Friday, March 6, 2009

ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာအား မြန်မာ စစ်အစိုးရ ပယ်ချ

မြန်မာ စစ်အစိုးရသည် မကြာသေးမီ ကမှ ထုတ်ပြန် ကြေငြာခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အစီရင် ခံစာအား ပယ်ချ ငြင်းဆန် လိုက်သည်။

မြန်မာ အပါအ၀င် နိုင်ငံပေါင်း (၁၉၀) မှ လူ့ အခွင့်အရေး ဆောင်ရွက်ချက်များကို ဖော်ပြထားသည့် အဆိုပါ အစီရင် ခံစာသည် မြန်မာ စစ်အစိုးရ ၏ လူ့ အခွင့်အရေး ဖော်ဆောင်မှု များကို မျက်ကွယ် ပြုထားကြောင်း စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း က စွပ်စွဲ ပြောဆိုလိုက်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာအား မြန်မာ စစ်အစိုးရ ပယ်ချ

စစ်အစိုးရ ၀န်ကြီးက ဖော်ပြချက် အမှားများ ထုတ်ပြန်နေမည့် အစား ကုလသသမဂ္ဂ အနေနှင့် မြန်မာ စစ်အစိုးရနှင့် အတူ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပြီး၊ အမေရိကန် အပါအ၀င် အနောက် နိုင်ငံများသည် မြန်မာနိုင်ငံ၏ ရပ်တည်မှုကို နည်း အမျိုးမျိုးနှင့် နှောင့်ယှက် ဖျက်ဆီးနေကြောင်း ထပ်မံ စွပ်စွဲ ပြောကြားလိုက်သည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် မြန်မာ စစ်အစိုးရသည် ပြည်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဆိုးဆိုးရွားရွား ကျူးလွန်နေကြောင်း ထည့်သွင်း ဖော်ပြထား သဖြင့် စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ယခုကဲ့သို့ လက်တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည် ဟု ကမ္ဘာ့သတင်းများတွင် ဖေါ်ပြထားသည်။

REF: လူထုအသံ

0 comments:

အပေါ်သို့