Thursday, August 27, 2009

နအဖ ၏ ရခိုင်ပြည် စည်းရုံးရေး တလွဲဖြစ်

August, 27, 2009

မြန်မာပြည်အရပ်ရပ်က ပေးပို့လာတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို ကျနော်များ ၀ိမုတ္တိ ဘလော့က လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား။ လူထုရဲ့ခံစားချက်တွေ တနယ်ကစ တပြည်လုံး ပျံ့နှံ့စေပြီး ဒီမိုကရေစီ တံခါးကို ဆွဲဖွင့်ကြပါစို့

နအဖ ၏ ရခိုင်ပြည် စည်းရုံးရေး တလွဲဖြစ်

ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်တွင် တိုင်းမှူးသောင်းအေး၏ အစီအစဉ်အရ ကျန်းမာရေး စောင့်ရှောက်မှု ဟု ဆိုကာ အထူးကု ဆရာဝန် ကြီးများကို နယ်များသို့ဆင်း၍ ဆေးဝါး ကုသစေပါသည်။ (၂၀၁၀) အတွက်ရည်ရွယ် ပြုလုပ်နေကြောင်း နယ်ခံ လူများက ပြောကြား ကြပါသည်။ ဆရာဝန်များကို ကျေးရွာ ကျောင်းများတွင် စစ်ဆေးစေသည်။ သို့သော် လာရောက်သော ကျန်းမာရေး အဖွဲ့များနှင့် အာဏာပိုင် အဖွဲ့များကို ကျွေးမွေးရန် အတွက်ဆိုကာ ကျောင်သား လူငယ်များထံမှ ပိုက်ဆံ(၂၀၀) ကျပ်စီ ကောက်ခံ စေပါသည်။ ဆရာဝန်မကြီး တစ်ယောက်က…….

"အကျွေးအမွေး အစီအစဉ်ကို တကယ်တော့ (ပ၊ယ၊က)က စီစဉ်ပေးရမှာဖြစ်ပါတယ်။ ဆင်းရဲသား ကျောင်းသားတွေ ဆီက ပိုက်ဆံနဲ့ ထမင်းစားရတာ စိတ်မကောင်းပါ"ဟု ပြောကြား သွားပါသည်။ စေတနာ ရှိချင်ယောင် ဆောင်ပြီး မဲဆွယ်နေသည့် နအဖ ၏ လုပ်ရပ်မှာ ပြည်သူများ ဒုက္ခရောက်သည့် အဖြစ် အပျက်များ ဖြစ်ပြီး၊ ပြည်သူလူထု တရပ်လုံးမှာ န၊ အ၊ ဖ ဗိုလ်ချုပ် များ၏ “ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး" သည့် စီမံကိန်း များကြောင့် ဒုက္ခရောက်ပေါင်း များပြီ ဖြစ်ကြောင်း ဒေသခံများကြား ပြောဆိုမှုများ ရှိနေသည်။

လက်ရှိ နပခတိုင်းမှူး ဗိုလ်ချုပ်သောင်းအေးမှာ ဦးလှထွန်းဖြူ ရေးသားသည့် ရခိုင်ပြည် စီးပွါးရေး ဘဏ္ဍာတိုက် စာအုပ်ကို အလွတ် ကျက်ကာ ရခိုင်ပြည်၏ စီးပွားရေးအဆင့်ကို တိုးမြှင့်ပေးလိုသည့် စိတ်သဘောထား ကောင်းသော နအဖဗိုလ်ချုပ် တစ်ဦးဖြစ်ကြောင်း၊ ကိုယ်တိုင် ရုပ်ဖျက်ကွင်းဆင်းကာ ပြည်သူလူထု၏ အခြေအနေကို စနည်းနာလေ့ ရှိကြောင်း တချို့က ပြောဆိုကြသည်။ တချို့ကလည်း ရခိုင်စီးပွါးရေး လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ပေးပြီး ယင်းလုပ်ငန်းများတွင် သူ့အနေဖြင့် လေရှယ်ယာ ထည့်လိုသူဖြစ်ကြောင်း၊ တချိန်တည်းမှာ နအဖ၏ တပည့်မွေး မဲဆွယ် စည်းရုံးသည့် နည်းပရိယာယ်ကို ထိထိ ရောက်ရောက် အကောင်အထည် ဖော်ဖို့ ကြိုးစားနေသူ ဖြစ်ကြောင်း ပြောဆိုကြသည်။

နပခ တိုင်းမှူးများ၊ ဗျူဟာမှူးများ၊ ဒ၊ က၊ စမှူးများမှာ အင်းပေါက်ဝ၊ မာစီးဒီးစသည့် အစုစပ် လုပ်ငန်းရှင် ကြီးများအား ပါတီ ထောင်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ကို နောက်သလိုလို၊ အတည် လိုလိုဖြင့် သွေးတိုးစမ်းလျက် ရှိကြောင်း သိရှိရသည်။

ဝိမုတ္တိဝိုင်းတော်သားတဦး (ရခိုင်ပြည်နယ်)


0 comments:

အပေါ်သို့