Thursday, August 27, 2009

ကြားဖူးကြလား မီတာတယူနစ် ကျပ် ၄၀၀

August 27, 2009

မြန်မာပြည်အရပ်ရပ်က ပေးပို့လာတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို ကျနော်များ ၀ိမုတ္တိ ဘလော့က လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား။ လူထုရဲ့ခံစားချက်တွေ တနယ်ကစ တပြည်လုံး ပျံ့နှံ့စေပြီး ဒီမိုကရေစီ တံခါးကို ဆွဲဖွင့်ကြပါစို့

ကြားဖူးကြလား မီတာတယူနစ် ကျပ် ၄၀၀

ပွင့်ပွင့်လင်းလင်း ပြောရရင် ရခိုင်ပြည်သူတွေ မတိုးတက် စေချင်ရင် လျှပ်စစ်မီး မပေးဘဲ နေရုံပါပဲ။ လူတိုင်းသိပါတယ်။ အဓိက လိုအပ်တာ လျှပ်စစ်မီး။ ဒါကြတော့ မပေးပါဘူးခင်ဗျား။ ပေါ်တင်ပဲ။

ရခိုင်မှာ လျှပ်စစ်မီးထုတ်လို့ရတဲ့ အရင်းအမြစ်တွေ ဒုနဲ့ဒေး စေတနာရှိလို့ အမှန်လုပ်ပေးရင် ပိုတောင် နေအုံးမယ်။ ရခိုင်က ထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကျတော့ နင်းကန်ထုတ်၊ ဟိုမြေတူး ဒီမြေတူးနဲ့ ရေနံတွေကို တရုတ်လာတူး၊ ကုလားလာတူးနဲ့၊ ရမယ်ဆိုရင် - ရခိုင်ကို ခွဲပြီး သူများကို ရောင်းပစ် ကြမလားမသိ။ ပြောလို့တော့မရ နောက်ဆို ကချင်ပြည်နယ်ကို ကြမ်းခင်းဈေး ဘယ်လောက်နဲ့ လေလံတင်ပါ့မယ်။ ရခိုင်ပြည်နယ်ကို ကြမ်းခင်းဈေး ဘယ်လောက်နဲ့ လေလံတင်ပါ့မယ်တွေ ဘာတွေ ဖြစ်ချင်ဖြစ် လာနိုင်တယ်။ လေလံဆွဲမယ့် ကောင်တွေကတော့ တရုတ်တွေ ကုလားတွေပေါ့ဗျာနော်။

အဲတော့ အခု ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ တနေ့ကို လေးနာရီ မီးရပါတယ်
ခင်ဗျာ။ ညနေ ၇ နာရီ ကနေ ၁၁ နာရီ ထိပါ။ တစ်ယူနစ်ကို ၃၀၀ ကျပ်ပါ။ နောက်-နေ့ခင်းလည်း မီးပေးပါမယ်တဲ့။

မြို့ထဲရပ်ကွက်တွေကို အစည်းအဝေးတွေ ဘာတွေ လုပ်ပါတယ်၊ ပျော်တာပေါ့ခင်ဗျာ။ နေ့ခင်းလည်း မီးလာမယ် ဆိုတော့။ ဒါပေမဲ့ခင်ဗျာ တစ်ယူနစ်ကို ၄၀၀ ကျပ်ပါတဲ့ ခင်ဗျား။ ၃၀၀ ကျပ်တောင် တနေ့ ၄နာရီနဲ့ သောင်းကျော် သိန်းကျော် ပေးနေရတာ တစ်ယူနစ် ၄၀၀ ကျပ်နဲ့ ဆိုတော့ စဉ်းစားသာ ကြည်ပါတော့ အရပ်ကတို့ရယ်။ အဲ..လျှပ်စစ်မီးပေးမယ့် ကုမ္ပဏီကတော့ သိတဲ့ အတိုင်း ဆွေတော် မျိုးတော်တွေပေါ့ ခင်ဗျား..

အသားလည်းယူအသွေးလည်း ယူ အရိုးတောင် ချမ်းသာပေးမယ့် လူတွေ မဟုတ်ပါဘူး။ ရခိုင်ပြည်သူတွေ ကတော့ ဆင်းရဲတွင်း နက်သထက် နက်လို့၊ ထုသား ပေသား ရနေပါပြီခင်ဗျား။ ဆင်းရဲတွင်း နက်တာမှ အ၀ီစိတောင် ကျော်သွားပြီခင်ဗျား။ ဘာဖြစ်လဲနော် စားဖို့ ဆန်မရှိရင် မုန့်တီ စားကြမှာပေါ့ ဟုတ်ဖူးလား။ အော်… နအဖ လုပ်ပေါက်တွေပြောပါတယ်။

ဝိမုတ္တိဝိုင်းတော်သားတဦး (ရခိုင်ပြည်နယ်)

0 comments:

အပေါ်သို့