Friday, February 26, 2010

ဟာသကြက်ဥကြော်လား

ဘွဲ့ဖြူ
၂၅/ ဖေဖော်ဝါရီ ၂၀၁၀

နွေရာသီရဲ့ ရှေ့ပြေးဖြစ်တဲ့ ဥသြတွန်သံမှ လှိုင်လှိုင် မကြားရသေးဘူး၊ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး အခြေအနေက အတော်ကလေး ဆိုးဆိုးရွားရွား ဖြစ်နေပြီဆိုတဲ့ အသံတွေ ကြားနေရတယ်။ တချို့မြို့နယ်တွေမှာ ဆိုရင် တရက်ကို မီးလာချိန် (၃) နာရီတောင် မပြည့်ဘူးလို့ သိရတယ်။ မြို့ငယ်ကလေးတွေ မပြောပါနဲ့လေ။ ရန်ကုန်မြို့တော် ကြီးမှာတောင် မြို့လယ် တခုလုံးဟာ မီးစက် မောင်းသံတွေနဲ့ နေ့စဉ် ငရဲပွက်နေသလို ပါပဲလို့ ပြောကြတယ် (တချို့ကတော့ အဲဒီ မီးစက်သံတွေကို ဒီမိုကရေစီ တောင်းဆိုသံတွေလို့ တင်စားကြသတဲ့)။

နအဖက သူ့လက်ထက်မှာ ရေအားလျှပ်စစ် ကီလိုဝပ် ဘယ်လောက် ထုတ်လုပ်နိုင်တဲ့ ရေကာတာကြီး ဘယ်နှခု တည်ဆောက် ပြီးစီးခဲ့ပြီ၊ နောက်ထပ်လည်း ဘယ်နှခု တည်ဆောက်ဦးမယ် ဆိုပြီး အမြဲတမ်း ကြွားလုံး ထုတ်လေ့ရှိတယ်။ ရုပ်ရှင် မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေကို ကခိုင်း ဆိုခိုင်း သရုပ်ဆောင်ခိုင်းပြီး အဲဒီဆည်မြောင်း တာတမံ ရေကာတာကြီးတွေကို ‘ပွဲထုတ်’ လေ့ရှိတယ်။

ဒါပေမယ့် သဘာဝဓာတ်ငွေ့တွေ အလျှံပယ်ထွက်ရှိလို့ ထိုင်းတို့၊ တရုတ်တို့ကိုတောင် ရောင်းချပြီး ဒေါ်လာ သန်းထောင်ပေါင်း များစွာ ရရှိနေတဲ့ ငါတို့နိုင်ငံ၊ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်တဲ့ ဆည်မြောင်း တာတမံ ရေကာတာကြီးတွေ အဲသလောက် များများ ရှိနေတဲ့ ငါတို့နိုင်ငံဟာ နွေတောင် မရောက်သေးဘူး၊ တနေ့ (၃) နာရီတောင် မီးမရတော့တဲ့ အခြေအနေကို ဘာကြောင့် ရောက်နေရတာလဲ ဆိုတာကို ပြည်သူတွေ နားမလည်နိုင် ဖြစ်နေကြတယ်။

အဲသလိုပဲ တချိန်က အာရှရဲ့ ‘ဆန်အိုးကြီး’ ဖြစ်ခဲ့ဖူးတဲ့၊ အခုလက်ရှိမှာလည်း (နအဖရဲ့ ထုတ်ပြန် ပြောဆိုချက်တွေ အရ) စပါးစိုက် ဧကတွေ တနှစ်ထက်တနှစ် ကြောက်ခမန်းလိလိ တိုးလာနေတဲ့ ဒီနိုင်ငံမှာ ပြည်သူတွေဟာ အနှစ်အသား သိပ်မပါတဲ့ ဆန်ကြမ်းကိုတောင် ဈေးသက်သက် သာသာနဲ့ ၀၀လင်လင် မစားနိုင်ကြဘူး ဖြစ်နေတယ်။ မကြာသေးမီကလည်း ဆန်ဈေးတွေ ခုန်တက် သွားတယ်လို့ ကြားရတယ်။ အခြေခံ လူတန်းစားက အိမ်ရှင်မတွေရဲ့ ချူသံပါအောင် ညည်းတဲ့ အသံတွေ ပိုမို ကျယ်လောင်လာတာကို သတိပြုမိတယ်။

မြန်မာပြည်သူတွေရဲ့ လူမှုဒုက္ခတွေ အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲ။

ပြည်သူတွေ အဲသလို ‘ချဉ်သီးပင်အောက် ချဉ်သီးရှား’ နေကြချိန်မှာ နအဖကတော့ လူထုဆီက ‘တိုက်ရာပါပစ္စည်း’ ဖြစ်တဲ့ အာဏာကို ထာဝရ သိမ်းပိုက် ထားနိုင်ဖို့ကိုပဲ ‘ဆင်ကြံကြံ’ နေတယ်။ သူတို့ရဲ့ လမ်းပြမြေပုံဆိုတာထဲက အဆင့်တဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ရပ်ကျော်ရွာကျော် ကြေညာထားပြီး ဖြစ်နေပြီမို့ ပြည်သူ လူထုကလည်း လက်မခံ၊ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း အသိအမှတ် ပြုဖွယ်မရှိတဲ့ အဲဒီ ‘ခဲမူးစေ့’ ကို ဘယ်လို ပွဲထုတ်ရမလဲ ဆိုတာ အကြံထုတ်ရင်း အခုဆိုရင် ရွေးကောက်ပွဲ လုပ်မယ် ဆိုတဲ့ ၂၀၁၀ ခုနှစ်ထဲကို တရက်ပြီးတရက် နက်သထက်နက်အောင် ၀င်ရောက် လာခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ထုတ်ပြန်သင့်တဲ့ အချိန်ထက် အများကြီးတောင် ကျော်လွန် လာခဲ့ပြီဖြစ်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ … စတာတွေကတော့ အခုအထိ ပေါ်မလာသေးဘူး။

ကြားဖြတ်ရုပ်သေးအစိုးရတခုဖွဲ့ပြီး ရွေးကောက်ပွဲကိစ္စ အဲဒီအစိုးရ လက်ထဲကိုပဲ အလုံးစုံ လွှဲအပ် ပေးတော့မယ့်ပုံမျိုး လေသံလွှင့်ရင်း အဲဒီဥပဒေတွေ ထုတ်ပြန်ပေးဖို့ နောက်ကျ နေမှုအတွက် ‘အလီဘိုင်’ ပြနိုင်ဖို့ ကြိုးစားနေတယ်။ တချိန်တည်းမှာ ဗိုလ်သန်းရွှေရဲ့ ‘လူပြက်အလီ’ ဗိုလ်ကျော်ဆန်းက အကယ်ဒမီ ပေးပွဲမှာ ဘာမှ မဆီမဆိုင် ရွေးကောက်ပွဲ အကြောင်း ကြော်ငြာ ၀င်ခဲ့တာကိုကြည့်ရင် ဘယ်လိုမှ မဆီလျော်မှန်း သိပေမယ့် အကြံကုန် ဂဠုန် ဆားချက်ဆိုသလို လမ်းတံတားတွေ၊ တက္ကသိုလ်တွေ၊ ဆည်မြောင်းတာတမံ ရေကာတာတွေလို ‘အနှစ်ဗလာ အကာပြဲ့ပြဲ့’ အဲဒီ ရွေးကောက်ပွဲကိုလည်း ရုပ်ရှင် မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေနဲ့ တွဲပြီး ပွဲထုတ်ဖို့ ကြံစည်နေပုံ ရတယ်။

တချိန်တည်းမှာ နအဖရဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အသက်ဝင်ရေး လုပ်ငန်းစဉ်ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ သွယ်ဝိုက်တနည်း၊ တည့်တိုးတလမ်း ရှေ့နေ လိုက်ပေးနေကြတဲ့ ‘နိုင်ငံပြု ဂျာနယ်လစ်’ ကြီးများလည်း အခုတော့ နည်းနည်း မောသွားကြပုံရတယ်။ ‘လက်အားလုံး ထုတ်ပြခြင်းသည်သာ’ ဆရာလေးလည်း ခပ်စပ်စပ်ကလေး အတွယ်ခံလိုက်ရလို့ အခုနောက်ပိုင်း ကလောင် သိပ်မရမ်းရဲတော့တာ ပဲလား၊ စကားလုံး ပဉ္စလက်ဆရာ ကွန်မြူနစ် လူထွက်ကြီးလည်း ပစ်လွှတ်စရာ ဝေါဟာရ မီးရှူးမီးပန်း အသစ်တွေ ခန်းခြောက် သွားလို့ပဲလား မသိ၊ ဒါမှမဟုတ် သူတို့က ကန့်လန့်ကာရှေ့က ခွန်းထောက်တွေ၊ ဆိုင်းဆင့်တွေ၊ လေပြည်တွေ ဘယ်လို ဘယ်လောက်ပဲ ထိုးနေပေမယ့် ကန့်လန့်ကာနောက်က သူတို့မင်းသား နအဖက ထွက်ချိန်တွေ အများကြီး လွန်သွားတာတောင် မထွက်သေးတော့ သူတို့ကိုယ်တိုင် ကိုယ့်မင်းသားကိုယ် ဇဝေဇ၀ါ ဖြစ်နေကြလေသလား မသိ။ သူတို့ရဲ့ လိုင်စင်ရ စာမျက်နှာတွေပေါ်မှာ ရွှေဂုံတိုင် ကြေညာချက် ဘက်တော်သားတွေကို ချော့မြှူခြိမ်းခြောက် ကြိမ်းမောင်း တာတွေထက် ယေဘုယျ နိုင်ငံရေး သဘောတရား ဆိုင်ရာ သြ၀ါဒတွေကိုပဲ ပိုပြီး အတွေ့များလာရတယ်။

ဗိုလ်သန်းရွှေကတော့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ မဖြစ်မနေ မပျက်မကွက် ကျင်းပမယ်ဆိုတဲ့ ဂါထာကို လွတ်လပ်ရေးနေ့မှာ တကြိမ်၊ ပြည်ထောင်စုနေ့မှာ တကြိမ် ရွတ်ဆိုပြီး ယောင်တောင်တောင် ဖြစ်နေတဲ့ သူ့လူတွေဘက်က မဲတင်း ပေးနေတယ်။ မြန်မာ ပြည်သူလူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရွှေဂုံတိုင် ကြေညာချက် အကြောင်းကိုလည်း တခွန်းမဟ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ပထမဆုံး မဖြစ်မနေ လှမ်းရမယ့် ခြေလှမ်းဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ပျော့ပျောင်း ညွတ်နူးယဉ်ကျေးစွာ ကမ်းလှမ်း ဖိတ်ခေါ်ထားမှုကိုလည်း အကြောင်းမပြန်ဘဲ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ စကားတခွန်းကိုပဲ မျက်စိမှိတ် ပြောနေပုံထောက်တော့ ဗိုလ်သန်းရွှေတယောက် မျက်ကန်း တစ္ဆေမကြောက် ကြမ်းတော့ရမ်းတော့မယ့်ပုံ ရှိနေတယ်။

ဆိုရိုးစကားတခု ကြားဖူးတယ်။ “ပညာရှိများသည် သူတပါး၏ အမှားမှ သင်ခန်းစာယူကြ၏။ သာမန်လူများသည် မိမိအမှားမှ သင်ခန်းစာ ယူကြ၏။ လူမိုက်များသည်ကား မည်သည့် သင်ခန်းစာမျှ ယူနိုင်ခြင်း မရှိကြကုန်” တဲ့။

ဗိုလ်သန်းရွှေဟာ ကျေးဇူးရှင် ဗိုလ်နေ၀င်းကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ သူ့ခေါင်းဆောင် သူ့အထက်အရာရှိ ဗိုလ်စောမောင်ကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ … စသည်ကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ ညာလက်ရုံး ဗိုလ်ခင်ညွန့်ကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ အဲသလို ဖယ်ရှား ရှင်းလင်းခဲ့တဲ့ အတွက် တိုင်းပြည်က စည်ပင်ဝပြော ငြိမ်းချမ်း သာယာပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ဝင့်ဝင့်ကြွားကြွား ရပ်တည် နေနိုင်တယ် ဆိုရင်တော့ အဲဒီ ဖယ်ရှားရှင်းလင်းမှုတွေကို ရင်နာနာနဲ့ လုပ်ခဲ့ရတယ် ဆိုရင်တောင် ထိုက်တန် ပါသေးတယ်။ ရင်နာရကျိုး နပ်ပါသေးတယ်။

အခုတော့ တိုင်းပြည်အခြေအနေက အားလုံးသိကြတဲ့အတိုင်းပဲ။ ဗိုလ်သန်းရွှေ တယောက် သူ့ရဲ့ ‘မှန်ပါ့ဘုရား’ အသိုင်းအ၀ိုင်း အပြင်ဘက်ကို ထွက်ပြီး ကြည့်ရဲ၊ နားထောင်ရဲမယ် ဆိုရင် ဗမာပြည်ရဲ့ ပကတိ အခြေအနေကို မြင်ရကြားရမှာ ဧကန်ဖြစ်တယ်။ သူ့ရဲ့ ကျေးဇူးရှင်ကြီး ဗိုလ်နေ၀င်း အပင်းသွင်း သင်ကြားပေးခဲ့တဲ့ ‘ငါနဲ့မတူ ငါ့ရန်သူ’ မျက်မှန်စိမ်းကို ရဲရဲချွတ်ပြီး ကြည့်မယ်ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အထွေထွေ ဘယ်လို ရှိသလဲဆိုတာကို ဗိုလ်သန်းရွှေ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မှာ ဖြစ်တယ်။

သူ့လူတွေ သူ့ကို တလျှောက်လုံး လိမ်ညာလာခဲ့တယ် ဆိုတာကို (၂၆) နှစ်ကြာမှ သိသွား ခဲ့ရပါတယ်ဆိုတဲ့ ဗိုလ်နေ၀င်းဟာ အဲဒီအမှားကို ပြင်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် သူကျွေးမွေးပြုစု မြေတောင် မြှောက်ပေးခဲ့တဲ့ သရဲတွေရဲ့ ဒဏ်ကို ‘ဖွတ်ကော့ ပတတ်ကော့’ ကော့အောင် ခံစား ခဲ့ကြရပြီးဖြစ်တဲ့ ပြည်သူတွေအတွက် သူ့ရဲ့ ‘ပုံရိပ်ပြင်’ ကုသချက်တွေ ဆေးမမီတော့ဘူး။ နောက်ဆုံးတော့ သူဟာ သူ့ရဲ့နောက်ဆုံး ခရီးကို အထီးကျန်စွာ ထွက်ခွာသွားခဲ့ရပြီး သမိုင်းမှာလည်း နာမည်ဆိုးနဲ့ တွင်ကျန်ရစ်ခဲ့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ်။ ဗိုလ်သန်းရွှေ အနေနဲ့ ဒါတွေကို သင်ခန်းစာ ယူနိုင်ခဲ့မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ သိပ်ကောင်းမှာ သေချာတယ်။

နအဖလက်ထက် အနှစ်နှစ်ဆယ်နီးပါး ကာလ အတွင်းမှာရော ဗမာပြည်ရဲ့အခြေအနေဟာ ဘယ်လိုရှိခဲ့၊ ရှိနေသလဲ။ နအဖအစိုးရဟာ ဗမာ့ သမိုင်းတလျှောက် ဘယ်အစိုးရမှ ရင်မဆိုင်ခဲ့ရဖူးတဲ့ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချ ဆန့်ကျင် ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတယ်။ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံ နယ်နိမိတ်အပြင်ကို ရောက်သွားတာနဲ့ တပြိုင်နက် နိုင်ငံတကာ ဆက်ဆံရေး စစ်မျက်နှာမှာ လုံးလုံးလျားလျား ခံစစ်သမားတွေ ဖြစ်သွားကြတယ်။

ဒါဆိုရင် ပြည်တွင်းမှာရော အခြေအနေဘယ်လိုရှိသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အပစ်အခတ် ရပ်စဲရေးအဖွဲ့ (၁၇) ဖွဲ့တောင် ရှိတယ်ဆိုပြီး ကြုံတိုင်း ကြွားလုံး ထုတ်လေ့ ရှိပေမယ့် အဲဒီငြိမ်းချမ်းရေး ဆိုတာတွေဟာ ‘လက်နက်အသင့် ငြိမ်းချမ်းရေး’ သာဖြစ်တယ်။ အဲဒီ ညီညွတ်ရေး ဆိုတာတွေဟာ ‘တံတွေးနဲ့ ကပ်ထားတဲ့ ညီညွတ်ရေး’ သာ ဖြစ်တယ်ဆိုတာ ဗိုလ်သန်းရွှေရော သူ့ဗိုလ်ချုပ်တွေပါ အကုန်လုံး သိကြတယ်။

‘ပင်လုံခေတ်က ကုန်သွားပြီ’ လို့ ယူဆနေကြတဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက် နိုင်စွမ်း မရှိသူတွေ ဖြစ်တယ်ဆိုတာ တိုင်းရင်းသားတွေက ကောင်းကောင်း သိကြတယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့လည်း နအဖခေတ်ဟာ သမိုင်းတလျှောက် နိုင်ငံရေး အကျဉ်းသား အများဆုံးခေတ် ဖြစ်တယ်ဆိုတာ နအဖ ဗိုလ်ချုပ်တွေ ကိုယ်တိုင် မငြင်းနိုင်ဘူး။

နိုင်ငံရေးသမားတွေရဲ့ ဒုက္ခပရိဒေ၀နဲ့ သူတို့မိသားစုတွေရဲ့ သောက ဗျာပါဒတွေဟာ မြန်မာပြည်သူလူထု အများစုကြီးရဲ့ ဘ၀တွေနဲ့ တခြားစီပဲ၊ ဘာမှမဆိုင်ဘူးလို့ ခံယူရင် ပြောဆိုရင် ဆင်သေကောင်ပေါ်က ကျီးမိုက်လို အမှားကြီး မှားသွားလိမ့်မယ်။ အဲဒီ ဒုက္ခပရိဒေ၀ သောကဗျာပါဒ တွေဟာ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့ အဖျားပိုင်းကလေး တပိုင်းသာ ဖြစ်တယ်ဆိုတာ စိတ်ဓာတ် ပုံမှန်ရှိသူတိုင်း သိကြတယ်။ ဒါတွေအားလုံးဟာ နအဖရဲ့ မူဝါဒအမှားတွေရဲ့ အကျိုးဆက်ဖြစ်တယ်။ ဗိုလ်သန်းရွှေဟာ အဲဒီသူကိုယ်တိုင် မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး အခုအချိန်မှာ ဂငယ်ကွေ့ ကွေ့နိုင်မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အချိန်မီသေးတယ်။

ဒါပေမယ့် အခုအထိတော့ ကံမကောင်း အကြောင်းမလှစွာဘဲ ဗိုလ်သန်းရွှေဟာ သင်္ဘောကြီးကို ဧရာမ ကျောက်ဆောင်ကြီး တခုဆီ ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းနေတယ်။ ကျောက်ဆောင်ပေါ်မှာ မီးပြတိုက်ကြီး ထီးထီးမားမား ရှိနေတာကို ကျန်တဲ့သူ အားလုံး မြင်နေကြပေမယ့် ဗိုလ်သန်းရွှေနဲ့ သူ့လူတသိုက်ကတော့ ‘အင်းသူကြီး ဘုရားမမြင်’ တဲ့ ကိန်း ဆိုက်နေတယ်။

ဒီနေရာမှာ စကားမစပ် ‘သံခင်းတမန်ခင်း’ ဆိုတဲ့ ပရော်ဖက်ရှင် တခုအကြောင်း ပြောချင်တယ်။ အားလုံး သိကြတဲ့အတိုင်း အစိုးရ အကြီးအကဲတွေဟာ အင်မတန် စိတ်ရှည်သည်းခံပြီး အပြောအဆို အမူအရာမှာ အင်မတန့်ကို ထိန်းထိန်း သိမ်းသိမ်း ရှိတဲ့ လူမျိုးတွေကိုမှ သံတမန်အဖြစ် ခန့်ထားလေ့ရှိကြတယ်။ အဲဒီ သံတမန်တွေ ထဲမှာမှ နိုင်ငံခြားရေး ၀န်ကြီး ဆိုတာတော့ အခေါင်အချုပ် အခရာပဲ။ တချို့နိုင်ငံကြီးတွေ ဆိုရင် သူတို့ရဲ့ နိုင်ငံခြားရေး ၀န်ကြီးကို နိုင်ငံရဲ့အဆင့်အမြင့်ဆုံး သံတမန်အဖြစ် တင်စားလေ့ ရှိကြတယ်။

အများလက်ခံထားကြတဲ့ အဆိုတခုက အရှေ့ကမ္ဘာသား (အာရှသား) တွေဟာ အနောက်ကမ္ဘာသား (ဥရောပနဲ့ အမေရိကသား) တွေထက် အပြောအဆို အပြုအမူမှာ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြတယ်ဆိုတဲ့ အဆိုဖြစ်တယ်။

ဒါပေမယ့် ခိုင်လုံ လုံလောက်တဲ့ အကြောင်းတွေကြောင့် ဖြစ်မယ်။ မကြာသေးမီကတော့ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဟာ သူ့ရဲ့ သံတမန်ရေး အထိန်းအချုပ် အကန့်အသတ်တွေကို ခွာချပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ မပါဘဲလုပ်တဲ့ နအဖရဲ့ ရွေးကောက်ပွဲဟာ 'ဟာသ' ပဲ ဖြစ်လိမ့်မယ်” လို့ ခပ်ပြင်းပြင်း သတိပေးခဲ့တယ်။ သူ အဲဒီလိုပြောပြီး မကြာမီမှာပဲ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးကလည်း အလားတူ သဘောမျိုးဆောင်တဲ့ စကားကို ပြောဆိုခဲ့တယ်။

အရပ်ကတော့ ကြည့်မနေနိုင်လို့ ပြောကုန်ကြပြီ။ နအဖ ဘာလုပ်မှာလဲ။

“ကြက်ဥကို မခွဲဘဲ ကြက်ဥကြော်လုပ်၍ မရနိုင်ပါ” ဆိုတဲ့ စကားတခုရှိတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ဆိုတဲ့ ကြက်ဥကြော် လုပ်မယ်ဆိုရင် “နိုင်ငံတော် အချုပ် အခြာအာဏာသည် ပြည်သူလုထုထံမှ ဆင်းသက်သည်” ဆိုတဲ့ ကြက်ဥကို အရင် ခွဲရမှာဖြစ်တယ်။ အဲဒီသဘောတရားကို ၁၉၉၀ ရွေးကောက်ပွဲမှာ မြင်တွေ့ခဲ့ရပြီးဖြစ်တယ်။ အနှစ်နှစ်ဆယ် လွန်မြောက် ခဲ့ပြီးတဲ့နောက် အခုအချိန်မှာ အဲဒီသဘောတရားကို အနှစ်သာရအရ ဆက်လက် ကိုယ်စားပြုနေတာ ကတော့ အဲဒီတုန်းက အနိုင်ရပါတီ ဖြစ်ခဲ့သလို အခုအချိန် အထိလည်း ပြည်သူလူထု အများစုကြီးရဲ့ ထောက်ခံမှုကို ဆက်လက် ရရှိနေဆဲဖြစ်တဲ့ အန်အယ်လ်ဒီ ပါတီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာချက်ဖြစ်တယ်။

အဲဒီတော့ အဲဒီရွှေဂုံတိုင်ကြေညာချက် အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း ဆိုတဲ့ ကြက်ဥကို မခွဲဘဲ ရွေးကောက်ပွဲ ကြက်ဥကြော် လုပ်မယ် ဆိုရင်တော့ နအဖရဲ့ ကြက်ဥကြော်ဟာ အလုံး လိုက်ကြော်ထားတဲ့ ကြက်ဥကြော်၊ တနည်းပြောရရင် မြန်မာပြည်သူ လူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြက်ဥကြော်လို့ လက်မခံတဲ့ ကြက်ဥကြော်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး စကားကို ငှားပြီးပြောရရင် ‘ဟာသကြက်ဥကြော်’ ပဲ ဖြစ်လိမ့်မယ်။ ။

Ref: ခေတ်ပြိုင်

Read More...

လူထုရှေ့ ကစိန်ဝင်း

လူထုရှေ့ ကစိန်ဝင်း

Read More...

နေ့စဉ်သတင်းများ ( ၂၅ - ၂ - ၁၀ )

■ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးကို ယူအက်စ်သံအရာရှိများ လာရောက်နှုတ်ဆက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှု ပြင်ဆင်ချက် ဆုံးဖြတ်ချက် ချတော့မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့ တွေ့ဆုံ သတင်း
■ NLD တိုင်းနဲ့ ပြည်နယ် ဗဟိုဦးစီးအဖွဲ့ အောင်မြင်စွာ ဖွဲ့စည်း သတင်း
■ ရွေးကောက်ပွဲဝင်ကြရန် နိုင်ငံရေးသမား (၂) ဦး ပြည်ပတွင် တိုက်တွန်း သတင်း
■ ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ် သတင်း
■ ဗဟိုဦးစီးအဖွဲ့ဝင် (၁၀၀) ဦးကို အန်အယ်ဒီ CEC အတည်ပြု သတင်း
■ အမေရိကန်သံရုံး ယာယီတာဝန်ခံနှင့် NLD ဗဟိုကော်မတီ တွေ့ သတင်း
■ သံဃာတော်များအပေါ် ပိုမိုတင်းကျပ်ရန် ပြင်ဆင်နေ သတင်း
■ ထိုင်းလုံခြုံရေးပစ်ခတ်မှု မြန်မာ (၃) ဦး သေဆုံး သတင်း
■ အဖွဲ့ချုပ်ဝင် ဒေါ်မြင့်မြင့်အေးကို အရေးယူမှုအပေါ် သုံးသပ်ချက် သတင်း
■ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀ ခေါင်းဆောင် ပေါက်ယူချန်း မနက်ဖြန် တွေ့ဆုံမည် သတင်း
■ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် သာသနာကာကွယ်ရေးတပ်ဦး၏ လှုပ်ရှားမှု သတင်း
■ အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများ အခြေအနေ သတင်း
■ အစာငတ်ခံဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသား (၂) ဦးကို စစ်ခွေးတိုက်သို့ ပို့ သတင်း
■ ကေအိုင်အို အပစ်ရပ်အခမ်းအနား ကျင်းပ သတင်း
■ စစ်တပ်က ပစ်ခတ်သဖြင့် ကရင်ကျောင်းသားငယ် သေဆုံး သတင်း
■ မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ သတင်း
■ ရန်ကုန်၌ ကင်မရွန်းနိုင်ငံသားတဦး ပြင်သစ်သံရုံးကို အကူအညီတောင်းခံ သတင်း
■ မြန်မာ့သတင်းသမဂ္ဂ ဖွင့်ပွဲနေ့၌ မြန်မာသတင်းထောက်နှစ်ဦးကို ဂုဏ်ပြုဆုချီးမြှင့် သတင်း
■ ဆေးရုံက နှင်ချခံရသည့် လူနာကိုယ်တိုင် သက်သေခံ ထွက်ဆို သတင်း
■ နိုင်ငံသားစိစစ်ရေးအစီအစဉ် လျှောက်လွှာတင်ရန် နောက်ဆုံးရက် ရွှေ့ သတင်း
■ ဝ ခေါင်းဆောင် ပေါက်ယူချန်း နအဖကိုယ်စားလှယ်နှင့် တွေ့တော့မည် သတင်း
■ တနင်္သာရီတိုင်းမှ အလယ်စခန်းရွာသားများ ရွာပြင် မထွက်ရဲကြ သတင်း
■ ဟာသကြက်ဥကြော်လား (ဆောင်းပါး)
■ ကဗျာဆရာတင်မိုးရဲ့ စကားပြေ (ဆောင်းပါး)

Read More...

Thursday, February 25, 2010

နေ့စဉ်သတင်းများ ( ၂၄ - ၂ - ၁၀ )

■ ဦးတင်ဦး NLD အဖွဲ့ချုပ် ပြန်လည်ဦးဆောင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ၀မ်းမြောက် သတင်း
■ ဦးတင်ဦး လုပ်ကိုင်ပြောဆိုမှု ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးတင် သတင်း
■ NLD တာဝန်ခံတချို့နဲ့ အမေရိကန် ယာယီသံမှူး တွေ့ဆုံ သတင်း
■ အန်အယ်လ်ဒီ ဗဟိုဦးစီး ဖွဲ့စည်းသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ် သတင်း
■ လက်နက်ကြီးထိမှန်၍ ကျောင်းသား (၃) ဦး ထိခိုက်သေဆုံး သတင်း
■ ဒုတိယအကြိမ်မြောက် ကဲန်ဂျီနာဂါအိဆု ပေးအပ်ချီးမြှင့် သတင်း
■ ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသားစိစစ်ရေးလျှောက်လွှာ ပိတ်ရက် တလတိုး သတင်း
■ မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်ကြောင်း ကင်တားနားက ရဲချုပ်ကို သတိပေးခဲ့ သတင်း
■ အော်စကာဆုချီးမြှင့်ပွဲ ရွှေဝါရောင်သံဃာတော်တွေကို ဖိတ်ကြား သတင်း
■ တွေ့ဆုံရေးအတွက် တရုတ် ကြားဝင်ပေး - ၀ ခေါင်းဆောင် ငြင်းဆန် သတင်း
■ နိုင်ငံရေးအကျဉ်းသမားများ အစာငတ်ခံဆန္ဒပြ သတင်း
■ မြန်မာ့သတင်းသမဂ္ဂညီလာခံ ကျင်းပ သတင်း
■ မြန်မာ့သတင်းသမဂ္ဂညီလာခံတွင် ၂၀၁၀ ရွေးကောက်ပွဲအရေး ဦးစားပေး သတင်း
■ မီဒီယာသမားများ အရေးတော်ပုံတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း သတင်း
■ အတုအယောင်မြန်မာ မဖြစ်ရဟု ၀န်ကြီးချုပ် သိန်းစိန်ပြော သတင်း
■ အပစ်အခတ်ရပ်စဲရေး (၁၆) နှစ်ပြည့်အထိမ်းအမှတ် မနောပွဲ ကေအိုင်အို ကျင်းပ သတင်း
■ ကေအိုင်အို အပစ်ရပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ စတင်ကျင်းပ သတင်း
■ ဥရောပကော်မရှင် ကိုယ်စားလှယ်က နိုင်ငံရေးသမားအချို့ကို တွေ့ဆုံမေးမြန်း သတင်း
■ ခရီးဝေးနှင်ပြီး နိုင်ငံရေးအကျဉ်းသားကို သွားတွေ့ရသည့်အခက်အခဲများ သတင်း
■ ကချင်ပြည်နယ်၌ မြန်မာမိန်းကလေးများကို တရုတ်ပြည်ဘက်သို့ ရောင်းစားနေ သတင်း
■ မတော်တဆမှုကြောင့် ရွှေတူးသမားများစွာ သေဆုံး သတင်း
■ ဆန္ဒပြ မြန်မာဒုက္ခသည် (၁၀၆) ဦး လွှတ်ပေး သတင်း
■ ဒုက္ခသည်များ ရင်ဆိုင်နေရသည့် ဒုက္ခကို အလုပ်လုပ်ခွင့်ဖြင့် တဘက်တလမ်းမှ ဖြေရှင်းပေးနိုင် သတင်း
■ ရွှေ့ပြောင်းအလုပ်သမားများ၏ အန္တရာယ်အကြောင်း အစီရင်ခံစာထုတ်ပြန် သတင်း
■ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် နယ်စပ်မြို့တမြို့ ထပ်တိုး သတင်း
■ မဲဆောက်၌ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် စာရင်းပေး သတင်း
■ မြန်မာဓာတ်ငွေ့အတွက် တောင်ကိုရီးယားကုမ္ပဏီတို့ ပူးပေါင်း သတင်း
■ ရေဖြူမြို့နယ်ရှိ ဒေသခံများလည်း ပြည်သူ့စစ်ဝင်လုပ်နေရ သတင်း
■ ရခိုင်ပြည်နယ်မှာ ပထမဆုံး မျက်မမြင်ကျောင်း ဖွင့်လှစ် သတင်း
■ စစ်တပ်က လယ်မြေဥယျာဉ်ခြံများ သိမ်းယူ သတင်း
■ မြန်မာ-လာအိုနယ်စပ် လုံခြုံရေးတိုးမြှင့် သတင်း
■ ဦးပိုင်က ဆားတန်ချိန် (၁) သိန်း ၀ယ်မည့် အစီအစဉ်ကို ဖျက်လိုက်ပြီ သတင်း
■ ဆိပ်ကမ်းများလည်း ပုဂ္ဂလိကကို လွှဲမည် သတင်း
■ လိုင်စင်မဲ့ကား ဖမ်းနေစဉ် မသမာမှု ရှိနေ သတင်း
■ အကျိုးပြုသီချင်းများ ဆုချီးမြှင့်ရန် ပြန်ကြားရေး ပြင်ဆင် သတင်း
■ နာမည်ကျော် အဆိုတော်များ နေပြည်တော်တွင် သင်္ကြန်ကျမည် သတင်း
■ သွေးနှောဝါဒ ကျင့်သုံးနေခြင်းကို ရပ်တန့်ပေးရန် မွန်အမျိုးသမီးများ တောင်းဆို သတင်း
■ သူတပါးလူမျိုးကို ဖိနှိပ်ရင် ကိုယ့်လူမျိုးလည်း မလွတ်လပ်ဘူး (အင်တာဗျူး)
■ ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ (အင်တာဗျူး)
■ ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ (ဆောင်းပါး)
■ သမိုင်းဂါရဝ (ဆောင်းပါး)
■ လူ့အခွင့်အရေး နှိုင်းယှဉ်ချက် (ဆောင်းပါး)
■ နအဖစစ်အုပ်စုရဲ့ အခက်အခဲ (ဆောင်းပါး)
■ အရည်ပျော်ပီတိ (ဆောင်းပါး)
■ ရန်ကုန် ဝဋ်လည်ခြင်း (ဆောင်းပါး)
■ ရွှံ့ရေနောက် (ဆောင်းပါး)
■ သွေးနှောနည်းဖြင့် ယဉ်ကျေးမှုနှင့် လူမျိုးပျောက်ရန် လုပ်နေ (ဆောင်းပါး)

Read More...

ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ

Wednesday, 24 February 2010

မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။

၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။

မေး။ ။ ဒီပဲယင်း အရေးအခင်းပြီးတော့ အဘတို့ အထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။

ဖြေ။ ။ သြော်...ဒီပဲယင်းနောက်ပိုင်းမှာ ပထမက ဒီပဲယင်း ရဲအချုပ်ထဲမှာ နေရတာ ပေါ့လေ။ ရဲအချုပ်ထဲမှာ နေလိုက်ပြီးတော့ နောက်သူတို့က ကလေးထောင်ကို ပို့လိုက်တယ်။ ကလေးထောင်ကြတော့ သူတို့တခါတည်း အလုံပိတ် အခန်းထဲ တန်းထည့် လိုက်တယ်။ တယောက်တည်းပေါ့၊ အခန်းပိတ်ပေါ့။ အဲလိုနေရတဲ့ သဘောပေါ့။ အဲတော့ ဘယ်လိုချုပ်တယ်။ ဘယ်လိုဖမ်းတယ် ဆီးတယ်ဆိုတာကတော့ ဘာမှမပြောဘူး။ အဲသူတို့ပြောသံ ကြားတာကတော့ ရမန်ယူပြီးတော့ ချုပ်တယ် ပြောတာပဲ။ အဲတော့ ရမန်ယူမယ် ဆိုရင်လည်းပဲ ရက်ပေါင်း အကုန်လုံး အပြည့် ဆိုရင်လည်း ၃၀ ပေါ့။ ဒါပေမယ့်လို့ ၃၀ ကျော်သွားပြီး နေလိုက်ရတာ အားလုံး ၈ လ နေလိုက်ရတယ်။ အဲတော့ နေတာထိုင်တာ ကျွေးတာ မွေးတာကတော့ ကောင်းကောင်း မွန်မွန်ပါပဲ၊ ကောင်းကောင်းမွန်မွန် ဆိုတာကလည်း အဲဒီမှာ ကျွေးတာကိုပဲ နည်းနည်းကောင်းအောင် ပြုပြင်ပြီးတော့ ကျွေးတာပေါ့လေ။ အဲတော့အဲဒီလို အနေနဲ့တော့ အစားအသောက် အနေနဲ့တော့ မဆိုးပါဘူး။ နောက်ပြီးတော့ လိုတာပြုတာရှိရင် တောင်းရင် ပေးလိုက်ပါလို့ လူကြီးတွေက မှာလိုက်တယ်တဲ့ အဲတော့ တောင်းရင်တော့ ပေးပါတယ်။

ဥပမာပြောရရင် ဟိုစားဖို့သောက်ဖို့ကောင်းတဲ့ အမယ် လေးတွေ ဘာလေးတွေထဲက နည်းနည်းပါးပါး ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ပေါ့လေ ဒါပါပဲ။ ထည့်ပေါင်းစားဖို့ လုပ်ဖို့ အဲဒါလေးတွေ တောင်းပြီး အဲဒါမျိုးလေးတွေ သူတို့ ဖြည့်ဆည်းပါတယ်။ အဲတော့ ဆေးကုသ ပေးတာကတော့ နေ့တိုင်းလိုလို လာပြီးတော့ ဆရာဝန်က သွေးတိုး ကြည့်ပေးတယ်။ ဆိုတော့ အဲဒီမှာ နေတုန်းကတော့ ဘာဖြစ်သလဲ ဆိုတော့က ဗိုက် သိပ်အောင့်တယ် သေကောင်ပေါင်းလဲကို အောင့်တယ်။ အဲဒါတော့ ကိုယ့်မှာပါလာတဲ့ဆေး သောက်လိုက်ရင်းနဲ့ပဲ သက်သာသွားတယ်။ အဲတော့ ဆရာဝန်ကတော့ စောစောပိုင်းကတော့ ထောင်မှာရှိတယ်။ နောက်တော့ ထောင်မှာ တာဝန်ရှိတဲ့ ဆရာဝန်လေးက စာမေးပွဲ အောင်သွားတော့ သူက အဲဒီကနေတဆင့် သီးသန့်သင်တန်း သွားတက်တော့ မလာဖြစ် တော့ဘူး။ အဲလို မလာဖြစ်တဲ့ အချိန်မှာ နောက်တော့ အစားထိုးတော့ လာပါတယ်။ နောက်ပိုင်းကြတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ဆရာဝန် ခေါ်ပေမယ့်လို့ ခုနကအောင့်တာ ပျောက်သွားပြီးတော့မှ ရောက်ရောက် လာတယ်ပေါ့လေ။ အဲဒီလို အချိန်လေး တွေတော့ ရှိပါတယ်။

စပြီး အထိန်းသိမ်းခံရတာက ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပေါ့လေ။ နောက်ကြတော့ ၂၀၀၄ ခုနှစ် ရောက်သွားတယ်။ ဖေဖော်ဝါရီ လထဲမှာပေါ့။ အဲဒီနေ့ညပိုင်းမှာ သူတို့က ပစ္စည်း ပစ္စယတွေ ထုပ်ဖို့ ပလတ်စတစ်အိတ်တွေ လာပေးတာပေါ့။

နောက်မေးလိုက်တဲ့အခါ အဘ တနေရာသွားဖို့ ရှိတယ်တဲ့ ဒီလောက်ပဲ ပြောတယ်။ မနက် မိုးလင်းတဲ့ အခါကြတော့ အထုတ်တွေ ဘာတွေ ပြင်ပြက်လာထုတ်ပြီးတော့ စောင့်ရင်းနဲ့ နောက်ဆုံး နေ့ခင်းပိုင်း ကျတော့ ထောင်မှာခေါ်ပြီးတော့ တနေရာသွားမယ်။ ပို့မယ် ဆိုပြီးတော့ ပြောခဲ့တယ်။ ဆိုတော့အဲဒီလိုနဲ့ စောင့်ရင်း ညနေပိုင်း လေယာဉ်နဲ့ မန္တလေး၊ နောက်ပြီးတော့မှ အိမ်ရောက်တယ်။ အိမ်ပို့ လိုက်တယ်ပေါ့။ အဲအိမ်မှာတော့ နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်း ဥပဒေနဲ့ပေါ့ အဲဒါ ၁၀/ခ နဲ့ အိမ်ချုပ် ချလိုက်တယ်ပေါ့။

မေး။ ။ နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းထောင်အချုပ်နဲ့ ဘယ်လို ကွာခြားပါသလဲ။ တဆက်တည်းမှာပဲ သိချင်တာက အဲဒီလို အချိန် ကာလတွေကို အဘအနေနဲ့ ဘယ်လိုများ ဖြတ်ကျော်ခဲ့ပါသလဲ။

ဖြေ။ ။ အိမ်ချုပ်ချလိုက်တဲ့အခါကျတော့ အိမ်ချုပ်နေတာ ကတော့ အိမ်ချုပ်ပေါ့။ မိသားစုနဲ့ ပြန်ထားတာပဲ ရှိတာပေါ့။ အနှောင်အဖွဲ့နဲ့ နေရတယ်ဆိုတော့ ဘယ်လာ စိတ်ချမ်းသာမလဲ။ အဲတော့အိမ်ချုပ် အိမ်မှာနေရတဲ့ အခါကျတော့ သွားခွင့် လာခွင့် စည်းကမ်းတွေကလည်း အများကြီးလေ။ မတွေ့နိုင်ဘူး။ မလှူနိုင်ဘူး။ ပါတီ အဖွဲ့အစည်းကနေပြီးတော့ မဆက်သွယ်နိုင်ဘူး။ နောက်ပြီးတော့ စကား မပြောနိုင်ဘူး။ ဒါတွေအများကြီး ကန့်သတ်တာတွေ ရှိတယ်။ သတင်းစကား မကြားရဘူး။ မပြောရဘူး။ ဆက်လို့မရဘူး။ နိုင်ငံရေး ပါတီအဖွဲ့အစည်းက လူတွေနဲ့ မဆက်ဆံရဘူး။ အတင်းအကျပ် အချုပ်အနှောင်တွေ ရှိတာပေါ့။ တကယ်တော့ အိမ်ချုပ် ဆိုတာလည်း ချုပ်နှောင်ထားတာပါပဲ။ မထူးပါဘူး။ ဟိုမှာ ကလေးမှာ ချုပ်ချုပ်၊ အိမ်ချုပ် ချုပ်ချုပ်၊ မထူးပါဘူး။ နောက်ဒီကြားထဲမှာပဲ ဘာတွေ ကြားကြားနေရလဲ ဆိုတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပေါ့လေ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ ဆိုလည်းပဲ အင်းစိန်ထောင်ချတယ်။ အဲနောက်ပိုင်းမှာ ကျနော်လိုပဲ အိမ်ချုပ် ချထားတယ် ဆိုတာကြားရတော့ စိတ်မချမ်းသာဘူးပေါ့။ ဒါတွေကတော့ သောက ရှိတာပေါ့လေ။ နောက် အိမ်မှာကလည်း ဘယ်လိုလဲ ဆိုတော့ ဘာမှတော့ ဒုက္ခမပေးပါဘူး။

သို့သော်လည်းပဲ အိမ်မှာကိစ္စ ရှိတယ်၊ လုပ်စရာရှိတယ် ဆိုရင်တော့ အဲသူတို့က သူတို့ကို အကြောင်းကြားရတယ်။ စောစောပိုင်း တုန်းကတော့ နှုတ်နဲ့ အကြောင်းကြားလို့ ရတယ်။ နောက်ပိုင်း ကြတော့ နှုတ်နဲ့တင် မရတော့ဘူး စာရေး တင်ရတယ်။ ဥပမာဆိုလို့ ရှိရင် ဆေးစစ်မယ် ကျန်းမာရေး ကိစ္စဆိုရင်လည်း စာနဲ့တင် ဆိုတော့ အောက်က လူတွေကလည်းပဲ သူတို့က တာဝန်ခံချင်တဲ့ သတ္တိ မရှိဘူးလေ။ သူတို့က တခုခုဆိုရင် သူတို့ အပြစ်လွတ်အောင် ဆိုပြီး အထက်အထက် အဆင့်ဆင့်တွေ အကြောင်းကြားရတော့ ကြာတာပေါ့။ တကယ်လို့ သေကောင်ပေါင်းလဲ ဖြစ်ရင်တော့ ပြဿနာ ရှိတာပေါ့လေ။ ဒါပေမယ့် စိတ်ထဲမှာ ဆုံးဖြတ် ထားပါတယ်။ သေကောင်ပေါင်းလဲ ဖြစ်ရင်တော့ အိမ်ကကားနဲ့ ဖြစ်ဖြစ် တက္ကစီ နဲ့ဖြစ်ဖြစ် ဆေးရုံကို သွားမယ် နောက်မှ မင်းတို့ လိုက်ချင်တာနဲ့လိုက် လုပ်ချင်တာလုပ် ဆိုပြီးတော့လေ။ ဒီလိုတော့ စိတ်တော့ကူး ထားတာပဲ။ ဒါပေမယ့် ကံအားလျော်စွာပဲ နောက်ထပ် နေရထိုင်ရတာကို သတိကြီးမားစွာနဲ့ နေတော့ ရောဂါဘယ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ဘူးပေါ့။ ဒါပေမယ့် အိမ်မှာ တခုခုဖြစ်ပြီ ဆိုပါတော့ဗျာ ဟုတ်လား အဲယားကွန်းလေး ပျက်လို့ လုပ်ချင်တယ် ဆိုရင် လူတော့ ခေါ်လို့ရတယ်။ ဒါပေမယ့် ခေါ်ရတဲ့လူကို စစ်လားမေးလား လုပ်ကြတော့ လူတွေက မလာချင်ဘူး။

နောက် ဒီအဲယားကွန်းတပ်ဖို့ဆိုရင်လည်းပဲ ရောင်းတဲ့လူကတော့ တပ်မယ်လို့ဆိုပြီးတော့ တပ်ပေမယ့် အိမ်ကို ဒီလို အခြေအနေနဲ့ ကျတော့ ဘယ်သူမှ လာပြီး မလုပ်ပေးနိုင်ဘူးပေါ့။ အဲဒါမျိုး ဆိုလို့ရှိရင်လည်း ကိုယ့်ဆွေးမျိုး သားချင်းထဲက လူလိုက်ရှာပြီးတော့ လုပ်ရ ကိုင်ရတာတွေပေါ့။ ဥပမာ ရေစက်ပျက်တယ်။ ဘာပျက်တယ်၊ ညာပျက်တယ် ဆိုရင်တော့ ပြဿနာတွေကတော့ အခက် အခဲတွေကတော့ အများကြီး ကြုံခဲ့ရတာပေါ့။ ရှိတာပေါ့။ နောက် စိတ်ဒုက္ခ ရောက်တဲ့ အခါများတော့လည်း လူက ဒုက္ခရောက်တယ်ပေါ့ လေ။ အဲဒါလေးတွေတော့ ရှိတာပေါ့လေ။ နောက် အောက်က လုပ်ပေးတဲ့ ကလေးတွေ အနေနဲ့ကတော့ သူတို့ကတော့ တတ်နိုင် သမျှ အမိန့်ရရင်တော့ သူတို့က ပြေပြေလည်လည် ဖြစ်အောင်တော့ လုပ်ကိုင်ပေးပါတယ်။ ဒီကလေးတွေ လုပ်ကိုင် ပေးတာကတော့ ကျေးဇူး တင်ရမှာပေါ့။ တတ်နိုင်သမျှ ကြိုးစား လုပ်ကိုင်ပေးပါတယ်။ နောက်တခုကတော့ ဘာဖြစ်လည်း ဆိုတော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာ လို့မရတဲ့ အခါကြတော့ စိတ်ထဲမှာ ညစ်ညူးမှုတွေကတော့ အများကြီး ရှိတာပေါ့။

အဲဒါ အဲဒီလိုပဲ တဖြည်းဖြည်းနဲ့ အဆင်ပြေအောင်နေရင်းကနေ ကိုယ်က နေ့စဉ် ဘာလုပ်လဲ ဆိုတော့ ဒီဒဏ်တွေကို ကျော်လွှားနိုင်အောင် ဆိုပြီးတော့ ၀ိပဿနာ တရားလည်း လုပ်ဖြစ်တယ်။ အရင်တုန်းက မဟာစည်မှာ နှစ်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက် လုပ်တယ်။ အားထုတ်ခဲ့ဖူးတယ် ဆိုတော့ အဲဒါကိုပြန်ပြီးတော့ တရား အားထုတ်တယ်ပေါ့လေ။ တရား အားထုတ်တယ် ဆိုတော့လည်း အိမ်မှာ ဆိုတာက ဟိုရိပ်သာတို့လို မဟုတ်ဘူးလေ။ ပြဿနာတွေက သောင်းခြောက်ထောင် ရှိတယ်။ ရှိတော့ သိပ်တော့ သမာဓိအား မကောင်းဘူး။ ဒါပေမယ့် ဒါကိုတော့ နောက်မှ အပြင်ရောက်ရင်တော့ ရိပ်သာ သဘောမျိုးဆက်ပြီး ကျင့်စရာရှိတာ ကျင့်မယ်၊ လုပ်မယ်၊ အားထုတ်မယ် ပေါ့လေ။ အဲ မနက်ကိုတော့ ဘာလုပ်လဲ ဆိုတော့ ဘုရား ၀တ်ပြုတယ်ပေါ့။ အဲနောက်ပြီးတော့ သီလယူ တယ်ပေါ့။ နောက်ဟို ဟိုဒင်းပေါ့ ပဌာန်းအရှည်ပေါ့။ ပဌာန်းရွတ်ပြီး ဘုရားမှာ ပူဇော်တယ်။ နောက်ပြီးတော့ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်တယ်။ နောက်ပြီးတော့ ဓမ္မစကြာ တခါတလေ မဟာသာမရသုတ်၊ နောက်ပြီးတော့ သတိပဌာန်တရား စသည်ဖြင့် ပေါ့လေ ဒါတွေ ရွတ်ဖတ်ပါတယ် နောက်တော့ ဗုဒ္ဓစာပေတွေကိုလည်း အချိန်ရတဲ့အခါမှ အခါအားလျော်စွာ ဖတ်တယ်၊ မှတ်သားတယ် ပြုတယ် ပေါ့လေ။

နောက်တော့ အိမ်ကဇနီးနဲ့ သားသမီးလေးတွေကလည်းပဲ တိုက်တွန်းတယ်ပေါ့။ ကိုယ့်အကြောင်းလေးတော့ ရေးဖို့ ကောင်းတယ် ဆိုတော့ အဲဒါနဲ့ ကောက်ရေးတယ်ပေါ့။ ကောက်ရေးတာကလည်းပဲ တော်တော် စောစောတုန်းကလည်း စိတ်အား တက်ကြွစွာနဲ့ ရေးပါတယ်။ ရေးတော့လည်း ရေးအားလည်း မဆိုးပါဘူး။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ပဲ နောက်ပိုင်းတွေ ကြတော့ ၀မ်းနည်းစရာ လေးတွေက ဖြစ်ဖြစ်လာတယ်။ ၀မ်းနည်းစရာတွေက ပေါ်ပေါ်လာတဲ့ အခါကြတော့ ဆိုပါတော့ အရေးအခင်း တွေဖြစ်လာတယ်။ ဘာတွေ ညာတွေဆိုတော့ ရေးတဲ့အားက နည်းနည်းတော့ စိတ်ကျတယ်ပေါ့။

အဲလိုရေးရင်းနဲ့ ၀မ်းနည်းစရာတွေ ဖြစ်လာတာက ဘာဖြစ်လဲဆိုတော့ ဟို အိမ်က ကလေးကလည်း သူ့မှာ မွေးရာပါ နှလုံးရောဂါဖြစ်တဲ့ အတွက် ဆေးရုံကုသတဲ့ ကိစ္စကလည်း နောက်ဆုံး ကုသတဲ့အချိန် တန်သော်လည်းပဲ ဟိုငွေရေးကြေးရေးပေါ့ ငွေရေးကြေးရေး ဆိုတာကလည်း အကြောင်းကြောင်း တွေကြောင့်ပေါ့လေ နောက်ဆုံးတော့ ကလေးက နောက်ဆုံး အသည်းအသန်ဖြစ်မှ ခေါ်ပြီး သွားပြတော့ ကလေးကလည်း ဆုံးသွားတယ်။ အဲဒီကလေး ဆုံးပြီးတော့ သင်္ဂြိုဟ်တဲ့ နောက်တနေ့မှာပဲ တပ်မတော် တာဝန်ကနေပြီးတော့ နုတ်ထွက်ရတယ်။ နုတ်ထွက်ပြီးတော့ မကြာခင်မှာပဲ အချုပ်ကျတယ်။ အကျဉ်းထောင် အင်းစိန်မှာ နေရတယ်။ အင်းစိန်မှာ အားလုံးပေါင်း ၇ နှစ်ကျတယ်။ နောက်ပြီးတော့ စိတ်ထိခိုက်စရာတွေ အများကြီး ဖြစ်တယ်။ စိတ်ထိခိုက်စရာတွေ အများကြီးပဲ။ စိတ်ထဲမှာ စိတ်မချမ်းသာစရာတွေ စိတ်မချမ်းသာစရာတွေ ဆိုတာက ကိုယ်က ဒီလောက်တောင် လုပ်ကိုင်ပေးရက်သားနဲ့ ပြန်လည်ပြီးတော့ ဆက်ဆံခံရတဲ့ အပိုင်းမှာ တချို့နေရာတွေက ၀မ်းနည်းစရာတွေ အများကြီးဖြစ်ခဲ့တယ်။ အဲတော့ အပြင်ရောက်တဲ့ အခါကြတော့ ဒါဒီအကြောင်းတွေ အခုလို ပြန်ပြီးတော့ ရေးရမယ် ပြုရမယ် ဆိုတဲ့ အခါကြတော့ စိတ်ထဲမှာ စိတ်ထိခိုက်တယ်။ ကလေးဆုံးသွားပြီး အလုပ်က နုတ်ထွက်ရတယ်၊ ထောင်ကျတယ်၊ ဆိုတော့ အဲဒါအခုမရေးဘဲနဲ့ ရပ်ထားတာ တော်တော်လေးပဲ ကြာပြီ။ လချီ နှစ်ချီ နီးပါး လောက်ဖြစ်သွားတယ်။ မရေးဘဲ အဲဒီနေရာမှာပဲ ရပ်ထားတယ်။ အဲတော့စပြီးတော့ မွေးကတည်းက နေပြီးတော့ အဲဒီတပ်မတော်က တာဝန် ပြီးဆုံးပြီးတော့ အင်းစိန် အကျဉ်းထောင်ကျတဲ့ အချိန်ထိ ပထမအပိုင်းပေါ့ အဲဒီမှာရပ်ထားတယ်။

နောက်ရေးမယ်ဆိုတော့ ဆက်ပြီးတော့ဒီနေ့ ဆက်ပြီး အများကြီး ရေးစရာရှိတယ် ပေါ့လေ။ နောက်ပြီးတော့ ရဟန်းဘ၀ နေတာတို့၊ နောက်ပြီးတော့ ကိုယ်တက်လာတဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ တက္ကသိုလ် ပညာရပ်နဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး အဲဒါ ဥပဒေပညာ ရဖို့ ဥပဒေပညာနဲ့ ဖြေရှင်းပြီးတော့ အလုပ်လုပ်စားဖို့ ဒါလေးတွေ ကျန်သေးတယ်။ နောက် အရေးအခင်း ဖြစ်ပြီးတော့ အခုလို အကျဉ်းကျ ခံနေရတာတွေ အဲဒါလေးတွေလည်း ရေးဖို့ကျန်တယ်။ ထားပါတော့ အဲတော့ ဘယ်လိုနေရလဲ ဆိုတော့ အိမ်မှာ မိသားစုနဲ့ နေရသော်လည်းပဲ စိတ်ကတော့ အမှန်တိုင်း ပြောရမယ်ဆိုရင်တော့ ဒီအဖွဲ့ချုပ် သတင်းကိုတော့ မပြတ် နားထောင် ပြီးတော့ အမြဲ တမ်းပေါ့လေ အားနာတယ်။ သြော် ဒီလူတွေ ကျန်ရစ်သူတွေက ဒီလောက်တောင် အန္တရာယ်များ ကြားထဲကနေ အကျပ် အတည်းတွေ ကြားထဲကနေ ပါတီကျန်နေခဲ့အောင် ကျူံးကုန်းပြီးတော့ လုပ်ကိုင် နေရရှာတယ်။ မနည်း ရပ်တည်နေရတယ် ဆိုတာ စိတ်ထဲက နေ နားလည်နေတယ်၊ စိတ်မကောင်း ဖြစ်နေရတယ်။ ငါကတော့ ဒီမှာ မလုပ်နိုင်ဘဲနဲ့ အနှောင်အဖွဲ့မှာ နေရတယ်။ အဲဒီ ထဲကနေ သတင်းတွေ ကြားတဲ့ အခါ စိတ်ထဲမှာ မကောင်းဘူး။ အဲတော့လို ဖိဆီးမှုလေးတော့ ရှိတာပေါ့။ စိတ်သောကလေးလည်း ရှိတာပေါ့။

အဲဒီတော့ နေရင်းနဲ့ပဲ နောက်တကြိမ် ထွက်ရမှာလိုလိုနဲ့ နေလာလိုက်တာ အားလုံးပေါင်း ၆ နှစ် ဖြစ်သွားတယ်ပေါ့လေ။ အဲတော့ တပိုင်းကတော့ ဘယ်လိုပဲ ပြောပြော နေရတာ အချုပ်အနှောင်နဲ့ နေရတဲ့အတွက် မိသားစုနဲ့ နေရသော်လည်းပဲ တကယ် စိတ်ထဲမှာတော့ မပျော်ရွှင်နိုင်ပါဘူး။ နော် အခု လွတ်လာတယ် ဆိုလည်းပဲ အရင်တုန်းက ဆိုရိုးစကား ရှိတယ်မို့လား ရှင်လိင်ပြန်လို့ ရှိရင် လည်းပဲ ၀မ်းမြောက်တယ်။ အိမ်ထောင်ကျရင်လည်း ၀မ်းမြောက်တယ်။ အကျဉ်းကျရင်းကနေ လွတ်မြောက်တယ် ဆိုတဲ့ဟာလေ။ ကျနော့် အဖို့တော့ အချုပ်အနှောင် အဖွဲ့အစည်း ကြားထဲမှာ စိတ်သောက အကြီးအမား ဖြစ်တဲ့ဟာကနေ လွတ်လာငြားသော်လည်းပဲ အခုလို အနှောင်အဖွဲ့နဲ့ပဲ နေရတာပါပဲ မထူးပါဘူး။ ဟုတ်လား အိမ်မှာသွားတယ် အပေါက်ဝမှာ အစောင့်နဲ့ ခြံထဲမှာ အစောင့်နဲ့ ခုလို သွားရင်လည်း လိုက်တဲ့ဟာနဲ့ ။ နောက်ပြီးတော့ နေတဲ့ နေရာတွေမှာ ဆိုရင်လည်းပဲ တောက်လျှောက်ကြီး လိုက်နေတာ အနှောင် အဖွဲ့တွေနဲ့ပါ။ တကယ်တမ်းတော့ မလွတ်လပ်ပါဘူး။ နောက်ပြီးတော့ ဒီအလားတူပဲ ပြန်စဉ်းစား ကြည့်လိုက်လို့ရှိရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး လုပ်တဲ့ ပုဂ္ဂိုလ်မှန်သမျှ အကုန်လုံး အကျဉ်းကျနေတဲ့ သဘောရောက်တယ် လို့ပဲခံယူနေတယ်၊ အဲလိုပဲ ခံစားရတာပါပဲ။ အဲလို နေရလို့တောာ့ စိတ်ထဲမှာ ဘ၀င်မကျပါဘူး။ တခါတလေတော့လည်း သိပ်ဒေါသ ဖြစ်တယ်ပေါ့လေ။

တခါတလေတော့လည်းပဲ သိပ်မခံမရပ်နိုင်ဖြစ်တယ်။ တခါတလေတော့လည်းပဲ ဒီဘုရားရဲ့ အဆုံးအမကို နားထောင်ပြီးတော့ ကိုယ့်စိတ်ကို ပြန်ဆုံးမပြီး နေရတာတွေလည်း အများကြီးရှိတာပေါ့။ နောက် အဖွဲ့ချုပ် လုပ်ငန်းနဲ့ ပတ်သက်ပြီး အားလုံးဒီမှာ လုပ်ကိုင် နေတာကို ကူညီချင်တယ်။

ဥပမာလူငယ်တွေအပိုင်း၊ လူငယ်တွေ၊ ပြီးတော့ အပြစ်ချလို့ ရှိရင်လည်းပဲ တခါတည်း ဘာခေါ်မလဲ တပေါင်းတည်း မချဘဲနဲ့ ခုနှစ်ခု ရှစ်ခုနဲ့ အမှုတွေ တင်ပြီးတော့ အပြစ်ဒဏ်တွေကို ချနေတာ၊ နှစ်ပေါင်း ၇၀ တို့ ၈၀ တို့ ၁၀၀ တို့ ဒါတွေက စိတ်ထဲမှာ ဘ၀င်မကျဘူး။ အားလုံး စိတ်ထိခိုက်တယ်။ နောက်ပြီးတော့လည်း ဒီလောက်တောင်ပဲ ရက်စက်လွန်းတယ် ဆိုတဲ့ ခံစားမှုကတော့ တောက်လျှောက် ဖြစ်တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာ ဆိုရင်တော့ အများကြီးပဲ ဒီဟာ မတရားမှုပဲလို့ ဆိုပြီးတော့ ဒီဟာ တော်တော့်ကို ဘ၀င်မကျဘူး။ ဘာတခုမှ တရားမျှတမှု မရှိဘူး၊ အဲဒီလိုဖြစ်တဲ့အတွက် အဲဒီခံစားမှုကတော့ တရားဥပဒေ အရ ပြန်လည်ပြီးတော့ ဖြောင့်ဖြောင့် မတ်မတ်ဖြစ်အောင် လုပ်ပေးချင်တဲ့ စိတ်က ၀င်လာတယ်၊ ပြန်လည်ပြီး ဖြောင့်ဖြောင့်မတ်မတ် ဖြစ်စေချင်တယ်၊ တရားရေး ကိစ္စတွေကို။ ကိုယ်က တတ်တော့ မတတ်ပါဘူး။ ဥပဒေသမားလည်း မဟုတ်ပါဘူး။ ကိုယ်က ဖတ်ရုံ ဖတ်ဖူးတာ။ ပြောလို့ ကြားရုံကြားဖူးတာပဲ။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကူညီချင်တယ်။

မေး။ ။ ဟုတ်ကဲ့ပါအဘ အဲဒီလို အိမ်မှာနေတဲ့အချိန်၊ အခါအားလျော်စွာ ကျန်းမာရေး စစ်ဆေးဖို့ အတွက်ကော အဆင်ပြေခဲ့ပါ သလား။

ဖြေ။ ။ ဆိုတော့ အဲဒါပြောရဦးမယ်။ အဲတော့ ပထမတခါ အကျဉ်းကျတုန်းက ထွက်လာတော့ အဲသွေးတိုးက ပါလာတယ်။ ဘယ်လောက်ထိ တိုးလည်း ဆိုရင် ကျနော်တောင် မယုံဘူး။ ၁၈၀-၁၁၀ ထိတိုးတယ်။ အဲတုန်းက တခါတည်း ချက်ချင်းဆေးရုံမှာ ကြည့်ပြီးတော့ သူတို့တောင် လန့်ဖျပ်သွားတယ်။ ဆေးရုံရောက်တော့မှ တိုင်းကြည့်လိုက်တော့ ၁၈၀-၁၁၀ ပေါ့။ အဲလိုသွေးတိုးနေတယ်။ နောက် ဒုတိယအကြိမ်မှာ ဆေးစားတယ်။ နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတယ်။ နောက်တကြိမ်ကြတော့ ဘာဖြစ်လာလဲ ဆိုတော့ အကျဉ်းကျတဲ့ အချိန်မှာ နှလုံးခုန်တာ မမှန်ဘူး ဆီးကျိတ်က ပိုဆိုးလာတယ်။ အဲဒါကုရတယ်။ အခု တကြိမ် အထိန်းသိမ်းခံရတော့ ဘာပါလာလဲဆိုတော့ ကျနော့် မျက်စိ ပျက်သွားတယ်ပေါ့။ ဒါတွေက ဘာကြောင့်လဲဆိုတော့ သွေးတိုး (ပရက်ရှာ) ကြောင့် ဆိုတော့ ဒါအင်မတန်နုတဲ့ နေရာလေးတွေက သွေးကျိတ်ထွက်တယ် ဆိုတဲ့သဘော ဒီကြားထဲမှာလည်း ကျနော်ရဲ့အပြစ်လဲ ရှိပါတယ်။

ခုနပြောတော့ ဘာသာတရားလုပ်တယ်၊ ဘာတွေ၊ ညာတွေရေးတယ်ဆိုပြီးတော့ အပြင်အချိန် ကုန်အောင် ရုပ်ရှင် ကြည့်တယ်ဗျာ။ ရုပ်ရှင်ကလည်း အမှန်တိုင်း ပြောရမယ် ဆိုရင်တော့ ကိုရီးယားကား ကြည့်တယ်ဗျာ။ အဲတော့ ကိုရီးယားကား ကလည်း ကြည့်ရင်း ကြည့်ရင်းနဲ့ပဲ ဆွဲဆောင်မှုလေးတွေ ရှိလာတော့လည်း ကြည့်ဖြစ်တယ် ပေါ့နော်၊ အဲတော့ နောက်တခုက ဒါတင်မကဘဲ ကျနော်က အားကစားလည်း ၀ါသနာပါတော့ အားကစား သတင်း ဆိုလည်း မလွတ်ဘူးဗျာ။ ဆိုပါတော့ဟုတ်လား ပရီးမီးယားလိစ်တို့၊ တင်းနစ်ပွဲတို့ နောက်ပြီးတော့ စပိန်မှာကန်တဲ့ ပွဲဆိုတဲ့ ဘောလုံးအသင်းတွေ အကြောင်းလည်း သိတယ်။ ဘောသမားတွေလည်း သိတယ်။ သိတော့ ဒီကောင် ဟိုပြောင်းသွားပြီ။ ဟိုကောင် ဟိုပြောင်းသွားပြီ ဘယ်ကောင် ဘယ်ရောက်သွားပြီ၊ ဒါတွေလည်း သိတော့ ဘောလုံးပွဲ ကတော့ စိတ်ပါ ၀င်စားပြီးတော့ အဲဒါ အကြည့်များတယ်။ အဲဘောလုံးပွဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့နဲ့ အာဆင်နယ်တို့ လစ်ပါပူး တို့နဲ့ အဲဒါတွေ ကြည့်တာလည်း များတယ်ဗျာ။ အဲဒါကြောင့် ဒီ မျက်စိ ဖြစ်တယ်လို့ပဲ အောက်မေ့ပါတယ်။ အဲတော့ အခုတော့ ဆေးဝါးကုသမှု ခံနေတဲ့ အတွက်ကြောင့်မို့လို့တော့ ပြန်လည် ကောင်းမယ်လို့တော့ ထင်ပါတယ်။ အကျယ်ချုပ် နေရတုန်းကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း အခက်အခဲတော့ အများကြီးရှိတယ်။

အကြောင်းကြောင်းပေါင်းများစွာ သူတို့ကလည်း ကျနော့် ကိစ္စဆိုရင်အောက်က ဘယ်သူမှ အေးအေးဆေးဆေး မယူချင်ဘူး။ သူတို့က ထစ်ခနဲ ထစ်ခနဲ ဒီလူလာပြောတယ် ဆိုရင်ပဲ စာနဲ့ ပေနဲ့ ပို့တာပဲ။ပို့တော့ သူတို့နည်း သူတို့ဟန်နဲ့ အမြန်ဆုံး ပို့တာပေါ့။ ဒါပေမယ့် ကြာတာပါပဲ။ အနည်းဆုံးကတော့ ရိုးရိုးဆိုရင်တော့ နှစ်ပတ်ပေါ့။ တပတ်နှစ်ပတ် ဆိုတာကတော့ ထုံးစံပဲ။ အဲဒါ အဲလိုဖြစ်တယ် ဆိုတော့ ကျနော်က ခုနပြောသလိုပေါ့။ သေကောင်ပေါင်းလဲ ဖြစ်မယ်ဆိုရင်တော့ ဒါကိုယ့်ဟာကိုယ် ဖြစ်ဖြစ် လုပ်ရမှာပေါ့လေ။ သာမန်အနေနဲ့ကတော့ သူတို့ အချိန်ကိုက်သွားတဲ့ အတွက် သူတို့ကအမိန့် ကျလာပြီးလို့ ရှိရင်တော့ သူတို့က ဒီအောက်က ကောင်တာထိုင်တဲ့ တာဝန်စောင့်တဲ့ ကလေးတွေကတော့ သူတို့ဖြစ်သလောက် တတ်သလောက်ကို အကူအညီ ပေးပြီးတော့ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါတယ်။

မေး။ ။ နောက်တခုက မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အဘရဲ့ သဘောထား ခံယူချက် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတော်အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ငြိမ်းချမ်းရေးအတွက် တကယ့်ကို အင်မတန်ကို လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်း တယောက်။ သူ့မှာ ဒီအရည်အချင်းတွေလည်း ပြည့်နေပြီ။ သူ့ဘက်က အင်မတန် လိုအပ်တဲ့ ခေါင်းဆောင်ပီသတယ်။ သတ္တိကတော့ မပြောနဲ့တော့။ သူရသတ္တိကော၊ ဓမ္မသတ္တိကောရှိတယ်။ သူ့ အဖေဆီက ပါလာတဲ့ ဗီဇ၊ သွေး၊ အား၊ ဖခင်ရဲ့ဆန္ဒ၊ နိုင်ငံအတွက် သူကိုယ်ကျိုးစွန့်တဲ့ လုပ်တဲ့ ကိစ္စတို့ ဘာတို့ ရဲရင့်တာတို့၊ ပြတ်သားတာတို့၊ ဖြောင့်မတ်တာတို့၊ တည်ကြည်တာတို့ နောက်ပြီးတော့ တမျိုးသားလုံးအတွက်ကို ဟုတ်လား ကြီးပွားရာ ကြီးပွားကြောင်း၊ ချမ်းသာရာ ချမ်းသာကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ချင်တဲ့ စိတ်ဓာတ် စေတနာတွေ၊ ဒါတွေက ဗီဇ ပါလာတာတော့ အမှန်ပဲ။ သူဟာ တကယ့်ကို နိုင်ငံအတွက် အိတ်သွန်ဖာမှောက် ရှိသမျှကို ကိုယ်ကျိုးစွန့်ပြီးတော့၊ အနစ်နာခံပြီးတော့၊ သူ့ရဲ့ အသက်သွေးကို စွန့်ပြီး တော့တောင် သူက ဒီနေ့ လုပ်ကိုင်ပေးခဲ့တယ်။ တကယ့် ခေါင်းဆောင်ကောင်းပဲဗျာ။ အဲဒီလိုပဲမြင်တယ်။

ဒါကြောင့်မို့ပြည်သူလူထုကိုလည်း ကျနော် ပြောချင်တယ်ဗျ။ ဟုတ်လား အခုလို အချိန်အခါမျိုးမှာ ပြည်သူလူထုရဲ့ ဒီအရင်တုန်းက ထားရှိခဲ့တဲ့ ချစ်တယ်ဆိုတဲ့ စကားလုံး အပြည့်ထားပြီးတော့ သူ့ရဲ့ ကျန်းမာရာ ကျန်းမာကြောင်း လွတ်ရာလွတ်ကြောင်း နောက်ပြီးတော့ ဆောင်ရွက်နိုင်တာကို ချောချောမောမောနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနဲ့ စိတ်ဓာတ်ကိုရော အားပေး ထောက်ခံ ခဲ့ကြတယ်။ ပြည်သူ တရပ်လုံးအတွက်ကော သူဟာ ခေါင်းဆောင်၊ ဒီနိုင်ငံတော် ဒီမိုကရေစီ အင်အားစုတွေကကော နိုင်ငံတကာ အားလုံးကကော ခေါင်းဆောင်ကောင်း ဆိုတဲ့ နေရာမှာ သတ်မှတ်ခြင်း ခံနေရတဲ့သူပဲ။ အဲတော့ ကျနော့်သဘောက ဒီအဖွဲ့ချုပ်နဲ့ ပတ်သက်တာ အားလုံး ဒေါ်အောင်ဆန်းကြည် ခေါင်းဆောင်ပြီးတော့ လုပ်တဲ့ ကိစ္စအ၀၀က အောင်မြင် စေချင်တယ်ဒါပဲ။ အဲဒီလို အောင်မြင်ဖို့အတွက် မလုပ်ရတဲ့အတွက် လူက နေမထိ ထိုင်မထိ နေနေရတဲ့ သဘောပေါ့။

မေး။ ။ အဘက တချိန်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ခဲ့တော့ ယနေ့ တပ်မတော် အပေါ်မှာ သဘောထား ခံယူချက် ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ဒီနိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ ချမှတ်ခဲ့တဲ့ တပ်မတော်ဟာ အစဉ်အလာ ကောင်းတွေ ရှိတယ်။ အစဉ်အလာ ကောင်းတွေ ထိန်းသိမ်းခဲ့တဲ့ တပ်မတော် အနေနဲ့ ဒီအစဉ်အလာ ကောင်းတွေကို ပြန်ပြီးတော့ ထိန်းသိမ်း စေချင်ပါတယ်။ ဟုတ်တယ်မို့လား အကုန်လုံး တပ်မှူးကြီး၊ ငယ်တွေ အားလုံး လိုက်ပြီးတော့ ပြည်သူကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကိုဦးဆောင် ခေါင်းရွက် သွားနေတာသည် ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ အောက်မှာ တပ်မတော် နေပြီးတော့ တကယ့်ကို မိမိတို့ရဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ အဲဒါကိုတော့ တကယ့် တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင် ဖြစ်စေချင်တယ်။ ဒါပါပဲ။

မေး။ ။ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အနာဂတ် အခန်းကဏ္ဍကို ဘယ်လို သဘောထားပါသလဲ။

ဖြေ။ ။ သြော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒါ သူသေသေချာချာကိုပဲ စပြီးတော့ ဖွဲ့စည်းပြီးကတည်းက အဖွဲ့ချုပ်ရဲ့ အဖွဲ့ချုပ် မူကြမ်းတွေမှာ သေချာပါပြီးသားပဲ။ နောက်ပြီးတော့လည်း ရွေးကောက်ပွဲ ရွေးတုန်းကလည်း အဖွဲ့ချုပ်ဟာ သူတို့ရဲ့ ကြွေးကြော်သံတွေကို သူတို့ရဲ့ ရွေးချယ်ထားတဲ့ ဒီနိုင်ငံတော်ကြီးကို ဟုတ်လား အခု လွတ်လပ်ရေး ရရခဲ့ပြီးပြီ။ လွတ်လပ်ရေး ရခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေး အသီးအပွင့်ဟာ ဒီနေ့အထိ ပြည့်ဝအောင် မခံစားကြရသေးဘူး။ အခု တခါထပ်ပြီးတော့ ဒီစစ်အုပ်ချုပ်ရေး စနစ်က လွတ်မြောက်ပြီးတော့မှ ဒုတိယ လွတ်လပ်ရေး အတွက်ကို စွမ်းဆောင်တဲ့ နေရာမှာ အေးချမ်းသောနည်း၊ ငြိမ်းချမ်းသောနည်း၊ ဆွေးနွေးသောနည်း၊ တယောက်နဲ့တယောက် ယုံကြည်မှုရအောင် ဖြစ်အောင် လုပ်တဲ့နည်း အဲလို တွေ့ဆုံ ဆွေးနွေးနည်းလမ်းတွေနဲ့ ဆက်လက်ပြီးတော့ အောင်မြင်အောင် အကောင်အထည် ဖော်သွားနိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ကတော့ အဖွဲ့ချုပ်က ဒီနေ့ ဆက်လက်ပြီး ဆုပ်ကိုင် ထားလျက် ရှိပါတယ်။

မေး။ ။ ဟုတ်ကဲ့ တကယ်လို့များ ဒီစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောခွင့် ရမယ် ဆိုလို့ရှိရင် အဘအနေနဲ့ ဘယ်လိုများ ပြောကြားမလဲ။

ဖြေ။ ။ သြော် တယောက်နဲ့တယောက်ဟာ ဒီယုံကြည်မှု တည်ဆောက်ကြဖို့ပဲလို့ ဦးဆုံး ပြောချင်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ လူထု အတွက် တွေ့ဆုံ ဆွေးနွေးပြီးတော့ ယုံကြည်မှု တည်ဆောက်လို့ ရနိုင်ပါတယ်။ လုပ်နိုင်ပါတယ်လို့။ ယုံယုံကြည်ကြည် လုပ်ပါ ဆိုတာပါပဲ။ ။


Ref: ဧရာဝတီ်

Read More...

ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ

ရန်ငြိမ်းအောင် (လူငယ်)
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၀

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်လာပြီး အဖွဲ့ချုပ်၏ မူလ တာဝန်များကို ပြန်လည် ထမ်းဆောင်နေပါပြီ။ လူငယ်များက ဘဘဦးတင်ဦးဟု ခေါ်ကြသော NLD ဒုဥက္ကဋ္ဌ လွတ်မြောက်လာသည့် သတင်းသည် ကိုမင်းကိုနိုင်တို့၊ ဘဘဦးဝင်းတင်တို့ လွတ်စဉ်များကလောက် ဂယက် သိပ်မထလှပါ။ မီဒီယာများကလည်း ယခင် ကိစ္စများတုန်းကလောက် အသားမပေးလှပါ။ ကိုမင်းကိုနိုင်တို့ လွတ်လာကြစဉ်က၊ အမျိုးသား ညီလာခံ ဆိုတာကြီးက ကျင်းပနေဆဲဖြစ်ပြီး၊ အခြေခံ ဥပဒသစ်အတွက် အခြေခံမူများ ဆိုတာတွေကို မချရသေးပါ။ ထို့ကြောင့် နိုင်ငံရေး ရေစီးကြောင်းကို တစုံတရာ ပြောင်းပစ်နိုင်စရာ လမ်းတွေ၊ မျှော်လင့်ချက်တွေ ရှိသေးသည်ဆိုပါစို့။ ထို့ကြောင့် ‘၈၈ မျိုးဆက်’ ကျောင်းသားများအပေါ် အားကိုး မျှော်လင့်ပြီး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရပါသည်။

ဘဘဦးဝင်းတင် လွတ်လာချိန်တွင်တော့ ၂ဝဝ၈ အခြေခံဥပဒေ ဆိုတာကို အတင်း ပြဋ္ဌာန်းပြီးနေပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာကိုလည်း ကြေညာပြီးနေပြီ။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ကန့်ကွက် နေဆဲဖြစ်သဖြင့်၊ စစ်အစိုးရ၏ ခြေလှမ်းတွေကို ဟန့်တားရန် အချိန်တွေ ရှိသေးသည်ဟု ထင်ကြပြီး၊ ဘာတွေများ ဖြစ်လာမလဲဟု စိတ်ဝင်စား ခဲ့ကြပါသည်။ ဘဘဦးဝင်းတင်ကလည်း၊ လွတ်လာကတည်းက ယနေ့အထိ အရှိန်အဟုန် မပျက်ဘဲ ရုန်းကန်လှုပ်ရှားရင်း၊ ပြောသင့်သည် ထင်သမျှကို ဘာမှ မငဲ့ကွက်ဘဲ ပြောဆိုနေဆဲ ဖြစ်ပါသည်။ စစ်အစိုးရကလည်း သူတို့စိုးရိမ်သလို ဆူပူအုံကြွမှုတွေ ဖြစ်မလာလေတော့ ပြောပစေဟုများ ပစ်ထားသလား မသိပါ။

ဘဘဦးတင်ဦးသည်လည်း၊ ဘဘဦးဝင်းတင်လိုပင် ခံယူချက်ကို မြဲမြံစွာ ကိုင်ထားပြီး မိမိ အယူအဆကို ရိုးရိုးရှင်းရှင်းနှင့် ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုလေ့ရှိသူ ဖြစ်ပါသည်။ ၈၈ အရေးတော်ပုံကို ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တတန်းတည်း ခေါင်းဆောင်ခဲ့သူ၊ ၁၉၉၅ မှ ၂ဝဝ၃ ခုနှစ်အထိ ၈ နှစ်တိုင်တိုင် အဖွဲ့ချုပ်လူထုနှင့် လက်ပွန်းတတီး တသားတည်းနေခဲ့ပြီး လူငယ်ထု၏ ချစ်ခင်ကြည်ညို ခံရသူဖြစ်ပါသည်။ သို့သော် ယနေ့ မျက်မှောက် နိုင်ငံရေးဖြစ်စဉ်ကို ပြောင်းပစ်နိုင်လိမ့်မည်ဟု မျှော်လင့်၍တော့ မဖြစ်နိုင်ပါ။ မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင်၊ အဖွဲ့ချုပ်အပေါ်တွင် သြဇာအရှိဆုံး၊ အဖွဲ့ဝင်ထု၏ ယုံကြည် အားထား အကြည်ညိုဆုံး ခေါင်းဆောင်တဦးဖြစ်သော၊ ဘဘဦးတင်ဦး၏ တိုက်ရိုက် ခေါင်းဆောင်မှုကို ပြန်လည် ရရှိခြင်းသည်၊ အဖွဲ့ချုပ်အတွက် တအားပင် ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညက လွတ်လာပြီး၊ ၁၅ ရက်နေ့ ရုံးစတက်သည်နှင့် ဘဘဦးတင်ဦး အရင်ဆုံး စတင် ကိုင်တွယ်ရသည့် ပြဿနာမှာ၊ ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းရန် လူစာရင်း လျာထားခြင်း ကိစ္စပင်။ ထိုနေ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင်ရော၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့၌ တိုင်း/ပြည်နယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင်ပါ၊ ဘဘဦးတင်ဦး၏ ဆွေးနွေးချင့်ချိန် ဆုံးဖြတ်ချက် ချမှုများသည်၊ အကျဉ်းကျရာမှ လွတ်လာသည်နှင့် မတူဘဲ၊ အဖွဲ့ချုပ်၏ ဖြစ်စဉ်ဖြစ်ရပ်များနှင့်၊ အဆက်မပြတ် တထပ်တည်း ရှိနေသည်ဟု ကြားသိရသဖြင့် အားရှိစရာပင် ဖြစ်ပါသည်။ သို့သော် ဗဟိုကော်မတီအတွက် လူရွေးခြင်း ဆိုသည်မှာ အရေးတကြီးကိစ္စ ဖြစ်သော်လည်း၊ အရေးကြီးဆုံး ကိစ္စတရပ်တော့ မဟုတ်ပါချေ။

ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်ဆွဲလျက်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စကို စဉ်းစားရန် အချိန် မကျသေးပါဟု ဆိုနေသော်လည်း၊ အဆုံးအဖြတ် ပေးရမည့် အချိန်က မဝေးတော့ပါ။ ထို့ကြောင့် အဖွဲ့ချုပ် အဖွဲ့ဝင်ထုထဲတွင် ဤရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုး ဝေဖန်သုံးသပ်လျက်၊ အမြင်အမျိုးမျိုး ရှိနေကြသည်မှာ၊ ပိတ်ပင်တားစီး၍ မရနိုင်သလို၊ ဆန်းသည့်ကိစ္စလည်း မဟုတ်ပါ။ အခုတလောတွင် ကျယ်နေသည့် ဝေါဟာရကိုသုံး၍ ပြောရလျှင် ရီရယ်လစ် (Realist) များနှင့် အိုင်ဒီယယ်လစ် (Idealist) များ သဘောထား ကွဲနေကြသည် ဆိုပါစို့။ မြန်မာလို ရိုးရိုးပဲ ဆိုရလျှင် လက်တွေ့ကျကျ စဉ်းစားသူများနှင့် မူဝါဒကို အထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသူများဟု ကွဲပြားနေပါသည်။ ကဗျာဆန်ဆန် ပြောရလျှင်တော့ ဦးနှောက်နှင့် နှလုံးသား လွန်ဆွဲနေခြင်းပါ။

ဤသို့သော ဒိုင်ယာလက်တစ်သည်၊ သဘာဝလောကကြီးနှင့် လူ့လောက တခုလုံးတွင် ရှိနေသည်သာ ဖြစ်၍၊ အဖွဲ့ချုပ် အထဲတွင် ၎င်းအဖွဲ့ဝင် တဦးချင်း၏ အကြံအစည် စိတ်ကူးထဲတွင် ပါရှိနေပါသည်။ လူတယောက် ထဲတွင်ပင် ဒီနေ့၊ ဒီအခြေအနေ၌ လက်တွေ့ကျကျ စဉ်းစားသော Realist ဖြစ်နေသော်လည်း နောက်တနေ့ နောက်အခြေအနေတွင် ခံယူချက်ကို တစက်မှ အထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသော Idealist ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အဖွဲ့ချုပ်အတွင်း ဖြစ်ပေါ်နေသော ဝိရောဓိများသည်၊ ချေဖျက်၍မရသော၊ သို့မဟုတ် ပျက်စီးမှုကို ဦးတည်သော ကွဲပြားချက်များ မဟုတ်ပါ။ ပြေလည်အောင် ညှိနိုင်သော ဝိရောဓိများသာ ဖြစ်ပါသည်။

သို့သော် ဘဘဦးတင်ဦးကပင်၊ ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိ တခုသည် ရှိနေကြောင်းကို ယခုလ ၂ဝ ရက်နေ့တွင် ဖော်ထုတ် သွားခဲ့ပါသည်။ ဝါရင့် နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြုလုပ်သော ဂုဏ်ပြုပွဲတွင်၊ ပြန်လည် ကျေးဇူးတင်စကား ပြောရာ၌ ဒီပဲယင်းကိစ္စ အပြီး အမျိုးသားညီလာခံ ပြန်မခေါ်မီ အခြေအနေများနှင့် ပတ်သက်၍ ယခင် အဖွဲ့ချုပ်ခေါင်းဆောင် မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘက သူ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပါသည်။ အဓိက အချက်မှာ ထိုစဉ်က ဆွေးနွေးပွဲများ ဖြစ်ခဲ့သည်၊ ထိုဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းကိစ္စကို ခွင့်လွှတ်ကြောင်း နအဖ ဘက်ကို ပြောထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဖက်သဘောတူပြီးပြီ၊ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး အပါအဝင် တဖက် ကိုယ်စားလှယ်များ၏ အဆိုအရ၊ ထိုစဉ်က ဝန်ကြီးချုပ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးပြီ။ တရက်အလိုကျမှ တပ်ချုပ်က အားလုံးကို ဖျက်ပစ်လိုက်သည်ဟူ၍ ဖြစ်ပါသည်။

ဤတွင် NLD က ထည့်သွင်းစဉ်းစားရမည့် ကွယ်ဝှက်နေသော ပြဿနာတခုကို အဖွဲ့ဝင်များ ရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ချုပ်က တွေ့ဆုံဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ရွှေဂုံတိုင် ကြေညာစာတမ်း အထိ မြဲမြံစွာ ကိုင်ထားဆဲဖြစ်သည်။ သို့သော် တဖက်က အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်သည် တွေ့ဆုံဆွေးနွေးရန် စိတ်မဝင်စားရုံမျှမက၊ တွေ့ဆုံဆွေးနွေးရေး ရလဒ်ကို ဖျက်ပစ်ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ပစ်ဖို့ ဝန်မလေးပါ။ ဤပဋိပက္ခကို မည်သို့ ဖြေရှင်းမည်နည်း။

ဘဘဦးဝင်းတင် ထောင်ထဲက ထွက်လာကတည်းက ပြောနေခဲ့သလိုပင်၊ ဤကိစ္စကို ပြေလည်ရန်မှာ၊ လက်တွေ့ကျကျ လက်နက်ချ အရှုံးပေး ဒူးထောက်ခြင်းနှင့် အဖွဲ့ချုပ်အပျက်ခံပြီး မူဝါဒကို စွဲကိုင်ထားခြင်း နှစ်ခုကိုသာ ရွေးရန်ရှိသည်။ ဤကိစ္စသည် နှလုံးသားနှင့် ဦးနှောက် ဝိရောဓိထက် မြင့်သော အဖွဲ့ချုပ်၏ ဖြစ်တည်မှု ပြဿနာပင် ဖြစ်နေပါသည်။

ဘဘဦးတင်ဦးသည် တပ်ချုပ်ဘဝမှ ထောင်အကြိမ်ကြိမ် ကျခဲ့ပြီးသော ဥပဒေပညာရှင် နိုင်ငံရေးသမား ဘဝသို့ ရောက်လာခဲ့သူ ဖြစ်ပါသည်။ သူ့ဘဝတလျှောက်တွင် လက်တွေ့ကျကျ၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်၍ စဉ်းစားဝေဖန် ဆုံးဖြတ်ခဲ့သည်မှာလည်း များလှပါပြီ။ ထို့အတူ ခံယူချက်ကို ကိုင်ဆွဲ၍ နိုင်ငံနှင့် ပြည်သူတို့အတွက် ခံစားကာ၊ ရုန်းကန်လှုပ်ရှားခဲ့၍ အကျဉ်းကျခံရသော ကာလများမှာလည်း စုစုပေါင်း ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေပါပြီ။

မကြာမီတွင် မလွဲမသွေ လုပ်ကြရတော့မည်ဖြစ်သော၊ အဖွဲ့ချုပ်၏ လက်တွေ့လမ်းစဉ် ချမှတ်ခြင်း လုပ်ငန်းစဉ်တွင် ဘဘ၏ ကျယ်ပြန့်သော အတွေ့အကြုံများ၊ ခိုင်မြဲသော ခံယူချက်၊ သန့်ရှင်းသော သီလ၊ မြင့်မြတ်သော ကိုယ့်ကျင့်သိက္ခာတို့အပြင် အစဉ်အလာကြီးသော ခေါင်းဆောင်မှု စွမ်းရည်တို့က ကြီးမားသော အထောက်အပံ့ ဖြစ်ပါစေဟု ရိုးသားစွာ ဆုတောင်းလိုက်ပါသည်။


Ref: မဇ္ဈိမ


Read More...

Wednesday, February 24, 2010

နေ့စဉ်သတင်းများ ( ၂၃ - ၂ - ၁၀ )

■ အဖွဲ့ချုပ် ဥက္ကဌက ဗိုလ်ချုပ်မှူးကြီးထံ ပေးစာတစောင် ပေးပို့မည် သတင်း
■ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ ဦးတင်ဦးအတွက် ဂုဏ်ပြုကြိုဆိုပွဲလုပ် သတင်း
■ အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ပဏာမလျာထားချက် အောင်မြင်စွာပြီးစီး သတင်း
■ မန္တလေးတိုင်းစည်းအဖွဲ့နဲ့ လူငယ်အကူအညီပေးရေးအဖွဲ့ တွေ့ဆုံ သတင်း
■ နိုင်ငံရေးအကျဉ်းသား (၆) ဦး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ သတင်း
■ သူပုန်အဖွဲ့များ အသွင်ပြောင်းရန် (၅) ရက်သာလို သတင်း
■ နောက်ထပ် သံဃာတော်များ ဖမ်းဆီးရန်ရှိဟု မယက ပြော သတင်း
■ ဖမ်းဆီးမှုအခြေအနေ တင်းကျပ်ခြင်းကြောင့် ဒေသခံများ ကြောက်ရွံ့နေကြ သတင်း
■ ဟွန်ဒေးနဲ့ ဒေ၀ူး မြန်မာ့သဘာဝဓာတ်ငွေ့ရှာဖွေရေး ဒေါ်လာ ကုဋေချီ စာချုပ်ချုပ်ဆို သတင်း
■ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး လူ့အခွင့်အရေးအဖွဲ့ စိုးရိမ် သတင်း
■ ထိုင်းအလုပ်သမားတွေ အခွင့်အရေး ဆုံးရှုံး သတင်း
■ ဟတ်ကြီးရေကာတာ လေ့လာရေး ပြန်စပြီ သတင်း
■ ငြိမ်းချမ်းရေး မနောပွဲတော် KIO ကျင်းပ သတင်း
■ အမျိုးသမီးရေးရာ အဖွဲ့ဝင်တဦးကို ဖမ်းဆီးစစ်ဆေး သတင်း
■ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲ (၃) နှစ်မြောက် အခမ်းအနား သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆု ရရှိ သတင်း
■ မြန်မာရေတပ်ဦးစီးချုပ် အိန္ဒိယသို့ ရောက် သတင်း
■ ပြင်သစ်သံရုံးအတွင်း ဝင်ရောက်သူမှာ နိုင်ငံခြားသားဖြစ် သတင်း
■ စည်ပင်က ဖမ်းခေါ်သွားသည့် ကလေးငယ် မိဘလက်ထဲ ပြန်ရောက် သတင်း
■ လူပေါင်းတသိန်းကျော် တက်ရောက်သည့် တရားပွဲတခု စစ်တွေမြို့ ဝေသာလီရင်ပြင်တွင် ပြုလုပ် သတင်း
■ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် မျက်မမြင် ပညာသင်ကျောင်း စစ်တွေတွင် ဖွင့်လှစ် သတင်း
■ စစ်ဗိုလ်ချုပ်များ ကြည့်ရှုရန် နွေစပါး ဟန်ပြစိုက် သတင်း
■ နွေစပါး အတင်းအကျပ် စိုက်ခိုင်း၍ တောင်သူများ အခက်ကြုံ သတင်း
■ မလေးရှား ထိန်းသိမ်းရေးစခန်း၌ မြန်မာ (၁,၀၀၀) ကျော် အစာငတ်ခံ ဆန္ဒပြ သတင်း
■ အလုပ်သမားများ ထိုင်းတွင် နှိပ်စက်ခံရမှု HRW ဖွင့်ချ သတင်း
■ ဦးခေါင်းမဲ့ ရုပ်အလောင်း လှော်ကားတွင် တွေ့ရှိ သတင်း
■ နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချရာတွင် အာဏာပိုင်နှင့် နီးသူတို့သာ လေလံအောင်နိုင် သတင်း
■ ကျပ်ငွေ ဘီလီယံ (၃၀၀) ထက်မနည်း ဦးတေဇ ရမည် သတင်း
■ TV ထုတ်လွှင့်ခွင့် ရွှေသံလွင် ရရှိ သတင်း
■ အမျိုးသမီး ပြိုင်ကားလေးမောင်းပြိုင်ပွဲ ကျင်းပမည် သတင်း
■ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး၊ ပြဿနာ (ဆောင်းပါး)
■ အားနာမိပါတယ် (ဆောင်းပါး)
■ ကျနော် သတင်းမုဆိုး (ဆောင်းပါး)

Read More...

Tuesday, February 23, 2010

ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဦးတင်ဦး တိုက်တွန်း

23 February 2010

မြန်မာ့တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းပြီး ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော် အဖြစ် ပြောင်းလဲဖို့ မကြာသေးခင်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာခဲ့တဲ့ NLD ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက စစ်တပ် အရာရှိတွေ၊ တပ်မတော်သားတွေကို တိုက်တွန်း လိုက်ပါတယ်။ အဘက်ဘက်က ချို့ယွင်းနေတဲ့ တိုင်းပြည် အခြေအနေကို ပြန်လည် ထူထောင်ဖို့ ယုံကြည်မှု တည်ဆောက်ပြီး သဘောတူညီချက်တွေ ရအောင် ကြိုးစားဖို့ လိုတယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက သူဟာ ငယ်ရွယ်စဉ် အချိန်ကတည်းက တပ်မတော်မှာ အရာရှိငယ် တယောက်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ အကြောင်း၊ တပ်မတော်ဟာ သူ့ရဲ့ အသည်းနှလုံးထဲမှာ ထာဝရ ရှိနေတဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အချိန် ပြောဆိုပါတယ်။ သူဟာ တပ်မတော်သားတွေကို ချစ်တဲ့ အကြောင်းနဲ့ ဒါပေမဲ့လည်း ပြည်သူတွေကို ပိုချစ်တဲ့ အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

လက်ရှိ တပ်မတော်ဟာ ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်ဖို့လိုပြီး လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“ဒီလိုပဲ အစဉ်အလာကောင်းတွေကို ထိန်းစေချင်ပါတယ်။ အကုန်လုံး တာဝန်ရှိနေတဲ့ သူတွေ အားလုံး အလိုက်ပေါ့။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ၊ ပြည်သူတို့ကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကို ဦးဆောင် ခေါင်းရွက် သွားနေတာ ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ ဦးဆောင်မှု အောက်မှာ တပ်မတော်သည် တကယ့်ကို စံပြကောင်းကောင်းနဲ့ ဖြစ်တဲ့ ၀န်ထမ်းကောင်းကြီး တွေပေါ့၊ ကိုယ့်ရဲ့ လုပ်ငန်းကိစ္စ အ၀၀ကို ကျွမ်းကျင်အောင် လုပ်ပြီးတော့ မိမိရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးကို တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင်တော့ ဖြစ်စေချင်တယ်၊ ဒါပါပဲ။”

အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် နိုင်ငံရေးအရ သဘော တူညီမှုတွေကို ရှာနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဦးတင်ဦးက ပြောပါတယ်။ ဒီလို ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အနေအထားကို ဖန်တီးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ အဆင်သင့် ရှိတယ်လို့လည်း သူက ပြောပါတယ်။

“တယောက်နဲ့ တယောက်ဟာ ယုံကြည်မှု တည်ဆောက်ကြဖို့ပဲ။ ပြည်သူလူထုတွေဟာ ဒီနေ့အထိ နိုင်ငံရေး အားဖြင့်၊ စီးပွားရေး အားဖြင့်၊ လူမှုရေး အားဖြင့် ချွတ်ခြုံ ကျနေတာ။ အဲဒါကို ညှိနှိုင်းဆွေးနွေးပြီး တခုနဲ့တခု တွေ့ဆုံ ဆွေးနွေးပြီးတော့ ယုံကြည်မှု တည်ဆောက်လို့ ရနိုင်မယ့် နေရာတခု၊ The area of agreement ရောက်အောင် လုပ်မယ်ဆိုရင် လုပ်လို့ ရနိုင်ပါတယ်လို့၊ ယုံယုံကြည်ကြည် လုပ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ ဒီလိုကိစ္စနဲ့ ပတ်သက်လို့ တစိုက်မတ်မတ် စွဲကိုင်ထားတဲ့ ၀ါဒပါ။”

မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှုတွေကို ကြိုဆိုတဲ့ အကြောင်း၊ ဒါပေမဲ့လည်း တကယ်တမ်း အပြောင်းအလဲတွေ၊ တိုးတက်မှုတွေ ရှိဖို့ ပြည်တွင်းက အင်အားတွေကသာ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့ အကြောင်းကိုလည်း အခုလို ပြောဆို သွားပါတယ်။

“ဒါပေမဲ့ တကယ့်အင်အားကတော့ ကိုယ့် ပြည်သူလူထုပဲ။ ကိုယ့်ဟာကို လုပ်ကြပါ။ ကိုယ့်ဟာကို လုပ်တဲ့ အားကိုပဲ ကိုယ်က ယုံကြည်တာပါ။ အဲတော့ နိုင်ငံတကာက ကူညီနေပြီး ကျနော်တို့အတွက် ပြောကြတယ်၊ ဆိုကြတယ် ဆိုတဲ့ဟာတွေ အပေါ်မှာ၊ အထောက်အပံ့တွေ အပေါ်မှာတော့ ကြိုဆိုတယ်၊ အားရတယ်၊ ဆက်လက်ပြီး တော့လည်း ကြိုဆိုကြပါ၊ ထောက်ခံကြပါ။ သို့သော် တကယ် ဆောင်ရွက်ရမယ့် အင်အားကတော့ ကိုယ့်ပြည်တွင်းက အားပဲ ဖြစ်တဲ့အတွက် ပြည်သူ လူထုတွေက လုပ်ရမယ်လို့ပဲ၊ ကိုယ့်အချင်းချင်း တိုင်းရင်းသားတွေနဲ့ အတူတကွ လုပ်ရမယ်လို့ပဲ ကျနော်တို့က ယုံကြည် တယ်။”

ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့ အချိန် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက လက်ရှိ မြန်မာနိုင်ငံ အခြေ အနေတွေနဲ့ မြန်မာ့ တပ်မတော်အပေါ် သူ့ရဲ့ သဘောထားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော် အနေနဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ လိုအပ်သလို အနာဂတ်မှာ တပ်မတော်ရဲ့ သမိုင်းကောင်းအောင် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ တပ်မတော် အနေနဲ့ သမာသမတ် ရှိတဲ့ ဒိုင်လူကြီး နေရာက ရပ်တည် စေချင်တဲ့အကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပြသွားပါတယ်။

Ref: VOA News

Read More...

ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ

ဖေဖေ၀ါရီ ၂၃၊ ၂၀၁၀

‎‎မနေ့က ဘုန်းကြီး ဦးသုမင်္ဂလာ တရားပွဲမှာ ဆရာတော်က မကြောက် တရားတွေ ထည့်ဟောလိုက်လို့ လူထု မကြေနပ် ချက်တွေ ပေါက်ကွဲပြီး ဆန္ဒပြ ကြွေးကြော်သံတွေ ဟစ်ကြွေးကြတယ်လို့ ကြားတယ်။ ဖြစ်တာက စစ်တွေမှာ ဆရာတော်က သန်းရွှေမိသားစုနဲ့ လက်တစုပ်စာ လူတစုက မြန်မာ တနိင်ငံလုံးက သယံဇာတတွေကို ဂုတ်သွေးစုတ် နေတာတွေကို ထုတ်ဖေါ် ပြောဆိုသွားတယ်။ ရခိုင်ပြည်နယ်က သဘာဝဓါတ်ငွေ့တွေ ထွက်ပြီး ရခိုင်ပြည်နဲ့ တပြည်လုံးမှာ မီးမရှိ၊ ရေမရှိ၊ လောင်စာမရှိတဲ့ အခြေအနေတွေကို ဟောကြားသွားတယ်လို့ ဆိုပါတယ်။ ကျောင်းသား လူငယ်တွေအနေနဲ့ ၈၈ တုံးက ကျောင်းသားတွေကို အတုယူကြဖို့ ဟောကြားသွားတယ်။ တရားပွဲအပြီးမှာ ကျောင်းသား ၁၀ ဦးနှင့် သံဃာ ၂ ဦးက စတင် လှုံ့ဆော်လိုက်ရာက ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသားများ ရွှေစေတီ ဘုရားအထိ ချီတက်တယ်။ ရဟန်းပျို သမဂ္ဂနဲ့ ကျောင်းသား သမဂ္ဂက ဦးဆောင်တယ်။ တဖြေးတဖြေးနဲ့ လမ်းဘေးက ကြည့်နေတဲ့ သူတွေကပါ ပူးပေါင်းလာတဲ့ အတွက် အင်အား သုံးထောင်ခန့် ဖြစ်သွားတယ်လို့ သိရတယ်။

ဆန္ဒပြနေစဉ်မှာ ကျောင်းသားများက ....
လျပ်စစ်မီး-ရရှိရေး ဒို့အရေး၊
နအဖ စစ်အစိုးရ အလိုမရှိ၊
၂၀၁၀ အလိုမရှိလို့ ကြွေးကြော် ဆန္ဒပြကြတယ်။

နအဖ၊ ကြံ့ဖွတ်နဲ့ ရဲများက ဆန္ဒပြသမားများကို နိမ်နင်းရန် ရောက်လာကြတယ်။ ဦးဝိစာရ ပန်းခြံနဲ့ မီးစက် ဂွဆုံတွေမှာ နေရာယူပြီး လူစုခွဲခိုင်းတယ်။ ဆန္ဒပြသမားများက သွေးထွက်သံယိုမှု မရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာ ပေးလိုက်တယ်လို့ သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင် ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့ ရခိုင် သွေးနီတယ်ဟေ့ စသဖြင့် တဦးနဲ့တဦး အချိန် အချက် ပေးသွားကြတယ်လို့ ဆိုပါတယ်။
--
ရခိုင်ပြည်နယ် လူထုဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာနိင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂ ဥက္ကဌ - ဆရာတော် အရှင်ခေမာ စာရ က “ဒီဆန္ဒပြပွဲ ကြီးဟာ ၂၀၁၀ အတွက် ပထမဆုံး လှုပ်ရှားမှုကြီး ဖြစ်ခဲ့ပြီ၊ ဒီလို လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာ လိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စစ်အစိုးရ လက်အောက်မှာ မြန်မာ တပြည်လုံးဟာ ဒုက္ခ အတိကို ရောက်နေကြရပြီ။ ပြည်သူတွေ ဒုက္ခတွေ ပင်လယ်ဝေနေရတာ၊ ပြည်သူတွေကပ်တဲ့ ဆွမ်းပူကွမ်းပူကို ဒို့ရဟန်းတွေ ဘယ်မှာ မျိုလို့ကျမလဲ။ သံဃာတွေက တိုက်ပွဲဝင်ဖို့ ပိုင်းဖြတ် ထားပြီးပါပြီ” လို့ အမိန့် ရှိပါတယ်။

ဆရာတော်ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ခေါင်းဆောင်ခဲ့တဲ့ သံဃာတစ်ပါး ဖြစ်ပြီး ၈၈ တုံးက ထင်ရှားခဲ့တဲ့ အထွေထွေသပိတ် ကော်မတီမှာ နာယက ဆရာတော်တစ်ပါး ဖြစ်ခဲ့ပါတယ်။ မာနယ်ပလော တော်လှန်ရေး နယ်မြေမှာ ကရင်များ၊ ကျောင်းသားများနှင့် အတူ တလျှောက်လုံးလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

Ref: ဒီရေ


Read More...

Burma Update - 19 Feb 2010


Tomas Quintana, Disappointed and Regret - 19 Feb 2010


Burma Update - Tomas Quintana, Disappointed and Regret - 19 Feb 2010

Read More...

နေ့စဉ်သတင်းများ ( ၂၂ - ၂ - ၁၀ )

■ မြန်မာ (၄) ဦး ထိုင်းနယ်စပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ သတင်း
■ ရွှေတြိဂံဒေသတွင် ပစ်ခတ်မှုဖြစ်ပွား ရဲ (၁၅) ဦးသေဆုံး သတင်း
■ ကလေးစစ်သား စုဆောင်းသူ (၄၄) ဦး အရေးယူခံရ သတင်း
■ ဦးတင်ဦးကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းအဖြစ် ဂုဏ်ပြုချီးမြှင့် သတင်း
■ ကင်တာနာသတင်း မြန်မာပြည်တွင် ဆင်ဆာဖြတ် သတင်း
■ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်၏ ခရီးစဉ်အပေါ် သုံးသပ်ချက် သတင်း
■ ကလလတမှ နိုင်ငံရေးပါတီ ဖွဲ့စည်းပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းနေ သတင်း
■ အစိုးရသတင်းပေးများအတွက် ဝေါ်ကီတော်ကီများ ထုတ်ပေး သတင်း
■ အစ္စလာမ် ဘာသာဝင်များကို ယာယီမှတ်ပုံတင် ထုတ်ပေး သတင်း
■ ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်မှာလည်း မသက်သာ သတင်း
■ ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့တော်ဝန် ကွင်းဆင်း အမိန့်ပေး သတင်း
■ ရန်ကုန် အကျိုးပြုလုပ်ငန်းများအတွက် ကြံ့ဖွံ့က သန်း (၁၂၀၀) သုံးမည် သတင်း
■ ရှားတောမြို့နယ်တွင်းရှိ ရွာသားများ ရွာသူကြီး မဖြစ်ရဲကြ သတင်း
■ အကြီးဆုံး ရဲရွာစီမံကိန်း လျှပ်စစ် စတင်ထုတ် သတင်း
■ အလုပ်သမားသပိတ် သတင်း
■ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်ပို့မည့်ကိစ္စ စိုးရိမ်ဟု ကုလအရာရှိ ပြော သတင်း
■ ကမ္ဘာ့လူတုပ်ကွေးကြောင့် စက်ရုံတရုံ ပိတ်လိုက်ရပြီ သတင်း
■ နယ်မပြောင်းလိုသော ဆရာဝန်များ လာဘ်ပေးရန်လို သတင်း
■ သင်္ကန်းကျွန်းဈေး မီးလောင်မှု မီးသတ်နှင့်စည်ပင် မကျေမလည်ဖြစ် သတင်း
■ ချောက်မြို့တွင် မီးလောင်မှုဖြစ်ပွား သတင်း
■ ထိုင်းလုပ်ငန်းအချို့ မြန်မာအလုပ်သမားများအပေါ် မှီခိုနေရ သတင်း
■ လိုင်စင်မဲ့ကား သယ်ယူမှု ဆက်လက်ရှိနေ သတင်း
■ ကုန်တင်ချင်တဲ့ ခရီးသည်တင်ကားကြောင့် အခက်တွေ့ သတင်း
■ မော်ဒယ်နိမ့် ကားများ နယ်နှင်မည် သတင်း
■ စတိတ်ရှိုးကြည့်ချင် အရက် (၁) ပါကင် ဝယ် သတင်း
■ ရှပ်နီတထောင် ဘန်ကောက်ဘဏ် ဌာနချုပ်ကို ၀ိုင်း သတင်း
■ စစ်တပ်က ပရင်ကို လစဉ် ဘတ် (၂) သိန်းပေးရတယ်ဆိုတာကို အနုဖောင် ငြင်းဆို သတင်း
■ အာဏာသိမ်း၊ မသိမ်း လူထုအမြင် သတင်း
■ Skill, Investment နှင့် ချမ်းသာစာရင်းတွင် မြန်မာ ပါသင့်သော်လည်း ... (ဆောင်းပါး)
■ မဲဆောက်စက်ရုံ မြင်ကွင်းစုံ (၃) (ဆောင်းပါး)
■ ပီကင်းပြန် ဂူဂဲလ်ရဲ့ မကောင်းတဲ့ အကျင့် (ဆောင်းပါး)

Read More...

Monday, February 22, 2010

ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန်ဆဆ လုပ်ရတဲ့ သဘောတွေပါဗျာ

ဖေဖော်ဝါရီ ၂၁၊ ၂၀၁၀


နေအိမ်အကျယ်ချုပ်ကျနေချိန်မှာ ဥရောပ ဘောလုံးပွဲတွေကို တီဗွီကတဆင့် ကြည့်တယ်၊ ဘ၀ အတွေ့အကြုံ မှတ်တမ်း ရေးတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဘီဘီစီ အသံလွှင့် ဌာနကို စနေညက ပြောပါတယ်။ စစ်အစိုးရရဲ့ အနိုင်ကျင့်၊ အသက်အန္တရာယ် ပြုတာတွေ ရှိပေမယ့် တိုင်းပြည် ငြိမ်းချမ်းရေး အတွက် စေ့စပ်ဆွေးနွေးလိုတယ် လို့လည်း ပြောပါတယ်။ စစ်အစိုးရ ထုတ်ပြန်ဖွယ် ရှိတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေကို လေ့လာဖို့ စောင့်ဆိုင်း နေတယ်လို့လည်း ဆိုပါတယ်။ ဘီဘီစီက ထုတ်လွှင့် သွားတဲ့ ဦးတင်ဦး ရဲ့ ပြောကြားချက်တွေကို မိုးမခ အင်တာနက် စာမျက်နှာ ရောက်လာသူများ ဖတ်ရှုနိုင်ဖို့ ပြန်လည် စာစီပြီး ဖော်ပြ ပေးလိုက်ပါတယ်။ ဦးတင်ဦးက သူ အထိန်းသိမ်းခံနေရတဲ့ ကာလ ၆ နှစ်ကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ဆိုတာ ပထမဆုံး ပြောပြပါတယ်။

ကျနော်က ဗုဒ္ဓဘာသာဝင် ဖြစ်တော့ဗျာ ရတနာသုံးပါးကို အထူး ကိုင်းရှိုင်း ရတော့တာပေါ့။ နောက်ပြီးတော့လည်း ဗုဒ္ဓရဲ့ ပဌာန်းတို့၊ ပရိတ်ကြီး ၁၁ သုတ်တို့ ၊ ဓမ္မစကြာတို့ - - စသဖြင့်ပေါ့ဗျာ၊ အဖမ်း ခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တကွ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီ အင်အားစု အားလုံး အမြန်ဆုံး လွတ်ကြပါစေ၊ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေး နိုင်ကြပါစေ၊ ဘုရားကု ကုတယ်ပေါ့ဗျာ၊ နောက်တော့လည်းပဲ just to kill the time (အချိန်ကုန်အောင်) ပေါ့ဗျာ ကျနော်က ငယ်ငယ်တုန်းက ဘောလုံးသမား ဆိုတော့၊ ဘောဝါသနာပါတော့ ဘောလုံးပွဲတွေကို မလွတ်တမ်း ကြည့်တယ်ဗျ။ ပရီမီယာလိဂ် ကြိုက်တဲ့ ပွဲတွေကို ကြည့်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်တို့၊ ချယ်လ်ဆီးတို့၊ အာဆင်နယ်တို့၊ လီဗာပူးတို့ စသဖြင့်ပေါ့။ နောက် - အများ တိုက်တွန်းလို့၊ ကျနော့် မိသားစုက တိုက်တွန်းလို့ ကိုယ့်ရဲ့ အကျိုးအကြောင်း လေးကိုလည်း ရေးဖြစ်တယ်ဗျ။ စာအုပ်လည်း ကျနော်ထင်တယ် အုပ်နှစ်ဆယ်၊ အစိတ်လောက်တော့ ရေးထားတာပဲ။ စာအုပ် စာတမ်းတွေ ဖတ်ပါတယ်ဗျာ၊ အခါ အားလျော်စွာ ပေါ်လာတဲ့ စာအုပ်တွေပေါ့။

၂၀၀၇ ခုနှစ် သံဃာဦးဆောင်တဲ့ လှုပ်ရှားမှုကြီးမှာ NLD ရဲ့ ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ အားမရကြတဲ့ သူတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဦးတင်ဦးရဲ့ အမြင်ကို သိချင်ပါတယ်။

သိတဲ့ အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း အနှောင်အဖွဲ့ ခံနေရတဲ့အချိန်၊ ကျနော်ကလည်း အနှောင်အဖွဲ့ ခံနေရတဲ့ အချိန်မှာ ကျန်နေတဲ့သူများက အဖွဲ့ချုပ်ကြီးကို မားမားမတ်မတ် ရပ်နိုင်အောင်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အချိန်မှာ ကောင်းကောင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ရတဲ့ ကိစ္စတွေလည်း ရှိတော့ ထိန်းထိန်း သိမ်းသိမ်း ချိန်ချိန်ဆဆနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နယ်တွေ နယ်တွေမှာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ဒေသအလိုက် အထိုက်အလျောက် ဆောင်ရွက် ကြတာတွေကို အဖွဲ့ချုပ် အနေနဲ့ ဒီအတိုင်းအတာ အနေနဲ့ ဆောင်ရွက်တာကို ကျေနပ် နှစ်သက်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ထိန်းသိမ်းခံထားရလို့ NLD မှာ ဗဟိုချုပ်ကိုင်မှု ပိုများလာတယ်လို့ ပြောသံ ကြားရပါတယ်။ ဒါမျိုးက အခုခေတ် အခု အခြေအနေနဲ့ရော သင့်တော်ပါရဲ့လား။

ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ အပြင်မှာက ဘာလေးပဲဖြစ်ဖြစ် တခုခု လုပ်လိုက်လုပ်လိုက် အဖွဲ့ချုပ်ဝင်တွေဟာ ပြင်းထန်တဲ့ အနှောင်အဖွဲ့ အထိန်းအသိမ်း အချုပ်အနှောင် ဒါတွေ သိပ်ခံရတဲ့အတွက် ချိန်ချိန်ဆဆ လုပ်ရတဲ့ သဘောတွေပါဗျာ။ သူတို့ဟာ အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ကိုင်ကြတယ်လို့ပဲ ကျနော် ယုံကြည်ပါတယ်။

ဦးတင်ဦး အကျယ်ချုပ်က လွတ်လွတ်ချင်းမှာပဲ NLD ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်စွဲ သွားမယ်လို့ ပြောခဲ့ပါတယ်။ စစ်အစိုးရကလည်း ဒီနှစ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပြီးပါပြီ။ ဒီတော့ နှစ်ဘက် အဆင်ပြေဖို့ ဖြစ်လာပါ့မလား။ တခြား ရွေးချယ်စရာရော ဘာတွေများ ရှိပါသေးသလဲ။

ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကား ရှိပါတယ်၊ အချိန် မကျသေးဘူး၊ အချိန် မကျသေးဘူး လို့ သူ ပြောလိုက်ပါတယ်။ ခု လောလောဆယ်မှာတော့ ရွှေဂုံတိုင်စာတမ်းနဲ့ ပတ်သက်တဲ့ အပိုင်းမှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ထားရတဲ့ အနေအထားလို့ ကျနော်တို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကလည်း သက်ဆိုင်ရာ အကြီးအကဲများနဲ့ တွေ့ပြီးတော့ ဆွေးနွေးချင်ပါတယ်၊ ဒါတွေ ရှိတယ်၊ အဲဒါကြောင့် ကြေကြေလည်လည် ဆွေးနွေး လိုက်ရင်တော့ ဒီပြဿနာဟာ ချောချောမောမောနဲ့ ပြေပြေလည်လည် ဖြစ်သွားစရာ အကြောင်း ရှိတယ်လို့ ကျနော် မြင်ပါတယ်။

တွေ့ဆုံဆွေးနွေးတဲ့အဆင့် ရောက်အောင်လို့ ဘယ်လို နည်းလမ်းနဲ့ သွားရင် အကောင်းဆုံး ဖြစ်မလဲ။

ကျနော်တို့က အဖြေတခုကိုတော့ တိုင်းပြည်ကို ပြောရမယ် ဆိုတာကို သဘောပေါက်ပါတယ်။ ပြောရမယ့်ဟာလည်း လောလောဆယ် သူတို့ဘက်ကလည်း ဒီနေ့အထိ သိတဲ့ အတိုင်းပဲ ရွေးကောက်ပွဲ ဥပဒေတို့၊ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတို့၊ ပါတီများ မှတ်ပုံတင်ခြင်း (ဥပဒေ)တို့က ဘာမှ မထွက်သေးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ အချိန် မကျသေးဘူး ဆိုတဲ့ မူဟာ လောလောဆယ်မှာတော့ လျော်ကန် သင့်မြတ်တယ်လို့ ကျနော်က ဒီလိုပဲ ပြောရတော့မှာပဲ။

ဦးတင်ဦးက ကာကွယ်ရေးဦးစီးချုပ်ဟောင်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတော့ အခု လွတ်လာတဲ့ အခါမှာ စစ်ခေါင်းဆောင်ပိုင်းနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ့် အနေအထားရော ရှိပါသလား။

ဆွေးနွေးဖို့ ပြောလာတာ အခုမှ မဟုတ်ဘူး၊ ၁၉၈၈ ခုနှစ်ကတည်းက ပါပဲ။ ကျနော်တို့က ဆွေးနွေးဖို့ဟာကို တစိုက်မတ်မတ် ရပ်တည်နေပါတယ်။

အနှစ် ၂၀ လုံးလုံး စေ့စပ် ဆွေးနွေးဖို့ ပြောလာတာ အခုအချိန်မှာရော အောင်မြင်မယ့် အနေအထားမျိုး တွေ့ရပါသလား။

စေ့စပ် ဆွေးနွေးတဲ့လမ်း မဟုတ်ရင် ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲလို့ ခင်ဗျားတို့ ထင်သလဲ၊ ဆူရမလား ပူရမလား ဘယ်လိုလဲ၊ အကြမ်းဖက်တာကိုတော့ အစကတည်းက အဖွဲ့ချုပ်က မူ မဟုတ်တော့၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းပဲ ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ မျှော်မှန်းတဲ့ ခေါင်းဆောင် ဆိုတော့ကာ ကျနော်တို့က ဆွေးနွေးတဲ့ နည်းလမ်းပဲ လုံးပမ်းရမှာပဲ။

ဦးတင်ဦးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော ဒီပဲယင်း အရေးအခင်း အပြီးမှာ ထိန်းသိမ်းခံရတာပါ၊ ဒီပဲယင်း ကိစ္စအပေါ် ဘယ်လို သုံးသပ်ပါသလဲ။ နိုင်ငံရေးအရ လုပ်ကြံမှုတခုလို့ ယူဆပါသလား။

ဒီလိုပြောရင် အဖြေ ပေါ်မယ် ထင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရသတ္တိ၊ ဓမ္မသတ္တိ ပြည့်တဲ့ ခေါင်းဆောင်ဗျ။ ဒီပဲယင်းမှာ သူဟာ အသက်လုပြီးတော့ ကံကောင်း ထောက်မလို့ လွတ်လာတယ်ပေါ့ဗျာ၊ ကျနော်လည်း အလားတူပဲ၊ ကျနော်ကတော့ သူ့လောက် အရေးမကြီးပါဘူး။ ညောင်နှစ်ပင် ညီလာခံ တက်ဖို့ ဖြစ်လာတော့ သူနဲ့ ကျနော်တို့ CEC (အဖွဲ့ချုပ်ခေါင်းဆောင်များ) တွေ့ခွင့်ရတယ်၊ သူပြောတဲ့ စကားက အင်မတန် ကောင်းပါတယ် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တလုံးတပါဒမှ ကျမ မပြောတော့ပါဘူး၊ ဟိုဘက်က လူတွေနဲ့ ဆွေးနွေးတယ်၊ အဲဒီတုန်းက ဗိုလ်ချုပ်သန်းထွန်းတို့၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်တို့ ပြီးတော့ ထောက်လှမ်းရေးပိုင်းက ပုဂ္ဂိုလ်တွေ ပါကြတယ်။ ဒီပဲယင်းကိစ္စနဲ့ ပတ်သက်တာ အားလုံးကို ဘာမှ မပြောတော့ဘူး၊ ရှေ့ဆက် နိုင်ငံအတွက် အကျိုးရှိရာ ရှိကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း လုပ်ဖို့ ဒီလိုတော့ ပြောလိုက်တယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ပေးပါ၊ နယ်မှာ ပိတ်ပင်ထားတဲ့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေ အားလုံးကို ဖွင့်ခွင့် ပေးပြီးတော့ ပါတီ တခု အနေနဲ့ ဆောင်ရွက်စရာ ကိစ္စ အ၀၀ လုပ်ဖို့ရယ် နောက်ပြီး ဆက်လက် အဖြေရှာဖို့ကိစ္စ ဒါကတော့ ညောင်နှစ်ပင်မှာ ပြောမယ်ဆိုရင်လည်း ညောင်နှစ်ပင် (ညီလာခံ) တက်ပြောမယ် ပေါ့ဗျာ၊ ဒီသဘောလေးတွေ ပြောလိုက်တော့ လာရောက်တဲ့ ပုဂ္ဂိုလ်တွေက အင်မတန် ၀မ်းသာတယ်၊ ၀မ်းသာလိုက်တာ ဆိုပြီး ပြန်သွားတဲ့ အကြောင်းကို ကျနော်တို့ကို ရှင်းပြတော့ ကျနော်တို့ သိတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး အကျဉ်းသားတွေတော့ လွတ်လာတော့မှာပဲ ဆိုပြီးတော့ ဦးအောင်ရွှေက ခေါင်းဆောင်ပြီးတော့ ညီလာခံတက်မယ်၊ ဘယ်သူတွေ တက်မယ် ဆိုပြီးတော့ စာရင်းတွေ ရေးထား လုပ်ထားတယ်။ အဲဒီလို ၀မ်းပမ်းတသာနဲ့ လုပ်ကြတာပဲဗျ။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဒါမဟုတ်ပြန်ဘူး ဆိုပြီး ပြောပြီးတော့၊ နောက်ပိုင်း တက်ချင်လဲနေ မတက်ချင်လည်း သဘောပဲ ဆိုပြီးတော့၊ တက်ရင်လည်း ကျနော်တို့ အားလုံးက အချုပ်အနှောင်နဲ့ နိုင်ငံရေးသမား ဆိုရင်လည်း အချုပ်အနှောင်နဲ့ တက် ဆိုတဲ့သဘော အဲဒီလို ဟာလေးတွေက ဖြစ်ခဲ့တယ်ဗျ။

Ref: မိုးမခ


Read More...

နေ့စဉ်သတင်းများ ( ၂၁- ၂ - ၁၀ )

■ တပ်မတော်ထဲမှာ မကျေနပ်မှုများ ဖြစ်ပွား သတင်း
■ ရွှေတြိဂံဒေသ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံး သတင်း
■ တာချီလိတ်တိုက်ပွဲ ရဲတပ်ဖွဲ့ဝင် (၁၄) ဦး သေဆုံး သတင်း
■ ယခုလအတွင်း ဗုံးပေါက်ကွဲမှုများ ကေအန်ယူကို နအဖ စွပ်စွဲ သတင်း
■ စစ်တကောင်း တောင်တန်းနယ်တွင် ကာဖျူးထုတ်၊ တိုက်ခိုက်မှုအတွင်း အနည်းဆုံး ဒေသခံ (၅) ဦးထက် မ နည်းသေဆုံး သတင်း
■ မစ္စတာကင်တားနား ခရီးစဉ်အပေါ် သဘောထားအမြင်များ သတင်း
■ ခေတ်သစ်နိုင်ငံရေး အမျိုးအစားပေါင်းစုံ ဉာဏ်မီသလောက် (ဆောင်းပါး)
■ မြန်မာပြည်၌ ကမ္ဘာ့လူတုပ်ကွေးရောဂါပိုးရှိသူ (၆၀) ကျော် တွေ့ရှိထား သတင်း
■ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေချိန်တွင် ကြက်ဈေးမကျ သတင်း
■ ဖူးဘရိုက်ပညာသင်ဆု သတင်း
■ မလေးရှားတွင် ချင်းအမျိုးသားနေ့ ကျင်းပ သတင်း
■ နွေရာသီကို ရက် (၂၀) ခန့် စောရောက် သတင်း
■ GT 200 ဗုံးရှာစက်တွေ သတိထားသုံးစွဲဖို့ တပ်မတော်ဦးစီးချုပ် ပြော သတင်း
■ အိန္ဒိယသူပုန်အတွက် တရုတ်လက်နက်များ မြန်မာပြည်မှတဆင့် ၀င်ရောက် သတင်း

Read More...

Sunday, February 21, 2010

တပ်မတော်သားအဖြစ် ဂုဏ်မယူလိုတော့သူ...

Saturday, 20 February 2010

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၃၁၂ အမြောက်တပ်ရင်းမှ တပ်စုမှူး ဗိုလ်ရဲထက် ဟာ မေမြို့ စစ်တက္ကသိုလ် မဟာသိပ္ပံ ပထမနှစ်တက်နေရင်း မြန်မာစစ်အစိုးရဲ့ လုပ်ရပ်တွေကို မခံစားလာနိုင်တဲ့ အတွက် ထိုင်းမြန်မာ နယ်စပ်တနေရာကို ဇန်န၀ါရီလလယ် လောက်မှာ ထွက်ပြေးလာပါတယ်။ ယနေ့ မြန်မာစစ်တပ် ထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံ မေးမြန်း ဖော်ပြလိုက်ပါ တယ်။

မေး။ ။ ဗိုလ်ရဲထက် အနေနဲ့ ဘာကြောင့် မြန်မာ့ တပ်မတော်ကနေ ထွက်ပြေး လာရတာလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံတော်မှာ ဖြစ်နေတဲ့အနေအထား စီးပွားရေးအရပြည်သူလူထုတွေ အရမ်းကြပ်တည်း နေတယ်။ နောက်ပြီး လူမှုရေး၊ နိုင်ငံရေးအရလည်း နိုင်ငံမှာအများကြီး ချွတ်ယွင်းနေတယ်။ ဒီလို ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျနေတဲ့ အနေအထားမှာ စစ်အစိုးရက ကာကွယ်ရေး၊ လက်နက်ပစ္စည်း အတွက်ပဲ ဦးစားပေးပြီး လုပ်နေတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ ဒီအပေါ်မှာ တပ်မတော်သား တယောက် အနေနဲ့ကတော့ သုံးမယ့် လက်နက် ပစ္စည်း ခေတ်မီလာတယ်၊ ကမ္ဘာနဲ့ ရင်ပေါင် တန်းလာနိုင်လာတဲ့ အပေါ်မှာ၊ ကာကွယ်ရေး ကဏ္ဍတွေ တိုးတက်လာတဲ့ အပေါ်မှာ ဂုဏ်ယူ သဘောကျတယ်။ ဒါပေမယ့်စစ်ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ တခုတည်း တိုးတက်လာရုံနဲ့ တိုင်းပြည် တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကဏ္ဍပေါင်းစုံ တိုးတက်ရမယ် ပြည်သူလူထုရဲ့ လူနေမှု အဆင့်အတန်း၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး တိုးတက်မှသာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် မိမိ အဖွဲ့အစည်း တိုးတက်မှု တခုတည်းအတွက် မကြည့်ဘဲနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ အားလုံးကို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အဲ့ဒီ အပေါ်မှာ အမြင်မတူတဲ့ အနေ အထားနဲ့ အဓိက ထွက်လာရတယ်။

နောက်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တပ်မတော်ဟာဒီနိုင်ငံ၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ အားထားရာ ဖြစ်တယ်။ ဒီလိုမှ မဟုတ်ဘဲနိုင်ငံသူ နိုင်ငံသားတွေရဲ့ရွံစရာ၊ မုန်းတီးစရာတွေ ဖြစ်လာတယ်ဆိုရင် တပ်မတော် ဖွဲ့စည်းထားတာဟာ အလကားပဲလို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင် မှာခဲ့တဲ့ စကားလည်း ရှိတယ်။ ဒီဘက်ခေတ်နောက်ပိုင်း တပ်မတော်ရဲ့ ကဏ္ဍတွေမှာ စစ်သားဆိုတာ အမိန့်အရ လုပ်ဆောင် ရတာတွေ ရှိတယ်။ ဒီအပေါ်မှာ စစ်အစိုးရရဲ့မူဝါဒကို လိုက်လံ အကောင်အထည်ဖော်ပြီး အမိန့်ကို နာခံရတဲ့ စစ်သားနဲ့၊ အောက်ခြေစစ်သည်တွေနဲ့ ပြည်သူ့အကြား ဖြစ်လာတဲ့ အနေအထားမှာ ပြည်သူက အစိုးရရဲ့ လုပ်ရပ်လို့မမြင် ဘဲ တပ်မတော်ရဲ့လုပ်ရပ်လို့ မြင်လာတယ်။ ပြည်သူနဲ့ တပ်မတော်ဟာ တသားတည်း မဖြစ်တော့ဘူး။ ပြည်သူက မွေးထုတ်ပေးလိုက်တဲ့ တပ်မတော်သားတွေဟာ ပြည်သူ့အတွက် မဟုတ်တော့ဘဲ စစ်အစိုးရ အတွက်ပဲလို့ ကျနော့်အနေနဲ့ မြင်တယ်။ ဒီတော့ပြည်သူရဲ့ အော့နှလုံးနာစရာ ဖြစ်နေတဲ့ တပ်မတော်မှာ ကိုယ့်ကိုယ်ကိုယ် တပ်မတော်သား တယောက်လို့ ဂုဏ်ယူပြီး မနေချင်တော့ဘူး။ ဒါကြောင့် ထွက်လာရတာပါ။

မေး။ ။ ဒီကနေ့ တပ်မတော်ထဲမှာ ဘာတွေဖြစ်နေကြလဲ။ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရှင်းပြပေးပါ။ တပ်မတော်မှာ အရာရှိနဲ့ အခြားအဆင့် ရဲဘော် အကြပ်တွေနဲ့ ကွာဟတာတွေ ရှိတယ်ကြားရတယ်။ အဲဒါလည်း ပြောပြပေးပါ။

ဖြေ။ ။ ဥပမာ တရားစီရင်ရေးအာဏာမှာ တပ်ရင်းမှူးတယောက်မှာ တပ်နဲ့ပါတ်သတ်တဲ့ အာဏာသုံးရပ် ကိုင်စွဲ ပိုင်ခွင့်ရှိတယ်။ ဒီနောက်ပိုင်းမှာ မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်မှာ သူ့ရဲ့အာဏာနဲ့ တပ်ပိုင်းဆိုင်ရာကို အုပ်ချုပ် ပိုင်ခွင့် မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့် တောင်ဒီလို ဖြစ်နေတယ်ဆိုရင် ကျန်တဲ့ ကျနော်တို့လို အရာရှိငယ် တွေမှာလည်း မရှိတော့ဘူး။ ဒါ့အပြင်တချို့ရာခိုင်းနူန်း တော်တော်များများ တပ်ရင်းမှူးတွေက သူတို့ရဲ့လက် အောက်မှာ သူတို့ အကျိုးစီးပွားကို ဖြစ်စေမယ့် စစ်သည် လူတရာမှာ ငါးယောက်လောက်ကို လက်သပ် မွေးတဲ့ ပုံစံမျိုးတွေ လုပ်တယ်။ သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ပြီး ကျန်တဲ့စစ်သည်၊ ရဲမေတွရဲ့ အကျိုးစီးပွားကို မကြည့်တော့ဘူး။ သူတို့ ကိုယ်ကျိုးအတွက်ပဲ ဒီစစ်သည်တွေနဲ့ အလုပ် လုပ်သွားတဲ့ အနေအထားတွေ ရှိတယ်။ ဒီလိုအချိန်မှာ ကျနော်တို့ အရာရှိငယ်တွေနဲ့ ကျန်တဲ့ စစ်သည်တွေဟာ ကြားထဲမှာ ဘာမှ သုံးလို့မရတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ ဒီတော့ အထက်လူကြီးတွေက အောက်ခြေရဲ့အခက်အခဲကို နားလည် မပေးနိုင်တော့တဲ့ အနေအထားတွေ၊ အဲ့ဒီလိုအချိန်မှာ အောက်ခြေကလည်း မကျေနပ်ချက်တွေ ရှိတယ်။ ဒါပေမယ့် စစ်သား ဖြစ်နေတဲ့ အတွက် အမိန့်ကို နာခံရမယ်ဆိုတဲ့ ကဏ္ဍတခုတည်းနဲ့ အောင့်အည်း သီးခံပြီး နေရတဲ့ အနေအထား မျိုးတွေရှိတယ်။

မေး။ ။ ယနေ့ မြန်မာ့ တပ်မတော်မှာ တပ်ထဲဝင်ချင်တဲ့သူနဲ့ ထွက်ချင်တဲ့သူဆို ထွက်ချင်တဲ့ သူတွေက များတယ်လို့ ကြားသိ ရပါတယ်။ တပ်ထဲက ထွက်ချင်ရသူတွေ အကြောင်းလည်း ပြောပြပါဦး။

ဖြေ။ ။ ကျနော်တို့ ဒီ တပ်မတော်ကနေ အငြိမ်းစားယူချင်တယ်။ ထွက်ချင်တဲ့ အရာရှိ စစ်သည်တွေ အများကြီး ရှိတယ်။ အသက်ကြီးလို့ ထွက်ချင်တဲ့လူတွေ မဟုတ်ပါဘူး။ ကျနော်တို့ အရာရှိ ငယ်ထဲမှာပဲ တပ်က ထွက်ရရင် ပြီးရော ဆိုပြီးတော့ လုပ်နေကြတဲ့ ကဏ္ဍတွေ အများအပြား ရှိတယ်။ ဟိုတခါတည်းနဲ့ ထွက်လို့ မရရင်တောင် အရပ်ဘက်ကိုပဲ ဖြစ်ဖြစ်ပြောင်းမယ်။ အဓိက ဒီတပ်က ထွက်ရရင်ပြီးရော ဆိုတဲ့ ခံစားချက်တွေ များတယ်။ အခြား အဆင့်တွေ ထဲမှာဆို ပိုဆိုးပါတယ်။ ကျနော်နေခဲ့တဲ့ တပ်မှာဆိုရင် ဆေးဘုတ်ရသူက အနားယူသွားရရင် ဒီ တပ်ကနေ ထွက်ခွင့်ရပြီ။ ထွက်မိန့်လည်း ကျပြီ။ ဒါပေမယ့် တပ်မှာလိုလို့ ဆိုပြီးတော့ ခေါ်သုံးထားတယ်။ အဲ့ဒီလို အနေအထားမျိုးတွေ ရှိတယ် အဲဒီတော့ သူ့ကို ဒီလိုခေါ်သုံးတဲ့ အတွက်ကော လက်ရှိ လစာပေးလား ဆိုတော့ ဒါတွေကလည်း ပြောမယ်ဆို သူ့ကိုအထက်က အမိန့်ချထားတဲ့ အတွက် လစာမရတော့ဘူး။

ဒါပေမယ့် တပ်ရင်းမှူးကနေ ခေါ်သုံးထားတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲဒီတော့ အားလုံးလိုလိုက ဒီတပ် ကနေ ထွက်ချင်နေကြတဲ့ အနေအထားမျိုးမှာ ထွက်ပြီးသွားတဲ့ လူတောင်မှ လိုအပ်ချက်အရ ဆိုပြီး ဆွဲသုံးခံနေ ရတယ်ဆိုတော့ ကျန်တဲ့ မထွက်ရသေးတဲ့ လူတွေကိုလည်း တော်တော်နဲ့တော့ အခုနောက်ပိုင်းမှာ ထွက်ခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲ ဆိုရင်တော့ ကျနော့် ထင်မြင် ယူဆချက်အရ ဆိုရင် လက်ရှိ တပ်မတော်က တပ်အင်အားတွေ အများကြီး တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတော့ နောက်ထပ် တပ်သားသစ် စုဆောင်းရရှိမှုမှာ နည်းတယ်။ အဲ့ဒီပြင် ဒီလို လွယ်လင့်တကူ ထွက်ခွင့် မရတဲ့ အခါကျတော့ ကျနော်တို့ အင်အား ပြုန်းတီးမှုပေါ့။ တပ်ပြေးတွေ ဖြစ်တယ်။ ထောင်တွေကျတယ် အဲ့ဒီလိုမျိုးတွေ ဖြစ်ပြီးတော့ အင်အားပြုန်းတီးမှုနဲ့ ဒီစစ်သည် စုဆောင်း ရရှိမှုက level ကျတယ်။ တခါတလေမှာ ပြုန်းတီးမှုက ပိုများတယ်။

အဲ့ဒီလို အနေအထားမျိုးတွေရှိ တော့ သူတို့ကရှိပြီးသား လူတွေကို ထပ်မထွက်စေချင်ဘူး။ တချို့တပ်တွေ ဆိုရင် ဥပမာ ထွက်ချင်ရင် အသစ် ၅ ယောက်ရှာပေး၊ အဲ့ဒီလို အနေအထား မျိုးတွေနဲ့ ကြုံရတဲ့ ဟာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့ သူတို့ကလည်း ရှာပေးဆိုတော့ ထွက်ရရင် ပြီးရောဆိုပြီး ဖြစ်လာကြတယ်။ အဲ့ဒီမှာပဲတွေ့တဲ့ လူကို ခေါ်သွင်း ဘာညာ အဲ့ဒီလို မျိုးတွေပေါ့။ အဲ့ဒီတော့ ဒီတပ်က ထွက်ချင်ကြတာက အဓိက တခြားတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ ရှိတဲ့အဆင့် အတန်းပေါ်မူတည်ပြီးမှ လုပ်ပိုင်ခွင့်တွေ မရှိတော့ဘူး။ လုပ်ပိုင်ခွင့် ဆိုတာက အခုလုပ်နေတဲ့ အစိုးရ ဒီဗိုလ်ချုပ်တွေ လုပ်နေသလိုမျိုး သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ပြောတာ မဟုတ်ဘူး။ ကျနော်တို့ ဒီ တပ်ပိုင်းဆိုင်ရာ အထက် အောက်ကို အာဏာနဲ့လုပ်တာ။ ဒီတပ်တွင်း တကယ့် စည်းကမ်းပြည့်ဝတဲ့ တပ်မတော် တရပ်ရဲ့လုပ်ပိုင်ခွင့်ကို မရှိတော့တဲ့ အနေအထားမျိုး ဖြစ်နေတယ်။

မေး။ ။ မေမြို့စစ်တက္ကသိုလ် တက်ခဲ့တဲ့ အတွေ့ကြုံတွေကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်စစ်တက္ကသိုလ် အပတ်စဉ် ၅၀ က ကျောင်းပြီးခဲ့တာပါ။ ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ ဒီဗိုလ်လောင်းဘဝမှာ စီနီယာ၊ ဂျူနီယာ အုပ်ချုပ်မှု စနစ်ရှိတယ်။ စီနီယာ၊ ဂျူနီယာ အုပ်ချုပ်မှုမှာ အပြစ်ပေး၊ အရေးယူတဲ့ ဟာတွေကို သဘောလည်း ကျပါတယ်။ သဘောကျတယ် ဆိုတာက ဘယ်လို သဘောကျလဲ ဆိုရင် ဒီအပြစ်တခု အတွက် ရုံးတင်လိုက်ရင် သူ့ဘဝထဲကနေ ပေးရမှာ။ ဥပမာ ထားပါတော့ ဆေးလိပ် မသောက်ရ ဆိုတဲ့ဟာကို ကျနော်က ဆေးလိပ်သောက်တယ်။ ဒီဟာကို စီနီယာနေ သူက အပြစ်မပေးဘဲနဲ့ ရုံးတင်လိုက်ရင် ကျနော် အမှတ်လျော့မယ်။ အမှတ်လျော့သွားရင် သူများထက် ကျနော် နောက်ကျမယ်။ အမှတ်နည်းသွားမှာ ဖြစ်တဲ့အတွက် ဒါဘဝထဲက ပေးရတယ်လို့ ကျနော်တို့ သုံးနှုန်းတဲ့ အသုံးအနှုန်း ဖြစ်တယ်။ အဲ့လို ဘဝထဲက မပေးရအောင် မြင့်တဲ့ စီနီယာကနေ သူ့ကို ထိုက်သင့်တဲ့ အပြစ်ပေးတယ်။ အဲ့ဒါမျိုးတွေပေါ့။

အဲ့ဒီထဲမှာမှ တချို့က ဘယ်လိုမျိုးတွေ လုပ်လာသလဲ ဆိုတော့ ဥပမာ ကျနော်တို့ တပ်စုရဲ့ အပတ်စဉ် အထက် စီနီယာတွေက ကျနော်တို့ကို စာမေးပွဲ နီးတာကို စာမကျက်ဘူး ပြီးတော့ Position ဒီတပ်စုရဲ့ Transition ကို မထိန်းဘူး ဆိုတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ စာမေးပွဲပြီးတော့ တပ်စုတစုလုံးကို စီနီယာ အစ်ကိုကြီးတွေ က အပြစ်ပေးတာပေါ့။ အပြစ်ပေးတယ် ဆိုတာလည်း သူတို့က စေတနာနဲ့ အပြစ်ပေးတာပါ။ အဲ့ဒီမှာ တခြားတပ်စုက စီနီယာတွေက မဆီမဆိုင် ဝင်ပြီး အပြစ်ပေးတာတွေ ရှိတယ်။ အပြစ်ပေးတဲ့ အချိန်မှာ ကျနော်ဆိုရင်ပဲ တောလျှောက် နေတဲ့ အချိန်မှာ နောက်ကနေ စတီးရိုးနဲ့ အရိုက်ခံရတယ်။ ဒါမျိုးတွေပေါ့။ ဆိုလိုတာက သူ့ အနေနဲ့ ကျနော့်ကို အမြင်မတော်ဘူး ထင်ရင်တောင် စီနီယာကောင်းစိတ်ဓာတ် အနေနဲ့ ကျနော်တို့ တပ်စုကို
အပြစ်ပေးပြီးတဲ့ အချိန်မှ ကျနော့်ကို သီးခြားခေါ်ပြီး အပြစ်ပေးရင် ကျနော် လက်ခံနိုင်တယ်။ တပ်စုက အပြစ်ပေးတဲ့ အချိန်မှာ ဝင်ပြီးတော့ အပြစ်ပေးတာလည်း မဟုတ်ဘူး။ သူများပေးတဲ့ဟာကို ကောင်းကောင်း လိုက်မလုပ်ဘူးလား မင်းက Fighter လားတို့ ဘာတို့ ဆိုတဲ့ အနေအထားမျိုးနဲ့ ရိုက်နှက်တာကြတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။

မေး။ ။ တာဝန်ထမ်းဆောင်စဉ် အခက်အခဲ ကြုံတွေ့ခဲ့တာတွေကိုလည်း ပြောပြပါဦး။

ဖြေ။ ။ စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့တာ မနိုင်ဝန် ထမ်းနေရသလိုပဲ။ လက်ရှိတပ်မတော်မှာက တပ်ခွဲမှူးဆိုတဲ့ ရာထူးက တကယ်တော့ ဗိုလ်မှူးအဆင့်။ စီနီယာကျတဲ့ ဗိုလ်မှူးကမှ ဌာနချုပ် တပ်ခွဲမှူး။ အဲဒီ ဌာနချုပ် တပ်ခွဲမှူး ကမှ တပ်ရင်းမှူး သင်တန်းတွေ တက်ပြီးမှ တပ်ရင်းမှာ 2 IC ခေါ်တဲ့ ဒုတပ်ရင်းမှူးဖြစ်တာ။ တကယ်မှာတော့ နှစ်ပွင့် ဗိုလ်လောက်နဲ့ တပ်ခွဲမှူး ရာထူးတွေ ကိုင်ထားရတယ်။ လူအင်းအား မပြည့်ဘူးပေါ့။ လူအင်းအား အရတော့ ဘာမှ မဖြစ်ပေမယ့် ကိုင်လိုက်တဲ့ ရာထူးကတော့ မမျှဘူးပေါ့။ အခုနောက်ပိုင်းမှာ လေ့ကျင့်ရေး ကျောင်းတွေက စာထုတ်ထားတာရှိတယ်။ ဒါကတော့ လက်ရှိ မိမိအဆင့်ရဲ့ တဆင့်မြင့် တာဝန်ကို ထမ်းဆောင်နိုင်ရမယ် မိမိရဲ့ အထက်နှစ်ဆင့်မြင့် တာဝန်ကို နားလည်နိုင်ရမယ် လိုအပ်ရင် ထမ်းဆောင်ရမယ်လို့ ညွှန်ကြားထားတယ်။ ကျနော်ဆိုရင် တပ်စုမှုး နှစ်ပွင့်ဗိုလ် ကျနော့်ရဲ့ တဆင့်မြင့် တာဝန်က တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင် နိုင်ရမှာဖြစ်တယ်။ ဒါ့အပြင် နှစ်ဆင့်မြင့် တာဝန်က ဒု တပ်ရင်းမှူး။ တကယ်လို လိုအပ်လာရင်လည်း ကျနော် နှစ်ပွင့် တပ်စုမှူးက ဒုတပ်ရင်မှူး အဆင့်အထိ တာဝန် ထမ်းဆောင်နိုင်ရမယ်လို့ ဆိုလိုထားတာ။ တချိန်တည်းမှာပဲ လူအင်းအား မပြည့်တော့ ဘာမှ မလုပ်နိုင်ဘူး။ တပ်ခွဲတခွဲမှ လူအင်အား ၃၀ ဆိုတာ အများ ဆုံးပဲ။ တပ်ရင်းတရင်းမှာ လူ ၁၅၀ ဟာ အများဆုံးပဲ။

မေး။ ။ စစ်ပညာတော်သင်တွေ နိုင်ငံခြားကို လွှတ်တယ်လို့ ကြားတယ်။ ဘယ်နိုင်ငံတွေကိုများ လွှတ်ထားတာ ရှိလဲ။

ဖြေ။ ။ စာပေပညာနဲ့တော့ ရုရှားကို လွှတ်တယ်။ စစ်ဘက်ဆိုင်ရာနဲ့တော့ အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန် တို့ကို လွှတ်ပါတယ်။ အရာရှိရော အခြားအဆင့် အကြပ်ကြီးတွေလည်း ပါတယ်။ ယူကရိန်းကို သံချပ်ကားတပ်က လူတွေကိုလွှတ်တယ်။ အမြောက်နဲ့ ပတ်သတ်တဲ့ စစ်ပညာကို
တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ကို လွှတ်ပါတယ်။

မေး။ ။ တပ်မတော်က အရာရှိငယ်တယောက်ရဲ့ ခံစားချက်ကို ပြောပြပါ။

ဖြေ။ ။ ကျနော်တို့က ပင်ပန်းဆင်းရဲတာကို ခံနိုင်တယ်။ အရင်တုန်းက လွတ်လပ်ရေး စယူတုန်းက ကျနော်တို့ ရှေ့က တပ်မတော်သားတွေဟာ လွတ်လပ်ရေး အတွက် တိုက်တယ်။ ဘယ်လိုပဲ ပင်ပန်း ပင်ပန်းခံနိုင်တယ်။ ကျနော်တို့ ဗိုလ်ချုပ်တွေက ပြောတယ်။ မင်းတို့တွေ ကံကောင်းပါတယ်။ ကံကောင်းလားဆိုတော့ အဲဒါ မှန်ပါတယ်။ သူတို့လိုမျိုး အသက်နဲ့ရင်းပြီး လုပ်ခဲ့တာ တိုက်ခဲ့တာ တခါမှ မရှိခဲ့ဘူး။ ကံဆိုးတယ်လို့လည်း ပြောလို့ရတယ်။ ကျနော်တို့ တပ်မတော်ကိုရောက်တဲ့ အချိန်မှာ စစ်တပ်ထဲမှာ အရာရှိဖြစ်တဲ့ အချိန် ပြည်သူက တပ်မတော်ကို မုန်းနေပြီ။ ဘာကြောင့် မုန်းတယ်ဆိုတော့ တပ်မတော်ကို မုန်းတာမဟုတ်ဘူး လက်ရှိ တပ်မတော်ရဲ့ လုပ်ရပ်ကိုမုန်းတာ။ ဒါက ဘာကို သက်ရောက်လည်း ဆိုတော့ စစ်တပ်က အစိုးရခိုင်းတော့ လုပ်ရတယ်။

ကျနော်တို့နိုင်ငံကို ကြည့်တော့ အစိုးရက စစ်ယူနီဖောင်း ၀တ်ထားကြတယ်။ ကျနော်တို့နိုင်ငံက ပြည်သူက အစိုးရနဲ့ စစ်တပ်ကို မခွဲတတ်အောင် လုပ်ထားတယ်။ စစ်တပ်က တိုင်းပြည်ကို အနှစ် ၄၀ လောက် အုပ်ချုပ်နေတယ်။ သူတို့ မျက်စိထဲမှာ စစ်တပ်ကလည်း ယူနီဖောင်း ၀တ်ထားတယ်။ အုပ်ချုပ်သူလည်း ယူနီဖောင်း ၀တ်ထားတယ်။ လုပ်တဲ့လူကလည်း ယူနီဖောင်း ၀တ်ထားတယ်။ အတူတူလို့ ထင်တယ်။ စစ်တပ်ထဲ ကြည့်ပြန်တော့ လည်း အခြားအဆင့် အကြပ်စစ်သည်တွေ စီးပွားရေး ကြပ်တည်းနေကြတယ်။ စစ်သည် တော်တော်များလည်း လစာထုပ်ရင် လစာကို အကုန် မကိုင်ကြရတော့ဘူး။ အရင်လက အကြွေးတွေကို ဆပ်လိုက်ရလို့။ ။


Ref: ဧရာဝတီ်

Read More...

နေ့စဉ်သတင်းများ ( ၂၀ - ၂ - ၁၀ )

■ ဆန္ဒပြအလုပ်သမားများ၏ တောင်းဆိုမှုတချို့ လိုက်လျော သတင်း
■ မြန်မာနိုင်ငံ အလုပ်သမားများအစည်းအရုံး ပါဝင်လှုပ်ရှား သတင်း
■ အာရှငြိမ်းချမ်းရေးညီလာခံ အန်အယ်လ်ဒီကို ထောက်ခံ သတင်း
■ အန်အယ်လ်ဒီပါတီ အင်အားတောင့်တင်းအောင် ပြန်လုပ်ဖို့လို သတင်း
■ ဦးတင်ဦးနဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက် သတင်း
■ NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ သတင်း
■ လယ်သိမ်းခံရလို့ ILO တိုင်တဲ့ လယ်သမား (၁၁) ဦး ပြန်လွတ် သတင်း
■ ကော့သောင်းမြို့ သွားရောက်သူတွေ သက်ဆိုင်ရာက ဖမ်းဆီးမောင်းထုတ် သတင်း
■ ရန်ကုန်၊ ထိုင်းနယ်စပ်နဲ့ နော်ဝေတို့မှာ ချင်းအမျိုးသားနေ့ ကျင်းပ သတင်း
■ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှု ပိုများလာ သတင်း
■ လုပ်ခတိုးပေးရေး ဆန္ဒပြပွဲများ ရွှေပြည်သာတွင် ကူးစက်ဖြစ်ပွား သတင်း
■ မစ္စတာကင်တားနားက မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ် သတင်း
■ ကော့ကရိတ်မြို့တွင် ဗုံးနှစ်လုံးပေါက်ကွဲ သတင်း
■ မစုစုနွေး၏ အထူးအယူခံကို ဗဟိုတရားရုံးက ပယ်ချ သတင်း
■ ဦးဝင်းတင် မန္တလေးခရီးစဉ်၊ ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်တဲ့ လူထုဦးလှရာပြည့် (ဓာတ်ပုံမှတ်တမ်း)
■ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမြင်သဘောထား (ဗွီဒီ ယိုမှတ်တမ်း)
■ စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဦးနု (ဆောင်းပါး)
■ ကျပ်နေတဲ့ တိုင်းပြည်က ချက်နေသူများ (ဆောင်းပါး)
■ ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၁) (ဆောင်းပါး)

Read More...

အပေါ်သို့