Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

Thursday, May 30, 2013

မြန်မာ့ဆန် ဥရောပတွင် ဈေးကွက် ဆက်ချဲ့

ကျော်ခ| May 29, 2013

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးပြီးတဲ့နောက် မြန်မာနိုင်ငံက ထွက်တဲ့ ဆန်ကို ဥရောပနိုင်ငံတွေထဲ ဈေးကွက် ဆက်လက်ချဲ့ထွင်ဖို့ ခြေလှမ်းပြင်နေတယ် လို့ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်တွေကို ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရုရှားနဲ့ ဘယ်ဂျီယံ နိုင်ငံတွေကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ထဲမှာ တင်ပို့နေပြီး လာမယ့် ဘဏ္ဍာနှစ်တွေမှာ တိုးချဲ့ပို့ဆောင်ဖို့ ဆက်သွယ်ကြိုးပမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“အခုလို Sanction ပွင့်လာတော့ ကျနော်တို့ အနေနဲ့လည်း ဈေးကွက်ကို ဖွင့်ရှာလို့လည်း ရတာပေါ့။ ဟိုတုန်းကတော့ ဈေးကွက်ရှိလည်း မလုပ်ရဲဘူးပေါ့ဗျာ၊ လုပ်လို့လည်းမရဘူး။ အခုကတော့ ကျနော်တို့က ဘယ်ဘက်ကိုဖြစ်ဖြစ် ခြေလှမ်း လှမ်းလို့ ရတာပေါ့ဗျာနော်” လို့ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။

ဦးစိန်ဝင်းလှိုင်ဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာလည်း ဒု ဥက္ကဋ္ဌ တာဝန်ယူထားသူ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်က စပြီး ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ အစိုးရလက်ထက်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တိုးတက်မှု၊ လွှတ်တော် ပေါ်ပေါက်လာမှု၊ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်း စတာတွေအပေါ် ထောက်ရှုပြီး ဒီနှစ် ဧပြီလ ၂၂ ရက်နေ့မှာ လက်နက်ရောင်းဝယ်ခြင်းမှအပ ပိတ်ဆို့ထားမှုတွေကို ရုတ်သိမ်းပေးခဲ့ပါတယ်။

မြန်မာ့ ဆန်တွေကို အာဖရိက နိုင်ငံတချို့နဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကိုလည်း ပို့ဆောင်နေပြီဖြစ်ပြီး ဂျပန်နိုင်ငံကိုတော့ ဆန်တန်ချိန် ၅၀၀၀ တင်ပို့ခွင့် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အာဆီယံ နိုင်ငံတွေထဲက အင်ဒိုနီးရှားနိုင်ငံကိုလည်း တင်ပို့တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံကနေ အဓိကထား ပို့နေတာကတော့ ဧည့်မထ ၂၅ မတ်တန် ဆန်အမျိုးအစားဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပကို ဆန်တင်ပို့မှု တန် ၁ ဒသမ ၅ သန်း တင်ပို့နိုင် ဖို့ မျှော်မှန်းထားပြီး လတ်တလော အချိန်အထိတော့ တန် ၁ ဒသမ ၃၉ သန်း တင်ပို့ပြီးနေပြီလို့ သိရပါတယ်။

ဥရောပက စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခံထားစဉ် ကာလမှာ မြန်မာနိုင်ငံက ဆန်တွေကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ အဓိကထား ပို့ဆောင်နေပြီး အိုင်ဗရီကို့စ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံ တချို့ကိုလည်း ရေကြောင်းကနေတဆင့် ပို့ဆောင်ပါတယ်။

မြန်မာ့ဆန်တွေ နိုင်ငံတကာကို ပိုပြီး ခြေဆန့်လာတာနဲ့အမျှ ပြည်တွင်း ထုတ်လုပ်မှုအားလည်း တိုးချဲ့လုပ်ဆောင်နိုင်မှာ ဖြစ်သလို ဆန်စပါးစိုက်ပျိုးတဲ့ နိုင်ငံသားတွေလည်း ပိုပြီးအကျိုးဖြစ်ထွန်းမှာ ဖြစ်တယ်လို့ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။

“လယ်သမားတွေအနေနဲ့လည်း ထုတ်တော့ ထုတ်တယ်၊ ဘယ်မှာရောင်းရမှန်း မသိဘူး။ ခိုးထုတ်နေရတဲ့ အနေအထားကနေပြီး လွတ်လွတ်လပ်လပ် ရောင်းနိုင်တယ်။ နောက်ပြီးတော့ Export Tax ဆိုတာလည်း အရင်လို ထိန်းချုပ်မှု မရှိတော့ဘူးဆိုတော့ ဈေးကွက်မှာလည်း ယှဉ်ပြိုင်နိုင်တာပေါ့။ နိုင်ငံတကာ ကုန်သွယ်မှုအထိ စီးဆင်းမှုမြန်သွားရင် စိုက်ပျိုး ထုတ်လုပ်မှုတွေလည်း ပိုလုပ်နိုင်မှာပေါ့” လို့ ဦးစိန်ဝင်းလှိုင်က ရှင်းပြပါတယ်။

မြန်မာနိုင်ငံက ဆန်စပါး လုပ်ငန်းရှင်ကြီးတွေဟာ ပြည်ပပို့မယ့် ဆန်တွေကို ထိန်းချုပ်ထားပြီး ပြည်တွင်းဈေးကွက်မှာ ဈေးနှိမ်ဝယ်မှုတွေဟာလည်း ဆက်ပြီးရှိနေဆဲပဲ ဖြစ်တယ်၊ ဒီလို လုပ်ဆောင်မှုတွေကြောင့် စပါးစိုက်ပျိုးတဲ့ လယ်သမားတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိနေရတယ်လို့ ဆန်စပါး စိုက်ပျိုးသူတွေနဲ့ ဆန်ကုန်သည်တွေက ပြောဆိုကြပါတယ်။

ဆန်ကုန်သည်တဦးက “ပိုက်ဆံရှိတဲ့လူတွေက ဝယ်ပြီး ဂိုဒေါင်တွေမှာ လှောင်ထားတယ်။ ဈေးကစားတယ်။ လယ်သမားတွေ ဆီမှာကျတော့ ဈေးနှိမ်ဝယ်တယ်။ ဟိုဘက်က ဝယ်လိုအား ရှိလာပြီဆို ရင် ဈေးတင်ပြီးထုတ်တယ်။ အထက်မှာ ပြည်ပပို့ဈေး ဘယ်လောက် ကောင်းကောင်း လယ်သမားတွေက ခံစားခွင့်ရမှာ မဟုတ်ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

အခုလို မြန်မာနိုင်ငံက ဆန်တွေကို ဥရောပ၊ အာရှနဲ့ အရှေ့တောင်အာရှက နိုင်ငံတွေကို တိုးချဲ့ ပို့ဆောင်မှုတွေ ပြုလုပ်နေတဲ့အတွက် လာမယ့် ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၃ သန်းကျော် တင်ပို့နိုင်ဖို့ မျှော်မှန်း တယ်လို့ သိရပါတယ်၊ ဒီအတွက်လည်း ပြည်တွင်းထုတ်လုပ်မှု ပိုများလာနိုင်ဖို့ လယ်သမားတွေကို နည်းပညာ၊ ချေးငွေနဲ့ ဓာတ်မြေသြဇာတွေကို ပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ် သူများ အသင်းကနေ သိရပါတယ်။

ဒါ့အပြင် ပြည်ပ ဝယ်လိုအားကြောင့် ပြည်တွင်းဆန်ဈေးကွက်ကို ထိခိုက်မှု မရှိစေဖို့ အရန်ဆန် ထားရှိမှုနဲ့ လုံလောက်တဲ့ ဆန်ပမာဏ ထားရှိဖို့ကိုလည်း စီမံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု၊ ကုန်သွယ်မှု မြှင့်တင်နိုင်ရေး အတွက် “ဆန်စပါး ညီလာခံ” ကို ဇူလိုင်လ ၂ ၇က်နေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးမှာ ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ကာလ ၁၉၃၃၊ ၁၉၃၄ ကာလတွေမှာ မြန်မာ့ဆန်ဟာ ကမ္ဘာ့ဆန်ဈေးကွက်ထဲကို ဆန်တန်ချိန် ၃ သန်းခွဲအထိ တင်ပို့နိုင်ခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆက်တိုက် ကျဆင်းခဲ့ပါတယ်။

ဒီနှစ် ဘဏ္ဍာနှစ်အတွက် ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်သွင်းနိုင်တဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံက ဆန်တန်ချိန် ၈ ဒသမ ၃ မီလီယံတင်ပို့မှုနဲ့ အဆင့် (၁) နေရာမှာ ရပ်တည်နေပြီး ဗီယက်နမ် နိုင်ငံက တန်ချိန် ၇ ဒသမ ၈ မီလီယံနဲ့ ဒုတိယ၊ ထိုင်းနိုင်ငံက ၇ ဒသမ ၇ မီလီယံနဲ့ တတိယ ဆိုပြီး ထိပ်ဆုံးနေရာတွေမှာ ရှိနေကြပါတယ်။

ကင်မရွန်း စီးပွားရေး သတင်းဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံက တင်ပို့လိုက်တဲ့ ဆန်တန်ချိန် ၇ ထောင်ဟာ ဓာတ်ခွဲခန်း ၃ ခုရဲ့ စစ်ဆေးချက် ရလဒ်အရ ပိုးထိုးပြီး မသန့်ပြန့်ဘဲ စားသုံးရန် မသင့်လို့ သတ်မှတ်တဲ့အတွက် ကင်မရွန်းနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနက ဖျက်ဆီးပစ်ဖို့ မေလ ၁၇ ရက်နေ့က အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ပျက်စီးရတဲ့ အကြောင်းရင်းကတော့ မြန်မာ့ဆန် ရဲ့ ပြဿနာကြောင့် မဟုတ်ဘဲ ဆန်တင်သင်္ဘောရဲ့ လေဝင်လေထွက်စနစ် မှားယွင်းမှုကြောင့် ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Ref: ဧရာဝတီ

Read More...

ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းများကြောင့် အင်းလေးကန် ထိခိုက်မှုများကို စောင့်ကြည့်တော့မည်

သီဟကိုကို
မေလ ၃၀ ရက် ၂၀၁၃ ခုနှစ်

ဟိုတယ်များနှင့် စီးပွားရေးလုပ်ငန်းများကြောင့် အင်းလေးကန်အပေါ် ထိခိုက်မှုများ စောင့်ကြည့်ရန် အင်းလေးကန် စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အင်းတိုင်းရင်း သား ရေးရာ ဝန်ကြီး ဦးဝင်းမြင့်က မဇ္စျိမကို ပြောကြားသည်။

အဆိုပါအဖွဲ့တွင် အစိုးရအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ ပါဝင်မည်မဟုတ်ဘဲ ပညာရှင်များ၊ ဒေသခံတိုင်းရင်းသား များဖြင့်သာ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

''ကန်နားဝန်းကျင်မှာ ဟိုတယ်တွေလာ ဆောက်တာကို ဒေသခံတွေက လုံးဝ သဘောမကျကြဘူး။ အင်းလေးကန်မှာ စီးပွားရေး လာလုပ်ကြပြီး ကန်ထိန်းသိမ်းစောက်ရှောက်ရေးတို့ကို မလုပ်ကြဘူး ဖြစ်နေ တယ်။ ဒီလိုတွေ ဖြစ်လာနေလို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့ဖို့ဆောင်ရွက်နေတယ်'' ဟု သူက မှတ်ချက်ပြုသည်။

လက်ရှိတွင် အင်းလေးကန် ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းစဉ်များကို အစိုးရ အဖွဲ့အစည်းဖြစ်သည့် အင်းလေးကန် ရေရှည်တည်တံ့ ထိန်းသိမ်းရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော်လည်း ထိုအဖွဲ့အပြင် ယခုလို စီးပွားရေးလုပ်ငန်းများက အင်းလေးကန်အပေါ် သက်ရောက်မှုကို အကဲဖြတ်ရန် အဖွဲ့အစည်းထပ်မံဖွဲ့လိုက်ခြင်း ဖြစ်သည်။

အစိုးရ၏ အင်းလေးကန် ထိန်းသိမ်းရေးအဖွဲ့သည် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)နှင့် နော်ဝေအစိုးရမှ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို အသုံးပြုကာ အင်းလေးကန် ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

အင်းလေးဒေသခံ ဦးစိုင်းဝဏ္ဏက ''အခုဆောက်နေတဲ့ ဟိုတယ်တွေက ကန်နဲ့ အရမ်းထိစပ်နေတယ်။ နောင်ဆိုရင် ဟိုတယ်တွေရဲ့ စွန့်ပစ်စ္စည်းတွေက ကန်ပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်တယ်။ စီးပွားရေး တစ်ခုတည်းကြည့်ပြီး ကန်အလှအပကို ထိခိုက်လာမှာကို မလုပ်သင့်ဘူး'' ဟု ပြောသည်။

ဝန်ကြီးဦးဝင်းမြင့်က အင်းလေးကန်စောင့်ကြည့်လေ့လာရေး အဖွဲ့ကို အသင်း၏ လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံများ သတ်မှတ်ပြီးလျှင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြသွား မည်ဖြစ်ပြီး တရားဝင် ဖွဲ့စည်းသွားမည့် လူမှုရေးအဖွဲ့ ဖြစ်ကြောင်း၊ ဟိုတယ်များ စည်းကမ်းမဲ့ ဆောင်ရွက်မှုများကိုတွေ့လျှင် ပြည်ပမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ၏ အကူအညီကို ရယူပြီး သက်ဆိုင်ရာ အစိုးရဌာနများသို့ တိုင်ကြားသွား မည်ဖြစ်ကြောင်း ဆိုသည်။

ယခုလက်ရှိ ဆောက်လုပ်နေသည့် ဟိုတယ်များအနက် ဟိုတယ် ၁ဝ လုံးကို ယခင်အစိုးရလက်ထက်တွင် ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ရပ်ဆိုင်းသွားခဲ့ပြီး ခရီးသွားလုပ်ငန်း ကဏ္ဍဖွံဖြိုး တိုးတက်လာသည့်အတွက် သက်ဆိုင်ရာသို့ တင်ပြပြီး ပြန်လည် တည်ဆောက်လာခြင်းကြကြောင်း အင်းလေး ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် အင်းလေးကန်စပ်အနီး ဟိုတယ်များ ဆောက်လုပ်နေခြင်းကြောင့် ဒေသခံများမှ စိုးရိမ်လျက်ရှိပြီး အင်းလေးကန် အရှေ့ဘက် ကန်ပတ်လမ်းတွင် ဟိုတယ် ၁၂ လုံးခန့် ကန်စပ်အနီး ဆောက်လုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

Ref: မဇ္ဈိမ

Read More...

အုပ်စု နှစ်စု ပြိုင်ဆွဲသည့် ဘူးသီးတောင် လေလံပွဲ ပြည်နယ်အစိုးရ ကြားဝင်ရ

သိန်းလှိုင်
မေလ ၂၉ ရက် ၂၀၁၃ ခုနှစ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြို့မဈေး အပါအဝင် နှစ်လတာ တင်းမာနေခဲ့ သော အုပ်စု နှစ်စုခုကြား လေလံဆွဲခြင်းများ အငြင်းပွားမှု ပြဿနာကို ပြည်နယ် အစိုးရက ကြားဝင်စေ့စပ်
ဖြန်ဖြေပေးခဲ့ရသည်။

ဘူးသီးတောင် အရပ်ရပ်ဆိုင်ရာ စည်ပင်သာယာရေး လိုင်စင် ယခုနှစ် လေလံပွဲတွင် နိုင်ငံသား မဟုတ်သူများ အား လေလံဆွဲခြင်းကို ရခိုင်များက ကန့်ကွက်ပြီး ဆန္ဒပြပွဲများ ဖြစ်လုနီးပါး အနေအထား၌ ပြည်နယ် အစိုးရက ဝင်ရောက်ဖြေရှင်းပေးရခြင်း ဖြစ်သည်။

“မတ်လ ၁ ရက်နေ့ကနေ စတင်ခဲ့တဲ့ လေလံ အငြင်းပွားမှုဟာ ဒီလ နောက်ဆုံးအပတ်ထဲမှာပဲ ငြိမ်းချမ်းစွာ အဆုံးသတ်သွားခဲ့တယ်။ ဒီကာလအတွင်း ရခိုင် တိုင်းရင်းသားတွေဟာ ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြု ချက်တွေ တင်ခဲ့သေးတယ်။ နောက်ဆုံးမှာတော့ ပြည်နယ်အစိုးရ ကြားဝင်စေ့စပ်ပေးမှုနဲ့ ပြီးဆုံးခဲ့ရတယ်” ဟု ရခိုင်လူမှုကွန်ယက် တာဝန်ရှိသူတဦးက ဆိုသည်။

ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ရန် ဦးဆောင်ကြိုးပမ်းခဲ့သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မြို့နယ် ဥက္ကဋ္ဌ ဦးထွန်းအောင်သိန်း က “ဥပဒေရေးရာ အငြင်းပွားမှုဖြစ်နေပြီး လေလံဆိုင်ရာ စည်ပင်ဥပဒေ ပြဋ္ဌာန်းချက်တွေကို သက်ဆိုင်သူများအနေနဲ့ တိကျစွာ လိုက်နာ ကျင့်သုံးဖို့ လိုအပ်နေသေးတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို လေလံပြိုင်ခွင့် ပြုခြင်းအား ကန့်ကွက်ကြခြင်း
ဖြစ်သည်ဟု ဆိုသည်။

“အခု ပြည်နယ်အစိုးရ ဖြေရှင်းလိုက်တာက ဥပဒေအရ မဟုတ်ဘဲ ဒေသ တည်ငြိမ်ရေးကို ရှေးရှုပြီးတော့ တဘက် တဝက်စီ စေ့စပ် ခွဲဝေပေးခဲ့တာသာ ဖြစ်တယ်။ ကျနော်တို့ကတော့ ဥပဒေစိုးမိုးရေး လမ်းကြောင်းကနေ ဆက်ပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဦးထွန်းအောင်သိန်း က ဆက်ပြောသည်။

လေလံကိစ္စ ဆန္ဒပြရန် မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဧပြီလ ၆ ရက်နေ့၌ ခွင့်ပြုချက်တင်ခဲ့ရာ ပယ်ချခံရပြီး ပြည်နယ် ရဲတပ်ဖွဲ့မှူးထံ ဧပြီ ၁၁ ရက်နေ့က အယူခံရာတွင်လည်း ငြင်းပယ် ခံခဲ့ရသည်။

တင်းမာနေသော အခြေအနေကို ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ/အခွန်ဝန်ကြီး ဦးမောင်စန်ရွှေနှင့် စိုက်/မွေး ဝန်ကြီး ဦးကျော်သိန်းတို့က မေလ ၁၉ ရက်နေ့မှ ၂၃ နေ့ထိ မောင်တောခရိုင်သို့ ရောက်ရှိ လာပြီး နှစ်ဘက် သက်ဆိုင်သူများနှင့် တွေ့ဆုံ စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

“လေလံ ၁၈ မျိုး ရှိတဲ့အနက် ရခိုင်က ၇ မျိုး၊ မူဆလင်တွေက ၁၁ မျိုး ရရှိခဲ့တယ်။ နှစ်ဖက် ပြေလည်မှု အတန်အသင့် ရရှိတယ် ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ အားပြိုင်မှုတွေ ဆက်ဖြစ်လာမှာကို ပူပန်မိတယ်။ ဈေးကောက် နှုန်းထား တိုးလာရင် စားသုံးတွေအတွက် ကုန်ဈေးနှုန်း မြင့်လာမှာကို စိုးရိမ်နေတယ်” ဟု အမှတ်(၂) ရပ်ကွက်နေ ဒေသခံ တဦးက ဆိုသည်။

အဆိုပါ ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာ စည်ပင်သာယာရေး လိုင်စင် လေလံ ၁၈ မျိုးကို မတ်လ ၁ ရက်နေ့မှစ၍ ခေါ်ယူထားခဲ့ရာ ရခိုင်ဘက်မှလေလံဆွဲသူ ၁၃ ဦးနှင့် RNDP ပါတီမှ ကန့်ကွက်တုန့်ပြန်မှုများ ရှိထားခဲ့သည်။

ဘူးသီးတောင်မြို့မှာ စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၈၀ အကွာတွင်ရှိပြီး အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ နယ်စပ်မြို့တမြို့ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Wednesday, May 29, 2013

ရေနံနှင့် ဂက်စ် ပိုက်လိုင်းက တရုတ်-မြန်မာ အကျိုးရှိဟု သမ္မတ ဦးသိန်းစိန် ပြော

လင်းသန့်| May 28, 2013

ယခုနှစ်တွင် ပြီးစီးမည်ဖြစ်သည့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသည် အရေးကြီး သကဲ့သို့ နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိသည့် စီမံကိန်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

သမ္မတ ဦးသိန်းစိန်က တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) မှ အထွေထွေ မန်နေဂျာ Mr. Liao Youngyuan နှင့် အဖွဲ့အား ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည် ဆင်ဟွာ သတင်းက ရေးသားဖော်ပြသည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန်က ယနေ့အခါ မြန်မာနိုင်ငံအနေဖြင့် မျက်နှာစာအားလုံးကို တံခါးဖွင့်ထားကြောင်း၊ အိမ်နီးချင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာနှင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ပြောဆိုသွားသည်။

တရုတ် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကိုလည်း ကြိုဆိုကြောင်းနှင့် ရေနံသန့်စင်သည့် စက်ရုံလည်း တည်ဆောက်ရန် သမ္မတ ဦးသိန်းစိန်က CNPC အထွေထွေမန်နေဂျာနှင့် အဖွဲ့အား ပြောဆို ဆွေးနွေးသည်ဟု သိရသည်။

Mr. Liao Youngyuan ကလည်း CNPC အနေဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် အရေးကြီး သကဲ့သို့ ပိုက်လိုင်း တည်ဆောက်ရေးကြောင့် လူမှုဝန်းကျင်ဆိုင်ရာများကို တာဝန် သိစွာ ဖြည့်ဆည်းခဲ့ကြောင်း၊ ပိုက်လိုင်းတလျှောက်တွင် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကိုလည်း တည်ဆောက်ပေးခြင်းဖြင့် ထင်ဟပ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မည့် နှစ် ၃၀ လုပ်ပိုင်ခွင့် ပိုက်လိုင်းစီမံကိန်းသည် ယခု မေလကုန်တွင် အပြီးသတ်ပြီး လာမည့် ဇွန်လတွင် လုပ်ငန်း စတင်မည်ဖြစ်ကြောင်း တရုတ်သတင်းစာများက ဆိုသည်။

အဆိုပါ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကမ်းလွန်ရှိ ရွှေဂက်စ် သဘာဝ ဓာတ်ငွေ့ စီမံကိန်းစက်ရုံမှ တဆင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မှတဆင့် ရွှေလီ၊ ထိုမှတဆင့် တရုတ်နိုင်ငံ ကူမင်းကို ဖြတ်ကာ နန်နင်းအထိ သွယ်တန်းထားသည်။

ရွှေဂက်စ် လှုပ်ရှားမှု တာဝန်ခံ ကိုဝင်းအောင်က နှစ်နိုင်ငံ အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုနှင့် အဆိုပါ စီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာမြေသိမ်းဆည်းခံရမှု၊ လူမှုဘ၀ ပတ်ဝန်းကျင် ထိခိုက် ဆုံးရှုံးမှု များကို ပြန်လည် ဖြည့်တင်းပေးသည် ဆိုသည့် ကျောင်း၊ ဆေးရုံ၊ ဆေးခန်း တည်ဆောက်ပေးမှုတို့သည် အပေါင်းလက္ခဏာ ဆောင်သော်လည်း မလုံလောက်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီ တရုတ်နဲ့ စီမံကိန်းတင် မကပါဘူး။ တခြားစီမံကိန်းတွေမှာလည်း တကယ့်တကယ် လူထုမှာ အကျိုးဖြစ်ထွန်းမှု သိပ်မရှိဘဲ ဖြစ်နေတဲ့ ပြဿနာတွေ၊ နောက် စီမံကိန်းတွေကြောင့် လူမှု ၀န်းကျင် ပြဿနာတွေ၊ သဘာဝ ပတ်ဝန်းကျင် ပြဿနာတွေ ဖြစ်နေတာက ဒါ လက်တွေ့ မြင်နေရတာပဲလေ” ဟု သူက ဆိုသည်။

ထို့အပြင် အစိုးရအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများကို လျစ်လျူရှုနေသည်မှာ ကောင်းမွန်သည့် အစိုးရ ဖြစ်ရေးနှင့်လည်း သွေဖည်နေကြောင်း ကိုဝင်းအောင်က ဆက်ပြောသည်။

“စီမံကိန်းတွေမှာ တချို့ အကောင်းမြင်ပြီး စနစ်တကျ လုပ်တာမရှိဘဲ လက်တွေ့ဖြစ်နေတဲ့ ပြဿနာတွေကို မျက်လုံး စုံမှိတ်ပြီး ပြောတာတွေကတော့ သမ္မတ ဦးသိန်းစိန် လက်ရှိ ကျင့်သုံးနေ တယ်ပြောတဲ့ ကောင်းမွန်တဲ့ အစိုးရဖြစ်ရေး ကျင့်ထုံးတွေနဲ့ နည်းနည်း သွေဖည်နေတယ်လို့ ထင်တယ်” ဟု သူက ဆိုသည်။

Mr. Liao Youngyuan သည် ဒု သမ္မတ ဦးဥာဏ်ထွန်းနှင့်လည်း တွေ့ဆုံကာ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ စွမ်းအင်ကဏ္ဍတွင် တာဝန်သိ ရင်းနှီး မြှုပ်နှံရေးကိစ္စ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှုနှင့် နည်းပညာ လွှဲပြောင်းပေးခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဒေသခံ လူထု၏ လူမှုစီးပွားဘ၀အပေါ် သက်ရောက်မှုစသည့် ကိစ္စများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးနှင့် နှစ်ဖက် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများက ဆိုသည်။

ထိုသို့ တွေ့ဆုံမှုများတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးလည်း တက်ရောက်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် မကြာမီက တွေ့ဆုံခဲ့ပြီး တရုတ် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ စီမံကိန်း စာချုပ်များ ပွင့်လင်းမြင်သာမှု ရှိစေရေး ပြောဆိုခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့မှ ဦးဂျင်မီက ၄င်းတို့နေဖြင့် ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ပွင့်လင်းမြင်သာစေရန် အခြေခံမှု ၃ ချက်ကို ကိုင်စွဲကြောင်း ဧရာဝတီသို့ ပြောသည်။

“အမျိုးသား အကျိုးစီးပွား ဘယ်လောက်ရှိသလဲ၊ ဒေသခံ ပြည်သူတွေရဲ့ အကျိုးစီးပွား ဘယ်လောက် ဖြစ်ထွန်းသလဲနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဘယ်လောက် အကာအကွယ် ပေးသလဲဆိုတဲ့ အချက်တွေမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ပါပဲ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် စီမံကိန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိ၍ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ သို့သော် ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း ဦးဂျင်မီက ဆက်ပြောသည်။

“တလျှောက်လုံးမှာ နားလည်မှု စာချွန်လွှာဆိုတာ ထိုးလိုက်ကြတယ်။ လက်မှတ်ရေးထိုးကြတယ် ဆိုတာပဲ သိရတယ်။ ဘယ်ဟာတွေပါမှန်း မသိသလို ယနေ့အထိ စီမံကိန်းတွေမှာ ကျနော်တို့ နိုင်ငံက ဘယ်လောက်ရသလဲ စတဲ့ ကိစ္စတွေ ဘာမှ ကျနော်တို့ မသိရဘူး” ဟုလည်း ဦးဂျင်မီက ဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပြည်သူများ၏ ကန့်ကွက် ဆန္ဒပြမှုကြောင့် တရုတ်က ဦးဆောင် အကောင်အထည်ဖော်နေသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ယာယီ ရပ်တန့် ထားခဲ့ရပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်လည်း စုံစမ်းရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးခဲ့ရသည်။

ထို့နောက်ပိုင်းတွင် တရုတ် သံအမတ်ကြီး အပါအ၀င် တရုတ်ပညာရှင်များ၊ တခြား တရုတ်အဖွဲ့များသည် မြန်မာ အတိုက်အခံ အဖွဲ့များနှင့် ဆက်ဆံရေး မျက်နှာစာများ ဖွင့်လှစ်ကာ တရုတ် ကုမ္ပဏီများ၏ အကျိုးစီးပွားအတွက် မဟာဗျူဟာ ပြောင်းလာခြင်းဖြစ်သည်ဟု ဦးဂျင်မီက ထောက်ပြသည်။

“အရင်က ပြည်သူချင်း ဆက်ဆံရေးဆိုတာ တရုတ်ဘက်က မရှိခဲ့ဘူး။ တခြားနိုင်ငံနဲ့ မတူဘဲ တရုတ်အပေါ် မြန်မာပြည်သူတွေ အမြင် မကြည်လင်တာတွေကလည်း အဲဒီ ပြည်သူချင်း ဆက်ဆံရေး မလုပ်ခဲ့လို့” ဟု သူက ဆိုသည်။

Ref: ဧရာဝတီ

Read More...

တရားဝင် ကျောက်စိမ်းဈေးကွက် ပေါ်ရေး၊ ဒေသခံများ ကြိုးပမ်းနေ

မေဦး
မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ကျောက်စိမ်းထွက်ရှိရာကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့တွင် တရားဝင်ကျောက်စိမ်း ရောင်းဝယ်ရေး ဈေး ကွက်ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (မြစ်ကြီးနား)အတွင်းရေး မှူး ဦးသောင်းကြည် ကပြောသည်။

၎င်းက “ကချင်ပြည်နယ်မှာရော ဖားကန့်မှာရော ကျောက်စိမ်း ထွက်တယ် ဒါပေမဲ့ အဲဒီဖားကန့်မှာ ထွက်တဲ ကျောက်စိမ်း ကို ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကို တရားဝင် သယ်ယူခွင့် မရသေးဘူး ၀မ်းနည်းဖို့ ကောင်းတာ က ကိုယ့်ပြည်မှာ ထွက်ပြီး ကိုယ့်နိုင်ငံမှာ ဈေးကွက် မရှိဘူး ဖြစ်နေတယ်” ဟု ပြောသည်။

တရားဝင် သယ်ယူရောင်းချရန် ဈေးကွက် မရှိသည့်အတွက် တရုတ်နိုင်ငံသို့ မှောင်ခို တင်သွင်းမှု များလာ ခြင်းကြောင့် တရားဝင် ကျောက်စိမ်း ရောင်းဝယ်ရေး ဈေးကွက် ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်လာရန် သတ္တုတွင်း ၀န်ကြီးဌာနသို့ တင်ပြပြီး အကြောင်းပြန်ကြားချက် တစုံတရာ မရရှိသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ ၁၅ဒသမ၃၅၁ဧက ကျယ်ဝန်းသည့် ကျောက်မျက် ရတနာ အချောထည် ရောင်းဝယ်ရေး စင်တာတစ်ခုတည်ဆောက်နေပြီး ယင်းစင်တာပြီး စီးသွားပါက သက်ဆိုင်ရာ ၀န်ကြီးဌာန အနေဖြင့် တရားဝင်သယ်ယူရောင်း ခြခွင့်ပြုမည်ဟု မျှော်လင့်ရကြောင်း မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါကျောက်မျက်ရတာနာလုပ်ငန်းရှင်က “ ကိုယ့်ပြည်နယ်က ထွက်တဲ့ကုန်ကြမ်းကို ကိုယ့်ပြည်တွင်းမှာပဲ ဥပဒေဘောင် အတွင်းက တရားသဖြင့်ကုန်ချော ထုတ်လုပ်ရောင်းချခွင့်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ အားပေးလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဆိုင်ခန်းတည်ဆောက် တာတွေ ပြီးသွားရင်တော့ တရားဝင် ဈေးကွက်ကို ခွင့်ပြုမယ်လို့ထင်ပါ တယ်” ဟုပြောသည်။

အဆိုပါကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေးစင်တာ တည်ဆောက်မှုပြီးစီးချိန်တွင် တရားဝင်ကုန်ကြမ်းသယ်ယူခွင့်မရရှိသေးပါက နေပြည်တော်ရှိကျောက်မျက်ရတနာ ပြပွဲများမှ လေလံဆွဲ၍ ၀ယ်ယူပြီး မြစ်ကြီးနားတွင်ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း(မြစ်ကြီးနား) မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

လက်ရှိတွင်ကျောက်စိမ်းသယ်ယူရောင်းချခွင့်အား အစိုးရနှင့်ဖက်စပ်လုပ်ကိုင်နေသည့် ကုမ္မဏီများနှင့် ကုမ္မဏီကြီးများ ကသာသယ်ယူခွင့်ရရှိနေပြီး တနိုင်တပိုင်ရောင်းချလိုသူများအနေဖြင့် တရုတ်နိုင်ငံ အတွင်းသို့ မှောင်ခို လမ်းကြောင်း မှတဆင့်သာ ကုန်သွယ်မှု ဆောင်ရွက် နေရကြောင်း အဆိုပါ လုပ်ငန်းရှင် များက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံ နယ်စပ် ကျယ်ဂေါင်မြို့ရှိ ကျောက်စိမ်းရောင်းဝယ်သူ ဦးမြင့် က “တရားဝင်သယ်ယူ၊ အခွန်ဆောင် ရောင်းချခြင်းဖြင့်နိုင်ငံတော်အတွက် အခွန်ရ မယ်။ တရားမ၀င်ပြည်ပခိုးထွက်တာ တွေလဲရပ် သွားမယ်။ သူများနိုင်ငံမှာရောင်းရတော့ အလိမ်ခံရတယ်။ အနှိမ်ခံရတယ်။ စရိတ်တွေ တက်တယ်” ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

Monday, May 27, 2013

စီးပွားရေး သဘောတူညီမှု လက်မှတ်ထိုးပွဲ ဂျပန်ဝန်ကြီးချုပ် တက်ရောက်

25.05.2013

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နဲ့ မြန်မာနိုင်ငံ အကြား စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မြဲစေရေးရည်ရွယ်ချက်နဲ့ အဓိကကျတဲ့ စက်မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီကနေ့ စနေနေ့မှာ သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးဖြစ်တဲ့ စီးပွားရေးပြန်လည်ရှင်သန်ဖို့ တွန်းအားပေးတဲ့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံ အဆောက်အဦးအတွက် ဂျပန်စီးပွားရေးလုပ်ငန်းတွေက အကူအညီပေးမှာဖြစ်တယ်။ ဂျပန် ကော်ပိုရေးရှင်းကြီးတွေက သီလ၀ါ အထူးစီးပွားရေးဇုံ စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲမှာ ဂျပန် ၀န်ကြီးချုပ်က သက်သေအဖြစ်တက်ရောက်ခဲ့တာပါ။

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က သီလ၀ါအထူးစီးပွားရေးဇုံ ဟာ ၂ နိုင်ငံ အစိုးရအတွက်ရော ပုဂ္ဂလိကကဏ္ဍတွေ အတွက်ပါ သမိုင်းမှတ်တိုင်ဖြစ်ပါတယ်လို့ဆိုပါတယ်။

မြန်မာပြည်အတွက် သိပ်လိုအပ်နေတဲ့ အလုပ်အကိုင်တွေဖန်တီးရေးနဲ့ စက်မှုနည်းပညာအထောက်အကူအတွက်ပါ အကျိုးရှိစေတယ် လို့ဆို ပါတယ်။ မြန်မာလူထုအတွက်သာမက ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ပါ ၂ ဦး ၂ ဘက် အကျိုးဖြစ်ထွန်းကြဖို့ မျှော်လင့်တယ်လို့လည်း ဦးဆက်အောင်ကမှတ်ချက်ချကြောင်း ရန်ကုန်ကလာတဲ့ AFP သတင်းတရပ်မှာ ဖေါ်ပြထား ပါတယ်။


Ref: ဗွီအိုအေ

Read More...

ထားဝယ် စီမံကိန်း၌ ထိုင်း စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမည်

မေခ| May 25, 2013

ထိုင်းအစိုးရက မြန်နိုင်ငံ တနင်္သာရီတိုင်းရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများတွင် စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်ကို အင်္ဂါနေ့ကကျင်းပသည့် ထိုင်း ကက်ဘိနက် အစည်းအဝေးတွင်အတည်ပြု၍ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ် သည်ဟု ထိုင်း သတင်းအေဂျင်စီ (TNA)တွင် ဖော်ပြထားသည်။

ထို အတည်ပြုချက်တွင် ထိုင်းနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် စီးပွားရေး ဖွံ့ဖြိုးရန် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Neighbouring Countries Economic Development Cooperation Agency-NEDA) အနေနှင့် ထားဝယ် အထူးစီးပွားရေး ဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီ ထောင်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် ထိုင်းအစိုးရ ဘဏ္ဍာရေး ၀န်ကြီး ဌာန ၏ ဆုံးဖြတ်ချက်လည်း ပါဝင် ကြောင်း သိရသည်။

NEDA သည် ထိုင်း စီးပွားရေးဖွံ့ဖြိုးရန် နှင့် အိမ်နီးချင်းနိုင်ငံများကို စီးပွားရေးနှင့်ပတ်သက်ပြီး အကူအညီများ ပေးနိုင်ရန် အတွက် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ဘဏ္ဍာရေးမူဝါဒ ဆိုင်ရာရုံး လက်အောက်တွင် ဖွဲ့စည်းထားသည့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်း ဖြစ် သည်။

ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် Chalitrat Chantarubeksa ကလည်း ဘဏ္ဍာရေး ၀န်ကြီးဌာန အနေနှင့် ထားဝယ် ဆိပ်ကမ်း၌ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး အတည်ပြု ဆုံးဖြတ်ပေး လိုက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတွင်းက စက်သုံးဆီ ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များအတွက် အခွန်အခ များကိုလည်း လာမည့် ဇွန်လကုန်အထိ လျှော့ပေါ့ပေး သွားမည် ဖြစ်ကြောင်း၊ ထိုနည်းဖြင့် လူနေမှုစရိတ်ကြီးမြင့်မှုကိုလည်း လျော့ကျစေရန် ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားထား သည်။

ထိုင်း ကက်ဘိနက်ကလည်း ထိုင်းပို့ကုန် လုပ်ငန်းရှင်များ၏ အခွန်အခများ နှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ၀န်ကြီး ဌာနသို့ တင်ပြ ထားကြောင်း သိရသည်။

၂၀၀၈ ခုနှစ် မေလတွင် ပြုလုပ်သော နှစ်နိုင်ငံအစိုးရများအကြား နားလည်မှုစာချွန်လွှာအရ ပထမဆုံး သဘောတူခဲ့သည့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို အဓိကလုပ်ကိုင်ခွင့်ရသူမှာ ဘန်ကောက် အခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီ (Italian-Thai Development – ITD) ဖြစ်သည်။ အီတာလျံ-ထိုင်းက အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ တန် စီမံကိန်းကြီးများ လုပ်ဆောင်သွားရန်ရှိကြောင်း ထုတ်ပြန် ထားသည်။

ထို့အပြင် PTT ကဲ့သို့သော ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ကြီးများ အပါအ၀င် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများမှပါ လာရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့်(၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်း ရှိကြောင်း ITD ကုမ္ပဏီ ၏ မှတ်တမ်းများ၌ ပါရှိသည်။

မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ထုတ်ပြန်ထားချက်များအရ ထားဝယ် ရေနက်ဆိပ်ကမ်း ပြီးစီးပါက ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင် အချ ပြုလုပ်နိုင်မည်ဟု သိရသည်။
စီမံကိန်းအတွက် ရေဖြူမြို့နယ်ရှိ ရွာ ၉ ရွာ၊ မင်းဒပ်ရွာ ရေနက်ကွင်း ဧရိယာ နဘုလယ် ဒေသရှိ ရွာ ၅ ရွာတို့အား ပြောင်းရွှေ့နေရာ ချရန် ရွာသစ်များ ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသော်လည်း အစိုးရပိုင်းက ၎င်းနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်ကမူ“ရွာသားတွေနဲ့ပတ်သက်ပြီးရော သဘာဝ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးရော ကျနော်တို့ အနေနဲ့ပညာရှင်တွေ နဲ့ ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးလုပ်မှာပါ၊ သိမ်း ယူမယ့် ဥယျာဉ်ခြံမြေတွေကို လျော်ကြေးငွေ ဘယ်လိုပေးမလဲ ဆိုတာကိုလည်း တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့ဆွေးနွေးမှာပါ”ဟု ၂၀၁၂ နှစ် ကုန်ပိုင်းက IBC(International Business Centre) တွင် ကျင်းပသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

အဆိုပါစီမံကိန်းအတွက် ခန့်မှန်းတွက်ချက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ၇ ဘီလီယံအထိ ကုန်ကျမည်ဟု ထိုင်း မီဒီယာများတွင် ဖော်ပြထားသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ် တို့ ယင်း စီမံကိန်းအတွက် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အပြီးအကောင်အထည် ဖော်ရန် သဘောတူညီထားကြောင်း သိရသည်။

“ကိုယ့်နိုင်ငံမှာတိုးတက်ဖို့ စီမံကိန်းတွေဆောက်တာကို မျက်စိစုံမှိတ် မလုပ်ရဘူးလို့ ပြောနေမယ်ဆိုလည်း နိုင်ငံနစ်နာမယ်။ လုပ်ပြီ ဆိုရင်လည်း ပြောင်းရွှေ့ရမယ့် ရွာတွေနဲ့ ပျက်စီးမယ့် သဘာဝပတ်ဝန်း ကျင်အတွက် ဘာတွေလုပ်မလဲဆိုတဲ့ ကုစားချက်က ရှိဖို့လိုတယ်။ အရင်က ဒါတွေမရှိခဲ့ဘူး။ ဒီစီမံကိန်းမှာ ဒါတွေထည့်စဉ်းစားမယ်လို့ အစိုးရကပြောတာ အမှန်ဖြစ်ပါစေလို့ပဲ ဆုတောင်း တယ်”ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ Map Ta Phut(မက်တာဖု) စက်မှုဇုန်များတွင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ထိုင်းနိုင်ငံမှ တာဝန်ယူတည်ဆောက်မည့် ထားဝယ် ရေနက်စီမံကိန်းတွင် အဆိုပါပြဿနာများ ကြုံတွေ့လာနိုင် ကြောင်း သဘာဝ ပတ်ဝန်းကျင်ပညာရှင်များက ထောက်ပြပြောကြားထားသည်။ သို့သော် အစိုးရပိုင်းက ယနေ့ အထိ ကျန်းမာရေး ဆိုင်ရာ ပြဿနာများ၊ လူမှုရေးဆိုင်ရာ ပြဿနာများကို မည်သို့ဖြေရှင်းပေးမည်ကို ပြောကြားနိုင်ခြင်း မရှိသေးချေ။

စီမံကိန်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစား စက်မှုဇုန် နှစ်ခု၊ အလတ်စား စက်မှုဇုန် နှစ်ခု၊ အသေးစား စက်မှုလုပ်ငန်းများနှင့် မြို့ပြအတွက် စက်မှုဇုံ နှစ်ခု ပေါင်း ၆ ခု ပါဝင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီ – ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များ ပါဝင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံ ထုတ်ပြန်ချက်များအရ သိရပြီး စီမံကိန်းကို ၁၀ နှစ် စီမံကိန်းချ၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

Thursday, May 23, 2013

ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်

မေဦး
မေလ ၂၂ ရက် ၂၀၁၃ ခုနှစ်

ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရှိ ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မိုးခိုင် ကပြောသည်။

၎င်းက “ပြည်တွင်းဆေးဝါးရဲ့ ၉၀ ရာခိုင်နှုန်းကျော်က နိုင်ငံခြားက Import လုပ်နေရတာဖြစ်ပါတယ်။ ဒေါ်လာဈေးတက်တဲ့အခါကျတော့ ဆေးဝါးဈေးတွေက ဒေါ်လာဈေးတက်တာလောက်နီးနီး အချိုးကျလိုက် တက်နေတဲ့သဘောရှိတယ်။ ဒေါ်လာဈေးက ဆက်ပြီးတက်နေမယ်ဆိုရင် စားသုံးသူတွေအတွက်ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ထိုသို့မြင့်တက်ရာတွင် ယခင်က ပုံမှန်အားဖြင့် ၅ရာခိုင်နှုန်း အထိသာ ဈေးနှုန်းမြင့်တက်လေ့ ရှိသော်လည်း လက်ရှိတွင် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအကြား ဆေးဝါးဈေးနှုန်းများ မြင့်တက်နေကြောင်း ၎င်းကပြောသည်။

ပြည်တွင်းရှိ ဆေးဝါးများမှာ ပြည်ပမှ တင်သွင်းမှုများကိုသာ မှီခိုနေရ ၍ ဆေးဝါး ဈေးနှုန်းတက်နေခြင်းသည် စားသုံးသူများအတွက် နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း ဦးဇော်မိုးခိုင်က ဆက်လက် ပြောကြားသည်။

ထိုသို့ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများတက်နေခြင်းသည် လက်ကျန်ဆေးဝါး မရှိသည့် ကုမ္မဏီ အချို့မှ တက်နေခြင်းဖြစ်ပြီး လက်ကျန်ဆေးဝါးရှိနေသည့် ကုမ္မဏီများမှာမူ ဈေးတက်ခြင်း မပြုသေးကြောင်း ပြည်ပမှ ဆေးဝါးတင်သွင်းနေသည့် ဆေးကုမ္မဏီ ပိုင်ရှင် တစ်ဦးကပြောသည်။

၎င်းက “ဆေးဈေးနှုန်းတက်တာကတော့ အသစ်ထပ်ဝယ်မယ့်အပေါ်မှာ မူတည်ပြီး တွက်ချက်ရမယ်။ လက်ကျန်ရှိနေတဲ့သူတွေကတော့ ဈေးချက်ချင်းမတက်သေးဘူး။ တောင့်ခံနေနိုင်တယ်။ဆေးဈေးနှုန်းက ရုတ်တရက်ကြီး အရမ်းတက်မယ်လို့တော့ မထင်သေးပါဘူး” ဟု ပြောသည်။

ထိုသို့ ဆေးဝါးဈေးနှုန်းများ မြင့်တက်နေသော်လည်း ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှု မရှိပဲ အရောင်းအ၀ယ်အခြေအနေမှာ ပုံမှန်သာရှိနေသည်။

“မြန်မာပြည်မှာ တင်သွင်းတဲ့ဆေးဝါးက ထောင်ကျော်ရှိနေတယ်ဆိုတော့ ပြတ်လည်း တစ်ခုနှစ်ခု လောက်ပါပဲ။ ၀.၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်” ဟု မင်္ဂလာဈေးရှိ ဆေးဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

ပြည်တွင်း၌ ဆေးဝါးပြတ်လပ်မှုမရှိစေရန် နှင့် ဆေးဈေးနှုန်းတည်ငြိမ်စေရန် ဆေးဝါးထုတ်လုပ်သည့် စက်ရုံများကို တည်ထောင်လုပ်ကိုင်ခွင့်ပြုထားသော်လည်း နည်းပညာ လိုအပ်ချက်များရှိနေ၍ ဆေးဝါး စက်ရုံများ ပေါ်ထွက်လာရန် ကြန့်ကြာ နေဦးမည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, May 22, 2013

ခရက်ဒစ်ကဒ်ဖြင့် ပန်းချီကားများ ဝယ်နိုင်ရေး စီဘီဘဏ် ဝန်ဆောင်မှုပေးမည်

ပန်းမြတ်ဇော်
မေလ ၂၁ ရက် ၂၀၁၃ ခုနှစ်

ပန်းချီကားနှင့် လက်ဝတ်ရတနာများ အပါအဝင် အခြားသောပစ္စည်းများကိုနိုင်ငံခြားသားများအနေဖြင့် Credit Card ဖြင့်ဝယ်ယူနိုင်ရေးအတွက် ဝန်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း စီဘီဘဏ်မှ သတင်းရရှိသည်။

အဆိုပါ ဝန်ဆောင်မှု အတွက် JCP ၊ CPU ၊ Visa နှင့်Master စသည့် ကဒ်လေးမျိုး ကိုင်ဆောင်သူ များ အနေဖြင့် ၀ယ်ယူနိုင်မည် ဖြစ်ကာ ယင်းစနစ်ဖြင့် ရောင်းချရန် ဆက်သွယ် လာသော ဆိုင်များတွင် point of Sale (ဈေးကွက် နေရာတွင် ထားရှိသော ငွေသွင်း၊ ငွေထုတ်စက်) စက်များ ထားရှိ ဆောင်ရွက်မည် ဖြစ်ကြောင်း စီဘီဘဏ် မန်းနေးဂျင်း ဒါရိုက်တာဦးဖေမြင့်က မဇ္ဈိမသို့ ပြောကြားသည်။

၎င်းက “ မြန်မာပြည်မှာလဲ အဲဒီကဒ် လေးမျိုးနဲ့ ဝယ်ယူလို့ရအောင် point of say စက်တွေ ချပေးထားတယ်။ အဲဒီစက် တပ်ဆင်ချင်တယ် ဆိုရင် ဒေါ်လာ ၂၅၀ ကျမယ်။ အဓိက ချပေးထားတဲ့ နေရာတွေက လက်ဝတ် ရတနာဆိုင်တွေ ဟိုတယ်တွေဖြစ်ပြီး ပန်းချီ အရောင်းပြခန်းတွေက အဲဒီစက်ကို တပ်ဆင်ချင်တယ် ဆိုရင် CB bank က လုပ်ပေးဖို့ အဆင်သင့်ပါပဲ ” ဟုဆိုသည်။

ထိုကဲ့သို့ Credit Card ဝန်ဆောင်မှုများနှင့် စပ်လျဉ်းကာ ၎င်းတို့အနေဖြင့်လည်း ချိတ်ဆက်လျှက် ရှိကြောင်း၊ နိုင်ငံခြားသားများက ပန်းချီကားများကို စိတ်ဝင်စားသော် လည်း ခရက်ဒစ်ကဒ်ဖြင့် ၀ယ်လို့မရ သဖြင့် အရောင်းအ၀ယ်များ မဖြစ်ခဲ့ကြကြောင်း၊ ထို့ကြောင့် ပန်းချီကား တန်ဖိုးကို ပေးချေနိုင်သည့် ခရက်ဒစ်ကဒ် စနစ်ရှိသင့်သည်ဟု Gallery 65 ပြခန်းမှ ဦးမင်းလွင် က သူ့အမြင်ကို ပြောကြားသည်။

၎င်းက “ပန်းချီ ပြခန်းတွေ အတွက် ကတော့ အကျိုး ရှိသွားတာပေါ့။ ခရက်တစ်ကဒ် လက်မခံနိုင်တဲ့ အတွက် ခဏခဏ ငြင်းရတယ်။ အရောင်းအ၀ယ် မဖြစ်ဘူးပေါ့။ ဒီလို ရှိလာ မယ်ဆိုရင် အရောင်းအ၀ယ်တွေ ပိုဖြစ်လာနိုင်မယ်” ဟု ဆိုသည်။

ပန်းချီဆရာ ကိုအေးကိုက “ခရက်ဒစ်ကဒ် နဲ့ ဆိုရင် အရောင်းအ၀ယ် ပိုကောင်း လာမှာပါ။ တခါတလေကျ ကျွန်တော်တို့ ပန်းချီကားတွေက ဈေးကြီးတဲ့အတွက် ဒေါ်လာနှစ်ထောင် ၊ ငါးထောင် ရှိတဲ့အတွက်
နိုင်ငံခြားသားတွေက သူတို့ လာတဲ့အခါ များများ သယ်လာလေ့ မရှိတော့ သူတို့ ၀ယ်လို့ မရဘူး။” ဟု ပြောကြားသည်။

Credit Card စနစ် ဝန်ဆောင်မှုအတွက် စီဘီဘဏ် အနေဖြင့် ၃ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအတွင်း ဝန်ဆောင်မှု ယူမည်ဖြစ်ကြောင်း ဦးဖေမြင့် က ပြောကြားသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, May 21, 2013

အော်ပရေတာ ပြုလုပ်ရန် အမရာနှင့် MTN ကုမ္ပဏီတို့ မှ ဒေါ်လာ ၁.၅ ဘီလီယံ မြှုပ်နှံမည်

စောဇင်ညီ
မေလ ၂၀ ရက် ၂၀၁၃ ခုနှစ်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရှိ မိုဘိုင်းအော်ပရေတာ နေရာနှစ်ခုအတွက် တင်ဒါအောင်မြင်ပါက အမရာတယ်လီ ကွန်မြူနီကေးရှင်းနှင့် အာဖရိက အခြေစိုက် MTN တယ်လီကွန်မြူ နီကေးရှင်း ကုမ္ပဏီတို့မှ ပူးပေါင်းကာ အဆိုပါလုပ်ငန်းအတွက် ဒေါ်လာ ၁.၅ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း အမရ တယ်လီကွန်မြူနီကေးရှင်း ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်အေးမြမြကြည်က ပြောသည်။

၎င်းက “ရေရှည် လုပ်ကိုင်ခွင့် ၁၀နှစ်၊ ၁၅နှစ်အတွင်းမှာ မြုပ်နှံသွားမှာပါ။ ဘယ်သူက ဘယ်လောက် စိုက်ထုတ်မယ်ဆိုတာက တော့တင်ဒါအောင်ပြီးမှပဲ သိနိုင်မှာပါ” ဟု ဆိုသည်။

ယခုအခါ မိုဘိုင်းအော်ပရေတာ တင်ဒါဝင်ပြိုင်ထားသည့် ကုမ္ပဏီ ၁၂ ခုရှိပြီး တတိယနှင့် နောက်ဆုံး အဆင့်ရွေးချယ်မှုအတွက် ဇွန်လ ၃ရက်နေ့က နောက်ဆုံးထားကာ ဆက်လက် လျှောက်ထားရမည်ဖြစ်ပြီး
နောက်ဆုံးရွေးချယ်ခံရသည့် ကုမ္ပဏီ နှစ်ခုအမည်ကို ဇွန်လ ၂၇ရက်နေ့တွင် ထုတ်ပြန် ကြေညာနိုင်ရန်မျှော်မှန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး စိစစ်ရေးနှင့် ရွေးချယ်မှု ကော်မတီက သတင်းထုတ်ပြန် ထားသည်။

သို့သော် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဥပဒေမှာ မထွက်သေး သည့်အတွက် ဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ လုပ်ဆောင်နေရကြောင်း MR Serame Taukoboung ကပြောသည်။

MR Serame Taukoboung က “ဒီနိုင်ငံရဲ့  ဥပဒေ အတိုင်းဘဲ လိုက်နာမယ် ၊ လူအခွင့်အရေးကို လည်း ဥပဒေ အတိုင်းဘဲ လုပ်မယ်။ပြည်တွင်းဥပဒေအပြင် နိုင်ငံတကာ ဥပဒေကိုပါ လိုက်နာမယ်။ကျွန်တော် တို့ စီးပွားရေးကို အခြေခံတဲ့ ကုမ္ပဏီ ပဲဖြစ်တယ်။ကျွန်တော်တို့  ခရိုနီတွေနဲ့ လည်း ပတ်သတ်မှုမရှိဘူး။” ပာု မဇ္စိုမသို့ပြောသည်။

ယခုအခါ ဥပဒေ မရှိသေးသည့်အတွက် ပြည်တွင်း ပြည်ပမှ တယ်လီဖုန်း အော်ပရေတာလုပ်ကိုင်ရန် လုပ်ဆောင်နေသူများ အနေဖြင့် ယခင်တည်ဆဲ ဥပဒေများကိုသာ ကြည့်၍ ဆောင်ရွက်နေရကြောင်း
ဒေါ်အေးမြမြကြည်က ရှင်းပြသည်။

အဆိုပါ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု အနေဖြင့် မြန်မာတနိုင်ငံလုံးရှိ ဆက်သွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် အမရာ အနေဖြင့် ဖုန်းဆင်းကဒ်များအား ပြည်သူများအား အလကားပေးနိုင်သည် အထိရည်ရွယ်ထားကြောင်း ဒေါ်အေးမြမြကြည်က ဆိုသည်။

MTN တယ်လီကွန်မြူနီကေးရှင်း ကုမ္ပဏီသည် တောင်အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံ၂၂ နိုင်ငံတွင် မိုဘိုင်း အော်ပရေတာလုပ်ကိုင်ပြီး မိုဘိုင်းသုံးဆွဲသူ ၁၉၅ သန်း ရှိကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် ထိုင်းနိုင်ငံမှ စီးပွားရေး စင်္ကြန်အဖြစ် ဆောင်ရွက်ပေးမည်

မေဦး
မေလ ၂၀ ရက် ၂၀၁၃ ခုနှစ်

ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကို ထိုင်းနိုင်ငံတွင် သာမက အာဆီယံဈေး ကွက် အတွင်း၌ပါ ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် ထိုင်းနိုင်ငံမှ စီးပွားရေးစင်္ကြန် အဖြစ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ညီလာခံနှင့် ပြပွဲဆိုင်ရာ အဖွဲ့အစည်း (TCEB)မှ ပြပွဲ ဒါရိုက်တာ မစ္စ ဆူပါဝန်တီရာရက် ကပြောသည်။

၎င်းက “ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု ပြပွဲများမှာ ပါဝင်ပြသခြင်းဟာ ထိုင်းလုပ်ငန်းရှင်များနဲ့ပါ ကွန်ရက်ချိတ်ဆက် နိုင်မဲ့ အခွင့်အလမ်းတွေ ရရှိလာစေမှာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် မြန်မာ့ စီးပွားရေး လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံရဲ့ ပြပွဲဆိုင်ရာ နည်းလမ်းက တဆင့် ၎င်းတို့ရဲ့ ကုန်သွယ်မှု တန်ဖိုးတွေကို တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ (TCEB) သည် ပြည်တွင်းရှိ စီးပွားရေး အခွင့်အလမ်းများကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြားပြပွဲလုပ်ငန်းတွင် ကွန်ရက်တည်ဆောက်ခြင်းဖြင့် ဆက်သွယ်မှုကို ပိုမိုတိုးမြှင့်ရန် UMFCCI နှင့်ပူးပေါင်း ပြီး ပထမဆုံး တရားဝင် ပြပွဲများ လှည့်လည် ပြသမှုကို ပြည်တွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထို့နောက်ပြည်တွင်းရှိ လုပ်ငန်းရှင်များကို ထိုင်းနိုင်ငံတွင် ပြပွဲများ ပါဝင်ပြသရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။

မြန်မာလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ စီးပွားရေး လုပ်ငန်းများကို ပြည်တွင်းသာမက ပြည်ပတွင်ပါ ထိုးဖောက်နိုင်ရန်မှာ နိုင်ငံတကာ ပြပွဲများတွင် ၀င်ရောက်ပြသရန် လိုအပ်ကြောင်း၊ ထိုသို့ ပြသခြင်းဖြင့် အခြားနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်မိပြီး အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်ကြောင်း UMFCCI ပြပွဲကော်မတီ အတွင်းရေးမှူး ဦးမျိုးသန့်က ပြောသည်။

UMFCCI ဥက္ကဌ ဦးဝင်းအောင်က “အာဆီယံဟာ ၂၀၁၅ခုနှစ်မှာ အပြည့်အဝ ပေါင်းစည်းနိုင်ဖို့ နီးကပ်လာ ချိန်မှာ ကျွန်တော်တို့အတွက် ပိုမိုများပြားတဲ့ အခွင့်အလမ်းတွေက စောင့်ကြိုနေပြီဖြစ် ပါတယ်။ ဒီပြပွဲဟာ ထိုင်းမြန်မာ အပြန်အလှန် ကုန်သွယ်မှုနဲ့ ပြပွဲလုပ်ငန်းအတွက် ကောင်းမွန်တဲ့ အစပြုခြင်း ဖြစ်ပါလိမ့်မယ်” ဟုဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှု ပြပွဲများသည် စားသောက်ကုန်နှင့် လယ်ယာ စိုက်ပျိုးရေး ၀န်ဆောင်မှု များ၊ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးဆဲ လုပ်ငန်း နယ်ပယ်များ အတွက် ကုန်သွယ်မှု ဈေးကွက် အဖြစ်လည်း ဆောင်ရွက်ပေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက် သုံးဦးတွင် အပါအဝင် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနိုင်ငံခြား ကုန်သွယ်မှုဌာန၏ စာရင်းဇယားများအရ ၂၀၁၂ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ သည် အမေရိကန်ဒေါ်လာ ၇၂၈၇ သန်းခန့်ရှိခဲ့ပြီး ၂၀၁၃ခုနှစ် ပထမနှစ်လအတွင်း အမေရိကန် ဒေါ်လာ ၁၃၂၆သန်းထိ ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

Thursday, May 16, 2013

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏတွင် ပို့ကုန်ပမာဏလျော့ကျ

မေဦး
မေလ ၁၅ ရက် ၂၀၁၃ ခုနှစ်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏတွင် ပို့ကုန်ပမာဏ လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကုန်သွယ်မှု စာရင်းအင်းဌာနမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။

၎င်းက “ပို့ကုန်ကျရတာကတော့ကျွန်မတို့ ကျောက်စိမ်းမပို့နိုင်လို့ပါ၊ ကျောက်စိမ်းမပို့နိုင်ဘူးဆိုတာက ကျောက်စိမ်းကပြီးခဲ့တဲ့ နှစ်တစ်နှစ်လုံး ပြပွဲလဲမရှိဘာမရှိ ဆိုတဲ့အခါကျတော့ တရုတ်ကို ပို့တဲ့ဟာ မရှိဘူး” ဟုပြောသည်။

ထိုသို့ ပို့ကုန်ပမာဏ လျော့ကျရခြင်းသည် အဓိကအနေဖြင့် ကျောက်စိမ်းတင်ပို့မှု မပြုလုပ် နိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်း၌ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေ၍ ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်း မရှိခြင်းကြောင့်ဖြစ်ကြောင်း ထိုအရာရှိမှ ရှင်းပြသည်။

ကျောက်စိမ်းတင်ပို့မှု လျော့ကျရခြင်းသည် ကျောက်စိမ်းဝယ်ယူလိုသည့် တရုတ်ကုန်သည်များ အနေဖြင့်မြန်မာနိုင်ငံတွင်သာမက ၄င်းတို့နိုင်ငံတွင်ပါ အခွန်ပေးဆောင်နေရခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် တရုတ်အစိုးရမှ ၄င်းတို့ကုန်သည်များကို ချေးငွေများ ထုတ်ချေးမှု ရပ်ထားခြင်းကြောင့် ဖြစ်ကြောင်း တရုတ်နယ်စပ် ကျယ်ဂေါင်မြို့ရှိ ကျောက်စိမ်းကုန်သည် ဦးမြင့်အောင်က ပြောသည်။

၎င်းက “ကျောက်မျက်ပြပွဲကနေ တရုတ်တွေကကျောက်ဝယ်ပြီး ပြန်သွားလို့ရှိရင် သူတို့ပြည်တွင်း အ၀င်ကို ၃၇ ရာခိုင်နှုန်းအခွန် ကောက်တယ်၊ မြန်မာပြည်မှာလဲ ဆောင်ထားရတယ် သူတို့ဆီမှာ လဲ ဆောင်ရတယ် ဆိုတော့ ကုန်သည်တွေက မတတ်နိုင်ဘူး ဒါကြောင့်မ၀ယ်တော့တာ” ဟုပြောသည်။

အဆိုပါအခွန်နှုန်းထား ကောက်ခံမှုကို ယခုနှစ်မေလကုန်တွင် ကောက်ခံခြင်းမပြုတော့ရန် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့အကြား ညှိနှိုင်းမှု များ ပြုလုပ်နေကြောင်း ဦးမြင့်အောင်မှ ဖြည့်စွက်ပြောကြားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏတွင် ပို့ကုန်ပမာဏမှာ ၂၈၃.၂၅၁ သန်းတင်ပို့နိုင်ခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ၁၁၇.၈၈၁ သန်းသာတင်ပို့နိုင်ခဲ့ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှုစာရင်းအင်းဌာနမှ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့နေသည့် အိတ်စ်ပို့စ်( Export ) လုပ်ငန်းရှင်တစ်ဦးကလဲ “ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်တွေများတဲ့ အခါကျတော့ ပြည်တွင်းဆန်ဈေးကတက်တယ်။ ပြည်တွင်းဈေးက တက်နေတော့ မပို့နိုင်တော့ဘူး၊ ဒါကြောင့် ပို့ကုန်တန်ဖိုးလျော့တာ ဖြစ်နိုင်ပါတယ်” ဟု သူ့အမြင်ကို ပြောပြသည်။

Ref: မဇ္ဈိမ

Read More...

ကုမ္ပဏီကြီးများ၏ ရင်းနှီးမြုပ်နှံမှုများအား သတိရှိရန် မလေးရှား အမတ် ပို့ချ

နေမျိုး
မေလ ၁၅ ရက် ၂၀၁၃ ခုနှစ်

‘ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်များ၏ အမှောင်ဘက်ခြမ်း’ အမည်ရှိစီးပွားရေး စာတမ်းအား ရန်ကုန်မြို့ Summit Park View ဟော်တယ်တွင် မလေးရှား လွှတ်တော်အမတ် မစ္စတာ ချားလ်ဆန်တီယာဂို (Charles Santiago) မှ ယနေ့ ဆွေးနွေး ဟောပြောသည်။

ယနေ့ကမ္ဘာတွင် ရင်းနှီးမြုပ်နှံလိုသူများသည် ကိုလိုနီနယ်ချဲ့စံနစ်ကဲ့သို့ သဘာဝ သံယံဇာတများအား ရယူခြင်းမျိုး မဟုတ်တော့ဘဲ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဥပဒေများအား အသုံးချသည့် ပုံစံသစ်ဖြင့် ၀င်ရောက် လာနေကြောင်း ကျောင်းဆရာတဦးလည်းဖြစ်သူ မစ္စတာ ချားလ်ဆန်တီယာဂို က ပြောသည်။

၎င်း က “ထိပ်ဆုံးရောက်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေက ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်တွေနဲ့ ၊ သူတို့ရဲ့ အမြတ် အစွန်းအတွက် အစိုးရတွေကို ထိန်းချုပ်တယ်၊ နိုင်ငံတိုးတက်မှုထက် ထိန်းချုပ်မှုက များတယ်” ဟု ဆိုသည်။

ယခင်က လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး တို့ကိုသာ ကြားဖူးခဲ့ပြီး ယခု အခါ ပြောင်းလဲလာနေကြောင်း ၎င်း က ဆက်ပြောသည်။

မစ္စတာ ချားလ်ဆန်တီယာဂို က“အခု ကော်ပိုရေးရှင်းတွေက ပုံစံပြောင်းလာနေတယ်။ သူတို့လည်း ရပိုင်ခွင့်ရှိတယ်ဆိုပြီး၊ ရင်းနှီးမြုပ်နှံမှု ဥပဒေတွေက သူတို့ရဲ့ အကျိုးအမြတ်ကို ကာကွယ်ပေးရမယ်ဆို အခွင့်အရေးတွေရအောင် အစိုးရတွေနဲ့ သဘောတူညီချက်တွေ လုပ်ကြတယ်” ဟု ထပ်မံ ရှင်းလင်းပြောဆိုသည်။

‘ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်များတွင် အလွန်မှောင်တဲ့ အခြမ်းလည်းရှိနေသလို ကုမ္ပဏီများက အစိုးရများကို လျို့ဝှက်သည့် နိုင်ငံတကာခုံရုံးများတွင် တရားစွဲဆိုပိုင်ခွင့်ကို ခွင့်ပြုထားကြောင်း’ ၎င်း ၏ စာတမ်းက ထောက်ပြဝေဖန် ထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများနှင့် ပါတ်သက်ပြီး ပြည်သူများနှင့် တိုင်ပင်သင့်ကြောင်း “ကုန်ကျ စားရိတ်နဲ့ အကျိုး အမြတ် နှိုင်းယှဉ်ပြီး ဆုံးဖြတ်ပါ၊ လွှတ်တော်မှာ ရင်းနှီးမြုပ်နှံမှုနဲ့ ပါတ်သက်တဲ့ ကော်မတီတွေ ရှိမယ်၊ ပြည်နယ်တွေမှာလည်း ကော်မတီတွေ ရှိမယ်။ ပြည်သူတွေက သဘောတူရင် လုပ်သင့်တယ်” ဟု မဇ္စျိမ ၏ မေးမြန်း ချက်ကို ဖြေကြားသွားသည်။

၎င်းနှင့်အတူ အခြားပညာရှင် အချို့ပါဝင်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲ ကို ရန်ကုန်မြို့ Summit Park View ဟော်တယ်တွင် ယနေ့နေ့လည်ပိုင်း က ကျင်းပခဲ့ပြီး ပြည်တွင်းမီဒီယာ အချို့နှင့်အတူ စိတ်ပါဝင်စားသူ ၂၀ ခန့် တက်ရောက်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Wednesday, May 15, 2013

ဧရာဝတီတိုင်း ဆားတောင်သူများ ဆက်တိုက် အရှုံးပေါ်နေ

ဆလိုင်းသန့်စင်| May 15, 2013

ဆားဈေးနှုန်းကျဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဆားတောင်သူများ အရှုံးပေါ်နေကြပြီး ယခုကဲ့သို့ ဆားထုတ်လုပ်မှုလုပ်ငန်းအရှုံးပေါ်နေသည်မှာ ယခုနှစ် အပါအ၀င် ၄ နှစ်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဆားတောင်သူများက ပြောသည်။

ဆားတောင်သူများမှာ ဆား ၁ ပိဿာအတွက် ထုတ်လုပ်မှုစရိတ် ၃၀ ကျပ်ခန့် ကုန်ကျနေသော်လည်း ဆားဈေးကွက်၌ ၁ ပိဿာလျှင် ၂၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိနေရာ ဆား ၁ ပိဿာရောင်းတိုင်း အနည်းဆုံး ၁၀ ကျပ် ခန့်အရှုံးပေါ်နေကြခြင်း ဖြစ်သည်။

“ဒီနှစ်ဆိုရင် ဆားက စံချိန်မီအောင်ထွက်တယ်လို့ ပြောလို့ရတယ်။ ဆားထွက်ပေမယ့် နောက်ပိုင်းကျတော့ ဈေးက တော်တော်လေး ကျသွားတယ်။ ဆားတောင်သူက တပိဿာမှာ အနည်းဆုံး ၃၀ ကျပ်လောက် အရင်းရှိတာကို ပေါက်ဈေး ၂၀ ဆိုတော့ ဆား ၁ ပိဿာ ရောင်းရင် အနည်းဆုံး ၁၀ ကျပ် ရှုံးနေတဲ့အနေအထား ရှိပါတယ်။ ဒီနှစ်ဆိုရင် ဆားတောင်သူတွေ အရှုံးပေါ်ခဲ့တာ ၄ နှစ်မြောက်ပေါ့”ဟု ငပုတောမြို့နယ် မကျည်းပင်ကျေးရွာအုပ်စုမှ ဆားတောင်သူ ဦးမျိုးမင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၌ နေလှန်းဆားချက်သည့်လုပ်ငန်းများကို နှစ်စဉ် အောက်တိုဘာလက စတင်လုပ်ကိုင်ကြပြီး ဇန်န၀ါရီလတွင် ဆားကွင်းများမှ ဆားများထွက်ရှိလာကာ ဈေးကွက်သို့ တင်ပို့ရောင်း ချလေ့ရှိကြသည်။

ဆားများ စတင်ထွက်ရှိသည့် ယခုနှစ်ဇန်န၀ါရီလက ၁ ပိဿာလျှင် ၃၅ ကျပ်မှ ၄၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပြီး ယင်းဈေးနှုန်းအတိုင်း အရောင်းအ၀ယ်ဖြစ်နေခဲ့ရာမှ ဧပြီလအလယ်ပိုင်း သင်္ကြန်ကာလအပြီးတွင် ၁ ပိဿာလျှင် ၂၅ ကျပ်ဈေးနှုန်းသို့ ရုတ်တရက်ထိုးကျသွားခဲ့သည်။ ထို့နောက် ဆားဈေးများ ဆက်လက်ကျဆင်းလာရာ မေလ ဒုတိယပတ်တွင် ၁ ပိဿာ ၂၀ ကျပ် ၀န်းကျင်အထိ ကျဆင်းသွားခဲ့သည်။

“အရောင်းအ၀ယ်က သင်္ကြန်နောက်ပိုင်းလောက်မှာ ဈေးကွက်ပျက်သွားတဲ့သဘော ဖြစ်သွားတယ်။ အခုလက်ရှိက ဆားကွင်းတွေ သိမ်းတဲ့အချိန်ဖြစ်တော့ ဆားဖိုသူကြီးတွေက အလုပ်သမားခရှင်း ဖို့ ငွေလိုတော့ ရတဲ့ဈေးနဲ့ တွန်းရောင်းကြတယ်။ ငွေလိုလို့ ၁ ပိဿာ ၁၆ ကျပ်ဈေးလောက်နဲ့ ရောင်းနေရတဲ့ ဖိုသူကြီးတွေတောင် ရှိတယ်”ဟု ငပုတောမြို့နယ်မှ ဆားတောင်သူ ဦးအုန်းဝင်းက ပြောသည်။

ယခုနှစ်မှာ ရာသီဥတု ဖျက်ဆီးမှုမရှိသည့်အတွက် ဆားအထွက်နှုန်းတိုးလာချိန်တွင် ဆားကုန်သည်များက ဈေးကစားကာ တဖြည်းဖြည်း ဈေးနှိမ်ဝယ်ယူသည့်အတွက် ယခုလို အရှုံးပေါ်ကြခြင်းဖြစ်ကြောင်း ဆားတောင်သူများက တညီတညွတ်တည်း ပြောဆိုကြသည်။

“တောင်သူက ၃၅ ကျပ်လောက် ဈေးနှုန်းရမှ သူတို့အတွက် အနည်းအပါး ကျန်မယ်။ အလုပ်သမားခလေးလည်း ရှင်းပေးနိုင်မယ်။ အခုက ခေါက်ချိုးလောက်ရှုံးသွားတော့ ဆားတောင်သူတွေဟာ လာမယ့်နှစ်မှာ အလုပ်လုပ်ဖို့ အခက်အခဲအများကြီး ဖြစ်သွားတယ်”ဟု မျိုးရိုးစဉ်ဆက် ဆားဖိုသူကြီးလုပ်ကိုင်ခဲ့သူ ဦးအုန်းဝင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ငပုတောနှင့် လပွတ္တာမြို့နယ်တို့မှာ နေလှန်းဆားချက်လုပ်ငန်း အများဆုံး လုပ်ကိုင်သည့်ဒေသများဖြစ်ပြီး ဆားအများဆုံး ထွက်ရှိရာဒေသလည်း ဖြစ်သည်။ ဖျာပုံနှင့်မြောင်းမြမြို့နယ် တို့တွင်လည်း ဆားလုပ်ငန်းကို အနည်းအကျဉ်း လုပ်ကိုင်ကြသည်။

ဆားထုတ်လုပ်မှုလုပ်ငန်းများ နှစ်စဉ်အရှုံးပေါ်နေသည့်အတွက် မိမိတို့ဒေသတွင် ဆားကွင်းလုပ်ကိုင်သူ တဖြည်းဖြည်း နည်းပါးလာနေကြောင်း ငပုတောမြို့နယ်မှ ဆားလုပ်ငန်းရှင် ကိုအောင်အောင်သန်း ထိုက်က ပြောသည်။

“ကျနော်တို့အနီးနားတ၀ိုက်ဆိုရင် အရင်က ဆားဖိုသူကြီး ၁၅ ဦးလောက်ရှိတာ အခုဆို ကျနော်တို့အပါအ၀င် ဆားလုပ်ငန်းလုပ်တာ ၃ ဦးပဲ ရှိတော့တယ်။ နှစ်တိုင်းရှုံးလာတော့ လူတွေက မလုပ်ချင်ကြတော့ ဘူး”ဟု သူက ပြောသည်။

နေလှန်းဆားချက်လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ခိုင်မာသည့် ဆားဈေးကွက်တခု ဖန်တီးပေးရန်နှင့် အရည်အသွေးပြည့်မီသည့်ဆားများ ထုတ်လုပ်နိုင်ရန် ဆားတောင်သူများအား နည်းပညာအကူအညီပေးရန် လိုအပ်နေကြောင်း ဆားလုပ်ငန်းရှင် ဦးမျိုးမင်းက ၎င်းအမြင်ကို ပြောပြသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်၌ တိုက်ခတ်နေသည့် မဟာစင်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းရှိ ဆားအရောင်းအ၀ယ်များအားလုံး ရပ်တန့်နေကြောင်း သိရသည်။

“ခုလောလောဆယ် မုန်တိုင်းကြောင့် ရောင်းတဲ့လူလည်း ရပ်သွားပြီ။ ၀ယ်တဲ့လူလည်း မရှိဘူး။ အရောင်းအ၀ယ် အားလုံး ရပ်နေတယ်”ဟု ဆားလုပ်ငန်းရှင် ဒေါ်ဌေးမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆားချက်လုပ်ငန်းများ လုပ်ကိုင်ကြပြီး ယင်းအနက် ဧရာဝတီတိုင်းဒေသကြီးမှာ ဆားအများဆုံး ထွက်ရှိရာဒေသ ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

စက်မှုဇုံများအား မီးဖြတ်ထားရ၍ ဒီဇယ်အဝယ် တိုးမြင့်လာ

ထင်လင်းအောင်
မေလ ၁၄ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်စက်မှုလုပ်ငန်းများအား ၂၄ နာရီ လျှပ်စစ်မီး ဖြတ်တောက် လိုက်ပြီး တစ်ပတ် အတွင်း ပြည်တွင်း လောင်စာဆီ (ဒီဇယ်) သုံးစွဲမှုနှုန်း တစ်ဟုန်ထိုး မြင့်တက်လာခြင်း ဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသည့် ကုန်သည်များနှင့် စက်သုံးဆီ အရောင်းဆိုင်ရှင်များ ကပြောကြားသည်။

မေလ ၆ ရက်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုလုပ်ငန်းများအားလုံးကို လျှပ်စစ်မီး သုံးစွဲမှု ၂၄နာရီ ဖြတ်တောက်လိုက် ခြင်းဖြစ်ပြီး ယင်းမတိုင်မီ တင်သွင်းထားသည့် လက်ကျန်ဆီများ ရှိနေသေးခြင်းကြောင့် ပြည်ပမှ မှာယူ တင်သွင်းသည့် ပမာဏ မည်မျှတိုးလာသည် ဆိုခြင်းကိုမှု အတိအကျ ပြောကြားရန် ခက်ခဲကြောင်း စက်သုံးဆီကုန်သည်များကဆိုသည်။

စက်သုံးဆီ တင်သွင်းသည့် ကုန်သည်တစ်ဦးဖြစ်သူ ဦးမျိုးထွေးက`လျှပ်စစ်မီးတွေ ဖြတ်တောက်လိုက်တော့လောင်စာဆီသုံးစွဲမှု ပမာဏကတော့ များလာတယ်။ ရောင်းအား အနေအထား ကလည်းမြင့် လာတယ်။ ဒါပေမယ့် အဲဒီမတိုင်ခင် သွင်းထားတဲ့ လက်ကျန်တွေ ရှိနေတော့ ပြည်ပက ၀ယ်ယူရတဲ့ တန်ချိန် ဘယ်လောက်ပိုများ လာလဲဆိုတဲ့ အထိကိုတော့ အတိအကျပြောဖို့ခက်နေတယ်။´ဟု မဇ္ဖျိမ ကိုပြောသည်။

ထိုသို့ စက်သုံးဆီသုံးစွဲမှု တိုးမြင့်လာခြင်းကြောင့် ပြင်ပ(လမ်းဘေး) စက်သုံးဆီ အရောင်းဆိုင်များ အနေဖြင့် ရန်ကုန်မြို့တွင်း အရောင်းပမာဏ ၃၀ရာခိုင်နှုန်း တက်လာကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် တိရိစ္ဆာန် ဥယျာဉ် အနီးမှ ပြင်ပစက်သုံးဆီအရောင်း ဆိုင်လုပ်ငန်းရှင် ဦးဝင်းကိုက ဆိုသည်။

၎င်းက “အောက်တိန်း နဲ့ ဓာတ်ဆီအဖြူရဲ့ရောင်းအားက အရင်ကနဲ့သိပ်မကွာဘူး။ ဒီဇယ်ကတော့ နည်းနည်း ပိုရောင်းရတယ်။ အရင်က တစ်နေ့ကို ၁၅ပေပါလောက် အလုပ်ဖြစ်တယ်။ အခုရက်ပိုင်း မှာ ပေပါ နှစ်ဆယ်လောက်အထိရောင်းလာရတယ်။ နယ်ကိုပို့တဲ့နှုန်းနဲ့ ရန်ကုန်မှာပဲရောင်းရတဲ့ နှုန်းကလည်း သိပ်မကွာတော့ဘူး။ စက်မှုဇုန်တွေကမှာတွေနဲ့ ဟိုတယ်တွေက ၀ယ်တဲ့နှုန်းကပိုများလာတယ်။” ဟုပြောသည်။

သို့ရာတွင် ဈေးကွက်ဈေးနှုန်းများသည် မြင့်တက်လာခြင်းမရှိသေးပဲ မေလဆန်း ဈေးနှုန်းများ အတိုင်းသာ ဆက်လက် တည်ငြိမ်နေပြီး ပြင်ပ (လမ်းဘေး) ဈေးနှုန်းများမှာ နယ်သို့ဖြန့်ချီဈေး ဒီဇယ်ဆီ (၅၀) ဂါလံ တစ်ပေပါလျှင် ၁၉၀၀၀၀ ကျပ် နှင့် တစ်ဂါလံ ၃၆၀၀ ကျပ် ၊တရားဝင်ပုဂ္ဂလိကစက် သုံးဆီအရောင်းဆိုင်ဈေး ၃၉၅၀ ကျပ် ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လျှပ်စစ်မီး မရရှိခြင်းကြောင့် စက်ရုံများ အနေဖြင့်(ဥပမာ-အအေးခန်းစက်ရုံ) တစ်နာရီလျှင် ပျှမ်းမျှ ၁၈ ဂါလံနှုန်းဖြင့် တစ်ရက်လုပ်ငန်းလည်ပတ်ချိန် ၂၄နာရီအတွက် ဆီဂါလံ ၄၀၀ကျော် (၈ပေပါ) သုံးစွဲ မောင်းနှင်
နေရသဖြင့် တစ်ရက်ကုန်ကျငွေ ကျပ်၁၄ သိန်းကျော်ရှိနေကြောင်း ရွှေယမုံအအေးခန်း စက်ရုံပိုင်ရှင် ဦးထွန်းအေး က မဇ္ဖျိမကိုပြောသည်။ ဦးထွန်းအေးက `အအေးခန်းဆိုတာ ၂၄ နာရီအပြည့်လည်နေရတော့ အချိန်အကြာကြီးရပ်တည်ဖို့က မလွယ်နိုင်ဘူး။´ဟုဆိုသည်။

Ref: မဇ္ဈိမ

Read More...

Monday, May 13, 2013

ထိုင်ဝမ် ကုမ္ပဏီ ၃၁ ခု မြန်မာ့ဈေးကွက်သို့ ဝင်လာတော့မည်

မင်းမင်း
မေလ ၁၁ ရက် ၂၀၁၃ ခုနှစ်

စီးပွါးရေးပိတ်ဆို့မှုများ ဖြေလျှော့လာသည့်နောက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာသည့် အချိန်တွင် မြန်မာနိုင်ငံ အတွင်းသို့ ထိုင်ဝမ်ကုမ္ပဏီ ၃၁ ခုလည်း ဝင်ရောက်လာရန် ပြင်ဆင်နေ ပြီ ဖြစ်သည်။

“အခုကုမ္ပဏီ ၃၁ ခု နီးပါးက ကိုယ်စားလှယ်တွေတော့ ဒီမှာ ရှိနေပြီ။ နောက်လကျရင် အလုပ် စလုပ်နိုင်မယ် ထင်တယ်။ စက်တင်ဘာလ ကျရင် ရုံးခန်းတွေ ဒီမှာ ဖွင့်မှာပါ” ဟု ထိုင်ဝမ် ပြည်ပ ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကောင်စီမှ အာရှပစိဖိတ် ဈေးကွက် ဖွံ့ဖြိုးမှုမန်နေဂျာ Mr. Sinon Lia က မဇ္ဈိမကို ပြောသည်။


ထိုကုမ္ပဏီများ ပါဝင်သည့် ထိုင်ဝမ်မှ ကုန်သွယ်ရေးတိုးမြင့်မှု မစ်ရှင်အဖွဲ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင်မေလ ၁၀ ရက်က ၎င်းတို့၏ ပစ္စည်း အရည်အသွေးများကို လာရောက်ပြသစဉ် Mr. Sinon Lia က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝင်ရောက်လာမည့် ကုမ္ပဏီများမှ ထုတ်လုပ်သည့်ပစ္စည်းများမှာ ကားနှင့် ဆိုင်ကယ် ပစ္စည်းများ၊ စက်မှုလုပ်ငန်း သုံးနှင့် လျှပ်စစ် ပစ္စည်းများ၊ လက်သမားသုံး ပစ္စည်းများ၊ ဖုန်းနှင့် ကွန်ပျူတာ ပစ္စည်းများ၊ အ ထည်အလိပ်နှင့် သားရေ ပစ္စည်းများ၊ ငါးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ကော်နှင့် ပလပ်စတစ် ဆက်စပ်ပစ္စည်းများ၊ သင်ကြားရေး အထောက်အကူ ပစ္စည်း များ၊ ဆေးရုံ သုံးလုပ်ငန်း ပစ္စည်းများ၊ ဆေးဆိုးပန်းရိုက် လုပ်ငန်းသုံး ပစ္စည်းများ၊ ဗွီနိုင်းပုံနှိပ်လုပ်ငန်းသုံး ပစ္စည်းများနှင့် သံမဏိနှင့် ဂဟေဆော်ပစ္စည်းများ စသည်တို့ ပါဝင်သည်။

“အဓိကကတော့ ဒီနိုင်ငံကို ထိုင်ဝမ်က ဘာကြောင့်လာရလဲဆိုတော့ ထုတ်ကုန်တွေ ထုတ်ချင်လို့၊ ပြီးတော့ သဘာဝ အရင်းအမြစ်တွေလည်း ရှိတယ်။ အပြိုင်အဆိုင်လည်း နည်းတယ်။ ဒီနိုင်ငံရဲ့ လုပ်အားခက လည်း သက်သာတယ်” ဟု Mr. Sinon Lia က ရှင်းပြသည်။

ယခုကဲ့သို့ ဝင်ရောက်ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိနေသော်လည်း လျှပ်စစ်မီး အခက်အခဲများ ရှိနေကြောင်းလည်း Mr. Sinon Lia က ဆိုသည်။

“ပြဿနာက တခုပဲ ရှိပါတယ်။ အဲဒါက လျှပ်စစ်မီး မရတာပါပဲ။ ဒါပေမယ့် ကျနော်တို့ အများကြီး လုပ်ချင်ပါ တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နည်းပညာများ နိမ့်ကျနေခြင်းကြောင့် ထိုကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်းလည်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် က ဆိုသည်။

“တို့ဆီမှာ နည်းပညာတွေ အများကြီးလိုတယ်။ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလိုတယ်။ တို့နိုင်ငံက အချိန်တို အတွင်းမှာ ပူးပေါင်းဆောင်ရွက်ရမယ်။ ကုမ္ပဏီတွေ ဝင်လာရင် သူတို့က နည်းပညာ ရှိတယ်၊ ပိုက်ဆံရှိတယ်။ တို့ဆီက လုပ်သားအင်အား ရှိတယ်၊ မြေနေရာ ရှိတယ်ဆိုရင် ပေါင်းလိုက်ရင် ချက်ချင်း တက်သွားမှာပဲ” ဟု တိုက်တွန်း အားပေးသည်။

အစိုးရမှ စီးပွါးရေး လမ်းကြောင်းများ ဖွင့်ပေးခြင်းကို ကြိုဆိုသော်လည်း စက်ရုံအလုပ်ရုံများ လိုအပ်ကြောင်း လည်း Mr. Sinon Lia က ထောက်ပြသည်။

“မြန်မာ့စီးပွါးရေးကို ဖွံ့ဖြိုးဖို့ဆိုရင် ထုတ်ကုန်တွေ တိုးတက်ဖို့ လိုလိမ့်မယ်။ ကုန်ကြမ်းတွေကို ထုတ်ရောင်းတာ မျိုး မဟုတ်ဘဲနဲ့ စက်ရုံအလုပ်ရုံတွေ တည်ဆောက်ဖို့ လိုလိမ့်မယ်။ အဲဒါတွေ ဖြစ်လာရင် ထုတ်ကုန်တွေ အများကြီး ဖြစ်လာမယ်” ဟု ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, May 8, 2013

သဘာဝ ဆိုးဆေး လက်ရက်ထည်များ ပြည်တွင်းထက် ပြည်ပမှ ဝယ်ယူမှုများ

စန္ဒီဝိုင်း
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

သဘာဝ ဆိုးဆေးများကိုသာ အသုံးပြုသည့်လက်ရက်အဝတ်အထည်များ မှာ ပြည်တွင်းဈေးကွက်ထက် ပြည် ပဈေးကွက်က ပိုပြီးခိုင် မာနေကြောင်း ဈေးကွက် အတွင်းမှ သိရှိရသည်။

ချည်သားဖြင့် ရက်လုပ်ထားသည့်အပြင် ဆိုးဆေးကိုလည်း ဓာတုဗေဒများ အသုံးမပြုဘဲ သဘာဝမှ ရရှိသည့် အရောင်များ ကိုသာ အသုံးပြုထား၍ ဈေးနှုန်းမြင့်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ဝယ်ယူသူ အများစုမှာ ပြည်ပသို့လက်ဆောင်ပေးသည့်အချိန်များတွင်သာ ဝယ်ယူကြသည်။

“ပြည်ပက ဧည့်သည်တွေက မြန်မာနိုင်ငံကို လာလည်ရင် ချည်သားတွေ ဝယ်ကြတာ များတယ်။ အထည်က ချည်စစ်တဲ့ အပြင် ဆိုးဆေးက အစ သဘာဝဖြစ်လို့ တကြိမ်ဝယ်ပြီးရင် ဖောက်သည် ဖြစ်သွားတယ်။ ဒီကနေ လက်ဆောင်ပေးတော့ လည်း ချည်သားကို ပေးကြတယ်လေ။ ဒါကြောင့် ပြည်တွင်းထက် ပြည်ပက မှာယူတာ ဝယ်တာ များတယ်” ဟု ဗိုလ်ချုပ်ဈေး ရှိ မြန်မာ့ရနံ့ အထည်ဆိုင်မှ ပြောသည်။

သဘာဝ ဆိုးဆေး အများစုမှာ သစ်ခေါက်၊ ကြက်သွန်နီအခွံတို့ ဖြစ်ပြီး ထိုအထည်များ၏ ဈေးနှုန်းများမှာ အနိမ့်ဆုံး သောင်းဂဏန်းဝန်းကျင်မှ စပြီး ရောင်းချသည်။ ထို့ကြောင့် ပြည်တွင်း ဝတ်ဆင်သူများ အနေဖြင့် ဈေးနှုန်းမြင့်မားနေကြောင်းကို “ချည်သားစစ်စစ်နဲ့ သဘာဝ ဆိုးဆေးကြောင့် ဝယ်ဖြစ်ပေမယ့်ဈေးနှုန်းက ပွဲတက်ဝတ်စုံ တန်ဖိုးနီးပါး ရှိနေတော့ တထည်၊ နှစ်ထည်လောက်ပဲ ဝယ်ဖြစ်တယ်။ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အဝတ်ဆိုပေမယ့် ဈေးနှုန်းကြောင့် အများကြီးဝယ်ပြီး အမြဲဝယ်ဖို့ မဇြစ်နိုင်ပါဘူး” ဟု ဝယ်သူတဦးက ဆိုသည်။

နိုင်ငံခြား ဈေးကွက်အဖြစ် ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့ရကြောင်း “ဂျပန်က မှာတာ အများဆုံးပဲ။ တခြားနိုင်ငံတွေ အနေနဲ့ ဩစတြေးလျ၊ ဆွစ်ဇလန်တို့က မှာကြပါတယ်။ အများစုက ပိတ်ထည်အနေနဲ့ မှာကြတယ်။ ချုပ်ပြီးသားဆိုရင် ဂျာစီဒီဇိုင်းကို ပိုမှာကြတယ်။ နောက်ပြီး အိတ်တွေလည်း ရောင်းရပါတယ်” ဟု မြန်မာ့ရနံ့ အထည်ဆိုင်က ပြောပြ သည်။

သို့သော် ယင်းကဲ့သို့ သဘာဝဆိုးဆေးကို အသုံးပြုသည့် ချည်ထည်များကို ရက်လုပ်သည့် ရက်ကန်းရုံများ နည်းပါးခြင်းနေ၍ ပြည်ပမှ မှာယူသည့်ပမာဏကို တင်ပို့နိုင်ခြင်း မရှိသေးပေ။

“ကျမတို့ဆီမှာ ဒီလို သဘာဝ ဆိုးဆေး သုံးပြီး ရက်ကန်းလုပ်ငန်းရှင် သုံးဦးလောက်ပဲ ရှိတာ။ ထုတ်လုပ်နိုင်မှု အား နည်းပါတယ်။ နည်းပညာကို မသိကြတော့ လုပ်တဲ့သူ နည်းတဲ့အပြင် သစ်ဥ၊ သစ်ဖုတွေကနေ ဆိုးဆေး ထုတ်ရတာ ဆိုတော့ အခက်အခဲနဲ့ ပင်ပန်းမှုလည်း ရှိပါတယ်။ မိုးတွင်းရောက်ရင်လည်း အရောင် မထွက်တာတွေ ဖြစ်နိုင်ပါ တယ်။ ဓာတုဆိုးဆေးလိုမျိုး တထုပ် ၄၀ဝ၊ ၅၀ဝ နဲ့ဝယ်ပြီး ဆိုးလိုက်ရင် အချိန်နဲ့လူကို သက်သာစေတယ်။ ဈေးနှုန်း သက်သာပါတယ်။ ဒါပေမယ့် ကျန်းမာရေးအနေနဲ့က ဓာတ်မတည့်တာတွေ၊ ဆေးအရောင် ကျွတ်တာတွေလည်း ဖြစ်နိုင် ပါတယ်” ဟု အမရပူရမြို့နယ်မှ လုပ်ငန်းရှင် တဦးက ရှင်းလင်းပြောပြသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, May 7, 2013

အာလူးဈေးကျနေချိန် ကြက်သွန်နှင့်ဆန်တန်ဖိုးမြင့်နေ

မိုးမြင့်ကျော်(မြစ်မခ)
6 May, 2013

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်း၌ အိမ်သုံးစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီနှင့် ဆန်များကို ပြည်ပသို့တင်ပို့မှု များပြားလာခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့် တက်နေ ကြောင်း သိရ သည်။

ကြက်သွန်နီအသေးများကို ပြည်ပသို့တင်ပို့လျက်ရှိပြီးဈေးကွက်တွင်း နယ်ကုန်သည်များမှ သိုလှောင်ရန် အတွက် ၀ယ်ယူမှုများရှိနေခြင်းကြောင့် တန်ဖိုးမြင့်တက်လာခြင်းဖြစ်သည်ဟု ပွဲရုံပိုင်ရှင်အချို့က ဆိုသည်။

“ကြက်သွန်နီဈေးက နယ်ကလှောင်သမားတွေ အ၀ယ်လိုက်တာရယ်၊ ဒီက ပြည်ပတင်ပို့ သမားတွေရယ်ကြောင့် တက်လာတာပါ။ ကြက်သွန်အလုံးအသေးက ပြည်ပကို တင်ပို့တာများပြီး တစ်ပိဿာ ၁၀၀ လောက် ဈေးတက် သွားတယ်။ အရွယ်အလတ်တွေကတော့ ပိုရောင်းရတယ်” ဟု ဘုရင်နောင်ကုန်စည်ဈေးကွက်ရှိ ရွှေဆင်မင်းပွဲရုံ ပိုင်ရှင်ကပြောသည်။

သင်္ကြန်မတိုင်မီ ကြက်သွန်နီဈေးနှုန်းမှာ အရွယ်အစားကိုလိုက်၍ တစ်ပိဿာလျှင် ငွေကျပ် ၂၆၀ မှ ၃၄၅ ၀န်းကျင်ရှိခဲ့ပြီး ယခုအခါ တစ်ပိဿာလျင် ကျပ် ၄၂၅ မှ ၄၃၅ ၀န်းကျင်အထိ ဈေးတက်လာခြင်းဖြစ်သည်။

ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်း၌ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် တဆင့်ပြန်လည်ရောင်းချနေသည့် ဈေးနှုန်းများအနေဖြင့်လည်း ဈေးတင်ရခြင်းဖြစ်သည်ဟု သံဈေးတွင် လက်လီရောင်းချသူတစ်ဦးက ဆိုသည်။

“ကြက်သွန်ဈေးဆိုရင် အရင်လထက်ဈေးနည်းနည်းတက်တယ် ကျွန်မတို့ဆီကနေ ပြန်ရောင်းရတော့ ဈေးကတော့ နည်းနည်းတင် ရောင်းရတာပေါ့ ၊” ဟု သံဈေးတွင် လက်လီရောင်းချနေသည့် ဆိုင်ပိုင်ရှင် က ပြောသည်။

ဘုရင့်နောင်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမြင့်တက်လျက်ရှိသော်လည်း ဈေးကွက်အတွင်းသို့ အာလူး အနာများ ၀င်ရောက်နေပြီး ရာသီပေါ်ချိန်ဖြစ်ခြင်းကြောင့် အာလူးဈေးကျဆင်းလျက်ရှိသည်ဟု သိရ သည်။

သင်္ကြန်မတိုင်မီ အာလူးဈေးနှုန်းမှာ အရွယ်အစားကိုလိုက်၍ တစ်ပိဿာလျှင်ကျပ် ၈၆၀ ၀န်းကျင် ခန့်ရှိခဲ့ပြီး ယခုအခါ တစ်ပိဿာလျှင် ကျပ် ၃၀၀ မှ ၄၅၀ ၀န်းကျင်ထိ ဈေးကျလာခြင်း ဖြစ်သည်။

သင်္ကြန်မတိုင်မီက ဆန်တစ်အိတ်လျှင် ငွေကျပ်၁၈၀၀၀ ခန့် ရှိခဲ့ရာ ပြည်ပမှဝယ်ယူမှု များပြားလာခြင်းကြောင့် ဘုရင့်နောင်ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများမှာလည်း မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဆန်ပွဲရုံပိုင်ရှင်တို့က ဆိုသည်။

“သင်္ကြန်မတိုင်မီထက်စာရင် ဆန်ဈေးကတစ်အိတ် ၁၀၀၀ လောက်တက်လာတယ်။ export တင်ပို့တာတွေရှိလို့ နည်းနည်း ဈေးတက်တယ်လို့တော့ပြောလို့ရတယ်။ ဒါပေမယ့် ဒီအချိန်ကတော့ ဒီလိုပဲ ဈေးတက် တတ်ပါတယ်။” ဟု ဘုရင့်နောင်ပွဲရုံရှိ စိန်ရွှေဝင်း ဆန်နှင့် ဆန်ထွက်ပစ္စည်း ရောင်းဝယ်ရေး ပိုင်ရှင်က ပြောသည်။

ဧပြီလ ဒုတိယအပတ်တွင် ဆန်အချော(ပေါ်ဆန်း)တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀ ရှိခဲ့ပြီး ယခုအချိန်တွင် ဆန်အချော (ပေါ်ဆန်း) တစ်အိတ်လျှင် ကျပ် ၁၉၅၀၀ အထိ မြင့်တက်ခဲ့ကာ နွေဆန်ကြမ်း ၂၅မတ်ဆန် တစ်အိတ်လျှင် ယခင် ၁၃၅၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၁၆၅၀၀ ကျပ် ရှိကြောင်း သိရှိရသည်။


Ref: မြစ်မခ

Read More...

မိုးညှင်း အမှတ်(၂)အောင်သပြေဈေးသစ် မစည်ကား၍ ပဋိပက္ခဖြစ်ပွားနေ

လွင်ထူးကို(မြစ်မခ)
6 May, 2013

မိုးညှင်းမြို့ရှိ အမှတ်(၂) အောင်သပြေဈေးသစ် မှ ဈေးသူဈေးသားများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ကြား ဈေးလူမစည်သည့်ကိစ္စနှင့်ပါတ်သတ်၍ ပဋိပက္ခဖြစ်ပွားလျှက်ရှိသည်။

အဆိုပါဈေးမှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်သည့်ဈေးဖြစ်သည်နှင့်အညီ ဈေးဧရိယာ ကျယ်ကျယ်ဝန်းဝန်းနှင့် ဈေး ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိသည့် ဈေးသစ်ဖြစ်သည်။

“ဈေးမှာ အခွန်အခ နေ့တိုင်းပေးနေရပေမယ့်၊ လူမရှိတဲ့ ဈေးကိုလာပြီး ဈေးသည် အချင်းချင်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြန်နေရတယ်၊ အရင်ဈေး ဖျက်ခိုင်းတုန်းကပေးခဲ့တဲ့ ကတိတွေအတိုင်း လည်း ဆောင်ရွက်ပေးခြင်း မရှိလို့ ဈေးသည်တွေ ဒုက္ခရောက်နေရတော့ ကတိအတိုင်း လုပ်ပေးစေချင်တယ်”ဟု အောင်သပြေဈေးမှ ဈေးဖွင့်လှစ်ရောင်း ချသူတစ်ဦးကပြောသည်။

အဆိုပါဈေးသစ်ဖွင့်လှစ်ပါကမိုးမလင်းဈေးနှင့်ကျူးကျော်ဈေးသည်များအား ရောင်းချခွင့်ဖျက်သိမ်းခိုင်းမည်ဟု ပြောဆိုခဲ့ခြင်း၊ လူစည်ကားစေရန်လိုင်းတို သုံးဘီးကားဂိတ်များကို ဖွင့်လှစ်ပြေးဆွဲစေမည် ဟု ပြော ကြားထား ခြင်း၊ ဈေးသန့်ရှင်းရေး ရေမြောင်းတူးဖော်ပေးမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးသည်များအား ပြောဆိုကာ ပြောင်းရွှေ့ဖွင့်လှစ်စေခြင်းဖြစ်သည် ဟု အောင်သပြေဈေးသူဈေးသား တို့က ဆိုသည်။

ဈေးသူဈေးသားများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များထံသို့ အကြောင်း ကြားစာ အကြိမ်ကြိမ်တင်ပြတောင်းခံကာ ဈေးစည်ကားရန် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ထူးခြားမှုမရှိဟု ဈေးသူဈေး သားများက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုးညှင်းမြို့နယ် စည်ပင်သာယာရေးရုံး၌ မေလ ၆ ရက်နေ့က အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ဒီနေ့ အစည်းအဝေးမှာတော့ အချက်(၃) ချက်ကို ဆွေးနွေးခဲ့ကြတယ်၊ ဈေးသူဈေးသားတွေကတော့ အရင် ကိစ္စတွေကို ပြန်ပြောကြတယ်၊ မြောင်းကတော့ စဖေါ်နေပြီ ၊ အုတ်မတတ်နိုင်သေးတာပဲရှိတယ်၊ ဖွင့်ပြီးမှ အပြင် ပျံကျ ဈေးသည်တွေကို တားမြစ်ပေးမှာ၊ ဈေးမြန်မြန်ဖွင့်ဖို့ဆိုတာက ဆိုင်ခန်းအားလုံးပြီးမှ ဖြစ်မယ်”ဟု မိုးညှင်း မြို့မိမြို့ဖ ဥက္ကဌ ဦးမြင့်အေးက ပြောသည်။

ထိုအစည်းအဝေး၌ လုံခြုံရေးဝန်ထမ်းထားရှိပေးခြင်း၊ မြောင်းများကို ပြန်လည်တူးဖော်ပေးခြင်းနှင့် ဈေးသစ် ဖွင့်လှစ်နိုင်ရေး အတွက် အမြန်ဆုံးအကောင်အထည်ဖေါ်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ဆောက်လို့ မပြီးသေးတဲ့ ဆိုင်ခန်းတွေကို (၃)ရက်အတွင်း ခေါ်ပြီးဆွေးနွေးမယ်၊ မဆောက်နိုင်ရင် သိမ်းပြီး တော့ လေလံပစ်မယ်၊ ဈေးကို မြန်မြန်ဖွင့်နိုင်အောင်လုပ်ရမယ်၊ ချေးငွေလိုတယ်ဆိုလို့ လွန်ခဲ့တဲ့ ၂လက ချေးငွေ လည်း စီစဉ်ပေးခဲ့တယ်”ဟု ဦးမြင့်အေးက ဆက်ပြောသည်။

အောင်သပြေ အမှတ် (၂) ဈေးကို အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ပေးရန်အတွက် လွှတ်တော်သို့ စာတင် ပေးခဲ့ ဖူးကြောင်း၊ လာမည့်လွှတ်တော်အစည်းအဝေး၌လည်း ယခုကိစ္စကို ဦးစားပေးအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန် တင်ပြပေမည်ဖြစ်ကြောင်း ဈေးဖွင့်လှစ်ပြီးမှ အနီးအနားကားဂိတ်များမှာလည်း လိုက်ပါဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင့်အောင်က ဆိုသည်။


Ref: မြစ်မခ

Read More...

ဂျပန်သို့ တင်ပို့ဆန်ဈေးကွက် အရည်အသွေးအခက်အခဲကြောင့် နှစ်စဉ် မသေချာ

ထင်လင်းအောင်
မေလ ၀၆ ရက် ၂၀၁၃ ခုနှစ်

နှစ်ပေါင်း ငါးဆယ်အတွင်း မြန်မာနိုင်ငံမှ ဆန် မထရစ်တန်ချိန် ၅၀၀၀ကို ၀ယ်ယူမည်ဖြစ်သော်လည်း ဂျပန်နိုင်ငံအနေဖြင့် တင်ဒါစနစ်ဖြင့်သာ ဆက်လက်ဝယ်ယူမည် ဖြစ်သောကြောင့် လာမည့်နှစ်များ အတွက် ဈေးကွက် အလားအလာကို ကြိုတင် ပြောကြားရန် ခက်ခဲသေးကြောင်း မေလ ၄ ရက်က ဆန်ဝယ်ယူရေး သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေး လုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr Takeharu IMASHIRO ကပြောကြား ခဲ့သည်။

Mr Takeharu Imashiro က “အခု ၀ယ်ယူတဲ့ ဆန်တန်ချိန် ၅၀၀၀ က တင်ဒါစနစ်နဲ့ ၀ယ်ယူခဲ့ တာ ဖြစ်တဲ့အတွက် နောက်ပိုင်း ဈေးကွက် အလားအလာကတော့ ကြိုပြောရမှာခက်ပါတယ်”ဟု ဈေးကွက် အလားအလာနှင့် စပ်လျဉ်းကာ ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးတင်ပို့ ရောင်းချရာတွင် အဓိကအနေဖြင့် အာဖရိကသို့ ပွဲစားမှ တဆင့် တင်ပို့သည့် အလှူရှင် ဈေးကွက်ကိုသာ မှီခိုလာခဲ့ရရာမှ တင်ဒါဝင်ရောက် ပြိုင်ခြင်းဖြင့် ဂျပန်ဈေးကွက်သို့ တကျော့ပြန် ပထမဆုံးအကြိမ် အဖြစ် တန်းမြင့်ဆန်အား MAPCO (မြန်မာနိုင်ငံဆန်စပါး အများပိုင် ကုမ္ပဏီ လီမိတက်) အစီအစဉ်ဖြင့် မစ်ဆူရီကုမ္ပဏီသို့ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် အစားအစာ အရည်အသွေး ထိန်းချူပ်မှု ဆိုင်ရာမူဝါဒများအရ ရုပ်ပိုင်း၊ဓါတ်ပိုင်း၊ ဗီဇပိုင်း ဆိုရင်ရာ အရည်အသွေးများအား စစ်ဆေးမှု အမျိုးအစား ၁၆၇မျိုးဖြင့် ဓါတ်ခွဲ စစ်ဆေး၍ တင်ဒါ ခေါ်ယူခြင်း ဖြစ်ကာ အဆိုပါ အရည်အသွေး စစ်ဆေးမှုများ အောင်မြင်မှသာ တင်သွင်းခွင့် ရခြင်းဖြစ်ကြောင်း MAPCO ဥက္ကဌ ဦးရဲမင်းအောင် ကပြောကြားသည်။

၎င်းက“ဂျပန်ကို ဆန်တင်ပို့တဲ့အပိုင်းမှာက လက်ရှိတန်ချိန်၅၀၀၀ ကိုတောင်မှ ခက်ခက်ခဲခဲ လုပ်ရတဲ့အပိုင်းမှာ ရှိတယ်။ဂျပန်ရဲ့Food Security (အစားအစာအရည်အသွေးထိန်းချုပ်မှု)ကတင်းကြပ်တော့ အရည်အသွေးပိုင်း စစ်ဆေးမှု တွေအဆင့်ဆင့်လုပ်တယ်။ နှစ်တိုင်း တင်ပို့နိုင်ဖို့တော့ ကြိုးစားနေပါတယ်။” ဟုပြောသည်။

လက်ရှိအနေအထားတွင် ဂျပန်ဈေးကွက်သို့တင်ပို့နိုင်မည့် တန်းမြင့်ဆန်များ ထုတ်လုပ်တင်ပို့င်ရန်မှာပြည်တွင်းရှိ စိုက်ပျိုးသည့် စပါးအမျိုးအစား များ ၊ ရိတ်သိမ်းချွေလှေ့သည့်စနစ်များ၊ ကြိတ်ခွဲသည့် စနစ်များ၊ သိုလှောင် တင်ပို့သည့် စနစ်ပိုင်းများတွင် အဆင့်မြင့်တင်ရန် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဦးရဲမင်းအောင်က ဆက်လက်ပြောကြား သည်။

မြန်မာနိုင်ငံသည် ပုံမှန်အားဖြင့် အာဖရိက ဈေးကွက်ကိုသာ အားထားခဲ့ရရာမှ ၂၀၁၂-၂၀၃ဘဏ္ဍာနှစ် တွင် မူဆယ်နယ်စပ် မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ဈေးကွက် ပွင့်လန်းလာခဲ့ခြင်းကြောင့် ၄၆ နှစ် အတွင်း ပြည်ပသို့ တင်ပို့နိုင်မှု စံချိန်တင်အဖြစ် ဆန်မက်ထရစ်တန်ချိန် တစ်သန်းခွဲအထိ တင်ပို့နိုင်ခဲ့သည်။

လက်ရှိဈေးကွက် အနေအထားအရ အင်ဒိုနီးရှားမှလည်း ဆန်တန်ချိန် သုံးသိန်း ၀ယ်ယူရန် ကမ်းလှမ်းထားကာ လက်ရှိ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရန် လျာထားကြောင့် သက်ဆိုင်ရာမှ သတင်းထုတ်ပြန် ထားသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့