Wednesday, March 5, 2008

Roadmap

Roadmap

အာဏာရှင်စနစ်ဆိုးကို
အသက်ဆက်မယ့်
Roadmap

စစ်ကျွန်ဘ၀ကို
သက်တမ်းရှည်စေမယ့်
Roadmap

တိုင်းရင်းသား
အခွင့်အရေးတွေ
ဆုံးရှုံးစေမယ့်
Roadmap

အာဏာရူးတွေကို
မြေတောင်မြှောက်ပေးမယ့်
Roadmap

အစိမ်းသရဲ
ဗိုလ်ရှုပ်တွေကို
ဘီလူးသဘက်
ဖြစ်စေမယ့်
Roadmap

တိရစ္ဆာန်မျိုး
ကြံ့ဖွတ်တွေကို
ပိုရိုင်းစိုင်းစေမယ့်
Roadmap

ပြည်သူတို့ရဲ့
ဘ၀တွေကို
ငရဲပြည်ပို့ပေးမယ့်
Roadmap

ရှည်ရှည်ဝေးဝေး
တွေးမနေနဲ့
အဆင့်တိုင်းမှာတိုက်ဖျက်။

ခင်မမမျိုး
(၂၃၊၂၊၂၀၀၈)
ခင်မမမျိုးဘလော့ဂ်မှ ကူးယူဖော်ပြသည်။

0 comments:

အပေါ်သို့