Tuesday, December 14, 2010

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း


















Reference IDCreatedReleased ClassificationOrigin
08RANGOON44 2008-01-18 10:102010-12-09 21:09CONFIDENTIALEmbassy Rangoon


VZCZCXRO5943
PP RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0044/01 0181034
ZNY CCCCC ZZH
P 181034Z JAN 08
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC PRIORITY 7059
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 0842
RUEHNE/AMEMBASSY NEW DELHI 4402
RUEHUL/AMEMBASSY SEOUL 7933
RUEHKO/AMEMBASSY TOKYO 5494
RHEHNSC/NSC WASHDC
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 1282
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
Friday, 18 January 2008, 10:34
C O N F I D E N T I A L SECTION 01 OF 03 RANGOON 000044
SIPDIS
SIPDIS
DEPT FOR P, EAP/MLS AND IO
PACOM FOR FPA
EO 12958 DECL: 01/16/2018
TAGS PGOV, PREL, BM
SUBJECT: CHINESE LOSING PATIENCE WITH BURMA
Classified By: CDA Shari Villarosa for Reasons 1.4 (b) & (d)

အကြောင်းအရာ။ ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း။
လျှို့ဝှက် မှတ်တမ်းဖြည့်သွင်းသူ။ ။ ယာယီသံရုံး တာဝန်ခံ ရှီလာ ဗယ်လာရိုဆာ၊ အကြောင်းပြချက် 1.4 (b) & (d)

၁။ (ဂ) အနှစ်ချုပ်။
သံရုံး ယာယီတာဝန်ခံက တရုတ်နိုင်ငံ သံအမတ်ကြီးကို ဇန်နဝါရီ ၁၇ ရက်က နေ့လယ်စာ ဖိတ်ပါသည်။ (မြန်မာနိုင်ငံတွင်) နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများ ကင်းမဲ့နေခြင်းနှင့် စစ်ဗိုလ်ချုပ်များကို နိုင်ငံအားလုံးက တသံတည်းဖြင့် စတင် စကားပြော လာစေရန် တိုက်တွန်းရန်၊ လေးဖင့်နေမှုများ အဆုံးသတ်ရန် ကိစ္စ ဆွေးနွေးခဲ့ပါသည်။ တရုတ် သံအမတ်က မြန်မာ စစ်အစိုးရကို ကာကွယ် ပြောဆိုရန် မကြိုးပမ်းတော့ပါ။ စစ်ဗိုလ်ချုပ်များက ဆိုးနေသည့် အခြေအနေကို ပိုဆိုးစေရန် လုပ်ဆောင်နေကြောင်း အသိအမှတ်ပြု ပြောသည်။ တရုတ်နိုင်ငံ၏ အခွင့် အလမ်းများကိုသုံး၍ အပြောင်းအလဲများ ဖြစ်ပေါ်လာရန် တိုက်တွန်းခဲ့သော်လည်း မြင်သာသည့် ရလဒ်များစွာ မရခဲ့ပါ။ သို့သော်လည်း မိမိတို့နှင့်အတူ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေး လုပ်ဆောင်ရန် စိတ်ဝင်စားမှု ရှိပါသေးသည်။ သံအမတ်ကြီးက အာဏာနှင့် စီးပွားရေး အကျိုးအမြတ်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေမှုက စစ်ဗိုလ်ချုပ်များကို တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းနှင့် ဝေးနေစေသည်ဟု ဆိုသည်။ အကျဉ်းချုပ်-ဆုံး။

တရုတ်က စိတ်ပျက်နေခြင်း
--------------
၂။ (ဂ) သံအမတ်ကြီး ဂွမ် မူ (Guan Mu) က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ တိုးတက်မှု မရှိခြင်းအပေါ် စစ်အစိုးရကို ကာကွယ်ရန် မကြိုးပမ်းတော့ပါ။ ပြီးခဲ့သည့် နိုဝင်ဘာက တွေ့ဆုံဆွေးနွေးမှုများ မည်သည့် အတွက်ကြောင့် ရပ်ဆိုင်း သွားရသည်ကို မသိကြောင်း သူ ဝန်ခံပါသည်။ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပြင်ပကမ္ဘာသို့ သူတို့ တံခါးဖွင့်ရမည်ကို နားလည်သည်ဟု သူက ဖြည့်စွက်ပြောသည်။ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ သတင်းများ အထက်သို့ မရောက်ကြောင်း လည်းဆိုသည်။ သံဃာများ နိုင်ငံရေးတွင် ပါဝင် ပတ်သက်သည်မှာ ဗုဒ္ဓဘာသာ မဆန်လှကြောင်း ပြောသော်လည်း ဂွမ်က သံဃာများ ပါဝင်လာရခြင်းမှာ မြန်မာနိုင်ငံ အခြေအနေ ဆိုးနေ၍ ဖြစ်ကြောင်း သဘောတူညီသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တာဝန်ပေး ခန့်ထားသည့် ဆက်သွယ်ရေး အရာရှိက ၂-လ ကြာပြီးမှ လွန်ခဲ့သည့် အပတ်က တွေ့ဆုံကြောင်း ထောက်ပြပြောဆိုပြီး ကွာဟမှု "သိပ်ကြာနေကြောင်း" ဝန်ခံပြောဆိုသည်။ တာဝန်ခံက ထောက်ပြရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရှေ့ဆက်ရမည့် ခရီးတွင် တကယ့် အဟန့်အတား ဖြစ်နေကြောင်း ပြောသည်။ သံအမတ်ကြီးက ဗိုလ်ချုပ်သန်းရွှေ အနေဖြင့် လာမည့်နှစ်များတွင် ပို၍ တံခါးဖွင့်ရန် ရှိသည်ဟု ယုံကြည်ကြောင်း တုံ့ပြန် ပြောဆိုသည်။ မြန်မာပြည်သူများ အနေဖြင့် ဤမျှကြာမြင့်စွာ မစောင့်နိုင်ပါဟု တာဝန်ခံက သတိပေး ပြောဆိုပြီး နောက်ထပ် အချိန်ဆွဲမှုများ ဖြစ်နေပါက မငြိမ်မသက် ဆူပူမှုများ ပို၍ ဖြစ်စေရန်သာ ရှိသည်ဟု ထောက်ပြသည်။

၃။ (ဂ) သံအမတ်ကြီး ဂွမ်က ပြောရာတွင် မြန်မာနိုင်ငံသို့လာရောက်ကြသည့် တရုတ် အရာရှိများက ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများကို တွေ့ဆုံ ဆွေးနွေးမှု အရှိန်မြှင့်ရန် တိုက်တွန်း ကြကြောင်းနှင့် နောက်ပြန်ဆုတ် မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ခံမည် မဟုတ်ကြောင်း သတိပေးခဲ့ကြသည်။ သူက သဘောတူညီ သည်မှာ အင်အားစုအသီးသီးက စ၍ စကား ပြောဆိုသင့်ပြီး မိမိတို့ အနေဖြင့် အပြုသဘောဆောင်သည့် ဝေဖန်ချက်များ လုပ်ရန် တိုက်တွန်းသည်။ တာဝန်ခံက ပြောရာတွင် "စတင်စကားပြောရန်" ဆိုသည်မှာ အလွန် အပြုသဘောဆောင်သည့် အကြံပြုချက်ဖြစ်ပြီး အမှန်တကယ် ပြောဆိုဆွေးနွေးနိုင်ပါက ကမ္ဘာက ကြို ဆိုကြမည်သာ ဖြစ်သည်။ အကယ်၍ စစ်ဗိုလ်ချုပ်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှုအပေါ် လေးနက်ပါက နေ့စဉ်တွေ့ဆုံ စကား ပြောနေသင့်သည်။ ဒေါ်အောင်ဆန်းစုကြည် သာမက တိုင်းရင်းသား ခေါင်းဆောင်များ၊ အခြား စိတ်ပါဝင်စားသူ နိုင်ငံသား များနှင့်လည်း ပြောဆို ဆွေးနွေး နေသင့်သည်ဟု ပြောသည်။ လူတဦးနှင့် ၂-လကြာပြီးမှ တနာရီကြာ တခါ ဆွေးနွေးသည်မှာ ဟန်ပြသာ ဖြစ်ကြောင်း၊ မလေးနက်ကြောင်း တာဝန်ခံက ပြောသည်။ ထို့ပြင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အခြားမည်သူနှင့်မျှ တွေ့ခွင့် မပေးကြောင်း၊ စစ်အစိုးရ သူ့အပေါ် သက်ညှာ လွတ်လပ်ခွင့်ပေးပါက လူအမျိုးမျိုးထံမှ အကြံဉာဏ်များ တိုင်ပင်ရယူနိုင်မည် ဟု သူကဆိုသည်။

ထိန်းချုပ်မှုနှင့် ဆူပူမငြိမ်သက်မှုများ
-------------------
၎။ (ဂ) ဂွမ်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ မစတင်နိုင်ရခြင်း ကြောင့်ကြမှု ၂-ခုအဖြစ် အာဏာ လက်လွတ်မည်နှင့် စီးပွားရေး အကျိုးစီးပွားများ လက်လွှတ်ရမည်ကို ရွံ့စိတ်ကို ရည်ညွှန်း ပြောကြားသည်။ ဂွမ်က အကြံပေးရာ၌ ထိပ်တန်း ခေါင်းဆောင်များကို "သူတို့ အသက် ဆုံးရှုံးရမည် မဟုတ်ကြောင်း" အာမခံ ပေးနိုင်ပါက၊ စီးပွားရေး အကျိုးစီးပွားများ ဆက်ရှိမည်ဆိုပါက တဖြည်းဖြည်းချင်း အာဏာ လက်လွှတ်ရန် စိတ်ဝင်စားဖွယ် ရှိသည်ဟု ဆိုသည်။ စီးပွားရေး အကျိုးအမြတ်များက စစ်ဗိုလ်ချုပ်များနှင့် သူတို့ မိသားစုဝင် များအတွက် ပို၍ အရေးပါပုံ ရသည်ဟု သူက ပြောသည်။ ဤအချက်များကို ညှိနှိုင်းဆွေးနွေး၍ ရနိုင်ကြောင်း တာဝန်ခံက တုံ့ပြန်ပြီး ယခုပင် စဖို့ လိုသည်ဟု ထပ်ပြောသည်။ အကယ်၍ လူထု မကျေနပ်မှုကြီးလာပြီး ဆူပူ မငြိမ်သက်မှုများ ဖြစ်ပွားလာပါက ညှိနှိုင်း ဆွေးနွေးစရာ ကျန်တော့မည် မဟုတ်ဟု သူက ဖြည့်စွက်ပြောသည်။

၅။ (ဂ) စစ်ဗိုလ်ချုပ်များက သူတို့လမ်းပြမြေပုံအတိုင်း ဆက်သွားလိုကြောင်း ဂွမ်က ပြောသည်။ တာဝန် ခံက အကြံပြုရာတွင် ကျန်ရှိသည့် အဆင့်တိုင်း၌ လူအများကို ပို၍ ပူးပေါင်း ပါဝင်ခွင့်ပေးပြီး သူတို့လမ်းပြ မြေပုံအတိုင်း ဆက်သွားနိုင်ကြောင်း၊ ယခု လက်ရှိဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲရေး အဆင့်၌ပင် ဆောင်ရွက်နိုင် ကြောင်း ပြောသည်။ ဤအတွက်ကြောင့် လမ်းပြမြေပုံ လုပ်ငန်းစဉ်ကို အချိန်ပို ယူရနိုင်သော်လည်း နောက်ဆုံး လူအများ လက်ခံနိုင်သည့် ရလဒ် ထွက်ပေါ်လာဖွယ် ရှိကြောင်း၊ အားလုံးအတွက် ကောင်းကြောင်း ပြောသည်။ လမ်းပြမြေပုံ လုပ်ငန်းစဉ်သည် လူအများ မြင်တွေ့လိုသော တည်ငြိမ်မှု ပေးနိုင်ဖွယ် မရှိကြောင်း တာဝန်ခံက ပြောသည်။ အကြောင်းမှာ ဒီမိုကရေစီရေး ထောက်ခံသူများနှင့် တိုင်းရင်းသား လူနည်းစုများ၏ လိုလားချက်များကို ထည့်သွင်း မထားသောကြောင့် ဖြစ်သည်။ ယခင် အစည်းအဝေးတွင် သူဆွေးနွေးခဲ့သလို လမ်းပြ မြေပုံလျင်မြန်အောင် ဆောင်ရွက်မှုဖြင့် နာမည်ယူမည့် အစား ဤသို့ ဆောင်ရွက်သင့်သည်ဟု ပြောရာ ဂွမ်က သဘောတူကြောင်း ခေါင်းငြိမ့်သည်။ တရုတ်နိုင်ငံက တည်ငြိမ်မှုကို မြင်တွေ့လိုကြောင်း ထပ်၍ ပြောကြားသည်။ တာဝန်ခံက ပြောရာတွင် လာမည့်လများတွင် ဆန္ဒပြပွဲများ ထပ်၍ တွေ့ရဖွယ်ရှိကြောင်း၊ အမှန်တကယ် တွေ့ဆုံ ဆွေးနွေးမှုများကို လူအများ မမြင်ရပါက ဖြစ်ဖွယ်ရှိကြောင်း ပြောသည်။ သူက ပြဿနာအများစုကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောသည်။ အင်အားစု အများနှင့် စကားပြောရန်၊ ဆက်၍ ပြောရန်သာ လိုကြောင်း ပြောသည်။

၆။ (ဂ) သဘာဝဓာတ်ငွေ့နှင့် ရေနံ ရောင်းရငွေမှ ဘဏ္ဍာငွေ တိုးတက်ရရှိလာသော်လည်း မြန်မာ ပြည်သူများ ကောင်းကျိုး အတွက် စစ်အစိုးရက မည်သို့မျှ ဆောင်ရွက်မပေးခဲ့ကြောင်း ဂွမ်က အသိအမှတ်ပြုသည်။ ဂြိုဟ်တု စလောင်းများအပေါ် အခကြေးငွေ များစွာ မြှင့်တင်လိုက်သည့် အတွက် စစ်အစိုးရကို လူထုက နောက်ထပ် ပြဿနာရှာ နိုင်ကြောင်းလည်း အသိအမှတ်ပြုသည်။ ဤဆောင်ရွက်ချက်သည် လူများကို သတင်း ဖြတ်တောက်ရန် ဖြစ်သော်လည်း သူတို့ ထွက်ပေါက်ကလေး ဖြစ်နေသည့် ဘောလုံးပွဲနှင့် ကိုရီးယား ဇာတ်လမ်းတွဲများနှင့်ပါ မထိတွေ့ရအောင် ပိတ်ပင်ရာ ကျကြောင်း တာဝန်ခံက ပြောသည်။ အစိုးရက အလွန်ဖိနှိပ်ရာ ကြိုးပမ်းလျှင် ပေါက်ကွဲတတ်ကြောင်း တရုတ်နိုင်ငံ အနေနှင့် သင်ခန်းစာ ယူမိသည်။ မြန်မာနိုင်ငံတွင် ဆူပူ မငြိမ်သက်မှု အန္တရာယ်ရှိနေကြောင်း သူနားလည်သည်ဟု ဂွမ်ကဆိုသည်။

၇။ (ဂ) ဂွမ်က လွတ်လပ်ရေးရပြီး ပထမ ၁ဝ-နှစ်နှင့် ဦးနေဝင်း၏ ၁၉၈၈ က ဒီမိုကရေစီ ပြောင်းလဲရေး ကြိုးပမ်းခဲ့ပုံကို ကိုးကား၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အလုပ်ဖြစ်နိုင်မည်-မဖြစ်နိုင်မည်ကို မေးခွန်း ထုတ်သည်။ တာဝန်ခံက ရှင်းပြရာ၌ နိုင်ငံ အများစုမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အလားတူ လှုပ်ရှား ရုန်းကန် ခဲ့ရကြောင်း၊ ယခုလက်ရှိ ဗိုလ်ချုပ်များသည်ပင် ၁၉၈၈ မှစ၍ ယခုတိုင် ပိတ်ဆို့ ထားခဲ့သူများ ဖြစ် ကြောင်း သတိပေးပြောကြားသည်။ မြန်မာ လူထုများအနေဖြင့် အတိတ်က သင်ခန်းစာယူပြီး သူတို့အနာ ဂတ်တွက် ပြောရေးဆိုခွင့် ရှိပါက တည်ငြိမ်မှုကို ထိန်းသိမ်း လိုလိမ့်မည်ဟု တာဝန်ခံက ပြောကြားသည်။ ဂွမ် က အချို့သော ပြဿနာများတွင် အပြင်က ဝင်ဆုံးဖြတ်ရန် မသင့်ဟု ပြောသည်။ ဥပမာ-မိသားစုတွင်းက လိင်ကိစ္စ ပြဿနာမျိုး ဖြစ်သည်။ တာဝန်ခံက သဘောတူပြီး ပြင်ပပုဂ္ဂိုလ်များ၏ တာဝန်မှာ အင်အားစုများကို စကားပြောဆိုရန် တိုက်တွန်းရန်သာ ဖြစ်သည်။ မည်သည့်ကိစ္စများ ဆွေးနွေးသည်၊ သဘောတူသည်မှာ သူတို့ကိစ္စသာ ဖြစ်သည်။ တာဝန်ခံက တရုတ်နိုင်ငံအနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း၍ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုများ ယခုပင် ဖြစ်မြောက်ရန်၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်းများမှ လူများ လက်ခံသည့် ရှေ့ဆက်သွားနိုင်သည့်လမ်း ထွက်ပေါ်လာသည့်တိုင် တိုက်တွန်းပေးဖို့ ပြောသည်။

ကြံ့ဖွံ့နှင့် တွေ့ပါ။ NLD နှင့် မတွေ့ပါနှင့်
--------------------------
၈။ (ဂ) တာဝန်ခံက မှတ်ချက်ပေးရာတွင် မကြာမီကလာသော တရုတ်ဧည့်သည်များ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (စစ်အစိုးရ၏ လူထုအဖွဲ့အစည်း- USDA) နှင့်သာ များစွာ အချိန်ပေးသည်ဟု ပြောသည်။ တရုတ်နိုင်ငံ၏ ပင်မ နိုင်ငံရေးပါတီ ၈-ခုအနက်မှ အဆင့်မြင့် အရာရှိနှင့် ပြည်သူ့ ကွန်ဂရက်မှ ဟီ လူလီ (He Luli) ကို ဂွမ်က ဖော်ပြ ပြောဆိုသည်။ ဂွမ်က USDA အနေဖြင့် နိုင်ငံရေးပါတီ တခုအဖြစ် ပြင်ဆင်နေသည်ဟု မယုံကြည်ကြောင်း ပြောသည်။ သူက မှတ်ချက်ပြုရာ၌ USDA တွင် အဖွဲ့ဝင် ၂၄ သန်းရှိပြီး ၆ဝ% မှာ အသက် ၁၈-နှစ်အောက် ဖြစ်သည်။ သို့အတွက်ကြောင့် မဲမပေးနိုင်ကြပါ။ တာဝန်ခံက ဂွမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တွေ့နိုင်သလောဟု မေးသည်။ ဂွမ်က "အစိုးရက ခွင့်ပြုမည် မထင်ကြောင်း" မြန်မာအစိုးရကို ရည်ညွန်း၍ အမြန် ပြန်ဖြေသည်။

၉။ (ဂ) နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့ NLD နှင့် "များစွာ" တွေ့ဆုံခဲ့သည်ကို စောဒက တက်ကြောင်း တာဝန်ခံက ပြောသည်။ တရုတ်များကိုလည်း အလားတူ ပြောဆိုမှု ရှိ-မရှိ မေးသည်။ သူက ပြုံး၍ မရှိဟု ခေါင်းကို ယမ်းပြသည်။ NLD ထံသို့ တာဝန်ခံ သွားလည် ခဲ့သလားဟု မေးသည်။ သူက ရှိသည်ဟု ဖြေသည်။ သူက သံအမတ်ကြီးကို NLD အဖွဲ့ဝင်များနှင့် မိတ်ဆက် ပေးလိုကြောင်း ဖြည့်စွက် ပြောသည်။ သူက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေထံမှ စာတစောင် လက်ခံရရှိဖူးကြောင်း၊ တွေ့ဆုံဆွေးနွေးခွင့် တောင်းထားသော်လည်း မချိန်းဆို ရသေးကြောင်း၊ သို့သော်လည်း အမျိုးသားနေ့ အခမ်းအနားတွင် တွေ့ဆုံစဉ်က လက်ဆွဲ နှုတ်ဆက်ဖူး ကြောင်း ပြောသည်။ သူက မှတ်ချက်ပေးရာ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် NLD နှင့် တာဝန်ခံတွေ့ဆုံ မှုကို ပိတ်ပင် တားဆီးမည် မဟုတ်ကြောင်း၊ များစွာ မတွေ့ဆုံရန်သာ အကြံပေးကြောင်း ပြောသည်။ အစိုးရနှင့် မတူသည်မှာ NLD က မိမိတို့နှင့် တွေ့ဆုံ စကားပြောလို သောကြောင့် မိမိတို့ကလည်း ပုံမှန် တွေ့ဆုံနေကြောင်း တာဝန်ခံက ပြောသည်။ တရုတ်အရာရှိများက ထိပ်တန်း ခေါင်းဆောင်များ အနေဖြင့် (US) တာဝန်ခံနှင့် တွေ့ပါရန် အကြံပေးထားသည်ဟု ဂွမ်က ပြောသည်။ ဗိုလ်ချုပ် သန်းရွှေက တွေ့ပါမည်ဟု တရုတ် ဒု-နိုင်ငံခြားရေး ဝန်ကြီးကို ဖြေဆိုခဲ့သည်။

၁ဝ။ (ဂ) မှတ်ချက်။ သန်းရွှေ စစ်အစိုးရ၏ လေးဖင့်နေမှုအပေါ် တရုတ်ကလည်း စိတ်ပျက်နေ သည်မှာ အထင် အရှား ဖြစ်သည်။ ဒီမိုကရေစီ၊ ဆန္ဒပြပွဲများ၊ နိုင်ငံရေး တက်ကြွသူ သံဃာများကြောင့် သူတို့စိတ် မသက်မသာ ဖြစ်သော်လည်း စစ်ဗိုလ်ချုပ်များက ဆွေးနွေးရန် ငြင်းဆန်နေသမျှ နောက်ထပ် မတည်ငြိမ် ဆူပူမှုများအန္တရာယ် တိုးလာနေကြောင်း သူတို့ သဘောပေါက်သည်။ ဤ မတည်ငြိမ် ဆူပူမှုများသည် ဤနိုင်ငံတွင်းရှိ တရုတ် စီးပွားရေး အကျိုးစီးပွားကို မလွဲမရှောင်သာ ထိခိုက်စေမည် ဖြစ်သည်။ တည်ငြိမ်မှုကို မြှင့်တင်မည် ဆိုလျှင် မြန်မာနိုင်ငံ အရေး၌ မိမိတို့ ချဉ်းကပ်မှုဘက်သို့ ပို၍ နီးစပ်လာရန် ရှိသည်။ ဤနိုင်ငံတွင်းရှိ သူတို့ အကျိုးစီးပွားများကို ကာကွယ်ရန် စစ်ဗိုလ်ချုပ် များကိုချည်း အားထားရန် မဖြစ်နိုင်ပါ။ ဒီမိုကရေစီရေး ထောက်ခံသူများ အပါအဝင် အချို့ကြားခံ အုပ်စုများကို ငြိမ်းချမ်းရေးအတွက် အဖြေထည့် သွင်း စဉ်းစားရမည် ဖြစ်ကြောင်း သဘောပေါက်သည်။ ဤဆွေးနွေးမှု များသည် ယခုပင် စတင်ရန် လိုအပ်နေ သည်။ စစ်ဗိုလ်ချုပ်များ သူတို့အနာဂတ်အတွက် စိုးရိမ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ သို့အတွက် ကြောင့် တိတ်တဆိတ် ကာကွယ်မှုအတွက် အာမခံချက် ပေးခြင်းဖြင့် သူတို့ကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်း သို့ ခေါ်လာနိုင်ဖွယ် ရှိသည်။ တရုတ် နိုင်ငံကလည်း သူတို့ကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းသို့ ခေါ်လာနိုင်စေ ရန် ဆန္ဒတူ ရှိနေသည်။ တရုတ် သံအမတ်ကြီးက မိမိတို့နှင့် ဆက်၍ လုပ်ကိုင်ရန် စိတ်ဝင်စားမှု ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြသည်။

ဗယ်လာရိုဆာ


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့