Wednesday, September 22, 2010

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှု အခြေပြ ဇယား

၂၂ စက်တင်ဘာ ၂၀၁၀



ကိုယ်စားလှယ်လောင်းများ စာရင်း

Read More...

Tuesday, September 21, 2010

နေ့စဉ်သတင်းများ ( ၂၁ - ၉ - ၁၀ )

■ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ချင်းမိုင်၌ ဆင်နွှဲ သတင်း
■ မြန်မာ့အရေးလှုပ်ရှားသူများ ငြိမ်းချမ်းရေးနေ့ ချီတက် သတင်း
■ ငြိမ်းချမ်းရေးနေ့မတိုင်မီ နအဖနှင့် ကေအန်ယူ တိုက်ပွဲဖြစ်နေဆဲသတင်း
■ နအဖတပ်နှင့် KNU တိုက်ပွဲ ဖြစ်၊ (၄) ဦး ကျဆုံး သတင်း
■ ၀နှင့် ကချင် တရုတ်ထောက်ခံမှု လိုလားဟု ICG ထုတ်ပြန် သတင်း
■ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ လှုပ်ရှားမှုကို စစ်အစိုးရက ပိုမိုထိန်းချုပ်လာ သတင်း
■ နအဖစစ်တပ်သို့ ဆောက်လုပ်ရေးသုံး ကား (၁၄) စီး တရုတ် ကူညီသတင်း
■ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဆု ထပ်ရ သတင်း
■ မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်ကို ထိုင်းတပ်အရာရှိ စစ်ဆေးသတင်း
■ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး တိုးတက် သတင်း
■ အာဏာအလွဲသုံးစားမှုကြောင့် ကရင်နီပြည်တွင် သစ်များ ကုန်ခမ်းနေ သတင်း
■ လူထုသဘောထား (ဆောင်းပါး)
■ ယနေ့မြန်မာသို့ ရောက်လာတဲ့ အိတ်ဖွင့်ပေးစာသတင်း
■ စစ်ဝါဒဖြန့် သရုပ်ဆောင် တကျော့ပြန် စတိတ်ရှိုးကို ဆန်ဖရန်ဘေးဧရိယာ မြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒ ပြမည် သတင်း
■ ရခိုင့်နိုင်ငံရေးသမိုင်း စာအုပ်သစ် အခမဲ့ ဖြန့်ဝေ သတင်း
■ မဲစာရင်း စစ်ဆေးရန် အခက်အခဲဖြစ်သတင်း
■ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်ဖွဲ့ သတင်း
■ လက်လက်ညှိုးထောင် ခေါင်းညိတ်သူများကို မဲမပေးနဲ့ သတင်း
■ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၄) ဦးက ပါတီတိုင်းကို ပြိုင်ဘက်အဖြစ် သတ်မှတ် သတင်း
■ စိုးရိမ်စိတ်ကြောင့် ကျားဖြူပါတီသို့ ဒေသခံလူထု မ၀င်ရဲ သတင်း
■ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်အချို့ကို ပယ်ဖျက်သတင်း
■ စစ်အစိုးရ မဲရုံစောင့်ကြည့်ရေးသင်တန်း တက်ရောက်သူများ နားမလည်သတင်း
■ ရန်ကုန်မြို့တော်ဝန် မဲဆွယ်စည်းရုံးမှု တိုးမြှင့် သတင်း
■ ကရင်နီဒုက္ခသည် အမျိုးသမီး (၃) ဦး ရေမျော၊ (၂) ဦး သေဆုံး၊ (၁) ဦး ပျောက်ဆုံးနေဆဲသတင်း
■ လူကုန်ကူးမှုဖြင့် မြန်မာအမျိုးသမီး (၂) ဦး ဖမ်းဆီးခံရ သတင်း
■ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး အသက်အာမခံ လျော်ကြေးငွေ ရရှိ သတင်း
■ စင်္ကာပူရောက် ကိုသန်းစော ရထားတိုက်ပြီး သေဆုံးသွား သတင်း

Read More...

Monday, September 20, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီးတဲ့နောက်


ရဲဘော်ဖိုးသံချောင်း


၂၀ စက်တင်ဘာ ၂၀၁၀

နအဖဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၉၇/၂၀၁၀ ဆိုတာကို ထုတ်ပြန်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါပြီ။ မြန်မာပြည် နိုင်ငံရေးသဘောနဲ့ ပြောရရင် ဒါဟာ အင်မတန် အရေးပါတဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်။ န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေ နှစ်ပေါင်း နှစ်ဆယ်ကျော် တလျှောက်လုံး ကြံစည်နေတာကို အပြတ် အကောင်အထည် ဖော်ချလိုက်တာလို့ ပြောရမှာပါ။ သာမန်ကိစ္စ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းက စပြီး လူထုရဲ့ ထောက်ခံမှု အများဆုံး ရနေတယ်လို့ ဆိုရမယ့် နိုင်ငံရေး အဖွဲ့အစည်း တရပ်ကို အာဏာနဲ့ ဖျက်သိမ်းလိုက်တဲ့ အမိန့် ဖြစ်ပါတယ်။

ဒါပေမယ့် နအဖရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်နိုင်ငံရေးလောကကို ထူးထူးခြားခြား မရိုက်ခတ် ခဲ့ပါဘူး။

အကြောင်း နှစ်ခုကြောင့်လို့ ထင်ပါတယ်။ တခုက နအဖဟာ အနှေးနဲ့အမြန် ဆိုသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်း လိမ့်မယ်ဆိုတာ အားလုံးက တွက်ထားပြီးသား ဖြစ်လို့ပါ။ နောက်တခုကတော့ ဒါဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အလဲထိုးနိုင်မှာ မဟုတ်ဘူး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ အနေနဲ့ ဒီအထဲက နည်းနာရှာပြီး ပြန်ရုန်းထ လာမှာပဲလို့ လူထုတွေက မျှော်လင့်နေကြလို့ ဖြစ်ပါတယ်။

နအဖ ဘယ်လိုပဲ မောက်မာ-မောက်မာ သူတို့အင်မတန် ၀ါကြွားလှတဲ့ ဒီရွေးကောက်ပွဲကို တပြည်လုံးမှာ မကျင်းပ နိုင်ကြောင်းကိုတော့ သူတို့ ၀န်ခံလိုက်ရပါပြီ။ အဲဒါက အပစ်ရပ် ဒေသတွေမှာပါ။ သူတို့ မနိုင်နိုင်ဘူး သေချာတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မှာ မဟုတ်ဘူး ဆိုတာဟာ ဘယ်သူမှ မစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ နိုင်ရင်လည်း နိုင်ရမယ်၊ မနိုင်ရင်လည်း နိုင်ရမယ်လို့ လုပ်မရတဲ့ နေရာတွေမှာတော့ ဒီလိုပဲ ဖျက်သိမ်းမှာပါ။

ဘာပဲပြောပြော ရွေးကောက်ပွဲနီးလေ ကြပ်လေ၊ ကြမ်းလေ ဖြစ်မယ်လို့ ထင်ထားတဲ့ အတိုင်း ရှင်းသထက် ရှင်းလင်းစွာ သရုပ်ပေါ်လာပါပြီ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ် ကိုင်ပြ လိုက်တာဟာ မြန်မာပြည် နိုင်ငံရေးမှာ စစ်အာဏာရှင်နဲ့ ပတ်သက်လာရင် ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရကြောင်း အားလုံးကို ထပ်ပြီး သတိ ပေးနေတာပါ။ ဒီချုပ်လို ဆန့်ကျင်သူတွေ အတွက် စစ်အာဏာရှင်တွေ ပေးသနားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ထဲမှာ စပေ့စ်လုံးဝ မရှိကြောင်း ပြသ လိုက်တာပါ။ ဒါ့အပြင် ဦးတူးဂျာတို့ကို ပါတီ အနေနဲ့ရော လူတဦးချင်း အနေနဲ့ပါ ရွေးကောက်ပွဲ ၀င်ခွင့် မပေးတာဟာလည်း အပစ်ရပ် အဖွဲ့ဆိုတာတွေကို နအဖအပေါ် စိတ်ကူး မယဉ်ကြဖို့ သတိပေး လိုက်တာပါပဲ။ နအဖဟာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တချိန်မှာ သမိုင်းနဲ့ချည် ဖြေရှင်းရမယ့် ပြဿနာတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။

ဒီလိုအခါမျိုးမှာ ဒီလောက်တောင် ညစ်ပတ်စုတ်ပဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ နအဖကိုယ်စား သဘောတရား ဆရာကြီး လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီး တယောက်က ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ နိုင်ငံရေး သူငယ်နာ မစင်တာလို့ ရေးသားနေတာကို တွေ့ပါတယ်။ ဗိုလ်သန်းရွှေက အိမ်နီးနားချင်းက နိုင်ငံကြီးတွေကို သွားပြီး မျက်နှာချို သွေးနေတာနဲ့ တချိန်တည်းမှာ ဗိုလ်ခင်ညွန့် မွေးထားခဲ့တဲ့ အီးလစ် (elite) ဆိုတဲ့ လူတွေကလည်း နအဖအတွက် ကမ္ဘာလှည့် ကြော်ငြာ မောင်းခတ် နေကြပါတယ်။ ပညာတတ် ဖောက်ပြန်တော့ သူများထက်ကဲတယ် ဆိုတာ အမှန်ပါပဲ။ ဒီလူတွေဟာ “နအဖကို ဆန့်ကျင်နေမယ့် အစား ကျနော်တို့နဲ့ လာဆွေးနွေး လှည့်စမ်းပါ” ဆိုတဲ့ အပြောမျိုးတွေလည်း လျှောက်ပြော နေကြပါတယ်။ အားနာစွာနဲ့ ပြောရရင် ဒီလိုပြောနည်းဟာ အင်မတန် စော်ကားတာပါ။ နအဖဟာ ဘယ်သူနဲ့မှ မဆွေးနွေးဘဲ အကြမ်း ကိုင်နေတာကိုတော့ ဘာမှမပြောဘဲ နအဖက လိုက်ဖမ်း - လိုက်သတ်လို့ ရှောင်ထွက် လာရတဲ့လူတွေကို သူတို့က နားချပြမယ်လို့ ဆိုနေတာပါ။ သူတို့အပြောဟာ နအဖကို နာကြည်းစွာ ဆန့်ကျင်နေတဲ့ လူတွေကို ဘယ်လိုမှ ဆွဲဆောင်လို့ မရဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ဒီကြားထဲကပဲ သူတို့တတွေ ဒါမျိုးတွေ လျှောက်ပြောနေတာဟာ သူတို့ကို ထောက်ပံ့နေတဲ့ ဒိုနာတွေ (donor) နဲ့ နအဖကို သိစေချင်လို့ ဖြစ်ပါတယ်။

အရည်မရအဖတ်မရ၊ သတင်းစာမျက်နှာဖုံးမှာ ၀ါဒဖြန့်ဖို့လောက်သာ အဖြေပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗိုလ်အောင်ကြည် တို့ရဲ့ ဆွေးနွေးပွဲတွေ ဆိုတာဟာ အခု ဘာဖြစ်သွားပြီလဲ။ အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ် ဆိုတော့ရော၊ ဘယ်လို နောက်ဆက်တွဲတွေ ဖြစ်လာမလဲ။ အဲဒီ ဆွေးနွေးပွဲတွေကို နအဖက ဘာလို့ လုပ်စေခဲ့တာလဲ။ တင်းမာမှုတွေ လျော့ပါးစေရေး အတွက်လား၊ အမျိုးသား စည်းလုံး ညီညွတ်ရေး တည်ဆောက်ရေး အတွက်လား။ ဗိုလ်သန်းရွှေတို့က တခါမှ ရေရေရာရာ မပြောခဲ့ပါဘူး။ စကတည်းက ဒါဟာ အနောက်နိုင်ငံတွေရဲ့အာရုံကို ဆွဲဆောင်ဖို့နဲ့ လှည့်စားဖို့သာ ဖြစ်ကြောင်း လူတိုင်း သိခဲ့ကြပါတယ်။ ဒီနေ့ မြန်မာပြည် နိုင်ငံရေးဟာ အဲဒီအဆင့်ကို ကျော်လို့ “ရွေးကောက်ပွဲ” အနားကပ်လာတယ် ဆိုတော့ နအဖက လုပ်နေတာတွေကြောင့် နိုင်ငံရေး တင်းမာမှုတွေ လျော့ပါးစေမယ့် လက္ခဏာတွေ ပေါ်ထွက် လာပါသလား။ အမျိုးသား သွေးစည်း ညီညွတ်ရေး အတွက် အားတက်စရာတွေ ပိုတွေ့လာရပါသလား။ အဖြေက ပြောင်းပြန်ပါ။

ဒီကာလထဲမှာပဲ တိုက်ဆိုင်လို့ပဲလား၊ တမင်ပဲလားမသိ၊ ပဲခူးမြို့ထဲမှာ အရပ်သားလူငယ် (၂) ယောက်ကို စစ်သားတွေက တမင်တကာ သေနတ်နဲ့ ပစ်သတ်ပြီး တွေ့သမျှလူကို စိမ်ခေါ်တဲ့ ကိစ္စတရပ်လည်း ဖြစ်ခဲ့ပါတယ်။ မိုးမှောင်တဲ့ညမှာ ငှက်ဆိုးထိုးသံ ကြားလိုက်ရ သလိုပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နအဖက သူ့လူတွေနဲ့ သူတို့ရဲ့ခါးပိုက်ဆောင်တပ်ကို ပြောင်ကာကွယ် ပြောဆိုသွားသလို နအဖရဲ့ ဒီမိုကရေစီ အောက်က မီဒီယာများကလည်း ပြောင်ပဲနှုတ်ပိတ်၊ လက်ဆွံ့ နေပြခဲ့ကြပါတယ်။

ဒီတော့ ဒီရွေးကောက်ပွဲမတိုင်မီ နအဖလုပ်နေတာတွေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ ပေါ်ထွက်လာမယ့် အစိုးရဟာ ပိုပျော့ပျောင်းမယ်၊ မတူတဲ့လူတွေနဲ့ အပေးအယူတွေ ပိုလုပ်လာမယ်လို့ ယူဆစရာ ရှိပါသလား။ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တော့ တင်ခွင့်ပေးပါရဲ့။ သူတို့ မကြိုက်တာကို မပြောရ၊ မရေးရ၊ မလုပ်ရ ဆိုလို့ကတော့ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော်နွား ကျောင်းရတာပဲ ဖြစ်မှာပါ။ အခု နအဖက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ် ဆိုတော့ အဲဒီရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ အဖွဲ့တွေ၊ လူတွေထဲက ဘယ်သူကများ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စာနာသံ၊ နအဖကို မကျေနပ်သံတွေ ဖော်ပြရဲလို့လဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ပြောရရင်တော့ ကိုယ့်ပြည်သူလူထုမှ တပါး အခြား အားကိုးစရာ မရှိပြီဆိုတာ ပိုလို့၊ ပိုလို့ ထင်ရှားသွားပါပြီ။ မဖြစ်နိုင်တဲ့၊ အကောင်အထည် မရှိတဲ့ အကောင်းမြင် စိတ်တွေကို စွန့်ပစ်ပြီး လက်တွေ့ အကျပ်အတည်းကို ရင်ဆိုင် ကြရပါတော့မယ်။ မကူးနိုင်ရင် မြုပ်သွားနိုင်တဲ့ အခြေအနေ ဖြစ်လာပါပြီ။ ဒီလိုအချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်သူလူထု ထဲကို ဖြန့်ဆင်းဖို့၊ ပြည်သူလူထု ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀န်းရံ ထောက်ခံကြဖို့ အထူး လိုအပ်လာပါပြီ။

မြန်မာပြည်ရဲ့ နိုင်ငံရေးသွင်ပြင်ဟာ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တဲ့ အရိပ်အရောင်တွေ ပြနေပါတယ်။ အကောင်းဘက်ကို ပြောင်းတာ ဖြစ်မလား၊ အဆိုးဘက်ကို ပြောင်းတာဖြစ်မလား ဆိုတာကတော့ ပါဝင်သူတွေ အပေါ်မှာပဲ မူတည်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

ဦးနှောက်ဟင်း

သတင်း ထောက် တယောက် ဆောင်းပါးရေးရန် လမ်းပြနှင့်အတူ လူသားစား လူရိုင်းများ နေထိုင်ရာ ဒေသကို ရောက်လာသည်၊၊ လမ်းပြက ပြောလိုက်သည်။

“ရှေ့မှာ ထမင်းဆိုင် ရှိတယ်။ ထူးထူးဆန်းဆန်း ဟင်းတွေ ရတတ်တယ်၊”

သတင်းထောက်ဆိုင်ထဲ ၀င်လိုက်သည်၊ ကောင်တာရှေ့တွင် ကြော်ငြာ သင်ပုန်းတစ်ချပ် ထောင်ထားသည်။

ယနေ့အထူးဟင်းလျာ ဦးနှောက်ဟင်းများ

ဆရာဝန် ဦးနှောက် ၅၀ သား - ၅၀၀၀ ကျပ်

ရှေ့နေ ဦးနှောက် ၅၀ သား - ၆၀၀၀ ကျပ်

ကျောင်းဆရာ ဦးနှောက် ၅၀ သား - ၇၀၀၀ ကျပ်

ကြံ့ဖွံ့ဦးနှောက် ၅၀ သား - ၄၀၀၀၀ ကျပ်

သတင်းထောက်က တအံ့တသြမေးမိသည်။ “ကြံ့ဖွံ့ ဦးနှောက်က တော်တော် စားကောင်းသလား။”

မြန်မာစကားတတ်သော ဆိုင်ရှင်က ၀င်ဖြေလိုက်သည်။

“မဟုတ်ပါဘူး၊ ၅၀ သား ပြည့်ဖို့ ကြံ့ဖွံ့တွေ အများကြီး သတ်ရလို့ပါ။”

Read More...

PDC Monthly News Commentary. September 2010 (Eng)



PDC Monthly News Commentary.

Read More...

Sunday, September 19, 2010

နယ်စပ် မိဘမဲ့ကလေးများအတွက် ရံပုံငွေပွဲကျင်းပ

2010-09-19

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင် မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်းမှာ ရှိတဲ့ မိဘမဲ့ ကလေးတွေရဲ့ စာသင် ကျောင်းအတွက် ရံပုံငွေပွဲတခုကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ တောင်ဘက် ၃၅ မိုင် အကွာ ပါလိုအော်လ်တို (Palo Alto) မြို့မှာ မနေ့က စက်တင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်ကြာ ကျင်းပနေပါတယ်။

ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအပေါ် စာနာကူညီသူ အမေရိကန်အမျိုးသမီးကြီး Mrs. Barbara Slone က သူ့နေအိမ်မှာ ဒီရံပုံငွေပွဲကို ကျင်းပတာပါ။ ဒီပွဲနဲ့ ပတ်သက်ပြီး Mrs. Barbara Slone က

မယ်ဟောင်ဆောင်မှာရှိတဲ့ ပအို့ဝ်အမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့က တည်ထောင်ထားတဲ့ ကျောင်းလေးမှာ ကလေးတွေအတွက် စားဖိုဆောင်နဲ့ ထမင်းစားဆောင် တည်ဆောက်ဖို့ လိုအပ်တဲ့ငွေ ရအောင် ရံပုံငွေပွဲ လုပ်နေတာဖြစ်ကြောင်း၊ အဲဒီကျောင်းမှာ ကလေး (၁၆၄) ယောက်ရှိကြောင်း Mrs. Barbara Slone က ပြောပါတယ်။


ဒီပွဲမှာ မြန်မာ အစားအသောက် တချို့ ရောင်းချသလို လက်မှုပစ္စည်းတချို့ကိုလည်း လေလံစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ ရံပုံငွေပွဲကို အားဖြည့် ကူညီပေးနေတဲ့ ဦးညွန့်သန်းကလည်း RFA ကို အခုလို ပြောပါတယ်။

“ပါလိုအော်လ်တို (Palo Alto) က ကယ်လီဖိုးနီးယားမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထောက်ခံတဲ့ မြို့တမြို့ပေါ့နော်။ လှူနိုင်တန်းနိုင်တဲ့သူတွေလည်း အတော်များများရှိတော့ နှစ်စဉ်နှစ်တိုင်း ကျနော်တို့ ဒီမြို့မှာ Fund Raising လုပ်လေ့ရှိတယ်။ ဒီနေ့လုပ်တဲ့ပုံစံကတော့ မြန်မာအစားအသောက်တွေ ချက်တယ်၊ ပြီးတော့ ပစ္စည်းတွေ ခင်းကျင်းထားပြီး Silence Auction ပေါ့၊ အလှူရှင်တွေကနေ ဘယ်လောက်ပေးမယ်ဆိုပြီးတော့ စာရွက်လေးတွေမှာ ရေးပြီး လှူကြတယ်။ တိုက်ရိုက်လှူကြတာလည်း ရှိတယ်”

ဒီ ပွဲကို One World Children's Fund အဖွဲ့နဲ့ ချိတ်ဆက် ဆောင်ရွက်တာဖြစ်ပြီး ဒီပွဲက ရရှိမယ့် ရံပုံငွေ ပမာဏအတိုင်း အဲဒီအဖွဲ့ကလည်း ရံပုံငွေ ထပ်ဆောင်းပေးမှာ ဖြစ်တယ်လို့ ဦးညွန့်သန်းက ပြောပါတယ်။

Mrs. Barbara Slone ဟာ ၂၀၀၇ ခုနှစ် အောက်တိုဘာလတုန်းကလည်း ဒုက္ခသည်စခန်းတွေမှာ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေကို ရောင်းချပြီး ရွှေဝါရောင် လှုပ်ရှားမှုကြောင့် ဖိနှိပ်ခံရတဲ့ သံဃာတော်တွေအတွက် ရံပုံငွေပွဲတခုကို သူ့နေအိမ်မှာ ကျင်းပခဲ့ပါတယ်။

Ref: RFA News

Read More...

နေ့စဉ်သတင်းများ ( ၁၉ - ၉ - ၁၀ )

■ ပဲခူးမှာ စစ်တပ်က ပစ်သတ်မှုမျိုး ဖြစ်လေ့ဖြစ်ထရှိဟု မော်ဒန်တိုင်းမ်ဂျာနယ် ဖော်ပြ သတင်း
■ ကင်းချောင်း ရထားလမ်းတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ အကောက်ဂိတ် ဖွင့်၍ ဆက်ကြေးကောက် သတင်း
■ ဗြိတိန်ဝန်ကြီးနဲ့ မြန်မာ့အရေးလှုပ်ရှားသူတို့ တွေ့ဆုံဆွေးနွေး သတင်း
■ သခင်အုန်းမြင့် ဈာပန သတင်း
■ စစ်အာဏာသိမ်း (၂၂) နှစ်မှသည် ရွေးကောက်ပွဲအလွန်ကို မျှော်ကြည့်ခြင်း သတင်း
■ စစ်အာဏာသိမ်း နှစ်ပတ်လည်မှာ ဂျပန်ရောက် မြန်မာများ ဆန္ဒပြ သတင်း
■ နယူးဒေလီမှာ စစ်အာဏာသိမ်းနေ့ကို ဆန့်ကျင်ဆန္ဒပြ သတင်း
■ နယ်စပ် မိဘမဲ့ကလေးများအတွက် ရန်ပုံငွေပွဲ ကျင်းပ သတင်း
■ ဆီအိုးထဲကို ပလပ်စတစ်တွေထည့်ပြီး အကြော်ကြော်ကြတယ်တဲ့ သတင်း

Read More...

Saturday, September 18, 2010

မွန် ပါတီ စည်းရုံးရေး ပညာပေးရေး မွန်ဒေသတွင် ပြုလုပ်နေ

Saturday, September 18, 2010

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (All Mon Regions Democracy Party) က မွန်ပြည်နယ် အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ မှန်ကန်စွာ မဲထည့်တတ် စေရန်အတွက် ကျေးလက် ဒေသများအထိ သွားရောက်၍ စည်းရုံးရေး ပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မသမာမှုများကို စောင့်ကြည့် ဖော်ထုတ်ရန်နှင့် ပြည်သူများ၏ ဆန္ဒမဲများ အလေအလွင့် မဖြစ်စေရန် အတွက် တမြို့နယ်လျှင် စည်းရုံးရေး သမား ၃၀ စီရွေးချယ်ကာ စည်းရုံးရေး ပညာပေး ရေးများကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ဧရာဝတီသို့ ပြောသည်။

“မွန်ပြည်နယ် အတွင်းက မဲဆန္ဒနယ် အသီးသီး အထွက် မသမာမှုတွေ မဲလိမ်မှုတွေ မရှိရအောင် စောင့်ကြည့်ဖို့နဲ့ ပြည်သူလူထုက ကိုယ်ရွေးချယ် လိုတဲ့ ကိုယ်စားလှယ်ကို မှန်မှန်ကန်ကန် မဲထည့် နိုင်အောင် ပညာပေးရေးနဲ့ စည်းရုံးရေးတွေ လုပ်နေတယ်။ မြို့နယ် အသီးသီးက စည်းရုံးရေးမှူးတွေ ဆောင်ရွက် နေကြပါတယ်”ဟု ၎င်းက ပြောဆိုသည်။


မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ သည် မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ဘီလူးကျွန်း၊ ချောင်းဆုံ မြို့နယ်၊ ကျိုက်မရောမြို့ နယ်၊ ပေါင်မြို့ နယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္သာရီတိုင်းမှ ရေဖြူ မြို့နယ်တွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့ နယ်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးမှူး တဦးက“ရွာတွေမှာ စည်းရုံး ပညာပေးရေး လုပ်တဲ့အခါ လူစုလူဝေး ပုံစံမဖြစ်ရအောင် သတိထားရပါတယ်။ လူစုလူဝေး တရားပွဲပုံစံဆိုရင် ခွင့်ပြုချက်ရဖို့ ၇ ရက် ကြိုတင်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရမယ်ဆိုတဲ့ ဥပဒေရှိတယ်လေ။ ဒါကြောင့် နီးစပ်ရာတွေကို သင့်တော် တဲ့ အိမ်တအိမ် ဒါမှမဟုတ် အဆောက်အအုံ တခုမှာ လူစုပြီး ရှင်းပြတယ်။ မဲထည့်ပုံထည့်နည်း။ မဲလိမ်တာ မဲခိုးတာ ရှိ မရှိ ဘယ်လို စောင့်ကြည့်ရမယ်။ မဲတပြားဆိုတာ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်လူမျိုးအတွက် ဘယ်လောက်အရေးကြီး တယ်။ ကိုယ့်အတွက်လည်း ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သိအောင် ရှင်းပြတယ်”ဟု ပြောပြသည်။

မွန်ပြည်နယ်အတွင်းရှိ ရွာများတွင် အိမ်ခြေ ထောင်နှင့်ချီရှိသော ကျေးရွာများ ရှိသည့်အတွက် စည်းရေး ဆင်းသည့်အခါ စည်းရုံးရေးမှူး ၃ ဦးခန့်စီပါဝင်ကြောင်းလည်း သိရသည်။

မွန်ပြည်နယ်တွင် ယှဉ်ပြိုင်ကြမည့်ပါတီများမှာ အဓိကအားဖြင့် တိုင်းရင်းသား စည်းလုံးညီရေးပါတီ(တစည)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ဖြစ်ကြရာ မိမိတို့ ပါတီ အနေဖြင့် အနိုင်ရရှိမည်ဟု ယုံကြည်ချက်ရှိကြောင်း၊ သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)က ဦးဆောင်ကာ မဲမပေးဘဲ သပိတ်မှောက်ရန် အင်တိုက်အားတိုက် ဆောင်ရွက်လာပါက မိမိတို့မဲများ ဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

“တစညတို့ ကြံ့ခိုင်ရေးတို့က ကိုယ်စားလှယ်တွေက လူထုနဲ့ သိပ်မရင်းနှီးဘူး၊ စိမ်းတဲ့သူတွေဆိုတော့ ကျနော်တို့ မဲ အတွက် မစိုးရိမ်ဘူး။ နိုင်မယ်ဆိုတာကို အပြည့်အ၀ ယုံကြည်တယ်။ ဒါပေမယ့် အခု NLD ကို အစိုးရ တရားဝင်ပါတီ အဖြစ် ပယ်ဖျက်လိုက်တဲ့နောက်မှာ သူတို့က မဲမပေးရေး လှုပ်ရှားမှုကို အားစိုက်လုပ်လာရင် ကျနော်တို့ ရမယ့် မဲတွေ မရဘဲဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တစညတို့ ကြံ့ဖွံ့ တို့ရမယ့်မဲက မဲသေ။ ကျနော်တို့ရမယ့် မဲက ဒီမိုကရေစီ လိုလားသူ ပြည်သူ့ဆီကလာမယ့် မဲဆိုတော့။ NLD ကို အားပေးထောက်ခံသူတွေက သူတို့ ခေါင်းဆောင်တွေရဲ့ တိုက် တွန်းချက်ကို လိုက်နာရင် ကျနော်တို့ဆီ လာမယ့် မဲတွေ က မလာတော့ဘူး။ ဒီတချက်တော့ စိုးရိမ်စရာရှိတယ်”ဟု နိုင်ငွေသိန်းက ဆိုသည်။

မွန်လူမျိုးများက မွန်ပါတီသစ် ဟု ခေါ်သော မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် စည်းရုံးရေးအတွက် တေး သီချင်း များကိုလည်း စပ်ဆိုထားပြီးဖြစ်ကြောင်း၊ ယင်းသီချင်းများတွင် မွန်ဂီတလောက၌ ထင်ရှားသော တေးသံရှင် တဦးလည်းဖြစ် မော်လမြိုင် မဲဆန္ဒနယ်မှ ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းလည်းဖြစ်သည့် နိုင်ကျန်ရစ် ပါဝင် သီဆိုထားကြောင်း သိရသည်။

ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှလည်း ပါတီမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကပြောဆိုခွင့်ပြုထားရာ လာ မည့် စက်တင်ဘာလ ၂၉ ရက်နေ့ တွင် မြန်မာ့ရုပ်မြင်သံကြားမှ ဥက္ကဌ နိုင်ငွေသိန်း၏ စည်းရုံးရေး ဟောပြောမှုကို ထုတ်လွှင့်ခွင့်ရထားကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။

ပါတီအားလုံး မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခွင့် ၁၅ မိနစ်စီ ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းရင်းသားရေးရာ အပါအ၀င် ကိုယ်စားလှယ် ၃၄ ဦး ၀င်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား ကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဗဟိုရုံးချုပ်မှာ မော်လမြိုင်မြို့ တွင် တည်ရှိသည်။

တည်ဆဲပါတီဟောင်းများအနက် NLD အပါအဝင် ၅ ပါတီသည် ပါတီဆက်လက် တည်ထောင်ရန် လျှောက်ထားခြင်း မရှိခြင်းကြောင့် လည်းကောင်း၊ မှတ်ပုံတင်ခွင့် ရရှိသည့် ပါတီသစ် ၄၂ ပါတီအနက် ၅ ပါတီသည် လွှတ်တော် သုံးရပ် စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် လည်းကောင်း ဖျက်သိမ်း ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ကျန်ရှိသည့် ၃၇ ပါတီအနက် ယနေ့အထိ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်း တင်ပြထားသည့်ပါတီ ၃၃ ပါတီ ရှိကြောင်း စစ်အစိုးရ သတင်းစာများအရ သိရသည်။

Ref: ဧရာဝတီ်

Read More...

နေ့စဉ်သတင်းများ ( ၁၈ - ၉ - ၁၀ )

■ ကြံ့ဖွံ့ပါတီများ ကျေးရွာတွင်း စည်းရုံးမှုပြုလုပ်ပါက ပစ်ခတ်မည်ဟု သတင်းများ ထွက်နေ သတင်း
■ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပို့စကတ်များ ဖြန့်ဝေ သတင်း
■ ဗိုလ်ကြီးနဲ့ လူငယ်များ ရန်ဖြစ်ပြီးနောက် တပ်ရင်းမှူးနဲ့ စစ်တပ်က ရွာထဲဝင်ပြီး သောင်းကျန်း သတင်း
■ မိုးသက်လေပြင်းကျစဉ် ရွှေဝါရောင်သံဃာတော်တို့ရဲ့ ကားပေါ် သစ်ပင်ကျိုးကျ သတင်း
■ ၀ါရင့်နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး သခင်အုန်းမြင့် (၉၃) နှစ် (၁၉၁၈ - ၂၀၁၀) သတင်း
■ သခင်အုန်းမြင့် - ဒေါ်အောင်ဆန်းစုကြည် လေးစားချစ်ခင်သူ သတင်း
■ လက်မှတ်မထိုးသဖြင့် ဖမ်းခံရသည့် သတင်းထောက် လက်မှတ်မထိုးရဘဲ ပြန်လွတ်လာ သတင်း
■ ရွေးကောက်ပွဲမလုပ်သည့် နေရာများအပေါ် တုံ့ပြန်ချက်များ သတင်း
■ မွန်ပါတီ စည်းရုံးရေး၊ ပညာပေးရေး မွန်ဒေသတွင် ပြုလုပ်နေ သတင်း
■ NUDP ပါတီဝင်များ တစညပါတီသို့ ၀င်ရောက် သတင်း
■ နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - ၀ံသာနု NLD ပါတီ သတင်း
■ နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - မြို ခေါ် ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ သတင်း
■ မြန်မာမိသားစုအသိုင်းအ၀ိုင်း သတင်းများ သတင်း

Read More...

Friday, September 17, 2010

နာဂစ်ကူညီရေး ပစ္စည်းများပေးပြီး ဗိုလ်ချုပ် စိုးနိုင် မဲဆွယ်စည်းရုံးနေ

2010-09-17

ဧရာဝတီတိုင်း၊ ဖျာပုံ မြို့နယ် မှာ နအဖ အစိုးရ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ကျေးရွာတွေမှာ စည်းရုံးရေး လုပ်ငန်းတွေ ကွင်းဆင်း ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်၊

အဲဒီလို စည်းရုံးရေး ဆင်းရာမှာ ကျေးရွာရှိ သက်ကြီးရွယ်အိုများကို နာဂစ်ဒုက္ခသည်တွေ အတွက် လျာထား လှူဒါန်းထားတဲ့ ပစ္စည်းတွေ လက်ဆောင်ပေး စည်းရုံးနေတယ်လို့ ဖျာပုံ ခရိုင်က ဒေသခံ လယ်သမားကြီး တဦးက ခုလို ပြောပြပါတယ်။

“ဝန်ကြီးလေ၊ ဟိုတယ်နဲ့ ခရီးသွားလေ၊ ဒီမှာ စည်းရုံးရေးတွေ ဆင်းပြီးတော့ ရပ်ကွက်တွေက ၇၀ နဲ့ အထက်တွေကို နာဂစ်က လှူထားတဲ့ စောင်တွေနဲ့ ငွေ ၅,၀၀၀ စီ၊ အဲဒါ လှူတယ်၊ လှူပြီးတော့ စည်းရုံးရေး ဆင်းပြီးတော့ NGO တွေက ပေးတဲ့ ပစ္စည်းတွေနဲ့ သူက မျက်နှာကောင်း ယူတာပေါ့ဗျာ။ သူက ဝင်ပြိုင်မှာပေါ့လေ၊ နာဂစ်တုန်းက သူက ဒီမှာက နာဂစ် ဒီဒေသရဲ့ နယ်မြေမှူးပေါ့။ အစိုးရက သူ့ကို ဒီဖက် နယ်မြေချပေးလိုက်တော့လေ။”


ဗိုလ်ချုပ် စိုးနိုင်ဟာ နာဂစ်မုန်တိုင်းလွန်ကာလ ပြန်လည်တည်ဆောက်ရေး အတွက် ဖျာပုံခရိုင်မှာ တာဝန် ပေးအပ်ခံခဲ့ရတာကြောင့် နယ်မြေခံ ကျေးလက်လူထု နဲ့ အကျွမ်းတဝင် ရှိခဲ့တယ်လို့ သိရှိရပါတယ်။
ဖျာပုံမြို့နယ်မှာ နောက်ထပ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါက်တာ ဒေါ်မြမြအုန်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး လောလောဆယ်အားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နှစ်ပါတီသာ တရားဝင် ကိုယ်စားလှယ်လောင်းတွေ ကြေညာထားတယ်လို့ သိရှိရပါတယ်။

Ref: RFA News

Read More...

နေ့စဉ်သတင်းများ ( ၁၇ - ၉ - ၁၀ )

■ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုဖွယ်မရှိ သတင်း
■ မြန်မာ့အရေး အမေရိကန်စိတ်ပျက်သော်လည်း လက်ရှိမူဝါဒ မပြောင်းလဲ သတင်း
■ ရွေးကောက်ပွဲကို မကြိုက်ပေမယ့် နောက်ပိုင်း အပြောင်းအလဲ မျှော်လင့် သတင်း
■ လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်ကျင့်သုံးမည် သတင်း
■ ဘန်ကီမွန်း ချဉ်းကပ်မှု ပျော့လွန်းဟု ဝေဖန်ခံရ သတင်း
■ ကေအိုင်အိုဋ္ဌာနချုပ်မှ အရေးကြီးပစ္စည်းများ ရွှေ့ပြောင်း သတင်း
■ လိုင်ဇာဒေသခံများ အသွားအလာ ထိန်းချုပ် ကန့်သတ်ခံနေရ သတင်း
■ KIO တပ်ဖွဲ့ဝင်များ ခရီးသွားလာရေး ကန့်သတ်ခံရ သတင်း
■ ညာမို ရင်ဆိုင်တိုက်ပွဲ နအဖတပ်ကြပ်ကြီး ကျဆုံး သတင်း
■ တောင်ယာအလုပ်သွားသော စုစည်းရွာသားများ စစ်တပ်ထံ သွားခွင့်လက်မှတ် ရယူရ သတင်း
■ ဖားအံမြို့တွင် လုံခြုံရေးအတွက် ပိုမိုစောင့်ကြပ်နေ သတင်း
■ မြန်မာ့အရေးဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက် သတင်း
■ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန် သတင်း
■ သခင်အုန်းမြင့် ကွယ်လွန် သတင်း
■ ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန် သတင်း
■ သခင်အုန်းမြင့် ကွယ်လွန် သတင်း
■ ရန်ကုန်ရှိ ၀န်ထမ်း သုံးသောင်းခန့် နေပြည်တော်သို့ ပြောင်းရွှေ့ရမည် သတင်း
■ အစိုးရသြဇာခံ အရပ်ဘက်အဖွဲ့များ ဖွဲ့ရန် စီစဉ်နေ သတင်း
■ မကွေးသတင်းထောက် ပြန်လွတ်ပြီ သတင်း
■ မကွေးမှာ ဖမ်းဆီးထားတဲ့ သတင်းထောက်ကို ပြန်လွှတ်ပေးလိုက်ပြီ သတင်း
■ ပြည်တွင်းကျောင်းသားလူငယ် ရွေးကောက်ပွဲသပိတ်မှောက်ရေး တပ်ပေါင်းစု ဖွဲ့စည်း သတင်း
■ ပဲခူးမြို့တွင် ရွေးကောက်ပွဲ ဆန့်ကျင်စာများ ကပ်သွား သတင်း
■ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာဖြန့်သူ (၂) ဦး အဖမ်းခံရ သတင်း
■ ရွေးကောက်ပွဲဆန့်ကျင်ရေး စာဖြန့်မှုအတွက် ကျောင်းသားလူငယ်များကို ဖမ်းဆီး သတင်း
■ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသစာရင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် သတင်း
■ မြို့နယ် (၄) ခုနှင့် ကျေးရွာအုပ်စု (၃၀၀) ခန့်တွင် ရွေးကောက်ပွဲ မကျင်းပ သတင်း
■ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ကရင်ပြည်နယ်မှာ အနိုင်ရမည်ဟု ယုံကြည် သတင်း
■ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီရန်ပုံငွေအတွက် လူထုထံ ကောက်ယူ သတင်း
■ ဗိုလ်ချုပ်ကြီးများ မြို့သစ်တို့မှ ၀င်ရောက်အရွေးခံမည် သတင်း
■ ကြံ့ဖွှံနဲ့ တစညတို့ ရှေ့ရောက်နေတဲ့ ရွေးကောက်ပွဲ သတင်း
■ ရွှေဝါရောင်တမ်းချင်း သတင်း
■ ရွှေဝါရောင်အလွန်မှာ (အပိုင်း - ၃) (ဆောင်းပါး)
■ ထိုင်းသို့ ခိုးဝင်သည့် မြန်မာ (၅၂) ဦး အဖမ်းခံရ သတင်း
■ စာအုပ်ဈေးနှုန်း ကြီးမြင့်မှုကြောင့် စာအုပ်ဝယ်ဖတ်သူ ရှားပါးလာ သတင်း
■ ဖျော်ဖြေပွဲများ ပြုလုပ်နေစဉ် ရေဗက္ကာဝင်း မြန်မာပြည် ပြန်သွား သတင်း
■ တရုတ်-မြန်မာ-ဘင်္ဂလာ-အိန္ဒိယ လေးနိုင်ငံ ကားပြိုင်ပွဲ ၂၀၁၁ တွင် ပြုလုပ်မည် သတင်း

Read More...

နေ့စဉ်သတင်းများ ( ၁၆ - ၉ - ၁၀ )

■ နိုဝင်ဘာ ၁၃ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည် သတင်း
■ NLD နှင့် ပါတီများ ဖျက်သိမ်းခံရမှု ဘန်ကီမွန်း စိုးရိမ် သတင်း
■ တိုင်းရင်းသား ဒေသများတွင် ပဲခူးလူသတ်မှုကဲ့သို့ ဖြစ်ရပ်များ အမြဲလိုပင် ဖြစ် သတင်း
■ ထွင်းဖေါက် မြင်နိုင်သော မဲပုံးအကြည် များကို ရွေးကောက် ပွဲတွင် အသုံး ပြုမည် သတင်း
■ ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ် နေပြည်တော်မှာ ရွေးကောက်ပွဲ ဝင်မည် သတင်း
■ ရွေးကောက်ပွဲကို မကြိုက်ပေမဲ့ နောက်ပိုင်း အပြောင်းအလဲ မျှော်လင့် သတင်း
■ KIA နှင့် စစ်အစိုးရကြား ဆက်ဆံရေး ပိုတင်းမာလာ သတင်း
■ ကချင်ခေါင်းဆောင်များကို ငြင်းပယ်မှု နယ်ခြားစောင့်တပ် ပြဿနာနှင့် ဆက်စပ်ဖွယ် သတင်း
■ ရွေးကောက်ပွဲ မလုပ်နိုင်သော ဒေသများ ထွက်လာ သတင်း
■ မကွေး သတင်းထောက် အဖမ်းခံရမှု အလဲဗင်း အယ်ဒီတာ ကန့်ကွက် သတင်း
■ လျှပ်စစ် ဓာတ်အား ထုတ်ယူမှု လုပ်ငန်းအား တရုတ် Datang ကုမ္ပဏီက စတင် လုပ်ဆောင်နေ သတင်း
■ အင်းစိန်ဗဟို အကျဉ်းထောင်ရှိ အကျဉ်းသား ပန်းချီ ဝါသနာရှင် များအား ပန်းချီ ပစ္စည်းများ သွားရောက် လှူဒါန်း သတင်း
■ မဲထည့်ပုံ နည်းစနစ် ပညာပေး အစီအစဉ် ရုပ်သံများမှ လွှင့်မည် သတင်း
■ ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသခံများ အခက်အခဲကြုံ သတင်း
■ အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက် သတင်း
■ ၀စ်သောက်ကားတစီး ရန်ကုန်အရောက် သယ်ဆောင်ခ ကျပ် သိန်း (၁၂၀) ကျော်ပေးရ သတင်း
■ ကရင်ပြည်သူ့ပါတီ (KAYIN PEOPLES PARTY) အထွေထွေ အတွင်းရေးမှူး စောစေးဝါးနှင့် တွေ့ဆုံခြင်း (အင်တာဗျူး)
■ ကျနော်တို့နိုင်ငံမှာ တရားမျှတမှု မရှိဘူး (အင်တာဗျူး)
■ ကြံ့ခိုင်ရေးကို မမှုတဲ့ ဦးသုဝေ (အင်တာဗျူး)

Read More...

ကျနော်တို့နိုင်ငံမှာ တရားမျှတမှု မရှိဘူး

ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၀

ဦးတူးရော်နှင့် တွေ့ဆုံခြင်း

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ခေါင်းဆောင် ၁၄ ဦး ကချင်ပြည်နယ်တိုးတက်ရေးပါတီ KSPP တည်ထောင်ခြင်းကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြု၊ တသီးပုဂ္ဂလ ဝင်ပြိုင်မည်ကိုလည်း ပိတ်ပင်လိုက်သည်။ စစ်ဗိုလ်ချုပ်များ တပ်မှ အငြိမ်းစားယူ၍ ရွေးကောက်ပွဲ ဝင်နေချိန်တွင် ကချင် ခေါင်းဆောင်များကို အပစ်ခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် ဆက်သွယ်သည်ဟု ကော်မရှင်က နှုတ်ဖြင့် စွပ်စွဲ ပိတ်ပင်ထားသည်။ KSPP အတွင်းရေးမှူး ဦးတူးရော်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည်။

KSPP ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ချမပေးတဲ့အပြင် တသီးပုဂ္ဂ္ဂလ ဝင်ပြိုင်ခွင့်ကိုလည်း ပယ်ချခဲ့တယ် ကြားတယ်။ အဲဒါ ကော်မရှင်က ဘယ်လို အကြောင်းပြချက်ပေးလဲ။

ဘာအကြောင်းပြချက်မှ မပေးဘူး။ ခရိုင်ကော်မရှင်ရုံးကထွက်တဲ့ ရွေးကောက်ပွဲ ဝင်မယ့် စာရင်းမှာ ကျနော်တို့ နာမည် မပါဘူးလေ။

ဘာကြောင့် ပယ်ချခဲ့တယ် ထင်သလဲ။

KIO က နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်မခံလို့ ပယ်ချလိုက်တယ် ထင်တယ်။

ဘယ်လို သက်သေ အထောက်အထားတွေ တွေ့လို့ အဲဒီလို စွပ်စွဲပြောတယ် ထင်လဲ။

သက်သေ အထောက်အထားကတော့ KIA/KIO တွေ နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေး လက်မခံလို့ဘဲ။ ကျနော်တို့ KIO/KIA မဟုတ်ရင်လည်း ကချင်ဖြစ်နေလို့ ချမပေးတာ နေမှာပေါ့။

ရွေးကောက်ပွဲ ကော်မရှင်ကရော KSPP ပါတီကို လာစုံစမ်းမယ်လို့ ပြောတယ်။ အဲဒါ ဘာကြောင့် မစုံစမ်း သေးတာလဲ။

ကော်မရှင်က လာမစုံစမ်းပါဘူး။ သူတို့အလုပ်နဲ့ဘဲ လာတယ်ထင်တယ်။ ခရိုင်ကော်မရှင်က ကျနော်တို့ကို တွေ့မယ်လို့ ပြောတာက အလုပ်အရ ပြောတာ မဟုတ်ဘူး၊ လူမှုရေးအရ လာမယ်လို့ ပြောတယ်ထင်တယ်။

စစ်အစိုးရ ဝန်ကြီးတွေက လူဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်ပြိုင်တာ။ အန်ကယ်တို့ ကျတော့ ဘာကြောင့် မရတာလို့ ထင်သလဲ။

ဒါကတော့ KIO တွေ နယ်ခြားစောင့်တပ် လက်မခံလို့ဘဲ ထင်တယ်။

ကချင်ပြည်နယ်မှာ မဲဆန္ဒနယ် ဘယ်နှစ်နေရာရှိလဲ။ ကြံ့ဖွံ့ပါတီက ဘယ်နှစ်နေရာ ဝင်ပြိုင်မလဲ။

ကချင်ပြည်နယ်မှာက မဲဆန္ဒနယ် ၁၈ ခုရှိတော့ ၁၈ နေရာရှိတာပေါ့နော်။ ပြည်သူ့လွှတ်တော် ၁၈ ခုပေါ့၊ အမျိုးသား လွှတ်တော်က ၁၂ ခု၊ ပြည်နယ်လွှတ်တော်က ၃၆ ရှိတယ်။ အဲဒီနေရာ အားလုံးမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မယ်၊ သူတို့မဝင်တဲ့ နေရာက ဦးခက်ထိန်နန်ရဲ့ ပါတီလေ။ သူတို့က မဟာမိတ် ပါတီတွေ ဆိုတော့ ခွဲပြီး ဝင်ကြတယ်။

UDPKS ပါတီအပေါ် ဘယ်လိုမြင်သလဲ။

အဲဒီပါတီကတော့ ပြည်ခိုင်ဖြိုးပါတီဖြစ်တဲ့အတွက် နာမည်ပြောင်းလိုက်ပေမယ့် ကြံ့ဖွံ့လိုဘဲ ဝင်တာဘဲ။ ဘယ်သူမှ မပေါင်းဘူး ထင်တယ်။ သူတို့က အစိုးရနဲ့ ပေါင်းတယ်ဆိုတော့ ကျနော်တို့ ပေါ်လစီနဲ့ သူတို့ ပေါ်လစီနဲ့ မတူဘူးလေ။ ကျနော်တို့က ကချင်ပြည်နယ် ကိုယ်စားပြု ဝင်ချင်တယ်ဆိုတော့ ဘယ်လောက် ထောက်ခံတယ် ဆိုတာ ကချင်ပြည်သူတွေ မဲထည့်လာတဲ့ အပေါ် မူတည်မှာပေါ့နော်။

ခု ရွေးကောက်ပွဲ မဝင်ရတော့ဘူးဆိုတော့ အန်ကယ်တို့ ရွေးကောက်ပွဲကို သပိတ်မှောက် မလား။

ကျနော်တို့ ရွေးကောက်ပွဲ ဝင်မယ်ဆိုပြီး ကြိုးစားတော့လည်း သူတို့က ခွင့်မပြုဘူး ဆိုတော့ ဒီတခါ မဝင်နိုင် တော့ဘူးပေါ့။ ပါတီကလည်း ခွင့်မပြုတော့ ပါတီဖျက်ဖို့လဲ မလိုဘူး။ အစိုးရက အသိအမှတ် မပြုတဲ့အတွက် ဒီ KSPP ပါတီက ကျနော်တို့ စိတ်ထဲမှာပဲ ရှိတော့မှာပေါ့။

KIO အဖွဲ့နဲ့ ပြန်ပူးပေါင်းမလား။ ပါတီအဖွဲ့ဝင်တွေကရော ဘာဆက်လုပ်မလဲ။

ဒေါက်တာတူးဂျာတို့ကတော့ KIO နဲ့ ပြန်မပေါင်းတော့ဘူးထင်တယ်။ သူက အရင်ကတည်းကနေ အဲဒီ အဖွဲ့ကနေ တရားဝင် နုတ်ထွက် ထားပြီဆိုတော့ ကျနော်တို့ ပါတီကို ဝင်တယ်လေ။

အန်ကယ်တို့ စိတ်ရှည် သည်းခံပြီး ရွေးကောက်ပွဲ ဝင်နိုင်ဖို့ စောင့်ဆိုင်းနေတာ ခု မရတော့ဘူး ဆိုတော့။

ကျနော်တို့ နိုင်ငံမှာ တရားမျှတမှု မရှိဘူးလို့ဘဲ ခံစားရတယ်။ ကျနော်တို့ကို ဖိနှိပ်တာဘဲ။ ကျနော်ကတော့ ဘယ်မှာ မဲထည့်ရမလဲ ဆိုတာ မသိတော့ဘူး။ မထည့်တော့ဘူးပေါ့။ ကျနော်လိုဘဲ ခံစားရတဲ့ လူတွေများမှာပါ။

Ref: မဇ္ဈိမ

Read More...

Thursday, September 16, 2010

နေ့စဉ်သတင်းများ ( ၁၅ - ၉ - ၁၀ )

■ သုံးရက်တိုက်ပွဲကြောင့် နအဖစစ်တပ် ထိခိုက်ကျဆုံးမှုများထဲတွင် ဗိုလ်မှူးတဦး ပါဝင် သတင်း
■ တနေ့တာ အပစ်အခတ်ရပ်စဲရေး KNU တောင်းဆို သတင်း
■ ပါတီများ ဖျက်သိမ်းမှု ဘန်ကီမွန်း စိုးရိမ် သတင်း
■ အန်အယ်လ်ဒီ ဖျက်သိမ်းမှုအပေါ် တုန်လှုပ်မိဟု ပြင်သစ်က ပြော သတင်း
■ ဥပဒေအရ NLD ဆက်လက်တည်ရှိနေကြောင်း ပါတီခေါင်းဆောင်များ ပြောဆို သတင်း
■ NLD ပါတီ ပျက်သွားမှာမဟုတ်ကြောင်း (၈၈) မျိုးဆက် ပြောကြား သတင်း
■ အန်အယ်လ်ဒီပါတီကို နိုင်ငံတကာ၏ ထောက်ခံမှုရရန် အန်စီယူဘီ ကြိုးပမ်းမည် သတင်း
■ ရန်ကုန်အခြေစိုက် ရဲတပ်ရင်းများ အင်အားတိုး သတင်း
■ ကိုအေးမင်းနိုင်နှင့်အဖွဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ သတင်း
■ ဖောက်ခွဲမှုဖြင့် (၇) ဦးကို ထောင်ဒဏ် (၁၀) နှစ်စီ ထပ်တိုး သတင်း
■ နိုင်ငံရေးအကျဉ်းသား ဦးညီပု ကျန်းမာရေး မကောင်း သတင်း
■ ထိုင်းဂြိုဟ်တုဖုန်း ကိုင်သူတချို့ ဘီးလင်းမြို့မှာ ဖမ်းဆီးခံရ သတင်း
■ မြန်မာဆီ ဗြိတိန် အကူအညီ တိုးပေးဖို့ တောင်း သတင်း
■ ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ (၅) ခုတွင် UKL ကရင်ပါတီ ပါဝင် သတင်း
■ တသီးပုဂ္ဂလ ကချင်ကိုယ်စားလှယ်လောင်း (၁၂) ဦး အပယ်ခံရ သတင်း
■ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများကို ဖွင့်ချဆန့်ကျင်ကြ သတင်း
■ ထိုင်းက မြန်မာအလုပ်သမားတွေ ပြေလည်သွား သတင်း
■ လယ်သမားတွေ ဗိုလ်ချုပ်မှူးကြီးဆီ စာပို့ အသနားခံ သတင်း
■ NCGUB ဝန်ကြီး ဦးစိန်ဝင်းရဲ့ နိုင်ငံရေးသုံးသပ်ချက် (မျက်မှောက်ရေးရာ)
■ နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - ချင်းအမျိုးသားပါတီ
■ ဒီရွေးကောက်ပွဲမှာ မဲမပေးတော့ဘူး (ဆောင်းပါး)
■ ဗိုလ်ချုပ်ပေးတဲ့ အတွေးများ (ဆောင်းပါး)

Read More...

Wednesday, September 15, 2010

ဒီမိုကရေစီနဲ့ ရှစ်လေးလုံးမျိုးဆက်

ဦးအောင်ခင်
၀၆ သြဂုတ် ၂၀၁၀

ဒါပေမယ့် ကားသမားနဲ့ ထမင်းချက်ဟာ အသိဉာဏ် တထွာ တမိုက်နဲ့ နိုင်ငံရေးမှာ ထင်ရာမြင်ရာ ဝေဖန် လာတဲ့အခါ ပြဿနာပေါ်ပြီး နအဖ လက်ပါးစေ ဖြစ်ကုန်တာပေါ့။ ကားမောင်း၊ ထမင်းချက် လောက်သာ လုပ်တတ်ပေမယ့် နေရာလိုချင်၊ ဆရာ လုပ်ချင်တာဟာ ‘မဆလခေတ်’ ရဲ့ အမွေဆိုးပါ။

ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး ၁၉၈၈ မှာ ဖြစ်ပွားတော့ ကျနော့် မိသားစု မြန်မာပြည်က အပြီး အပိုင် ထွက်လာတာ (၁၀) နှစ်ရှိနေပြီ။ ကျနော် နိုင်ငံခြား ရောက်နေတာက (၁၅) နှစ် ရှိနေပြီ။ မဆလ လက်အောက်က ထွက်ဖို့ ပထမဆုံး ပညာတော်သင် သွားရသေးတယ်။ ပညာသင် သွားပြီးဘွဲ့ရတော့ ရန်ကုန်ပြန် အလုပ်ထွက်ပြီး ဇနီးနဲ့ သားကို လက်ဆွဲပြီး နေ၀င်းကြီးစိုးတဲ့ မဆလ တိုင်းပြည်က အပြီးအပိုင် ထွက်ခဲ့တယ်။ ကျနော့်လိုပဲ ထွက်ကြသူတွေ ရှိတယ်။ ဒါပေမယ့် နည်းနည်းပါးပါးမို့ ရေတွက်လို့ ရတယ်။ ကျနော်တို့ မျိုးဆက်က နိုင်ငံခြားမှာ အလုပ်ခန့်စာ ရပြီးမှ နိုင်ငံကူးလက်မှတ် လျှောက်ပြီး တိုင်းပြည်ကနေ အပြီးအပိုင် ထွက်တာ များတယ်။

အဲဒီခေတ်ကလည်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိခဲ့တာပဲ။ ကျောင်းသားနဲ့ အလုပ်သမား ဆန္ဒပြပွဲတွေကို သေနတ်နဲ့ပစ်ပြီး ဖြိုခွဲခဲ့ပေမယ့် မဆလ စစ်အစိုးရရဲ့ လုပ်ရပ်ကို နိုင်ငံခြားက ကန့်ကွက် အရေးယူတာမျိုး မရှိခဲ့ဘူး။ မဆလ စစ်အစိုးရကို ဝေဖန် ရှုတ်ချရေးသားတဲ့ အင်္ဂလိပ် ဘာသာထုတ် စာစောင်သုံးခုကို အမေရိကန်၊ ကနေဒါနဲ့ အင်္ဂလန်နေ ဗမာသုံးဦးက ထုတ်ဝေတယ်။ ဒါပေမယ့် အနောက်တိုင်း အစိုးရတွေက အရေးမယူတဲ့ အတွက် ဗိုလ်နေ၀င်းဟာ အင်္ဂလန်နဲ့ ဆွစ်ဇာလန်ကို မကြာခဏ အပျော်ခရီး ထွက်လေ့ရှိတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးနုခေါင်းဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုလည်း ပျက်ပြား သွားပြီမို့ တော်လှန်ရေး သမားတွေ နိုင်ငံရေး ခိုလှုံကြတယ်။ မဆလ အစိုးရ လိမ်သမျှ ကမ္ဘာက ယုံနေပြီး ပြည်တွင်းမှာလည်း ဆိုရှယ်လစ်မှိုင်း တိုက်ထားတော့ ကလိမ်ခြုံ မဆလ သက်ဆိုး ရှည်မယ့်ပုံ ပေါက်နေတယ်။ အဲဒီအခါမှာ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားတာမို့ ပါဝင်ဆင်နွှဲတဲ့ ကျောင်းသား လူငယ်တွေကို အလွန် လေးစားမိတယ်။ သတ္တိ ပြောင်မြောက် ကြပါပေတယ်။ ကျနော်က ဘယ်မှသွားတဲ့ လူမဟုတ်တော့ ရှစ်လေးလုံး မျိုးဆက်အကြောင်း သူများပြောတာပဲ ကြားဖူးတယ်။ လန်ဒန်ရောက်လာတဲ့ သူငယ်ချင်း မောင်အောင် (ဦးနုရဲ့သား) ကို မေးရတယ်။

နောက်တော့ လန်ဒန်ရောက်လာတဲ့ ရှစ်လေးလုံး မျိုးဆက်ကို တွေ့ရတယ်။ ကိုမိုးသီးဇွန်၊ ကိုအောင်နိုင်နဲ့ ကိုဝင်းမိုးတို့ ဖြစ်တယ်။ ဒီမိုကရက်တစ် မြန်မာ့အသံ အတွက် နော်ဝေးမှာ အလုပ် သွားလုပ်တော့ ရှစ်လေးလုံး မျိုးဆက်တွေ ပတ်လည် ၀ိုင်းနေတော့တာပေါ့။ ရှစ်လေးလုံး မျိုးဆက် အများအပြား နိုင်ငံခြားမှာ ဆက်လက် လှုပ်ရှားတာ ရှိသလို ပြည်တွင်းမှာလည်း လှုပ်ရှားကြတယ်။ ရှစ်လေးလုံးကြောင့် နိုင်ငံရေး သမားဟောင်း အချို့ ပြန်လည် ရှင်သန်လာကြပြီး ကိုတင်မောင်ဝင်းက ခေတ်ပြိုင်ကို တည်ထောင်တယ်။ ထိုင်းအခြေစိုက် ကျောင်းသား လူငယ် အဖွဲ့တွေ ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာစာစောင်တွေ အများကြီး ထွက်လာတယ်။ ကွန်ပျူတာ အင်တာနက်ကို နိုင်ငံခြားရောက် ရှစ်လေး လုံးမျိုးဆက်က အရင်တတ်ပြီး ဗမာ စစ်အစိုးရက နောက်မှတတ်တာ။

၁၉၈၈ နောက်ပိုင်း ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေတာကလည်း ပြည်သူ့ အရေးတော်ပုံကို နိုင်ငံတကာ သိအောင် လုပ်နိုင်တဲ့ အချက် တခုဖြစ်တယ်။ ကုလသမဂ္ဂမှာ အမှုထမ်းခဲ့ဖူးပြီး နိုင်ငံခြား ပညာတတ် အသိုင်းအ၀ိုင်းမှာ ကျင်လည်ခဲ့တဲ့ ဒေါ်စုဟာ န၀တ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုကို Amnesty ကမ္ဘာ့ လူ့အခွင့်အရေး အဖွဲ့ကို အကြောင်းကြားခဲ့တယ်။ တရားမ၀င်တဲ့ စစ်အစိုးရကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက အရေးယူဖို့လည်း ရန်ကုန်နေ နိုင်ငံခြား သံအမတ်တွေကို စာရေး ပန်ကြားခဲ့တယ်။ နိုင်ငံတကာ ဥပဒေ ပညာရှင်များ အဖွဲ့ကိုလည်း ဒေါ်စုက စာရေးပြီး တိုင်ကြားခဲ့တယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကြိုးပမ်းမှုကြောင့် ရက်ရက်စက်စက် ပစ်သတ်ခံရလို့ ရပ်တန့်သွားတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ ပြန်လည် ရှင်သန်လာတာလို့ ပြောကြတယ်။

၈၈ ခုနှစ်နောက်ပိုင်းမှာ မြန်မာပြည်ကထွက်လာတဲ့ ကျောင်းသားဦးရေ များလာတဲ့ အတွက် နိုင်ငံခြားမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး အားကောင်းလာတယ်။ ကိုယ်တတ်နိုင်တဲ့ နည်းနဲ့ ဗမာ စစ်အစိုးရကို ဆန့်ကျင်ကြတယ်။ ကိုယ့်တာဝန် ကိုယ်သိကြတယ်။ သိပ်ကောင်းတယ်။ ကိုယ်တတ်တဲ့ အလုပ် ကိုယ်လုပ်တာ အမှန်တရားပဲ။ ကိုယ်လုပ်ရမယ့် အလုပ်ကို တကယ် နားလည်အောင် လေ့လာပြီး ရာထူး မမက်ဘဲ တတ်နိုင်တဲ့ ဘက်က ကူညီတာဟာ အကောင်းဆုံးပါလို့ ပြောပါရစေ။ သတင်း မီဒီယာလောကကို ရှစ်လေးလုံး မျိုးဆက်တွေ ၀င်စီးနိုင်တာဟာ ဒီမိုကရေစီရေး အတွက် အခွင့်ကောင်း တခုပဲ။

ဒီမိုကရေစီနိုင်ငံတွေဆီ ရောက်သွားတဲ့ ရှစ်လေးလုံးမျိုးဆက်ဟာ ဒီမိုကရေစီ တကယ် ရသွားတယ်လို့ ပြောတာမျိုးလည်း ရှိတယ်။ ကိုယ်ရောက်တဲ့ နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို နားလည်အောင် ကြိုးစားတာဟာ ကိုယ့်နိုင်ငံ အတွက် အကျိုးရှိတယ်။ ပညာ တပိုင်းတစနဲ့ နိုင်ငံခြား ရောက်လာတဲ့ ရှစ်လေးလုံး မျိုးဆက်ထဲမှာ ပညာ ဆက်သင်သူတွေ ရှိသလို အရက်သမား ဖြစ်သွားသူတွေလည်း ရှိတယ်။ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်ပြီး ချမ်းသာတဲ့ဒဏ်ကို မခံနိုင်တဲ့ လူတွေလည်း ရှိတယ်။ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ အားသာချက် ရှိသလို အားနည်းချက်လည်း ရှိမှာပေါ့။ ဒါဟာ သဘာဝပဲ။

ခေတ်သစ်နဲ့အတူ လိုက်နိုင်သူတွေရှိသလို မလိုက်နိုင်သူတွေလည်း ရှိတယ်။ ဒီအထဲမှာ ထူးခြားတာလေး တခု ပြောပါရစေ။ ရှစ်လေးလုံးမှာ အခြေခံပညာ အထက်တန်းကျောင်းသား ဘ၀နဲ့ လှုပ်ရှားရင်း နိုင်ငံခြားကို ရောက်လာတဲ့ လူငယ်တဦး အကြောင်းပါပဲ။ ဒီလူငယ်ဟာ မြန်မာပြည်မှာ ဆယ်တန်း စာမေးပွဲတောင် ဖြေဖူးတာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ထူကိုယ်ထ ကြိုးစားသူ ဆိုတော့ စကား ပြောကြည့်တာနဲ့ ဘွဲ့လွန် ကျောင်းသား အဆင့်ရှိတာကို သိနိုင်တယ်။ ကာလီဖိုးနီးယား ပြည်နယ် Berkeley တက္ကသိုလ်က အမေရိကန် ပါမောက္ခတွေ ကလည်း ဒီအတိုင်းပဲ မြင်တယ်။ ဒါကြောင့် တက္ကသိုလ် စည်းမျဉ်းတွေကို ဘေးချိတ်ပြီး ဘာတန်းမှ မအောင်တဲ့ မြန်မာ လူငယ်ကို မဟာဝိဇ္ဇာတန်း တက်ခွင့်ပြုပြီး နည်းပြဆရာ အဖြစ် အလုပ် ခန့်လိုက်သေးတယ်။ ဒီနှစ်ထဲ မဟာဝိဇ္ဇာဘွဲ့ ရလို့ ပါရဂူ Ph.D ဘွဲ့ သင်တန်းကိုပါ တက္ကသိုလ်ရဲ့ ထောက်ပံ့ကြေးနဲ့ တက်ခွင့် ပေးလိုက်တယ်။ ဒေါက်တာဘွဲ့ရမှာ သေချာတယ်။ အဲဒီတော့လည်း ဒေါက်တာ မင်းဇင် ဖြစ်သွားတာပေါ့။

နိုင်ငံခြားမှာ အပတ်တကုတ် လေ့လာဆည်ပူးပြီး ပညာရှာတာဟာ ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ အလား အလာဖြစ်တယ်။ ဒီမိုကရေစီ အရေးမှာ လူတိုင်း ပါဝင်နိုင်တယ်။ ကားမောင်း တတ်သူက ကားမောင်းပြီး ကူညီတယ်။ ထမင်းချက်တတ် သူက ချက်ပြုတ်ပြီး ကူညီတယ်။ တချို့ကလည်း ဆန္ဒပြပွဲတိုင်းမှာ ‘ဒို့အရေး’ မှန်မှန်အော်ပြီး ရန်ပုံငွေ ထည့်တယ်။ ဒီမိုကရေစီ သမားတွေ ရောက်လာရင် ကိုယ့်ကား ကိုယ်မောင်းပြီး မညည်းမညူ ပို့တယ်ကြို့တယ်။ ဧည့်သည်လာတိုင်း ကားမောင်းပို့ပါ များလာတော့ ကားမောင်းတာကို နိုင်ငံရေးလို့ ထင်လာတယ်။ ဟုတ်ပါတယ် သူ့အဖို့ ကားမောင်းတာဟာ နိုင်ငံရေးပါ။ ကိုယ်တတ်တဲ့ အလုပ်နဲ့ ဒီမိုကရေစီ အရေးကို ကူညီတာပါ။ ထမင်းချက်ပြီး ကူညီသူလည်း ဒီမိုကရေစီ သမားတွေကို ထမင်းချက် ကျွေးရတာဟာ နိုင်ငံရေးပေါ့။ သူ့အတွက်ကတော့ ထမင်းချက်တာဟာ နိုင်ငံရေးပါ။ တာဝန်ကိုယ်စီ ထမ်းဆောင်ကြတာ ၀မ်းသာ အားရစရာပါ။ ဒါပေမယ့် ကားသမားနဲ့ ထမင်းချက်ဟာ အသိဉာဏ် တထွာတမိုက်နဲ့ နိုင်ငံရေးမှာ ထင်ရာမြင်ရာ ဝေဖန်လာတဲ့ အခါ ပြဿနာပေါ်ပြီး နအဖ လက်ပါးစေ ဖြစ်ကုန်တာပေါ့။ ကားမောင်း၊ ထမင်းချက် လောက်သာ လုပ်တတ်ပေမယ့် နေရာလိုချင်၊ ဆရာလုပ်ချင်တာဟာ ‘မဆလခေတ်’ ရဲ့ အမွေဆိုးပါ။

အသိဉာဏ်တထွာတမိုက်နဲ့ မိမိဉာဏ်မမီတိုင်း သူများကို မှားတယ်လို့ ယူဆတာဟာ ဘယ်သူ့ အတွက်မှ မကောင်းပါဘူး။ နိုင်ငံရေး ပညာဟာ အလွန်ကျယ်ဝန်းတဲ့ ဘာသာရပ်ဖြစ်လို့ အပတ်တကုတ် လေ့လာ ဆည်းပူး ရပါလိမ့်မယ်။ အခြေခံပညာ ရှိသူတိုင်း လေးလေးနက်နက် ကြိုးစား အားထုတ်ရင် နားလည်နိုင်ပါတယ်။ စာတွေ့ ဗဟုသုတ စုဆောင်းပြီး ကြေကြေညက်ညက် လေ့လာတဲ့ အခါမှာ လက်တွေ့ နိုင်ငံရေး လောကကို အရင်ကထက် ပိုပြီး နားလည်လာမှာ သေချာတယ်။ စာတွေ့က လက်တွေ့ကို ကူးပြောင်းရာမှာ လေ့လာသူရဲ့ ပင်ကိုယ် သဘာဝ၊ အကြံဉာဏ် လက်ခံနိုင်မှု၊ အပင်ပန်းခံနိုင်မှု စတာတွေကို လိုက်ပြီး အချိန် အနည်းအများ ကြာတတ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့