Friday, December 17, 2010

မြန်မာနိုင်ငံ- မြန်မာ-မြောက်ကိုရီးယား ညူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ဆွေးနွေး ပြောဆိုချက်


















Reference IDCreatedReleased ClassificationOrigin
09RANGOON732 2009-11-10 09:092010-12-09 21:09SECRETEmbassy Rangoon



VZCZCXYZ0001
OO RUEHWEB
DE RUEHGO #0732 3140935
ZNY SSSSS ZZH
O 100935Z NOV 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9588
INFO RUEHBK/AMEMBASSY BANGKOK 3096
RUEHBJ/AMEMBASSY BEIJING 2410
RUEHBY/AMEMBASSY CANBERRA 2328
RUEHLO/AMEMBASSY LONDON 2246
RUEHMO/AMEMBASSY MOSCOW 0128
RUEHFR/AMEMBASSY PARIS 0616
RUEHUL/AMEMBASSY SEOUL 9386
RUEAIIA/CIA WASHDC
RUEKJCS/DIA WASHDC
RHEHNSC/NSC WASHDC
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 2757
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
Tuesday, 10 November 2009, 09:35
S E C R E T RANGOON 000732
SIPDIS
DEPT FOR EAP/MLS, INR/EAP
PACOM FOR FPA
EO 12958 DECL: 11/10/2019
TAGS KNNP, PARM, PREL, NPT, PGOV, PINR, KN, BM
SUBJECT: BURMA: ANOTHER CONVERSATION ABOUT BURMA-DPRK
NUCLEAR ISSUE
REF: RANGOON 502
Classified By: CDA Larry Dinger for Reasons 1.4 (b) & (d)

အကြောင်းအရာ။ ။မြန်မာနိုင်ငံ- မြန်မာ-မြောက်ကိုရီးယား ညူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ဆွေးနွေး ပြောဆိုချက်

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ CDA လာရီ ဒင်းဂါး (Larry Dinger) အကြောင်းပြချက် 1.4 (b) & (d)

၁။ (S) မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုသည် " ငြိမ်းချမ်းသော ညူကလီးယား ပူပေါင်းဆောင်ရွက်မှု" သာ ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် သြစတေးလျ သံအမတ်ကြီး ချန်သို့ သတင်းပေးပို့ခဲ့သူ [အမည်ဖယ်ထား] က အဖြစ်အပျက်ကို [အသေးစိတ်ဖယ်ရှားထား] ပြောကြားလာခဲ့ရာ ဇာတ်လမ်းတခုလုံး [အသေးစိတ်ဖယ်ရှားထား] ပြောင်းလဲသွားခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့ သံအမတ်ကြီး ချန်နှင့် စကားပြောဆို ရာတွင် "နားလည်မှုလွဲသွားခြင်း" ဟု [အမည်ဖယ်ရှားထား] က ပြောဆိုခဲ့သည်။ သြဂုတ်လ သတင်း ထွက်ပေါ်မှု အပေါ် သံအမတ်ချန်က ဗြောင်ကျကျ တုံ့ပြန် ပြောဆိုခဲ့သည့်နောက်ပိုင်းတွင် [အမည်ဖယ်ရှားထား] က နေပြည်တော် ဝန်းကျင်တွင် ဆက်လက်စုံစမ်းခဲ့သည်။ (မြန်မာအစိုးရသည် မြောက်ကိုရီးယားနှင့် ညူကလီးယားပူးပေါင်း ဆောင်ရွက် ခြင်းအား လက်ခံနိုင်သော လုပ်ရပ်တခုအဖြစ် စဉ်းစားချက်အပေါ် ချန်က အံ့သြတကြီး တုံ့ပြန်ခဲ့သည်။) [အသေးစိတ် ဖယ်ရှားထား] ယခု ပြောဆိုနေသည်မှာ မြန်မာအစိုးရနှင့် မြောက်ကိုရီးယားအစိုးရ ပြောဆိုမှုများသည် "အချက် အလက် ရှာဖွေလေ့လာရေး အဆင့်" မျှသာ ရှိသေးကြောင်း သိရသည်။ [အမည်ဖယ်ရှားထား] က တိုက်ရိုက် ညူကလီးယား ပူးပေါင်းဆောင်ရွက်မှု တစုံတရာ ရှိနေပြီဟု အတည်ပြုနိုင်ခြင်း မရှိပေ။ [အသေးစိတ်များဖယ်ထား] တွင် သာဓကအားဖြင့် ကန်နမ် ၁ ကိစ္စနှင့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဇူလိုင်လ၊ ဖူးကက်မြို့၌ မှတ်ချက်ပေးခဲ့ သည့်အတိုင်း " ကိစ္စအားလုံးကိုယာယီ ရွှေ့ဆိုင်းထားသည်" ဟူ၍ ဖြည့်စွက်ပြောသည်။

၂။ (S) [အမည်ဖယ်ရှားထား] က ညူကလီးယားဓါတ်ပေါင်းးဖိုတည်ဆောက်ရန်အတွက် ရုရှနိုင်ငံသည် မြန်မာအစိုးရ အတွက် အဓိက လက်တွဲလုပ်ကိုင်ဖက်တဦးဖြစ်နေကြောင်း၊ သို့သော် [အသေးစိတ်များဖယ်ထား] က တိုးတက်မှု တစုံတရာ မရှိသေးဟု ပြောဆိုခဲ့သည်။ ရုရှက စီးပွားရေးအပေးအယူကိစ္စတခု ကမ်းလှမ်းခဲ့သော်လည်း မြန်မာ အစိုးရ တွင် ဝယ်နိုင်အား မရှိခဲ့ပေ။ သြစတေးလျနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများက မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ရှိကြသည်။ ထို့အတွက် "ဘာကြောင့် အထူးတလည် စိုးရိမ်နေရသနည်း။" ဟု [အမည်ဖယ်ရှားထား] က ဖြည့်စွက် ပြောဆိုခဲ့သည်။

မှတ်ချက်

-----------

၃။ (S) မြန်မာနိုင်ငံတွင် ပြဿနာ များစွာရှိနေသည်နှင့်အမျှ ပထမပြောဆိုချက်နှင့် လတ်တလော ပြောဆိုချက်များ သည် [အမည်ဖယ်ရှားထား] အတွက် နောက်ကွယ်မှ အမှန်တရားနှင့် ဖြစ်နိုင်ခြေ ရည်ရွယ်ချက်များကို သိရှိနိုင်ရန် ခက်ခဲသည်။ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော အကြောင်းအရာများ [အသေးစိတ်များဖယ်ထား] သည် ခန့်မှန်း ပြောဆိုချက်များသာ ဟု သံအမတ်ကြီး ချန်က ယခုအချိန်တွင် ယုံကြည်ထားပြီး မှတ်တမ်းကိုလည်း ပြန်လည် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ မိမိတို့အကြား တေ့တေ့ဆိုင်ဆိုင် ပြောဆိုဆွေးနွေးခြင်းမျိုး မရှိခဲ့ပေ။ သို့သော် [အသေးစိတ် များဖယ်ထား] ပြန်လည် ပြင်ဆင်ပြောဆိုခြင်းများသည် လူသိထင်ရှားဖြစ်ပြီးသော ဇာတ်လမ်းတပုဒ်ကို ငြင်းပယ်နေ ခြင်းထက် သတိလက်လွတ် သုံးသပ်ချက်တခုအပေါ် ပြန်၍ ဖုံးဖိနေသည့်ပုံ ပေါ်နေသည်။ "အားလုံးကိုယာယီ ရွှေ့ဆိုင်းထားရန်"ဟူသော ကန်နမ် ၁ ကိစ္စနှင့် နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်များကြောင့် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နိုင်သည်။ [အမည်ဖယ်ရှားထား] ၏ တခြားမှတ်ချက်များကြောင့် [အမည် ဖယ်ရှားထား] သည် "၎င်းညူကလီး ယား" ကိစ္စရပ်အပေါ် မည်မျှ အကျွမ်းတဝင် သိရှိထားသည်ဟူသော မေးခွန်းထုတ်ဖွယ် ရှိလာသည်။ နောက်ဆုံး ခန့်မှန်းနိုင်ခြေ - မြန်မာအစိုးရနှင့် မြောက်ကိုရီးယားအစိုးရအကြား ပူးပေါင်းဆောင်ရွက် ရှင်းရှင်းလင်းလင်း မရှိသေး ပေ။ တစုံတခုဖြစ်နေသည်ကတော့ အသေအချာပင်။ ၎င်းတစုံတရာတွင် ညူကလီးယား ကိစ္စ ပါဝင်ခြင်း ရှိ-မရှိ ဟူသော မေးခွန်းက သံရုံး အစီရင်ခံမှုများတွင် ထိပ်တန်းဦးစားပေးရမည့် မေးခွန်းဖြစ်နေဆဲပင် ဖြစ်သည်။

DINGER


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့