Thursday, August 27, 2009

ကလေး ကလား ရထားလမ်း

August 27, 2009

မြန်မာပြည်အရပ်ရပ်က ပေးပို့လာတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို ကျနော်များ ၀ိမုတ္တိ ဘလော့က လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား။ လူထုရဲ့ခံစားချက်တွေ တနယ်ကစ တပြည်လုံး ပျံ့နှံ့စေပြီး ဒီမိုကရေစီ တံခါးကို ဆွဲဖွင့်ကြပါစို့

ကလေး ကလား ရထားလမ်း

တိုင်းရင်းသားလူမျိုးတွေ တပြေးညီဖွံ့ဖြိုးတိုးတက်ရေး လို့ အသံအကျယ်ကြီး အော်ကာ မဲဆွယ်နေတဲ့ နအဖ တွေဟာ ရခိုင် ပြည်နယ်၊ စစ်တွေမြို့မှာ မြို့ပတ်မီးရထားလမ်းကို ၂၀၁၀ မတိုင်မီ ၄လနဲ့အပြီး ဖောက်လုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ပြည်နယ်များရဲ့ အမှန်တကယ် လိုအပ်ချက်တွေ ကိုတော့ လစ်လျှူရှုထား ပါတယ်။ အမှန်တော့ စစ်တွေမြို့ အတိုင်းအတာ နဲ့ မြို့ပတ် ရထားဟာ မလိုအပ်ဘဲ အပိုတခုသာ ဖြစ်ပါတယ်၊ ဘယ်သူမှလည်း မစီးကြပါ။

နည်းပညာတက္ကသိုလ်က ကျောင်းသားတွေ အဆင်ပြေဖို့ ဖောက်ပေးပါတယ် ဆိုပေမဲ့လည်း ရထားလမ်းက မြေသား မကျစ်လစ် လို့ တိမ်းမှောက်မလို ဖြစ်ခဲ့တာကြောင့် ဘယ်သူမှ မစီးဝံ့ ကြတော့ပါ။

ပြေးဆွဲမှု အစီအစဉ်
စေတနာမပါဘဲ အလွယ်တကူ ပြီးစလွယ် လုပ်ထားတာကြောင့် ရထားလမ်း ဖောက်လုပ် ပြထားရင် ပြီးရော ဘယ်သူ ရထားမှောက် သေသေ အရေးမကြီးဘူး ဆိုတဲ့ ပုံစံပါပဲ။

ကလေးတွေနဲ့ အနီးတ၀ိုက်က ကုလားလူမျိုးတွေသာ အစီးများပါတယ်။ ဒီအကြောင်းကို ရထားလမ်း ဖောက်လုပ်ရေး တာဝန်ခံ နအဖ စစ်ဗိုလ် တယောက်ကို ထင်မြင်ချက် ပေးခိုင်းတော့ “ကလေးတွေနဲ့ ကုလားတွေပဲ စီးရင် ကလေးကလား ရထားပေါ့ကွာ" လို့ ရယ်ကျဲကျဲနဲ့ ပြန်ဖြေသွားပါတယ်။

စစ်တွေရန်ကုန်ပြေးဆွဲနေတဲ့ ကားသမား တစ်ယောက်ကတော့ “ရထားလမ်းမှာ ကုန်ကျမယ့် ဟာကို ရန်ကုန်-စစ်တွေ ကားလမ်းကို နိုင်လွန်ကတ္တရာ ဖြူးပြီး ခင်းလိုက်ပါလား၊ အဲလို ဆိုရင်တောင် အဆင်ပြေအုံးမယ်။ အခုက မြို့ထဲ ဖောက်ထားတဲ့ ရထား လမ်းတောင် စိတ်မချရတာ ရန်ကုန် စီးသွားမယ်ဆိုရင် သေဖို့ပဲရှိတယ်” လို့ ပြောကြား သွားပါတယ်။ ရထား လမ်းဖောက်လုပ်ရေး ဆိုတာလည်း စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ကန်ထရိုက်ဆွဲ ဖောက်လုပ်တာဖြစ်ပြီး၊ သူတို့ အမျိုးတွေပဲ သူဌေးဖြစ်မယ့် အစီအစဉ် တခုသာ ဖြစ်ပါတယ်။ ရှိနေတဲ့ ကားလမ်းကို ကောင်းအောင် မလုပ်ဘဲ၊ အပိုတွေ လျှောက်လုပ်နေတဲ့ နအဖရဲ့ လုပ်ပေါက်ကတော့ လွဲပြီးရင်း လွဲရင်းပါပဲ။

ဝိမုတ္တိဝိုင်းတော်သားတဦး (ရခိုင်ပြည်နယ်)

0 comments:

အပေါ်သို့