရွေးကောက်ပွဲ ဥပဒေ၊ လွှတ်တော် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ပြီး နောက်ပိုင်း၊ စစ်ဗိုလ်တွေ လူအရေခွံလဲ၊ ကြံ့ဖွံ့လို့ခေါ်တဲ့ စစ်အစိုးရလက်ကိုင်တုတ် လက်မရွံ့အဖွဲ့ကြီးကို နိုင်ငံရေးပါတီအဖြစ် ပြောင်းပြီးနောက်ပိုင်းမှာလည်း လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ဘာမှထူးထူးခြားခြား ပြောင်းလဲကောင်းမွန်လာတာ မတွေ့ရသလို ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက်လည်း ဘာတခုမှ ပြင်ဆင်လုပ်ကိုင်လာတာ မတွေ့ရပါဘူး။

မှတ်ပုံတင်ပြီးဖြစ်ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့်၊ စုဝေးခွင့်၊ ဟောပြောခွင့်၊ စာရွက်စာတမ်း ရိုက်နှိပ်ဖြန့်ဝေခွင့် စတဲ့ အရေးကြီးတဲ့ အခွင့်အရေးတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ဒါ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ပြီး ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတိုင်းကိုလား ဆိုတော့လည်း မဟုတ်ပါဘူး။ သူတို့အနိုင်ရစေချင်တဲ့ ကြံ့ဖွံ့ပါတီရဲ့လူထုတွင်း မဲဆွယ်စည်းရုံးမှုကိုတော့ ခွင့်ပြုထားရုံမကဘဲ စစ်တိုင်းမှူးတွေကိုပါ ကြံ့ဖွံ့ပါတီအနိုင်ရရေးအတွက် အထောက်အကူပြုကြဖို့ ညွှန်ကြားထားပြီး ကြံ့ဖွံ့ပါတီဝင်ဖြစ်တဲ့ လောလောဆယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဝန်ကလေးတွေ အပါအဝင် အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေက ပြောင်ပြောင်တင်းတင်းရော၊ မသိမသာရော လူထုကိုစည်းရုံး ခြိမ်းခြောက်နေကြပါပြီ။

ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံမယ့် ကိုယ်စားလှယ်တယောက် လိုက်နာရမယ့် သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို သူတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြတာ အများပြည်သူတွေ အထင်အရှား တွေ့နေရပါပြီ။ တချို့က ထောက်ပြကန့်ကွက်တာမျိုး ရှိပေမယ့် နိုင်ငံရေး ပါတီတွေ အားလုံးက တညီတညွတ်တည်း တိုင်တန်းကန့်ကွက်တာမျိုး မရှိသေးပါဘူး။ မကျေနပ်ချက်ကို အလွတ်သဘော ညည်းတွားပြောဆိုတာမျိုးတွေကိုပဲ ကြားနေ ဖတ်နေရပါတယ်။

ဒီလို လက်ရှိ အာဏာကိုင်စွဲထားတဲ့ အစိုးရက သူတို့လုပ်ချင်ရာကို ဇွတ်အတင်း အာဏာသုံး မတရားလုပ်နေတာမျိုးကို တရားဝင် မှတ်ပုံတင်ထားပြီး ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ တညီတညွတ်တည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းကို တိုင်ကြားကန့်ကွက်ဖို့လိုအပ်သလို ကန့်ကွက်တိုင်ကြားမှုကို တစုံတရာ တုံ့ပြန်တာမျိုး၊ အရေးယူဆောင်ရွက်တာမျိုး မလုပ်ဘူးဆိုရင်လည်း နိုင်ငံရေးပါတီတွေအနေနဲ့ ဘာလုပ်ရလိမ့်မယ်၊ ရွေးကောက်ပွဲမဝင်တော့ဘဲ ကန့်ကွက်သပိတ်မှောက်ရလိမ့်မယ်ဆိုတာမျိုး လုပ်ရပါလိမ့်မယ်။ အဲဒီလိုမလုပ်ဘဲ ဘာတတ်နိုင်မှာလဲ၊ ခွင့်ပြုသလောက်ပဲလုပ်ရမှာပေါ့ဆိုတဲ့ အတွေးအခေါ်မျိုးကို ကိုင်စွဲပြီး ငြိမ်နေကြမယ်ဆိုရင်တော့ စစ်အစိုးရအကြိုက် ဖြစ်သွားမှာ အသေအချာပါပဲ။ စစ်အစိုးရက သံဖနောင့်နဲ့ ဆက်ပြီး ဖိဖိစီးစီး နင်းသွားမှာပဲဖြစ်ပါတယ်။

တကယ်တော့ အာဏာရှင်စနစ်တခုအောက်မှာ ကျရောက်နေတဲ့ တိုင်းပြည်တခုက ပြည်သူလူထုအနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ဖိနှိပ်မှုကို တကယ်တမ်း ခံစားနေကြရတဲ့သူတွေ၊ ချမှတ်ထားတဲ့ မှားယွင်းတဲ့ နိုင်ငံရေး စီးပွားရေးစနစ်တွေကြောင့် ဖြစ်ပေါ်သက်ရောက်လာတဲ့ ဆိုးကျိုးတွေကို တိုက်ရိုက်ခံစားနေကြရတဲ့သူတွေ ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်က စစ်အာဏာရှင်အစိုးရဆိုရင် သူတို့လူတစု ကောင်းစားရေးသက်သက်အတွက် အာဏာကို ထာဝရရယူပြီး ပြည်သူလူထုကို ကျွန်ပြုဖို့ ကြိုးစားနေတာကို ထင်ထင်ရှားရှား တွေ့နေရပြီဖြစ်တဲ့အတွက် နိုင်ငံရေးပညာရေးရှိကြတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ အစိုးရက အဲဒီလို လုပ်လို့မရအောင် ကာကွယ်ပေးဖို့ တာဝန်ရှိသလို အဲဒီလို မတရားကျွန်ပြုခံကြရမယ့် အခြေအနေက လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေကို လမ်းညွှန်ပြသပေးဖို့၊ ကိုယ်တိုင်ဦးဆောင်ဦးရွက်ပြု လှုပ်ရှားဆောင်ရွက်ပေးကြဖို့လည်း တာဝန်ရှိပါတယ်။

ပြည်သူလူထုကို အကျိုးပြုဖို့ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေ၊ ပါတီကိုယ်စားပြု အရွေးခံကြမယ့် ကိုယ်စားလှယ်လောင်းတွေ အပါအဝင် တသီးပုဂ္ဂလ ဝင်ရောက်အရွေးခံပြီး ပြည်သူ့အကျိုးပြုဖို့ ကြိုးစားနေကြသူတွေအနေနဲ့ ဆိုရင်တော့ ပိုလို့တောင် တာဝန်ရှိတယ်လို့ ပြောရမှာပါပဲ။ အစိုးရပြဋ္ဌာန်း သတ်မှတ်တဲ့ ဥပဒေတွေဟာ တရားမျှတ မှန်ကန်ရဲ့လား၊ အစိုးရကိုယ်တိုင်ကရော သူချမှတ်ထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို လိုက်နာမှုရှိရဲ့လား ဆိုတာကို အသေအချာ စောင့်ကြည့်လေ့လာဖို့ တာဝန်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေဟာ တရားမျှတ မှန်ကန်မှုလည်း မရှိဘူး၊ အစိုးရကိုယ်တိုင်ကလည်း လိုက်နာမှု မရှိဘူးဆိုတာ တွေ့ရပြီဆိုရင်လည်း ပြည်သူလူထု သိမြင်နားလည်အောင် ဖွင့်ထုတ်တင်ပြပေးဖို့ လိုသလို နိုင်ငံရေးပါတီတွေ၊ ပါတီကိုယ်စားလှယ်တွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကလည်း အစိုးရကို ကန့်ကွက်ပြောဆိုရပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲမပေးဘူး။ အရေးယူဆောင်ရွက်မှု မရှိဘူးဆိုရင်လည်း အစိုးရကို ရာဇသံပေးပြီး ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက် ကြရပါမယ်။

ပြောလိုရင်းကတော့ လက်မြှောက်အရှုံးပေးရေး (Capitulation) အတွေးအခေါ်ကို မိမိတို့ဦးခေါင်းထဲကနေ ဖယ်ထုတ်ပစ်ကြဖို့ပါ။ ဆိတ်ငြိမ်နေခြင်းသည် သဘောတူခြင်း (Silence is consent) ဖြစ်သည်ဆိုတဲ့ ဆိုရိုးစကားကို သတိထားသင့်ကြပါတယ်။ မတရားမှုတိုင်းကို ဆန့်ကျင်ကန့်ကွက်ကြဖို့၊ မတရားတဲ့ အမိန့်အာဏာတိုင်းကို ဆန့်ကျင်ကန့်ကွက်ကြဖို့ မိမိတို့ကိုယ်တိုင်မှာ တာဝန်ရှိသလို ပြည်သူလူထုကြီး တရပ်လုံးမှာလည်း တာဝန်ရှိတဲ့အကြောင်း ပြောဆိုစည်းရုံးကြရပါလိမ့်မယ်။

အခုဆိုရင် စစ်အစိုးရဟာ ပြောင်ပြောင်တင်းတင်းကို သူ့ရဲ့လက်ကိုင်တုတ် လက်မရွံ့ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီကို လူထုက ထောက်ခံမဲပေးဖို့ ရေလှူတဲ့ ကိစ္စမျိုးတွေသာ မဟုတ်တော့ဘဲ မြို့ပြစည်ပင်သာယာရေးလို မြို့တော်စည်ပင်သာယာရေး အဖွဲ့က လုပ်ဆောင်ရမယ့် အလုပ်တွေကို ကြံ့ဖွံ့အဖွဲ့နာမည်ခံပြီး လုပ်တော့မယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောဆိုလာတာ တွေ့နေရပါပြီ။ ဒါဟာ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် သူတွေကိုသာ မဟုတ်တော့ဘဲ ပြည်သူလူထုတရပ်လုံးကို တို့ကတော့ ကြံ့ဖွံ့အဖွဲ့ကို အနိုင်မရ,ရအောင် လုပ်တော့မယ်၊ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ဘာပြောပြော ကြံ့ဖွံ့ပါတီကို လူထုက မဲပေးအောင် အတင်းအခွင့်အာဏာသုံးပြီး လုပ်သွားတော့မယ်လို့ စိန်ခေါ်လိုက်တာပါပဲ။ မခန့်လေးစား လုပ်လိုက်တာပါပဲ။

ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေ ပါတီကိုယ်စားပြု တက်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလ ဝင်အရွေးခံကြမယ့် သူတွေက ဘယ်တတ်နိုင်မလဲ လုပ်ခွင့်ရသမျှပဲ လုပ်ရမှာပေါ့ဆိုတဲ့ လက်မြှောက်အရှုံးပေးရေး အတွေးအခေါ်နဲ့ ငြိမ်ခံနေကြမယ်၊ ပြည်သူလူထုကြီးကလည်း အစိုးရကိုယ်တိုင်က ဘက်လိုက်နေပြီပဲ၊ တို့ကဘာလုပ်လို့ရမှာလဲ၊ ပေးဆိုလည်း ပေးလိုက်ကြတာပေါ့ဆိုတဲ့ အညံ့ခံအရှုံးပေးရေး အတွေးအခေါ်နဲ့ လက်လျှော့လိုက်ကြမယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာဟာ မတွေးရဲစရာ ဖြစ်သွားတော့မှာပါပဲ။

ဒီလိုမတရားမှုတွေ ဖိနှိပ်မှုတွေ မတရားတဲ့ အမိန့်အာဏာတွေကို တို့လက်မခံနိုင်ဘူး၊ ဆန့်ကျင်ရမှာပဲ၊ ပြောင်းလဲပြုပြင်ပေးမလား၊ မပေးဘူးလား မပေးရင် တို့ ပြည်သူလူထုကြီးတရပ်လုံးက မင်းတို့လုပ်မယ့် ရွေးကောက်ပွဲ ဆိုတာကို သပိတ်မှောက်ရလိမ့်မယ်၊ မဲလုံးဝမပေးနိုင်ဘူးဆိုတဲ့ ရာဇသံမျိုး ပေးရဲကြရပါလိမ့်မယ်။ နိုင်ငံရေးအာဏာဟာ ပြည်သူလူထုဆီမှာပဲ ရှိပါတယ်။ ပြည်သူလူထုပိုင်ပစ္စည်း ဖြစ်ပါတယ်။

ကျနော်တို့အားလုံး ခေါင်းခါငြင်းဆန် အာခံကြရအောင်ပါ။ အမှန်တရားဟာ အောင်ပွဲရရမှာပါ။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့