Thursday, August 27, 2009

အနှိပ်ခန်း၊ ဇိမ်ခန်းတွေက ဖောက်သယ်ကြီးတွေ

August 27, 2009

မြန်မာပြည်အရပ်ရပ်က ပေးပို့လာတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို ကျနော်များ ၀ိမုတ္တိ ဘလော့က လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား။ လူထုရဲ့ခံစားချက်တွေ တနယ်ကစ တပြည်လုံး ပျံ့နှံ့စေပြီး ဒီမိုကရေစီ တံခါးကို ဆွဲဖွင့်ကြပါစို့

အနှိပ်ခန်း၊ ဇိမ်ခန်းတွေက ဖောက်သယ်ကြီးတွေ

စစ်တွေမြို့မှာ ၀င်ငွေ အကောင်ဆုံး အလုပ်တွေကတော့ အနှိပ်ခန်းနဲ့ ကာရာအိုကေ (KTV) တွေပဲ ဖြစ်ပါတယ်။ နအဖ စစ်ဗိုလ်ကြီး တွေ ကားကြီး၊ ကားငယ်၊ ကားလတ် အသွယ်သွယ်နဲ့ အသားကုန် အားပေး ကြပါတယ် ခင်ဗျာ။

တကယ်ပါ မိုးလင်းပေါက်ကို အားပေးကြပါတယ်။ အရင်က အနှိပ်ခန်းတွေ ကတော့ မြို့ပြင်မှာ ဖွင့်လှစ်ထားပြီး ရန်ကုန်က မိန်း ခလေးတွေကို ခေါ်ယူ အသုံးပြုပါတယ်။ အခုတော့ မြို့ထဲမှာပါ အတင့်ရဲစွာ ဖွင့်လာကြပါတယ်။

တရားသီးစု ရပ်ကွက်ရှိ အနှိပ်ခန်းနဲ့ ကာရာအိုကေ တွဲဖွင့်ထားတဲ့ နေရာမှာဆို စစ်ကားနဲ့ အုပ်ချုပ်းရေး ဖက်က ကားတွေချည်းပဲ၊ ရပ်ထားပါတယ်။ စစ်ဗိုလ်ကြီးတွေက အထဲမှာ ကောင်မလေးတွေနဲ့ မိုးလင်းပေါက် နှစ်ပါးသွား နေချိန်မှာ သာမန် တပ်သားလေးတွေ ကတော့ သူတို့ရဲ့ ကားတွေကို မိုးအလင်း စောင့်ရပါတယ်။ ကားပေါ်မှာပဲ အိပ်နေရပါတယ်။ လူသား စားတတ်တဲ့ နအဖ ဗိုလ် အပေါင်းတို့ရဲ့ လုပ်ပေါက်ကတော့ ပါးစပ်ထဲ လက်ထိုးအန်ပစ်ဖို့ပဲ ကောင်းပါတော့တယ်။

ဒါနဲ့များစည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်မှာ တပ်မတော်က ဦးဆောင်အုံးမှာတဲ့ အရပ်ကတို့ရယ်။

ဝိမုတ္တိဝိုင်းတော်သားတဦး (ရခိုင်ပြည်နယ်)

0 comments:

အပေါ်သို့