Sunday, December 6, 2009

မြန်မာ၊ လော၊ ကမ်ပူးချား နိုင်ငံသား အလုပ်သမားများ အလုပ်လုပ်ခွင့် လက်မှတ် လျှောက်ထားမှုကို အချိန်ကာလ ထပ်မံ တိုးပေးခြင်း

၃.၁၁.၂၀၀၉ ရက်နေ့ ၀န်ကြီးများ အစည်းအဝေးတွင် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ခွင့် လက်မှတ် လျှောက်ထား ပြုလုပ်ခြင်းကို အချိန်ကာလ ထပ်မံ တိုးမြှင့် ပေးရန် ဆုံးဖြတ်ချက်ချ မှတ်လိုက်ပါသည်။ အကြောင်းမှာ စာရင်း ပေးသွင်းထားသော်လည်း အုပ်ချုပ်ရေး ရုံးတွင် ဓါတ်ပုံ ရိုက်ပြီး ထောရော ၃၈/၁ (ဟောင်းဘတ်) လုပ်ရန် ကျန်နေသော လူဦးရေ ၉၀၀၀ ကျော်ရှိနေပြီး ထောရာ ၃၈/၁ (ဟောင်း ဘတ်) လုပ်ပြီးသော်လည်း ကျန်းမာရေး စစ်ရန် ကျန်နေသေးသူ ၁၅၂၉၈၂ ဦး စုစုပေါင်း ၁၆၁ ၉၈၂ ဦး တို့ ကျန်ရှိနေပါသည်။ ထို့ကြောင့် သတ်မှတ်ထားသော အချိန်ကာလတွင် သက်ဆိုင်ရာ ဌာနတို့မှ အချိန်မမီ၍ မလုပ်ပေး နိုင်ခဲ့ခြင်းကို ဖြေရှင်းရန်နှင့် မှန်ကန်သော အလုပ် ငှားရမ်းမှု ဖြစ်စေရန် အောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။

၁။ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ရေးအချက်လက် မှတ်တမ်းတင်၍ ထောရော ၃၈/၁ (ဟောင်းဘတ်) လုပ်ခြင်းကို ၄.၁၁.၀၉ မှ ၁၈.၁၁.၀၉ အထိ ၁၅ရက် အတွင်း လုပ်ဆောင်ရန်။

၂။ ကျန်းမာရေးဌာနတွင် ကျန်းမာရေး စစ်ဆေးခြင်းကို ၄.၁၁.၀၉ မှ ၂.၁.၁၀ ထိ ရက် ၆၀ အ တွင်း လုပ်ဆောင်ရန်။

၃။ အလုပ်ရှာဖွေရေးဌာနတွင် အလုပ်လုပ်ခွင့် လက်မှတ် လျှောက်ထားခြင်းကို ၄.၁၁.၀၉ မှ ၁.၂.၁၀ ထိ ရက်ပေါင်း ၉၀ အတွင်း လုပ်ဆောင်ရန် ထုတ်ပြန် လိုက်ပါသည်။

ရွှေ့ပြောင်းအလုပ်သမားတို့၏ မှီခိုသူ သားသမီးများ နေထိုင်ခွင့် အတွက် ၀န်ကြီးများ အစည်းအဝေး က နေထိုင်ခွင့် လက်မှတ် ပြုလုပ်ပေးရန် သဘောတူ အမိန့် ချမှတ်လိုက်ပါသည်။ ရွှေ့ပြောင်း အလုပ်သမားတို့၏ သားသမီးများသည် မြို့နယ် အုပ်ချုပ်ရေးရုံးတွင် ၁၉.၁၁.၀၉ မှ ၂.၁.၁၀ အထိ ရက်ပေါင်း ၄၅ရက် အတွင်းတွင် နေထိုင်ခွင့် လက်မှတ် လာရောက် ပြုလုပ်ကြရန် ကြေငြာထားပါသည်။

အလုပ်သမားများ အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) လုပ်ခြင်း ကိစ္စကို အလုပ် ရှာဖွေရေး ဌာနက တာဝန်ယူ၍ အလုပ်ရှင်များထံ အကြောင်းကြားရမည် ဖြစ်ပါသည်။

0 comments:

အပေါ်သို့