Saturday, July 25, 2009

နေ့စဉ်သတင်းများ (၂၄- ၇- ၀၉)

ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး သတင်း
ဒေါ်အောင်ဆန်းစုကြည်တရားခွင် ပြီးဆုံး သတင်း
ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု တံခါးပိတ် တရားခွင်သို့ သံတမန်များ တက်ရောက်ခွင့်ရ သတင်း
ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းနေ့ အားပေးသူများ စုစည်း၊ လုံထိန်းရဲများ အင်းစိန်ထောင်ပတ်ဝန်းကျင် အင် အားပြ သတင်း
အာဏာပိုင်များ အနီးကပ် စောင့်ကြည့် သတင်း
မြန်မာကို အာဆီယံကထုတ်ရန် အကြောင်းမရှိဟု ထိုင်းဝန်ကြီးချုပ် ပြောကြား သတင်း
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် တောင်းဆိုခြင်း နည်းလမ်းမကျဟု စစ်အစိုးရသတင်းစာက ရေးသား သတင်း
စစ်အတွေးအခေါ်- အဏုမြူလက်နက်နှင့် နအဖ လိုဏ်ခေါင်းစစ်ပွဲသဏ္ဌာန် (ဆောင်းပါး)
(၁၀) သိန်းလာဘ်ယူကာ ဒီဂျစ်တယ်ဖုန်းလိုင်းသစ်များ လုပ်ပေး သတင်း
ဂျပန်ကားဟောင်းများ မြန်မာပြည် တင်သွင်းမှုပိုမိုများ သတင်း
မြန်မာနိုင်ငံတွင် လူတုပ်ကွေးရောဂါ ကူးစက်ခံထားရသူ (၂) ဦး ထပ်မံတွေ့ရှိ သတင်း
လက်နက်ချသူများမှာ မိမိတို့အဖွဲ့မှမဟုတ်ကြောင်း ကေအန်ယူ ငြင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေများနှင့် တွေ့ခွင့်ပြု သတင်း
မြစ်ကြီးနားတွင် ကလေးများ သွေးလွန်တုပ်ကွေး အဖြစ်များနေ သတင်း
နအဖက ကူကီးတွေကို ထာဒိုချင်းလို့ အတင်းအဓမ္မ အမည်ပြောင်းခိုင်း သတင်း
ပေါ်လစီခေါင်းစဉ် မှားယွင်းဖော်ပြမိ၍ သစ္စာဂျာနယ် သတိပေးခံရ သတင်း
နအဖကို အာဆီယံထဲကနေ ထုတ်ပယ်ရန်မရှိဟု အဖိဆစ်ပြော သတင်း
အမေရိကန်တောင်းဆိုချက်တွေ တစုံတရာ ဖြစ်နိုင်ခြေရှိဟုဆို သတင်း
လမ်းမလျှောက်နိုင်လျှင် ဆိုက္ကားငှားပြီး ထောင်ရှေ့သွားမည်ဟု ဦးဝင်းတင် ပြော သတင်း
မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်တွေကို အကြောင်းအမျိုးမျိုးရှာ ဒဏ်ရိုက်နေ သတင်း
အိန္ဒိယပါလီမန်အမတ်များအဖွဲ့က ဒေါ်အောင်ဆန်စုကြည်ကို လွှတ်ဖို့တောင်းဆို သတင်း
နာဂစ်ဒုက္ခသည်များ ရိက္ခာအတွက် စိုးရိမ်နေကြ သတင်း
DKBA ကြောင့် ကရင်ဒုက္ခသည်များ ထိုင်းသို့ ထပ်မံထွက်ပြေးလာ သတင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းသူ အန်အယ်လ်ဒီလူငယ် ထိုးကြိတ်ခံရ သတင်း
၂၀၁၀ ခုနှစ် ရွေးကောက်မတိုင်မီ ချမ်းသာရေး နအဖအာဏာပိုင်များ ကြိုးပမ်းအားထုတ် သတင်း
မြန်မာနိုင်ငံမှ စစ်သား (၃) ဦး ပျောက်ဆုံးနေ သတင်း
နာဂစ်မိဘမဲ့ကလေးသူငယ်များ စောင့်ရှောက်ရေးရန်ပုံငွေက ကလေးစာရင်းထုတ်ပြန် သတင်း
မြန်မာနိုင်ငံသား မူဆလင် (၂၈) ဦး ဖမ်းဆီးခံရ သတင်း
ဝ တပ်ထွက်နှင့် ဗျူဟာမှူးပေါင်း၍ တာချီလိတ်လယ်သမား လယ်မြေများ အဓမ္မဈေးနှိမ်ဝယ် သတင်း

Read More...

ဖြစ်နိုင်တာကတော့ သမိုင်းလူပြက်ပဲ

ရဲဘော်ဖိုးသံချောင်း
၂၄ ဇူလိုင် ၂၀၀၉

ဒီတလော ဗမာပြည်နိုင်ငံရေးမှာ အတော် ကျယ်ကျယ်လေး ကြားလာရတဲ့ အယူအဆ တခုက “နိုင်ငံရေး လုပ်တယ်ဆိုတာ ဖြစ်နိုင်တာကို လုပ်တဲ့ အနုပညာပဲ” ဆိုတာပါ။ ဒါကို ဂျာနယ်တခုရဲ့ အယ်ဒီတာ့ အာဘော်မှာ တွေ့ရသလို မောင်(ဦး)စူးစမ်းရဲ့ အင်တာဗျူး တခုမှာလည်း တွေ့လိုက်ရပါတယ်။ ဒါတွေနဲ့ တဆက်တည်း ဖော်ပြလေ့ ရှိတဲ့ ယူဆနည်းက နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဗမာပြည်မှာ နဂိုက လုံးဝလှုပ်ရှား လုပ်ကိုင်ခွင့် မရှိတဲ့ နိုင်ငံရေး အင်အားစုတွေ အဖို့ လှုပ်ရှားဖို့ခွင် (သူတို့အ သုံးအနှုန်းအရ ဆိုရင် Space) ရတာပဲ၊ ဒါကို မုချ အသုံးချရမယ်။ လုပ်ငန်းအားလုံးဒီကနေ အစပြုရမယ် လို့လည်း ဆိုကြပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးအတွက် အစပြုချက် ဖြစ်တယ်လို့ ဖော်မြူလာ ထုတ်ပေး ကြပါတယ်။ ဒီလှုပ်ရှားဖို့ ခွင်ဆိုတဲ့အယူအဆကို တင်သူတွေထဲမှာ နိုင်ငံခြားသားတွေလည်း မနည်းဘူး ဆိုတာကို သတိထားမိပါတယ်။

“ဘာမှမရှိတာထက်စာရင် နည်းနည်းရှိတာက တော်သေးတယ်”၊ ဘာဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ မရှိတာနဲ့ စာရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိတာဟာ ပိုကောင်းတယ်ဆိုတဲ့ အယူအဆ ထွက်လာပြီးနောက် ဆက်တိုက် ပေါ်လာတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ခါတော် မီအယူအဆတွေလို့ ဆိုရင် မမှားပါဘူး။

နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နအဖရဲ့ လမ်းပြ မြေပုံထဲက နံပါတ် (၆) အဆင့်ကို အကာ အကွယ်တွေပေးတာ၊ ထောက်ခံတာတွေ ဆက်တိုက် ပေါ်ထွက်လာတယ် လို့ နားလည် မိပါတယ်။ စစ်အစိုးရ အဆက်ဆက် လက်ထက်မှာ ရာစုနှစ် တဝက်နီးပါး အသက်ရှင်လာခဲ့သူ တဦးအနေနဲ့ ဒီလို အချိန်အခါမှာ ဒီလို ရေးသူတွေ ပေါ်တယ်ဆိုတာက တရားတခုလို့ပဲ သဘောထားမိပါတယ်။ မအံ့သြမိကြောင်း ဝန်ခံ လိုက်ပါရစေ။ ဘယ်သူတွေက ရေးမလဲ။ ဘယ်လိုတွေ ရေးမလဲဆိုတာဘဲ စောင့်ကြည့်မိခဲ့တာပါ။ အခုတော့ အစီအရီ၊ အယူအဆ တမျိုးစီနဲ့ ထွက်လာကြပါပြီ။ ဒီနေရာမှာ တမျိုးစီဆိုလို့ အနှစ်သာရနဲ့ ရည်ရွယ်ချက်ဟာ တခုနဲ့တခု ကွဲပြားတယ်လို့ မဆိုလိုပါဘူး။ အဲဒီသဘောနဲ့ ပြောရရင်တော့ ဗြိဇုံနဲ့ဗြုံဇိတွေပါ။

ကိုယ့်အယူအဆတခုကိုတင်ရာမှာ ဒီအယူအဆ ခိုင်လုံမှုကို ပြောတာထက် ဒါကို ဆန့်ကျင်တဲ့ လူတွေဟာ “စိတ်ကူး ယဉ်တာ၊ လက်တွေ့မကျတာ” လို့ တိုက်ခိုက်ပါတယ်။ ဒါက နည်းနည်းတော်ပါသေးတယ်။ သူနဲ့ မတူသူတွေဟာ “လေကြီးမိုးကြီးသမားတွေ၊ လက်ဝဲစွန်း သမားတွေ၊ မရိုးသားတဲ့ လူတွေ၊ အယောင်ဆောင် သမားတွေ” စသဖြင့်လည်း ပြစ်ပြစ်နှစ်နှစ် တွယ်လိုက်ပါသေးတယ်။ ဒီလို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်လို့ ရတာချည်းပဲပေါ့။ မောင်(ဦး)စူးစမ်းဟာ သူ့ကိုယ်သူ နိုင်ငံရေး သမားလို့တောင် မခံယူရဲ တော့ဘူး ပဲဟာ။ သူဟာပစ်ပြီးသား ကျည်ခွံဖြစ်သွားပြီလို့ သူကိုယ်တိုင် ရေးနေတာပါ။ ကိုယ့်အယူအဆနဲ့ မတူသူတွေကို ပုဒ်မ အမျိုးမျိုးတပ်တာ၊ အစိုးရနဲ့ ရန်တိုက်ပေးတာ စတဲ့လုပ်နည်းတွေဟာ ဘယ်နိုင်ငံ၊ ဘယ်ခေတ်မဆို ရှိတတ်တာချည်းမို့ အဲဒီလိုလူမျိုးတွေက အဲဒီလိုပဲ လုပ်တတ်တယ်လို့ အောက်မေ့လိုက်ပါမယ်။

အခုဒီ “ဖြစ်နိုင်တာကိုလုပ်တဲ့အနုပညာပဲ” ဆိုတာကို စောကြောကြည့်ပါမယ်။ သူတို့ ပြောတဲ့ ဖြစ်နိုင်တာ ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဘယ်သူ့အနေနဲ့ ဖြစ်နိုင်တာကို ပြောတာလဲ။ တကယ်က သူတို့ပြောတဲ့ ဖြစ်နိုင်တာဆိုတာဟာ နအဖက ခွင့်ပြုတာတွေကို ဆိုလိုတာပါ။ ဒါကို ပြန်လှန်ပြောရရင် နအဖ ခွင့်မပြုတာ မှန်သမျှဟာ မဖြစ်နိုင်တာပါ။ မဖြစ်နိုင်တာတွေ မလုပ်ချင်ပါနဲ့။ နအဖ ခွင့်မပြုတာတွေ မလုပ်ချင်ပါနဲ့ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါကိုပဲ သူတို့က “အနုပညာ” လို့ ကင်ပွန်းတပ် ပေးထားပါတယ်။

မောင်(ဦး)စူးစမ်းကဆိုရင် ဒီနေ့ နိုင်ငံရေးမှာ “ဘယ်သူက Dictate လုပ်နေတာလဲ” ဆိုပြီး “စစ်တပ်နော်-စစ်တပ်” လို့ မပြောရုံ တမယ် ဖြဲခြောက်ပါသေးတယ်။ နောက်တခါ သူက “မနူးမနပ်တွေ Anti-military (စစ်တပ် ဆန့်ကျင်ရေး) မလုပ်ကြနဲ့” လို့လည်း သတိ ပေးလိုက်ပါသေးတယ်။ ဗိုလ်အောင်ကြီး တယောက်တော့ အရေးအခင်း ကာလမှာ “စစ်တပ်ကိုလုံးဝ မပြစ်မှားနဲ့” လို့ ပြောခဲ့တာနဲ့ပဲ နိုင်ငံရေး အမှိုက်ပုံထဲကို ရောက်သွားခဲ့ ပါတယ်။ အခုလည်း စစ်အာဏာရှင်တွေကို စိတ်နဲ့တောင် ပြစ်မှားခွင့်မရှိတဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကို အရိုးများသလေး၊ ချေးခါးသလေး မပြောကြနဲ့လို့ သူတို့တတွေက မာမာတင်းတင်း ပြောနေကြပါတယ်။

မဆလခေတ်တုန်းက ‘ခ’ သုံးလုံးပေါ်လစီ (ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောနဲ့)၊ ထောင်ထဲမှာ ပြောလေ့ရှိတဲ့ “ပေးတာယူ၊ ကျွေးတာစား၊ စကားမများနဲ့”၊ ခေါင်းထဲမှာ ပြန်ပေါ်လာတာတွေ အများကြီးပါပဲ။ သူတို့ရေးတာတွေ ထဲမှာ ထူးထူးခြားခြား မြင်သာတဲ့ အချက်တချက်ကတော့ နအဖ အစိုးရဘက်ကို တစက်မှ အပြစ်မတင်၊ နအဖဘက်က ဘယ်အချက်ဖြင့် လျှော့ပေး သင့်တယ်ဆိုတာမျိုး တကြောင်း တပါဒမျှ မရေးတာပါဘဲ။

နအဖစစ်အာဏာရှင်တွေက ရေးဆွဲတဲ့လမ်းပြမြေပုံကနေ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားမယ့် လွှတ်တော်ကို မွေးထုတ် လိုက်ပါတယ်။ တခါ အဲဒီလို လွှတ်တော်ကနေ စစ်တပ်က ရေးဆွဲပြီး မတရား အတည်ပြုထားတဲ့ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင် အတည်ဖြစ်ကြောင်း ကြေညာပါမယ်။ ဒီကနေ ပေါ်ထွက် လာမယ့် ဒီမိုကရေစီကနေ ဘယ်လို နိုင်ငံရေး၊ ဘယ်လို ဒီမိုကရေစီတွေ ဆက်ထွန်းကားမယ် ဆိုတာ ရှင်းနေတာပါ။ အဲဒီလို နိုင်ငံရေးဘောင်၊ နိုင်ငံရေးခွင်ကိုပဲ “လှုပ်ရှားနိုင်တဲ့ခွင်” လို့ ထောက်ပြပြီး အားလုံးကို ပုံအော ခိုင်းနေကြတာပါ။ ဒါကိုပဲ ဖြစ်နိုင်တာလို့ပြောပြီး သူတို့နဲ့ မတူသူတွေကို မဖြစ်နိုင်တာပြောတဲ့ စကားကြီး စကားကျယ် သမားတွေ၊ လက်တွေ့ မကျသူတွေလို့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒါဟာ လာလတ္တံ့သော နအဖရဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ရဲ့ ရှေ့ပြေး လုပ်နည်းလုပ်ဟန်တွေ များလား၊ မစဉ်းစားဘဲ မနေနိုင်ပါဘူး။

ကောင်းပါပြီ။ အဲဒီ “ခွင်” မှာ ဘာလုပ်လို့ရမှာလဲ။ ပါတီ ဆိုင်းဘုတ်တွေ ထောင်ခွင့် ရပါမယ်။ အမတ်တွေ ဖြစ်လာ ပါမယ်။ ဒါပေမယ့် “နိုင်ငံတော် အကြီးအကဲများ” နဲ့ “တပ်မတော်” ကို ဝေဖန်ပြောဆို ရေးသားခွင့် ရှိမလား။ ဆန့်ကျင် ဆန္ဒပြခွင့် ရှိမလား။ (နိုင်ငံရေး ပါတီတွေ အချင်းချင်း ဝေဖန် တိုက်ခိုက်ခွင့်တွေ ပေးမှာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး)။ နောက်ပြီး ကုန်လွန်ခဲ့တဲ့ အနီးခေတ် သမိုင်းကို အမှန်အတိုင်း ရေးသားဖော်ပြခွင့်ရှိမလား။ အဲဒါတွေမပါတဲ့ နိုင်ငံရေးမျိုးတော့ အခုလည်း လုပ်ကိုင်ခွင့် ရနေတာပဲ မဟုတ်ဘူးလား။

“ခွင်” ဆိုတာတော့ပေးပါရဲ့၊ အဲဒီ “ခွင်” ကနေ ငါတို့ကို ကြိုက်သလောက် ချီးကျူးစမ်း ကွာလို့ ဖွင့်ပေးထားတာမျိုး ဆိုရင်တော့ မဖြစ်ဘူးထင်ပါတယ်။ “ခွင်” ထဲမှာ ဘုရင်လုပ်ခွင့် မပေးဘဲ မျောက်လောင်းပဲ လုပ်ခိုင်းနေတယ် ဆိုရင် ဘယ့်နှယ် ပြောပါ့မလဲ။ ခွင်တခု ပေးတယ်ဆိုတိုင်း ခွဲခြားမှု မရှိဘဲ ထောက်ခံ ကြိုဆိုနေတာ မှားပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ အယူအဆကို တင်ပြသူတွေထဲက ဘယ်တယောက် ကမှ နအဖ စစ်ဗိုလ်တွေဟာ တဖြည်းဖြည်းနဲ့ အယူ အဆတွေ၊ လုပ်နည်းလုပ်ဟန်တွေ ပြောင်းကုန်မှာ၊ ဒါမှမဟုတ် သူတို့ကို ပြောင်းယူမယ်လို့ မပြောကြပါဘူး။ ဒါ့အပြင် သူတို့က လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းနဲ့ သမ္မတနေရာ၊ နောက်ပြီး အရေးကြီးတဲ့ ဝန်ကြီးနေရာတွေကို စစ်တပ်ကို ထာဝရယူထားခွင့် ပြုမယ်လို့ အာမခံတဲ့သဘော ဖြစ်နေပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ တို့ရဲ့ ဟိုဘက်မှာ လူတချို့ အမတ်ဖြစ်လာမယ် ဆိုတာလောက်က လွဲလို့ သူတို့ဟာ ဘာမှ ဝမ်းပါးလောက်အောင် ထောက်မပြနိုင်ကြပါဘူး။ စစ်တပ် ကိုယ်စားလှယ် ပါဝင်မှုကို (၂၅) ရာခိုင်နှုန်းကနေ တဖြည်းဖြည်း လျော့သွားအောင် လုပ်ယူမယ်လို့တောင် ဘယ်သူမှ မပြောဝံ့ပါဘူး။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ဝမ့်စွေ့” ကြွေးကြော်ဖို့ အမတ်လုပ်ရတာ ဆိုရင်တော့ သမိုင်းလူပြက်တွေ ဖြစ်ကုန် ပါလိမ့်မယ်။

Ref: ခေတ်ပြိုင်


Read More...

Friday, July 24, 2009

နေ့စဉ်သတင်းများ (၂၃- ၇- ၀၉)

အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဖူးကက်တွင် တွေ့ဆုံ သတင်း
အမေရိကန်တာဝန်ရှိသူတွေနဲ့ စစ်အစိုးရကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ သတင်း
နအဖတပ်များ ၀င်ရောက်မည့် သတင်းကြောင့် ဒေသခံများ ထိုင်းဘက်သို့ကူးလာ သတင်း
လက်ဖက်ပိတ်ပင်မှုကြောင့် လက်ဖက်တောင်သူများ နစ်နာဆုံးရှုံးမှု အစီရင်ခံစာတစောင် ထုတ်ပြန် သတင်း
ပြည်တွင်းအခွန်ရုံးများ နေပြည်တော် ပြောင်းရွှေ့ သတင်း
မွမ်းမံသင်တန်း (၁) လ တက်ရုံဖြင့် ဆရာဝန်မှတ်ပုံတင်ရမည် သတင်း
မြစ်ကြီးနားမြို့နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်သူ များပြား သတင်း
ဗန်းမော်ခရိုင် ခယကအဖွဲ့ နယ်စပ်ကုန်သွယ်ရေးတွင် ဝင်စွက်၊ လာဘ်ငွေယူပြီး ပြန်လွှတ် သတင်း
ရွှေဆိုင်လုယက်မှု မိသားစုဝင်များ ဖမ်းဆီးခံရ သတင်း
လေဘေးဒုက္ခသည်အရေး သတင်းလိုက်သူ ထောင်ထဲမှာ ရောဂါဝေဒနာ ခံစားနေရ သတင်း
ရန်ကုန် ကားဝပ်ရှော့များ မြို့ပြင်ပြောင်းခိုင်း သတင်း
နောက်ဆုံးလျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့် တွေ့ခွင့်ရ သတင်း
ဝက်တုပ်ကွေးထိန်းချုပ်ရေး နိုင်ငံခြားပြန်များကို စောင့်ကြည့်နေ သတင်း
နိုင်ငံခြားဆန်တင်ပို့မှု ဦးပိုင် ဆက်လက်ထိန်းချုပ် သတင်း
အမေရိကန်-မြန်မာ ဆက်ဆံရေးကောင်းရန် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လို (ဗွီဒီယိုသတင်း)
တောင်ငူခရိုင်ရှိ ပြည်တွင်းဒုက္ခသည်တွေအတွက် ဆေးဝါးအကူအညီ လိုအပ် သတင်း
ရိုးမ ၃ သတင်းဋ္ဌာနမှ ကလေးစစ်သားစုဆောင်းခြင်း အစီရင်ခံစာထုတ်ဝေ သတင်း
ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဟီလာရီကလင်တန် တိုက်တွန်း သတင်း
ဝေးလံသည့် ထောင်များမှ ၈၈ မျိုးဆက်များကို ထောင်ဝင်စာ ပုံမှန်မတွေ့နိုင် သတင်း
ဟီလာရီကလင်တန်နှင့် တွေ့ဆုံပွဲကို ဒေါက်တာစင်သီယာမောင် တက်ရောက်ခွင့်ရ သတင်း
မြစ်ကြီးနားမြို့တွင် နေကြတ်မှုကို အပြည့်အ၀ မြင်တွေ့ခဲ့ရ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ်လျှောက်လှဲချက်အတွက် ဥပဒေအခွင့်အရေး ဆုံးရှုံး သတင်း
လက်ဆင့်ကမ်းပါ မပမ်းရအောင် (ဆောင်းပါး)
လက်ဖက်တောင်သူ (၅) သိန်းကျော် စားဝတ်နေရေး ကျပ်တည်းနေ သတင်း

Read More...

Thursday, July 23, 2009

ပါတီသည် လမ်းဆုံလမ်းခွတွင် ရှိကြောင်း ဦးဝင်းတင် ပြောဆို

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 22 ရက် 2009 ခုနှစ် 20 နာရီ 49 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များသည် အသက် အရွယ် ကြီးရင့် လာခြင်းနှင့် ကျန်းမာရေး အခြေအနေ အရ ပါတီ၏ ဦးဆောင်မှု အခန်း ကဏ္ဍသည် လမ်းဆုံ လမ်းခွသို့ ရောက်နေကြောင်း ပါတီ ခေါင်းဆောင် တဦးက ပြောသည်။

အသက်အရွယ်ကြီးကာ ကျန်းမာရေး ချို့ယွင်းမှု များကြောင့် လျှောက်လှမ်း ရမည့် ပါတီ ဦးဆောင်မှုသည် လမ်းဆုံ လမ်းခွသို့ ရောက်နေကြောင်း ပါတီခေါင်းဆောင် တဦးလည်းဖြစ်၊ သတင်းစာ ဆရာကြီးလည်း ဖြစ်သည့် ဆရာကြီး ဦးဝင်းတင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ခေါင်းပိုင်းတွေအနေနဲ့ အသက်အရွယ် ကြီးရင့်လို့ အနားယူမယ် ဆိုရင်လည်း ယူနိုင်ဖို့ အနေအထား ရှိပေမယ့် ပါတီရဲ့ လျှောက်လှမ်းရမယ့် လမ်းကြောင်း ကတော့ လမ်းဆုံလမ်းခွ အခြေအနေကို ကျရောက်နေတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“တကယ်လို့ ပါတီက မှတ်ပုံပြန်တင် ရရင်လည်း ဒေါ်အောင်ဆန်းစုကြည် ကလည်း မလွတ်သေးဘူး။ အဲဒါဆိုတော့ ကျနော်တို့ ပါတီအတွက် စိုးရိမ်နေရတယ်။ ပြဿနာက လူက တိုးချင်တိုင်း တိုးလို့ မရဘူး။ အစိုးရနေပြီးတော့ ကော်မရှင်မှာ ရှိတဲ့ လူအနေအထား အတိုင်း လုပ်ရတယ် ဆိုတော့ လူကလည်း တိုးလို့ မရဘူး ဖြစ်နေပါတယ်” ဟု ဆရာကြီး ဦးဝင်းတင်က ဆက်ပြောသည်။

ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးလွင် အပါအဝင် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးဝင်းတင်နှင့် သခင်စိုးမြင့်သည် အသက်အားဖြင့် ၈ဝ နှစ် ကျော်များ ဖြစ်နေသဖြင့် မကြာခဏ ကျန်းမာရေးက ချူချာနေသည်။

“ဦးအောင်ရွှေဆိုရင် ၉၀ ကျော်နေပြီ။ ပါတီကို မလာနိုင်တာ လနဲ့ချီ ရှိနေပြီ။ နောက်ထပ် ၂ လ၊ ၃ လ လာနိုင်မယ် မထင်ဘူး။ ဦးလွန်းတင်ဆိုရင် မျက်စိက ကောင်းကောင်း မမြင်ရတော့ဘူး။ နားကလည်း ကောင်းကောင်း မကြားတော့ဘူး။ ကလေး ကုန်းပိုး သလိုမျိုး ပိုးပြီးတော့မှ နောက်က တယောက် မလိုက်ရင် မရဘူး။ အိပ်ယာထဲမှာ လေဖြတ်နေတယ်။ ဦးလှဖေကလည်း ကျန်မာရေး ချို့တဲ့နေတယ်။ ဦးသန်းထွန်းကလည်း ခဏခဏ ခေါင်းမူး တတ်တယ်” ဟု ဆရာကြီးက ပြောသည်။

ကိုယ်တိုင်ကလည်း မျက်စိခွဲစိတ်ကုသရန် လိုအပ်နေပြီး နှလုံးရောဂါနှင့် အတူ သွေးခုန်နှုန်း အလွန်အမင်း ကျဆင်းနေကြောင်းနှင့် ဆီးချိုနှင့် အကြောအဆစ် ကိုက်ခဲသည့် ဝေဒနာ များလည်း ခံစားနေရကြောင်း သိရသည်။

ဆရာကြီးက “နေ့တိုင်းလိုလိုက နှလုံးခုန်နှုန်းက ၄၈ ကနေ မတက်ဘူး။ ပုံမှန်က ၈ဝ လောက်ရှိရမှာ။ ကျနော် မလှုပ်နိုင်ဘူး ဖြစ်နေတယ်။ ခြေလှမ်း ၄-၅ လှမ်းလောက် လျှောက်လိုက်ရင် မောနေတယ်။ အသည်း၊ အမြစ်၊ ကလီစာတို့ မစားဖို့၊ ပဲပင်ပေါက်တို့ ခရမ်းချဉ်သီးတို့ မစားဖို့နဲ့ ရောဂါအတွက် လိုအပ်တဲ့ အစားအသောက်တွေ၊ အသားငါးတွေ ပိုပြီး စားသောက်ဖို့ ဆရာဝန်က ညွှန်ကြားထားတယ်” ဟု ပြောသည်။

ကျန်းမာရေး မကောင်းသည့်ကြားမှ လာမည့်သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် နောက်ဆုံး လျှောက်လဲကြမည် ဖစ်ရာ အင်းစိန်ထောင် ရှေ့သို့ သွားရောက် ဦးမည်ဟု သူက ဆိုသည်။

ကျန်းမာရေးအတွက်လည်း လာမည့်လ ၃ ရက်နေ့တွင် ထပ်မံ၍ ပြသရန် ဆရာဝန်က ညွှန်ကြား ထားကြောင်း သိရသည်။

Ref: မဇ္ဈိမ


Read More...

နေ့စဉ်သတင်းများ (၂၂ - ၇ - ၀၉)

မြန်မာနိုင်ငံမှ ကလေးစစ်သား စုဆောင်းမှုအခြေအနေ အစီရင်ခံစာတစောင် ထုတ်ပြန် သတင်း
နအဖစစ်အစိုးရ၏ ကလေးစစ်သား အသုံးပြုနေမှုနှင့် ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန် သတင်း
ဗန်းမော် စစ်ဗျူဟာမှူးတဦးကို ခုံရုံးတင်စစ်ဆေးနေ သတင်း
မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးစပ်ယှက်မှု သတိပြုသင့်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော သတင်း
မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အကြံပေး သတင်း
ဒေါ်အောင်ဆန်းစုကြည် မလွှတ်ရင် ရွေးကောက်ပွဲ တရားမျှတမည် မဟုတ်ဟုဆို သတင်း
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူသည့်ဥပဒေ အမေရိကန်အောက်လွှတ်တော်မှ သက်တမ်းတိုး သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ရှေ့နေများ တွေ့ခွင့်ကို နအဖ ငြင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း (၁၃)
အဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်း အထောက်အကူပြုအဖွဲ့ကို တိုးချဲ့ဖွဲ့စည်း သတင်း
အဖွဲ့ချုပ် ဆွမ်းအလှူကို လက်ခံ၍ ဘုန်းကြီး သတိပေးခံရ သတင်း
၂၁ ရာစု၏ အကြာဆုံး နေကြတ်မှု (၆) မိနစ်ခွဲကျော် တွေ့မြင်ရမည် သတင်း
နေကြတ်လို့ ဘာဖြစ်မလဲ သတင်း
နေကြတ်မှုနှင့် နက္ခတ္တအမြင် သတင်း
ဘိုကလေးတွင် တလအတွင်း လေဆင်နှာမောင်း (၃) ကြိမ် တိုက် သတင်း
တုပ်ကွေးဆေးများ ရန်ကုန်မှာ ပြတ်လပ်နေ သတင်း
မှန်တာကို ပြောဆိုပါမည် (ဆောင်းပါး)
လုပ်ငန်းရှင်ကြီးများက လယ်သမားများကို အမတော်ကြေးပေးရန်ပြင် သတင်း
အိန္ဒိယက မြန်မာနိုင်ငံကို ဘာကြောင့် ရှုတ်ချသင့်သလဲ သတင်း

Read More...

ကယ်တင်ရှင်မရှိပါ

ဗသြ
7/23/09

ကုလသမဂ္ဂအတွင်းရေးမှူးမစ္စတာဘန်ကီမွန်း ဗမာပြည်ကနေ ပြန်သွား ပြီးတဲ့နောက် ပြည်ပက မီဒီယာတွေ အကြားမှာ ဒီခရီးစဉ်ဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာကို အတော်ကလေး ရေးကြီးခွန်းကျယ် ပြောဆိုကြတာသတိထားမိ ပါတယ်။ နောက်ထပ် သတိပြုမိတဲ့ အချက်ကတော့ မစ္စတာ ဘန်ကီမွန်း ပြန်သွားတဲ့ နောက်မှာ ဒီလို ပြောဆိုရေးသား တာတွေဟာ ဂယက်လောက်သာ ဖြစ်နေခဲ့ပြီး လှိုင်း ငယ်ငယ်တောင် ဖြစ်မလာဘူး ဆိုတာပါပဲ။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို ပြန်စဉ်းစား လိုက်တော့ အဓိက အကြောင်းရင်းက ပြည်တွင်းက ပြည်သူတွေက ဒီခရီး အပေါ်မှာ စိတ်ဝင်စားမှု နည်းလို့၊ မျှော်လင့်ချက် ထူးထူးခြားခြား မထားလို့ ဖြစ်ပါတယ်။ ပြောရရင် ဗမာပြည်ရဲ့ အရေး နိုင်ငံတကာ စားပွဲခုံတွေပေါ် ရောက်သွားတာကို ဗမာပြည်သားတွေက မလိုလားပါဘူး။ ဘယ်သူ မဆို ကိုယ့်အိမ်တွင်းက ပြဿနာကို ကိုယ့်အိမ်တွင်းမှာပဲ ဖြေရှင်း ချင်တာပါ။

အိမ်ပြင်ရောက်သွားရင် ရှက်စရာ ကောင်းတယ်လို့တောင် ယူဆကြတာပါ။ ဒါပေမဲ့ နအဖ စစ်အစိုးရရဲ့ အာဏာ ရမက်ကြီးမှု၊ အင်အားနဲ့ အနိုင်ကျင့်လိုမှု၊ အမှန်တရားကို လက်မခံနိုင်မှု တို့ကြောင့် အိမ်တွင်း ကိစ္စဟာ ရပ်ကျော် ရွာကျော် ဖြစ်ကုန်ရပါတယ်။

ကိုယ့်တိုင်းပြည်ရဲ့အရေး ဒီလို ပြည်ပကို ရောက်သွားတဲ့ အခါမှာ ကိုယ့်တိုင်းပြည် အတွက် အကျိုးရှိတာ၊ မရှိတာတွေ နောက်ထားလို့ ပထမဆုံး ဖြစ်လာတာ ကတော့ ကိုယ့်ပြဿနာဟာ သူများပြဿနာ ဖြစ်သွား တာပါပဲ။ အထူးသဖြင့် အင်အားကြီး နိုင်ငံတွေရဲ့ ပြဿနာ ဖြစ်သွားတာပါပဲ။ ဒီအခါမှာ သူတို့က ကိုင်တွယ် ဖြေရှင်းတယ် ဆိုတော့ သဘာဝ ကျစွာပဲ ဗမာပြည်ရဲ့ ပြဿနာကို သူတို့ အကျိုးစီးပွားပေါ် အခြေခံပြီး ချဉ်းကပ် ကြပါတယ်။ အဲဒီလိုချဉ်းကပ် စဉ်းစားနည်းမျိုးတွေ ကနေ ပေးလာတဲ့ အကြံပေးချက်တွေကို အစိုးရရော၊ အတိုက်အခံတွေပါ လက်ခံရ အခက်၊ လက်မခံရ အခက် ဖြစ်တော့တာပါပဲ။ သူတို့ ဖြစ်စေချင်တာတွေက ဗမာပြည် သားတွေ ဖြစ်ချင်တာနဲ့ တူချင်မှ တူညီတာ ဆိုတာကို မေ့လို့ မဖြစ်ပါဘူး။

ပိုဆိုးတာက ဒီပြည်ပကလူတွေဟာ ကုလသမဂ္ဂလို၊ အီးယူလို၊ အာစီယံလို အဖွဲ့ နာမည်ကြီးတွေနဲ့ လုပ်ကြပြောကြတာ ဆိုတော့ ဗမာပြည်သားတွေ အဖို့ ဒါကြီးတွေ လုပ်ကိုင်ကြတာ တွေကိုပဲ အဖြေရနိုးနိုး၊ လိုချင်တာရနိုးနိုး၊ ဟိုဟာနိုးနိုး၊ ဒီဟာနိုးနိုး မျှော်ရမလိုဖြစ်လာပါတယ်။

နောက်ပြီး“ဗမာပြည်အကြောင်းကျွမ်းကျင်သူ”၊ “ဗမာပြည်ကို စာနာသူ”ဆိုသူတွေကလည်း ဗမာပြည် အရေး ဆွေးနွေးပွဲတွေ၊ နှီးနှော ဖလှယ်ပွဲတွေ တချီပြီး တချီ ကျင်းပ ကြပါတယ်။ တချို့ လူတွေကလည်း ဒီလို ပြည်ပ ကနေ စဉ်းစားတွေးဆ တာတွေကိုပဲ သိုက်စာပေးသလို ပေးကြပါတယ်။

ဒီနေ့ နိုင်ငံတကာအခြေအနေတွေဟာ တော်တော်မြန်မြန်ပဲ ပြောင်းလဲ နေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အဖက်ဖက်မှာ ပြောင်းလဲနေတာပါ။ နိုင်ငံတိုင်းဟာ အဲဒီ အပြောင်း အလဲတွေနဲ့ အညီ ကိုယ့်ကိုယ်ကို လိုက်လံ ထိန်းညှိ နေရပါတယ်။ ဒီထဲမှာ အမေရိကန် နိုင်ငံလည်း ခြွင်းချက် မဟုတ်ပါဘူး။ ဗမာပြည်နဲ့ ပတ်သက်ပြီး သူတို့လုပ်မဲ့ ပေါ်လစီ အပြောင်းအလဲ တွေဟာ ဗမာပြည်အတွက်၊ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိမှာလဲ။ သေချာ စောင့်ကြည့်ရပါမယ်။ နိုင်ငံရေးမှာ “မိတ်အင်- - -” နိုင်ငံခြားမှာ လုပ်သည် ဆိုတိုင်း ကောင်းတယ်လို့ ယူဆလို့ မဖြစ်ပါဘူး။

တကယ်လို့ မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် ဘာပြောမယ် ဆိုတာကို ဘာမှ မသိရပဲ သူဒီလိုပြောခွင့် မရတဲ့အတွက် ဆုံးရှုံးမှု ဘယ်ရွေ့ဘယ်မျှ ကြီးပါသကောလို့ အချေအတင် ပြောနေ ကြတာဟာ မယောင်ရာ ဆီလူးသလိုများ ဖြစ်နေသလား စဉ်းစားစရာ ဖြစ်နေပါတယ်။ တကယ်ကျတော့ သူပြောမယ့် စကားဟာ ဗမာပြည်သားတွေရဲ့ အကျိုးနဲ့ နီးစပ်ရဲ့လား၊ မနီးစပ် ဘူးလား၊ ဘယ်သူမှ မသိပါဘူး။ သူက ဒေါ်အောင်ဆန်းစုကြည်ကို “တောင့်ထား၊ ခင်ဗျားတို့ကို ကျွန်တော်တို့ ထောက်ခံတယ်”လို့ မပြောမှာတော့ သေချာပါတယ်။ ၂ဝ၁ဝရွေးကောက်ပွဲကို ဘာကြောင့် ဝင်သင့်ကြောင်း ဆိုတာမျိုးတွေတော့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါကြောင့် သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောမယ့်စကားဟာ ပြည်သူတွေ အတွက် အကျိုး မရှိတဲ့ စကားမျိုးဆိုရင် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့် မရတဲ့ အတွက် ဗမာပြည် ပြည်သူတွေမှာ ဘာမှ မဆုံးရှုံးပါဘူး။ သူ့တဦးချင်း ဂုဏ်သိက္ခာ အတွက်တော့ ဆုံးရှုံးးမှု ရှိကောင်း ရှိနိုင်ပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မစ္စတာ ဂမ်ဘာရီတုန်းက အတွေ့ မခံခဲ့ဘူး ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစား ရပါမယ်။ မစ္စတာ ဂမ်ဘာရီက သူ့ခြံပေါက်လာပြီး ပြောတာတောင်မှ လက်မခံ ခဲ့တာပါ။ အခုလည်း မစ္စတာ ဘန်ကီမွန်းက တွေ့ချင်ပါတယ် ဆိုဦးတော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ပါ့မလား ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂမ်ဘာရီကို အတွေ့မခံ ခဲ့တာဟာ ပုဂ္ဂိုလ် အာဃာတကြောင့် မဟုတ်နိုင်ပါဘူး။ သူပြောခဲ့တဲ့၊ သူပြောမယ့် စကားတွေနဲ့ ဆက်စပ် နေမယ်လို့ ယူဆရပါတယ်။

ဒီနေရာမှာထပ်ထောက်ပြသင့်တဲ့အချက်က ဗမာပြည် ပြည်သူတွေဟာ ကိုယ့်တိုင်းပြည် နိုင်ငံရေးနဲ့ ပတ်သက်လာရင် သူတို့ထင် သလို မနုံအဘူး ဆိုတာပါပဲ။ နိုင်ငံရေးဆိုတာ တက္ကသိုလ်တွေက သင်ပေးမှ နားလည်တာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။ ဒါကြောင့်လည်း ဗမာပြည် ပြည်သူတွေဟာ မစ္စတာ ဘန်ကီးမွန်ရဲ့ ခရီးကို ထူးထူးခြားခြား စိတ်မဝင်စားပါဘူး။ မျှော်လင့်ချက်လည်း လုံးဝ မထားပါဘူး။ ‘အော်-လာပြန်ပကော၊ ပြန်သွားပြန်ပကော’ လို့ပဲ အောက်မေ့တာပါ။ အားမနာတမ်း ပြောရရင် နအဖရဲ့ အထာကို ဗမာ နိုင်ငံသားတွေက မစ္စတာဘ န်ကီမွန်းထက် ပိုသိပါတယ်။ နအဖအပေါ် မစ္စတာ ဘန်ကီမွန်းထားတဲ့ မျှော်လင့် ချက်မျိုး ဗမာပြည်သားတွေက မထားပါဘူး။ နည်းနည်းမှ မထားပါဘူး။ နအဖ စစ်အာဏာရှင်တွေကို မစ္စတာ ဘန်ကီမွန်း မပြောနဲ့ စင်္ကြာဝတေး နတ်မင်းကြီး လာပြောတောင် အာဏာနဲ့ ပတ်သက်လို့ကတော့ တပြားသားမှ မလျှော့ဘူးဆိုတာ ဗမာပြည်သားတွေက အသိဆုံး ဖြစ်ပါတယ်။

ဒီလိုဆိုတဲ့ အတွက် ပြည်ပက ဖိအားပေးတာ၊ ပြည်သူတွေ ဖက်က ရပ်တည်ပေးတာ၊ ဒီမိုကရေစီဖက်က ရပ်တည်ပေးတာ တွေကို ငြင်းပယ်ရမယ်လို့ မဆိုလိုပါဘူး။ လက်ခံရုံမက ကြိုဆိုရမှာပါ။ သူတို့ရဲ့အခန်း၊ သူတို့ရဲ့ ထိရောက်တဲ့ အတိုင်း အတာတွေကို အသိ အမှတ် ပြုရပါမယ်။ ဒါပေမဲ့ ပြည်ပက လုပ်ကိုင်မှုတွေကို မှားယွင်းတဲ့ အချက်ပြမှုပေးပြီး ပြည်သူတွေကို ကယ်တင်ရှင် မျှော်စေတာမျိုး ဆိုရင်တော့ ဆန့်ကျင် ကြရပါမယ်။

ဒီနေ့ ဆင်နွှဲနေကြတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကယ်တင်ရှင် မရှိပါဘူး။ ပြည်သူ လူထုကြီးကသာ တိုင်းပြည်ကိုရော အရေးတော်ပုံကိုရော ကယ်တင်နိုင်တယ် ဆိုတာ မမေ့ဖို့လိုပါတယ်။

ဗသြ


Read More...

ငါတို့အမေ

မြန်မာတပြည်လုံး ကျောင်းသား လူငယ်ထုအကြား ပြန့်နေတဲ့
အမေစု ၆၄ နှစ်ပြည့် ဂုဏ်ပြု သီချင်းတပုဒ်

ဒီသီချင်းကလေးကို နားသောတဆင်ကြည့်ကြမယ်ဆိုရင် ဘာကြောင့် လူငယ် ကျောင်းသား ထု အများက နှစ်သက်စွဲလန်း စွာ ခံစားနားဆင် နေကြသလဲ ဆိုတာကို သိမှာ ဖြစ်ပါတယ်။

နားဆင်ရန်




-----------------------------------

Read More...

Wednesday, July 22, 2009

နေ့စဉ်သတင်းများ (၂၁- ၇- ၀၉)

နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် မြန်မာကို အာဆီယံ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အား မဟတ္တမဂန္ဒီဆုချီးမြှင့် သတင်း
ဦးဝင်းတင် ကျန်းမာရေးမကောင်း ဆေးကုသမှုခံယူနေရ သတင်း
အဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ တိုးချဲ့ဖွဲ့စည်း သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ရှေ့နေအဖွဲ့ တွေ့ခွင့်ရ သတင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမည့်သူများတွင် ဒေါက်တာစင်သီယာမောင် ပါဝင် သတင်း
မြန်မာ့အရေး ထိုင်း ဖိအားပေး သတင်း
လူထုကို လူထုနဲ့ တိုက်ရမယ်ဟု ပြည်ထဲရေးဝန်ကြီး ပြောဆို သတင်း
မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရကြား လက်ရှိအခြေနေကို သိနိုင်ဖို့အတွက် မွန်ပြည်သစ်ပါတီ အထွေထွေအ တွင်းရေးမှုး နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းချက် သတင်း
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေး ဒုရဲအုပ် (၁) ဦးနှင့် ပွဲစား (၂၇) ဦးကို ဖမ်းဆီး သတင်း
ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးခွင့် ထပ်မံကန့်သတ်၊ ရှောင်တခင် ဖမ်းဆီးမှုများ ပြုလုပ် သတင်း
ရထားလမ်းဖောက်ရန် ရွာသားများ လယ်မြေသိမ်းခံရ သတင်း
အသက်မပြည့်သေးသည့် ကလေးငယ်များကို စုဆောင်းရေးသို့ ရောင်းချခဲ့သူအား အရေးယူခြင်းမရှိ သတင်း
ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၆) (ဆောင်းပါး)
နာဂစ်ကယ်ဆယ်ရေး ၀န်ထမ်း (၂၀၀) ကျော် ပြည်ဝင်ခွင့်မရ သတင်း
စတီရီယိုခေတ်ဦး အမှတ်တရ MRTV 4 တွင်လွှင့်မည် သတင်း
နျူကလီးယားအရေး မြန်မာက ရုရှနှင့် ဆွေးနွေး သတင်း
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း (၁၂) (ဆောင်းပါး)
မိန်းမလှကျွန်း ပြန်လည်ထူထောင်ရန် အခက်တွေ့ သတင်း
တာချီလိတ်မြို့တွင် လူ (၂) ဦး ပစ်သတ်ခံရ သတင်း
ဖရဲခင်းများ အဖျက်ခံရမယ့်အရေး တောင်သူများ စိုးရိမ်ပူပန်နေကြ သတင်း

Read More...

Tuesday, July 21, 2009

ဒေါ်စုနဲ့ အကျိုးဆောင်ရှေ့နေတွေ နောက်ဆုံး လျှောက်လဲချက် အတွက် တွေ့ဆုံ ဆွေးနွေး

20 July 2009

နေအိမ်အကျယ်ချုပ် ကျခံထားရတဲ့ အမိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး မြန်မာ စစ်အစိုးရက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေလကစပြီး အင်းစိန်ထောင်တွင်း ဧည့်ဂေဟာမှာ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ရာက မေလ ၁၈ ရက်နေ့မှာ စတင် ရုံးတင် စစ်ဆေးနေရာက အခုလာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ နှစ်ဖက် နောက်ဆုံး တရားခွင်မှာ လျှောက်လဲကြရမှာ ဖြစ်ပါတယ်။ အခုလို နောက်ဆုံးပြုလုပ်မယ့် တရားခွင်နေ့ မတိုင်မီ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ဒီနေ့ တနင်္လာနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အကျိုးတော်ဆောင် အဖွဲ့ဝင် ၄ ဦးတို့ အင်းစိန် ဧည့်ဂေဟာမှာ ၂ နာရီ ကျော် ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒီနေ့ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကို မအေးအေးမာက ဆက်သွယ် မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

နေအိမ်အကျယ်ချုပ် ကျနေရာက ပုဒ်မ ၂၂ နဲ့ အင်းစိန်ထောင်တွင်းမှာ စွဲချက်တင်ခံ ထားရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ အပြီးသတ် လျှောက်လဲချက်တွေ အတွက် သူမရဲ့ အကျိုးဆောင် ရှေ့နေတွေနဲ့ ဇူလိုင်လ ၂၀ ရက် နေ့လယ် ၂ နာရီခွဲကနေ ၅ နာရီအထိ ၂ နာရီခွဲကြာ အင်းစိန်ထောင်တွင်းက ဧည့်ဂေဟာမှာ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ ဒီနေ့မှာပဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာတွေများ ဆွေးနွေးဖြစ် ပါသလဲ ဆိုတာကို ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မေးကြည့်ခဲ့ပါတယ်။

“တွေ့တာကတော့ ၂ နာရီခွဲကနေ ၅ နာရီအထိ တွေ့တယ်။ ထူးထူးခြားခြား ပြောစရာ မရှိဘူး။ အဓိက Final Argument အတွက် နောက်ဆုံး Final Touch လုပ်တာပေါ့လေ။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမရဲ့ အမှုဟာ နိုင်ငံရေး အမှုလို့ ခံယူထားတဲ့ အတွက် ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့လည်း ဆက်ပြောသွားပါတယ်။

“ဒီဥစ္စာက နိုင်ငံရေးအမှုပဲ။ သူကလည်း နိုင်ငံရေး ယုံကြည်ချက်အရပဲ လုပ်ခဲ့တာ။ အဲတော့ နိုင်ငံရေး ယုံကြည်ချက်အရ လုပ်ခဲ့တဲ့အပေါ်မှာ တစုံတခု ကျနော်တို့ ခုခံတဲ့ဘက်က သဘောမတူလို့ တစုံတရာ အမိန့်ချရင်လည်း အဆင်သင့်ဖြစ်အောင် စိတ်ဓာတ်ရော၊ ကျန်းမာရေးရော အဆင်သင့် လုပ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေက Physically ရော Mentally ရော ကောင်းပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လို မျှော်မှန်းထားသလဲ ဆိုတာကို မေးတဲ့ အခါ ဒီအမှုဟာ တရားဥပဒေ စိုးမိုးမှုရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်မှာပဲ ဆိုပြီး ပြောသွားပါတယ်။

“တရားဥပဒေ စိုးမိုးရေး မြန်မာနိုင်ငံမှာ တကယ်ရှိရင် ဒေါ်အောင်ဆန်းစုကြည် ဒီအမှုက လုံးဝ လွတ်ရပါမယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းကျနေစဉ်အတွင်း သူမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့မှာပဲ အင်းစိန်ထောင်တွင်းက ဆေးရုံမှာရှိတဲ့ အကျဉ်းသားတွေကို အလှူအတန်းတခု လုပ်ခဲ့တယ်လို့လည်း ပြောပြပါတယ်။

“စနေနေ့ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက် အရ အန်ကယ်တို့က သူလိုချင်တဲ့ ကွေကာအုပ်တို့ ကိတ်မုန့်တို့ အားလုံး လူ ၃၃၀ အတွက် သွားပို့ပေးတယ်။ ၁၈ ရက်နေ့က ပို့ပေးတယ်။ အာဇာနည်နေ့မှာ သူက အလှူအတန်း လုပ်တယ်။ ထောင်ဆေးရုံ တက်နေတဲ့ အကျဉ်းသားတွေ။ အဲဒါနဲ့ပတ်သက်ပြီး မေးကြည့်တော့ အားလုံး အဆင်ပြေတယ်တဲ့။ အလှူအတန်းလည်း စိတ်ဆန္ဒရှိတဲ့ အတိုင်း လုပ်လို့ရပါတယ်လို့ ပြောပါတယ်။”

ဒီနေ့မှာ လွတ်လပ်စွာ တွေ့ခွင့်ရခဲ့ပါသလား ဆိုတာကိုလည်း မေးကြည့် ခဲ့ရာမှာတော့ …

“လွတ်လွတ်လပ်လပ် တွေ့ရပါတယ်။ သူတို့ Something Bug လုပ်တာ ဘာညာ ဒါတော့ ကျနော်မသိဘူး။ တွေ့တာတော့ လွတ်လွတ်လပ်လပ် တွေ့ရပါတယ်။ အနားမှာလည်း တယောက်မှ မနေပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူမကို စောင့်ရှောက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသမီး လုပ်ငန်း အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါ်ခင်ဝင်းတို့ သားအမိလည်း သူမနဲ့အတူ ရှိနေပြီး သူတို့အားလုံးကို ထောင်တွင်းက သီးခြားနေရာ တခုမှာ ထားတယ်လို့လည်း သိရပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ (၂၀- ၇- ၀၉)

လျှို့ဝှက်အစီရင်ခံစာ ပေါက်ကြားမှုကြောင့် အရာရှိအချို့ ဖမ်းဆီးခံရ သတင်း
ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများ မမေ့၊ အာဇာနည်နေ့တွင် ကုသိုလ်ကောင်းမှုများပြုလုပ် သတင်း
မြန်မာ့အာဇာနည်နေ့ကို တိတ်တိတ်ဆိတ်ဆိတ် ကျင်းပ သတင်း
အာဇာနည်နေ့အခမ်းအနား တက်ရောက်သူများ တားမြစ်ပိတ်ပင်ခံရ သတင်း
အာဇာနည်နေ့အကြောင်း ကျောင်းသားလူငယ်များ အသိနည်း သတင်း
နအဖစစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်ရေး အသုံးချမှု (ဆောင်းပါး)
စစ်တပ်နဲ့ စစ်အာဏာရှင်ကို ခွဲထုတ်ကြ (ဆောင်းပါး)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း (၁၁) (ဆောင်းပါး)
အပိုလို (၁၁) လကမ္ဘာခရီး (၁၉၆၉၊ ဇူလိုင် ၂၀ ရက်) သတင်း
သာကေတတွင် လေဆင်နှာမောင်းတိုက် သတင်း
ဆရာဝန်မှတ်ပုံတင်မရှိသူများကို သင်တန်းတလပြီးလျှင် လက်မှတ်ထုတ်ပေးမည် သတင်း
နေပြည်တော်ကြောင့် ရန်ကုန်မှာ လျှပ်စစ်မီးအပြည့်မရ သတင်း
နာရေးကူညီမှုအသင်းနှင့် သုခဆေးခန်း ပြောင်းရွှေ့ဖွင့်လှစ် သတင်း
ဒုက္ခသည် ကရင်ကလေးငယ်များ စာသင်ကြားရေး အခက်တွေ့ သတင်း
ဧရာဝတီမဂ္ဂဇင်းတိုက်တွင် ၀န်ထမ်းတဦး ၀က်တုပ်ကွေးရှိသဖြင့် ဆေးရုံတင်ထားရ သတင်း
ကြည်းရေလေ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဟု အာဏာပိုင်တို့ ခေါင်းစဉ်မတပ်ရဲ သတင်း

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် အမှတ် (၂၀ / ၇/ ၀၉)
















Read More...

Monday, July 20, 2009

နေ့စဉ်သတင်းများ (၁၉- ၇- ၀၉)

အာဇာနည်နေ့အခမ်းအနား ဒီချုပ်ကျင်းပ သတင်း
၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ပါတီဖွဲ့မည် သတင်း
လူထုအဖွဲ့များက မြန်မာ့ လူ့အခွင့်အရေးကို အာဆီယံသို့ တင်ပြမည် သတင်း
ထိုင်းနိုင်ငံအတွင်း ဝှက်ထားတဲ့လက်နက်များ တွေ့ရှိ သတင်း
သေဒဏ်ကျ မွန်ပြည်သစ်ပါတီဝင် (၂) ဦးအား လွှတ်ပေးရန်တောင်းဆို သတင်း
လေဆင်နှာမောင်းသတင်း အစိုးရဖေါ်ပြချက် သတင်းမှန်နှင့်ကွဲလွဲ သတင်း
စစ်တွေတွင် အာဇာနည်နေ့ ကျင်းပခြင်း မရှိ သတင်း
လွမ်းနေမိသော ငယ်ငယ်တုန်းက ဇူလိုင်လ ဆောင်းပါး
အာဇာနည်နေ့တွင် နိုင်ငံရေးသမားတချို့ အဖမ်းခံရ သတင်း
ဘင်္ဂလာကျားများ၏ တိုက်ခိုက်မူကြောင့် ခရိုင် တခုအတွင်းမှ ၉ နှစ်အတွင်း လူပေါင်း ၁၄၆ ဦးသေဆုံး သတင်း
ရခိုင်မှ သစ်များကုန်ပြီးနောက် ဧရာဝတီနှင့် တနင်္သာရီမှ သစ်များ ဘင်္ဂလာသို့ တင်ပို့ သတင်း
‘၁၉၇၅ ရွှေတိဂုံ အထွေထွေသပိတ်’ ဆောင်းပါး
၆၂ ကြိမ်မြောက် အာဇာနည်နေ့ သတင်း

Read More...

Sunday, July 19, 2009

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲထားသည့်အပေါ် တပ်တွင်း မကျေမနပ်ဖြစ်

Sunday, 19 July 2009 12:37

နေအိမ်အတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသားတဦးကို မူတည်ကာ တရား စွဲဆိုနေခြင်းနှင့် ပတ်သက်၍ တပ်တွင်း တာဝန် ထမ်းဆောင်နေသည့် အရာရှိအချို့ မကျေမနပ် ဖြစ်နေသည်။

အမျိုးသမီးတဦးအပေါ်အရှက်ရစရာကောင်းလောက်အောင် လိမ်ညာ အမှုဆင် လုပ်ဆောင်နေသည့် အတွက် တပ်မတော် အတွင်းရှိ အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများနှင့် မိသားစု ဝင်များက တပ်မတော် ခေါင်းဆောင်များ အပေါ် မကျေမနပ် ဖြစ်နေကြခြင်းဖြစ်သည်။

“ကျနော် စစ်တပ်ထဲဝင်ခဲ့မိတာ မှားတယ်၊ ဒီကိစ္စ တပ်ထဲမှာလည်း တီးတိုး ပြောကြတယ်ပေါ့ဗျာ၊ သိပ်ရှက်ဖို့ ကောင်းတယ်၊ သူတို့ ဘာကြောင့် အရှက်ကင်းမဲ့စွာ လုပ်တယ် ဆိုတာကိုလည်း ကျနော် စဉ်းစား မိသမျှပေါ့ဗျာ၊ အာဏာကို ငန်းငန်းတက် မက်မော နေကြပြီလို့ပဲ ပြောချင်တယ်” ဟု အရှေ့တောင်တိုင်း စစ်ဌာချုပ် လက်အောက်ခံ တပ်မှ တပ်ခွဲမှူးအဆင့်ရှိသူ တဦးက ပြောသည်။

လက်ရှိအခြေအနေတွင် အခြားတပ်ရင်း တပ်ဖွဲ့များတွင်လည်း ယခု ကိစ္စများကို ကျေနပ်မှု မရှိကြောင်း၊ ၄င်းနှင့် တပတ်စဉ်တည်း ကျောင်းဆင်း လာခဲ့သည့် မိတ်ဆွေများအား မေးမြန်းခဲ့ရာ တုံ့ပြန် ပြောဆိုခဲ့သည်များမှာ အလားအလာ မကောင်းကြောင်း ဆက်လက်ပြောဆိုသည်။

နေပြည်တော်နှင့်နီးစပ်သူ အရာရှိတဦးအဆိုအရ တပ်ချုပ်ဟု ခေါ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ယခု လုပ်ရပ်ကြောင့် အခြား တပ်မှူးကြီးများ၏ ယုံကြည်မှု လျှော့နည်းလာသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲ၍ ထောင်ချပြီးမှသာလျှင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပြဌာန်းချက်များ ထွက်ပေါ်လာမည် ဖြစ်ပြီး ပါတီအားဖြင့် ၄ ခုခန့်သာ လက်ခံနိုင်ဖွယ် ရှိသည်ဟု အဆိုပါ အရာရှိက ဆက်လက် ပြောဆိုသွားခဲ့သည်။

စစ်အစိုးရအာဏာပိုင်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ယက်တော နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည့် အကြောင်းပြချက်ဖြင့် ရုံးတင် တရားစွဲဆိုမှုများ ပြုလုပ်ထားပြီး ယခုလ (၂၄) ရက်နေ့တွင် အပြီးသတ် လျှောက်လဲချက် တင်ရန် ရုံးချိန်း သတ်မှတ်ခဲ့သည်။

Ref:ရိုးမ ၃

Read More...

နေ့စဉ်သတင်းများ (၁၈- ၇- ၀၉)

အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်းအလှူလုပ်မည် သတင်း
အာဇာနည်နေ့အကြို လုံခြုံရေးတင်းကြပ် သတင်း
ဦးလွင်ပြောပြတဲ့ နိုင်ငံတော်ဈာပန အမှတ်တရ သတင်း
အာဇာနည်ခေါင်းဆောင် ဦးရာဇတ် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတာနဲ့ ပတ်သက်၍ သူတို့အမြင်၊ သူမကို ထောင်ချလိုက်ရင် ဘာဆက်လုပ်မယ်ဆိုတဲ့ သူတို့ရဲ့အပြင်အဆင် (အင်တာဗျူး)
ဆရာတော် ဦးသုမင်္ဂလ တရားပွဲ တားမြစ်ခံရ သတင်း
သစ်တင်ဘုတ်တစီး မေယုမီးပြအနီးတွင် နစ်မြုပ်၊ လူ (၁၂) ဦး ပျောက်ဆုံးနေ သတင်း
လမ်းတံတားများကို တည်ဆောက်ပေးမည်ဆိုကာ တောင်ကုတ်လူထုကို တိုင်းမှူးသောင်းအေး စည်းရုံး သတင်း
မွမ်ဘိုင်းတိုက်ခိုက်မှု တရားခွင် ပါကစ္စတန် စတင်မည် သတင်း
ဂျာကာတာဗုံးခွဲမှု ဂျမားအစ္စလားမီးယားအဖွဲ့ခွဲ လက်ချက်ဖြစ်နိုင် သတင်း
ဆွန်ဒီးလုပ်ကြံမှုအတွက် လူ (၂) ဦး ဖမ်းဝရမ်းထုတ် သတင်း
ဆွန်ဒီးကို လုပ်ကြံတိုက်ခိုက်ရာမှာ သုံးတဲ့ကား တွေ့ပြီ သတင်း
“စစ်လည်း မဖြစ် ငြိမ်းချမ်းရေးလည်း မရ” (သို့မဟုတ်) ညွှန်းဆိုချင်တဲ့ စာအုပ်လေးတအုပ် သတင်း

Read More...

Saturday, July 18, 2009

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္တုပ္ပတ္တိများ

July, 19, 2009




ကျဆုံးလေပြီးသော... ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊

အာဇာနည်ခေါင်းဆောင်ကြီးများအား

ဦးညွတ်အလေးပြုပါ၏

=======



ဗိုလ်ချုပ်အောင်ဆန်း

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်း တချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့ အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားလာပြီး ပရမ်းပတာ ဖြစ်လာသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ ဗမာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဦးဆောင်ပြီး ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်းတည်ထောင်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက်ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံ၏ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ်အပါအ၀င် အထွေထွေ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများကို လက်ခံယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ ဗမာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ ဗမာ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထားလိုသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် ဗမာပြည်မ ပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုယ်းစားမှုကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြမည့် တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။

-------------


သခင်မြ

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေဖြစ်သည်။ နှမ မမြငွေ တစ်ဦးသာရှိ၍ နောင်အခါ သီလရှင်ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ်ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကိုးလ်ကတ္တားတက္ကသိုလ်တို့မှ အိုင်အက်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှင့် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသားပညာရေး ကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်းကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်မြင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။

၁၉၂၇ ခုနှစ်တွင် ဥပဒေ ၀ိဇ္ဖာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော "ကိုယ်မင်းကိုယ်ချင်းအဖွဲ့" ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြုလွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရ သော်လည်း အင်္ဂလိပ် နယ်ချဲ့အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ဖဆပလကို ဖွဲ့သောအခါ ပြည်သူ့ အရေးတော်ပုံပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး တာဝန်များ ယူခဲ့ရသူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြုလွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား ဗမာကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီးစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။

----------




ဦးဘ၀င်း


နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက်အနက် ဦးဘ၀င်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အကို အကြီးဆုံးဖြစ်ပြီး ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ ဗမာ ကိုးတန်း အောင်ပြီးနောက် အလယ်တန်းဆရာဖြစ် စာမေးပွဲ အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေးဘ၀ဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်းဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်း ကျောင်းအုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီးမြို့မှ ဦးစံ၊ ဒေါ်ရွှေမေတို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံရပြီး ကွယ်လွန်သည်။

-----------


ဒီးဒုတ်ဦးဘချို

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ ဗမာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ်တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူးအောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက်ပညာသင်ယူရာ ၁၀ တန်းကို အထူးအောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘီအေ အထက်တန်းကျောင်း တက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသားကျောင်းများ ဖွင့်လာသောအခါ အစိုးရ၀န်ထမ်းမှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ၀င်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသားကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တစ်ပတ် တစ်ကြိမ် ထုတ် "မြန်မာ့ ရီဗျူးဂျာနယ်" ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့သည်။ ထိုနောက် "ဒီးဒုတ်ဂျာနယ်" ကို ၁၉၂၅ ခုနှစ်တွင် ဦးစီးထုတ်ဝေရာတွင် ဒီးဒုတ်ဦးဘချိုဟု ထင်ရှားလာသည်။

ဆရာကြီးသည် အင်္ဂလိပ်-မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂိရတ်ပညာများကိုလည်း လိုက်စားခဲ့ သည်။ ဗမာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူ တစ်ဦး ဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတာကို မြတ်နိုးပြီး စောင်းကောက် ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ ဗမာ သီချင်းကြီး၊ သီချင်းခန့်များကို မူမှန်အတိုင်း ဖြစ်စေရန် "ဂီတ၀ိသော ဓနိ" ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေများကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေး ရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ၀င်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ အထူး အပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။

-----------


ဦးရာဇတ်

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်မြင်ခဲ့၍ အေရာဇတ် ဘီအေ (နေရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာ သင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ အမျိုးသားကျောင်းတွင် ဆရာပြန်လုပ်သည်။ အထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။

----------



မန်းဘခိုင်


ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပုဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ဖြစ်သည်။ ဟင်္သတာမြို့၊ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ကရင်ဘာသာသင် ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအလုပ်အမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။

-----------




မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း


မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့၏ သား စ၀်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်းလည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြိး၏ သမီး စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာ တန်ဆာပလာများနှင့် သီးနှံ မျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာသောအခါ ယင်းနှင့်အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီးဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ လုပ်ကြံခံရပြီး ဇူလိုင်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။

-------------



ဦးအုန်းမောင်

ဦးအုန်းမောင်သည် မင်းဘူးမြို့၊ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)၀န်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ၀ိဇ္ဖာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ၀န်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံခဲ့ရသည်။

----------------


ရဲဘော် ကိုထွေး

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

။-----------။

Read More...

အပေါ်သို့