Saturday, October 3, 2009

နေ့စဉ်သတင်းများ (၂ - ၁၀ - ၀၉)

သီတင်းကျွတ်လပြည့်နေ့မှာ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ စတင်မယ် သတင်း
ပြည်ပရောက်သံဃာများလည်း ကံဆောင်သပိတ် ဆင်နွှဲသွားမည် သတင်း
အသက် (၅၀) ကျော် သံဃာနှစ်ပါးကို ဖမ်းဆီးသွား သတင်း
သံဃာတော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု သတင်း
ကားတွေမှာ ချိုးဖြူငှက်စတစ်ကာတွေ လိုက်လံကပ် သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေး ကောင်စီ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အယူခံ ရန်ကုန်တိုင်းတရားရုံး ပယ်ချ သတင်း
ငွေစက္ကူ (၅၀၀၀) တန်အသစ် သုံးစွဲမယ့် ကြေညာချက်နဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုများ သတင်း
၂၀၁၆ နွေရာသီအိုလံပစ်ပွဲတော် ကျင်းပဖို့ Rio de Janeiro ကို ရွေးချယ် သတင်း
အိုလံပစ်ပွဲတော် ကျင်းပခွင့် ဘရာဇီးက ရသွား သတင်း
အင်ဒိုနီးရှားငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ (၁,၀၀၀) ကျော်ပြီ သတင်း
အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတိုက်ဖျက်ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချ သတင်း
ကေအိုင်အိုနှင့် နအဖ မြစ်ကြီးနားမှာ ထပ်မံတွေ့ဆုံ သတင်း
မွန်ပြည်သစ်နှင့် စစ်အစိုးရအကြား စစ်ရေးတင်းမာမှုဖြစ်စေမည့် ဒုတိယမြောက် ဖြန့်ဝေစာ ထွက်ပေါ် သတင်း
စစ်ပြေးဒုက္ခသည်များအား ဖိအားပေးမှု ပိုမိုပြင်းထန်လာ သတင်း
ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း တောင်တန်းနယ်တွင် မြန်မာမူဆလင်များကို ဖမ်းဆီးမှု ပိုများလာ သတင်း
အရေးယူပိတ်ဆို့မှုအပေါ် အမေရိကန်အထက်လွှတ်တော်တွင် ကြားနာ သတင်း
အမေရိကန်-မြန်မာ ဆက်ဆံရေး ကြားနာပွဲတွင် ကျွမ်းကျင်သူများ ထွက်ဆို သတင်း
ချီဗွေတွင် နအဖ အခြေချတပ်စခန်းအသစ် တည်ဆောက် သတင်း
ကျောက်ပန်းတောင်းမြို့နယ်က လူငယ် (၂) ဦး ဖမ်းဆီးခံရ၊ (၁) ဦး လွတ်မြောက်နေဆဲ သတင်း
ကိုညီညီအောင်ကို ရုံးမထုတ်ဖြစ်ဘဲ ရမန်ကြီးတပတ် ရွှေ့ဆိုင်း သတင်း
ဝ ကို တိုက်လျှင် (ဆောင်းပါး)
(၅၀၀၀) ကျပ်တန် ယနေ့စတင် ထုတ်ပေး သတင်း
မခိုင်မာသည့် ဘဏ်လုပ်ငန်းစနစ်ကြောင့် မြန်မာကုန်သည်များ ဆုံးရှုံးနစ်နာ သတင်း
တရုတ်-မြန်မာနယ်စပ် ဒုတိယအကြိမ်မြောက် ကျောက်မျက်ပြပွဲ ပြုလုပ် သတင်း
ရန်ကုန်မြို့တွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု ပျံ့နှံ့နေ သတင်း
ကိုးကန့် နှင့် ဝ တို့၏ လောင်းကစားရုံများ မော်လမြိုင်တွင် များပြားလာ သတင်း
ထူးကုမ္ပဏီ ကားအစီး (၉၀၀) ခန့် တင်သွင်းခွင့်ရ သတင်း

Read More...

Friday, October 2, 2009

နေ့စဉ်သတင်းများ (၁ - ၁၀ - ၀၉)

စစ်အစိုးရကို အရေးယူဖို့ ကနေဒါအမတ်တွေ တိုက်တွန်း သတင်း
တတိယအကြိမ် ကံဆောင်ပွဲအတွက် သံဃာများကို စောင့်ကြည့်မှုများရှိနေ သတင်း
ဗန်းမော်မြို့ သံဃာတော်များ စုပေါင်းကန်တော့ပွဲ ပိတ်ပင်ခံရ သတင်း
ဗကသ က အ၀ါရောင်လှုပ်ရှားမှု စတင် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ သောကြာနေ့မနက် ဆုံးဖြတ်ချက်ချမည် သတင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ကြားနာပွဲပြုလုပ် သတင်း
မြန်မာ့အရေးကြားနာပွဲက သဘောထားအမြင်များ သတင်း
အမေရိကန်က စစ်အစိုးရကို စတင်ပိုးပန်း သတင်း
ကိုးကန့်စစ်ပွဲနောက်ပိုင်း မူးယစ်ဆေးဝါး ပိုရောင်းလာ သတင်း
မူးယစ်ဆေးဝါးများ ဈေးပေါပေါနဲ့ ရောင်းဝယ်နေ သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရေး စစ်အစိုးရ ဖိအားပေးမှု တိုးလာနေ သတင်း
ပျက်စီးထိခိုက်မှုများအတွက် လျော်ကြေးပေးရန် တရုတ်တောင်းဆို သတင်း
တရုတ်-မြန်မာဆက်ဆံရေး ရှေ့အလားအလာ သတင်း
တက္ကသိုလ်ကျောင်းသားများ စာမေးပွဲကာလအတွင်း လုံခြုံရေးတင်းကြပ်ခံထားရ သတင်း
ကိုညီညီအောင်အမှု ရှေ့နေဦးဉာဏ်ဝင်းတို့ လိုက်ပါဆောင်ရွက်မည် သတင်း
ထိုင်းရောက် မြန်မာနိုင်ငံသားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အချက်အလက်များ သတင်း
ခိုးကူးခွေရောင်းသူ (၅) ဦး တရားစွဲခံနေရ သတင်း
အာသံကုန်စည်ပြပွဲသို့ မြန်မာကုန်သည်များ သွားရောက်ဖွယ်ရှိ သတင်း
မြန်မာနိုင်ငံမှာ လူဘယ်နှစ်ယောက် ရှိသလဲ သတင်း
အိုဆမာဘင်လာဒင် ပါကစ္စတန်မှာ ရှိနေဟု အမေရိကန် ယူဆ သတင်း
ထိုင်းရောက် မြန်မာအလုပ်သမားတချို့ ပိတ်လှောင်စေခိုင်းခံရ သတင်း
သုံးပုံတပုံ အောင်မြင်မှုရခဲ့တဲ့ HIV ရောဂါပိုး ကာကွယ်ဆေး သတင်း
တွေ့ဆုံစကားပြောဆိုမှု စတင်သော်လည်း ပိတ်ဆို့အရေးယူမှု ရှိနေဆဲဟု အမေရိကန်အမတ် ပြော သတင်း
အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းမည်မဟုတ်ဟု အမေရိကန် ဆို သတင်း
စစ်ဖြစ်ရာဒေသများတွင် မတရားပြုကျင့်မှုကို ကုလသမဂ္ဂ ရှုတ်ချ သတင်း
တရုတ်-မြန်မာနယ်စပ်ရှိ ကာစီနိုများ ရပ်နား ပန်ဝါမြို့တွင်သာ ဆက်လက်ဖွင့်လှစ် သတင်း
မလေးရှားတွင် ယူအန်မှတ်ပုံတင် ပေးမည့်သတင်း ထိုင်းနယ်စပ်ဒုက္ခသည်အထိ ဂယက်ရိုက် သတင်း
ကုန်ဈေးနှုန်းထိန်းချုပ်ရေး စစ်အစိုးရကြိုးပမ်း သတင်း
မြန်မာကျပ်ငွေတန်ဖိုး တန့်နေသဖြင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှု ပုံမှန်ပြန်ဖြစ် သတင်း
(၅,ဝဝဝ) တန် ငွေစက္ကူ သတင်းဆောင်းပါးများ ပိတ်ဆို့ခံရ သတင်း
ပြည်သူလူထုကို ရှေ့ရှုတယ်ဆိုရင် ... (ဆောင်းပါး)
ဒီမိုကရေစီနိုင်ငံသစ်နှင့် စာပေကင်ပေတိုင်ရုံး (ဆောင်းပါး)

Read More...

Thursday, October 1, 2009

နေ့စဉ်သတင်းများ (၃၀ - ၉ - ၀၉)

မြန်မာ့အရေးမူဝါဒ ထိရောက်မှုရှိမရှိ အမေရိကန် အထက်လွှတ်တော် ကြားနာ သတင်း
မြန်မာကို ပိတ်ဆို့မှု မရုတ်သိမ်းဖို့ အမေရိကန်အရာရှိ ပြော သတင်း
မြန်မာပြည်ဆိုင်ရာ အမေရိကန်ပေါ်လစီသစ်ကို ပြစ်တင်ဝေဖန်နေကြ သတင်း
မြန်မာ့အရေး ကုလကော်မရှင်ဖွဲ့ဖို့ ကနေဒါလွှတ်တော်အမတ်တွေ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုမယ့်အစီအစဉ် မလိုတော့ဟု ထိုင်းဝန်ကြီး ပြောကြား သတင်း
သံဃာတော် (၃) ပါးကို လက်နက်ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးနေ သတင်း
KNU နဲ့ DKBA အပစ်အခတ်ရပ်ဖို့ မြိုင်ကြီးငူဆရာတော် မေတ္တာရပ်ခံ သတင်း
ကချင်ပြည်နယ်က သီတင်းကျွတ် သံဃာပွဲ ပိတ်ပင်ခံရ သတင်း
KIO က စစ်အစိုးရနှင့် ဌာနအချို့ ပူးပေါင်းဆောင်ရွက်လို သတင်း
ကိုးကန့်နယ်မြေမှာ စစ်အစိုးရပြောသလို အေးခမ်းမှုမရှိသေး သတင်း
ဝ နယ်မြေအတွင်း အေးချမ်းအောင် ဂရုပြုဖို့ တရုတ်အဖွဲ့က တိုက်တွန်း သတင်း
ပြည်သူ့စစ်ထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ သတင်း
ရဲမှုးကြီးဝင်းနိုင် အဖမ်းခံရသတင်း မမှန်ဟု ငြင်းဆို သတင်း
ရန်ကုန်တိုင်း ရဲမှူးသစ်နှင့် နီးစပ်သူများ အလုပ်ဖြစ်နေ သတင်း
မတရားထောင်ချခံရသည့် ရဲဝန်ထမ်းက နအဖ အကြီးအကဲထံ တိုင်ကြား သတင်း
အစ္စလမ်ဘာသာဝင်လူငယ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းထဲဝင်ဖို့ စည်းရုံး သတင်း
စီးပွားရေးပညာရှင် ဦးစိန်ဌေးနဲ့ စကားပြောခြင်း (အင်တာဗျူး)
လုပ်အားခတောင်းသည့် မြန်မာအလုပ်သမားနှစ်ဦး ရိုက်နှက်ခံရပြီး ပျောက်ဆုံးနေ သတင်း
အလုပ်သမားများ၏နေရပ်၌ ငွေကြေးကောက်ခံနေသည်မှာ ၄င်းတို့မဟုတ်ဟု မြန်မာအစိုးရပြော သတင်း
မတ်ပဲဈေးတက်၍ ကြိုငွေယူထားသည့် ပဲစိုက်တောင်သူများ အခက်ကြုံ သတင်း
အောင်လံလယ်သမားများ အမှုတွဲ ထပ်မံစစ်ဆေး သတင်း
အင်ဒိုနီးရှားငလျင်ကြောင့် (၇၅) ဦးသေဆုံး သတင်း
အခြေခံဥပဒေတရားရုံးက တိုင်းတန်းချက်ကို ပယ်ချ သတင်း

Read More...

Wednesday, September 30, 2009

ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ

ရဲဘော်ဖိုးသံချောင်း
၂၅ စက်တင်ဘာ ၂၀၀၉

ဗမာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံတကာလေထုမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက် လာတော့မယ့် လက္ခဏာတွေ စပြီး မြင်တွေ့ နေရပါပြီ။ နအဖ စစ်အစိုးရကို နဂိုက ဆေးဖော် ကြောဖက် မလုပ်ခဲ့တဲ့ အမေရိကန်အပါ အနောက် နိုင်ငံတွေက အခုတော့ ဒီဗိုလ်ချုပ်တွေကို လူလူသူသူ ပြန်ဆက်ဆံမယ်လို့ ဖြစ်လာ နေပါပြီ။

တကယ်က သေသေချာချာကြည့်တတ်ရင် နိုင်ငံတကာ အခင်း အကျင်းမှာ ကိုပဲ အပြောင်း အလဲတွေ တွေ့နေရ ပါတယ်။ စစ်အေးစစ်ပွဲလွန် နိုင်ငံရေး အခင်းအကျင်းမှာ စစ်အေးစစ်ပွဲမှာ ထိပ်က ပါဝင်ခဲ့ကြတဲ့ နိုင်ငံကြီးတွေဟာ စစ်အေး စစ်ပွဲရဲ့ အထုပ်အပိုးတွေကို ပစ်ချခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ နဂိုရှိခဲ့တဲ့ မာန်တွေ၊ ဟန်တွေကို အိနြေ္ဒမပျက် ထိန်းထား ခဲ့ကြပါတယ်။ ဒါပေမယ့် ကာလတခု လွန်လာတော့ အခြေအနေ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ စီးပွားရေး အကျပ် အတည်းကြီးပါ။

ဒီနှစ်သြဂုတ်လ (၁၀-၁၇) ရက်ထုတ် ညူးစ်ဝိခ်ဂျာနယ်ထဲက မျက်နှာဖုံး ဆောင်းပါးမှာ ဆိုရင် ဒီတခါ စီးပွားရေး အကျပ်အတည်း ကြီးကြောင့် မဟာဗြိတိန် (Great Britain) တောင်မှ စူဠာဗြိတိန်။ ဒါမှမဟုတ် သာမန် ဗြိတိန် ဖြစ်သွားရပြီလို့ ရေးထားပါတယ်။ နိုင်ငံကြီးတွေ အားလုံးကို ကြီးကြီးမားမား ထိခိုက်ခဲ့တယ် ဆိုတာကို ပြောချင်လို့ ကိုးကား တာဖြစ်ပါတယ်။ ဒီလို အခြေအနေ အောက်မှာ နိုင်ငံကြီးတွေဟာ ထိန်းညှိမှု အမျိုးမျိုး လုပ်ကြရပါတယ်။ အဲဒီလိုလုပ်တဲ့ ထိန်းညှိမှုတွေ ထဲမှာ ဗမာပြည်နဲ့ ဆိုင်တဲ့ ပေါ်လစီတွေလည်း ပါကုန်တော့တာပါပဲ။

ဒါတွေနဲ့တဆက်တည်း လူပြောများ၊ ဆွေးနွေးတာများလာတာ ကတော့ အမေရိကန်လို နိုင်ငံကြီးက ပေါ်လစီ သဘောထား ပြောင်းလဲတယ် ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေးကို ဘယ်လို ထိခိုက်နိုင်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးတာဟာ အမေရိကန် အစိုးရက ဘာလုပ်သင့် သလဲလို့ ဆွေးနွေးတာထက် ပိုကောင်းပါတယ်။ ပိုလက်တွေ့ကျပါတယ်။

တကယ်ကျတော့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေက အခုမှ စကာစ ရှိပါသေးတယ်။ နောင်မှာ ပိုပြီး ကြားလာရ ဦးမှာပါ။ ဗိုလ်သိန်းစိန်တို့နဲ့ တွေ့ပြီးရင်၊ သူတို့ရဲ့ အထူးတမန် ဆိုတာချင်း တွေ့ဆုံ စကားပြောကြပြီးရင် ဘာတွေ တဆင့် တက်လာမယ် မသိနိုင်ဘူး။ လောလောဆယ်မှာ နအဖ စစ်ဗိုလ်တွေ အဖို့တော့ လက်မ ထောင်စရာ ဖြစ်ချင်ဖြစ်မှာပါ။

ဗမာပြည် ပြည်သူလူထုအနေနဲ့ ပြောရရင် ဒီကိစ္စကြောင့် သူတို့မှာ အတွေး အခေါ်အရတော့ ဘာမှ ရှုပ်ထွေးစရာ မရှိပါဘူး။ အမေရိကန်ကနေ အသိအမှတ် ပြုလိုက်တဲ့အတွက် နအဖ စစ်ဗိုလ်ချုပ်တွေဟာ အာဏာရှင် ကနေ သူတော်စင် အဖြစ် တဖြစ်လဲသွားမှာ မဟုတ်ဘူးဆိုတာ သူတို့ဘ၀ အသိအရ ရှင်းနေပါတယ်။ ဗိုလ်နေ၀င်းတုန်းက ဆိုရင် အမေရိကန်၊ ရုရှား၊ တရုတ် အားလုံးက အသိအမှတ် ပြုတာ ခံခဲ့ရပြီးပါပြီ။ ဒါပေမယ့် အာဏာရှင်ဟာ အာဏာရှင်ပါပဲ။ ဂျပန်၊ အိုအီးစီဒီ၊ ကမ္ဘာ့ဘဏ် စတာတွေရဲ့ အကူအညီတွေ ရနေတဲ့ အကြားကပဲ တိုင်းပြည်ကြီး ချွတ်ခြုံ ကျသွားခဲ့တာကို ပြည်သူတွေ မမေ့ပါဘူး။ ပြည်သူလူထုက ဘာမှ မျက်စိမလည်ပါဘူး။

ဒါပေမယ့် ဒါဟာ နအဖစစ်အစိုးရကို ကြံဖန်အမွှန်းတင်ချင် နေတဲ့ လူတွေ အတွက်တော့ ပြောစရာ၊ ရေးစရာ အချက်အလက် နည်းနည်းပါးပါး ရကောင်း ရသွားနိုင်တာပေါ့။ သူတို့ အနေနဲ့ ဒီအချက် အပေါ် အခြေခံပြီး ပြည်သူလူထုကို မျက်စိလည်အောင်၊ အမြင်မှားအောင် လုပ်ကြမယ် ဆိုတာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး။ ဗိုလ်စကားကို သုံးရင် အဆင့်ရှိတယ်လို့ ယူဆနေသူတွေ ကတော့ ဒေါ်ကလင်တန်ရဲ့ ဘယ်စကားလုံး ကြီးတွေကို ကိုးကားလာမယ် ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

သူတို့ရဲ့ ပြောဆိုရေးသားမှုတွေကြောင့် တချို့ ရိုးသားတဲ့ နိုင်ငံရေး လိုက်စားသူတွေမှာ စိတ်ဓာတ်အရ ထိခိုက်တာ နည်းနည်းပါးပါး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ယာယီ၊ နောက်ပြီး အနည်းအပါးလည်းဖြစ်၊ စိတ်ဓာတ်ပိုင်း လောက်ပဲ ဖြစ်ပါတယ်။ လက်တွေ့ ရုပ်သဘောအရ ဘာမှ မထိခိုက်နိုင်ပါဘူး။

ဘာပဲပြောပြော ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုအမြင်ရှင်း၊ သဘောပေါက်ဖို့ အတွက် ရှင်းပြတာတွေတော့ လုပ်ရ ပါလိမ့်မယ်။ နအဖကလည်း ဒါကိုပဲ ပိတ်ပင်မှာ ဖြစ်ပါတယ်။ နအဖနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သူတို့ရဲ့ ရွေးကောက်ပွဲအပေါ် သံယောဇဉ် ဖြစ်ဖို့ဆိုတာကို လူထုကို ဆက်ပြီးရှင်းပြ၊ ပြောပြ နေရဦးမှာ ဖြစ်ပါတယ်။ တပါတည်း ဘယ်လိုနည်းနဲ့ ဆန့်ကျင်မယ်၊ ဖြစ်ပေါ်လာတဲ့ နောက်အကျိုးဆက်ကို ဘယ်လို ရင်ဆိုင်ကြမယ် ဆိုတာတွေလည်း စဉ်းစား ပြင်ဆင်ပြီး ဖြစ်သင့်ပါပြီ။

တည့်တည့်ပြောရရင် ပိတ်ဆို့မှုဆိုတာတွေ လုပ်ခဲ့လို့ နအဖ စစ်အုပ်စုရဲ့ သံဃာတွေကိုပါ သတ်တဲ့ အကျင့်စရိုက်ကို ပြောင်းလဲ မသွားစေခဲ့ပါဘူး။ ပြည်ပဖိအား ဆိုတာဟာ အာဏာရှင် ဗိုလ်ချုပ်တွေ အနေနဲ့ ပြည်ပဘက်ကို မျက်နှာလှည့်တဲ့ အခါမှာ ပြုံးဖြဲဖြဲအသွင် ဆောင်အောင် လုပ်နိုင်ပေမယ့် ကိုယ့်ပြည်သူ လူထုဘက်ကို လှည့်တဲ့ အခါမှာတော့ ဘီလူးရုပ် သက်သက်ပါပဲ။ တကယ်တော့ ပြည်ပက ဖိအားပေးတယ်၊ ထောက်ခံတယ် ဆိုတာတွေဟာ အရန် အခန်းလောက်သာ ရှိတာပါ။ အဲဒါတွေ မရှိတော့ရင်လည်း ပြည်သူလူထုမှာ ပြောပလောက်အောင် ဘာမှမဆုံးရှုံးပါဘူး။ အားပျက်စရာ ဘာမှမရှိဘူး။ အဲ-ဗမာပြည်နိုင်ငံရေးမှာ သူများနိုင်ငံ၊ သူများအစိုးရကို မှန်းမျှော်တတ်တဲ့ အလေ့အကျင့် တခုတော့ ပျောက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် ဒီတကွေ့မှာ ရှေ့ကိုချီတက်ရင်း တဖက်ကို လှည့်လှည့် ကြည့်နေရတဲ့ အတွေးအခေါ် ၀န်ထုပ် ၀န်ပိုး တခုကို ပစ်ချ လိုက်နိုင်ပြီလို့ပဲ ကောင်းတဲ့ဘက်က လှည့်တွေးရ ပါတော့မယ်။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၂၉- ၉ - ၀၉)

ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းခိုင်းသဖြင့် ရန်ကုန်ဒေသခံများ မကျေနပ် သတင်း
တကျောင်းလျှင် (၂) ပါးသာ ဆွမ်းခံထွက်ရန် ကန့်သတ် သတင်း
“ဝ” ဒေသတွင် စစ်ရေးပြင်ဆင်မှုများ ထပ်မံတိုးမြှင့် သတင်း
မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ်စခန်းနှင့် ဂိတ်တည်ရန် နအဖ ပြင်ဆင် သတင်း
ကေအိုင်အိုနှင့် မြောက်ပိုင်းတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ သတင်း
နေအိမ်ပြုပြင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆို သတင်း
အဖွဲ့ချုပ်၏ တောင်းဆိုချက်များကို ဒီမိုကရေစီအင်အားစုများက ထောက်ခံ သတင်း
၈၈ မျိုးဆက်ကျောင်းသားများက စစ်အစိုးရကို တိုက်တွန်း သတင်း
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ဖိနပ်ဖြင့် ပစ်ပေါက်ခံရ သတင်း
မြန်မာကို အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံသွားမည် သတင်း
နအဖနှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု အမေရိကန်အစိုးရ အတည်ပြု သတင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သဘောထား အပြောင်းအလဲ သတင်း
မှားယွင်းပစ်ခတ်မှုကြောင့် ကရင်ရွာသူကြီးတဦး ဒဏ်ရာပြင်းထန် သတင်း
(၁၈) နှစ်အောက်ကလေးများ စစ်သားအသစ်အဖြင့် စုဆောင်းခြင်းခံရ သတင်း
မဲဇလီရွာမှ သေနတ်ဒဏ်ရာရရှိထားသူ ကန်ချနပူရီဆေးရုံသို့ ဆေးကုသခံယူနေ သတင်း
ရွှေစည်းခုံ ပုံစံတူစေတီ အမေရိကန်တွင် တည်မည် သတင်း
ရန်ကုန်တောင်ပိုင်းခရိုင် လယ်ယာမြေများ စပါးအထွက်နှုန်း ထက်ဝက်မျှကျဆင်းနိုင် သတင်း
ဆည်ဖောက်ချသဖြင့် ရွာသား (၃၅၀) ခန့် အိုးအိမ်များ စွန့်ခွာရ သတင်း
ရဲဘော်ဖိုးသံချောင်းရဲ့ သုံးသပ်ချက်အင်တာဗျူး
၂၁ နှစ်ကြာ ကြံ့ကြံ့ခံနေကြသူများ (ဆောင်းပါး)
Smart ပါဝါ (ဆောင်းပါး)

Read More...

Tuesday, September 29, 2009

ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်

လူထုစိန်ဝင်း

တကယ်ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်ပါဘူး။ ပန်းတိုင်ကို သွားတဲ့နည်းလမ်းတွေ ထဲက နည်းလမ်းတခုသာ ဖြစ်တယ်။ လူသားများ မျှော်လင့်ချက် ပန်းတိုင်က စစ်ပွဲကြီးမရှိ ပကတိ ငြိမ်းချမ်း သာယာတဲ့၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ် တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေ အပေါ် ခေါင်းပုံဖြတ် သွေးစုပ် ခြယ်လှယ်မှု ကင်းတဲ့၊ အဓမ္မဝါဒ မှန်သမျှ ချုပ်ငြိမ်းပြီး ဓမ္မတရား ထွန်းကားတဲ့၊ တရားဥပဒေရဲ့ ကာကွယ် စောင့်ရှောင့် မှုကို လူသားတိုင်း အတွက် ဖန်တီး ပေးထားတဲ့ အခွင့်အရေး မှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြမရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့ အမွန်အမြတ် ထားကြတဲ့ လူ့တန်ဖိုးများကို လူသားတိုင်း စောင့်စည်းရိုသေ ထိမ်းသိမ်းတဲ့ လူ့ အဖွဲ့အစည်းမျိုးမှာ နေထိုင်နိုင်ရေး ဆိုတာပဲဖြစ်တယ်။

အဆုံးသို့

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၁ နှစ်မြောက် အထိမ်း အမှတ် ကြေညာချက် ထုတ်ပြန်













Read More...

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပို့

Read More...

နေ့စဉ်သတင်းများ ( ၂၈- ၉ - ၀၉)

ရဲချုပ်ခင်ရီကို နေပြည်တော်တွင်ဖမ်းဆီးထားဟု သတင်းများထွက်ပေါ် သတင်း
သံတမန်အချို့နှင့် တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို သတင်း
မြန်မာနိုင်ငံအရေးအတွက် အာဆီယံနိုင်ငံများက တွန်းအားပေးရန် ဘန်ကီမွန်းပြော သတင်း
ဗိုလ်ချုပ်ကြီးသိန်းစိန် ဝန်ကြီးချုပ်တဦးအင်္ဂါနှင့်အညီ ပို့ဆောင်နှုတ်ဆက်မခံရ သတင်း
ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများကို မြန်မာအာဏာပိုင်တို့ ခေါ်ယူသတိပေး သတင်း
တရုတ်-မြန်မာ နယ်စပ်အရေး ပိုမိုရှုပ်ထွေးလာ သတင်း
တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား သတင်း
သျှမ်းပြည်အရှေ့ပိုင်း စွမ်းအားရှင်အား စစ်ရေးလေ့ကျင့်ပေးနေ သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၁) နှစ်မြောက်အထိမ်းအမှတ် ကြေညာချက် သတင်း
မြန်မာပြည်ခရီးစဉ် ရပ်ရန် Jetstar လေကြောင်းလိုင်း ဖိအားပေးခံရ သတင်း
လေယာဉ်မောင်းသင်တန်း တက်နိုင်မည် သတင်း
တာချီလိတ်တွင် စိတ်ကြွဆေးပြား လေးသိန်းခန့်နှင့် တရားခံ (၈) ဦး ဖမ်းမိ သတင်း
(၅၀၀၀) ကျပ်တန်ကြောင့် စီးပွားရေး ပိုမိုကြပ်တည်းမည်ဟုဆို သတင်း
တရုတ်လုပ် ဘတ်စ်များ နယ်စပ်လမ်းမှတဆင့် တင်သွင်း သတင်း
ဂျစ်ကားထုတ်လုပ်သူများ လုပ်ငန်းရပ်ဆိုင်း သတင်း
အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆန္ဒခံယူပွဲလုပ်ဖို့ ၀န်ကြီးချုပ် အကြောက်အကန် ငြင်းဆို သတင်း
အစိုးရအနေနနဲ့ ပါလီမန်ဖျက်သိမ်းဖို့ အဆင်သင့်ရှိ သတင်း
ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ချီတက်ကြစို့ (အယ်ဒီတာ့အာဘော်)
မြန်မာစစ်အစိုးရကို ချဉ်းကပ်ဆက်ဆံရန် ကြိုးစားခြင်း (ဆောင်းပါး)
ဒုက္ခသည် မှောင်ခိုဈေးကွက် (ဆောင်းပါး)
ချိုးဖြူသံလွင် ခရီးနှင် (ဆောင်းပါး)

Read More...

Monday, September 28, 2009

အပစ်ရပ်၊ ငြိမ်းအဖွဲ့တွေကို ချေမှုန်းဖို့ပြင်နေတဲ့ နအဖ

September 28, 2009

သြဂုတ်လကုန်ပိုင်းလောက်ကပဲ နယ်ခြားစောင့်တပ် လုပ်ရေးကို သဘော မတူဘဲ ငြင်းဆိုခဲ့တာကြောင့် ငြိမ်းချမ်းရေး ယူထားတဲ့ ကိုးကန့်အဖွဲ့ကို အကြောင်းရမယ်ရှာပြီး ရက်ရက်စက်စက် ချေမှုန်း ဖျက်သိမ်း ပစ်ခဲ့တဲ့ နအဖ ဟာ အခုအခါမှာ ကိုးကန့်အဖွဲ့ရဲ့မဟာမိတ်လည်းဖြစ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လုံးဝ လက်မခံနိုင်တဲ့ အဖွဲ့လည်း ဖြစ်တဲ့ ၀သပ အဖွဲ့ကို ထိုးစစ်ဆင်ဖို့ တပြည်လုံး အတိုင်းအတာနဲ့ ပြင်ဆင်နေပါတယ်။

ပထမအဆင့်အနေနဲ့ ကိုးကန့် တိုက်ပွဲအပြီးမှာ နေရာယူထားတဲ့ တပ်တွေကို ပြန် မရုတ်သိမ်းတဲ့ အပြင် ၀သပ ဒေသ ပတ်လည်မှာ တပ်တွေ တိုးချဲ့နေရာယူ ချထားတာတွေ လုပ်ပါတယ်။

အခုအခါမှာ ဒုတိယအဆင့်အနေနဲ့ တပ်အင်အား ဖြည့်တင်းရေး အတွက် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း ဒေသက ကျေးရွာတွေမှာ အတင်းအဓမ္မ စစ်သားသစ် ကောက်ခံနေပါတယ်။ တရွာကို ၅ ယောက်၊ ရွာငယ်ရင် ၃ယောက်နှုန်းနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။

ဒီလိုလုပ်နေတာတွေဟာ ၀သပနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ချေမှုန်းဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ စစ်တပ်နဲ့နီး စပ်တဲ့ အသိုင်းအ၀ိုင်း အကြားမှာ ပြောဆို နေကြပါတယ်။

ဝိမုတ္တိဝိုင်းတော်သားတဦး

Read More...

နေ့စဉ်သတင်းများ ( ၂၇- ၉ - ၀၉)

NLD ရဲ့ (၂၁) နှစ်ကြာ ဆောင်ရွက်ချက် ကျေနပ်စရာမရှိ သတင်း
ရွေးကောက်ပွဲဥပဒေအပေါ်တည်ပြီး NLD ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်မည် သတင်း
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ NLD တောင်းဆို သတင်း
မြန်မာ့အရေး နိုင်ငံတကာကြိုးပမ်းမှုမှာ အာဆီယံက အရေးပါ သတင်း
မြန်မာစစ်အစိုးရကို ဖိအားပိုပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း သတင်း
စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတချို့ စောင့်ကြည့်ခံနေရ သတင်း
ကုလသမဂ္ဂအထွေထွေညီလာခံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည် သတင်း
အကျယ်ချုပ် စစ်ဆေးခံနေရတဲ့ ရန်ကုန်တိုင်းရဲမှူးကြီး ထွက်ပြေးလွတ်မြောက် သတင်း
ရန်ကုန်မြို့ရှိ အနှိပ်ခန်းများနှင့် ကာရာအိုကေအချို့ ပိတ်ထားရ သတင်း
လူငယ်အဖွဲ့များ စုပေါင်းဝတ်ပြုဆုတောင်း သတင်း
ဖိလစ်ပိုင်မုန်တိုင်း (၇၀) ကျော် သေဆုံး သတင်း
ကျပ်ငါးထောင်တန် ငွေစက္ကူ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာနိုင်ငံ သတင်း
ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မေတ္တာရပ်ခံစာပို့ သတင်း
သံဃာတွေကို အကြမ်းဖက်ခဲ့တာ မမေ့ဖို့ ဆေးနီပက်ဖြန်း သတင်း

Read More...

Friday, September 25, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၅ / ၀၉ / ၀၉

23.9.2009 2.jpg





Read More...

နေ့စဉ်သတင်းများ (၂၄ - ၉ - ၀၉)

အမေရိကန် မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံခွင့်ရ သတင်း
အမေရိကန် မူဝါဒသစ် NLD ကို ရှင်းပြ သတင်း
မြန်မာနိုင်ငံမှာ ကျပ် ၅၀၀၀ တန် ငွေစက္ကူသစ် ထုတ်မည် သတင်း
အိုင်အယ်လ်အိုထံ ကူညီတိုင်ကြားသူကို ထောင်ဒဏ် (၂) နှစ် ချမှတ် သတင်း
နာဂစ်အလှူရှင် မိသားစုနှင့် တွေ့ခွင့်မရ သတင်း
စစ်အစိုးရ စွပ်စွဲတဲ့ ရခိုင်လူငယ်အဖွဲ့က မဟုတ်မှန်ကြောင်း ငြင်းဆို သတင်း
ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် အမေရိကန်သံရုံးက ကန့်ကွက်စာပို့ သတင်း
နအဖ စစ်အစိုးရက ကိုညီညီအောင်ကို ပုဒ်မမျိုးစုံတပ်၍ တရားစွဲရန် ပြင်ဆင်နေ သတင်း
ပါတီသွေးသစ်လောင်ပြီး ရွေးကောက်ပွဲဝင်မည်ဟု တစည ပြော သတင်း
နျူကလီးယားလက်နက်တားဆီးရေး ကုလဆုံးဖြတ် သတင်း
ကမ္ဘာ့စီးပွားရေး နလန်ထူစေဖို့ သုံးစွဲငွေတွေ ရပ်တန့်ရေး မေးခွန်းထုတ် သတင်း
ဆေးလိပ်ကြောင့် လူ့အသိုင်းအ၀ိုင်းတခုလုံးပါ ထိခိုက် သတင်း
စစ်အစိုးရ အခွန်ဆောင် မီးစက်ကြောင့် ဒေသခံ မီးစက်များ ရပ်ဆိုင်းရ သတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား သတင်း
ရွှေဝါရောင်ကာလ ရန်ကုန်မှာ လုံခြုံရေးတိုးမြှင့်ထား သတင်း
မြန်မာစစ်အစိုးရကို ပိတ်ဆို့ထားရင်း ဆွေးနွေးမှုများ ပြုလုပ်သွားမယ် သတင်း
အာဏာရှင်နဲ့ ဖက်လဲတကင်းပြုလိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ သတင်း
တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ သတင်း
အယောင်ပြအချိန်ဆွဲ နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခြင်းဖြင့် နိုင်ငံရေးပြဿနာများမှာ ပြေလည်သွား မည်မဟုတ်ကြောင်း သဘောထားထုတ်ပြန် သတင်း
အကျဉ်းသားများလွတ်မြောက်မှုနှင့် ပတ်သက်၍ အဖွဲ့ချုပ် ကြေညာချက်ထုတ် သတင်း
မြင်းခြံတွင် လူငယ် (၄) ဦးထပ်မံ ဖမ်းဆီးခံရ သတင်း
ကိုညီညီအောင်နှင့် AASYC မှ ယူဂျီအဖွဲ့ဝင်များကို ဖမ်းဆီးထားဟု နအဖသတင်းထုတ်ပြန် သတင်း
အဖွဲ့ချုပ်ဝင် မချိုနဲ့ သုံးရောင်ခြယ် ကိုစိန်လှိုင်တို့ (၃) ဦး အမှုတွဲ စစစ် သတင်း
ကျောင်းသားဆူပူမှုဖြစ်၍ ကျောင်းကို လုံခြုံရေးတင်းကျပ်ထား သတင်း

Read More...

Thursday, September 24, 2009

မစ္စတာ ဝက်ဘ်က ဦးဥာဏ်ဝင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေး

မုံပီး
ကြာသပတေးနေ့၊ စက်တင်ဘာလ 24 ရက် 2009 ခုနှစ် 11 နာရီ 39 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် ဆက်ဆံရေးကို အကြီးအကျယ် ထောက်ခံ အားပေးသူဟု လူသိများသော အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်သည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် စနေနေ့က ဝါရှင်တန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စ ဆွေးနွေး ခဲ့သည်။

ဗားဂျီးနီးယား ပြည်နယ်မှ အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသော ဦးဥာဏ်ဝင်းသည် ဝါရှင်တန်သို့ နယူးယောက်မှ ရောက်ရှိလာပြီး တွေ့ဆုံခဲ့သည်ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။

''မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဥာဏ်ဝင်းသည် ဝါရှင်တန်သို့ ပြီးခဲ့သည့် ရက်သတ္တပတ် ကုန်တွင် ရောက်ရှိခဲ့ပြီး စနေနေ့က အထက်လွှတ်တော် အမတ်နှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်- မြန်မာ ဆက်ဆံရေးတွင် နောက်ထပ် တိုးမြှင့်၍ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် သူတို့နှစ်ဦး ဆွေးနွေးခဲ့ကြသည်'' ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ မဇ္ဈိမသို့ ပေးပို့သော အီးမေးလ်တွင် ဖော်ပြထားသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးသည် ဝါရှင်တန်ရှိ မြန်မာသံရုံးသို့ လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး ဝါရှင်တန်တွင် ဝက်ဘ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ဦးသိန်းစိန်သည်လည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိ လာမည်ဖြစ်သည်။

ယင်းသည် ဒုတိယ-ဗိုလ်ချုပ်မှူးကြီး မောင်အေး ၁၉၉၅ ခုနှစ်က လာရောက်အပြီး မြန်မာ အဆင့်မြင့် အရာရှိတဦး ၁၄ နှစ် အတွင်း ပထမဆုံး ကုလ အထွေထွေ ညီလာခံ အစည်းအဝေး တက်ရောက်ခြင်း ဖြစ်မည်။

မစ္စတာ ဝက်ဘ်သည် ၎င်း၏ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ သြဂုတ်လ အတွင်းက လာရောက် လည်ပတ်ခဲ့သည်။ သူသည် နောက်တပတ်တွင် ကျင်းပမည့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒအား အထက်လွှတ်တော်က ကြားနာမှု ပြုလုပ်သည့်အခါ သဘာပတိ အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

''မြန်မာနိုင်ငံအပေါ် အမေရိကန် မူဝါဒ၏ သက်ရောက်မှုနှင့် ထိရောက်မှု'' ဟု အမည် ပေးထားသော အဆိုပါ ကြားနာမှုကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပရန် ယာယီအားဖြင့် သတ်မှတ် ထားသော်လည်း အတည် မပြုရသေးကြောင်း'' ဝက်ဘ်၏ ရုံးက ပြောသည်။ သို့သော် ဝက်ဘ်ရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက် အရမူ အဆိုပါ ကြားနာမှုကို အောက်တိုဘာလ ၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ကျင်းပမည်ဟု ဖော်ပြထားသည်။

ဤကြားနာမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး၊ နိုင်ငံရေး အခြေအနေ များကို ဆန်းစစ် သွားမည် ဖြစ်ပြီး တိုင်းပြည်၏ ရှည်လျားလှသော ပြည်တွင်းရေး မငြိမ်သက်မှုများနှင့် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို မည်သို့မည်ပုံ ထိခိုက် စေခဲ့ကြောင်းများ ဆွေးနွေးသွားမည်ဟု အဆိုပါစာတွင် ဖော်ပြထားသည်။

''ဆီနိတ်တာ မစ္စတာ ဝက်ဘ်က အမေရိကန်ရဲ့ မြန်မာ့ရေးရာ မူဝါဒ၏ ထိရောက်မှုကို သုံးသပ် စစ်ဆေးသွားမည့် အလုံးစုံ ကြားနာမှုများ ပြုလုပ်ရန် ရည်ရွယ်ထားသည်'' ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။

ဗားဂျီးနီးယားပြည်နယ် ဒီမိုကရက်ပါတီ အထက်လွှတ်တော် အမတ်ဖြစ်သူ မစ္စတာဝက်ဘ်သည် အထက်လွှတ်တော် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အဆိုပါကြားနာပွဲတွင် လက်ရှိအမေရိကန်၏ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုများနှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများ အတွက် အမေရိကန်က မည်သို့ ဆောင်ရွက် သင့်သည်ကို ပြန်လည် သုံးသပ် ဆွေးနွေးမည်။

ဤနိုင်ငံခြားရေး ကော်မတီသည် ''အမေရိကန်-မြန်မာ ဆက်ဆံရေး သစ်ကို မည်သို့မည်ပုံ ပုံဖော်ဆောင်ရွက် သင့်သည် ဆိုသည် ကိုလည်း ကြားနာမှုများ ပြုလုပ်သွားမည်'' ဟု ဝက်ဘ်၏ ရုံးက ပြောကြားထားသည်။

ဝက်ဘ်သည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့ရေး မူဝါဒကို ပွင့်လင်းစွာ ဝေဖန်ရှုတ်ချခဲ့ပြီး စစ်အစိုးရနှင့် ဆက်ဆံမှုများ တိုးမြှင့် ပြုလုပ်ရန်လည်း ထောက်ခံ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ဥရောပ သမဂ္ဂနှင့်အတူ မြန်မာစစ်အစိုးရ၏ ကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပျက်ကွက်မှုတို့ အတွက် ပြင်းထန်သော စီးပွားရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

သို့သော် သမ္မတ အိုဘားမား အစိုးရ အာဏာ လွှဲပြောင်းရယူခဲ့ ပြီးနောက် အမေရိကန်၏ ယခင် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သည့် မူဝါဒသည် စစ်အစိုးရ၏ အမူအကျင့် ပြောင်းလဲရေးကို မဆောင်ရွက် နိုင်ခဲ့ကြောင်းနှင့် အဆိုပါ မူဝါဒကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သုံးသပ်မှုသည် မကြာမီ ပြီးဆုံးမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အပြောအရ သိရသည်။

မစ္စတာ ဝက်ဘ်၏ ဆက်ဆံမှုပြု ချဉ်းကပ်ရေး အယူအဆကို နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် မြန်မာ့ အတိုက်အခံ လှုပ်ရှားသူများက ကောင်းကောင်း လက်မခံပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီနှင့် ဝါရင့် နိုင်ငံရေးသမား တဦးဖြစ်သူ ဦးဝင်းတင်က မကြာသေးခင်က ဝါရှင်တန်ပို့စ် သတင်းစာတွင် ဆောင်းပါးတပုဒ် ရေးသားရာ၌ ''မစ္စတာဝက်ဘ်၏ ကြိုးပမ်း လုပ်ဆောင်မှုများသည် ကျနော်တို့၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထိခိုက်နစ်နာစေပြီး ရွေးကောက်ပွဲဟူသည့် မှားယွင်းသော အယူအဆ ပြဿနာ ပေါ်တွင်သာ အဓိက အာရုံပြု လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူ၏ ရေရှည်နိုင်ငံရေး မဟာဗျူဟာ၏ အစိတ်အပိုင်း တရပ်အဖြစ် နောက်နှစ်တွင် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကျနော်တို့ကို စဉ်းစားစေလိုသည်'' ဟု ရေးသားထားသည်။

ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာချုပ်ဟောင်းနှင့် ယုံကြည်ချက်ကြောင့် ၁၉ နှစ်ကြာ အကျဉ်းကျ ခံခဲ့ရသော ဦးဝင်းတင်က ''စစ်အစိုးရက ကျင်းပရန် စီစဉ်ထားသော ဟန်ပြ ရွေးကောက်ပွဲသည် ကျနော်တို့ ပြည်သူများ၏ လွတ်မြောက်ရေး တိုက်ပွဲ အပေါ် သရော်မော်ကား ပြုလုပ်နေခြင်းသာ ဖြစ်ပြီး စစ်အာဏာရှင် စနစ်ကို ထာဝရ တည်တံ့အောင် ပြုလုပ်နေသည်'' ဟု ပြောဆိုသည်။

Ref: မဇ္ဈိမ

Read More...

“အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံး ခံရဲတယ်”

Wednesday, 23 September 2009 16:55

ဒေါက်တာဇာနည်သည် ယခင်က မြန်မာစစ်အစိုးရအား စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ရန် တက်ကြွစွာ ဦးဆောင် လှုံ့ဆော်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ တဦး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြန်မာပြည် အရေးနှင့် ပတ်သက်၍ ဒေါက်တာ ဇာနည်ကို ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ မကြာသေးခင်က NLD ပါတီက ဦးဝင်းတင် ဝါရှင်တန်ပို့စ်မှာ ဆောင်းပါး တပုဒ် ရေးခဲ့တယ်။ အဲဒီထဲမှာ အခြေခံ ဥပဒေကို ပြင်ခိုင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ခိုင်းတယ်၊ NLD ပါတီကို လွတ်လပ်စွာ လှုပ်ရှားခွင့် တောင်းဆိုထားတာ တွေ့ရတယ်။ အဲဒီဆောင်းပါးနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပမှာ အမြင် အမျိုးမျိုး ရှိတာကို တွေ့ရတယ်။ ကိုဇာနည်က ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော်က ဦးဝင်းတင် ပြောတာကို ထောက်ခံတယ်။ ဒါက ဦးဝင်းတင်ပြောလို့ ထောက်ခံတာ မဟုတ်ဘူး၊ သူပြောတာက အချက်အချာ ကျတယ်။ မြန်မာပြည်က ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ လျှောက်တော့မယ် ဆိုရင် ဒီ အခြေခံ ဥပဒေက ခေတ်နောက်ပြန် ဆွဲနေတာ တွေ့ရတယ်။ မဆလခေတ် ၁၉၇၃၊ ၇၄ လောက်မှ ဆွဲခဲ့တဲ့ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် တပါတီ တည်းတော့ ဟုတ်တယ်၊ ဒါပေမယ့် အဲဒီထဲမှာ တပ်မတော် နောက်ခံရှိမှ နိုင်ငံ့ အကြီးအကဲ ဖြစ်ရမယ် ဆိုတာမျိုး မပါဘူး။ အခုဟာက လက်ရှိ ၂၀၀၈ မှာ လက်ခံလိုက်တဲ့ အခြေခံ ဥပဒေကျတော့ တိုင်းသူ ပြည်သားတွေကို ပြည်တွင်း ကိုလိုနီ စနစ်ကို ရောက်အောင် တွန်းပို့နေတယ်။ ဘာလို့လဲ ဆိုတော့ စစ်သားတွေကို အလွှာတလွှာမှာ ထားလိုက်ပြီးတော့ ကျန်တဲ့ တိုင်းရင်းသားနဲ့ သာမန် ပြည်သူတွေ ကျတော့ ဒုတိယတန်းစား အဆင့်မှာ ထားထားတယ်။ အဲဒါက ဘယ်လိုမှ လက်ခံလို့ မရဘူး။ တခုတော့ ရှိတာပေါ့၊ ဒီဟာကို လက်ခံပါလို့ ပြောနေတဲ့ သူတွေက အခွင့်အရေး တခုအနေနဲ့ သုံးမယ့် သူတွေလို့ ပြောလို့ရတယ်။

မေး။ ။ ဒါဆို ၂၀၁၀ မှာ လုပ်မယ့် ရွေးကောက်ပွဲကို ရွေးစရာ မရှိတော့ဘူး ဆိုပြီး အခွင့်အရေး တခုအနေနဲ့ ကိုဇာနည်က မမြင်ဘူး ဆိုပါတော့။

ဖြေ။ ။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော် လောက်ကတော့ မြင်ခဲ့တယ်ဗျ။ ဘာလို့လဲ ဆိုတော့ ရွေးကောက်ပွဲ ပေါ်လာမယ်၊ နိုင်ငံရေး ဖြစ်စဉ်တခု ပေါ်လာမယ် ဆိုရင် တပ်မတော် သားတွေနဲ့ ဒီဘက်က ဒေါ်အောင်ဆန်း စုကြည်တို့၊ ကိုမင်းကိုနိုင်တို့ အပါအဝင်၊ ပြည်သူတွေနဲ့ လက်တွဲ လုပ်နိုင်မယ့် အနေအထားများ ရောက်မလားလို့ စဉ်းစားခဲ့မိတယ်။ ဒါပေမယ့် သံဃာတော်တွေကို မတရား သေနတ်နဲ့ ပစ်တာ၊ ရိုက်တာ၊ နှက်တာ၊ နှိပ်စက်တာ၊ အတူတွဲ လုပ်ရမယ့် ကိုမင်းကိုနိုင် တို့လို လူတွေကို ထောင်ထဲ ဆွဲထည့်လိုက်တာ … နောက်တခုက တိုင်းရင်းသားတွေကို သေသေချာချာ နိုင်ငံရေးအရ မဆွေးနွေးဘဲနဲ့ လက်နက်အားကိုးနဲ့ လုပ်တာတွေ၊ နောက်ဆုံး ကတော့ နာဂစ်တုန်းက လူပေါင်း ၁ သိန်းကျော် သေတာကိုတောင် လူတွေရဲ့ ဒုက္ခကို မစာနာဘဲ သူတို့ လုပ်ချင်တဲ့ အခြေခံ ဥပဒေ အတည်ပြုဖို့ကို အတင်းလုပ်တာ … အဲဒီအချက်တွေကို ကြည့်လိုက်တော့ ဒီအစိုးရဟာ သကြားမင်း ဆွဲပေးတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် အောက်ကလာတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် ဒီလိုလူတွေနဲ့ အတူလက်တွဲပြီး အလုပ်လုပ်လို့ မရတော့ဘူးဆိုတာ လုံးဝ လက်ခံလိုက်တယ်။

အရေးကြီးတာက အခြေခံဥပဒေကို အမြင် ၂ မျိုးနဲ့ မြင်လို့ရတယ်။ အခွင့် အရေး အနေနဲ့ မြင်မယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲကို သုံးပြီးတော့ သူတို့ ဖိနှိပ်တဲ့ လူတန်းစား ကွဲသွားမယ် ဆိုတဲ့ အမြင်ပေါ့၊ အဲဒီ အမြင်အတိုင်း သွားမယ် ဆိုရင်တော့ လက်ခံလို့ ရတယ်။ ဒါပေမယ့် ဒီအခြေခံ ဥပဒေကြီး သက်ဆိုး ရှည်မယ် ဆိုရင်တော့ ကျနော်တို့ ပြည်သူ လူထုကို သတ်သေခိုင်းတာနဲ့ တူတူပဲ။ နိုင်ငံရေးအရ သေခိုင်းတာ ပေါ့လေ။

စဉ်းစားကြည့် ကိုလိုနီစနစ်ကို ဘယ်သူကမှ မဲဆန္ဒနဲ့ မထောက်ခံ နိုင်ဘူးလေ၊ အင်္ဂလိပ် ကိုလိုနီပဲ ဖြစ်ဖြစ် စစ်တပ်ရဲ့ ကိုလိုနီပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ မဲဆန္ဒပေးပြီး ထောက်ခံခိုင်းဖို့ မသင့်ဘူးလို့ ကျနော်မြင်တယ်။

မေး။ ။ ဒါဆို တချို့ ပြည်တွင်းမှာကော၊ ပြည်ပမှာကော ရွေးစရာလမ်း မရှိတော့တဲ့ အတွက် နအဖကို နှူးနှပ်ပြီး ပူးသတ်မှ ရတော့မယ်၊ စစ်ဗိုလ်ချုပ်တွေ ကိုတော့ တဖြည်းဖြည်းချင်း ပူးပေါင်းပြီး ပြောင်းလဲပစ်မှ ရတော့မယ်ဆိုတဲ့ အမြင်တွေ အများကြီး တွေ့ရတယ်။ မြန်မာ့ အရေးမှာ ပါဝင် ပတ်သက်နေတဲ့ သူတွေ၊ မြန်မာနိုင်ငံကို ပိုက်ဆံပေးနေတဲ့ ဒိုနာ နိုင်ငံတွေ ပြည်တွင်း ပြည်ပက နိုင်ငံရေး သမားတွေက အစပေါ့၊ ဒီလူတွေကို နအဖက ဆေးဖော် ကျောဖက်ကော လုပ်ရဲ့လားဗျ။

ဖြေ။ ။ ကျနော်တို့ သမိုင်းကိုတော့ ပြန်ကြည့်ရမယ်။ မဆလ ခေတ်တုန်းက ပြင်ပက ပညာရှင်တွေပဲ ဖြစ်ဖြစ်၊ ဒိုနာ နိုင်ငံတွေပဲ ဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေး ပညာရှင်တွေပဲ ဖြစ်ဖြစ် ဒေါက်တာမောင်မောင်တို့၊ ဒေါက်တာ ညီညီတို့၊ ဒေါက်တာ ချစ်ဆွေတို့ပေါ့။ မဆလ ခေတ်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်းပြီး တိုင်းပြည် ထူထောင်ဖို့ လုပ်ကြတယ်။ ဗိုလ်ချုပ်ကြီးတွေ ဆိုတာလည်း ရှင်းရှင်း ပြောရရင် မှားတဲ့ စနစ်ကြီးကို ထူထောင်ပြီး ဘဝပျက်သွားတယ်၊ ဒီလူတွေလည်း သမိုင်းမှာ နာမည်ပျက် သွားတယ်။ အဲဒါမျိုးကို ကျနော်တို့ ဆက်လုပ် မှာလား၊ ပူးသတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ကျနော် ကိုယ်တိုင်လည်း စာအုပ်ဖတ်ပြီး ပြောနေတာ မဟုတ်ဘူး။ ကျနော်ကိုယ်တိုင် ဒါမျိုး လုပ်လာတာ။ ကျနော့်ကိုလည်း သိတဲ့အတိုင်း ဝိုင်းပြီး ဆဲနေကြတာပဲ။ ကျနော်တို့လည်း ထိပ်ပိုင်းက ဗိုလ်ချုပ်ခင်ညွန့်က အစ၊ ဗိုလ်ချုပ် မောင်အေးတို့ အဲဒီလို ဗိုလ်ချုပ်တွေကို တိုင်းပြည်ကို ချစ်တဲ့ ပညာရှင် တယောက်အနေနဲ့ ကူညီဖို့၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့၊ နောက် အင်တာနက် ကိစ္စမှာ လျှော့ပေးဖို့၊ ဒီမိုကရေစီ လမ်းသွားမယ်ဆိုရင် မီဒီယာတွေ ဝေဖန်တာကို နားထောင်ဖို့ ဒါတွေကို ဝိုင်းတွန်းကြ၊ အကြံဉာဏ် ပေးကြတယ်။ ကျနော်တို့က တိုင်းရင်းသားတွေကို ချေမှုန်းပါလား၊ NLD ကို ဘယ်လို နှိပ်ကွပ် လိုက်ပါလား ဆိုတာ ပြောတာမဟုတ်ဘူး။ တနည်းတဖုံနဲ့ ကျနော်တို့က ပိုကောင်းလာတဲ့ အမြင်တွေ ပေါ်လာအောင် တွန်းကြည့်တယ်၊ ဒါပေမယ့် တွန်းလို့မရဘူး။ ကျနော်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးနဲ့ မတွေ့တာတောင် သူတို့ထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကားပြောဖူးတာ ရှိတယ်။

၂၀၀၄ မှာလည်း ပြောဖူးတယ်၊ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်အပြီးမှာလည်း ပြောခဲ့တယ်။ ကျနော်တို့က ပူးသတ်ချင်တာ မဟုတ်ဘူး၊ သူတို့နဲ့ ပေါင်းလုပ် ချင်တာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ ဆက်ဆံရေး အခက်အခဲ ရှိနေတာကို ကြားထဲကနေ ပေါင်းကူးတံတား ဖြစ်အောင် ပထမ ယုံကြည်မှု တည်ဆောက်တဲ့ အနေနဲ့ လုပ်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် အတွက် အရေးကြီး ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ တိုင်းပြည်အပေါ်မှာ စိတ်ထား မှန်ပါတယ် ဆိုတာ ဝိုင်းပြောတာ။ ဒါကို ကျနော်တို့ မီဒီယာမှာတော့ မပြောဘူး။ တယောက်ချင်းတွေ့ရင် ပြောတာပဲ၊ စည်းဝေးမှာဆို ပြောတာပဲ။ ဒီတော့ တိုင်းပြည်အတွက် စေတနာ သန့်သန့်နဲ့ လုပ်မယ်ဆိုရင် သူတို့ ဘက်ကလည်း စေတနာသန့်မှ လုပ်လို့ရမယ်။ ပူးသတ်တယ် ဆိုတာကတော့ သူတို့က ညစ် ကိုယ်က ညစ် ဆိုရင် သူတို့မှာ ပါဝါ၊ အာဏာ၊ သေနတ်ရှိတယ်။ အဲဒီလို လူတွေကို ကျနော်တို့ ပူးသတ်လို့ မရဘူး။ တကယ်တမ်း ပြောရရင် ပူးမသတ် သင့်ဘူး။ ကျနော်တို့ ပူးပေါင်းပြီး လုပ်သင့်တယ်။ ဒါကို ခုချိန်ထိ ပြောမှာပဲ။ လက်ရှိစနစ်ကို မကျေနပ်ဘူး၊ ဒါပေမယ့် တပ်မတော်သားတွေကို မစော်ကားဘူး။ သူတို့က ဒီစနစ်ရဲ့ သားကောင်တွေပဲ။ ဒီစနစ်ကို သူတို့ ကိုယ်တိုင် ပြင်ရမှာ။ ဒီတော့ ပေါင်းလုပ်ရမှာ၊ ဒါပေမယ့် ပေါင်းလို့ကလည်း မဖြစ်ပြန်ဘူး။

မေး။ ။ ပေါင်းလို့ကလည်းမလွယ်ဘူး၊ ပူးသတ်လို့လည်း မရဘူး။ ဒီစနစ်ရဲ့ သားကောင်တွေက စေတနာလည်း မသန့်ဘူး။ ဒါဆို မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးစရာလမ်းက ဘာလဲ။ ဒဏ်ခတ် ပိတ်ဆို့မှုလား ဘာဖြစ်မလဲ။

ဖြေ။ ။ ဒီလူတွေ စေတနာ မမှန်ဘူးဆိုတာကိုတော့ ကျနော် လက်မခံဘူး။ သူတို့ထဲမှာ စေတနာ ရှိတဲ့သူတွေ ရှိတယ်၊ တိုင်းပြည်ကို ချစ်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ဒီလူတွေကလည်း သူတို့ ဘဝ ပျောက်သွားမယ် ဆိုတာမျိုးပေါ့၊ ဥပမာ - ဗိုလ်ကြီး အုန်းကျော်မြင့်တို့က စပြီးတော့ အစဉ်အလာ ရှိခဲ့တော့ ဒီစနစ်ကို ပြောင်းဖို့ ကြံတဲ့သူတွေကို ဒီစနစ်ကနေ အမြတ်ထွက် နေတဲ့ သူတွေက အပြတ် ရှင်းလိုက်တယ်။ ဗိုလ်ချုပ် ခင်ညွန့်လည်း ဒီတိုင်းဖြစ်တာပဲ။ ဗိုလ်ချုပ်ခင်ညွန့်က ဒီမိုကရက် မဟုတ်ဘူး။ လူတိုင်းသိတယ်၊ ဒါပေမယ့် သူလည်း ပြောင်းဖို့ ကြိုးစားခဲ့တဲ့ လူတယောက်။

လက်ရှိအနေအထားအရ ဆိုရင် ကျနော့်အနေနဲ့ အကောင်းမြင်ဖို့ တော်တော်လေး ခက်တယ်။ ဒါကလည်း အတိုက်အခံက လုပ်တာကို သဘောမကျလို့၊ နအဖလုပ်တာက ဆိုးလို့ ဒါကို စိတ်ခံစားမှုနဲ့ ပြောတာ မဟုတ်ဘူး။ အချက်အလက်နဲ့ ချပြထားတယ်။ သေချာကြည့် ဘယ်နေရာမှ ကောင်းတဲ့ အချက်က မရှိသလောက် ဖြစ်နေတယ်။ ကျနော်တို့ တိုင်းပြည်က ဘော့စနီးယားလို ဖြစ်မသွားတာ တခုက လွဲရင် အဲဒီဘက်ကို ဦးတည်နေတာ တွေ့ရတယ်။ ကျနော် မြင်တာပေါ့လေ။ ဒီလောလော ဆယ်မှာတော့ အတိုက်အခံ အနေနဲ့ကလည်း ဘေးကြပ် နံကြပ်ပဲ၊ တကယ်တန်း ပြောရရင် တပ်မတော် ခေါင်းဆောင် တွေကလည်း ဘေးကြပ် နံကြပ်ပဲ။

ဖြေရှင်းဖို့က အဖြေရှိတယ်။ မြန်မာပြည်မှာ အားလုံး ပေါင်းလုပ်ချင်တယ် ဆိုရင် တကယ် အရေးကြီးတာက တပ်မတော် ခေါင်းဆောင်တွေရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ကျနေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေရယ်၊ ပြည်ပက အတိုက်အခံ တွေရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ်၊ ဒီအင်အားစု လေးစုက အရေးကြီးတယ်။ ဒီအင်အားစုတွေ ပေါင်းလုပ်ရင် ကျနော်ထင်တယ် ၆ လအတွင်းမှာ ရှေ့ဆက် သွားဖို့ အဖြေရှာလို့ ရတယ်။ ဒါပေမယ့် အဖြေရှာချင်တဲ့ ဆန္ဒတော့ ရှိရမယ်။ ဒါပေမယ့် ပြဿနာက ကျန်တဲ့သူ မဟုတ်ဘူး။ ထိပ်ပိုင်းမှာ ရှိတဲ့ ဗိုလ်ချုပ် တယောက် ၂ ယောက်ပဲ။ နံပါတ် ၁ ပြဿနာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆန္ဒပြောင်းဖို့ပဲ ဖြစ်ဖြစ်၊ အငြိမ်းစားယူဖို့၊ ဘေးကို ဖယ်လိုက်ဖို့ပဲ ဖြစ်ဖြစ် မလုပ်နိုင်ရင် ဒီနိုင်ငံက ဆက်ပြီး ပြဿနာ တက်နေမှာပဲ။ ဒါပေမယ့် ဦးနေဝင်း ခေတ်တုန်းကလည်း ဦးနေဝင်းသေသွားရင် တိုင်းပြည် ကောင်းလာမှာ ပါလို့ ပြောခဲ့ကြတယ်။ ဦးနေဝင်းလည်း သေသွားပြီ တိုင်းပြည် ကောင်းမလာခဲ့ဘူး။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိရင် တိုင်းပြည် ကောင်းလာမှာပါ ဆိုတဲ့ သီအိုရီမျိုးကိုတော့ သတိ နည်းနည်း ထားဖို့ လိုလိမ့်မယ်။

မေး။ ။ ကိုဇာနည် ဧရာဝတီမှာ ရေးတဲ့ “အနီးကပ်ဆက်ဆံမှု ဝါဒ” ဆိုတဲ့ ဆောင်းပါး တပုဒ် ရှိတယ်။ လူကြိုက်တော်တော် များတာလည်း တွေ့ရတယ်။ အဲဒီဆောင်းပါးက မစ္စတာဂျင်မ်ဝက်ဘ် မြန်မာပြည် သွားအပြီးမှာ ရေးတာဖြစ်တယ်။ သူမြန်မာပြည် သွားအပြီးမှာ ဦးသန့်မြင့်ဦး အပါအဝင် မြန်မာ တချို့ဟာ New York Times လို Washington Post လို သတင်းစာကြီး တွေမှာ အမေရိကန် အစိုးရအနေနဲ့ နအဖ အစိုးရနဲ့ ပေါင်းသင့်တယ် ဆိုတာမျိုး ရေးကြတယ်။ ခင်ဗျားကျတော့ ဆောင်းပါးထဲမှာ “အနီးကပ်ဆက်ဆံရေး ဝါဒသမား တချို့ဆိုရင် ရင်တွေ သိပ်ခုန်ပြီး တရားဟောဆရာ တပိုင်း နိဗ္မာန်ဆော် တပိုင်းကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ၊ ပြောကြ၊ ဟောကြတယ်” ဆိုတာမျိုး ရေးထားတယ်။ ဒါဆို ခင်ဗျားကတော့ အမေရိကန် အစိုးရက မြန်မာ နအဖ အစိုးရနဲ့ ပေါင်းလို့ အလုပ်ဖြစ် သွားမယ်လို့ မထင်ဘူး ဆိုတဲ့ သဘောပေါ့။ ဟုတ်လား။

ဖြေ။ ။ ကျနော်ပြောတာက အချိန်ရှိမယ်၊ သူ့ကာလ ရှိမယ်ဆိုတော့ စိတ် သိပ်လှုပ်ရှားပြီး လိုအပ်တာထက် ပိုတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုလိုတာ။ စေတနာ သန့်သန့်နဲ့ ကောင်းစေချင်လို့ တိုင်းပြည်နဲ့ ပေါင်းလုပ် တာမျိုးကို ကျနော်တို့ လက်ခံလို့ရတယ်။ မြန်မာပြည်မှာ သွားလုပ်တာပဲ ဖြစ်ဖြစ်။ သွားလိုက်ပြန်လိုက် လုပ်တာ ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဟိုဘက်က သုံးမယ့် အနေအထားမှာ ကိုယ်က အသုံးခံမယ် ဆိုတာမျိုး ကျတော့ နှစ်မျိုး ပေါ့ဗျာ။

အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ်၊ သူများတွေ အသုံးခံတာ ကိုလည်း ကျနော် ရှုတ်ချစရာ အကြောင်း မရှိဘူး။ ဒါပေမယ့် ကိုယ်လည်း အသုံးခံ လိုက်ရတယ်၊ တိုင်းပြည်လည်း အကျိုး မရှိဘူး၊ စားသွားတာတော့ ဗိုလ်ချုပ်တွေပဲ ဆိုရင် အဲဒီလမ်းကြောင်း ကိုတော့ ကျနော်လည်း လက်မခံဘူး။ အဲဒီအနေအထား မျိုးမှာ ကျနော် ရောက်ခဲ့ရင်လည်း ကျနော် (U – Turn) ပြန်လုပ်မယ်။ ကျနော် လုပ်လည်း လုပ်ခဲ့တာပဲ။

ဥပမာ - ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပါတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်မလား၊ ချနိုင်ရင် ကျနော်တို့ လက်ခံတယ်။ မချနိုင်ဘဲနဲ့တော့ အလကား ပြောမနေနဲ့။

မေး။ ။ မြန်မာ နအဖ အစိုးရက အထီးကျန်တယ်ဆိုပြီး နိုင်ငံတကာ သတင်းစာတွေ က ပြောကြတယ်။ ပညာရှင်တွေက အစပေါ့ သူ့ကို အထီးကျန်တဲ့ အတိုင်း ထားလို့မရဘူး၊ ဆွဲခေါ်ရမယ် ဆိုတာမျိုး ပြောကြတယ်။ သူ့ကို အဝန်းအဝိုင်းထဲ ဆွဲသွင်း လိုက်ရင် ပျော့ပြောင်းလာမယ် ဆိုတာမျိုးလည်း ပြောကြတယ်။ တကယ်ပဲ နအဖ အစိုးရက အထီးကျန် နေပါသလား။

ဖြေ။ ။ အီရန်တို့ မြောက်ကိုရီးယားတို့နဲ့ မြန်မာပြည်ကို ယှဉ်ကြည့် လိုက်ပါ။ ဒီအစိုးရတွေက အထီးကျန် နေတာ မဟုတ်ဘူး။ တကမ္ဘာလုံးက သွားနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ထဲမှာ ရောက်နေတယ်။ ဆိုးရွားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာပေါ့။ ခေတ်မီ လက်နက်တွေ လုပ်နိုင်တယ်၊ ဒေါ်လာတွေ ဘီလျံနဲ့ချီ ရနေတယ် ဆိုတာ ဒီ ဂလိုဘယ်လိုက်ဇေးရှင်းထဲ ရောက်နေလို့ပဲ။

မြန်မာအစိုးရကို အာရှတိုက် တတိုက်လုံးက အစိုးရတွေက ဆက်ဆံ နေတယ်၊ အင်္ဂလန်သံရုံး၊ အမေရိကန် သံရုံးတွေ မြန်မာပြည်မှာ ရှိတယ်။ အနောက်အုပ်စု အကုန်လုံးက သံတမန်ရေးရာ အရ မြန်မာပြည်နဲ့ ဆက်ဆံတယ်။ နောက် ရေနံ ကုမ္ပဏီတွေ၊ တကမ္ဘာလုံးက ကုမ္ပဏီတွေပေါ့ .. ၁၅ နိုင်ငံ ရှိတယ်။ တရုတ် အိန္ဒိယနဲ့ စင်ကာပူတင် ပြောနေတာ မဟုတ်ဘူး။ အဲဒီလို အစိုးရကို အထီးကျန်တယ်လို့ ပြောနေတာကတော့ ကျနော်တို့ကို ယုံတမ်းစကား ပြောနေသလိုပဲ။

မေး။ ။ ဒီတော့ နအဖက အထီးမကျန်ဘူး ဆိုပါတော့။ ကိုဇာနည် ပြောသလိုဆို ဒီလို အထီးမကျန်တဲ့ အစိုးရကို သက်ဆိုး ရှည်အောင် လုပ်နေတဲ့ထဲမှာ အရပ်သား ပညာတတ်တွေလည်း ပါတယ်။ စစ်အစိုးရကို ဝိုင်းကူနေတဲ့ နိုင်ငံတွေလည်း ပါတယ်။ ခုနောက်ပိုင်းမှာ အလှူရှင် နိုင်ငံတွေတောင် ပါတယ်လို့ စွပ်စွဲမှုတွေ ရှိနေတယ်။ ဒါကို ကိုဇာနည် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အာဏာရှင်စနစ်မှာ အမြဲတမ်းဒီလိုပါပဲ။ ဘောင်းဘီ ဝတ်တွေကော ပညာရှင်တွေကော ပါတယ်။ ဒါခုမှ မဟုတ်ဘူး။ ရုရှားမှာပဲ ကြည့်ကြည့် ကျနော်တို့ နိုင်ငံ .. ဦးနေဝင်း ခေတ်တုန်းကလည်း ဒီလိုပဲ။ လက်ရှိဖြစ်လာမယ့် စနစ်တခုကို ဖြစ်လာဖို့ နအဖကို ကူညီနေတာ အရပ်သားတွေ ရှိမယ်၊ ပညာရှင်တွေ၊ စီးပွားရေး သမားတွေ ရှိမယ်၊ တခြား နိုင်ငံတွေလည်း ရှိမယ်၊ ကုလသမဂ္ဂ အရာရှိတွေ ရှိမယ်။ ဒါပေမယ့် ဒီလူတွေက စနစ်ဆိုးကြီး ပေါ်လာပါ စေတော့ဆိုပြီး ကူတာတော့ မဟုတ်ဘူးဗျ။ ရေရှည်မှာ ကောင်းသွားမယ် ဆိုပြီး ကူကြတာပဲ။ ဒါပေမယ့် ဒါ အတိတ်မေ့တဲ့ အမြင်မျိုးလို့ ကျနော်တော့ ထင်တယ်။

မဆလခေတ်မှာ ၂၅ နှစ်လုံးလုံး အရပ်သားတွေ ဝိုင်းကူပြီး တိုင်းပြည် ထူထောင်ဖို့ လုပ်ကြတာပဲ။ ဒါပေမယ့် အဖြေက ရှင်းနေတာပဲ လုံးဝ မအောင်မြင်ဘူး။ နောက်ပိုင်း နအဖ တက်လာပြီး နောက်ထပ် အနှစ် ၂၀ လုံးလုံး၊ စုစုပေါင်း ၄၅ နှစ်၊ အနှစ် ၅၀ လောက် စစ်အစိုးရကို အရပ်သားတွေက ကူပေး နေတုန်းပဲ။ စွမ်းအားရှင် ဆိုတာလည်း အရပ်သားပဲ။ ကြံ့ဖွံ့လည်း အရပ်သားပဲ။ ဦးတေဇတို့လို ကုန်သည် ကြီးတွေ ကလည်း အရပ်သားတွေပဲ။ ပညာရှင်တွေလည်း အရပ်သားတွေ အများကြီး ရှိတယ်။ ဝင်ကူ ကြတာပဲ။ အနှစ် ၅၀ လောက် မအောင်မြင်ခဲ့ တာဟာ နောက်ထပ် အနှစ် ၅၀ လုပ်လည်း အောင်မြင်မှာ မဟုတ်ဘူး။

မေး။ ။ ကိုဇာနည်က အရင်က ပက် (ပ်) စီ အချိုရည်ကို မြန်မာပြည်က ထွက်သွားအောင် လုပ်နိုင်ခဲ့တယ်၊ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ နောက်တော့ မြန်မာပြည် ပြန်ဝင်သွားတယ်။ အဲဒီမှာ စစ်အစိုးရလူ၊ လက်နက်ချသူ ဆိုပြီး အတိုက်အခံ တွေကော၊ တခြား အပြင်က၊ အထဲက ဝိုင်းတိုက်ခိုက်ကြတယ်။ ဒီကနေ့ ခင်ဗျားက စစ်အစိုးရ ဆန့်ကျင်တဲ့ ကိစ္စကို ဆန့်ကျင် နေသေးလား။ ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်လုပ် ဦးမှာလား။ ဒီနေ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဖြေ။ ။ ပထမ ပြန်သွားတဲ့ကိစ္စကို ပြောချင်တယ်။ ပြန်တာက ဒူးထောက်တာ မဟုတ်ဘူး။ ဒါ လုံးဝ ပြောနိုင်တယ်။ နောက်တခုက ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူးဆိုတာ အားလုံး လက်ခံတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မအောင်မြင်ဘူး ဆိုပြီး စွန့်ခဲ့တဲ့ ဗျူဟာတခုကို ဆက်မလုပ်တော့ဘူး။ နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျနော် လုပ်နေတာက ကျနော့် ရည်ရွယ်ချက်က မြန်မာ့ အဝန်းအဝိုင်းထဲမှာ အတွေးအခေါ် လွတ်လပ်တဲ့ ယဉ်ကျေးမှု အစဉ်အလာ တခု ပြန်ပေါ်ပေါက်လာအောင် လုပ်လာနိုင်ဖို့ပဲ။ ကျနော့် ရည်ရွယ်ချက်က နိုင်ငံရေး မဟုတ်ဘူး။ တိုးတက်တဲ့ လွတ်လပ်တဲ့ ယဉ်ကျေးမှုတခု တည်ဆောက်နိုင်ဖို့ပဲ။ ကျနော်တို့ဆီမှာ အရင်က ရှိခဲ့ဖူးတယ်။ ယောမင်းကြီး ဦးဖိုးလှိုင်တို့၊ မြဝတီမင်းကြီး ဦးစ၊ လက်ဝဲ သုန္ဒရတို့၊ အနန္ဒသူရိယ အမတ်ကြီးတို့ ..၊ သူတို့က တကယ့်ကို လွတ်လပ်တဲ့ အတွေးအခေါ် ရှိခဲ့တာပဲ။ အရင်က ရှိခဲ့ဖူးတဲ့ အစဉ်အလာကို ပြန်ပေါ်လာအောင် တွန်းချင်တယ်။

မေး။ ။ ခင်ဗျားကို လူတော်တော်များများက ဝိုင်းကျဉ်ခဲ့ကြတယ်၊ ဒီဘက်က အတိုက်အခံတွေ ကလည်း ကျဉ်ခဲ့ကြတယ်၊ ဒါပေမယ့် မြန်မာပြည်မှာ တခုခုဖြစ်တဲ့ အချိန်မှာ ခင်ဗျားရဲ့ ထင်မြင်ချက် တွေကို ပြန်တောင်းရတာတွေ ရှိတယ်။ ဧရာဝတီက အစပေါ့။ အဲဒီတော့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်အတွင်း ခင်ဗျားကိုယ် ခင်ဗျား ဘယ်လို သုံးသပ်မိလဲ။ အထီးကျန် ခဲ့ရတာမျိုးတွေ ရှိလား။

ဖြေ။ ။ ကျနော်ထင်တာတော့ အတွေးအခေါ် လွတ်လပ်မှုက နစ်နာမှုတွေ အမြဲတမ်းရှိတယ်။ ကိုယ်ပြော နေတာကို လူတိုင်းက အမြဲတမ်း ကြိုက်မှာ မဟုတ်ဘူး။ လူကတော့ ကြိုက်တဲ့အခါ လက်ခုပ် တီးမှာပဲ၊ မကြိုက်တဲ့အခါ တံတွေးနဲ့ ထွေးမယ်၊ ပြောင်းဖူးရိုးနဲ့ ပစ်မယ်။ နိုင်ငံရေးအရ လုပ်နေတယ် ဆိုရင်တော့ အမြဲတမ်း လူများကြိုက်တဲ့ နေရာမှာ နေရမှာပေါ့။ သေနတ်ရှိတဲ့သူက အာဏာယူ၊ သေနတ်မရှိတဲ့ သူက လူများကြိုက်အောင် နေပေါ့။ ကျနော်က နိုင်ငံရေး လုပ်မှာလည်း မဟုတ်ဘူး၊ အာဏာယူမှာလည်း မဟုတ်ဘူး။ ကျနော်က အတွေးအခေါ် လွတ်လပ်မှုကို နံပါတ် ၁ နေရာက ထားပြီး လုပ်နေတာ။ ကျနော့် တယောက်တည်း အတ္တနဲ့ လုပ်နေတာလဲ မဟုတ်ဘူး။ ယဉ်ကျေးမှု အစဉ်အလာအရ ဒီမိုကရေစီ လမ်းကြောင်းမှာ အတွေးအခေါ် လွတ်လပ်မှုမပါဘဲ သွားလို့မရဘူး။

ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ မှန်တယ်လုပ်လို့ မရသလို၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်သမျှ မှန်တယ် ဆိုပြီး အမိန့်မှန်သမျှ နာခံနေရင်လည်း ငါးပါး မှောက်မှာပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် တက်လာရင် လည်း ဝေဖန်မှာပဲ။ ဝေဖန်တယ်ဆိုတာ ပုဂ္ဂိုလ်ကို စော်ကားတာ မဟုတ်ဘူး။ အဲဒီ သဘောထားလေး ပေါ်လာခဲ့ရင် ကျနော်တို့ ယဉ်ကျေးမှု တိုးတက်တယ်လို့ ပြောလို့ရမယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံကြ ဆိုတဲ့ စကားကို ခင်ဗျား မကြာခဏ ပြောဖူးတယ်နော်။ ခင်ဗျား အဲဒီအယူအဆကို အခုကော လက်ခံလား။

ဖြေ။ ။ ဟုတ်တယ်။ လက်ခံတယ်။ လူတွေ နားမလည်တာက ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တယ် ဆိုတာက စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူ့အယူအဆ မှားသွားတယ် ဆိုတာမျိုး ပြောတာ။ သူ့အယူအဆကို လက်မခံကြနဲ့လို့ ပြောတာ မဟုတ်ဘူး။ ဒါကို ခွဲခြားသိဖို့ လိုတယ်။ နောက်တခုက ဗိုလ်ချုပ် ကြီးတွေနဲ့ စကားပြောတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ပတ်သက်လာရင် သဘောထား မှန်တယ်၊ သူ့ကို လက်တွဲခေါ်ပါ ဆိုတာကို အမြဲ ပြောခဲ့တယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စော်ကားတာ မဟုတ်ဘူး။ ဝေဖန်တာက သူ့ရဲ့ အယူအဆကို လေးလေးနက်နက် ထားပြီးတော့ သဘော မတူတာကို ပြောတာ။ တကယ်တမ်း ပြောရရင် နိုင်ငံရေး လုပ်တဲ့ သူတွေက ဝေဖန်တဲ့ သူတွေကို တန်ဖိုး ထားသင့်တယ်။ အထူးသဖြင့် စေတနာနဲ့ ဝေဖန်ရင် ပိုတန်ဖိုးထားသင့်တယ်။

မေး။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်ပါသလဲ။ တချို့က ခေါင်ကို ဖြိုရမယ်လို့ မြင်ကြတယ်၊ အတိုက်အခံတွေ ဆိုရင်လည်း အကြမ်း မဖက်တဲ့ နည်းနဲ့ စစ်အစိုးရကို စိမ်ခေါ်ဖို့ ကြိုးစားကြတယ် အဲဒီနှစ်ခုကို ဘယ်လို မြင်လဲ။

ဖြေ။ ။ နိုင်ငံထူထောင်ဖို့ လုပ်တာက အကြမ်းဖက်ရမယ်၊ အကြမ်းမဖက်ရဘူး ဆိုတာ ကတော့ ကိုယ် ရောက်နေတဲ့ နေရာနဲ့ပဲ ဆိုင်တယ်။ ကျနော့် အနေနဲ့တော့ အကြမ်းဖက်ပါ၊ အကြမ်မဖက်နဲ့ ဆိုတာ ပြောခွင့် မရှိဘူး။ တကမ္ဘာလုံးမှာဗျာ နိုင်ငံတခု ထူထောင်ဖို့ လုပ်တာ နည်းမျိုးစုံနဲ့ လုပ်ကြတာပဲ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြတာကို ကျနော် ပြောစရာမရှိဘူး။ ကျနော် ကိုယ်တိုင်ကတော့ လုပ်ချင်မှ လုပ်မှာပေါ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိစ္စကတော့ တပ်မတော်သားတွေ နဲ့ပဲ ဆိုင်တယ်။ သူတို့ ဘယ်သူ့ လက်အောက်မှာ နေချင်တာလဲ။ ဘယ်လို ခေါင်းဆောင်မျိုးကို သူတို့ လိုချင်တာလဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အရမ်းဆိုးရွားတဲ့ ခေါင်းဆောင် ကို လက်ခံမှာလား၊ တိုင်းပြည်ပေါ်မှာ စေတနာရှိတဲ့သူကို လက်ခံမလားဆိုတာ သူတို့ အပေါ်မှာ မူတည်တယ်။ ကျနော့် အမြင်အနေနဲ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုင်းပြည်အတွက် ဘယ်လိုမှ တန်ဖိုး မရှိဘူးလို့ မြင်တယ်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့