Wednesday, April 20, 2011

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ဖိလစ်ပိုင်ပြောကြား

2011-04-20

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario က မြန်မာ နိုင်ငံခြား ရေးဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင်ကို တောင်းဆိုခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၁၉ ရက် မနေ့က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း ဧပြီလ ၁၀ ရက်နေ့က ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ သီးသန့် တွေ့ဆုံပွဲမှာ Mr. Rosario က အခုလို တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ၂ နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ ပြောကြားခဲ့သလို မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွက်လည်း အထူးအရေးကြီးပြီး၊ မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကို ပြန်လွှတ်ပေးရေး စဉ်းစားဖို့ ဦးဝဏ္ဏမောင်လွင်ကို Mr. Rosario က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

Ref;RFA

0 comments:

အပေါ်သို့