Tuesday, December 14, 2010

ရောထွေးသတ္တု


















Reference IDCreatedReleased ClassificationOrigin
07RANGOON105 2007-01-30 10:102010-12-09 21:09SECRETEmbassy Rangoon


VZCZCXRO2269
OO RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0105 0301023
ZNY SSSSS ZZH
O 301023Z JAN 07
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 5661
INFO RUCNASE/ASEAN MEMBER COLLECTIVE PRIORITY
RUEHBJ/AMEMBASSY BEIJING PRIORITY 1313
RUEHBY/AMEMBASSY CANBERRA PRIORITY 0143
RUEHUL/AMEMBASSY SEOUL PRIORITY 7241
RUEHKO/AMEMBASSY TOKYO PRIORITY 4815
RUEKJCS/JOINT STAFF WASHDC PRIORITY
RHHMUNA/CDR USPACOM HONOLULU HI PRIORITY
RHEHNSC/NSC WASHDC PRIORITY
RUEKJCS/SECDEF WASHDC PRIORITY
Tuesday, 30 January 2007, 10:23
S E C R E T RANGOON 000105
SIPDIS
SIPDIS
STATE FOR EAP/MLS, EAP/RSP
EO 12958 DECL: 01/11/2017
TAGS PARM, PREL, ETTC, MNUC, BM, CH
SUBJECT: BURMA XXXXXXXXXXXX REPORT SENSITIVE SHIPMENT
Classified By: Econoff TLManlowe for Reasons 1.4 (b) and (d)

အကြောင်းအရာ။ ။ မြန်မာနိုင်ငံ XXXXXXXXXXXX အစီရင်ခံစာ။ မသင်္ကာဖွယ် ပို့ဆောင်မှု
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ စီးပွားရေး အရာရှိ TLManlowe အကြောင်းပြချက် 1.4 (b) and (d)

၁။ (S) အကျဉ်းချုပ်။ ။ သံရုံး၏ အဆက်အသွယ်များ XXXXXXXXXXXX က မိမိတို့ထံ သတင်းဖလှယ်ရာ တွင် XXXXXXXXXXXX မှတ်တမ်းများအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စင်္ကာပူမှတဆင့် "ရောထွေးသတ္တု " (mixed ore) ၁၁၂ မက်ထရစ်တန်ကို ဇန်နဝါရီလ ၂၅ ရက်က ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ XXXXXXXXXXXX က မှတ်ချက်ပြုရာတွင် အာဏာပိုင်များက ဤသင်္ဘောပို့ဆောင်မှုကို အလွန်သတိကြီးစွာ ကိုင်တွယ်ပြီး ယူရေနီယံများ ပါဝင်နိုင်သည်ဟု သံသယဖြစ်ရသည်။ ဤပြောဆိုချက်ကို ထောက်ခံသည့် တိုက်ရိုက်သက်သေ အထောက်အထားများ မိမိတို့ အဆက်အသွယ်တွင် မရှိပါ။ အကျဉ်းချုပ်-ဆုံး။

၂။ (S) XXXXXXXXXXXX က သံရုံးအရာရှိကို ပြောပြရာ၌ XXXXXXXXXXXX က သူ့ကို သတင်းပေးပြော ကြားသည်မှာ ဇန်နဝါရီလ ၂၅ ရက်က ပို့ဆောင်ခဲ့သည့် သတ္တုပစ္စည်းများကို ကိုင်တွယ်ရာတွင် အာဏာကိုင်များ၏ ပြုမူပုံနှင့် ပတ်သက်၍ သူတို့သင်္ကာမကင်းရှိသည်။ XXXXXXXXXXXX ၏ အဆိုအရ ပုံမှန်ထက် လုံခြုံရေး တင်းကျပ်ထားပြီး စောင့်ကြပ်မှု ပိုမြင့်သည်။ အာဏာပိုင်များက ပစ္စည်းများ ရွေ့လျားမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ဆိပ်ကမ်းတွင်း အခြားလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်းကောင်း အထူး အလေးပေး စောင့်ကြည့်ခဲ့ကြသည်။ XXXXXXXXXXXX က ပြောဆိုရာတွင် သတ္တုများကို အချောင်း (ဘလောက်) သဏ္ဌာန်ဖြင့် ပို့ဆောင်ရိုးထုံးစံရှိသော်လည်း အိပ်များတွင်း ဖြည့်သွင်းထားသည့် ပို့ဆောင်ပစ္စည်းများမှာ မြေသားနှင့် ရွှံ့များသဖွယ် ဖြစ်နေသည်။ ဤရောနှောသတ္တုများမှာ မော်ချီးမှလာပြီး ယူရေနီယံ ထွက်ရာဒေသဟုလည်း သူတို့က ပြောဆိုကြသည်။ XXXXXXXXXXXX က ပြောဆိုရာတွင် တရုတ်နိုင်ငံ ဖန်ချန်း (Fang Chen) သို့ ပို့မည်ဖြစ်ပြီး သင်္ဘောလိုင်း (Advance Container Lines) မှာလည်း ပုံမှန်သတ္တုများ ပို့ဆောင်နေကျလိုင်း မဟုတ်ပါ။ အစိုးရပိုင် မြန်မာ ကြယ်ငါးပွင့် သင်္ဘောလိုင်းမှတဆင့် အခြားဆိပ်ကမ်းများသို့ ပုံမှန် ပို့နေကျ ဖြစ်ကြောင်း သူတို့ ပြောဆိုကြသည်။ ပို့ဆောင်သူ မြန်မာ ပတ္တမြားလုပ်ငန်း (Myanmar Ruby Enterprise) မှာ သတ္တုတွင်းဝန်ကြီး ဌာနမှ ၃ဝ% အစုရှယ်ယာပိုင်သည့် ကုမ္ပဏီ ဖြစ်သည်။ XXXXXXXXXXXX

၃။ (S) မိမိတို့ မြင်တွေ့ရသော မှတ်တမ်းများတွင် အဓိကပါဝင်သည့် အချက်အလက်များမှာ သယ်ဆောင် သည့်ယာဉ် Carrier: Advance Container Lines Co., Ltd. ပို့ဆောင်သူ (Shipper): Myanmar Ruby Enterprise (လိပ်စာ) Address: အမှတ် ၂၄/၂၆ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ရန်ကုန်မှ ပို့ဆောင်ခြင်းဖြစ်ပြီး ၂ဝဝ၇ ဇန်နဝါရီလ ၂၅ ရက်တွင် ယာဉ် (Vessel): Kota Teraju ဖြင့် စင်္ကာပူမှတဆင့် ဦးတည်ရာ (Destination): တရုတ်နိုင်ငံ၊ ဖန်ချန်းဆိပ်ကမ်း (Fang Chen) သို့ ပို့ဆောင်မည် ဖြစ်သည်။ ထုတ်ယူမည့်သူမှာ Discharge: Fang Chen, Guang Xi, China Consignee: Yunnan Minmetals Trading Co., Ltd. Address: F/8 No. (408) Beijing Road, Kuming, PR China ဖြစ်သည်။ ပို့ဆောင်မှု (Shipment) တွင် အိတ် ၃ဝ၈ဝ ပါ ကုန်သေတ္တာ ၆-လုံး (စုစုပေါင်း မက်ထရစ် တန် ၁၁၂. ဝဝ၄၉) (112.0049 net metric tons) ပါရှိသည်။ မော်ချီးမှ သတ္တုရိုင်းများ ရောနှော (သံ၊ တန်စတင်၊ ရှီးလိုက် ရောနှောများ) (tin, tungsten, scheelite mixed concentrate) ပါဝင်သည်။ တန်ဖိုး 534,263.37 euros ယူရိုငွေဟု ဖော်ပြထားသည်။

၎။ (S) ဤ ပို့ဆောင်မှုနှင့် ပတ်သက်၍ မိမိတို့တွင် အခြားသတင်း အချက်အလက်များ မရှိပါ။ ထို့အပြင် မှတ် တမ်းများ ယုံကြည်ရမှုအပေါ်တွင်လည်း မပြောနိုင်ပါ။ ရရှိထားသော ဤမှတ်တမ်းများကို စိတ်ဝင်စားသူများ ထံ ဆက်လက် ပေးပို့ရန် အသင့်ရှိပါသည်။

ဗယ်လာရိုဆာ

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့