Wednesday, March 5, 2008

"ငါတို့ကန့်ကွက်မဲပေးရမယ်"

"ငါတို့ကန့်ကွက်မဲပေးရမယ်"

ဗုဒ္ဓရဲ့ ဓမ္မစက်
အာဏာစက်နဲ့ဖျက်မယ်လို့
ကမ္ဘာသိစော်ကားခဲ့ပြီး
ဗုဒ္ဓသားတော်သံဃာတော်တွေကိုသတ်
ကျောင်းသားသူငယ်တွေကိုသတ်
တတ်သိပညာရှင်မှန်ရင် အပြတ်ရှင်း
တိုင်းပြည်ကိုငတ်အောင်လုပ်ထား
ဒီစစ်သားတွေက….။

ခေါင်ထိပ်တမတ်သား
စစ်တပ်ကယူထားပြီး
တကျပ်လုံးထိန်းချုပ်ဖို့
ဖွဲ့စည်းအုပ်ချုပ်ပုံ
စစ်ဥပဒေယုတ်နဲ့
တိုင်းပြည်ကိုလောင်မီးကျနေအောင်ဆက်လုပ်ဖို့
ပြည်သူ့ဆန္ဒခံယူပွဲလုပ်မတဲ့…..။

ဒီဆန္ဒခံယူပွဲ မဲရုံသွားပြီး
ထောက်ခံမဲပေးမိတယ်ဆိုရင်
မိမိအသက်ထွက်သွားပြီးမှ
မိမိဝိဉာဉ်က မိမိခန္ဓာကိုယ်ကိုပြန်ပြီး
အသုဘလိုက်ပို့ရမယ့်အလုပ်
မိမိကိုယ်တိုင်လုပ်လိုက်သလိုဖြစ်နေမယ်။

အဲဒါကြောင့်…..
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ငါတို့ကန့်ကွက်မဲပေးရမယ်။ ။

ဟိန်းနိုင်၊ မန္တလေး
၃၊ ၃၊ ၂၀၀၈
Burma Digest မှ ကူးယူဖော်ပြသည်။


0 comments:

အပေါ်သို့