Monday, December 7, 2009

ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်ပိုင်အမည်ဖြင့် မော်တော်ယာဉ်၊ ဆိုင်ကယ် ပိုင်ဆိုင်ခွင့် လုပ်၍ရပြီ ဖြစ်သည်။

၁၃.၁၀.၂၀၀၉ နေ့စွဲထုတ် ကုန်းလမ်းပို့ဆောင်ရေးဌာန အမိန့်ကြော်ငြာစာတွင် တောင်ပေါ်သား လက်မှတ် ရှိသူများနှင့်အတူ ထောရော ၃၈/၁ (နေထိုင်ခွင့်လက်မှတ်) ရှိသော ရွှေ့ပြောင်း အလုပ်သမားများ သည်လည်း မိမိတို့ ကိုယ်ပိုင် အမည်ဖြင့် ဆိုင်ကယ် ၀ယ်ခြင်း၊ ပိုင်ရှင် အမည်ပြောင်းခြင်း စသည်တို့ လုပ်ခွင့်ရပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ လုပ်လိုသူများသည် မိမိတို့၏ ထောရော ၃၈/၁ (နေထိုင်ခွင့်လက်မှတ်) မူရင်းနှင့် မိတ္တူကို ယူဆောင်၍ ကုန်းလမ်း ပို့ဆောင်ရေးဌာန (ခွန်းစုံ) တွင် သွားရောက် လျှောက်ထား လုပ်ယူနိုင်ပါသည်။

ယာဉ်မောင်းလိုင်စင်အတွက် ယခုအခါ စဉ်းမျဉ်းစည်းကမ်းများ ရေးဆွဲနေဆဲ ဖြစ်ပြီး နောက်ပိုင်းတွင် အတည်ပြုချက် အမိန့်ကို ဆက်လက် ထုတ်ပြန်ပေးမည် ဖြစ်သည်။

0 comments:

အပေါ်သို့