Monday, February 11, 2013

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် ADB ကူညီမည်

ခင်မျိုးသွယ်
ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံ၏ မြစ်ကြီး သုံးစင်း မှ ရေချိုများအား အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် မြစ်ကြောင်းထိန်းသိမ်းရေးကိစ္စများအတွက် ADB က ဝိုင်းဝန်း ကူညီမည်ဖြစ်သည်။

အဆိုပါ ကိစ္စအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဌ MR. HARUHIKO KUR0DA ဦိးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖေါ်ဝါရီ၇ရက်က နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြ ပါရှိသည်။

ထိုအပြင် စားနပ်ရိက္ခာ ထုတ်လုပ်မှုတွင် အရေးပါသည့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသဖွံ့ဖြိုးရေး အတွက် ကူညီဆောင်ရွက်ရေး၊ အိန္ဒိယ -မြန်မာ - ထိုင်း မော်တော်ကားလမ်း ဖေါက်လုပ်မှု၊ မြန်မာ-လာအို မဲခေါင် မြစ်ကူးတံတား ဆောက်လုပ်မှုနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများတွင် ADB က ကူညီိ ဆောင်ရွက်ရန်တို့ ဖြစ်သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် အခြေ ခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ဆက်သွယ်ရေး လမ်းကြောင်းများ ဖွံ့ဖြိုးမှုနှင့် ရေရှည်စွမ်းအင် ဖွံ့ဖြိုးမှုတို့အတွက် ADBက နည်းပညာနှင့် ငွေကြေး အကူအညီများ ပံ့ပိုးရန်တို့ကို ဆွေးနွေးသည်ဟု အဆိုပါ ယနေ့ထုတ် သတင်းစာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ကိုင်နေသော လျှပ်စစ်စီမံကိန်းများအနက် JVA အဆင့် ၄ခု၊ MOA အဆင့် ၂၅ခု၊ MOU အဆင့် ၂၀တို့ရှိနေပြီးဖြစ်သည်။

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းများအနေဖြင့် MOU အဆင့်သုံးခုရှိပြီး ဖြစ်သည်။ လေစွမ်းအင် သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်းများအနေဖြင့် MOU အဆင့်သုံးခုတို့ကို ဆောင်ရွက်ထားပြီး သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့